ဒြပ်စင်ငါးပါးသုတ်သင်ခြင်းနတ်ဘုရားအလင်း
Vol. 39 Ch. 742
ရောက်ရှိလာသူမှာ ချင်ရှန်းဝူ ဖြစ်သည်။ သူသည် နှစ်ဦးလုံးကို ပြုံးပြလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“အမှန်တကယ်ပဲ မင်းတို့နှစ်ယောက်လုံးထဲ တစ်ယောက်မှ ငါ့ကို စိတ်မပျက်စေခဲ့ဘူး။ ငါရွေးထားတဲ့ တပည့်တွေလို့ကို မပြောရဘူး။"
ချင်ရှန်းဝူ၏ ဆင်ခြင်တုံတရားရှိသော မျက်လုံးများမှ သူသည် ကျန်းချန်ရွှမ်၏ ကျင့်ကြံမှုအဆင့် တွင် အပြောင်းအလဲများကို ချက်ချင်း သတိပြုမိခဲ့သည်။
“ဒြပ်စင်ငါးပါးနတ်ဘုရားပြန်လည်မွေးဖွားခြင်းတောင်က မင်းအတွက် အတော်လေး ထိရောက်မှု ရှိပုံရတယ်။"
"ဒါကအကုန် ဆရာရဲ့အကူအညီကြောင့်ပါ။"
ကျန်းချန်ရွှမ်က နှိမ့်ချစွာ တုံ့ပြန်ခဲ့သည်။
ချင်ရှန်းဝူက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ကောင်းပြီ ၊ ကောင်းပြီ။ မင်းထက်ပိုပြီး ဒြပ်စင်ငါးပါးနတ်ဘုရားပြန်လည်မွေးဖွားခြင်းတောင် အကြောင်းကို ငါသိပါတယ်။ အတွင်းမှာ ဘယ်လောက်ရနိုင်မလဲဆိုတာ အရည်အချင်းပေါ်မှာပဲ မူတည်တယ်။ ဘာပဲဖြစ်ဖြစ် ၊ ဒီနေ့ မင်းငါ့ကို တစ်ခုခုကြောင့် လာတွေ့ဖို့ လာခဲ့တာလား"
"ဆရာ!"
ကျန်းချန်ရွှမ်သည် သူ ၏ လက်သီးများကိုအလျင်အမြန်ဆုပ်ကိုင်လိုက်သည်။
"ကျွန်တော်ကျင့်ကြံရေးကို အာရုံစိုက်ဖို့ တိမ်တိုက်မြူတောင်ထိပ်ကို ပြန်သွားဖို့ စီစဉ်ထားကြောင်း ဒီနေ့ လာအသိပေးတာပါ။"
"မင်းရဲ့ တိမ်တိုက်မြူ တောင်ထိပ်ကို ပြန်မလို့လား?”
ချင်ရှန်းဝူက ခေါင်းညိတ်လိုက်သည်။
"အဲ့တာကောင်းပါတယ်။ နှစ်တစ်ရာအတွင်းမှာ မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေ ဖွင့်တော့မယ်။ အဲဒါမတိုင်ခင် မင်းရဲ့ကျင့်ကြံရေးကို ခိုင်မာအောင်လုပ်ပြီး ဗလာနယ်ပြန်အဆင့်ကို ဖြတ်ကျော်ဖို့ အုတ်မြစ်တစ်ခု စုဆောင်းတာဟာ ပညာရှိတာပဲ။ ဆက်လုပ်ပါ။"
"နားလည်ပါပြီ။"
ကျန်းချန်ရွှမ်သည် အမိန့်ကိုချက်ချင်းလက်ခံခဲ့သည်။ သူသည် ရှီရှန်းယောင်ဘက်သို့ ခေါင်းညိတ်ပြကာ ရှန်းဝူတောင်ထိပ်မှ ပျံသန်းထွက်ခွာ သွားတော့သည်။
........
