← Chapters

ဧကရာဇ်အသစ်

Vol. 26 Ch. 363

ဧကရာဇ်အသစ်

Vol. 26 Ch. 363

...

အာရန်သည် ဓားမြှောင်တစ်ချောင်းကို သန့်စင် ဧကရာဇ်၏ ရင်ဘတ်အတွင်းသို့ ထိုးသွင်းလိုက်ရာ သူ၏စကားများက အာရန်ကို စည်းရုံးနိုင်ခဲ့သည်ဟု ထင်မှတ်ထားသော ထိုဧကရာဇ်အား အလွန်အမင် အံ့အားသင့်စေခဲ့သည်။

အာရန်သည် သူ့ကို လုံးဝ မယုံကြည်ခဲ့ဘူးလား။ ထိုအရာကမဖြစ်နိုင်ပေ။

သူသည် အာရန်၏ မျက်လုံးများကို ကြည့်လိုက်သောအခါ ဒေါသ သို့မဟုတ် မုန်းတီးမှုများ ရှိမနေခဲ့ဘဲ မုန်တိုင်းမတိုင်မီ ငြိမ်သက်လျက်ရှိသောပင်လယ်ပြင်တစ်ခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းစွာ တည်ငြိမ်လွန်းနေခဲ့၏။

သူသည် ဒေါသ သို့မဟုတ် မုန်းတီးမှုကြောင့် ထိုသို့ ပြုလုပ်ခြင်း မဟုတ်ကြောင်း ရှင်းလင်းနေသည်။

ထို့အပြင် သူ၏မျက်လုံးများတွင် သနားနေဟန်ပင် အနည်းငယ်သန်း နေခဲ့သည်။

ဤသို့ဆိုလျှင်အဘယ်ကြောင့် ထိုသို့လုပ်ရသနည်း။

ယခုအချိန်တွင် ထိုမေးခွန်းတစ်ခုတည်းသာ သန့်စင် ဧကရာဇ်၏ စိတ်ထဲတွင် ရှိနေခဲ့သည်။

အာရန်သည် သန့်စင် ဧကရာဇ်၏ မေးခွန်းကို ပြန်မဖြေခဲ့ပေ။

ထို့အစား အာရန်၏ လက်သည် နဂါးတစ်ကောင်၏လက်သည်ပုံစံသို့ ပြောင်းလဲသွားပြီး ဧကရာဇ်၏ ရင်ဘတ်အတွင်းသို့ ထပ်မံ ထိုးသွင်းလိုက်လေသည်။

သန့်စင်ဧကရာဇ်သည် သွေးတစ်လုပ်အန်ထုတ်လိုက်ပြီး သူ၏ နှလုံးသားကို သူ၏ရင်ဘတ်မှ သူ့မျက်စိရှေ့တွင် ဆွဲထုတ်ခံလိုက်ရသည့်မြင်ကွင်းကို ငေးကြည့်နေခဲ့မိသည်။

နာကျင်မှုသည် ကြာကြာမခံခဲ့ပေ။

ထူးဆန်းသော အဆိပ်တစ်ခုက သူ၏ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားပြီး သူ၏ နောက်ဆုံးအချိန်များကို အနည်းငယ် ပို၍ လွယ်ကူစေရန် ကြိုးစားနေသကဲ့သို့ပင်တည်း။

သူသည် အနည်းငယ်မျှပင် လှုပ်ရှားနိုင်ခြင်းမရှိတော့ဘဲ သူ၏ခန္ဓာကိုယ်သည် စက္ကန့်တစ်ခုချင်းစီတွင် ပို၍ ပို၍ ထုံကျဉ်လာခဲ့၏။

ဧကရာဇ်၏ နှလုံးသားသည် အာရန်၏လက်မှ ပျောက်ကွယ်သွားပြီး သူ၏ စနစ်သိုလှောင်ခန်းအတွင်း သိမ်းဆည်းထားလိုက်သည်။

သန့်စင် ဧကရာဇ်သည် စကားပြောရန် ကြိုးစားလိုက်သော်လည်း သူ၏နှုတ်ခမ်းများပင် ယခုအချိန်တွင် မလှုပ်ရှားနိုင်တော့ပေ။

