မကြာမီ
Vol. 26 Ch. 375
….
“ဒါနဲ့မင်း ပွဲတက်ဖို့ မပြင်ဆင်တော့ဘူးလား” ဟု အာရန်သည် စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။
ဇီယာကို သူ အနည်းငယ် စိတ်အေးအောင် ပြောပေးခဲ့သော်လည်း သူမသည် အနည်းငယ် ရှက်ရွံ့နေဆဲဖြစ်ကြောင်း ထင်ရှားလေသည်။
“အဲ့ဒီပွဲကို တက်လို့ ဖြစ်ပ့ါမလား... ရှင်ဘယ်မှာ ရှိနေလဲဆိုတာကို သံသယမဝင်နိုင်အောင် ကျွန်မ ဒီမှာပဲ ဆက်လက် ဟန်ဆောင်နေဖို့ လိုတယ် မဟုတ်ဘူးလား” ဟု ဇီယာသည် စောင်ကို လျှော့ချလိုက်ပြီး သူမ၏ မျက်နှာကို အပြင်သို့ ပြန်လည် ထုတ်ထားရင်းပြောလိုက်သည်။
သူမ၏ မျက်နှာတွင် အနည်းငယ် နီရဲနေသော်လည်း ထိုအရာထက် သူမသည် ယခုကိစ္စကို ပို၍ အလေးအနက်ထားနေပုံ ပေါ်နေ၏။
အာရန်နှင့် သန့်စင်ဧကရာဇ်တို့သည် ယခုအခါ တစ်ဦးတည်းဖြစ်သွားပြီမဟုတ်ပါလား...။
အကယ်၍ သူမသာ အာရန်နှင့်အတူ ပွဲတက်ပါက သန့်စင်ဧကရာဇ် ကိုတွေ့ရတော့မည်မဟုတ်ပေ။
သန့်စင်ဧကရာဇ်အဖြစ်ပွဲတက်လျှင်လည်း အာရန်ကပျောက်ဆုံးနေပေလိမ့်မည်။
ထို့နောက် သူမ တစ်ဦးတည်း ပွဲတက်သွားပါကလည်း အာရန်ကိုမတွေ့ရခြင်းအတွက် မေးမြန်းမှုများကို ခံရမည်ပင်ဖြစ်၏။
အရာရာသည် အတော်လေးခေါင်းခဲစရာပင်ဖြစ်ကာ သူမ ယခုကဲ့သို့ ဟန်ဆောင်နေရခြင်း၏ အဓိကအကြောင်းရင်းမှာလည်း အာရန် ပျောက်ဆုံးနေခြင်းအား တတ်နိုင်သလောက် ဖြေရှင်းရန်အတွက်ဖြစ်လေသည်။
“ပွဲက ကိုယ်တို့ အရှေ့ဘက်တိုက်က လာတဲ့ သံတမန်တွေအတွက်ပဲ ကိုယ်တို့ထဲက ဘယ်သူမှ မတက်ရင် ပိုပြီး သံသယဖြစ်စရာတွေ ကောင်းသွားလိမ့်မယ် ပြီးတော့ ကိုယ့်အတွက်လည်း မင်း စိတ်ပူစရာမလိုတော့ဘူးလို့ ထင်တယ်”
အာရန်သည် ဇီယာအား ပြန်ပြုံးလိုက်ရာ သူသည် အဖြေတစ်ခုကို ရှာတွေ့နှင့်ပြီးဖြစ်ကြောင်းပြောလိုက်သည်။
ဇီယာသည် အာရန်ကို ရှုပ်ထွေးစွာဖြင့် ခေတ္တခန့်စိုက်ကြည့်နေခဲ့ပြီး သူသည် အဘယ်ကြောင့် ကိုယ့်ကိုကိုယ် ထိုမျှ ယုံကြည်မှု ရှိနေရသည်ကို တွေးတောနေမိသည်။ သို့သော် အာရန်သည် စနောက်နေပုံမရပေ။
“ရှင် ဒီလောက် ယုံကြည်မှု ရှိနေရင်လည်း ကျွန်မ ပြင်ဆင်တော့မယ်”
ဇီယာသည် သူမ၏ ပိန်သွယ်သော ခန္ဓာကိုယ်လေးကို အိပ်ရာခင်းတစ်ခုဖြင့် ပတ်လိုက်၍ ထရပ်လိုက်၏။
ထို့နောက် သူမသည် အိပ်ရာပေါ်မှ ဆင်းပြီး သူမကိုယ်ကို သန့်စင်ရန် ရေချိုးခန်းထဲသို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့သည်။
...
