စီနီယာအစ်မ ရှီရှန်းယောင်
Vol. 39 Ch. 741
ရက်အနည်းငယ်အကြာတွင် ကျန်းချန်ရွှမ်သည် သူ၏ ဒြပ်စင်ငါးပါးကိုနားလည်မှုတွင် သိသိသာသာ တိုးတက်လာသည်ဟုခံစားခဲ့ရသည်။
နောက်ဆုံးတွင် သူသည် အချိန်အတော်ကြာကြန့်ကြာနေသော ရေဒြပ်စင်နတ်ဘုရားစွမ်းအား၏ အနှစ်သာရကို စတင်ဖမ်းဆုပ်မိလေသည်။
သူ၏ ကျင့်ကြံခြင်းသည် အလျင်အမြန် တိုးတက်လာပြီး တောင်ပေါ်တွင် တစ်လအကြာ ရောက်လျှင် သူ၏ကျင့်ကြံခြင်းသည် ဝိညာဉ်ဖွဲ့စည်းမှု အဌမအဆင့်သို့ အံ့အားသင့်စွာ ရောက်ရှိလာခဲ့သည်။
တစ်နှစ်အကြာတွင် သူ၏ ကျင့်ကြံခြင်းသည်တစ်ဖန်ထပ်၍ ထိုးဖောက်နိုင်ခဲ့ပြီး ဝိညာဉ်ဖွဲ့စည်းမှု ၏ နဝမမြောက်အဆင့်သို့ ရောက်ရှိလာခဲ့သည်။
ထို့အပြင်၊ သူနားလည်ရန် ရုန်းကန်နေရသော ရေဒြပ်စင်နတ်စွမ်းအားကို အပြည့်အဝ ကျွမ်းကျင်ခဲ့သည်။
......
အချိန်များကုန်လွန်သွားသည်။
ဤတစ်ခေါက် ကျန်းချန်ရွှမ်နားလည်ခဲ့သော ရေဓာတ်နတ်ဘုရားစွမ်းအားသည် အချိန်နှင့် ပက်သက်နေပါသည်။ ကျန်းချန်ရွှမ်သည် အချိန်ရှုထောင့်နှင့်သက်ဆိုင်သော ဤနတ်ဘုရားစွမ်းအားကို "နှစ်များ" ဟုအမည်ပေးခဲ့သည်။
ဤအောင်မြင်မှုအပြီးတွင် ကျန်းချန်ရွှမ်သည် တောင်မှ ချက်ချင်းမထွက်ရန် ရွေးချယ်ခဲ့ပြီး သူ ၏ ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ကာ ယခုတစ်ကြိမ်တွင် သူ ၏ ခန္ဓာကိုယ်ကို အာရုံစိုက်ခဲ့သည်။
ချင်ရှန်းဝူမှ ပံ့ပိုးပေးသော ခန္ဓာကိုယ်မွမ်းမံသော ကျင့်ကြံရေးအရင်းအမြစ်များဖြင့် သူသည် ရှန်းရူယန်၏ သခင်ဖြစ်သူ ယွင်ရီကျန်း မှပေးသော ဒုက္ခတစ်သောင်းမိုးကြိုးအရည်ကိုပင် အသုံးမပြုဘဲ သူ၏ခန္ဓာကိုယ်မွမ်းမံခြင်းကို အဆင့် ၆ ၏ အထွတ်အထိပ်သို့ တိုးမြှင့်ရန် ယုံကြည်မှု ရှိခဲ့သည်။ သူသည် ဤခန္ဓာကိုယ်မွမ်းမံခြင်းရတနာကို အဆင့် ၆ အထိ ချိုးဖောက်ရန်အတွက် သိမ်းဆည်း ထားရန် စီစဉ်ခဲ့သည်။
ကျီ! ကျီ! ကျီ!
