← Chapters

မြစ်တစ်ထောင်လျှို့ဝှက်နယ်ပယ်

Vol. 39 Ch. 735

မြစ်တစ်ထောင်လျှို့ဝှက်နယ်ပယ်

Vol. 39 Ch. 735

"လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်။ စစ်သည်တော်ဦးလေး ယွင်။" ကျန်းချန်ရွှမ်က လျှင်မြန်စွာဦးညွှတ်ကာ ယွင်ရီကျန်းကို ကျေးဇူးတင်စကားဆိုရင်း အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

တစ်ချိန်တည်းတွင်။

ချင်ရှန်းဝူသည် သူ၏ပိုင်ဆိုင်မှုမှ မျက်နှာပြင်ပေါ်တွင် မိုးကြိုးများဖြင့် လှည့်ပတ်နေသော ဆဋ္ဌဂံသလင်းကျောက်ကို ထုတ်ယူလာခဲ့သည်။

ယွင်ရီကျန်း၏ မျက်နှာသည် ဤသလင်းကျောက်ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားခဲ့သည်။

"လေဟာနယ်မိုးကြိုးသလင်းကျောက်!"

ချင်ရှန်းဝူ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"ငါက တခြားသူတွေကို အကျိုးအမြတ်တွက် အသုံးချတတ်တဲ့ သူမျိုးလား?

ဒီမှာ ဒီလေဟာနယ်မိုးကြိုးသလင်းကျောက်က ငါ့တပည့်ရဲ့ တာအိုအဖော်အတွက် ကြိုဆိုလက်ဆောင်ပါ။"

ထို့နောက် သလင်းကျောက်ကို ရှန်းရူယန်ထံ ပေးအပ်ခဲ့သည်။

ရှန်းရူယန်က အပြုံးဖြင့် ခေါင်းညိတ်ပြနေသော သူမ၏ဆရာ ယွင်ရီကျန်းကိုကြည့်လိုက်သည်။

"လက်ခံလိုက်ပါ။ အဲ့တာက မိုးကြိုးကျင့်ကြံသူတွေအတွက် ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခုပဲ။ မင်းလေဟာနယ်ရဲ့ စည်းမျဉ်းတွေကို ကောင်းကောင်းနားလည်လာတာနဲ့ လေဟာနယ်မိုးကြိုးကို နားလည်သဘောပေါက်အောင် ကူညီပေးနိုင်တယ်။

ငါထင်တယ်၊ ညီအစ်ကို ချင်၊ ဒါက မင်းဆီမှာကျန်ခဲ့တဲ့ တစ်ခုတည်းသော လေဟာနယ်မိုးကြိုး သလင်းကျောက် ဖြစ်ရမယ်၊ ဟုတ်တယ်မဟုတ်လား။"

"ဟေ့ ၊ မင်း အဲဒါကို စိတ်ပူစရာမလိုဘူး။ ငါ့မှာ လေဟာနယ်မိုးကြိုးသဘင်းကျောက် မရှိတော့ရင်တောင် ငါ့မှာ အလားတူ ရတနာတွေ အများကြီးရှိပါသေးတယ်။” ချင်ရှန်းဝူက ငြင်းဆန်၍ တုံ့ပြန်လိုက်သည်။

"ဟားဟား။”

ယွင်ရီကျန်းက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

ကျန်းချန်ရွှမ်ကဲ့သို့ ရှန်းရူယန်က ချက်ချင်းပင် ချင်ရှန်းဝူထံမှ လေဟာနယ်မိုးကြိုးသလင်းကျောက်ကို လက်ခံရရှိပြီးနောက် ကျေးဇူးတင်လိုက်လေသည်။

"ကောင်းတယ်။"

ချင်ရှန်းဝူက အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"မင်းက ညီအစ်ကို ယွင်ရဲ့ တခြား တပည့်တွေ ထပ်ပိုပြီး အသိပညာရှိတယ်။"