ရေချိုးပြီးနောက် သူမသည် သပ်သပ်ရပ်ရပ် ပြန်လည် ဝတ်ဆင်လိုက်ကာ ရေချိုးခန်းမှ ထွက်လာခဲ့ရာ အာရန်တစ်ယောက် အိပ်ရာပေါ်တွင် ထိုင်လျက် သူမပြန်အလာကို စိုက်ကြည့်နေသည်ကို တွေ့လိုက်သည်။
အာရန်၏ အကြည့်စူးစူးများအောက်တွင် ဇီယာသည် တစ်ဖန် ရှက်ရွံ့မှုအချို့ကို ပြန်လည် ခံစားမိခဲ့သော်လည်း သူမသည်အလွန်အမင်း ထင်ရှားမှု ဖြစ်အောင်တော့ ကြိုးစားဖုံးဖိ နိုင်ခဲ့သည်။
အစောပိုင်းက သူသည် သူမအား အလုံးစုံမြင်တွေ့ခဲ့ရပြီး ဖြစ်သော်လည်း ၎င်းက သူတစ်ယောက်ထဲသာ မြင်တွေ့ဘူးခြင်းဟုဆိုလိုလေသည်။
သူမအား အာရန်မှ လွဲ၍ ထိုကဲ့သို့ မည်သူမျှမြင်ဘူးခြင်းမရှိဟု သူမကိုယ်သူမဖြေသိမ့်လိုက်၏။
“ဒါဆို ရှင့်ရဲ့ အစီအစဉ်က ဘာလဲ” ဟု ဇီယာသည် မဟာအကြီးအကဲ၏ ဝတ်ရုံကို ပြန်လည်ဝတ်ဆင်လိုက်ရင်း အာရန်အား မေးလိုက်သည်။
“ကိုယ်တို့ အစီအစဉ်တွေဘာလို့လိုဦးမှာလဲ မင်းနောက်ကလူနဲ့ဆို အဆင်ပြေနေပြီမဟုတ်ဘူးလား” ဟု အာရန်သည် ဇီယာ၏ နောက်ဘက်သို့ လက်ညှိုးထိုးပြရင်း ပြန်ဖြေပေးလိုက်သည်။
အာရန်၏စကားကြောင့် နောက်ထပ်တစ်စုံတစ်ယောက်ရောက်နေသလားအထင်ဖြင့် ဇီယာသည် နောက်သို့လျှင်မြန်စွာ လှည့်ကြည့်လိုက်ရာ သူမ၏ နောက်ဘက်တွင် ရပ်နေသော အာရန်နှင့် ချွတ်စွပ်တူသူတစ်ဦးကို မြင်လိုက်ရသောအခါ လုံးဝ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။
ထိုအချိန်တွင် အခန်းထဲ၌ အာရန်နှစ်ဦး တစ်ပြိုင်နက်ရှိနေသည်မဟုတ်ပါလား....။
“ဒါက...”
