← Chapters

စွဲမက်ဖွယ် မြင်ကွင်းတစ်ခု

Vol. 26 Ch. 374

စွဲမက်ဖွယ် မြင်ကွင်းတစ်ခု

Vol. 26 Ch. 374

…

အာရန်သည် သူ၏ အရူးနှမ်းဆုံး အိပ်မက်များအတွင်းမှာပင် သူ၏ ရှေ့ရှိ ယခုကဲ့သို့ မြင်ကွင်းမျိုးကို မမြင်မက်ခဲ့ဘူးပေ။

သူထင်ထားခဲ့သည်မှာ ဇီယာသည် ကုလားထိုင်တစ်လုံးပေါ်တွင် တည်တည်ငြိမ်ငြိမ် ထိုင်လျက်ရှိနေကာ ငြီးငွေ့နေသော သို့မဟုတ် ဒေါသထွက်နေသော အမူအယာဖြင့် ထိုကဲ့သို့ အသံများကို ပြုလုပ်နေမည်ဟု ထင်မိခဲ့လေသည်။

သို့သော် လက်တွေ့မှာမူ အာရန် မျှော်လင့်ထားသည်နှင့် လုံးဝ ကွာခြားနေခဲ့သည်။

သူမသည် ကုလားထိုင်ပေါ်တွင် ရှိနေခဲ့ခြင်းမဟုတ်ပေ။

ယင်းအစား သူမသည် အိပ်ရာပေါ်တွင် လဲလျောင်းနေခဲ့ခြင်းဖြစ်လေ၏။

သူမ၏ ခြေထောက်များသည် သူ့ဘက်သို့ ဖြန့်ကားထားလျက် ရှိနေခဲ့သည်။

သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ချွေးများဖြင့် ရွှဲနစ်နေခဲ့ပြီး သူမ၏ ခြေဖျားလေးများ သည် အနည်းငယ် ကွေးညွတ်နေခဲ့ကြသည်။

ထို့အပြင် သူမထံမှ ညည်းတွားသံအချို့လည်း ထွက်ပေါ်လျက်ရှိနေခဲ့၏။

သူမသည် သူ၏အမည်ကိုပင် တစ်ချက်ချက်တွင် ရေရွတ်လိုက်မိသည်အား အာရန်တစ်ယောက် ကြားရတတ်လေသည်။

အာရန်သည် သူ့ရှေ့တွင် မြင်တွေ့လိုက်ရသော ထိုမြင်ကွင်းကြောင့် မည်သို့ တုံ့ပြန်ရမှန်းမသိပင် ဖြစ်သွားခဲ့ရလေသည်။

သူသည် ဤနေရာတွင်ရောက်ရှိနေပြီဖြစ်ကြောင်း သူမအား သိရှိစေရန် အသံပြုသင့်သလား...။

သို့သော် သူမသည် မသင့်တော်သည့် ထိုကဲ့သို့သော အရာမျိုးကို လုပ်ဆောင်နေစဉ်တွင် သူမအား အနှောင့်အယှက်ပေးမိခြင်းသည် မသင့်တော်ဟု ခံစားမိလိုက်သည်။

နောက်ဆုံးတွင် အာရန်သည် သူလာခဲ့စဥ်က အတိုင်း တိတ်ဆိတ်စွာပင် အခန်းအတွင်းမှ ထွက်ခွာသွားရန် ပြင်ဆင်လိုက်စဥ် သူ၏ နောက်ရှိ တံခါးမှာ ပွင့်နေဆဲပင်ဖြစ်ကြောင်း သတိရလိုက်၏။

ထို့နောက် ဖြည်းဖြည်းချင်း နောက်သို့ တစ်လှမ်းချင်းဆုတ်သွားလိုက်ပြီး မည်သည့်အသံမျှ မထွက်ပေါ်စေရန် အစွမ်းကုန် ကြိုးစားခဲ့သည်။

