သွားရောက်တွေ့ဆုံခြင်း
Vol. 017 Ch. 1690
ခရမ်းရွှေကြွက်ကလန်သည် ကြီးကျယ်ခန်းနားပေသည်။ ခရမ်းရွှေကြွက်အင်ပါယာသည် အမြင့်ဆုံးသောစွမ်းအားကိုရရှိကာ ကလန်ကို တည်ထောင်ပြီးကတည်းက သူတို့သည် တခမ်းတနားနေထိုင်ခဲ့ကြသည်။
ယခု ရွှေစင်ရွှေသားမြေအောက်နန်းတော်၌ ခရမ်းရွှေကြွက်အင်ပါယာသည် တန်ခိုးရှင်တစ်စုကို ဦးဆောင်ကာ ကောင်းကင်နတ်တံခါးမြို့သို့ ထွက်ခွာရန် ပြင်ဆင်နေသည်။
သူတို့အကြား ရန်ငြိုးတချို့ရှိသော်လည်း သူတို့သည် နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ မဟာမိတ်ဖွဲ့ခဲ့ကြသည်။ ရီဖူရှင်းသည် ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်တို့ကို ဖျက်ဆီးခဲ့သော်လည်း သူတို့ကို စောင့်ကြည့်ရန် လူမလွှတ်ခဲ့ပေ။ ကြည့်ရသည်မှာ သူတို့သည် ဖျက်ဆီးရန်ပင် ထိုက်တန်ဟန်မတူ။
အတန်ကြာတွေးတောပြီးနောက်တွင် ခရမ်းရွှေကြွက်အင်ပါယာသည် သူ၏အမှားများကို ဝန်ချတောင်းပန်ရန် ဆုံးဖြတ်ခဲ့သည်။ သူသည် ရတနာအချို့နှင့်အတူ ရီဖူရှင်းကို အပြစ်လုပ်ခဲ့သော ရွှေကြွက်ကိုခေါ်ဆောင်ကာ ရီဖူရှင်းထံ ခွင့်လွှတ်မှုတောင်းခံရန် ခေါ်ဆောင်သွားပေမည်။
ခရမ်းရွှေကြွက်အင်ပါယာသည် အခြေအနေကို လိုက်လျောညီထွေရှိစွာ ပြုမူဆောင်ရွက်တတ်သူဖြစ်သည်။
ထို့အပြင် ယနေ့တွင် သူသည် ကောင်းကင်နတ်တံခါးသို့ သွားမည်ဖြစ်သည်။ အကယ်၍ ရီဖူရှင်းက သူ့အား ခွင့်မလွှတ်လျှင် အဆုံးစွန်အထိတိုက်ခိုက်ကာ ရီဖူရှင်းကို ငရဲပြည်သို့ အပါခေါ်သွားရန် ဆုံးဖြတ်ထားသည်။
“သွားရအောင်...” ခရမ်းရွှေကြွက်အင်ပါယာက ဆိုသည်။ ရုတ်တရက် ရွှေရောင်အလင်းများနှင့်အတူ သူတို့သည် ထွက်ခွာရန် ပြင်ကြ၏။
“ဟမ်...”
