← Chapters

ဟောက်ရန်ဂိုဏ်းသို့ရောက်ရှိခြင်း

Vol. 39 Ch. 727

ဟောက်ရန်ဂိုဏ်းသို့ရောက်ရှိခြင်း

Vol. 39 Ch. 727

"ဂျူနီယာညီအစ်ကိုချန်၊ ဒီမှာလမ်းခွဲကြတာပေါ့။"

ကွမ်းယွင်မသေမျိုးမြို့မှထွက်ခွာပြီး နာရီအနည်းငယ်ပျံသန်းပြီးနောက်တွင်

တာအိုဝါဒီ ယွင်လဲ့သည် ချန်းချွမ်နှင့်အခြားသူများအားကို လှည့်ကြည့်လိုက်သည်။

သူ ၏ စကားကို ကြားလိုက်ရသည့်အခါ ချန်ချွမ်က ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ ၊ ဒီနေရာမှာ လမ်းခွဲရအောင်" ဟု သူပြောလိုက်သည် ၊ သူ၏ဘက်ရှိ ကျန်းချန်ရွှမ် ဘက်သို့ လှည့်လိုက်သည်။

“တူလေးကျန်း၊ ငါတို့ရဲ့လမ်းကြောင်းတွေက စီနီယာအစ်ကို ယွင်လဲ့နဲ့ ဒီကနေစပြီးကွာခြားတယ်။

ငါတို့ အခုကစပြီး တခြားလမ်းကို သွားရမယ်။”

ထိုစကားကိုကြားလျှင် ကျန်းချန်ရွှမ်က ရှန်းရူယန်အားလှည့်ကြည့်လိုက်ကာ အကြည့်ချင်း ဆုံလိုက်သည်။

နားလည်မှုဖြင့် သူတို့နှစ်ဦးလုံးပြုံးလိုက်ကြသည်။

ထိုအချိန်တွင် ဘာမှပြောနေစရာမလိုပါ။

ဝှစ်.... ဝှစ်....

အလျင်အမြန် ချန်၊ ချွမ် နှင့် တာအိုဝါဒီယွင်လဲ့တို့သည် သူတို့၏ ပစ္စည်းများထဲမှ ဝိညာဉ်လှေငယ် တစ်စီးကို ထုတ်ယူခဲ့ကြသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့တက်ပြီးနောက် အချိန်ဆွဲမနေတော့ဘဲ ၎ င်းတို့၏ သက်ဆိုင်ရာ ဂိုဏ်းများ ဆီသို့ ဦးတည်၍ သွားလိုက်ကြသည်။

ဝိညာဉ်နယ်ပယ်တွင် နေရာလပ်၏ အတားအဆီးများသည် အောက်နယ်ပယ်နှင့် နှိုင်းယှဉ်လို့ရသော အရာတစ်ခု မဟုတ်ခဲ့ပါ။

အောက်နယ်ပယ်တွင်ကျန်းချန်ရွှမ် ရှန်းရူယန် နှင့်အခြားသူများသည် ဖြတ်သန်းသွားလာမှုအတွက် နေရာလပ်ကိုအလွယ်တကူဖျက်ဆီးနိုင်ပါသည်။

သို့သော် ဝိညာဉ်နယ်ပယ် တွင် မည်သည့်နေရာတွင်မဆို နေရာလပ်သည် အလွန် ခိုင်မာသိပ်သည်းပါသည်။

ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို မပြောသေးနှင့် ဗလာနယ်ပြန်နတ်ဘုရားအရှင်ပင် နေရာလပ်ကို ထိုးဖောက်သွားရန်မဖြစ်နိုင်ပါ။

တာအိုပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိခဲ့သောသူများသာလျှင် နေရာလပ်၏ တစ်စိတ်တစ်ပိုင်းကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိသည်။

ကွမ်းယန်မသေမျိုးမြို့မှဟောက်ရန်ဂိုဏ်းတံခါးသို့ သွားသောခရီးသည်အထူးသဖြင့် ရှည်လျားပါသည်။

ချန်ချွမ်၏ ဝိညာဉ်လှေပေါ်တွင် စီးလာသော ကျန်းချန်ရွှမ်သည် နောက်ဆုံးတွင်ဟောက်ရန်ဂိုဏ်း၏ တည်နေရာသို့ မရောက်ရှိမီ တစ်နှစ်ခွဲနီးပါး ခရီးနှင်ခဲ့ရသည်။