"မင်းရဲ့ ဂျူနီယာမောင်လေးကို ဘယ်လိုထင်လဲ"
ကျန်းချန်ရွှမ်ထွက်သွားသည်နှင့် ချင်ရှန်းဝူက ရှီရှန်းယောင်ကို အပြုံးဖြင့် မေးလိုက်သည်။
"ပြောပြဦးမယ်။ အဲဒီနေ့က သူနဲ့ သူ့တာအိုအဖော်တို့က ဆန်းကြယ်ကောင်းကင်ဂူထဲကို ဝင်တော့ သူတို့နှစ်ယောက်လုံး ဆဌမအဆင့်ကို ရောက်သွားတယ်။"
"အိုး? ဆန်းကြယ်ကောင်းကင်ဂူ ရဲ့ ဆဌမအဆင့်လား။"
ဒီစကားကိုကြားတော့ ရှီရှန်းယောင်က အံ့အားသင့်သွားသည်။
ကျန်းချန်ရွှမ်သည် သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် ဆန်းကြယ်ကောင်းကင်ဂူ၏ ဆဌမအဆင့်သို့ ရောက်ရှိသည့် အဓိပ္ပာယ်ကို သူမကောင်းကောင်းသိသည်။
“အဲ့တာတကယ်ပဲ၊ ပြီးတော့ အဲဒီအချိန်တုန်းက သူက သူ့ရဲ့ အခုလက်ရှိကျင့်ကြံခြင်းအဆင့် မှာတောင် မရှိခဲ့ဘူး။"
"သူ့အခုလက်ရှိကျင့်ကြံခြင်းအဆင့် မဟုတ်ဘူးလား?"
ရှီရှန်းယောင်က ပို၍ပင် အံ့အားသင့်သွားခဲ့ရသည်။
.....
သူတို့သည် ကျန်းချန်ရွှမ်အကြောင်း ဆက်လက်ဆွေးနွေးနေစဉ် ကျန်းချန်ရွှမ်သည် သူ ၏ တိမ်တိုက်မြူတောင်ထိပ်သို့ ပြန်သွားပြီးဖြစ်သည်။
တိမ်တိုက်မြူတောင်ထိပ်သို့ပြန်သွားသည်နှင့်တစ်ပြိုင်နက် သမင်အဖြူရောင်လေး ကပျော်ရွှင်စွာ အော်ဟစ်ပြီး သူ၏ဘက်သို့ရောက်လာသည်။
ကျန်းချန်ရွှမ်သည် ချက်ချင်းပင် ပြုံးလိုက်ပြီး ခေါင်းကို ထိလိုက်သည်။ ထို့နောက် သူ ၏ ခန္ဓာကိုယ်မှ ဝိညာဉ်ရေးရာ အသီးတစ်မျိုးကို ထုတ်ယူကာ ပါးစပ်သို့ ယူကျွေးလိုက်သည်။
အဖြူရောင်လေးက နှာချေပြီး ကျန်းချန်ရွှမ် ပေးသော ဝိညာဉ်အသီးကို ကိုက်စားလိုက်သည်။
"လာပါ ၊ ငါ့ရဲ့ဂူကို လိုက်ခဲ့။" သူကပြောပြီး အဖြူရောင်လေးနှင့်အတူ တောင်ထိပ်တွင်ရှိသော ဂူဆီကို ဦးတည်သွားခဲ့သည်။
........
