← Chapters

တဖြည်းဖြည်းချင်း...

Vol. 26 Ch. 366

တဖြည်းဖြည်းချင်း...

Vol. 26 Ch. 366

....

အာရန်တစ်ယောက် သန့်စင်အင်ပါယာအား ထိန်းချုပ်နိုင်ရန် ပထမဆုံး ခြေလှမ်းကို စတင်နေသည့်အချိန်တွင် ဇီယာမှာမူ သူမ၏ အခန်းထဲတွင် ဘယ်ပြန်ညာပြန် ခေါက်တုံ့ခေါက်ပြန် လျှောက်မိနေခဲ့သည်။

သူမသည် အဘယ့်ကြောင့် ဤအခြေအနေမျိုး ရောက်ရှိလာသည်ကို မတွေးတတ်အောင်ဖြစ်နေခဲ့၏။

သူမ ထိုအရာကို လုပ်ဆောင်မှဖြစ်မည်မှန်း သိနေခဲ့ကာ ယခင်ကလည်း တစ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ယခုအချိန်ထိ ရှက်ရွံ့နေဆဲဖြစ်သည်။

သူမသည် အတွင်းစိတ်မှ အာရန်ကို ကျိန်ဆဲနေရင်းဖြင့် သူမ၏ အဝတ်အစားများ ကို ချွတ်လိုက်ကာ အိပ်ယာပေါ်သို့ တက်လိုက်သည်။

ဇီယာသည် ထိုအရာကို ဟန်ဆောင်မှုတစ်ခုသက်သက်ဟုသာ မှတ်ယူထားခဲ့သော်လည်း အမှန်တကယ်မှာမူ လုံးဝ ဟန်ဆောင်နေခြင်းသက်သက်တော့ မဟုတ်ခဲ့ပေ။

သူမသည် ညည်းတွားသံများပြုလုပ်၍ ဟန်ဆောင်နေစဉ် သူမ၏စိတ်က အာရန်အကြောင်းကို ဆက်လက်တွေးတောနေမိခဲ့သည်။

အာရန်သာ သူမ၏ ကိုယ်ပေါ်တွင် ရှိနေခဲ့ပြီး ၎င်းတို့သည် ယခုကဲ့သို့ ဟန်ဆောင်မှုသက်သက် မဟုတ်ခဲ့ပါက သူမ၏အသံသည် ယခုနှင့် တူညီနေဦးမည်လားဟု တွေးမိလိုက်သည်။

သူမကိုယ်သူမ ဘာအကြောင်းတွေးနေမိမှန်း သဘောပေါက်လိုက်သည်နှင့် ဇီယာ၏ မျက်နှာလေးသည် အနည်းငယ် နီမြန်းသွားခဲ့သည်။

‘ငါဘလို့ အဲ့လိုအဓိပ္ပါယ်မရှိတာတွေ လျှောက်စဥ့်စားနေမိတာလဲ’ ဟု သူမကိုယ်သူမ ပြန်ပြောလိုက်မိ၏။

သို့သော် သူမ မည်သို့ပင် ကြိုးစားစေကာမူ ထိုကဲ့သို့အချိန်မျိုး၌ အာရန်အား သူမ၏ အတွေးထဲမှ ဖယ်ရှား၍ မရနိုင်ခဲ့ပေ။

သူမ မသိလိုက်ပါဘဲနှင့် သူမ၏လက်ချောင်းများသည် အောက်ဘက်ဆီသို့ တဖြည်းဖြည်းချင်း ဆင်းသက်သွားခဲ့သည်။

....

