← Chapters

ဗလာနယ်ပြန်အဆင့်၏ အဆင့်ခွဲ သုံးခု

Vol. 39 Ch. 740

ဗလာနယ်ပြန်အဆင့်၏ အဆင့်ခွဲ သုံးခု

Vol. 39 Ch. 740

"ဟင်?"

ကျန်းချန်ရွှမ်၏ တုံ့ပြန်မှုသည်အလွန်လျင်မြန်ပါသည်။ ထိုစကားကိုကြားလျှင် ၊ သူတို့၏ အတွေးများကို အကြမ်းဖျင်းခန့်မှန်းမိကာ မတတ်နိုင်ဘဲခေါင်းညိတ်ပြလိုက်သည်။

"ဂိုဏ်းချုပ်၊ ကျွန်တော် အခုပဲ ဆဌမအဆင့်ကို ရောက်သွားခဲ့တာပါ။"

ထိုအချိန်တွင် သူ့မျက်နှာပေါ်တွင် သံသယတစ်ခု ပေါ်လာသည်။ သူသည် သူ၏ ဆရာနှင့် ဂိုဏ်းခေါင်းဆောင်ရွယ်ပင်းကို လှည့်ကြည့်လိုက်သည်။

“ဆရာ၊ ဆန်းကြယ်ကောင်းကင်ဂူရဲ့ ဆဌမအဆင့်မှာ ဘယ်လိုပြိုင်ဘက်တွေရှိလဲလို့ ကျွန်တော် မေးလို့ရမလား?

အခြားတစ်ဖက်ရဲ့ အသွင်အပြင်ကိုတောင် မမြင်ရသေးခင် ကျွန်တော်ဘာကြောင့် ချက်ချင်း အသတ်ခံခဲ့ရတာလဲ?"

"ချက်ချင်းပဲ ရှုံးသွားတာလား?"

ထိုအဖွဲ့သည် မျက်လုံးချင်းဆုံလိုက်ကြပြီး ချင်ရှန်းဝူက ပြုံးပြလိုက်သည်။

သူကရှင်းပြသည်။ “မင်းရဲ့လက်ရှိအားသာချက်အရ ဆဌမအဆင့်မှာ ချက်ချင်းရှုံးနိမ့်ခြင်းက အတော်လေးပုံမှန်ပါပဲ။

ဆဌမအဆင့်မှာ ပြိုင်ဘက်က ဘယ်သူလဲ မင်းသိလား။"

"ကျွန်တော့်ကို ပြောပြပေးပါ။" ကျန်းချန်ရွှမ်က တောင်းဆိုခဲ့သည်။

သိချင်စိတ်ပြင်းပြနေသည့် ရှန်းရူယန်သည်လည်း ချင်ရှန်းဝူကို ကြည့်လိုက်သည်။

အကြောင်းမှာ သဘောတူညီချက်အရ၊ သူမသည်လည်း ဆန်းကြယ်ကောင်းကင်ဂူကို စိန်ခေါ်ရဦးမည်ဖြစ်သည်။

ခင်ပွန်းဖြစ်သူ၏ စွမ်းအားနှင့်ပင် သူသည် ဆဠမအဆင့် နေရာတွင် ချက်ချင်းရှုံးနိမ့်သွားခဲ့ရသည်။

ထိုသို့ဆိုလျှင် ဆဠမအဆင့်နေရာကို ရောက်ခဲ့လျှင်ပင် ရလဒ်က အတူတူဖြစ်နေနိုင်သည်။

သို့သော် ထိုမတိုင်မီက ဆဋ္ဌမအဆင့်တွင် ပြိုင်ဘက်မှာ မည်သူဖြစ်သည်ကို ကြားသိရခြင်းမှာ ကောင်းပါသည်။

ချင်ရှန်းဝူက ပြောပြလိုက်သည်။ “ဆန်းကြယ်ကောင်းကင်ဂူရဲ့ ဆဠမအဆင့်က ပြိုင်ဖက်က ဓမ္မပုံစံအဆင့်ဖြစ်တဲ့ ဗလာနယ်ပြန်အဆင့် ကျင့်ကြံသူပဲ။

ပြီးတော့ သာမန်ဓမ္မပုံစံအဆင့်က ကျင့်ကြံသူတောင်မဟုတ်ဘူး။ ငါပြောတာကို မင်းနားလည်ရဲ့လား?"

