← Chapters

ပျော်စရာအချိန်အချို့

Vol. 26 Ch. 361

ပျော်စရာအချိန်အချို့

Vol. 26 Ch. 361

...

ကာကွယ်ရေးဝန်ကြီးသည် အာရန်အား သူ၏ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

ထိုတိုက်ခိုက်မှုသည် ကျွမ်းကျင်သော စစ်သည်တော်တစ်ဦး၏ ဦးခေါင်းကိုပင် ဖြတ်တောက်နိုင်လောက်အောင် အစွမ်းထက်ပုံရသည်။

သို့သော် ၎င်းသည် အာရန်အတွက်မူ အရေးမပါသလောက်ပင်။

အာရန်သည် ထိုဓားခုတ်ချက် သူ၏လည်ပင်းအနီးသို့ ရောက်လာသောအခါ အားမစိုက်ထုတ်ရပါဘဲနှင့် ဘေးသို့ သက်တောင့်သက်သာပင် ရှောင်တိမ်းလိုက်၏။

ဓားချက်သည် အာရန်နှင့် ကပ်၍လွဲသွားခဲ့ပြီး သူ၏လည်ပင်းပေါ်တွင် အနည်းငယ်မျှသော ခြစ်ရာကလေးပင် ထင်ကျန်မနေခဲ့ပေ။

တစ်ပြိုင်နက်တည်းတွင် ဓားမြှောင်တစ်ချောင်းသည် အာရန်၏ ဘယ်ဘက်လက်၌ ပေါ်လာခဲ့ပြီးနောက် အာရန်သည် ၎င်းကို ကာကွယ်ရေးဝန်ကြီး၏ ပခုံးထဲသို့ လျင်မြန်စွာ ထိုးသွင်းလိုက်သည်။

ကာကွယ်ရေးဝန်ကြီးသည် ဓားသွားမှာ သူ၏ ကိုယ်အတွင်းသို့ နစ်ဝင်သွားသည်နှင့် နာကျင်စွာ ညည်းတွားလိုက်ပြီး လက်ထဲရှိသူ၏ ဓားကို ဆုပ်ကိုင်ထားမှုမှာ အနည်ငယ် အားဖျော့သွားခဲ့သည်။

ထို့နောက် ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး လက်ထဲမှဓားမှာ သူ့ဘေးသို့ လွင့်စင်ကျသွားရာ စင်္ကြံတစ်လျှောက်လုံးသို့ ပဲ့တင်သံများထပ်သွားလေသည်။

သန့်စင်ဧကရာဇ်လည်း အာရန်ထံသို့ အပြေးရောက်လာခဲ့ပြီး သူ၏မျက်နှာပေါ်ရှိ စိုးရိမ်မှုများမှာ အတော်လေး သိသာနေခဲ့၏။

“သင်တို့ အဆင်ပြေရဲ့လား” ဟု ဧကရာဇ်က အာရန်အား ထိခိုက်ဒဏ်ရာရသည့် လက္ခဏာများ ရှိမရှိ စစ်ဆေးရင်း မေးလိုက်သည်။

အာရန်သည် သန့်စင်ဧကရာဇ်အား သူ၏ မျက်လုံးများမှေးစင်းကာ ပြန်လည်စိုက်ကြည့်လိုက်သည်။

သန့်စင်ဧကရာဇ်သည် ဤလုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်ခြင်း မရှိနေကြောင်း သူ သိထားပြီးဖြစ်သော်လည်း ၎င်းက သူသည် ကစားပွဲအချို့ မကစားပေးတော့ဟု မဆိုလိုပေ။

လက်ရှိတွင် ဤအခြေအနေအရ အထက်စီးမှဆက်ဆံနိုင်သည့် အခွင့်အရေးသည် သူ့ထံတွင် ရှိနေဆဲဖြစ်သည်။

အထူးသဖြင့် သန့်စင်ဧကရာဇ်သည် သူ့အား ၎င်းကဲ့သို့ပင် အခြားကမ္ဘာမှ ဤ ဝတ္ထုကမ္ဘာအတွင်းသို့ ကူးပြောင်းလာသူဖြစ်သည်ကို မသိသောကြောင့် ဖြစ်လေ၏။