သူ၏ မှတ်ချက်သည် စစ်မှန်သလား သို့မဟုတ် ရှန်းရူယန်သည် သူ၏ တပည့် ကျန်းချန်ရွှမ်၏ အဖော်ဖြစ်သောကြောင့် ဖြစ်မည်လားကို ရှင်းရှင်းလင်းလင်း မသိရပေ။

ထို့နောက် ကျန်းချန်ရွှမ်ဘက်သို့လှည့်လိုက်သည်။

"ချန်ရွှမ်၊ မင်းရဲ့တာအိုအဖော်ကို ငါတို့ ဟောက်ရန်ဂိုဏ်းကို လှည့်ပတ်ပြလိုက်ပါ။

မင်းတို့ဂိုဏ်းခေါင်းဆောင် ညီအစ်ကို ယွင် နဲ့ ငါ့မှာ ဆွေးနွေးစရာတွေ ရှိသေးတယ်။”

"ဟုတ်ကဲ့ပါ ဆရာ!"

ကျန်းချန်ရွှမ်သည် ချက်ချင်းတုံ့ပြန်လိုက်ပြီး မကြာမီတွင် သူနှင့် ရှန်ရူယန်တို့သည် ဧည့်တောင်ထိပ်မှ ထွက်ခွာသွားကြသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ယွင်ရီကျန်းသည် ချင်ရှန်းဝူ နှင့် ဂိုဏ်းချုပ် ရွှယ်ပင်းတို့အား လေးနက်သောအမူအရာနှင့် ပြောလိုက်သည်။

“တာအိုရောင်းရင်းတို့၊ မြစ်တစ်ထောင်လျို့ဝှက်နယ်မြေကို နောက်ထပ် နှစ်တစ်ရာအတွင်း ဖွင့်လှစ်သွားမှာပါ။

ဘယ်တပည့်တွေကို စေလွှတ်မယ်ဆိုတာ ခင်ဗျားတို့ဆုံးဖြတ်ပြီးပြီလား။"

ယွင်ရီကျန်း ၏ စကားကိုကြားသောအခါ ချင်ရှန်းဝူနှင့် ရွှယ်ပင်းတို့ နှစ်ဦးစလုံးသည်လည်း လေးနက်မှုကို ပြသခဲ့ကြသည်။

ရွယ်ပင်းက တုံ့ပြန်လိုက်သည်။

“ငါတို့အပြည့်အဝမဆုံးဖြတ်ရသေးဘူး။

ကျုပ်တို့ရဲ့ ဟောက်ရန်းဂိုဏ်း လက်ရှိအခြေအနေကို အခြေခံပြီး၊ မြစ်တစ်ထောင် လျှို့ဝှက်နယ်မြေကို ဝင်နိုင်တဲ့ တပည့်အရေအတွက်က အကန့်အသတ် ရှိလိမ့်မယ်။

လူတစ်ယောက်ဟာ တစ်သက်မှာ တစ်ကြိမ်သာ လျှို့ဝှက်နယ်ပယ်ထဲ ဝင်ရောက်နိုင်တယ်။

ဒါ့အပြင် ဝင်တဲ့အချိန်မှာ အသက်ကြီးလေ အန္တရာယ်ပိုများလေပဲ။

အတိတ်ကာလမှာ ကျုပ်တို့ရဲ့ နားလည်မှုမရှိခြင်းက ဝင်သွားတဲ့ တပည့်တွေကြားမှာ ကြီးမားတဲ့ ထိခိုက်နစ်နာမှုများကို ဖြစ်စေခဲ့တယ်လေ။"

ထို့နောက် ခဏနားပြီး ရွယ်ပင်းက ယွင်ရီကျန်းကို ကြည့်ပြီး မေးလိုက်သည်။

"ညီအစ်ကို ယွင် ၊ မိုးကြိုးချိုင့်ဝှမ်းကကော ဒီတစ်ကြိမ် ဘယ်သူဝင်မယ်ဆိုတာ ဆုံးဖြတ်ပြီးပြီလား။"

မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေသည် ကောင်းကင်ဘုံရေတံခွန်ဂိတ်တစ်ခုလုံးရှိ ဗလာနယ်ပြန် အဆင့်အောက်ရှိ ကျင့်ကြံသူများအားလုံးအတွက် သိသာထင်ရှားသော အခွင့်အလမ်းတစ်ခု ဖြစ်ကြောင်း သူကောင်းစွာ သိရှိခဲ့သည်။

သို့ရာတွင် အခွင့်အလမ်းတွေ ပိုများလာလေလေ အန္တရာယ် ပိုများလာလေပင်ဖြစ်သည်။

ထိုလျှို့ဝှက်နယ်မြေတွင် အန္တရာယ်များစွာရှိပြီး ကျင့်ကြံသူတစ်ဦးသည် ထိုနေရာတွင် အလွယ်တကူ ထာဝရ ပိတ်မိနိုင်ပေသည်။

ထို့အပြင် လျှို့ဝှက်နယ်မြေကို ကောင်းကင်ဘုံရေတံခွန်ဂိတ်မှ အထူး နှင့် အရှင်သခင် အင်အားစု အားလုံးက အတူတကွ စီမံခန့်ခွဲသောကြောင့် အတွင်းပိုင်း ပြိုင်ဆိုင်မှုသည် ဖွင့်လှစ်လိုက်သည်နှင့် ပြင်းထန်လာသည်။

ပါဝင်သူများသည် မကြာခဏဆိုသလို အပြန်အလှန် အမဲလိုက်မှုများ၊ သတ်ဖြတ်မှုများနှင့် ရင်ဆိုင်နေရပါသည်။

ထို့ကြောင့်။

မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေဖွင့်တိုင်း ဂိုဏ်းများ၏ တပည့်များ ဆုံးရှုံးမှုများတတ်ပေသည်။

သို့သော် သူတို့၏ ဂိုဏ်းသားများကို လျှို့ဝှက်နယ်မြေသို့ စေလွှတ်ရန် တွန်းအားတစ်ခုရှိပါသည်။ အကြောင်းမှာ ထိုနေရာတွင် ထူးခြားသောရတနာများရှိကာ အခြားနည်းလမ်းဖြင့် မရယူနိုင်သောကြောင့် ဖြစ်သည်။

ဥပမာအားဖြင့်, ဟောက်ရန်ဂိုဏ်း၏ တိုက်ခိုက်ရေးတုပရတနာဖြစ်သည့် ဆန်းကြယ်ကောင်းကင်ဂူ နှင့် မိုးကြိုးချိုင့်ဝှမ်း၏ ဒုက္ခမိုးကြိုးရေကူးကန်ကဲ့သို့ လျှပ်စီးဆင်းမှုဒုက္ခကို လှုံဆော်ပေးနိုင်သည့် ရတနာများကို မြစ်တစ်ထောင်လျို့ဝှက်နယ်မြေမှ ရရှိခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အတွင်းနတ်ဆိုးတောင် ၊ သေမင်းတောင်ထိပ် ၊ နှင့် ဉာဏ်အလင်းတန်းချောက် တို့ကဲ့သို့သော အခြားနေရာများ အားလုံးသည် မြစ်တစ်ထောင်လျှို့ဝှက်နယ်ပယ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။

သေချာပါသည်။

ဝင်သွားသောသူတိုင်း ရတနာများ ရရှိနိုင်ခြင်းမဟုတ်ပါ။

သို့သော် မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေသို့ တပည့်များ မပို့ခြင်းဖြင့် ဘာတစ်ခုမှ ရရှိမည် မဟုတ်ပါ။

အချိန်ကြာလာသည်နှင့်အမျှ ဂိုဏ်းများအကြား အရင်းအမြစ်များ ကွာဟမှုသည် သိသိသာသာ ကျယ်ပြန့်လာနိုင်သည်။