ကျန်းချန်ရွှမ်ကျင့်ကြံနေသည့် တောင်ပေါ်တွင် သူ့ပတ်ဝန်းကျင်ရှိ အဟန့်အတားသည် ဆက်တိုက်မြည်လာသည်။ ချီနှင့် သွေးများသည် သူ့ထံမှ လှိုင်းများအဖြစ်လိမ့်တက်လာကာ သူ၏ကျင့်ကြံခြင်း သိပ်သည်းခြင်းကို ဖော်ပြနေလေသည်။
ထိုအချိန်တွင် သူ့ခန္ဓာကိုယ်ကို မွမ်းမံရန် စတင်အာရုံစိုက်ခဲ့သည်မှာ ၄ လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ကာ နောက်ဆုံးတွင် အဆင့် ၆ ၏အမြင့်ဆုံးအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါသည်။
ကျန်းချန်ရွှမ်သည် သူ၏ ကိုယ်ပိုင်စွမ်းအားကို အလွန်ခံစားနိုင်ခဲ့သည်။ လက်ရှိသူသာ ယခင်မှသူနှင့် ရင်ဆိုင်ရလျှင် အရင်လူကို အလွယ်တကူ အနိုင်ယူနိုင်မည်ဟု ပြောလျှင် အလွန်အကျွံ ပြောဆိုခြင်း မဟုတ်ပါ။
ယခုဆိုလျှင် သူသည် ဆန်းကြယ်ကောင်းကင်ဂူ၏ ဆဌမအဆင့်ကို ပြန်ရောက်ခဲ့ပါက ပြိုင်ဘက်ကိုတောင် မမြင်ရဘဲ ချက်ချင်း ရှုံးနိမ့်မည် မဟုတ်ဟု ယုံကြည်မှုအလုံအလောက် ရှိလာခဲ့ပြီဖြစ်သည်။ အနည်းဆုံးတော့ သူ ပြန်တိုက်ခိုက်နိုင်လိမ့်မည်၊ သို့ အပြန်အလှန်တိုက်ခိုက်နိုင်မည်ဟု သူယုံကြည်ထားခဲ့သည်။
ဒြပ်စင်ငါးပါးနတ်ဘုရားပြန်လည်မွေးဖွားခြင်းတောင်ပေါ်တွင် သူ၏ အချိန်သည် ကုန်ဆုံးလုနီးပါး ဖြစ်နေသည်ကို သတိပြုမိကာ ကျန်းချန်ရွှမ်က ထွက်ခွာရန် အချိန်တန်ပြီဟု ဆုံးဖြတ်ခဲ့လေသည်။
ကျန်းချန်ရွှမ်သည် မတ်တပ်ရပ်ကာ အကြောများဆန့်လိုက်သောအခါ အက်ကွဲသွားသော အသံများသည် ပဲ့တင်ထပ်သွားပြီး သူ၏ပတ်ဝန်းကျင်မှ သစ်ရွက်များကိုကြွေကြလာစေသည်။ သူ၏ကျင့်ကြံခြင်းအတွက် ဒြပ်စင်ငါးပါးနတ်ဘုရားပြန်လည်မွေးဖွားခြင်းတောင်သည် ကြီးမားသည့် အထောက်အကူဖြစ်ခဲ့သည်မှာ မငြင်းနိုင်ပါ။
သို့သော် ၎င်းသည် တောင်ပေါ်သို့ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်းဖြစ်သောကြောင့် သိသိသာသာ အထောက်အကူပြုခြင်းဖြစ်ကြောင်း သူသိခဲ့ပါသည်။ ထို့နောက်တွင် သူသည်ထပ်၍ ဝင်သည့်အချိန်များတွင် သူ့အတွက် အကူအညီမှာ တဖြည်းဖြည်းနှင့် အားနည်းသွားလိမ့်မည်ဖြစ်သည်။ ၎င်းသည် ဒြပ်စင်ငါးပါးနတ်ဘုရားပြန်လည်မွေးဖွားခြင်းတောင်က လုပ်နိုင်သမျှအားလုံးဟု မဆိုလိုပါ။