ယခုအချိန်အတွက် သူသည် မိစ္ဆာဂိုဏ်း၏ မဟာအကြီးအကဲတစ်ဦး ဖြစ်နေပြီး ဤဖြစ်ရပ်ကို အင်ပါယာဘက်မှ ရန်လိုမှု၏ သက်သေအဖြစ် မှတ်ယူရန် အကြောင်းပြချက်လုံလောက်အောင် ရှိနေခဲ့ပြီလည်းဖြစ်သည်။

“အရှင်မင်းကြီးက လက်အောက်ခံတွေနဲ့ ကျုပ်တို့ သံတမန်တွေကို လုပ်ကြံခိုင်းခဲ့ပြီးမှ ဒီလိုမေးတာကတော့ နဲနဲ စိတ်ဝင်စားစရာပဲနော်”

အာရန်သည် သူ၏ နဂိုနေရာမှ တစ်လက်မမျှပင် မရွေ့လျားဘဲ ရှိနေဆဲဖြစ်သော်လည်း သူ၏အသံတွင် ပြင်းထန်သော ရန်လိုမှုများ ပြည့်နှက်နေပြီး ဧကရာဇ်အား သူသည် မည်သည့်အခြေအနေတွင် ရောက်ရှိနေပြီဖြစ်သည်ကို နားလည်စေလိုက်သည်။

ကာကွယ်ရေးဝန်ကြီးသည် သူ၏ ဒဏ်ရာရသော ပခုံးကို ဖိလျက် မြေပြင်ပေါ်တွင် လဲလျောင်းလျက်ရှိနေခဲ့သည်။

သူသည် အာရန်ကို ရန်လိုစွာဖြင့် မျက်စောင်းတစ်ချက်ထိုးလိုက်သည်။

သူ၏ပါးစပ်တွင် အမည်မသိရသောအနက်ရောင်အရည်များ ထွက်လာခဲ့ကာ အဆိပ်မိနေသကဲ့သို့ ပါးစပ်မှ စီးကျလာခဲ့သည်။

အာရန်သည် ဤကဲ့သို့သော တစ်စုံတစ်ခုကို မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း သူသည် ကာကွယ်ရေးဝန်ကြီးကို မသိစိတ်တွင်းမှ လှမ်း၍ ချီးကျူးမိလိုက်သည်။

ထိုသူက သူ၏ပါးစပ်ထဲတွင် အစောပိုင်းကတည်းကအဆင်သင့်ထည့်ထားသော အဆိပ်ပြင်း ဆေးလုံးကို သောက်သုံးလိုက်သည်အား မသိသာစေရန် မတော်တဆ အဆိပ်သင့်သွားခဲ့သလိုမျိုး ဟန်ဆောင်နေလိုက်သေး၏။

“အရှင်မင်းကြီး ကျွန်တော်မျိုး ကျရှုံးသွားပါပြီ” ဟု သူသည် အမှတ်တမဲ့ဟန်ဖြင့် ရေရွတ်လိုက်ပြီးနောက် သူ၏ကိုယ်ခန္ဓာသည် စတင်၍ အသက်ဓာတ်များဖျော့တော့ သွားခဲ့လေသည်။

ဧကရာဇ်အပေါ်သို့ အပြစ်များပုံချလိုက်သည့် သူ၏ ထိုကျိုးစားမှုမှာမူ အနည်းငယ် သိသာလွန်းနေခဲ့သည်။

အာရန်သည် ကာကွယ်ရေးဝန်ကြီးမှာ ထိုသို့ဟာကွက်များပြုလုပ်မိခြင်းသည် ဧကရာဇ် ပေါ်လာခြင်းကြောင့် စိတ်ရှုပ်ထွေးနေခြင်းလား သို့မဟုတ် အခြားသက်ရောက်မှု တစ်ခုခုကြောင့်လားဆိုသည်ကိုတော့ မသေချာနေခဲ့ပေ။