သူတို့ကို ကြိုဆိုခဲ့သော ပထမဦးဆုံးမြင်ကွင်းမှာ နတ်ဘုရားတောင်တန်း များက တိမ်များမြူများနှင့် ဝန်းရံနေပြီး အလွန်ကြီးကျယ်ခမ်းနားသော အာရုံကိုခံစားရစေသည်။

များစွာသော ကြိုးကြားများနှင့် အခြားနတ်ဘုရားငှက်များက သူတို့ကြားတွင် ပျံသန်းနေကာ မသေမျိုးဂိုဏ်းကြီးတစ်ဂိုဏ်း၏ မြင်ကွင်းကို တင်ပြ ခဲ့သည်။

ကျန်းချန်ရွှမ်သည်အလွန်အမင်းအံ့အားသင့်နေခဲ့သည်။

ဂိုဏ်းတစ်ဂိုဏ်း၏တံခါးပေါက်သည် ဤမျှလောက်ကြီးမားပြီး ကျယ်ပြန့်လိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ခဲ့ပေ။

သူသိထားသည့် အောက်ခြေမှနယ်ပယ်နှင့် နှိုင်းယှဉ်လိုက်လျှင် ကြီးမားသောတောင်နှင့် တောင်ကုန်းလေးနှင့် နှိုင်းယှဉ်လိုက်သလိုပင်ဖြစ်သည်။

ကွမ်းယန်မြို့သည်ပင် ဟောက်ရန်ဂိုဏ်း၏ ဆန်းကြယ်ဝင်ပေါက်နှင့် နှိုင်းယှဉ်လိုက်လျှင် မျက်နှာငယ်ရမည်ဖြစ်သည်။

ချန်ချွမ် ၏ ဝိညာဉ်လှေသည် ဂိုဏ်း ၏ အကာအကွယ်အခင်းအကျင်းသို့ ချဉ်းကပ်လာစဉ် သူသည် ဟောက်ရန်ဂိုဏ်း ၏ အကြီးအကဲတစ်ဦးဖြစ်သည့် သူ ၏ အမှတ်အသားကို ထုတ်ယူခဲ့သည်။

ကျီ!

အလင်းရောင်ထူထပ်စွာဖြင့် ဝိညာဉ်လှေသည် ဟောက်ရန်ဂိုဏ်း၏ အကာအကွယ်အစီအရင်ကို ချောချောမွေ့မွေ့ ဖြတ်သန်းသွားခဲ့သည်။

ထို့နောက် ချန်ချွမ်က ကျန်းချန်ရွှမ်ကို ပြောလိုက်သည်။ “တူလေးကျန်း၊ အကြီးအကဲချင်ရှန်းဝူက ဂူပိတ်ကျင့်ကြံနေသေးပုံရတယ်။ သူရဲ့ တပည့် ဖြစ်ချင်ရင် ခဏတော့ စောင့်ရမယ်။

မင်းရဲ့အချက်အလက်ကို မှတ်ပုံတင်ဖို့နဲ့ နေရာထိုင်ခင်း စီစဉ်ဖို့ ခန်းမကိုအရင်ခေါ်သွားပေးပါမယ်။

အကြီးအကဲ ချင်ရှန်းဝူက သီးသန့်ဂူကထွက်လာတာနဲ့ မင်းအတွက် ထပ်ပြီးစီစဉ်ပေးမှာပါ။

အဲ့လိုဆို ဘယ်လိုနေလဲ?"

"အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ဘာပြဿနာမှမရှိပါဘူး"

ကျန်းချန်ရွှမ်သည် ဟောက်ရန်ဂိုဏ်းသို့ ရောက်ရှိလာချိန်တွင် အကြီးအကဲ ချင်ရှန်းဝူ၏ တပည့် ဖြစ်လာရန် ဆုံးဖြတ်ထားပြီးဖြစ်သဖြင့် အပြုံးဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

အခြေအနေကြောင့် ချန်ချွမ်က လုပ်နိုင်တာ အများကြီး ရှိခဲ့သော်လည်း ဘာတစ်ခုမှ မလုပ်ခြင်း သည်လည်း ရွေးချယ်စရာမဟုတ်ပါ။

.......

မကြာမီ။

ချန်ချွမ်းက ကျန်းချန်ရွှမ်ကို ဟောက်ရန်ဂိုဏ်း ၏ခန်းမသို့ ခေါ်ဆောင်သွားခဲ့သည်။

ဝိညာဉ်ဖွဲ့စည်းမှု ၏ နှောင်းပိုင်းအဆင့်ရှိ သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူတစ်ဦးက ရှေ့သို့ အလျင်အမြန် ထွက်လာပြီး ယဉ်ကျေးစွာ ပြောလိုက်သည်။

"စစ်သည်တော် ဦးလေး ချန် ၊ ဘာလို့ရောက်လာရတာပါလဲ?