သူ၏ကိုယ်ခန္ဓာတစ်ခုလုံးသည် တဖြည်းဖြည်း ပိုမို၍ လေးလံလာခဲ့သည်။

သူသည် မတ်တပ်ကောင်းကောင်း ဆက်လက်ရပ်နေရန်ပင် မတတ်နိုင်တော့ပေ။

အာရန်၏နှုတ်ခမ်းများသည် အနည်းငယ် လှုပ်ရှားသွားပြီး သူ၏စကားများကို သန့်စင် ဧကရာဇ်တစ်ဦးတည်းသာ ကြားနိုင်စေရန် နဂါးလျှာအစွမ်းကို အသုံးပြုလိုက်သည်။

ထိုအချိန်မှစ၍ အနောက်ဘက်ရှိ အမျိုးသမီးနှစ်ဦးမှာ ဆက်ပြောမည့် မည်သည့်စကားကိုမျှ မကြားရတော့ချေ။

သန့်စင်ဧကရာဇ်၏ မျက်နှာအမူအရာများမှာ အာရန်၏ စကားများကြောင့် နာကျင်နေလျက်ပင် ပို၍ တုန်လှုပ်ခြောက်ခြားသွားခဲ့၏။

“ကျုပ် တောင်းပန်ပါတယ် ဒါပေမဲ့ ကမ္ဘာကူးပြောင်းလာသူတွေက အခြေအနေတွေကို ကစဥ့်ကလျားဖြစ်စေခဲ့တာတွေက အရမ်းများနေပြီ ဒီအချိန်မှာ ခင်ဗျားတို့ထဲက ဘယ်သူ့ကိုမှ အသက်ရှင်ခွင့် ဆက်ပေးလို့မရတော့ဘူး အထူးသဖြင့် ခင်ဗျားလိုမျိုးလူက ကိုယ့်ရဲ့ စွမ်းရည်တွေကိုတောင် ဘယ်လို အသုံးချရမလဲ မသိသေးတဲ့ အချိန်မှာပေ့ါ”

သန့်စင် ဧကရာဇ်သည် စွမ်းအားအလွန်ကြီးသော အနောက်တိုက်၏ တည်ရှိမှုတစ်ခုဖြစ်သည်။

သူသာ သတိထားနေခဲ့ပါက အာရန်သည် သူ့အား အလွယ်တကူ သတ်နိုင်စရာ အကြောင်းမရှိပေ။

ကံကောင်းစွာပင် သန့်စင်ဧကရာဇ်သည် ထိုအချိန်တွင် ယခင်ဧကရာဇ်ဟုတ်မနေခဲ့ပေ။

ထို့အပြင် ထိုကမ္ဘာကူးပြောင်းလာသူသည် မကြာသေးမီကမှ ရောက်လာခဲ့ခြင်းဖြစ်ကာ ထိုအရာသည် အာရန်အတွက် နှစ်ခါပြန်မရနိုင်အောင် ပြီးပြည့်စုံသည့် အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။

သူသည်သာ သန့်စင်ဧကရာဇ်ကို ယခုအချိန် မသတ်မိခဲ့ပါက ထိုလူသည် သန့်စင် ဧကရာဇ်၏ စွမ်းရည်များကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုနိုင်သွားသည့်အချိန်တွင် ရင်ဆိုင်ရခက်သည့် ရန်သူတစ်ဦးဖြစ်လာနိုင်လေသည်။

အာရန်သည် သူတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များအတွက် ဖော်ဆောင်နေသော နောက်ထပ် ပရောဖက် သို့မဟုတ် စာရေးဆရာကိုပင် အသုံးချခဲ့သော ဖေး ကဲ့သို့ ပုဂ္ဂိုလ်မျိုး ထပ်မံပေါ်ပေါက်လာမည်ကို မလိုလားနေပေ။

