ပြောင်းလဲမှုများ
Vol. 26 Ch. 373
….
တစ်ဦးချင်းအနေဖြင့် တော်ဝင်အစောင့်များ၏ အာရန်အား ပေးနိုင်သော အတွေ့အကြုံရမှတ်သည် ထိုမျှ မများပြားနိုင်ပေ။
သို့သော် သူ ဖယ်ရှားပစ်ခဲ့ရသော အစောင့်အရေအတွက်သည် အလွန်များပြားလွန်းရကာ တစ်ဦးချင်းစီမှ ရရှိသော အတွေ့အကြုံ အနည်းငယ်စီသည် လျင်မြန်စွာ စုပေါင်းမိသွားခဲ့သည်။
ဤအတွေ့အကြုံမှတ်များ၏ နှင်းဘောလုံးအကျိုးသက်ရောက်မှုကြောင့်ပင် အာရန်သည် သိသာသော အတွေ့အကြုံရမှတ် ပမာဏတစ်ခုကို စုဆောင်းနိုင်ခဲ့ခြင်း ဖြစ်လေသည်။
၎င်းက သူ့အား အဆင့်တက်ရန် လိုအပ်သော နောက်ထပ် ကြီးမားသည့် အတားအဆီး နံရံတစ်ခုကို ထပ်မံ ဖြတ်ကျော်နိုင်စေခဲ့၏။
ယခုအချိန်တွင် အာရန်အတွက် အလိုအပ်ဆုံးမှာ ခွန်အားပင်ဖြစ်သောကြောင့် ၎င်းသည် သူ့အတွက် အချိန်ကိုက်ပင် ရယူနိုင်ခဲ့ခြင်းဟု ဟူဆ၍ ရလေသည်။
အာရန်သည် သူ၏ပင်ပန်းနွမ်းနယ်မှုများ သို့မဟုတ် သူ မည်မျှ သွေးချောင်းစီးစေခဲ့သည်ကိုပင် တွေးတောနေရန် အချိန်မရှိခဲ့ပေ။
သူ၏ အာရုံစိုက်မှုတစ်ခုလုံးသည် စနစ်မျက်နှာပြင်ပေါ်သို့ ရောက်ရှိနေခဲ့လေသည်။
..................
[အမည်- အာရန် (ရန်နစ်ခရိုလိုင်း)]
[အဆင့်- ၄၁]
[အချက်အလက် : မိစ္ဆာဂိုဏ်း ၏ အကြီးအကဲ၊ သူရဲကောင်း အကယ်ဒမီ၏ သူလျှို၊ ဝါးမြိုသူ မျိုးဆက်သွေး ပိုင်ရှင်၊ နစ်ခရိုမန်ဆာမျှော်စင်၏ အမွေဆက်ခံသူ၊ ဝိညာဉ်လောက၏ အုပ်စိုးသူ]
[အဆင့်မြင့်သွေးမျိုးဆက်များ : အမည်မသိ (၂၅%) ၊ ဝါးမြိုသူ ၊ ကောင်းကင်နဂါး (မပြည့်စုံ)၊]
[စောင့်လျှောက်သူ- ပထမဝိညာဉ်ဘုရင်မ ယီလန်]
[စာချုပ်ချုပ်ဆိုထားသော ဝိညာဉ်: ဝိညာဉ်ဘုရင်မ ဖီလိုနာ]
[အသက်: ၂၁]
[စရိုက်လက္ခဏာများ: ရည်မှန်းချက်ကြီးသူ ၊ ???]