"ဓမ္မပုံစံအဆင့် ကျင့်ကြံသူတစ်ယောက်လား။ ပြီးတော့ သာမန်မဟုတ်ဘူးလား။"

ချင်ရှန်းဝူ၏ အဖြေကို ကြားသောအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရုတ်တရက် အသိဝင်သွားသည်။

တက်လာပြီးနောက် ယနေ့အထိ၊ သူတို့သည် ဗလာနယ်ပြန်အဆင့်သည် သုံးခုထပ်မံ ခွဲခြား ထားကြောင်း နားလည်ခဲ့ရသည်။ ဓမ္မပုံစံ၊ ကောင်းကင်ဘုံအလင်းနှင့် လျှို့ဝှက်နက်နဲအဆင့် ဟူ၍ဖြစ်သည်။

အဆိုပါ ဓမ္မပုံစံအဆင့်သည် ဝိညာဉ်ဖွဲ့စည်းစဉ်အတွင်း ပုံရိပ်ယောင်ဓမ္မပုံစံနှင့်မတူဘဲ စစ်မှန်သော ဓမ္မပုံစံ ဖွဲ့စည်းပါဝင်သည်။

ထိုကဲ့သို့သော ဓမ္မပုံစံသည်လှုပ်ရှားမှုတိုင်းတွင်မယုံနိုင်လောက်အောင်စွမ်းအားရှိသည်။

လက်ရှိကောင်းကင်ဘုံရေတံခွန်ဂိတ်နယ်ပယ်အတွင်းရှိ ဗလာနယ်ပြန်နတ်ဘုရားအရှင်အများစုမှာ ထိုအဆင့်တွင်ဖြစ်သည်။

ကောင်းကင်အလင်းအဆင့်သည် ကျင့်ကြံသူ၏ ဓမ္မပုံစံကို ကောင်းကင်မြေကြီးတို့နှင့် ပေါင်းစည်း စေကာ ပုံရိပ်များအား ရာချီခွဲထွက်စေခြင်း (သို့) တစ်ခုတည်းအဖြစ် ပေါင်းစည်းစေခြင်းတို့ကို ပြုလုပ်နိုင်ပြီးး မူလကိုယ်၏ မူလဝိညာဉ်ကို ခံနိုင်ရည်ရှိစေကာ ပြန်လည်ဝင်စားစေနိုင်သည်။

မူလကိုယ်က အသတ်ခံရပင်လျှင် ပြန်လည်ဝင်စားခြင်းအားကယ်နိုင်ခဲ့လျှင် ပြန်လည် မွေးဖွားရန်ဖြစ်နိုင်ပါသည်။

ထိုအဆင့်တွင်ရှိသော ဗလာနယ်ပြန်နတ်ဘုရားအရှင်များအား စစ်မှန်သော စွမ်းအားရှင်များအဖြစ် သတ်မှတ်ခဲ့ကြပြီး အထူးဂိုဏ်းများနှင့် အရှင်သခင်ဂိုဏ်းများတွင် အင်အားအကြီးဆုံး ပုဂ္ဂိုလ်များအဖြစ် ကိုယ်စားပြုကြသည်။

အကြောင်းမှာ ဤနယ်ပယ်ရှိ ကျင့်ကြံသူများသည် မသေမချင်း သတ်ဖြတ်ရန် မဖြစ်နိုင်သလောက် ဖြစ်သောကြောင့် ၎င်းတို့ကို မသေသော ကျင့်ကြံသူများဟုလည်း ရည်ညွှန်းကြသည်။

နောက်ဆုံးအဆင့်ဖြစ်သည့် လျှို့ဝှက်နက်နဲအဆင့်သည် ကောင်းကင်နှင့်မြေကြီး၏ နက်နဲသော အရာများကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်စေပြီး ကောင်းကင်နှင့်မြေကြီးအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဖြစ်ပေါ်စေသည်။