အကြောင်းမှာ လက်ရှိအချိန်၌ ကျန်းချန်ရွမ်ရောက်ရှိနိုင်သောနေရာမှာ ထိုမျှလောက်ပင် ဖြစ်သောကြောင့်ဖြစ်သည်။
သူလာလေလေ အသိအမြင်များပို၍ ရလာလေလေဖြစ်ပေလိမ့်မည်။ ထိုနေရာတွင် သူ့ကို ထောက်ပံ့ပေးသော အကူအညီက သဘာဝကျကျပင် ထိရောက်မှု နည်းပါးလိမ့်မည်ဖြစ်သည်။
ပို၍ မြင့်မား နက်ရှိုင်းသော နေရာသို့ သွားလိုလျှင် ဆယ်နှစ်တစ်ကြိမ် မဟုတ်ဘဲ နှစ်တစ်ရာ တစ်ကြိမ် သို့မဟုတ် နှစ်တစ်ထောင်တစ်ကြိမ်သာ ဖြစ်လိမ့်မည်ဖြစ်သည်။
သို့မဟုတ် ထိုကဲ့သို့သော အခွင့်အလမ်းများကို လဲလှယ်ရန် သက်ဆိုင်ရာ ပံ့ပိုးမှုအမှတ်များကို အသုံးပြုနိုင်သည်။
ကျန်းချန်ရွမ်က လက်ရှိ သူရှိနေသော ဧရိယာသည် နောက်ထပ်နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် လည်ပတ်ပြီးနောက် ၎င်း၏အကျိုးသက်ရောက်မှု ဆုံးရှုံးလိမ့်မည် ဟု ခန့်မှန်း တွက်ချက် ထားခဲ့သည်။
ထို့နောက် သူသည် ကျင့်ကြံရန် နှစ်တစ်ရာလျှင် တစ်ကြိမ်သာ ဝင်ရောက်နိုင်သည့် ဧရိယာသို့ သွားရမည်ဖြစ်သည်။ ထိုအချိန်မှသာလျှင် သူ့အတွက် ကြီးမားသော အကူအညီဖြစ်လိမ့်မည်။
ကိစ္စမရှိပါ။
ကိုယ့်အတွက် အကျိုးရှိမည့်ဟာကို အရင်ဆုံး သုံးမည်ဖြစ်သည်။
ထိုနေရာများသည် ကိုယ့်အတွက်တကယ်ပင် အသုံးမဝင်လျှင် နှစ်တစ်ရာမှတစ်ကြိမ်သာ လက်ခံသည့်နေရာသို့ဝင်နိုင်ရန် အမှတ်များကို ပေါင်းထည့်ကာ သုံးရမည်။
ဤအကြောင်းကို သူစဉ်းစားပြီး၊ ကျန်းချန်ရွှမ်သည် ဒြပ်စင်ငါးခုနတ်ဘုရား ပြန်လည်မွေးဖွားခြင်း တောင်မှ ထွက်ခွာသွားပြီး သူ၏ဆရာ ချင်ရှန်းဝူနေထိုင်ရာ ရှန်းဝူတောင်ထိပ်ဆီသို့ ဦးတည်သွားခဲ့သည်။
ချင်ရှန်းဝူသည် ၎င်း၏ကိုယ်ပိုင် တိမ်တိုက်မြူတောင်ထိပ်သို့ မပြန်မီ တောင်ပေါ်မှ ထွက်ခွာ ပြီးနောက် လာရောက်လည်ပတ်ရန် ညွှန်ကြားထားခဲ့သည်။
ဝှစ်....!
အလင်းတန်းက ဆင်းသက်လာသည်။
ကျန်းချန်ရွမ်၏ ပုံသည် ရှန်းဝူတောင်တွင်ပေါ်လာသည်။
"ဟင်?"