သူတို့ထွက်ခွာခါနီးတွင်ပင် ခရမ်းရွှေကြွင်အင်ပါယာသည် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ တစ်စုံတစ်ခု မူမမှန်ဟု သူခံစားနေရသည်။
ထို့နောက် သူ၏အမူအရာ ပြောင်းလဲသွား၏။
မကြာမှီ အဝေးမှလာဟန်ရသော မိစ္ဆာအငွေ့အသက်တချို့ ဆင်းသက်လာခဲ့၏။ ခရမ်းရွှေကြွက်များ၏အမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့က တချိန်တည်းတွင်ပေါ်လာသော တန်ခိုးရှင်လေးဦးကို ကြည့်လိုက်ကြသည်။ ကျန့်ချန်းကျီနှင့် မိစ္ဆာဘုရင်သုံးဦးတို့ ရောက်လာခြင်းဖြစ်သည်။
ထိုအခိုက်တွင် ခရမ်းရွှေကြွက်အင်ပါယာ၏စိတ်နှလုံး တုန်ခါသွားရသည်။
သူတို့ကား အဆုံးသတ်လေပြီ။
တစ်ဘက်ရန်သူအစုအဖွဲ့ကား ကောင်းကင်အာဏာစက်ပြည်ထောင်ကို ဖျက်ဆီးခဲ့သော အစုအဖွဲ့ဖြစ်သည်။
သူတို့ရောက်လာခြင်းက မည်သည်ကို ဆိုလိုသနည်း။
ရီဖူရှင်းကား ခရမ်းရွှေကြွက်များကို လွှတ်ပေးရန် မည်သည့်အခါကမှ မတွေးခဲ့ပေ။ ဝမ်ကလန်ခေါင်းဆောင်သည် ခရမ်းရွှေကြွက်အင်ပါယာ၏လက်ထဲတွင် သေဆုံးခဲ့သည်။ သူသာ ထိုကြွက်စုများကို လွှတ်ပေးလိုက်ပါက ဝမ်ကလန်ကို မည်သို့ မျက်နှာချင်းဆိုင်ရမည်နည်း။ ကောင်းကင်နတ်တံခါးကလည်း သူတို့ကို ခွင့်လွှတ်မည် မဟုတ်ပေ။
ထို့အပြင် ရီဖူရှင်းသည် ခရမ်းရွှေကြွက်ကလန်၌ ဖြစ်ပျက်နေသည်များကို သိနားလည်ပေသည်။ အကယ်၍ သူတို့သာ အခွင့်အရေးရှိပါက ကောင်းကင်နတ်တံခါးကို ဖျက်ဆီးကြပေလိမ့်မည်။
ဝုန်း...
မည်သည့်စကားမှ ဆိုမနေဘဲ ထိပ်သီးတန်ခိုးရှင်လေးဦးက တိုက်ခိုက်ကြတော့သည်။ သူတို့ကား ခရမ်းရွှေကြွက်အင်ပါယာကို ယခင်ကတည်းက မုန်းတီးကြသည်။
ခရမ်းရွှေကြွက်အများအပြားသည် ကြီးစွာ နောင်တရကြသည်။ သူတို့က အဘယ်ကြောင့် ရီဖူရှင်းကို ရန်ရှာမိခဲ့ကြသနည်း။
မှန်သည်၊ ၄င်းက သူတို့ ဖျက်ဆီးခံရခြင်း၏အကြောင်းအရင်း မဟုတ်ချေ။
ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်တို့ ဖျက်ဆီးခံရပြီးနောက်တွင် ခရမ်းရွှေကြွက်ကလန်သည်လည်း ပျက်စီးရတော့သည်။ ခရမ်းရွှေကြွက်အင်ပါယာနှင့် များစွာသော ရွှေကြွက်ရန်ဟောင်များ အသတ်ခံရ၏။ တခြားသော ရွှေကြွက်များမှာ မိစ္ဆာကလန်များ၏ဖမ်းဆီးခြင်းကို ခံရသည်။