သို့သော် ထိုစဥ်မှာပင် ဇီယာဆီမှ သာယာမှုအပြည့်ဖြင့် ကျယ်လောင်စွာ ညီးတွားလိုက်သော အသံတစ်သံနှင့် အတူ သူမသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့လေသည်။

ထို့နောက် ဇီယာသည် အသက်ကို ခပ်ပြင်းပြင်း ပြန်လည်ရှူထုတ်နေမိရင်း ထိုအချိန်တွင် သူမ၏ ဝိညာဉ်သည် သူမ၏ ခန္ဓာကိုယ်မှ ထွက်ခွာသွားခဲ့သည့် အလားပင် ထင်မှတ်လိုက်ရသည်။

‘ဒီကောင်မလေးကတော့လေ.....’

အာရန်သည် သူ၏ မျက်နှာကို လက်ဖြင့်ပြန်အုပ်လိုက်မိသည်။

သူသည် ဇီယာ၏ အမှောင်ဘက်ခြမ်းအား မမျှော်လင့်ထားပဲ မြင်တွေ့လိုက်ရခြင်း ဖြစ်လေ၏။

သူမသည် အမြဲတမ်း သပ်သပ်ရပ်ရပ်ပြင်ဆင်၍ တည်တည်တံ့တံ့သာ နေလေ့ရှိသဖြင့် ထိုသို့ လုပ်ဆောင်နေခြင်းအား မြင်ရခြင်းမှာ အမှန်တကယ်ပင် အံ့အားသင့်စရာ ကောင်းနေခဲ့လေသည်။

“အဲဒီ သောက်ကျိုးနဲကောင် ငါ့ကို ဒီလိုအရာတွေ လုပ်ခိုင်းရတယ်လို့ သူက အတော့်ကို စိတ်အနှောင့်အယှက်ပေးတဲ့သူပဲ” ဇီယာသည် အသက်ကို ခပ်ပြင်းပြင်းရှူရင်း အိပ်ရာပေါ်တွင် အားလျော့စွာ လဲလျောင်းနေရင်း တစ်ယောက်ထဲပြောလိုက်သည်။

“နောက်တစ်ခါ သူနဲ့ တွေ့ရင် ငါ တစ်ခု‌ခုတော့ ပြောမှရတော့မယ်”

အာရန်သည် ဒီအတိုင်း လှည့်ထွက်သွားရန် စီစဉ်ခဲ့သော်လည်း ဇီယာ၏ အပြစ်တင် စကားအချို့ကိုကြားသောအခါ သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

သူသည် သူမအား သာမန်အတိုင်း ဟန်ဆောင်ရန်သာ ပြောခဲ့ခြင်းဖြစ်၏။

သူမသည် ထိုသို့ စိတ်ပါလက်ပါ လုပ်ဆောင်နေခဲ့ခြင်းသည် သူမ၏ ဆန္ဒအလျောက်သာဖြစ်၍ သူ၏အမှား မဟုတ်ပေ။

အဘယ်ကြောင့် ဤအတွက် သူ့အား အပြစ်တင်ချင်နေရသနည်း။

သူသည် လုံးဝ အပြစ်ကင်းစင်သူ ဖြစ်သည်မဟုတ်ပါလော...။

အာရန်သည် ဇီယာ၏ စွပ်စွဲချက်ကြောင့် တိတ်ဆိတ်စွာ ထွက်ခွာသွားမည့် သူ၏ အတွေးကို ပစ်ဖျက်လိုက်သည်။