ရှန်းဝူတောင်ထိပ်သို့ရောက်သည်နှင့် ကျန်းချန်ရွှမ်သည် သူစိမ်းတစ်ယောက်ကိုတွေ့ခဲ့ရသည်။ တင်းကျပ်သော အဝတ်အစားကို ဝတ်ဆင်ထားသည့် လှပသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမသည် အရပ်ရှည်ပြီး ပခုံးကျော်ဆံပင်အနက်ရောင်ကို ပိုင်ဆိုင်သူဖြစ်သည်။
ကျန်းချန်ရွှမ်၏ အကြည့်ကို အာရုံရလိုက်သောအခါ လှပသော အမျိုးသမီးက ချက်ချင်းပင် သူ့ဆီကို လှည့်ကြည့်လာသည်။ သူတို့၏ အကြည့်ခြင်း ဆုံတွေ့သောအခါ ကျန်းချန်ရွှမ်သည် သူ၏ခေါင်းမူသွားသလို ခံစား လိုက်ရသည်။ ချက်ခြင်းပင် မရေတွက်နိုင်သော ပုံရိပ်ယောင်များ ပေါ်လာပုံရလေသည်။
၎င်းသည် သူ့နှလုံးသားကို တုန်လှုပ်သွားစေသည်။
စကားတစ်ခွန်းမှမပြောဘဲ ၊ သူ ၏ အသိစိတ်ပင်လယ်၏ နက်ရှိုင်းသောနေရာတွင် ကျယ်ပြောသော ကောင်းကင်နတ်ဘုရားကျောက်စိမ်းသည် အနည်းငယ်တုန်လှုပ်သွားခဲ့သည်။
ခနအကြာတွင် ပုံရိပ်ယောင်များအားလုံး ပျောက်ကွယ်သွားခဲ့သည်။
"ဟင်?"
တစ်ချိန်တည်းမှာပင် အမျိုးသမီးထံမှ အံ့အားသင့်နေသည့် အသံတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် သူမသည် ပြုံးကာ ကျန်းချန်ရွှမ်ကို ကြည့်လိုက်သည်။
"ငါမမှားဘူးဆိုရင် မင်းက ဆရာပြောတဲ့ ဂျူနီယာမောင်လေး မဟုတ်လား။ ဆရာပြောခဲ့သလိုပဲ မင်းရဲ့ မူလစိတ်ဝိညာဉ်က အရမ်းအားကောင်းတယ်။ မင်းက ငါ့အိပ်မက်ထဲကနေ မြန်မြန်လွတ်မြောက်သွားခဲ့တယ်။အို ဟုတ်သားပဲ၊ ငါ့ကိုယ်ငါ မိတ်ဆက်ဖို့ မေ့သွားတယ်။
ငါ့နာမည်က ရှီရှန်းယောင်ပါ။ ငါက မင်းရဲ့စီနီယာအစ်မပါ။ ဒီနေ့ပဲ အပြင်က ပြန်ရောက်လာတာ။"
"ဟင်? စီနီယာအစ်မလား? ရှီရှန်းယောင်လား?”
ထိုနာမည်ကိုကြားလျှင် ကျန်းချန်ရွှမ်၏ နှလုံးခုန်သံက ချက်ချင်းခုန်မြန်သွားခဲ့သည်။ သူတစ်ခါမှ မတွေ့ဖူးသောသော ဤစီနီယာအစ်မကို ကြားဖူးနေသည်မှာ ကြာပြီဖြစ်သည်။ သူမကို ယနေ့ တွေ့ခွင့်ရမည်ဟု မမျှော်လင့်ထားပါ။
စကားတစ်ခွန်းမှ မပြောဘဲ ချက်ချင်းပင် ပြုံးလိုက်ပြီး လက်သီးများကို ဆုပ်ကိုင်လိုက်သည်။
“စီနီယာအစ်မနဲ့ လူချင်းတွေ့ရတာ တကယ့်ကို ဂုဏ်ယူစရာပါ။
အစ်မက ကျွန်တော်တို့ရဲ့ ရှန်းဝူတောင် မျိုးရိုးစဉ်ဆက်ထဲက အင်အားအကြီးဆုံးလို့ အမြဲ ကြားဖူးတယ်။ ဒီနေ့အစ်မကိုတွေ့တော့ အစ်မရဲ့ဂုဏ်ပုဒ်နဲ့ ကောင်းကောင်းထိုက်တန်တယ်ဆိုတာ ကျွန်တော်မြင်နိုင်ပါတယ်။”