ယခုအချိန်သည် ဤအနောက်တိုင်းဒေသကြီးမှ ကမ္ဘာကူးပြောင်းလာသူကို သတ်ရန် အလွယ်ကူဆုံးသော အခွင့်အရေးဖြစ်ပြီး ၎င်းဧကရာဇ်သည် သူ၏ ရွှေလက်ချောင်း သို့မဟုတ် ထူးခြားသည့် စနစ်တစ်ခုကို နိုးထလာခြင်းပင် မရှိသေးပုံရသည်။

ထို့အတွက် ဤကဲ့သို့ အနာဂတ်ခြိမ်းခြောက်မှုတစ်ခုကို ဖယ်ရှားထားမှသာ တော်ကာကျပေမည်။

အာရန်သည် သန့်စင် ဧကရာဇ်တစ်ယောက် သူ့ကဲ့သို့ ကမ္ဘာပြောင်းလာသူတစ်ဦး ဖြစ်ကြောင်း သိရှိခဲ့သည့်အချိန်မှစ၍ ထိုသို့ပြုလုပ်ရန် စဉ်းစားမိခဲ့သော်လည်း သူ သည် အနည်းငယ် တုံ့ဆိုင်းနေခဲ့သေး၏။

သန့်စင်ပရောဟိတ်မက သန့်စင်ဧကရာဇ်ကို အဘယ်ကြောင့် သတိထားနေရခြင်းအား အာရန်တစ်ယောက် အနည်းငယ်စိတ်ပူနေခဲ့သည်။

ဧကရာဇ်သည် ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်သူဖြစ်ပါက သူ့ကို ယခုအချိန်တွင် သတ်၍ မဖြစ်သေးပေ။

အာရန်သည် သန့်စင်ပရောဟိတ်မအား ကူညီလိုက်သလိုဖြစ်သွားမည် စိုး၍ သန့်စင် ဧကရာဇ်အား အမှန်တကယ် သတ်လိုခြင်း မရှိခဲ့ချေ။

သို့သော် သူ့အတွက် အံ့အားသင့်စရာကောင်းသည်မှာ သန့်စင်ဧကရာဇ်သည် သူထင်ထားသလောက် အရေးပါသူတစ်ယောက် ဟုတ်မနေခဲ့ခြင်းပင်ဖြစ်၏။

သန့်စင်ပရောဟိတ်မသည် အနောက်တိုင်းဒေသကြီးကို လုံးဝတစ်ဦးတည်း ထိန်းချုပ်ခြင်းမှ တားဆီးနိုင်ရန် သန့်စင်ဧကရာဇ်ကို လိုအပ်နေသေးသော်လည်း ၎င်းကိုကိုင်တွယ်ရန်မှာ သန့်စင်ပရောဟိတ်မအတွက် အရမ်းခက်ခဲလွန်းသည့် အရာတော့မဟုတ်ပေ။

“သန့်စင်ဧကရာဇ်တစ်ပါး မရှိမဖြစ် လိုအပ်နေတယ်ဆိုရင်လည်း ကျုပ်ကိုယ်တိုင် ဧကရာဇ် တစ်ပါး ဖြစ်လိုက်ရင် ပိုမကောင်းဘူးလား...” ဟု အာရန်သည် သူ၏ ရုပ်ရည် ကို ပြောင်းလဲလိုက်စဥ် ပြောလိုက်သည်။

သူသည် မည်သို့မျှ မခုခံနိုင်တော့သော သန့်စင်ဧကရာဇ်၏ သိုလှောင်လက်စွပ်ကို လုယူလိုက်သည်။

ထိုသိုလှောင်လက်စွပ်ထဲတွင် အာရန်သည် ဧကရာဇ်၏ တော်ဝင်ဝတ်စုံများကို တွေ့ရှိခဲ့ရ၏။

ထိုနေရာတွင် အာရန်သည် သူ၏ခန္ဓာကိုယ် ပြောင်းလဲခြင်း ပြီးဆုံးသွားသည်နှင့် ဧကရာဇ် ၏အဝတ်များကို ပြောင်းလဲဝတ်ဆင်လိုက်သည်။

သန့်စင် ဧကရာဇ်သည် ထိုအရာကိုမြင်တွေ့လိုက်ရသောအခါ အလွန်တုန်ယင်သွားပြီး သူ၏ အသက်ရှူသံးများသည် ပို၍ပင် ခက်ခဲလာခဲ့သည်။