မည်သို့ပင်ဖြစ်စေ ဇီယာသည် သူမ၏ လုပ်ဆောင်နေခြင်းများ ပြီးစီးသွားပြီ မဟုတ်ပါလော...။

ထို့ကြောင့် ထွက်ခွာရန် မလိုအပ်တော့ဟု ယူဆလိုက်မိ၏။

ထို့နောက် အာရန်သည် သူ၏နောက်ရှိ တံခါးကို ပြန်လည် ပိတ်ထားလိုက်သည်။

ထို့သို့ တံခါးကို တိတ်ဆိတ်စွာ ပိတ်ပြီးနောက် အာရန်သည် အိပ်ရာပေါ်တွင် လုံးဝ အဝတ်ဗလာဖြင့် လဲလျောင်းလျက်ရှိနေသော ဇီယာထံသို့ ပို၍ နီးကပ်စွာ လျှောက်သွားလိုက်လေသည်။

အာရန်သည် ဧကရာဇ်အဖြစ် သူ၏ သွင်ပြင်များကို ပြန်လည် ဖယ်ရှားလိုက်ကာ မဟာအကြီးအကဲရန်၏ မူလမျက်နှာသို့ ပြန်လည်ပြောင်းလဲထားလိုက်၏။

ထို့နောက်လက်ပိုက်၍ အိပ်ရာဘေးတွင် ရပ်နေခဲ့ကာ မျက်ဝန်းများတွင် အဘယ်ကြောင့်မှန်းမသိ မျက်ရည်များ အနည်းငယ်စိုစွတ်နေဟန်ရသော ဇီယာကို စိုက်ကြည့်နေမိခဲ့သည်။

အာရန် သူမ၏ ဘေးတွင် ရပ်နေသည်ကို သတိထားမိရန် ဇီယာတစ်‌ယောက် အချိန် ခဏကြာသွားခဲ့သည်။

သူမ၏ စိတ်သည် အချိန်အတော်ကြာ စိတ်ကူးယဥ်မှုတစ်ခုအတွင်း မိန့်‌မောလျက်ရှိနေခဲ့သောကြောင့် အာရန်အား အကောင်လိုက် တွေ့နေရသည်ကိုပင် သေချာစွာ တွေးတော၍ မရနိုင်ခဲ့ပေ။

“ငါ တကယ်များ ရူးသွားတာလား ပထမ ငါ သူ့ကို စိတ်ထဲမှာပဲ စိတ်ကူးယဥ်နေခဲ့မိတာ အခုတော့ လက်တွေ့မှာပါ ငါ သူ့ကို မြင်ယောင်နိုင်တဲ့အထိ ဖြစ်နေခဲ့ပြီလား”

ဇီယာသည် သူမ၏ အသက်ရှုများအနည်းငယ် ဖုတ်လိုက်ဖုတ်လိုက် ဖြစ်နေသေးကာ စိတ်ထဲတွင် ထိုသို့တွေးလိုက်မိလေ၏။

“ဒါပေမဲ့ တကယ်တော့ စိတ်ကူးယဉ်သက်သက်ဆိုရင်တောင် သူကတော်တော်ကိုချောတဲ့ အမျိုးသားတစ်ယောက်ပဲ ဟိ”

ဇီယာသည် သူမ၏လက်ကို အာရန်ရှိရာဆီသို့ ဆန့်ထုတ်လိုက်ကာ သူမ၏ စိတ်ကူးယဉ်မှုဟု ထင်မြင်မိနေသော သူ့အား ညင်သာစွာ ထိတွေ့ကြည့်လိုက်သည်။

သူမ၏ လက်ချောင်းလေးများ အာရန်၏ ပါးပြင်ကို ထိတွေ့မိသောအခါမှသာ သူမ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့ရလေသည်။

သူမသည် စိတ်ကူးယဉ်မှုတစ်ခုကို မည်သို့ ထိတွေ့နိုင်ခဲ့ရသနည်း။

ထိတွေ့မှုသည်တော့ အတုအယောင်မဟုတ်တန်ရာပေ။

သူမ၏ အနည်းငယ် ဝေဝါးနေသော မျက်ဝန်းများသည် မကြာမီ ပြန်လည် ကြည်လင်လာခဲ့သည်။

ထိုစက္ကန့်အနည်းငယ်အတွင်း သူမ၏ မျက်နှာအမူအရာမှာ အံ့အားသင့်ခြင်း၊ မယုံကြည်နိုင်ခြင်းတို့နှင့်အတူ အကြိမ်ပေါင်းများစွာ ပြောင်းလဲနေခဲ့လေသည်။