ကောင်းကင်အာဏာစက်ပြည်ထောင်၏အင်အားကြီးအဖွဲ့သုံးဖွဲ့ ဖျက်ဆီးခံရခြင်းက ကောင်းကင်အာဏာစက်ဘုံ၏အာဏာခွဲဝေမှုကို ကြီးမားစွာ ပြောင်းလဲစေခဲ့သည်။ သို့သော်လည်း ကောင်းကင်အာဏာစက်ဘုံမှလူများက ထိုအပြောင်းအလဲမှာ ဘုံကို အားလျော့သွားစေမည်ဟု မတွေးကြပေ။ အနာဂတ်တွင် သူတို့ဘုံသည် များစွာ တိုးတက်ထွန်းကားလာမည်ဟုပင် ယုံကြည်ကြ၏။
ထို့ကြောင့်ပင် ကောင်းကင်အာဏာစက်ဘုံသည် မည်သည့်အခါကမှ အင်အားစုတစ်ခုတည်း၏လက်အောက်ကို ကျရောက်မသွားခဲ့ခြင်း ဖြစ်နိုင်ပေသည်။ ထို့အပြင် ဘုံကိုးခုကို တုန်ခါစေနိုင်သော ထိုလူငယ်က သူသည် မကြာမှီ ကျောင်းတော်တစ်ခုတည်ထောင်ကာ အားလုံးအတွက် ကျင့်ကြံခြင်းအခွင့်အလမ်းများကို ပေးမည်ဟု ပြောခဲ့သည်။ သူ့စကားကိုလည်း အများစုက ယုံကြည်ကြသည်။ မည်သို့ဆိုစေ ထိပ်သီးတန်ခိုးရှင်များပင် သူ့ကို ယုံကြည်ကြသည်မဟုတ်ပါလား။
ကောင်းကင်ပြက္ခဒိန်၏ ၁၀၀၃၆ခုနှစ်သည် ကောင်းကင်အာဏာစက်ဘုံ၏သမိုင်းဝင်နှစ်တစ်နှစ်ဖြစ်သည်။
ကောင်းကင်နတ်တံခါးမြို့တွင် ကောင်းကင်နတ်တံခါးနန်းတော်ကို ပြန်လည်တည်ဆောက်နေသည်။ မရေမတွက်နိုင်သောလူများ လာရောက်ကူညီကြ၏။ ကောင်းကင်နတ်တံခါးပြန်လာခြင်းက လူတိုင်းကို ပျော်ရွှင်စေသည်။
ကောင်းကင်နတ်တံခါးနန်းတော် ပြန်လည်တည်ဆောက်နေစဉ် ရင်ကျိုးတောင်မှလူများ ရောက်လာကြသည်။ ခရမ်းရွှေကြွက်ကလန်ဖျက်ဆီးခံရပြီးနောက်တွင် သူတို့ကိုလည်း လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်ကြ၏။ သို့သော်လည်း မည်သူမှ ရောက်မလာခဲ့ပေ။ ထို့ကြောင့် ရီဖူရှင်းက သူတို့ကို မည်သည့်အခါကမှ တိုက်ခိုက်ရန် အစီအစဉ်မရှိခဲ့ကြောင်း သဘောပေါက်လိုက်ကြသည်။
ရီဖူရှင်းက သူတို့အပေါ် ရန်ငြိုးများ မထားသော်လည်း မိစ္ဆာကလန်သုံးခုကမူ သူတို့ထံသို့ သွားရောက်ကာ ရတနာများကို လုယက်ခဲ့ကြ၏။ ၄င်းက သူတို့ကို ကြီးမားစွာ ဆုံးရှုံးစေသော်လည်း သူတို့ မတုန့်ပြန်ရဲကြပေ။
ထို့နောက်တွင် သူတို့သည် မည်သို့မှ မတတ်သာဘဲ နောင်တွင် ပြဿနာမရှာတော့ကြောင်း ကတိကဝတ်ပြုကြရ၏။ ကောင်းကင်အာဏာစက်ဘုံ၏မိစ္ဆာနယ်မြေသည် နောင်တွင် နတ်ဆင်ကလန်၊ နဂါးကလန်နှင့် ကောင်းကင်မိစ္ဆာကလန်တို့ အုပ်စိုးရန် ရှိနေသည်မဟုတ်ပါလား။
ထို့နောက်တွင် ကောင်းကင်အာဏာစက်ဘုံ၏ပြဿနာများ ချုပ်ငြိမ်းချေပြီ။