ဤအရာသည် မည်သည့် အထူးဂိုဏ်း သို့မဟုတ် အရှင်သခင်ဂိုဏ်းကမျှ လက်မခံနိုင်သော အရာဖြစ်သည်။

ရုတ်တရက် ယွင်ရီကျန်းက "ငါ့တပည့်နဲ့သူမရဲ့ တာအိုအဖော်ကိုလည်း ဒီစူးစမ်းလေ့လာရေး ခရီးစဉ်မှာ မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေထဲ ဝင်ခွင့်ပေးလိုက်ရင်ကော မင်းဘယ်လိုထင်လဲ?" ဟု အဆိုပြုလိုက်သည်။

ဤအကြံပြုချက်ကို ကြားလိုက်သောအခါ ရွယ်ပင်းနှင့် ချင်ရှန်းဝူတို့၏ အမူအရာများသည် လေးနက်လာသည်။

အထူးသဖြင့် ချင်ရှန်းဝူသည် သူ၏ မျက်ခုံးများ ကွေးသွားသည်။

ထိုအချိန်တွင် သူ့ထံ၌ စနောက်နေသော အမူအရာမရှိပေ။ ထိုအစား သူသည်အလွန်တည်ငြိမ်နေပုံ ရပေသည်။

ဂိုဏ်းချုပ် ရွှယ်ရှင်းကလည်း ချင်ရှန်းဝူကို လှည့်ကြည့်လိုက်သည်။

ရွယ်ပင်းသည် တာအိုပေါင်းစည်းခြင်းအဆင့် ဖြစ်ကာ ဟောက်ရန်ဂိုဏ်း ၏ ဂိုဏ်းချုပ်အဖြစ် ဂိုဏ်းအတွင်းရှိ ကိစ္စရပ်များစွာကို စကားလုံးတစ်လုံးတည်းဖြင့် ဆုံးဖြတ်ပိုင်ခွင့်ရှိသော်လည်း ချင်ရှန်းဝူ၏ တိုက်ရိုက်တပည့်ပါဝင်သော ဤအထူးကိစ္စသည် နောက်ဆုံးတွင် ချင်ရှန်းဝူ ၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်သည်။

"ငါမှတ်မိတာမှန်ရင် သူတို့နှစ်ယောက်စလုံးအတော်လေးငယ်ရွယ်သေးတယ်။ ဟုတ်တယ်မလား?"

ချင်ရှန်းဝူက နောက်ဆုံးတွင် တွေးတောဆင်ခြင်ပြီးနောက် စကားပြောခဲ့သည်။

ယွင်ရီကျန်းက သဘောတူလျှက် ခေါင်းညိတ်လိုက်လေသည်။

“တကယ်ပဲ။ ငါ့တပည့် ရူယန်က အရမ်းငယ်သေးတယ်။

ဒါ့ကြောင့်လည်း မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေထဲ သွားရောက်စူးစမ်းရာမှာ ပါဝင်ဖို့ ငါအကြံပြုချင်တာပဲ။

အားလုံးသိကြတဲ့အတိုင်း ငယ်ရွယ်သူတွေဟာ မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေထဲ ဝင်တဲ့အခါ အဖိုးတန် ရတနာတွေ ရရှိဖို့ အခွင့်အလမ်း ပိုများတယ်။

ကျင့်ကြံမှုအဆင့်နိမ့်ပြီး အသက်ငယ်တဲ့တပည့်တွေကို စေလွှတ်တာက တန်ဖိုးကြီးပစ္စည်းများကို လုံခြုံစေဖို့ အခွင့်အလမ်းကို တိုးပွားစေတဲ့အပြင် အရင်ခရီးစဉ်က အတွေ့အကြုံတွေအရ ဝိညာဉ်ဖွဲ့စည်းခြင်းရဲ့ အလယ်အဆင့်အောက်ရှိသူတွေက နယ်မြေကို ပိတ်သိမ်းတဲ့အထိ ရှင်သန်ဖို့ ခက်ခဲတာကို သက်သေတွေရှိခဲ့တယ်။”

ထိုစကားနှင့်အတူ ယွင်ရီကျန်းသည် ရွယ်ပင်းနှင့်အတူ ချင်ရှန်းဝူ ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းခဲ့သည်။

ခဏအကြာမှာ.