“နစ်ခရိုမန်ဆာမျှော်စင်က သူလျိုတွေလား ဒါတော့ မဖြစ်နိုင်ဘူးထင်တယ် ကောင်းချီးနယ်မြေရဲ့ အကာအကွယ်ရှိနေတာပဲလေ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“မှန်တယ် နစ်ခရိုမန်ဆာမျှော်စင်က သန့်စင်မြို့ကို ဘယ်လိုမှ ထိုးဖောက်နိုင်မှာ မဟုတ်ဘူး ဒါက ကတယ့်ကို မဖြစ်နိုင်တဲ့အရာပဲ”

“တကယ်လို့ သူတို့က ကျုပ်တို့ အနောက်ဘက်တိုက်က လူတွေနဲ့ အဆက်အသွယ်ရနိုင်ခဲ့ရင်တောင် ဘယ်သူမှ သူတို့အတွက် အလုပ်လုပ်ပေးမှာ မဟုတ်ဘူး သူတို့က ဘယ်လိုမျိုး မကောင်းဆိုးဝါးတွေလဲဆိုတာ ဒီကလူတိုင်း သိနေကြပြီးသားပဲလေ”

ဝန်ကြီးများသည် တစ်ဦးပြီးတစ်ဦး အာရန်၏ စကားများမှာ ဖြစ်နို‌င်ခြေမရှိကြောင်း သူတို့၏ အမြင်များကို ဖော်ပြခဲ့ကြသည်။

ထိုအရာသည် သန့်စင်ဧကရာဇ်ကိုယ်တိုင်၏ စကားများ ဖြစ်သော်လည်း လက်ခံရန် ခက်ခဲကြောင်း ဆက်လက်တုံ့ပြန်ခဲ့ကြလေသည်။

ထိုသို့ ထိုအရာကိုမဖြစ်နိုင်ကြောင်းပြောသည့် ဝန်ကြီးအများစုသည် သန့်စင် ပရောဟိတ်မကို သစ္စာခံထားကြသောသူများဖြစ်နေခဲ့ကြပြီး အနည်းစုသည်သာ သန့်စင် ဧကရာဇ်ကို သစ္စာခံထားသူများ ဖြစ်၏။

၎င်းတို့အတွက်ပင် သန့်စင်အင်ပါယာမှ တစ်စုံတစ်ဦးသည် မြောက်ဘက်တိုက်မှ ထိုမိစ္ဆာကောင်းများနှင့် တစ်ဖွဲ့တည်းဖြစ်နေသည်ဟုသော ယူဆချက်မှာ မတွေးဝံ့စရာပင် ဖြစ်လေသည်။

၎င်းတို့ အနောက်ဘက်တိုက်မှ သာမန်ပြည်သူများကြားတွင်ပင် နစ်ခရိုမန်ဆာများအပေါ် မုန်းတီးမှုများသည် အရိုးစွဲအောင်ပင် နက်ရှိုင်းစွာ ကိန်းအောင်းနေကြပြီးဖြစ်သည်။

သန့်စင်မြို့တော်တွင် နေထိုင်သူများအတွက်မူ ပြောစရာပင် မလိုပေ။

နစ်ခရိုမန်ဆာမျှော်စင်မှ မှော်ဆရာများသည် သန့်စင်မြို့အပြင်ဘက်ရှိ လူများကို လှည့်ဖြားရန် အောက်လမ်းမှော်အတတ်များကို အသုံးပြုခဲ့သည်ဆိုဦးတော့ ၎င်းသည် နတ်ဘုရားမ၏ ကောင်းချီးနယ်မြေအကာအကွယ်လွှာကို ဖြတ်ကျော်၍ သန့်စင်မြို့တော်အတွင်းသို့ ဝင်ရောက်လိုက်ပြီးသည်နှင့် တစ်ပြိုင်နက် မည်သည့် လှည့်ဖြားမှု သို့မဟုတ် မည်သည့် မကောင်းသောပြုစားမှုများမဆို ပျက်ပျယ်သွားရမည် ဖြစ်၏။

ထို့ကြောင့် သန့်စင်မြို့အတွင်းရှိ လူများကို မှော်အတတ်များဖြင့် လှည့်ဖြားရန် မှာ မဖြစ်နိုင်ပေ။