ရက်အနည်းငယ်အကြာတွင်၊
ကျန်းချန်ရွှမ်သည် တရားဝင် ဂူပိတ်ကျင့်ကြံခြင်းကို စတင်တော့သည်။
ဤတစ်ကြိမ်တွင် သူ၏အဓိကပန်းတိုင်မှာ ဒြပ်စင်ငါးပါးကို အခြေခံအဖြစ်သုံးပြီး ဒြပ်စင်ငါးပါး၏ အဆုံးမဲ့နတ်ဘုရားစွမ်းအားကို နားလည်နိုင်ရန်ဖြစ်သည်။
ဒြပ်စင်ငါးပါးသုတ်သင်ခြင်းနတ်ဘုရားအလင်း။
ဤသည်မှာ ချင်ရှန်းဝူက သူ့အားပေးခဲ့သော လက်ဆောင်တစ်ခုလည်းဖြစ်သည်။
သူသည် ဒီရာစုနှစ်အတွင်းတွင် ဒြပ်စင်ငါးပါးသုတ်သင်ခြင်းနတ်ဘုရားအလင်းကို ဖမ်းဆုပ် နိုင်ခဲ့မည်ဆိုလျှင် သူ့ခွန်အားကို သိသိသာသာ မြှင့်တင်နိုင်လိမ့်မည်ဖြစ်သည်။
အကယ်၍ သူသည်ဗလာနယ်ပြန်နတ်ဘုရားအရှင်နှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် သူသည် အနည်းဆုံးသူတို့အား ရင်ဆိုင်နိုင်ရန် အစွမ်းရှိလိမ့်မည်။
သို့ရာတွင် ဒြပ်စင်ငါးပါးသုတ်သင်ခြင်းနတ်ဘုရားအလင်းကိုနားလည်သဘောပေါက်ရန်မှာ လွယ်ကူသည့်အလုပ် မဟုတ်ပါ။
ကျန်းချန်ရွှမ်၏ လက်ရှိအခြေခံအုတ်မြစ်နှင့် ဤကဲ့သို့သော အစွမ်းထက်နတ်ဘုရားစွမ်းအားကို နားလည်ရန် လုံလောက်သောအချိန်ရှိရန် အရေးကြီးသည်။
ကံကောင်းစွာပင် သူ၌ ကျင့်ကြံရေးတွင်အထောက်အပံပေးနိုင်သော အသိဉာဏ်ပွင့်စေသော ဆေးလုံးကဲ့သို့ ရတနာများရှိပြီး ဉာဏ်အလင်းပေးမှုအခြေအနေသို့ ဝင်ရောက်နိုင်စွမ်းရှိကာ တစ်ကြိမ်တည်းဖြင့် အောင်မြင်မှုကို ရရှိနိုင်စွမ်းရှိခဲ့သည်။
.......
တစ်ချိန်တည်းတွင်။
ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်း၏ ခန်းမထဲတွင်ဖြစ်သည်။
ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်း၏ ဂိုဏ်းချုပ် ဟွားချန်းဟိုင်သည် သူ၏တပည့်များကိုကြည့်ကာ အသံနက်ဖြင့် ပြောလိုက်သည်။
"ဒီတစ်ခါ မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေကို သွားတဲ့အခါ ငါတို့ဂိုဏ်းအတွက်အဖိုးတန် ရတနာတွေရှာဖို့ကူညီတာအပြင် မင်းတို့အတွက် နောက်ထပ်အရေးကြီးတဲ့ မစ်ရှင်တစ်ခုလည်း ရှိသေးတယ်။"
"ဂိုဏ်းချုပ် ၊ ကျွန်တော်တို့ကို ညွန်ကြားပါ။"
ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်း၏ တပည့်များက ဦးညွှတ်ကာ လက်သီးများဆုပ်လိုက်ကြသည်။
"ကောင်းတယ်။"
ဟွားချန်ဟိုင်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ၏ မျက်လုံးများပေါ်တွင် ထက်မြက်သော အလင်းတစ်ခုတောက်ပကာ အေးစက်စွာပြောလိုက်သည်။
"ကျန်းချန်ရွှမ်လို့ခေါ်တဲ့ လူတစ်ယောက်ကို ဖြေရှင်းဖို့ပဲ။"
"ကျန်းချန်ရွှမ်?"