ထိုပိုင်နက်ထဲတွင် လျှို့ဝှက်နက်နဲအဆင့်၏ အောက်ရှိအဆင့်သည် ပိုက်ကွန်တွင်မိသောငါးကဲ့သို့ ဖြစ်ကာ ခုခံရန်မဖြစ်နိုင်ပေ။

ဆန်းကြယ်ကောင်းကင်ဂူ၏ ဆဌမအဆင့်ရှိ ပြိုင်ဘက်သည် ဗလာနယ်ပြန်နတ်ဘုရားအရှင် ဖြစ်သွားမည်ကို မမျှော်လင့်ခဲ့မိပေ။

သာမန် ဗလာနယ်ပြန်နတ်ဘုရားအရှင်သာ ဖြစ်ခဲ့မည်ဆိုရင် ကျန်းချန်ရွှမ်သည် ထိုးနှက်ချက် အနည်းငယ်ပြုလုပ်နိုင်ခဲ့မည်ဖြစ်သည်။

သို့သော် ဆန်းကြယ်ကောင်းကင်ဂူသည် ကျင့်ကြံသူများ၏ ခွန်အားကို စမ်းသပ်သည့် ရတနာတစ်ပါးအဖြစ် သာမန် ဗလာနယ်ပြန်နတ်ဘုရားအရှင်များကို ထည့်မည်မဟုတ်ပေ။

အကယ်၍ ၎င်းသည် ဗလာနယ်ပြန်အဆင့်အတွင်းရှိ ဓမ္မပုံစံသာဖြစ်ခဲ့လျှင်ပင် ၎င်းသည် ဤအဆင့်တွင် အခိုင်မာဆုံးတည်ရှိမှု ဖြစ်နေဆဲဖြစ်သည်။

.......

ခဏအကြာတွင်။

ရှန်းရူယန်သည် ကျန်းချန်ရွှမ်ကဲ့သို့ပင် ဆန်းကြယ်ကောင်းကင်ဂူထဲသို့ ဝင်ရောက်ခဲ့သည်။

ကျန်းချန်ရွှမ်၏ စွမ်းဆောင်ရည်ကိုကြည့်ခြင်းအားဖြင့် ယွင်ရီကျန်း၊ ရွယ်ပင်းနှင့် ချင်ရှန်းဝူတို့သည် ရှန်းရူယန်၏ နောက်ဆက်တွဲစွမ်းဆောင်ရည်အတွက်မြင့်မားသော မျှော်လင့်ချက်များ ရှိခဲ့သည်။

ရှန်းရူယန်က သူတို့ကို စိတ်ပျက်အောင် မလုပ်ခဲ့ပါ။

ခနအတွင်းတွင် သူမသည် အဆင့် (၃) ဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သည်။

........

ခဏအကြာတွင်။

သူမ ဆန်းကြယ်ကောင်းကင်ဂူ၏ စတုတ္ထအဆင့်ကိုလည်း ကျော်နိုင်ခဲ့သည်။

ပဉ္စမအဆင့်သို့ ရောက်ရှိချိန်တွင် ယွင်ရီကျန်းသည် ချင်ရှန်းဝူ၊ ရွယ်ပင်းတို့နှင့်အတူ ထိုစုံတွဲ ၏ ခွန်အားကို အမှန်တကယ်အံ့အားသင့်ပြီး ကျေနပ်မိကြသည်။

အဘယ်ကြောင့်ဆိုသော်..

တတိယအဆင့်ကို ကျော်လွန်နိုင်ခြင်းသည် အထူးနှင့် အရှင်သခင်ဂိုဏ်းများမှ တူညီသော နယ်ပယ်ရှိ ကျင့်ကြံသူအများစုထက် ပို၍ အားကောင်းနေပြီဖြစ်သည်။

စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့်ကို ကျော်လွန်ခြင်းသည် ၎ င်းတို့ ၏ နယ်ပယ်အတွင်းတွင် တစ်စုံတစ်ယောက်ကို အနိုင်မရနိုင်အောင် ဖြစ်စေလိမ့်မည်။

ကျီ!