ချင်ရှန်းဝူက ဖြည်းဖြည်းချင်းပြောလိုက်သည်။

"သူတို့ကို မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေကို သွားခွင့်ပြုလိုက်တာက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နယ်မြေထဲသို့ မဝင်ခင် သူတို့က ဆန်းကြယ်ကောင်းကင်ဂူရဲ့ တတိယအဆင့်ကို ဖြတ်သန်းရဦးမယ်။

အကယ် ၍ သူတို့သာ ဆန်းကြယ်ကောင်းကင်ဂူရဲ့ တတိယအဆင့်ကိုတောင် မကျော်နိုင်ဘူး ဆိုရင် မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေအတွင်း သေစေနိုင်တဲ့ အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်တဲ့ ဖြစ်နိုင်ချေက မယုံနိုင်လောက်အောင် မြင့်မားမှာမလို့ သူတို့ပါဝင်တာကို ငါလိုက်လျောပေးနိုင်မှာ မဟုတ်ဘူး။"

"လျှို့ဝှက်ဆန်းကြယ်တဲ့ ကောင်းကင်ဂူရဲ့ တတိယအဆင့်ကို ကျော်ဖို့လား?"

ယွင်ရီကျန်းသည် ချင်ရှန်းဝူ၏ တုံ့ပြန်မှုကို ကြားသောအခါ ချက်ချင်း သတိထားလိုက်သည်။

သူသည် ဟောက်ရန်ဂိုဏ်းမှ မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေမှ ရရှိထားသော ရတနာဖြစ်သည့် ဆန်းကြယ်ကောင်းကင်ဂူ၏ အရေးပါမှုကို ကောင်းစွာ သိရှိပါသည်။

အကယ်၍ သူတို့သည် မြစ်တစ်ထောင်လျှို့ဝှက်နယ်ပယ်သို့ မဝင်ရောက်မီ ဆန်းကြယ်ကောင်းကင်ဂူ ကို အမှန်တကယ် စိန်ခေါ်နိုင်ပြီး တတိယအဆင့်ကို ကျော်ဖြတ်နိုင်ပါက လျှို့ဝှက်ဘုံအတွင်း ရင်ဆိုင်ရသည့် အန္တရာယ်များ သိသိသာသာ လျော့ကျသွားပါလိမ့်မည်။

ဆန်းကြယ်ကောင်းကင်ဂူ ၏ တတိယအဆင့်ကိုကျော်လွှားရန်လိုအပ်သောအစွမ်းသတ္တိနှင့်အတူ လျှို့ဝှက်နယ်ပယ်အတွင်းရှိအန္တရာယ်အများစုကိုကိုင်တွယ်ရန် ကောင်းစွာ ပြင်ဆင်ထားလိမ့်မည်။

“ဆန်းကြယ်ကောင်းကင်ဂူထဲကို ၀င်ဖို့လိုအပ်တဲ့အမှတ်တွေနဲ့ပတ်သက် ပြီး ခုလောလောဆယ် ကျွန်တော်ဖုံးထားလိုက်ပါ့မယ်။ ဂျူနီယာညီအစ်ကို ဂိုဏ်းချုပ် ၊ မင်းဘယ်လိုထင်လဲ။"

ချင်ရှန်းဝူက ရွယ်ပင်းဆီသို့ ကြည့်ရင်း ပြောလိုက်သည်။

***

All Chapters