အကယ်၍ နစ်ခရိုမန်ဆာများသည် ကာကွယ်ပိတ်ဆို့ထားသော အကာအကွယ်လွှာများကို ဖြတ်ကျော်၍ ဤတော်ဝင်မြို့တော်အတွင်း၌ ၎င်းတို့၏အောက်လမ်းမှော်ပညာများကို အသုံးပြုနိုင်ခဲ့မည်ဆိုပါကလည်း သန့်စင် ဘုရားကျောင်းမှ ၎င်းတို့ကို ချက်ခြင်း ရှာဖွေတွေ့ရှိနိုင်လိမ့်မည် ဖြစ်လေသည်။ ဤနေရာတွင် သစ္စာဖောက်များ ရှိသည်ဟု ပြောခြင်းသည် သန့်စင် ဘုရားကျောင်းမှ တော်ဝင်မြို့တော်တွင် နစ်ခရိုမန်ဆာမျှော်စင်၏ လွှမ်းမိုးမှုကို တားဆီးရန် ပျက်ကွက်ခဲ့ကြောင်း သွယ်ဝိုက်၍ ပြောလိုက်ခြင်းပင် ဖြစ်နေ၏။

“ငါကိုယ်တော် မယုံချင်ပေမဲ့ ငါကိုယ်တော် ကိုယ်တိုင် သက်သေ အထောက်အထားတွေကို တွေ့ရှိခဲ့ရပြီးပြီ ဒီကာကွယ်ရေးဝန်ကြီးကလည်း အဲဒီသစ္စာဖောက်တွေထဲက တစ်ယောက်ဖြစ်နေခဲ့တယ်” ဟု အာရန်က ပြောလိုက်ရာ ဝန်ကြီးမျာသည် ပို၍ပင် အံ့အားသင့်သွားခဲ့သည်။

ဆက်လက်၍ အာရန်က...

“ဒီပြဿနာက ခင်ဗျားတို့ အများစု ထင်ထားတာထက် အများကြီးပိုပြီး ကျယ်ပြန့်ရှုပ်ထွေးတယ်”

“ခင်ဗျားတို့ထဲမှာတောင် နစ်ခရိုမန်ဆာတွေဘက်ကို ဘက်ပြောင်းပြီး ကျွန်ုပ်တို့ရဲ့ ဇာတိမြေကို သစ္စာဖောက်သွားတဲ့ သူတွေ ရှိနေနိုင်တယ်” ဟု ထပ်မံဖြည့်စွက်ပြောလိုက်သည်။

သူ့အား သစ္စာရှိသူများနှင့် သန့်စင် ဘုရားကျောင်းအား သစ္စာရှိသူများကြားတွင် မည်သူကမည်သို့ဟူသည်အား အာရန်တစ်ယောက် အတိအကျမသိနိုင်ခဲ့ပေ။

သို့သော် ယခုအချိန်သည် သစ္စာဖောက်များကို ဖယ်ရှားရန် အကောင်းဆုံး အခွင့်အရေးလည်းဖြစ်လေ၏။

အာရန်သည် ဤခမ်းမကြီးအတွင်းသို့ စတင် ဝင်ရောက်လာသည့်အချိန်မှစ၍ ဝန်ကြီးများ၏ အသေးငယ်ဆုံးသော အမူအရာပြောင်းလဲမှုလေးများကိုပင် သူ သည် မှတ်သားနေခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင် သူ ရင်ဆိုင်နေရသည့်အရာကို အတော်လေး ကောင်းစွာ နားလည်နေခဲ့ပြီလည်း ဖြစ်လေသည်။

ဤ ပျံ့နှံ့မှုသည် အမှန်တကယ် မည်မျှ ကျယ်ပြန့်ကြောင်းကို အာရန်ကိုယ်တိုင်ပင် မယုံကြည်နိုင်ခဲ့ပေ။

ဤနေရာတွင် ရှိနေသော ဝန်ကြီး ၁၅ ဦးအနက် ၁၁ ဦးမှာ သန့်စင် ပရောဟိတ်မဘက်မှ ဖြစ်နေခဲ့၏။

“သက်သေ အထောက်အထား တွေ့ခဲ့တယ်လို့ ပြောတယ် အဲဒီသက်သေ အထောက်အထားက ဘာလဲလို့ မေးခွင့်ရှိပါသလား”

သန့်စင် ပရောဟိတ်မဘက်မှ ဖြစ်ဟန်ရသော ဝန်ကြီးတစ်ဦးက အာရန်အား မေးခွန်းထုတ်လိုက်လေသည်။