သူမသည် အာရန်တို့နှစ်ဦးကြားတွင် အပြန်အလှန် ကြည့်နေမိလိုက်သည်။
“...ရှင့်ရဲ့ကိုယ်ပွားလား”
သူမ မည်မျှပင် ကြိုးစားသော်လည်း ၎င်းတို့ထဲမှ မည်သူသည် အစစ်အမှန် ဖြစ်သည်ကို သူမ ရှာမတွေ့နိုင်ခဲ့ပေ။
၎င်းတို့နှစ်ဦးစလုံးသည် အစစ်အမှန်များဟု ခံစားမိစေပြီး ၎င်းတို့၏ အော်ရာများသည်လည်း လုံးဝ ထပ်တူညီနေကြသည်။
“ဒါက တခြား ရတနာပစ္စည်းတစ်ခုရဲ့ အကျိုးသက်ရောက်မှုပါပဲ ဒီကိုယ်ပွားနဲ့ဆို တစ်ချိန်တည်းမှာ နေရာနှစ်နေရာမှာ ကိုယ်ရှိနေနိုင်ပြီ ဒါကြောင့် ကိုယ်တို့ ဖော်ထုတ်ခံရမှာကို မင်း စိတ်ပူစရာ မလိုတော့ဘူး”
ဇီယာ၏ နောက်ဘက်ရှိ အာရန်သည် သန့်စင် ဧကရာဇ်အဖြစ် ပြန်လည်ပြောင်းလဲလိုက်သည်။
ဤသို့ဖြင့် သူသည် နောက်ဆုံးတွင် အစစ်အမှန်မှာ မည်သူဖြစ်သည်ကို ဖော်ထုတ်လိုက်လေ၏။
အာရန်သည် သန့်စင်ဧကရာဇ်အဖြစ် ပြောင်းလဲပြီးနောက် အိပ်ရာပေါ်တွင် ထိုင်နေသော ကိုယ်ပွားဆီသို့ ပို၍ နီးကပ်စွာ လျှောက်သွားခဲ့သည်။
“မင်းထင်တာမှန်တယ် ကိုယ်တို့နှစ်ယောက်စလုံးကတော့ အခုလောလောဆယ်တော့ အစစ်အမှန်တွေလို့ပြောလို့ရတယ်” ဟု ကိုယ်ပွားက ပြောလိုက်ရာ သူ၏စကားများနှင့် လုပ်ရပ်များကို အစစ်အမှန် အာရန်က ထိန်းချုပ်နေခြင်းဖြစ်သည်။
“ကျုပ်ပြောတာမှန်တယ်မလား သန့်စင်ဧကရာဇ်”
“ပထမ တစ်ခြားလူတွေအဖြစ် ဒီလို ပြီးပြည့်စုံစွာ ဟန်ဆောင်နိုင်တဲ့ ရတနာ... ပြီးတော့ အခုကျတော့ ကိုယ်ပွားဖန်တီးနိုင်တဲ့ ရတနာလား” ဟု ဇီယာသည် ပို၍ စိတ်ဝင်စားလာဟန်ဖြင့် မေးလိုက်သည်။
“ရှင့်မှာ ဒီလို ရတနာတွေ ဘယ်နှစ်ခုတောင် ရှိနေတာလဲ”
အာရန်သည် အပြစ်ကင်းစွာဖြင့် ပခုံးတွန့်ပြလိုက်သည်။
အာရန်သည် သာမန်ကျင့်ကြံခြင်းအစွမ်းဟု သူ မရှင်းပြနိုင်သောအရာအားလုံးကို အခြားသူများအား ထပ်မံ မေးမြန်းခြင်းမှ ရပ်တန့်သွားစေရန် ရတနာပစ္စည်းများ၏ အကျိုးသက်ရောက်မှုဟုသာ အမြဲတစေလွှဲချလေ့ရှိခဲ့သည်။
သူ့တွင် ဝါးမြိုသူအစွမ်း နှင့် အခြားစွမ်းရည်များစွာကို ပိုင်ဆိုင်ထားကြောင်း အခြားသူများကို ပြောပြ၍ မည်သို့မျှ မရနိုင်ပေ။
သူ့ဘေးနားရှိ မိန်းကလေးများသည် သူ့အတွက် အနည်းငယ် ပိုမို ယုံကြည်စိတ်ချရသော်လည်း သူ၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်သည့်အထိတော့ မဟုတ်ခဲ့ပေ။
“အကြီးအကဲ ရန် ခင်ဗျားအတွက် စီစဉ်ထားတဲ့ ပွဲကို တက်ရောက်မယ်မဟုတ်လား” ဟု အာရန်သည် သူ၏ ကိုယ်ပွားကို မေးလိုက်သည်။
ကိုယ်ပွား၏ မဟာအကြီးအကဲတစ်ဦး ပိုင်ဆိုင်သင့်သော ထောင်လွှားသော မာနအချို့ကို သူ၏ မျက်လုံးများအတွင်းတွင်မြင်လိုက်ရလေသည်။
“အရှင်မင်းကြီးရဲ့ဖိတ်ကြားမှုကို ဝမ်းသာစွာနဲ့လက်ခံပါတယ် “ ဟု ကိုယ်ပွားက ပြောလိုက်ပြီး အာရန်၏ အတွေးများအတိုင်း လှုပ်ရှားပြုမူလိုက်သည်။
ထိုကိုယ်ပွားသည် သန့်စင်ဧကရာဇ်၏ နောက်သို့လိုက်ကာ မဟာအကြီးအကဲ ဇီယာနှင့်အတူ အခန်းတွင်းမှ ထွက်ခွာလာခဲ့သည်။
၎င်းတို့သုံးဦး အတူတကွ လျှောက်လှမ်းလာစဉ် သန့်စင်ဧကရာဇ်သည် မဟာအကြီးအကဲရန်နှင့် မိတ်ဆွေဟောင်းကြီးများသဖွယ် စကားပြောဆိုနေသည်ကို လမ်းတစ်လျှောက် အစောင့်များ မကြာခဏ မြင်တွေ့ခဲ့ရလေသည်။
....
ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်သည် ပရောဟိတ်မ၏ အခန်းအပြင်ဘက်တွင် ရှိနေဆဲပင်ဖြစ်၏။
အစောပိုင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပြီးကတည်းက မည်သူမျှ အခန်းတွင်းမှ ထွက်မလာခဲ့ပေ။
သို့သော်လည်း သူသည် စိတ်မပူခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် အခန်းအတွင်းရှိ လူသည် သန့်စင်ပရောဟိတ်မ ကိုယ်တိုင် ဖြစ်နေသောကြောင့်ပင်တည်း။
ထရီနီယယ် သည် ပရောဟိတ်မအား တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
ဧည့်ခံပွဲကျင်းပမည့် အချိန် နီးကပ်လာမှသာ သူသည် သူမအား လှမ်း၍ ခေါ်လိုက်သည်။
“အရှင်မခင်ဗျာ ဧည့်ခံပွဲကို တက်ရောက်ရမယ့် အချိန်ရောက်ရှိလာပါပြီ”
သူ၏စကားသံဆုံးပြီးနောက် မကြာခင်မှာပင် အခန်းတံခါးဖွင့်လာခဲ့ပြီး အလွန်တရာလှပသော အမျိုးသမီးတစ်ဦးသည် အလွန်ကျက်သရေရှိသော ပရောဟိတ်မ၏ အဆောင်အယောင်အပြည့်အစုံဝတ်ဆင်လျက် ထွက်ပေါ်လာခဲ့သည်။
အချိန်အနည်းငယ်မျှအတွင်းမှာပင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပေကျံနေခဲ့သော သွေးများ၏ လက္ခဏာ တစ်စုံတစ်ရာမျှပင် မကျန်ရှိတော့ပေ။
သူမ၏ အတွင်းစိတ်တွင် အနည်းငယ် မငြိမ်မသက်ဖြစ်နေသေးသော်လည်း သူမသည် အပြင်ပိုင်းတွင်မူ တည်ငြိမ်မှုများပြန်လည်ရရှိခဲ့ပြီဖြစ်သည်။
ယခုအချိန်တွင် သူမ လိုချင်သော အဖြေများစွာကို သူမရှာဖွေနိုင်ခဲ့ပြီလည်း ဖြစ်လေသည်။
ကာကွယ်ရေးဝန်ကြီးသည် အစောပိုင်းက အဘယ်ကြောင့် ပေါက်ကွဲသွားခဲ့ရသည်ကို သူမနားလည်နိုင်ခဲ့ပြီဖြစ်၏။
အစပိုင်းတွင် ၎င်းသည် သန့်စင်ဧကရာဇ်၏ အကြံအစည်ဖြစ်နိုင်သည်ဟု တွေးမိလိုက်
သော်လည်း အမှန်တကယ်မှာမူ မဟာအကြီးအကဲရန်၏ ဆေးတစ်မျိုးကြောင့်သာ ဖြစ်ရမည်ဟု ပြန်လည်ဆင်ခြင်မိခဲ့သည်။
သူမသည် ကာကွယ်ရေးဝန်ကြီးအား သူမထံသို့ ခေါ်ဆောင်လာမည်ကို ကြိုတင် သိနေသောကြောင့် ထိုသို့ လုပ်ဆောင်ခဲ့ခြင်းများလားဟုပင် တွေးမိလိုက်သည်။