လိုအပ်တာလေးတွေရှိရင် ကျွန်တော့်ကို သတင်းစကားပါးလိုက်လို့ရပါတယ်။ ကျွန်တော့် လုပ်နိုင်စွမ်းထဲမှာ ရှိနေသရွေ့ ဦးလေးအတွက် ကျွန်တော်ဂရုစိုက်ပေးနိုင်ပါတယ်။”

"ဟဲဟဲ၊ ဒီနေ့က ငါ့ကိုယ်ပိုင်ကိစ္စအတွက်မဟုတ်ဘူး" ဟု ချန်ချွမ်က ခေါင်းခါပြရင်း အပြုံးတစ်ခုဖြင့် ပြန်ဖြေသည်။

ထို့နောက် ကျန်းချန်ရွှမ်ဘက်သို့ လက်ညှိုးထိုး ၍ ပြောလိုက်သည်။

"ကျုပ်ဒီနေ့လာတာက တူလေးကျန်းချန်ရွှမ်ကိုသူ့ရဲ့ နာမည်ကို မှတ်ပုံတင်ဖို့နဲ့ သူ့အတွက် ယာယီနေဖို့ ဂူဗိမာန်တစ်ခု စီစဉ်ပေးဖို့ လာခဲ့တာ။"

"အိုး ၊ ပြီးတော့ တူလေး ကျန်းဟာ အောက်နယ်ပယ်ကနေ တက်လာပြီး နောက်ပိုင်းမှာ အကြီးအကဲ ချင်ရှန်းဝူရဲ့ လက်အောက်မှာ တပည့်ဖြစ်လာတော့မှာဖြစ်လို့ သူ့ကို ကောင်းကောင်းဂရုစိုက်ပေးပါ။”

ကျန်းချန်ရွှမ်သည် အောက်နယ်ပယ်မှ တက်လာပြီး နောက်ပိုင်းတွင် ချင်ရှန်းဝူလက်အောက်တွင် တပည့်ဖြစ်လာမည်ကို ကြားလိုက်ရသောအခါ သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူ ဟယ်ဖေးချန်း သည် ချက်ချင်းအံ့အားသင့်သွားပြီး ထိတ်လန့်သွားသည်။

ဒါပေမဲ့ သူအသိအမြန်ပြန်ဝင်လာပြီး နွေးထွေးတဲ့ အပြုံးနဲ့ သူ့မျက်နှာကို လင်းလက်စေခဲ့ပါတယ်။

"ဒါဆို စီနီယာအစ်ကိုကြီး ကျန်းပေါ့။

လာပါ ၊ စီနီယာညီအစ်ကို ကျန်း၊ ဒါက ဟောက်ရန်ဂိုဏ်းရဲ့ တပည့်တွေအတွက် အထောက်အထား တံဆိပ်ပြားပါ။ ခင်ဗျားရဲ့ အခြေခံအချက်အလက်များကိုသာ ထည့်သွင်းဖို့ လိုအပ်ပါတယ်။

ခင်ဗျားရဲ့ ဝိညာဉ်ဆီမီးခွက်ကတော့ တရားဝင်တပည့်ဖြစ်လာပြီးနောက် တစ်ခုရမှာပါ။"

ပြောနေစဉ်တွင် ဟယ်ဖေးချန်းသည် ကျန်းချန်ရွှမ်အား တံဆိပ်ပြားတစ်ခုပေးခဲ့သည်။

ကျန်းချန်ရွှမ်က သူ့အားအပြုံးဖြင့် ကျေးဇူးတင်စကားဆိုခဲ့ပါသည်။

“ကျေးဇူးတင်ပါတယ် အစ်ကို ဟယ်။ ကျွန်တော့်ကို ဂျူနီယာညီလေးလို့ပဲ ခေါ်နိုင်ပါတယ်။" ဟယ်ဖေးချန်း ၏ ညွှန်ကြားချက်များကိုလိုက်နာပြီး ကျန်းချန်ရွှမ်သည်သူ ၏ အခြေခံ အချက်အလက်များကို တံဆိပ်ပြားထဲသို့ ထည့်ခဲ့သည်။

အရာအားလုံးပြင်ဆင်ပြီးနောက် ၊ ဟယ်ဖေးချန်းသည် မြေပုံကိုထုတ်ပြီး နေရာအချို့ကို ညွှန်ပြခဲ့သည်။