သူသည် သန့်စင် ဧကရာဇ် မည်မျှ ရှာဖွေတွေ့ထားကြောင်းနှင့် မည်သည့်အဆင့်ထိ လုပ်ဆောင်ရန် လိုအပ်မည်ကို သိရှိလိုနေခဲ့သည်။

ယခုအချိန်တွင် ဧကရာဇ်သည် သန့်စင် ပရောဟိတ်မအား ထိုလုပ်ကြံမှုအတွက် သံသယဝင်နေပြီဟု မခံစားရသေးသော်လည်း သူသည် ထိုအရာကို သေချာလိုနေခဲ့သည်။

“ဒီကာကွယ်‌ရေးဝန်ကြီးက မိစ္ဆာဂိုဏ်းက သံတမန်တွေကို လုပ်ကြံသတ်ဖြတ်ဖို့ ယုတ်ညံ့တဲ့ မာနာမှောင်အစွမ်းတွေကို အသုံးပြုခဲ့တယ် ဒီကိစ္စမှာ ဘယ်သူက အကျိုးအများဆုံးရမလဲဆိုတာ ခင်ဗျားတို့ ခန့်မှန်းနိုင်မယ်လို့ ငါကိုယ်တော် ယုံကြည်မိတယ်”

“မိစ္ဆာဂိုဏ်းနဲ့ ကျုပ်တို့ရဲ့ မဟာမိတ်ဖွဲ့မှုသာ ပျက်စီးသွားခဲ့ရင် ဘယ်သူက အကျိုးအများဆုံး ရမည်ထင်လဲ”

“ဒါပေမဲ့ ကံကောင်းစွာနဲ့ သံတမန်တွေက လုံလောက်အောင် အစွမ်းထက်ခဲ့ကြတဲ့အတွက် ဘာမှဖြစ်မသွားခဲ့ကြဘူး... သူတို့က ဒီဝန်ကြီးရဲ့ မာနာစွမ်းအင် အသုံးပြုနိုင်ခဲ့တာကိုပါ ကိုယ်တိုင် မြင်တွေ့ခဲ့ကြတယ် ပြီးတော့ တော်ဝင်အစောင့်တွေလည်း မြင်ခဲ့ကြတယ် ဒါကြောင့် ဒီသလျိုကိစ္စအတွက် ဒါက လုံလောက်တဲ့ သက်သေအထောက်အထားတွေလို့ ယူဆလို့ရပြီလေ”

အာရန်၏ စကားများကို ကြားလိုက်ရသောအခါ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ကြသည်။

ဧကရာဇ်ကို မထောက်ခံခဲ့ကြသူများပင် နှုတ်ဆိတ်သွားကြသည်။

ယခုတစ်ကြိမ်တွင် ဧကရာဇ်၌ သက်သေများစွာ ရှိနေခဲ့ပြီးဖြစ်လေ၏။

ဧကရာဇ်သည် ကိုယ်တိုင် မြင်တွေ့ခဲ့ရုံသာမက တော်ဝင်အစောင့်များနှင့် သံတမန်များပါ မြင်တွေ့ခဲ့ကြခြင်းဖြစ်လေသည်။

အစောင့်များသက်သက်သာ ဆိုပါက ၎င်းသည် ဧကရာဇ်မှ တမင်သက်သက် လုပ်ဇာတ်ခင်းထားသည်ဟု စွပ်စွဲ၍ ရနိုင်သေးသော်လည်း မိစ္ဆာဂိုဏ်းမှ မဟာအကြီးအကဲများပါ ပါဝင်လာခြင်းက အရာများကို ပို၍ ရှုပ်ထွေးသွားစေခဲ့သည်။

‘မင်းတို့မျက်နှာတွေ ဒ့ါထက်ပိုပြီးဟန်မဆောင်နိုင်ကြတော့ဘူးမဟုတ်လား...’ ဟု အာရန်သည် စကားတစ်ခွန်းမျှ ပြန်လည်မချေပနိုင်တော့သည့် သစ္စာဖောက်ဝန်ကြီး (၁၁) ဦး၏ မျက်နှာအမူအရာများကို ဆက်လက်လေ့လာရင်း တွေးမိလိုက်သည်။