တပည့်များ အုပ်စုသည် ပဟေဠိဆန်သော အကြည့်ဖြင့် ကြည့်နေကြသည်။ ကျန်းချန်ရွှမ်ဟုခေါ်သော ကျင့်ကြံသူတစ်ယောက်ကို သူတို့တစ်ခါမှ မကြားဖူးကြသည်မှာ ထင်ရှားပါသည်။
"မှန်တယ်။"
ဟွားချန်ဟိုင်သည် ခေါင်းညိတ်လိုက်ကာ သူ့မျက်နှာပေါ်တွင် ကြမ်းတမ်းမှု အနည်းငယ် တိုးလာခဲ့သည်။
သူက ဂရုမစိုက်ဘဲ ပြောလိုက်သည်။ "ဒီလူက အောက်နယ်ပယ်ကနေ တက်လာတဲ့ ကျင့်ကြံသူပဲ။ သူက ငါတို့ ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းကို ငြင်းပယ်ရုံမက ဟောက်ရန်ဂိုဏ်းကိုလည်း ဝင်သွားခဲ့တယ်။
မုန်းစရာအကောင်းဆုံးက ဒီလူဟာ ချင်ရှန်းဝူရဲ့ ဂိုဏ်းထဲကို တိုက်ရိုက်ဝင်ရောက်ပြီး သူ့ရဲ့ လက်ရင်း တပည့်ဖြစ်လာတာပဲ။ ချင်ရှန်းဝူ ဘယ်သူလဲဆိုတာ အားလုံးသိကြမှာပါ။ အဲ့နေ့က ဒြပ်စင်ငါးပါးပြန်လည်မွေးဖွားခြင်းတောင်ကို ယူသွားတဲ့ အဲ့ဒီကောင်ပဲ။ မင်းတို့တွေ ဒီတစ်ခါ မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေထဲ ဝင်မယ်ဆိုရင် ကျန်းချန်ရွှမ်ဝင်ဖို့ အခွင့်အလမ်းက အရမ်းမြင့်မယ်လို့ ငါယုံကြည်တယ်။ ဒါကြောင့် မင်းတို့သူ့ကိုတွေ့တာနဲ့ သတ်ပစ်ဖို့ လိုအပ်တယ်။
ဘာပဲဖြစ်ဖြစ် သူကို သတ်။ ချင်ရှန်းဝူက သူ့တပည့် မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေမှာ သေဆုံးသွားတဲ့အခါ ဘယ်လို တုံ့ပြန်မလဲဆိုတာ ငါကြည့်ချင်သေးတယ်။”
"ဟုတ်ကဲ့ပါ။ ဂိုဏ်းချုပ်။"
ဟွားချန်ဟိုင်၏ အမိန့်ကိုကြားသောအခါ တပည့်များအားလုံးသည်အမိန့်ကိုလက်ခံလိုက်ကြသည်။
တစ်စုံတစ်ယောက်သည် ၎င်းတို့ ၏ ဒြပ်စင်ငါးခု ကောင်းကင်ဘုံဂိုဏ်းမှ ဖိတ်ကြားချက်ကို ငြင်းပယ်ရဲကာ ဟောက်ရန်ဂိုဏ်းသို့ ဝင်ရောက်၍ ချင်ရှန်းဝူ ၏ တပည့်ဖြစ်လာသည်ကိုလည်း အံ့အားသင့်ခဲ့ကြသည်။
၎င်းသည် သူတို့၏ ဂိုဏ်းကို တိုက်ရိုက်စော်ကားခြင်းတစ်ခုအဖြစ်မြင်နိုင်ပြီး သူတို့သည် ဟွားချန်ဟိုင်၏ ရှင်းလင်းပြတ်သားသော ညွှန်ကြားချက် မပါလျှင်ပင် ထိုကဲ့သို့ သော လူ တစ် ဦး ကို အလွယ်တကူ မလွှတ်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။
.....