“မင်းကများ ငါ့ကို ဘယ်လိုတောင် စွပ်စွဲရဲရတာလဲ ငါကိုယ်တော် ဘယ်တုံးကမှ အဲဒီလို ညွှန်ကြားချက်မျိုး မပေးခဲ့ဘူးဘူး” ဟု သန့်စင်ဧကရာဇ်သည် ထိတ်လန့်တကြားဖြင့် ဒေါသထွက်ကာ ပြန်လည် အော်ဟစ်ပြောဆိုလိုက်သည်။

သူ၏ တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် အာရန်သည် သန့်စင်ဧကရာဇ်အကြောင်းကို အနည်းငယ် ပိုမို၍ နားလည်လာခဲ့သည်။

သူသည် မကြာသေးမီကမှ ဝိညာဥ်ကူးပြောင်းလာခဲ့သူဖြစ်ကြောင်း သူ၏လုပ်ရပ်များက ထင်ရှားစေခဲ့ပြီး ရုတ်တရက် ပြောင်းလဲမှုများနှင့် ရင်ဆိုင်ရသည့်အခါ အသားမကျနေသေးသဖြင့် ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေဟန်ရလေသည်။

အာရန်သည် သန့်စင်ဧကရာဇ်ကို လျစ်လျူရှုထားပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသော ကာကွယ်ရေးဝန်ကြီးဘက်သို့ လျှောက်သွားလိုက်သည်။

သန့်စင်ဧကရာဇ်သည် အာရန်အနီးသို့ ချဉ်းကပ်ရန် ကြိုးစားလိုက်သော်လည်း ဇီယာက ၎င်း၏လမ်းကို ပိတ်ဆို့ထားလိုက်၏။

ဇီယာသည် သန့်စင်ဧကရာဇ်မှ နောက်ထပ်တစ်လှမ်း ထပ်လှမ်းမည်ဆိုပါက သူ့အား အမှန်တကယ် တိုက်ခိုက်တော့မည့်ပုံပင်။

အာရန်နှင့်မတူဘဲ ဇီယာသည် အခြေအနေကို ကောင်းစွာ ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း မရှိခဲ့ပေ။

ထို့အပြင် အာရန်က သန့်စင်ဧကရာဇ်အား အစောပိုင်းက အပြစ်တင်ခဲ့ရာ သူမ၏ ယူဆချက်ကို ပိုမို၍ ခိုင်မာစေခဲ့သည်။

သူမသည် အာရန်ကို အခွင့်အရေးတစ်ခု ရစေလိုသောကြောင့် ဧကရာဇ်ကို သတ်ချင်သည့်စိတ်ကို အမှန်တကယ်ပင် ထိန်းချုပ်ထားခဲ့ရသည်။

ယူလင်းကမူ ဧကရာဇ်နှင့်အတူ ပါလာသော အစောင့်များကို ပို၍ အာရုံစိုက်နေခဲ့သည်။

ဧကရာဇ်၏အပေါ်သို့ သတ်ဖြတ်လိုသည့် အော်ရာတစ်ခု ရောက်ရှိနေသည်ကို အာရုံခံမိလိုက်ကြသောကြောင့် တော်ဝင်အစောင့်များသည် ဧကရာဇ်အား ကာကွယ်ရန် ၎င်းတို့၏လက်နက်များကို ကိုင်မြှောက်ထားခဲ့ကြသည်။

“မင်းတို့ရဲ့ လက်နက်တွေကိုချထားလိုက်ကြ နောက်ထပ် နားလည်မှု လွဲမှာတွေ ထပ်မဖန်တီးကြနဲ့”

သန့်စင်ဧကရာဇ်သည် သူ့အား အမှန်တကယ် သစ္စာရှိသော တော်ဝင်အစောင့်များကို အမိန့်ပေးလိုက်သည်။

“ဒါပေမဲ့ အရှင်မင်းကြီး...”