အချို့က ကာကွယ်ရေးဝန်ကြီးကို ရန်လိုစွာဖြင့် ကြည့်လိုက်ကြပြီး သူသည် အဘယ်ကြောင့် ထိုမျှ အသုံးမကျပဲ ကျရှုံးသွားခဲ့ရသည်ကို တွေးတောနေမိကြသည်။

ထိုသူတွင် လုပ်စရာ အလုပ်ဟူ၍ တစ်ခုသာ ရှိနေခဲ့ပြီး ၎င်းတစ်ခုတည်းကိုပင် ကျရှုံးခဲ့ခြင်းဖြစ်၏။

ထို့နောက်အာရန်သည် ဘုရားကျောင်း၏ သစ္စာခံများကို ပိုမို၍ သိသားသွားစေရန် ထပ်မံ၍ နှိုးဆွသည့်စကားလုံးအချို့သုံးနှုံးလိုက်ပြန်သည်။

“ငါကိုယ်တော် လက်မခံချင်ပေမဲ့ ဒီတစ်ကြိမ်တော့ သန့်စင်ဘုရားကျောင်းဘက်က ရှုံးနိမ့်သွားခဲ့ပြီ ထင်တယ်။”

‘.....’

အကြီးအကဲအများစုသည် မျက်နှာများဖျော့တော့သွားကြပြီး သန့်စင် ဧကရာဇ်အား အံ့အားသင့်စွာဖြင့် စိုက်ကြည့်မိလိုက်ကြသည်။

သန့်စင် ဘုရားကျောင်းက ဤတစ်ကြိမ် ရှုံးနိမ့်သွားခဲ့ကြောင်း ဧကရာဇ်သည် မည်ကဲ့သို့ သိသွားရသနည်း။

သူတို့သည် သန့်စင်ဧကရာဇ်အား ဆက်လက် အသက်ရှင်သန်ခွင့်ပြု၍ မရနိုင်တော့ပေ။ ပြဿနာများစွာ ရှိလာနိုင်သော်လည်း သူတို့သည် ဧကရာဇ်အား သတ်ကိုသတ်မှ ရပေတော့မည်။

“ဟုတ်တယ် ဘုရား‌ကျောင်းဘက်က နစ်ခရိုမန်ဆာတွေရဲ့ လွှမ်းမိုးမှုကို သန့်စင်မြို့တော်အတွင်းကို မဝင်ရောက်နိုင်အောင် တားဆီးတဲ့နေရာမှာ ရှုံးနိမ့်ခဲ့တယ်... ဒါပေမဲ့ ငါကိုယ်တော်ယုံကြည်ပါတယ် ကျွန်ုပ်တို့တွေ အတူတကွ ပူးပေါင်းပြီး ဒီပြဿနာကို ဖြေရှင်းနိုင်ပါလိမ့်မယ် သန့်စင်ဘုရားကျောင်းက ကျွန်ုပ်တို့နိုင်ငံအတွက် တစ်ခုတည်းသော အကြီးမားဆုံး အားကိုးရာတစ်ခုပါပဲ”

အာရန်သည် ထို ဘုရားကျောင်းသစ္စာခံများကို ကစားနေခဲ့ခြင်းအား ရပ်တန့်လိုက်ကာ ထပ်မံရှင်းပြလိုက်သည်။

အာရန်သည် သန့်စင် ဘုရားကျောင်းမှ မည်သို့ လိုလားခဲ့သည်ကို သိရှိပြီးဖြစ်သော်လည်း ၎င်းတို့ကို ဖော်ထုတ်ရန်မှာမူ လောလောဆယ်တွင် မဖြစ်နိုင်သေးပေ။

ထို့ကြောင့် ဘုရားကျောင်းကို တိုက်ရိုက်တိုက်ခိုက်မည့်အစား ၎င်းတို့ကို အတွင်းမှနေ၍ တဖြည်းဖြည်းချင်း လှိုက်စား ဖျက်ဆီးပစ်မည့် အဆိပ်လိုအရာမျိုးကို ပေးအပ်လိုနေခဲ့၏။

#Catfoot

All Chapters