ယခုအချိန်တွင်ရှီရှန်းယောင်၏ ပုံရိပ်ယောင်များသည် မည်သို့မှရည်ရွယ်ခြင်းမဟုတ်ဘဲ သူမဘက်မှ သတိမထားမိသော လုပ်ရပ်တစ်ခုသာဖြစ်ကြောင်း ကျန်းချန်ရွှမ် ကောင်းစွာသိရှိခဲ့သည်။
သူသိထားသည်မှာ သူ၏စီနီယာအစ်မက ဒြပ်စင်ငါးမျိုးပုံရိပ်ယောင်နည်းစနစ်ကို ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။
သူမဘာမှမလုပ်ခဲ့လျှင်ပင် သူမ၏တည်ရှိမှုသည် စိတ်ကူးယဉ်မှုတစ်ခုသာဖြစ်သည်။
သာမန်လူများသည် သူမနှင့်တွေ့ဆုံသော အချိန်ကာလအတွင်း၌ အိပ်မက်နိုင်ငံတစ်ခုထဲကို ကျရောက်သွားလိမ့်မည်ဖြစ်သည်။
တူညီသော အဆင့်ရှိ ကျင့်ကြံရေးသမားများပင် ၊ သူတို့သည် မကောင်းသော ရည်ရွယ်ချက် တစ်ခုခုကို စွဲကိုင်ထားလျှင် ၊ သူမ၏ လှည့်စားမှုများကြောင့် ထောင်ချောက်ထဲသို့ ကျရောက် နိုင်ပါသည်။
ထို့ကြောင့် ကျန်းချန်ရွှမ်က မဆန့်ကျင်မတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အခြားတစ်ဘက်တွင်မူ ရည်ရွယ်ချက် မည်သို့ပင်ရှိစေကာမူ ၊ ပထမအကြိမ်တွေ့ဆုံမှုတွင် ထိုသို့လုပ်ဆောင်ခြင်းသည် သဘာဝအားဖြင့် စိတ်အနှောင့်အယှက် ဖြစ်စေလိမ့်မည်။
သို့သော် ရှီရှန်းယောင်၏ ဖြစ်ရပ်သည်ကွဲပြားခြားနားသည်။ သူမ၏ စိတ်ကူးစိတ်သန်းများသည် သူမ၏ ဆန္ဒကြောင့် မဟုတ်ပါ။ သူမကိုမြင်သူတိုင်း ၊ သူမအောက်ရှိ ကျင့်ကြံသူ (သို့မဟုတ်) သူမ၏ပုံရိပ်ယောင်အမျိုးအစားကို မခံနိုင်သူ မည်သူမဆို ၎င်းကြောင့်အနည်းနှင့် အများထိခိုက်ရလိမ့်မည်။
ထို့ကြောင့်။
သာမန်အခြေအနေတွင် ရှီရှန်းယောင်သည်လူထူထပ်သောနေရာများတွင်ပေါ်လာခဲသည်။ သို့သော် အကယ်၍ သူမပေါ်လာလျှင် တစ်ခုခုဖြစ်နေသည်မှာ သေချာပါသည်။
"ဘယ်လိုခံစားရလဲ? မင်းအစ်မရဲ့ စိတ်ကူးယဉ်အိပ်မက်ကို မင်းဘယ်လိုထင်လဲ။"
ထိုအချိန်တွင် သူတို့နားထဲ၌ ရုတ်တရက် ပျော်ရွင်သည့် အရိပ်အယောင်များနှင့်ပြည့်နှက်နေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤအသံကိုကြားသောအခါ ကျန်းချန်ရွှမ်နှင့် ရှီရှန်းယောင်တို့ နှစ်ဦးစလုံးသည်တုန်လှုပ်သွားကြပြီး ချက်ချင်း အသံ ၏ ဦး တည်ချက်အတိုင်းလှည့်ကြည့်ကာ ဦးညွှတ်လိုက်ကြသည်။
"မင်္ဂလာပါ ဆရာ!"
***