-အဆင့်သတ်မှတ်ချက်များ-
[ခွန်အား: ၂၈၉၅]
[လျင်မြန်မှု: ၄၃၁၀]
[ခံနိုင်ရည်: ၅၃၉၃]
[ဉာဏ်ရည်: ၈၉]
[မာနာ: ၁၃၄၄၈]
[ကျင့်ကြံခြင်းအဆင့် : မသိ (ချိတ်ပိတ်ထားသည်)]
[သူရဲကောင်းအဆင့်: SSS+]
[နတ်ဘုရားမ၏ ကာကွယ်မှု - မသိသေး (၃၉%)]
[သေမင်းတမန်- ၁ ရာခိုင်နှုန်း]
[ရုပ်ခန္ဓာ: လအရိပ်ရေခဲခန္ဓာ၊ ကံကြမ္မာခန္ဓာ၊ သန့်စင်ခန္ဓာ]
[ပိုင်ဆိုင်ထားသော ထူးခြားသည့် ပစ္စည်းများ : ပြုပြင်ထားသော သေနတ်၊ အရှင်သခင်သတ်ဓား (မပြည့်စုံ) ၊အနာဂတ်ကို မြင်နိုင်သော ဟောကိန်းလည်ဆွဲ၊ မေးခွန်းဘောက်ချာ၊ အကူအညီလက်မှတ်(ဖန်းယု) ၊ ###### သေတ္တာ (၄ပုံ ၃ပုံ ချိတ်ပိတ်ခံထားရ)၊ ကောင်းကင်နဂါးနှလုံးသား၏တည်နေရာမြေပုံ၊ ကံကြမ္မာဓား/ဓားဧကရာဇ်၏ဓား]
[ကျွမ်းကျင်မှုများ: ဓားဧကရာဇ်၏ အော်ရာ၊ အော်ရာ ထိန်းချုပ်နည်း၊ ခွဲခြားသတ်မှတ်ခြင်း ၊ ဝါးမြိုခြင်း၊ ရေနေကျွမ်းကျင်မှု၊ ပျံသန်းခြင်း၊ နဂါးလျှာ၊ နဂါးအသွင်ပြောင်းခြင်း၊ စွမ်းရည်ပေါင်းစည်းခြင်း၊ နှင်းခဲနယ်မြေ၊ အသွင်ပြောင်းလဲခြင်း၊ အရှိန်မြှင့်တင်ခြင်း၊စိတ်ဝိညာဥ်ထိမ်းချုပ်ခြင်း၊အာရံခံစားမှုတိုးမြှင့်ခြင်း၊သွေးထိမ်းချုပ်ခြင်း၊ အရိပ်ပုံတူဖန်တီးခြင်း]
..................
အာရန်သည် အချက်အလက်မျက်နှာပြင်ကို အကြိမ်ကြိမ် ပြန်လည် ကြည့်မိနေခဲ့သည်။
ထိုနေရာတွင် ပြသထားသော အချက်အလက်များသည် သူအား အထူးကျေနပ်မှုတစ်ခုကို ရရှိစေခဲ့သည်။
အချက်အလက်ဇယားတွင် အရာများစွာ ပြောင်းလဲသွားခဲ့ပြီးဖြစ်၏။
အရေးကြီးဆုံး ပြောင်းလဲမှုမှာ သူ၏ ခွန်အားများ သိသိသာသာ တိုးလာခြင်းပင် ဖြစ်သည်။
ယခင်ကနှင့် နှိုင်းယှဉ်ပါက သူသည် လုံးဝ ကွဲပြားခြားနားသော သူတစ်ဦးကဲ့သို့ ခံစားရသည်။
အာရန်သည် သူ၏ လက်ရှိအဆင့်ဖြင့်ဆိုပါက အရှင်သခင် တစ်ဦးနှင့် ရင်ဆိုင်ရမည် ဆိုလျှင်ပင် အသက်ရှင်လွတ်မြောက် နိုင်ပြီဟု ယုံကြည်မိလိုက်သည်။
သူ့တွင် ရရှိထားသော မြှုပ်ကွက်အချို့ဖြင့်ဆိုပါက ထိုအရှင်သခင်များထဲမှ တစ်ဦးစီနှင့် ရင်ဆိုင်ရပါက ၎င်တို့သတိလက်လွတ်ဖြစ်နေသောအချိန်များတွင် အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်၍ အနိုင်ယူနိုင်ချေပင် ရှိနေပြီဖြစ်၏။
တစ်ချိန်တည်းမှာပင် အာရန်သည် ထိုသို့တွေးမိခြင်းသည် သူ့ကိုယ်သူ အနည်းငယ် ဘဝင်မြင့်လွန်းရာ ရောက်သည်ဟုလည်း နားလည်လိုက်သည်။