ယခုတွင် ကွဲပြားခြားနားသော ပုံပြင်တစ်ပုဒ်ဖြစ်သွားလေပြီ။
ရီဖူရှင်း၊ ကျန့်ချန်ကျီ၊ ဟွားကျန့်ချန်၊ ဂူတုံးလျှိုနှင့် တခြားလူများသည် ကောင်းကင်နတ်တံခါးသို့ ရောက်နေကြပြီဖြစ်သည်။
အဆောက်အဦများ ဆောက်လုပ်နေကြသူများအားလုံးကို ဟွားကျန့်ချန်နှင့် ကျန့်ချန်ကျီတို့က ပြုံးလျှက်ကြည့်နေကြသည်။
ကောင်းကင်နတ်တံခါးကား နောက်ဆုံးတွင် အပျက်အစီးပုံမှ ပြန်လည်ရုန်းထနိုင်ခဲ့ပြီဖြစ်သည်။ သူတို့၏ရန်သူ ကောင်းကင်အာဏာစက်ပြည်ထောင်မှာလည်း ပျက်စီးသွားချေပြီ။
“အကြီးအကဲ... ကောင်းကင်နတ်တံခါးက ဘယ်တော့ တပည့်သစ်တွေ လက်ခံမှာလဲ” ရီဖူရှင်းက အဝေးကို ကြည့်ကာ မေးသည် “ကောင်းကင်နတ်တံခါးမြို့က လူတွေ လေ့ကျင့်ဖို့ အတော်ကို ဆာလောင်နေကြတဲ့ပုံပဲ”
“ပထမဆုံး ငါက ရန်ဟောင်တွေကို စေလွှတ်ပြီးတော့ တခြားဘုံတွေမှာ ပျံ့ကျဲနေတဲ့ ငါတို့တပည့်တွေကို အရင်စုစည်းချင်တယ်။ ပြီးမှ ငါ့အနေနဲ့ တပည့်သစ်တွေ လက်ခံချင်တယ်” ကျန့်ချန်ကျီက ပြောသည်။ ကောင်းကင်နတ်တံခါးနှင့် အဝေးကို ရောက်နေသူများ အများအပြား ရှိပေသည်။ အများစုမှာ ရန်ဟောင်အဆင့်အောက်မှ ဖြစ်ရာ ဘုံများကို ဖြတ်သန်းသွားလာရန် အခက်အခဲရှိကြပေသည်။
“ဘုံကိုးခုမှာ ရန်ဟောင်တွေဆိုရင်တောင်မှ အဆက်အသွယ်ကောင်းကောင်းမရှိရင် လူရှာဖို့ မလွယ်ဘူး” ရီဖူရှင်းက ပြောသည်။
“ဒါကြောင့် ငါတို့နှစ်ယောက်က ကိုယ်တိုင်သွားဖို့ စဉ်းစားထားတယ်” ကျန့်ချန်ကျီက ပြုံးလျှက်ပြောသည်။ သူနှင့် ဟွားကျန့်ချန်တို့လည်း လူသွားရှာမည်ဖြစ်သည်။
ရီဖူရှင်းက ပြုံးလျှက်ခေါင်းညိတ်သည်။ သူတို့နှစ်ဦးသည် သေချာပေါက် ကောင်းကင်နတ်တံခါးမှ တပည့်များကို မစွန့်ခွာပေ။
“ဒါဆို ဒီမှာ ဘယ်သူအုပ်ချုပ်မလဲ”
“ဂူတုံးလျှို ဒီမှာ မရှိလို့လား” ကျန့်ချန်ကျီက ပြုံးလျှက်ပြောသည် “ငါတို့ ဒီကိစ္စကို ဆွေးနွေးပြီးပြီ။ အနာဂတ်မှာ ကောင်းကင်နတ်တံခါးကို ကလန်ခေါင်းဆောင်အများကြီးနဲ့ မဖွဲ့စည်းတော့ဘူး။ အကြီးအကဲတွေပြီးရင် ကလန်ခေါင်းဆောင်တစ်ဦးတည်းပဲ ရှိမယ်။ ဒါက ကလန်တွင်းအာဏာအားပြိုင်မှုကို လျော့ကျစေလိမ့်မယ်”
ရီဖူရှင်းက ကျန့်ချန်ကျီကို အံ့အားသင့်စွာ ကြည့်သည်။ သူက တစ်စုံတစ်ခုကို ခန့်မှန်းမိသည်။
“ဆရာကြီးက....”