အချိန်များကုန်လွန်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းတစ်ရာကုန်ဆုံးသွားခဲ့လေသည်။
ကျန်းချန်ရွှမ်၏ ဂူဗိမာန်ထဲတွင် ထူးခြားသည့်အရောင်အဝါများကို သယ်ဆောင်ထားသော အရောင်ငါးရောင်နှင့် အလင်းများသည် တစ်ခုဆီက စတင်၍ သူ၏ပတ်ဝန်းကျင်တွင် လိမ့်တက်လာသည်။ ဤမတူကွဲပြားသော အလင်းတန်းများသည် ဖျက်ဆီးခြင်းအရောင်အဝါနှင့် ပြည့်နေသော အလင်းတန်းတစ်ခုတည်းအဖြစ်ပေါင်းစည်းသွားသည်။ ၎င်းသည် ကျန်းချန်ရွှမ် နှစ်ရာချီသုံးကာ နားလည်သဘောပေါက်ခဲ့သော ဒြပ်စင်ငါးပါးသုတ်သင်ခြင်း နတ်ဘုရားအလင်းဖြစ်သည်။
တစ်ကြိမ်ထုတ်လွတ်လိုက်သည်နှင့် ထို နတ်ဘုရားအလင်းသည် ၎င်း၏လမ်းရှိအရာအားလုံးကို အခြေခံအဆင့်ထိရောက်အောင် ရှင်းလင်းပစ်နိုင်ပြီး သဲလွန်စပင်မကျန်တော့အောင် လုပ်ပေးနိုင်သည်။ အရာအားလုံးသည် အမှုန်အဆင့်မှ ပျက်စီးသွားလိမ်မည်ဖြစ်ပြီး နောက်ဆုံးတွင် စင်ကြယ်သော ဘာမှမရှိသည့်အရာအဖြစ် ပြန်သွားလိမ့်မည်ဖြစ်သည်။
ဤသည်မှာ အမှန်ပင် ထိပ်ဆုံးအဆင့် နတ်ဘုရားစွမ်းအင်ဖြစ်သည်။
ကျီ!
ကျန်းချန်ရွမ်သည် ဒြပ်စင်ငါးပါးသုတ်သင်ခြင်းဘုရားအလင်းကို စုပ်ယူလိုက်ကာ တဖြည်းဖြည်း စိတ်ကျေနပ်မှုဖြင့် ပြုံးပြီး မျက်လုံးများကို ဖွင့်လိုက်သည်။
နောက်ဆုံးမှာ သူအောင်မြင်ခဲ့ပြီ။ သို့သော် သူ၏ ဆက်သွယ်ရေးကျောက်စိမ်းပြားပေါ်ရှိ သူ၏ဆရာထံမှ စာတစ်စောင်ကို သတိပြုမိသောအခါ သူ အနည်းငယ် အံ့သြသွားခဲ့သည်။
စာကိုဖတ်ပြီး သူသည်မြန်မြန် ထသွားလိုက်သည်။ ဆရာက သူ့အား တာဝန်ခန်းမကို တိုက်ရိုက်သွားစေချင်နေသည်။ ၎င်းသည် မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေနှင့် ပက်သက်နေပုံရပါသည်။ ဤအချက်ကိုစဉ်းစားသောအခါ ကျန်းချန်ရွှမ်သည် တုံ့ဆိုင်းမနေတော့ပါ။
ပစ္စည်းများကိုသိမ်းပြီးနောက် သူသည် ဂူထဲမှ ထွက်ခွာသွားခဲ့သည်။
အပြင်တွင်စောင့်နေသော အဖြူရောင်သမင်လေးကို နှုတ်ဆက်ပြီးနောက် အလင်းတန်းအဖြစ်သို့ ပြောင်းကာ တာဝန်ခန်းမသို့ ပျံသွားလိုက်သည်။
***