သူ့၌ ဝှက်ဖဲများအဖြစ် လျှို့ဝှက်စွမ်းရည်များ ပိုင်ဆိုင်ထားသကဲ့သို့ အရှင်သခင် များ၌လည်း သူတို့၏ ကိုယ်ပိုင် ထိပ်တန်းဝှက်ဖဲများ ရှိနေကြမည်မှာ မလွဲမသွေပင် သေချာနေလေသည်။
အာရန်သည် သူ၏ ကျင့်စဥ်အဆင့်ကို အဆင့်ငါးဆယ်ကို မကျော်လွန်နိုင်မချင်း မည်သည့် အရှင်သခင်ကိုမျှ ပွင့်ပွင့်လင်းလင်း ရင်ဆိုင်တိုက်ခိုက်၍ မရနိုင်သေးကြောင်း သဘောပေါက်ထားသည်။
ထို အဆင့်သို့ ရောက်ရှိမှသာ သူသည် ၎င်းတို့နှင့် နှိုင်းယှဉ်နိုင်လိမ့်မည်ဖြစ်လေသည်။
ဆက်လက်ကြည့်ရှုလိုက်ရာ ရုပ်ခန္ဓာကဏ္ဍတွင် နောက်ထပ် အသစ်ပေါ်လာသော သန့်စင်ခန္ဓာပင် ဖြစ်၏။
၎င်းမှာ သူသည် သန့်စင် ဧကရာဇ်ထံမှ ရယူနိုင်ခဲ့ခြင်းလည်း ဖြစ်လေသည်။
ဤ ရုပ်ခန္ဓာအစွမ်းကြောင့်ပင် အာရန်သည် ယခုအခါတွင် သန့်စင် ဘုရားကျောင်းမှ လူများရှေ့တွင်ပင် သန့်စင် ဧကရာဇ်အဖြစ် စိတ်ဖြောင့်ဖြောင့်ဖြင့် ဟန်ဆောင်နေနိုင်ပြီဖြစ်၏။
သူအား သံသယအဝင်ခံရမည်ကို စိုးရိမ်ရန် မလိုတော့ပေ။
အနောက်တိုက်ဒေသကြီးမှ အခြားလူများကဲ့သို့ပင် သူသည်လည်း ကောင်းချီးစွမ်းအင်များကို အသုံးပြုနိုင်ပြီဖြစ်သည်။
တစ်ခုတည်းသော ခြားနားချက်မှာ သူ၏ ကောင်းချီးစွမ်းအင်သည် သန့်စင် ဘုရားကျောင်းမှ မြစ်ဖျားခံလာခြင်းမျိုးမဟုတ်ပဲ အနောက်တိုက်ရှိ နိုင်ငံသားတိုင်းထံမှ ရရှိလာခြင်းပင်တည်း။
နတ်ဘုရားမ၏ ကာကွယ်မှုသည်လည်း တိုးတက်လာခဲ့သည်။
ထိုအချက်အလက်သည် ဘာကို ဆိုလိုမှန်း သူမသိသေးသည့်အပြင် မည်သို့ တိုးတက်အောင်ပြုလုပ်ရမည်ကိုလည်း သူ နားမလည်သေးပေ။
ထိုအထဲတွင် အရေးအပါဆုံး ပြောင်းလဲမှုမှာ စွမ်းရည်အသစ်တစ်ခု ထပ်မံ ပေါ်လာခြင်းပင် ဖြစ်သည်။
ထိုစွမ်းရည်၏ အမည်မှာ အရိပ်ပုံတူဖန်တီးခြင်းဟု ခေါ်လေသည်။
၎င်းသည် တိုက်ခိုက်ရေးအတွက်မူ လောလောဆယ် အသုံးမဝင်သေးသော်လည်း ယခုအချိန်တွင် သူ့အတွက် အလိုအပ်နေဆုံး စွမ်းရည်လည်း ဖြစ်လေသည်။
အာရန်သည် ဤစွမ်းရည်အသစ်ကို အသုံးပြု၍ သူ၏ ပုံတူကို ပွားယူထားသည့် အာရန်၏ ကိုယ်ပွားနောက်တစ်ယောက်ကို ဖန်တီးနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။
ထိုပုံတူကူးသည့်စွမ်းရည်သည် သူ၏ အော်ရာကိုပင် တုပနိုင်သည့်အပြင် မူရင်းနှင့် ခွဲခြားမရနိုင်သည်အထိပင် တူညီအောင်ပြုလုပ်ပေးနိုင်သည်။