“ညီအစ်ကိုကျန်း ၊ ဒီနေရာတွေက လက်ရှိမှာ အပိုင်မရှိသေးဘူး။

ခင်ဗျားရဲ့ ယာယီနေထိုင်ရာနေရာအဖြစ် ဒီနေရာတွေထဲက တစ်ခုခုကို ရွေးချယ်လို့ရပါတယ်။"

ထို့နောက် ဟယ်ဖေးရှန်း သည် ဂူအတွင်းနေထိုင်မှုများကို ဂရုတစိုက် နားထောင်နေသော ကျန်းချန်ရွှမ်အား အသေးစိတ်ရှင်းပြပေးလေသည်။

ခဏအကြာမှာ

ပို၍ တိတ်ဆိတ်သော ဥမင်များထဲမှ တစ်ခုကို ညွှန်ပြရင်း ကျန်းချန်ရွှမ်က ပြောလိုက်သည်။ "ညီအစ်ကို ဟယ် ၊ ဖြစ်နိုင်ရင် ဒီဥမင်ကို ရွေးချယ်ချင်ပါတယ်။"

ဟယ်ဖေးချန်သည် ကျန်းချန်ရွှမ်ညွှန်ပြနေသည့်နေရာကို ကြည့်လိုက်ပြီး "ရတာပေါ့” ဟု ပြုံးကာ ခေါင်းညိတ်လိုက်သည်။

သူစကားပြောနေစဉ်တွင် သူသည် ကျန်းချန်ရွှမ်ထံသို့ ဂူဗိမာန်အမှတ်အသားကို ပေးခဲ့သည်။

"ညီအစ်ကို ကျန်း၊ ဒီတံဆိပ်ပြားကို ထိန်းသိမ်းထားပါ။ ဒါကို ဥမင်ထဲ ၀င်ဖို့ (သို့) အစီအရင်ကို အသက်သွင်းဖို့ လိုအပ်ပါလိမ့်မယ်။

စကားမစပ် အခုဂူပိတ်ကျင့်ကြံဖို့ စီစဉ်ထားလား ဒါမှမဟုတ်ရင် ဟောက်ရန်ဂိုဏ်းကို လည်ပတ်ကြည့်ဦးမလား?

ကျုပ်အခုအားနေတော့ ခင်ဗျားကို လှည့်လည်ပြသပေးနိုင်ပါတယ်။"

ဟယ်ဖေးချန်း၏ ကမ်းလှမ်းချက်ကိုကြားသောအခါ ကျန်းချန်ရွှမ်က နောက်ဆုံးသူသည် သူ့ကိုရည်ရွယ်ချက်ရှိရှိ မိတ်ဆွေဖွဲ့ရန်ကြိုးစားနေသည်ကို သိခဲ့သည်။

ဟန်ဆောင်မနေဘဲ ကျန်းချန်ရွှမ်က ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။

"ဒီလိုဆိုရင် ညီအစ်ကိုဟယ်ကိုပဲ ဒုက္ခပေးရတော့မယ်။

ကျွန်တော်ကခု သီးသန့် ဂူပိတ်ကျင့်ကြံဖို့ စီစဉ်ထားပြီး တာအိုရောင်းရင်းတွေဆီကို အချိန်ရှိမှ သွားလည်ပတ်ပါတော့မယ်။"

"ကောင်းပြီ ၊ ဒီလိုဆိုရင် တူလေး ဟယ်၊ မင်းရဲ့စောင့်ရှောက်မှုအောက်မှာ တူလေးကျန်း ကို ငါထားခဲ့တော့မယ်။"

ချန်ချွမ်က ပြုံးပြီး ထပ်ပြောသည်။

ဗလာနယ်ပြန် အကြီးအကဲတစ်ဦးအနေနှင့် သူ့အတွက် ကျန်းချန်ရွှမ်အား ဂိုဏ်းကိုလိုက်ပတ်ပြရန် မသင့်တော်နိုင်ပါ။

သူမလုပ်ချင်၍ မဟုတ်ဘဲ အခြားကိစ္စရှိ၍လည်း မဟုတ်ပါ။ မသင့်တော်သည်သာဖြစ်ပါသည်။

ဟယ်ဖေးချန်းသည် ဤအကြောင်းကို ရှင်းရှင်းလင်းလင်း နားလည်ပါသည်။ “စိတ်မပူပါနဲ့ ဦးလေး၊ သူ့ကို သေချာစောင့်ရှောက်ပေးပါ့မယ်။” ဟုအပြုံးဖြင့် အာမခံလိုက်သည်။

***

All Chapters