အစောင့်များ တုံ့ဆိုင်းစွာဖြင့် ပြန်ပြောရန်ကျိုးစားလိုက်သည်။

အကယ်၍တစ်စုံတစ်ခုဖြစ်ပွားခဲ့ပါက သူတို့သည် ဧကရာဇ်ကို အကာအကွယ်ပေးနိုင်ရန်ပင် ပျက်ကွက်ခဲ့ပါက ၎င်းတို့၏ တည်ရှိမှုသည် ဘာများ အဓိပ္ပါယ် ရှိဦးမည်နည်း။

“ငါကိုယ်တော် ပြောတဲ့အတိုင်းပဲ နာခံကြပါ”

သန့်စင်ဧကရာဇ်သည် သူကိုယ်တိုင်ပင် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ရင်း ထပ်မံအမိန့်ပေးလိုက်၏။

မှောက်ကျသွား‌သော နွားနို့အိုးတစ်လုံးအတွက် ငိုကြွေးနေ၍ အကျိုးမရှိကြောင်း သူ သိလေသည်။

သူ လုပ်နိုင်သမျှမှာ ဤဖြစ်ရပ်တွင် သူ တကယ် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း အာရန်အား ယုံကြည်စေရန် သက်သေပြနိုင်ရန်ပင် ဖြစ်၏။

ထို့အတွက်မူ သူ တစ်ဦးတည်းသာ သိရှိထားသော လျှို့ဝှက်ချက်ကို ပြောပြမှ ရပေ‌တောမည်။

အခြားတိုက်ကြီးမှ လူစိမ်းများကို ထိုသို့သောအတွင်းရေးများကို ပြောပြရခြင်းသည် မိုက်မဲသောလုပ်ရပ်တစ်ခုဖြစ်သော်လည်း ၎င်းသည် သူ့အတွက် ဤအခက်အခဲမှ ရုံးထွက်နိုင်ရန် တစ်ခုတည်းသော နည်းလမ်းလည်းဖြစ်လေသည်။

သန့်စင်ပရောဟိတ်မသည် ထိုဧည့်သည်များအား သူ့ကို ဖြုတ်ချရာတွင် အသုံးပြုခဲ့ခြင်းဖြစ်သောကြောင့် အကယ်၍ သူသာဤအခြေအနေမှ အသက်ရှင်လျက်လွတ်မြောက်လိုပါက သူ့၌လည်း ထိုသို့ပြန်လုပ်ရန် ရွေးချယ်စရာ တစ်ခုသာရှိတော့၏။

သန့်စင်ပရောဟိတ်မကို ဖယ်ရှားနိုင်ရန်နှင့် သူ၏အသက်ကို ကယ်တင်နိုင်ရန် သူသည် အလားတူ သန်မာသော အခြားအဖွဲ့အစည်းတစ်ခုနှင့် မဟာမိတ်ဖွဲ့ထားနိုင်ရန် လိုအပ်လေသည်။

သူသည် နစ်ခရိုမန်ဆာမျှော်စင်၏ အကူအညီကိုပင် ရယူရင်ကောင်းမလားဟု စဉ်းစားမိခဲ့သော်လည်း သူသည် ၎င်းတို့ထံသို့ မည်သို့မှ သွား၍မဖြစ်ပေ။

ထို့အပြင် ထိုအရာကိုသာဖော်ထုတ်ခံရပါက သူ့အာ ယခုအချိန် သစ္စာရှိနေသော အမှုထမ်းများပင် သူ့အား ဆန့်ကျင်တော်လှန်ကြမည်ဖြစ်၏။

အနောက်တိုက်ဒေသကြီးမှ လူများအတွက်မူ သူတို့တစ်သက်တာတွင် နစ်ခရိုမန်ဆာမျှော်စင်မှ လူများထက် ပို၍ မုန်းတီးသောအရာဟူ၍ မရှိတော့ပေ။

ဤသို့ဖြင့် သူ၌ကျန်ရှိတော့သော တစ်ခုတည်းသော ရွေးချယ်စရာမှာ မိစ္ဆာဂိုဏ်းပင် ဖြစ်တော့သည်။