သို့သော် ထိုကိုယ်ပွားသည် အလွန်အားနည်းလွန်းနေပြီး သာမန်လူတစ်ဦးနှင့်သာ နှိုင်းယှဉ်နိုင်သည့် ခွန်အားဆင့်တွင်သာ ရှိနေခဲ့လေသည်။
၎င်းက တိုက်ရိုက်တိုက်ပွဲများတွင် ၎င်း၏ အသုံးဝင်မှုကို ကန့်သတ်ထားသည့် အဓိကအချက်လည်းဖြစ်သည်။
အာရန်သည် သူ၏ ဧကရာဇ်အိပ်ဆောင်အခန်းသို့ ပြန်လာပြီးနောက် ထိုပုံတူပွားသည့်အစွမ်းကို သေချာစွာ စမ်းသပ်ခဲ့သည်။
၎င်းသည် အချိန်အကန့်အသတ်မရှိ တည်ရှိနေနိုင်ခြင်းမဟုတ်သော်လည်း မာနာသိုလှောင်မှု လုံလောက်နေသ၍ ၎င်းသည် ဆက်လက် တည်ရှိနိုင်သည်ကို လေ့လာတွေ့ရှိခဲ့လေသည်။
သူ၏ တိုးတက်လာသော မာနာအမှတ်များကြောင့် ဤကန့်သတ်ချက်မှာ စိုးရိမ်စရာ အခြေအနေတော့ မဟုတ်ခဲ့ပေ။
နောက်ထပ် ထူးခြားသော အားနည်းချက်မှာ ထိုကိုယ်ပွားသည် ကြွပ်ဆတ်လွယ်နေပြီး အနဲငယ် ထိခိုက်ခံရမှုဖြင့်ပင် အလွယ်တကူ ပျက်စီးသွားနိုင်လေသည်။
၎င်း၏ အားနည်းလွန်းသော ခန္ဓာကိုယ်ကြောင့် ဤအပိုင်းတွင် အတော်လေး နိမ့်ကျနေခဲ့ပြီး ထိုကိုယ်ပွားအစွမ်း၏ လက်တွေ့ကျကျ အသုံးချနိုင်မှုများကို များစွာ ကန့်သတ်ထား၏။
ယေဘူယျအားဖြင့် ဤစွမ်းရည်အသစ်သည် အာရန်အား တိုက်ခိုက်ရေးနယ်ပယ်တွင် အကျိုးမပြုနိုင်သေးသော်လည်း အခြားသူများကို လှည့်ဖြားသည့်အရာအတွက်မူ များစွာအသုံးဝင်မည်ဖြစ်လေသည်။
“ဒါက ကံကြမ္မာကိုယ်ခန္ဓာဖွဲ့စည်းပုံရဲ့ အကျိုးသက်ရောက်မှုကြောင့်များလား”
အာရန်သည် သူ၏ကိုယ်ပွားကို ကျေနပ်စွာ ပြုံး၍ ကြည့်နေရင်းမှ တွေးတောနေမိခဲ့သည်။
အာရန်သည် ဝတ္ထုများအတွင်းတွင် ဇာတ်လိုက်များအတွက် သီးသန့် ပြုလုပ်ပေးထားသော စာရေးဆရာများ၏ ဇာတ်ညွှန်းအကာအကွယ် (Plot Armor) များအကြောင်းကို သိရှိထားပြီးဖြစ်သည်။
ထိုအရာသည် အဓိကဇာတ်လိုက်နှင့် ရင်ဆိုင်ခဲ့ရစဥ်က သူ့အား အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။
သို့သော် ယခု သူသည်ထိုကဲ့သို့ ဇာတ်ညွှန်းအကာအကွယ်မျိုးကို ရရှိလိုက်သဖြင့် ထိုအရာသည် အတော်လေး နှစ်သက်စရာ ကောင်းသည်ဟု ပြန်လည် တွေးမိလိုက်သည်။
အရိပ်ပုံတူဖန်တီးခြင်းစွမ်းရည်သည် မည်သို့ပင် အားနည်းနေစေကာမူ ၎င်းသည် ယခုအချိန်တွင် သူ့အတွက် အလိုအပ်နေဆုံးအရာပင် မဟုတ်ပါလော...။
စာရေးဆရာမှ သူ့အတွက် အသက်ရှုချောင်သွားရန် တမင်တကာပင် ထိုအစွမ်းကို အချိန်ကိုက် ထည့်ပေးလိုက်ခြင်းများလားဟုပင် တွေးမိလိုက်သေး၏။