နောက်ဆုံး အဖြစ်မှန်ကို နားလည်လိုက်သောအခါ သူမ၏ မျက်နှာသည် ရှက်ရွံ့မှုကြောင့် လုံးဝကို နီရဲသွားတော့သည်။

“ရှင် တကယ် ဒီမှာ တစ်ချိန်လုံးရှိနေခဲ့တာလား...” ဟု ဇီယာသည် တုန်ယင်နေသောအသံဖြင့် မေးလိုက်၏။

အာရန်သည် သူ၏ခေါင်းကိုပြန်ကုတ်လိုက်ပြီး “ငါကို ချောတယ်လို့ ပြောပေးတဲ့အတွက် မင်းကို ကျေးဇူးတင်သင့်သလား” ဟု ပြန်မေးလိုက်သည်။

“ရှင်”

ဇီယာသည် လုံးဝ အရှက်ရသွားပြီဖြစ်လေသည်။

သူမသည် သူမ၏မျက်လုံးများကိုပင် အပြည့်အဝ ယုံကြည်နိုင်ခြင်း မရှိသေးပေ။

သို့သော် သူမသည် နောက်ထပ် ငြင်းဆိုရန် အကြောင်းပြချက်တော့ ရှာ၍မရနိုင်တော့ပေ။

ထိုယောကျ်ားသည် အမှန်တကယ် သူမ၏ရှေ့တွင် ရှိနေခဲ့ပြီး သူမ လုပ်ဆောင်ခဲ့သည့် အရာအားလုံးကို မြင်ခဲ့ပြီးဖြစ်လေသည်။

နောက်ကျလွန်းသွားပြီဖြစ်သော်လည်း သူမသည် အိပ်ရာခင်းကို လျင်မြန်စွာ ဆွဲယူလိုက်ပြီး သူမ၏ ချွေးစိုနေသော ခန္ဓာကိုယ်လေးကို အလျှင်အမြန် ဖုံးကွယ်ထားလိုက်သည်။

“ရှင်... ရှင် ဒီမှာ ‌ရောက်နေတာ ဘယ်လောက်ကြာပြီလဲ” ဟုဇီယာသည် အိပ်ရာခင်းဖြင့် မျက်နှာကို ဖုံးကွယ်ထားရင်း မေးလိုက်၏။

သူမသည် အလွန်အမင်း ရှက်ရွံ့နေသဖြင့် ကျင်းတစ်ကျင်းတူးပြီး အတွင်း၌ ဝင်ရောက် ပုန်းအောင်းလိုစိတ်ပင်ပေါ်လာခဲ့သည်။

ဇီယာသည် သူမ၏ ထိုမျှကိုးရိုးကားယားနိုင်လွန်းသော ရှက်ရွံ့စရာမြင်ကွင်းတစ်ခုအား ယောက်ျားတစ်ဦး၏ ရှေ့တွင် ထုတ်ဖော်ပြသမိခဲ့သည်ကို ယခုအချိန်ထိ မယုံကြည်နိုင်သေးပေ။

“မင်း .... အဲ့ဒီလက်ညှိုးကို စပြီးမလျက်ခင် မိနစ်အနည်းငယ်လောက်လေးကပဲ ငါ ရောက်လာခဲ့တာပါ” ဟု အာရန်သည် ဇီယာအား ပြောလိုက်ရင်း သူမ၏ ရှက်ရွံ့နေသော ထိုကဲ့သို့တုံ့ပြန်မှုလေးသည် အတော်လေး ချစ်စရာကောင်းနေသည်ဟု တွေးမိလိုက်သည်။