“အစောင့်အားလုံး ထွက်သွားကြ ငါကိုယ်တော် တစ်ယောက်တည်းနေခဲ့ပြီး ဒီကဧည့်သည်တော်တွေကို ရှင်းပြစရာတွေရှိနေတယ်”

သန့်စင်ဧကရာဇ်သည် သူ့အတွက်နောက်ဆုံးနေနှင့် ဤနန်းတော်အတွင်း အယုံကြည်ရဆုံးဖြစ်သော အစောင့်များကို ထွက်သွားရန် ပြောလိုက်ရသည်။

ကံမကောင်းစွာပင် ၎င်းတို့သည် ဧကရာဇ်၏ အမိန့်များကို လျစ်လျူရှု၍ မရနိုင်ပေ။

အစောင့်တပ်သားများသည် အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် ၎င်းတို့သည် ၎င်းတို့၏ လက်နက်များကို ပြန်လည်သိမ်းဆည်းကာ ထွက်ခွာသွားခဲ့ကြသည်။

သန့်စင်ဧကရာဇ်သည် အရှေ့မှ ဧည့်သည်များနှင့်အတူ တစ်ယောက်တည်း ကျန်ရစ်ခဲ့လေသည်။

သန့်စင်ဧကရာဇ်သည် အစောင့်များ သို့မဟုတ် အမှုထမ်းများ တစ်ဦးမျှ မရှိကြောင်း သေချာစေပြီးနောက် နန်းတော်၏ ယခုနေရာတစ်ခုတည်းကိုကွက်၍ သီးသန့် အကာအကွယ်လွှာတစ်ခုဖြင့် ဝန်းရံထားလိုက်သည်။

ထို့နောက် ယခုအချိန်မှစပြီး သူ နောက်ပြောမည့်အရာများကို အာရန်တစ်ဦးတည်းသာ ကြားနိုင်တော့မည်ဖြစ်၏။

“ငါ့ကို တိုက်ခိုက်ပြီးမှ ဒီလိုမျိုးလွယ်လွယ်ကူကူ သေဆုံးနိုင်မယ်လို့ မင်း တကယ်ထင်နေခဲ့တာလား”

အာရန်သည် ကာကွယ်ရေးဝန်ကြီးရှေ့တွင် ဒူးတစ်ဖက်ကို ထောက်၍ မုဆိုးထိုင် ထိုင်ချလိုက်သည်။

ထို့နောက် သူ၏ စနစ်သိုလှောင်ခန်းအတွင်းမှ သူသီးသန့်ဖော်စပ်ထားသည့် နဝမအဆင့် ဆေးလုံးတစ်လုံးကို ထုတ်ယူပြီး ထိုကာကွယ်ရေးဝန်ကြီး၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်ကာ နဂါးလျှာ မှော်အစွမ်းကို အသုံးပြု၍ ထိုသူအား အတင်းအကြပ် သောက်သုံးစေခဲ့သည်။

ကာကွယ်ရေးဝန်ကြီးသည် နဂါးလျှာအစွမ်းကို သတိပြုမိလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားခဲ့သည်။

သူသည် စကားပြောရန် ကြိုးစားလိုက်သော်လည်း အာရန်သည် ထို နဂါးလျှာအစွမ်းကိုပင် ထပ်မံအသုံးပြု၍ ထိုသူ၏ စကားပြောနိုင်စွမ်းများကို ပိတ်ဆို့လိုက်သည်။

“မင်းအတွက် ပျော်စရာအချိန်အချို့တော့ ပိုင်ဆိုင်ရတော့မယ်ထင်တယ်” ဟု အာရန်သည် ဝန်ကြီးအားကို ပြောလိုက်ရင်း သူ၏ ပါးကို ညင်သာစွာတစ်ချက် ပုတ်လိုက်သည်။

ကာကွယ်ရေးဝန်ကြီးသည် ကြောက်ရွံ့မှုဖြင့် တုန်ယင်နေခဲ့သည်။

#Catfoot

All Chapters