လူတိုင်းသည် ဤကိစ္စရပ်များကို တိတ်တဆိတ်ဆင်ခြင်နေစဉ် ရှန်းရူယန်သည်ပဉ္စမအဆင့်ကို အောင်မြင်စွာကျော်ဖြတ်ပြီး ဆဠမအဆင့်သို့ ရောက်ရှိခဲ့သည်။

သို့သော် အစောပိုင်းမှ ကျန်းချန်ရွှမ်ကဲ့သို့ပင်…

သူမသည် ပဉ္စမအဆင့်ကို ကျော်လွန်ပြီး ဆဋ္ဌမအဆင့်သို့ တက်ရောက်ပြီးနောက် ထိုနေရာတွင် စောင့်ဆိုင်းနေသည့် ဗလာနယ်ပြန်ကျင့်ကြံသူက သူမကို ချက်ချင်းပင် ရှုံးနိမ့်စေခဲ့သည်။

ချက်ချင်း ကျန်းချန်ရွှမ်သည် အခြေအနေကို မေးမြန်းရန် ရှေ့သို့ ခြေလှမ်းလှမ်းလာခဲ့သည်။

၎င်းတို့၏ စကားပြောဆိုမှုမှတစ်ဆင့် ဆန်းကြယ်ကောင်းကင်ဂူထဲသို့ ဝင်ရောက်သောအခါ ၎င်းတို့ ရင်ဆိုင်ခဲ့ရသော ပြိုင်ဘက်များမှာ တူညီခြင်းမရှိကြောင်း ဇနီးမောင်နှံနှစ်ဦးက သဘောပေါက် ခဲ့ရသည်။

ပြီးနောက် ၎င်းသည် သာမန်ပင်ဖြစ်ပါသည်။

ကြိုတင်ပြင်ဆင်ထားခြင်းမရှိပါက ဆန်းကြယ်ကောင်းကင်ဂူတွင် ရင်ဆိုင်နေရသော ပြိုင်ဘက် တစ်ဦးချင်းစီသည် မည်သည့်အခါမျှ တူညီခြင်းမရှိသလောက်ပင်ဖြစ်သည်။

"ဘယ်လိုလဲ? သူတို့ကို မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေကို စေလွှတ်ဖို့ ဘာပြဿနာမှ မရှိဘူး မဟုတ်လား။"

ယွင်ရီကျန်းသည် ချင်ရှန်းဝူနှင့် ရွယ်ပင်းတို့ကို အပြုံးဖြင့် မေးလိုက်သည်။

ချင်ရှန်းဝူနှင့် ရွယ်ပင်းတို့သည် တစ်ချက်ကြည့်လိုက်ပြီး အလျင်အမြန် ခေါင်းညိတ်လိုက်ကြသည်။

"တကယ်တော့ ဘာပြဿနာမှ မဖြစ်သင့်ပါဘူး။" ဟု ချင်ရှန်းဝူက ပြောသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် တို့ကို လှည့်ကြည့်ရင်း "မင်းတို့နှစ်ယောက်စလုံး မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေရဲ့ အခြေအနေကို သတိထားမိကြမှာပါ။

မင်းတို့ ဘယ်လိုထင်လဲ? ငါတို့ဂိုဏ်းရဲ့အဖွဲ့တွေကို မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေဆီ ခေါ်သွားဖို့ မင်းတို့ဆန္ဒရှိလား?”

ဤမေးခွန်းကို ထပ်မံကြားရသောအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ဦးစလုံးသည် တွန့်ဆုတ်ခြင်း မရှိဘဲ ခေါင်းညိတ်လိုက်ကြသည်။

"ကျွန်တော်တို့ ဆန္ဒရှိပါတယ်!"