“ရှင်....ရှင် ရောက်လာရင်လဲ ဘာလို့ ကျွန်မကိုအသိမပေးတာလဲ ရှင်က နှာဗူး တနှာရူးကောင်ပဲ ကျွန်မ ရှင့်ကို သတ်ပစ်မယ်”

ဇီယာသည် အသံဖြင့်သာ အော်ဟစ်သောင်းကြမ်းနေခဲ့သော်လည်း လက်တွေ့တွင်မူ သူမ၏ မျက်နှာမှာမူ လုံးဝ နီရဲနေသဖြင့် အာရန်အား အမှန်တကယ် မျက်နှာချင်း ရင်ဆိုင်ရန်ပင် မဝံ့ရဲသေးချေ။

သူမ ပြီးစီးသွားပြီးနောက်ပိုင်းမှသာ သူသည် ရောက်ရှိလာခဲ့ခြင်းဖြစ်ပါက အနည်းငယ်ဖြေသာပေဦးမည်ဖြစ်၏။

သို့သော် ယခုမူ အာရန်သည် သူမ၏ လုပ်ရပ်များ အားလုံးကို မြင်တွေ့ခဲ့ရပြီးဖြစ်နေသည်။

ထိုအရာက သူသည် သူမ၏ အရှက်ရဖွယ် လုပ်ရပ်များအားလုံးကို မြင်တွေ့ခဲ့သည်ဟုဆိုလိုသည်မဟုတ်ပါလော...။

“မင်း ကအဲ့ဒီအချိန်မှာ ကျေနပ်နေပုံရတယ်လေ ဒါကြောင့်ကိုယ် အနှောင့်အယှက် မပေးချင်ခဲ့ဘူး ကိုယ်က အဲ့ဒီလိုမျိုး သဘောထားကြီးတဲ့သူမျိုးပါ” ဟု အာရန်သည် ဇီယာဘေးရှိ အိပ်ရာပေါ်တွင် ထိုင်လိုက်ရင်း ပြောလိုက်သည်။

“သဘောထားကြီးတယ်ဟုတ်လား ရှင်*** စကားတွေမပြောနဲ့ ရှင်က အဲ့ဒီမြင်ကွင်းကို ကြိတ်ပြီးသဘောကျနေတာမဟုတ်လား ရှင်... ရှင်က တကယ့်ကို လူယုတ်မာကြီးပဲ”

“မြင်ကွင်းကို ကြိတ်သဘောကျတယ်ဟုတ်လား...”

အာရန်သည် ဇီယာ၏ ထိုစွပ်စွဲချက်ကို ထပ်ခါတလဲလဲ ပြန်ပြောနေလိုက်သည်။

ထို့နောက် ဇီယာဆီသို့ ပို၍ နီးကပ်စွာ ချဥ်းကပ်သွားလိုက်ပြီး စောင်ဖြင့် ဖုံးကွယ်ထားသော သူမ၏ မျက်နှာလေးဆီသို့ သူ၏မျက်နှာကို ကပ်လိုက်သည်။

“ကောင်းပြီလေ ကိုယ်တော့ အဲဒီစွတ်စွဲချက်ကို ငြင်းပယ်မှာမဟုတ်တော့ဘူး အဲ့ဒီ မြင်ကွင်းကလည်း တကယ်ကို စိတ်ထဲ စွဲမက်ဖို့ အမှန်တကယ်ပဲ ကောင်းလွန်းနေခဲ့တာပဲလေ” ဟု အာရန်သည် ဇီယာအား ကပ်၍ ပြောလိုက်၏။

“အထူးသဖြင့် မင်းကိုယ်တိုင်ကလည်း အရမ်းချစ်ဖို့ကောင်း လွန်းနေတာကြောင့်လဲပါတာပေ့ါ”