ထို့နောက် သူ၏အမြင်အာရုံများ ပို၍ မှောင်မဲလာနေပြီဖြစ်၏။

အာရန်သည် သန့်စင်ဧကရာဇ်ကို ဖမ်းချုပ်ထားရာမှ လွှတ်ပေးလိုက်ရာ ဧကရာဇ်သည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေသည်။

“မင်းရဲ့ အရင်ကမ္ဘာမှာတုံးက ဘယ်လိုဘဝမျိုး ပိုင်ဆိုင်ထားခဲ့လဲဆိုတာ ငါ မသိဘူး မင်း သေပြီးရင် ဘာဖြစ်မယ်ဆိုတာလဲ ငါ မသိဘူး မင်းရဲ့ မူလ ကမ္ဘာမြေကိုပဲ ပြန်ရောက်သွားမလား ဒါမှမဟုတ် ထာဝရ ပျောက်ကွယ်သွားမလား...”

အာရန်သည် ထိုသို့ ရေရွတ်လိုက်ပြီးနောက် သူ၏ခေါင်းကို သန့်စင် ဧကရာဇ်၏ ခေါင်းနှင့် ထိကပ်လိုက်သည်။

“ဒါပေမဲ့ ငါလည်း အဲ့ဒီအကြောင်းတွေ သိချင်စိတ်မရှိပါဘူး ဒါပေမဲ့ တစ်စုံတစ်ယောက်က င့ါကိုလာသတ်မှာကိုလည်း ငါအဖြစ်ခံမှာမဟုတ်ဘူး... တစ်နေ့မှာ ဒီကမ္ဘာကြီးကို ငါ အုပ်စိုးနိုင်ရမယ်”

“င့ါကို ဘယ်အရာကမှ မခြိမ်းခြောက်နိုင်တဲ့ ကမ္ဘာတစ်ခုကို ငါကိုယ်တိုင် ဖန်တီးရလိမ့်မယ်... ဒီခရီးကြမ်းကြီးကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့ အတွက် မင်းရဲ့ မှတ်ဉာဏ်တွေကို ငါ လိုအပ်တယ်... ဒါ့ကြောင့် ကဲ ပြောနေကြာပါတယ် ကြည့်လိုက်ရအောင်... မင်းက အဲ့ဒီ ဝတ္ထုကို ဘယ်လောက်ထိ ဖတ်ထားခဲ့လဲဆိုတာ...”

အာရန်သည် ထိုကမ္ဘာပြောင်းလာသူ၏ မှတ်ဉာဏ်များကို အတင်းအကြပ် ဖတ်ရှုနိုင်ရန် တောင်ပိုင်းတိုက်ရှိ သူရဲကောင်းများဆီမှ သူကိုယ်တိုင် ရိပ်သိမ်းလာခဲ့သော စွမ်းရည်များကို အသုံးချလိုက်သည်။

သန့်စင်ဧကရာဇ်၏ ကိုယ်ခန္ဓာသည် နာကျင်မှုကြောင့် ထပ်မံတုန်ယင်သွားခဲ့ပြီး သူ၏ စိတ်သည် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရ၏။

သူ၏ကိုယ်ခန္ဓာ နာကျင်မှုထက်ပင် သူ၏ ဝိညာဉ်အား အမည်မသိစွမ်းအားတစ်ခုက ဖြတ်သန်း၍ သူ၏မှတ်ဉာဏ်များကို ရယူနေခြင်းက တစစီဆုတ်ဖြဲခံရသကဲ့သို့ ပိုမိုပြင်းထန်စွာ နာကျင်ခံစားလိုက်ရသည်။

ဧကရာဇ်၏ မှတ်ဉာဏ်များ စုပ်ယူခံလိုက်ရသည့်အချိန်သည် သူ၏ နောက်ဆုံးထွက်သက်ကို ရှူထုတ်ခဲ့သည့် အချိန်လည်း ဖြစ်လေ၏။

ဧကရာဇ်သည် သူ၏ နောက်ဆုံးအချိန်အထိ သူဘာ့ကြောင့်ထိုသို့ ဖြစ်သွားရသည်ကို နားမလည်နိုင်ခဲ့ပေ။