"ကောင်းတယ်။"

ချင်ရှန်ဝူသည် သူတို့ ၏ ဆန္ဒကို ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် ယွင်ရီကျန်းသည် ချင်ရှန်းဝူနှင့် ရွယ်ပင်းတို့နှင့် အသေးစိတ်ဆွေးနွေးခဲ့သည်။

ဆွေးနွေးပြီးနောက် သူတို့ကို နှုတ်ဆက်ခဲ့သည်။

သူတို့နှစ်ဦးသည် ဤတစ်ကြိမ်တွေ့ဆုံရမှုက သိပ်မကြာနိုင်ဟု ထင်ခဲ့သော်လည်း ထိုမျှလောက် မြန်မြန်ခွဲရမည်ဟု မထင်ထားပါ။

သူတို့နှစ်ဦးစလုံးသည် လာမည့် ရာစုနှစ်များတွင် သူတို့၏ ကျင့်ကြံခြင်းတွင် သိသာထင်ရှားသော ခရီးတစ်ခုရှိလိမ့်မည်ကို သဘောပေါက်ခဲ့ကြပါသည်။

ထို့ကြောင့်။

စိတ်ခံစားချက်များမနေတော့ဘဲ တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ပြီးနောက် ယွင်ရီကျန်း သည် ရှန်းရူယန်ကို ခေါ်ပြီး ဟောက်ရန်ဂိုဏ်းမှ ထွက်ခွာသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ၊ ကျန်းချန်ရွှမ်သည် သူ၏ ဆရာ နှင့် ဂိုဏ်းခေါင်းဆောင် စစ်သည်တော်ဦးလေး ထံမှ ခွင့်ပြုချက်တောင်းပြီးနောက် ၊ ဒြပ်စင်ငါးပါးနတ်ဘုရားပြန်လည်မွေးဖွားခြင်း တောင်သို့ တိုက်ရိုက်သွားခဲ့သည်။

ထိုတောင်တန်းကြီးသည် ဒြပ်စင်ငါးပါးနှင့် ပြည့်နှက်နေသော ကြီးမားသည့်တောင်တန်းကြီးတစ်ခု ဖြစ်သည်။

ဒြပ်စင်ငါးပါးလမ်းကို ကျင့်ကြံသူများအဖို့ ဤနေရာတွင် တစ်ရက်ကျင့်ကြံခြင်းသည် အပြင်လောကတွင် တစ်နှစ်ကျင့်ကြံခြင်းနှင့် ညီမျှပါသည်။

ထိုအချိန်တွင်။

ကျန်းချန်ရွှမ်သည် ဤနေရာတွင် ဆယ်ကြိမ်ကျင့်ကြံရန် အခွင့်အရေးရခြင်းသည် အချိန်ဆယ်လနှင့် ညီမျှပါသည်။

ဤနတ်ဘုရားတောင်ပေါ်သို့ ခြေချလိုက်သည်နှင့် ကျန်းချန်ရွှမ်သည် သူ ၏ ခန္ဓာကိုယ်အတွင်းရှိ ဓမ္မစွမ်းအားသည် မယုံနိုင်လောက်အောင် တက်ကြွလာသည်ကို ချက်ချင်းခံစားလိုက်ရသည်။

သူကျင့်ကြံခဲ့သော ဒြပ်စင်ငါးပါးစိတ်ဝိညာဉ်နည်းစနစ်သည်ပင် ထိုပတ်ဝန်းကျင်၏ လွှမ်းမိုးမှု အောက်တွင် ကိုယ်တိုင် စတင်လည်ပတ်ခဲ့လေသည်။

ဤရှားပါးသောအခွင့်အလမ်းကို မဖြုန်းတီးလိုသော ကျန်းချန်ရွှမ်သည် သူ၏ လက်ရှိကျင့်ကြံမှု အဆင့်အတွက် အလွန်သင့်လျော်သောနေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး တရားထိုင်ခဲ့သည်။

ဝှစ်...ဝှစ်...ဝှစ်

ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဓမ္မစွမ်းအားသည် လှိုင်းထန်သော မြစ်တစ်စင်းကဲ့သို့ မြင့်တက်လာပြီး သူ၏ မူလအခြေခံထဲမှ ရုန်းရင်းဆန်ခတ် စီးဆင်းလာခဲ့သည်။

***

All Chapters