“ရှင် လျောက်ပြောနေတာ... လိမ်ပြောနေတာ... ရှင်... ရှင်ကျွန်မရဲ့ ခန္ဓာကိုယ်ကို စိတ်ထဲမှာတော့ ကြိတ်လှောင်နေတာမဟုတ်လား”

ဇီယာ၏အသံသည် ရုတ်တရက် အားနည်းသွားပြီး ‌ဖြေးညှင်းစွာပြန်ပြောလိုက်သည်။

“ကျွန်မက ဂိုဏ်းချုပ်လောက်လဲ မလှဘူး ကျွန်မရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကလည်း ရှူးယင်းလို ဘယ်နေရာမှာမှ ဆွဲဆောင်မှု ရှိမရှိဘူး... ဒါတောင် ကျွန်မက သူတို့ထက် အသက်ကြီးနေသေးတယ် ပြီးတော့ ကျွန်မ ခန္ဓာကိုယ်က သေးသေးလေးရယ် ပြီးတော့ ကျွန်မ... ကျွန်မကိုယ် ကျွန်မ ကောင်းကောင်းသိပါတယ် ရှင်... ကျွန်မကို လိမ်ပြောပေးနေစရာ မလိုပါဘူး”

ထိုစကားများကို ကြားသောအခါ အာရန်သည် ခေါင်းကို ဖြည်းညင်းစွာခါလိုက်ပြီး သူ၏ နှုတ်ခမ်းများတွင် နူးညံ့သောအပြုံးတစ်ခု ပေါ်လာခဲ့သည်။

“ကိုယ့်မှာ မင်းကို ဘာလိမ်ပြောစရာ အကြောင်းရှိလို့လဲ မင်းကိုယ်မင်း လက်မခံချင်ရင်တောင် ကိုယ့်အမြင်မှာတော့ မင်းဟာ တကယ့်ကို ချစ်စရာကောင်းပြီး လှပလွန်းနေတယ်”

ဇီယာသည် စောင်နောက်ကွယ်မှ သူမ၏ ဦးခေါင်းလေးကို အပြင်သို့ အနည်းငယ်ပြူထွက်လိုက်ကာ အာရန်အား ချောင်းကြည့်လိုက်၏။

သူမ၏ မျက်ဝန်းအိမ်အတွင်းတွင်မူ မယုံကြည်နိုင်ခြင်း၊ မသေချာခြင်းများ၏ အရိပ်အယောင်များဖြင့် ပြည့်နှက်ကာ တုန်ယင်နေခဲ့လေသည်။

“ရှင်... ရှင် တကယ်ပဲ အဲဒီလို မြင်တာလား...” ဟု ဇီယာသည် တကယ့်ကို လုံးဝအသံ တိုးတိုးလေးဖြင့် ပြန်မေးလိုက်လေသည်။

“လုံးဝအသေအခြာပဲ”

အာရန်၏ အသံသည် အလွန် နူးညံ့၍ ရိုးသားလွန်းနေဟန်ရလေသည်။

ဇီယာသည် သူမအတွက် အနည်းငယ်နေရာလွတ်ပေးဖို့ လိုသည်ဟု ခံစားမိလိုက်သောကြောင့် အာရန်သည် နောက်သို့ အနည်းငယ် မှီချလိုက်သည်။

“ပြီးတော့ကိုယ့်မှာ မင်းကို လိမ်ပြောဖို့ အချိန်လည်း မရှိသလို ခွန်အားလည်း မရှိပါဘူး မင်းကိုယ်တိုင်ကကို တကယ်ကို အရမ်းချစ်စရာကောင်းလွန်းနေခဲ့လို့ပါ မင်းကို ပိုင်ဆိုင်ခွင့်ရတဲ့ တစ်စုံတစ်ယောက်ဟာ တကယ့်ကို ကံကောင်းတဲ့သူ တစ်ယောက်ဖြစ်မှာ အမှန်ပဲ”

#Catfoot

All Chapters