ကျန့်ချန်ကျီက ခေါင်းညိတ်ကာ ပြောသည် “တုံးလျှို... ငါမင်းကို ကောင်းကင်နတ်တံခါးရဲ့ ကလန်ခေါင်းဆောင်နေရာကိုပေးတယ်”
ဂူတုံးလျှို ကြီးစွာ အံ့အားသင့်သွား၏။ သူက ကျန့်ချန်ကျီကို ကြည့်ကာ ပြောသည် “ကျွန်တော် မထိုက်တန်ပါဘူး”
အတွေ့အကြုံနှင့် ကျင့်ကြံဆင့်တို့အရဆိုပါက သူသည် ကလန်ကို များစွာ အကျိုးပြုနိုင်မည် မဟုတ်ပေ။
“အတိတ်က မင်းအဘိုးဟာ ကောင်းကင်နတ်တံခါးကို သူ့လက်နဲ့ကိုယ်တိုင် တည်ဆောက်ခဲ့တယ်။ သူ့ကြောင့်သာမဟုတ်ရင် ငါတို့ဟာ ဘယ်တုန်းကမှ ကြီးကျယ်ခန်းနားခဲ့မှာ မဟုတ်ဘူး။ အဲဒီတုန်းက ကလန်ကြီးသုံးခုအနေနဲ့တည်ရှိခဲ့ပေမဲ့ မင်းအဘိုးဟာ ကောင်းကင်နတ်တံခါးရဲ့ ပြယုတ်တစ်ခုဖြစ်တယ်ဆိုတာကိုလူတိုင်း သိကြတယ်။ အဆုံးမှာ ကောင်းကင်နတ်တံခါးနဲ့ဂူသွေးမျိုးဆက်ကို ကာကွယ်ဖို့အတွက် အသက်ကို စတေးခဲ့တယ်။ အခု မင်းဟာ မင်းအဘိုးရဲ့အမွေကို ဆက်ခံခဲ့ပြီ။ မင်းက ကောင်းကင်နတ်တံခါးကို ဦးမဆောင်နိုင်စရာ မရှိဘူး။ မင်းဟာ သေချာပေါက် ထိုက်တန်တယ်”
ဂူတုံးလျှိုက တစ်စုံတစ်ခုကို ပြောရန်ပြင်သည်။ သို့သော်လည်း ဟွားကျန့်ချန်က ပြုံးလျှက်ပြောသည် “နှစ်ပေါင်းများစွာကြာပြီ။ ငါဟာ အဌမအဆင့်နတ်ဝင်ရိုးမှာ ပိတ်မိနေခဲ့တယ်။ မင်းဟာ ငါ့ကို ဖိအားကင်းကင်းနဲ့ ကျင့်ကြံစေနိုင်မှာပဲ။ ငါဟာ နောက်တစ်ဆင့်ကို တက်ဖို့ အခွင့်အလမ်းရှိရင်လည်း ရှိမှာပဲ။ မင်းတို့လူငယ်တွေကတော့ ကောင်းကင်နတ်တံခါးရဲ့ကိစ္စအဝဝကို တာဝန်ယူသင့်ပြီ”
သူတို့နှစ်ဦးက ထိုသို့ပြောမှတော့ ဂူတုံးလျှိုလည်း ဘာမှ မပြောနိုင်တော့။ သူက အတန်ကြာ တိတ်ဆိတ်နေပြီးမှ ခေါင်းညိတ်သည် “ကောင်းပါပြီ”
သူကား ဂူမျိုးဆက်၏တစ်ဦးတည်းသော ကျန်ရစ်သူဖြစ်သည်။
သူ့အဘိုး၏ဆန္ဒကို လက်ခံကာ ကောင်းကင်နတ်တံခါးကို ဦးဆောင်ရပေမည်။
“ဒီလိုဆိုမှတော့ ငါစိတ်ချပြီ” ကျန့်ချန်ကျီက ပြုံးလျှက်ပြောသည်။ ဂူတုံးလျှိုနှင့် ရီဖူရှင်း၏ဆက်ဆံရေး၊ ရီဖူရှင်း၏ထူးခြားဆန်းကြယ်သော ပါရမီတို့သည် ကောင်းကင်နတ်တံခါး တိုးတက်ထွန်းပြောင်ရန် သေချာပေါက် အကြောင်းအရင်းဖြစ်ပေမည်။
“ဖူရှင်း... မင်းက ကျောင်းတော်ကို ဘယ်တော့ တည်ဆောက်မှာလဲ” ကျန့်ချန်ကျီက မေးသည်။
“ကောင်းကင်နတ်တံခါး တည်ငြိမ်သွားတဲ့အခါ...” ရီဖူရှင်းက ပြောသည် “ဒီမတိုင်ခင် တစ်နေရာကို သွားချင်သေးတယ်”
“ဘယ်ကိုလဲ...”
“ဗြမ္မာ့သန့်စင်ကောင်းကင်”
“ငါ မင်းနဲ့လိုက်မယ်...”