မနေ့ကမှ သူသည် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်ခုတလေမျှ မရှိဘဲ ဤကမ္ဘာသစ်သို့ ရောက်ရှိလာခဲ့လေသည်။

သူသည် သူ၏မှတ်ဉာဏ်များကို ကောင်းစွာ အသုံးချနိုင်သရွေ့ ဤကမ္ဘာသည် သူ၏ နိဗ္ဗာန်ဘုံလေးတစ်ခု ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မိခဲ့သည်။

ဒါဆို ဘာ့ကြောင့် ဤကဲ့သို့ ပထမဆုံး ၂၄ နာရီအတွင်းမှာပင် သူသည် ယခုအခြေအနေနှင့် ကြုံတွေ့ခဲ့ရသနည်း။

ပို၍ တုန်လှုပ်စရာကောင်းသည်မှာ သူ့ရှေ့မှလူသည် ဤကမ္ဘာကြီးအကြောင်းကို အလွန်ကောင်းစွာ သိရှိထားသည့်အလား ဖော်ပြခဲ့ခြင်းပင်ဖြစ်၏။

ထိုသူသည်လည်း သူ့ကဲ့သို့ပင် ကမ္ဘာပြောင်းလာသူတစ်ဦးပင်လား။

ထိုသို့ဆိုလျှင် အဘယ်ကြောင့် သူတို့နှစ်ဦးသည် အချင်းချင်း မကူညီနိုင်ရသနည်း။

ဧကရာဇ်သည် သူ၏ နောက်ဆုံးထွက်သက်ကို ရှူထုတ်ခဲ့ချိန်တွင်ပင် အာရန်၏ လုပ်ရပ်များကို နားလည်မသွားခဲ့ပေ။

‘သူ ဘယ်နေရာမှာ မှားခဲ့တာလဲ... အစကတည်းက သေခြင်းကလွဲ၍ တကယ်ပဲ တခြားရွေးချယ်စရာမရှိခဲ့ဘူးလား...’

သူသည် ယခုကဲ့သို့ သေဆုံးခြင်းအတွက် ကံကြမ္မာဆိုးတစ်ခုပိုင်ဆိုင်ထားသော သန့်စင် ဧကရာဇ်အဖြစ် ကူးပြောင်းလာခဲ့မိခြင်းအဖြစ်ကိုသာ ကျိန်ဆဲနိုင်ပေတော့သည်။

ထို့နောက် မြေပြင်ပေါ်သို့ သူ၏ သက်မဲ့ခန္ဓာကိုယ်သည် လဲကျသွားခဲ့သည်။

ယခုတစ်ကြိမ်တွင် အာရန်သည် ဝိညာဥ်လမ်းလျှောက်သူတုံးက ပြုလုပ်ခဲ့မိသော အမှားမျိုး ထပ်မံ မပြုလုပ်မိစေတော့ပေ။

သူသည် ဧကရာဇ်၏ခန္ဓာကိုယ်နှင့် ကျန်ရှိနေသော အရာများကို ပြာမှုန်ဖြစ်သွားအောင် မီးရှို့ရန် သူ၏ နဂါးလျှာအစွမ်းကို အသုံးပြုခဲ့ခြင်းကြောင့် ထိုသူသည် သူ၏ အိပ်မက်ထဲတွင်ပင် အသက်ပြန်ရှင်လာနိုင်စရာ အကြောင်းမရှိတော့ပေ။

ဤကမ္ဘာတွင် သန့်စင် ဧကရာဇ်နှစ်ပါး မလိုအပ်ပေ။

ယခုအချိန်မှ စ၍ သူသည် သန့်စင် ဧကရာဇ် ဖြစ်သွားပြီဖြစ်သည်။

ရုပ်သေးဘုရင်ဟု အများသတ်မှတ်ထားသူသည် ဤတိုက်၏ အစစ်အမှန် ခေါင်းဆောင်တစ်ဦး ဖြစ်လာရမည့်အချိန် ရောက်ရှိလာပြီ ဖြစ်၏။

#Catfoot

All Chapters