“ဒါနဲ့ဆို ဇီယာတစ်ယောက် ထပ်ဟန်ဆောင်စရာတောင် မလိုတော့ဘူး အစောပိုင်းကသာ ဒီအစွမ်းကိုရခဲ့ရင် သူမကို အဲ့လိုမျိုးတွေနာမည်ပျက်စရာ ကိစ္စတွေ လုပ်ခိုင်းစရာတောင်လိုလိုက်မှာ မဟုတ်ဘူး” ဟုလည်း ထပ်မံတွေးမိလိုက်၍ ခေါင်းကိုသာ အသာအယာ ခါလိုက်မိတော့သည်။
“ဒါပေမဲ့ ငါတို့ နာမည်တွေက အရင်ကတည်းက ပျက်စီးခဲ့ပြီးသားပဲ မဟုတ်ဘူးလား ဟိ”
အာရန်သည် သူ၏တပည့်မလေး ယူလင်းမှာ သူနှင့် ဇီယာတို့၏ သတင်းကို လမ်းတစ်လျှောက်မှာပင် ကြားသိခဲ့ပြီးသားဖြစ်ကြောင်းလဲ အမှတ်ရလိုက်သည်။
“အဲဒီနာမည်ဆိုတာတွေကိုတော့ ကယ်တင်ဖို့ အရမ်းနောက်ကျလွန်းနေပါပြီလေ ထားလိုက်ပါတော့”
အာရန်သည် သက်ပြင်းသာတစ်ချက် ထပ်မံချလိုက်ရင်း သူ၏ကိုယ်ပွားကို ပြန်လည် ရုတ်သိမ်းလိုက်ကာ ဇီယာကို စစ်ဆေးရန် ထွက်ခွာလာခဲ့သည်။
ထို့နောက် ဇီယာတည်ရှိရာ မဟာအကြီးအကဲများအား သတ်မှတ်ထားသော အခန်းဆီသို့ လျှောက်သွားလိုက်သည်။
လမ်းတစ်လျှောက်တွင် အာရန်သည် အစောင့်များနှင့် အစေခံအချို့ကို မြင်တွေ့ခဲ့သည်။
၎င်းတို့အားလုံး သူ့ကို မြင်သောအခါ မျက်နှာများ အောက်သို့ ငုံလိုက်ကြပြီး ယနေ့ ဖြစ်ပျက်ခဲ့သောအရာများအတွက် သူ့အား လွန်စွာ ကြောက်ရွံ့သွားကြမှန်း သိသာနေခဲ့၏။
အာရန်သည် ၎င်းတို့၏ တုံ့ပြန်မှုများကို လျစ်လျူရှုပြီး ဆက်လျှောက်လာခဲ့ရာ မကြာမီ မဟာအကြီးအကဲများအတွက် အခန်းဆီသို့ ရောက်ရှိသွားသည်။
အာရန်သည် အခန်းအတွင်းသို့ မဝင်မှီမှာပင် ဇီယာ၏ ညည်းတွားသံများကို ကြားလိုက်ရလေသည်။
“သူမက သရုပ်ဆောင်တဲ့နေရာမှာ တကယ့်ကိုထူးချွန်တာပဲ ငါသာ သိမထားခဲ့ရင် သူမ လှည့်စားတာကို တကယ်ကြီး ခံရနိုင်တယ်”
ထို့နောက်အာရန်သည် ဇီယာအား တံခါးဖွင့်ခိုင်းရန် အနှောင့်အယှက် မပေးလိုသောကြောင့် နဂါးလျှာအစွမ်းကိုပင် အသုံးပြုကာ တံခါးကို ကိုယ့်ဘာ့သာ ဖွင့်လိုက်သည်။
ထို့နောက် ပွင့်သွားသော တံခါးမှတစ်ဆင့် အခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူမသည် သူ၏အမြင်တွင် ဟန်ဆောင်နေခြင်းသာ ဖြစ်၏။
သူမ အမှန်တကယ် လုပ်နေခြင်းမှမဟုတ်တာဘဲဟု တွေးထားခဲ့၍လည်းဖြစ်လေ၏။
သို့သော် အာရန်တစ်ယောက် အခန်းထဲသို့ ရောက်ရှိသွားသည့် အချိန်တွင်တော့ မြင်လိုက်ရသော မြင်ကွင်းတစ်ခုကြောင့် ထိုနေရာမှာပင် တောင့်တင်းအေးစက် သွားခဲ့ရလေတော့သည်။
#Catfoot