ရီဖူရှင်းက မငြင်းပေ။
ရက်အနည်းငယ်ကြာပြီးနောက်တွင် ကောင်းကင်နတ်တံခါးနန်းတော်ကို အောင်မြင်စွာ တည်ဆောက်ပြီးစီးသွားခဲ့သည်။ တစ်မြို့လုံး အောက်ပွဲခံကာ ပျော်ပွဲရွှင်ပွဲများ ကျင်းပကြ၏။
ထို့နောက်တွင် ကလန်ခေါင်းဆောင်များဖြစ်ကြသော ကျန့်ချန်ကျီနှင့် ဟွားကျန့်ချန်တို့က ဂူတုံးလျှိုသည်သာ တစ်ဦးတည်းသော ကလန်ခေါင်းဆောင်ဖြစ်ကြောင်း ကြေညာခဲ့ကြသည်။
ထိုသတင်းက ကောင်းကင်နတ်တံခါးမြို့ကို ကြီးစွာ လှုပ်ခတ်စေခဲ့၏။
ယနေ့တွင် ကောင်းကင်နတ်တံခါးနန်းတော်မှ ဂူတုံးလျှိုသည် ပထမဆုံးအနေဖြင့် လူအများရှေ့ကို ပေါ်လာခဲ့သည်။ သူသည် နန်းတော်ရင်ပြင်တွင် ရပ်ကာ ပြိုင်စံရှား အက်ကြောင်းမဲ့ဝင်ရိုး၏အရှိန်အဝါများကို ထုတ်လွှတ်၏။ ကောင်းကင်၏မဟာလမ်းစဉ် ဆင်းသက်လာလျှင် လူတိုင်း ကြီးစွာ အံ့အားသင့်ရသည်။
သူတို့အနေဖြင့် ပထမဆုံးအကြိမ် အက်ကြောင်းမဲ့ဝင်ရိုးကို မြင်ဖူးကြခြင်းဖြစ်သည်။ ထို့နောက်တွင် မည်သူမှ ကန့်ကွက်ခြင်း၊ မကျေမနပ်ဖြစ်ခြင်း မရှိကြတော့။ သူသည် ကောင်းကင်နတ်တံခါးကို ကောင်းကောင်းဦးဆောင်နိုင်ပေလိမ့်မည်။
ထို့နောက်တွင် လူအများတို့က ကြီးစွာသော အခန်းအနားများဖြင့် အောက်ပွဲခံကြသည်။ များစွာသော အင်အားစုများ လာရောက်ကာ ဂုဏ်ပြုကြ၏။ သို့သော်လည်း ၄င်းအထဲတွင် ဗြမ္မာ့သန့်စင်ကောင်းကင်မပါဝင်ပေ။
နောက်တစ်နေ့တွင် ရီဖူရှင်းနှင့် ကျန့်ချန်ကျီတို့ ထွက်ခွာသွားသည်။
…
ဗြမ္မာ့သန့်စင်ကောင်းကင်နန်းတော်၌ ဧကရီဘုရင်မ၏ရှေ့တွင် အပျိုတော်တစ်ဦး လာရောက်သတင်းပို့သည်။
ဂူတုံးလျှိုသည် ကောင်းကင်နတ်တံခါး၏ခေါင်းဆောင်ဖြစ်လာသည်။
ကောင်းကင်အာဏာစက်ပြည်ထောင်၌ ဖြစ်ပျက်ခဲ့သမျှက အိပ်မက်အလား ထင်မှတ်ရသည်။
ဘုရင်မ၏မျက်နှာက တည်ငြိမ်နေသည်။ သူမက အပျိုတော်အား ထွက်ခွာသွားရန် အမိန့်ပေးလိုက်၏။
“ဟမ်...”
ထိုအခိုက်တွင် သူမက တစ်စုံတစ်ခုကို ခံစားမိဟန်တူသည်။
ဗြမ္မာ့သန့်စင်ကောင်းကင်နန်းတော်အပြင်၌ လူနှစ်ယောက် ပေါ်လာသည်။
“နန်းတော်သခင်မကို နှုတ်ဆက်ပါတယ်။ ကျွန်တော် ရီဖူရှင်းပါ”
သူရောက်လာခြင်းက တခြားသော ရည်ရွယ်ချက် မဖြစ်နိုင်။ ထိုနေ့ရက်များက ရီဖူရှင်း အလိုရှိနေသည်ကား...။
***