သို့သော် သူမသည် ထိုအတွေးကို လျင်မြန်စွာ ဖယ်လိုက်သည်။
ထိုသူသည် ကာကွယ်ရေးဝန်ကြီးအား ဤနေရာသို့ ခေါ်ဆောင်လာမည်ကို ကြိမ်းသေသိနိုင်စရာအကြောင်းမရှိပေ။
၎င်းသည် ကာကွယ်ရေးဝန်ကြီးအပေါ် သူ၏ ဒေါသများ ပြင်းထန်စွာ ဖောက်ထုတ်ခဲ့မိသောကြောင့်ဆိုသော ဖြစ်နိုင်ခြေသည် အများဆုံးပင်ဖြစ်၏။
သူသည် ကာကွယ်ရေးဝန်ကြီးအား မသေဆုံးမှီတွင် နာကျင်စွာ ခံစားစေလိုခဲ့သည်။ ထို့ကြောင့် သူသည် မည်သူမျှ ထိုသူအား ကုသပေးမည်ကို မလိုလားခဲ့ခြင်းဖြစ်ပေမည်။
မည်သူမျှ သူ့ကို ကုသနိုင်ခြင်း မရှိစေရန် သူသည် ဤအဆိပ်တစ်မျိုးကို ကာကွယ်ရေးဝန်ကြီး၏ နှလုံးသားအတွင်း၌ ထည့်ထားခဲ့ခြင်းဖြစ်နိုင်လေသည်။
ထိုရှင်းပြချက်သည် ကျိုးကြောင်းဆီလျော်မှုရှိနေခဲ့သည်။
သို့သော်လည်း သူမ၏ နှလုံးသားအတွင်းနက်နက်၌မူ ကိုယ့်ကိုကိုယ် အဆင်ပြေအောင်သာ ပြန်လည်ပေးလိုက်မိသော အလွန်ရိုးရှင်းသည့် ရှင်းပြချက်တစ်ခုသာ ဖြစ်ကြောင်း သူ့အား ပြောပြနေခဲ့သည်။
“အဲဒီဓားကို ရှင်တို့ ရှာတွေ့နိုင်ခဲ့ပြီလား” ဟု ပရောဟိတ်မသည် ကာဒီနယ်ရဟန်းအမတ် ထရေနီယယ်ကို မေးလိုက်ရာ သူက ခေါင်းခါပြလိုက်သည်။
ဓားသည် လေထဲတွင်ပင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည့်အလားပင်။
“အဲဒီ ရွံရှာဖွယ်အော်ရာ ကို ထုတ်ဖော်နိုင်တဲ့သူ ပေါ်လာကတည်းက ပြသနာတွေတစ်ခုပြီးတစ်ခု ဆက်တိုက်ပဲ ပြီးတော့အခု ဓားဧကရာဇ်ရဲ့ ဓား ထပ်ပြီး ပျောက်ကွယ်သွားပြန်ပြီ အဖြေက သူ့ဆီမှာပဲ ရှိနေပုံရတယ်...”
သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ပရောဟိတ်မသည် သူမ ခန့်မှန်းထားသည်ထက် ပိုမိုစောစီးစွာ အာရန်အား ဖျောက်ဖျက်ပစ်ရမည်ဟု ဆုံးဖြတ်လိုက်သည်။
ထိုညနေခင်းတွင် ပရောဟိတ်မသည် သန့်စင် ဘုရားကျောင်းတော်မှ ထွက်ခွာသွားခဲ့ရာ ကာဒီနယ်ရဟန်းအမတ်များအားလုံးနီးပါးကို ခေါ်ဆောင်သွားခဲ့သည်။
၎င်းသည် အကြီးမြတ်ဆုံးသော ဘုရင်နိုင်ငံများကိုပင် ဖျက်ဆီးပစ်နိုင်သော ကြီးမားသည့် အင်အားစုတစ်ခုလည်း ဖြစ်လေ၏။
#Catfoot