ရှန်းရူယန်အား နောက်တဖန်တွေ့ဆုံခြင်း
Vol. 39 Ch. 734
သူ၏ ဂူအတားအဆီးများကို ပိတ်လိုက်ပြီးနောက် ကျန်းချန်ရွှမ်သည် သူ ၏ စီနီယာအစ်ကို ကျောက်ထျန်းဖန်က လာ၍ နှုတ်ဆက်သည်ကို တွေ့လိုက်ရသည်။
"ဘယ်လိုလဲ ဂျူနီယာညီလေး။ မင်းရဲ့စည်းဘောင်မဲ့ဖြောင့်မတ်ခြင်းစွမ်းအင် နည်းစနစ်ကို ကျင့်ကြံတာ ဘယ်လိုဖြစ်သွားပြီလဲ?
အချိန်ယူပါ။ အထူးသဖြင့် စွမ်းအင်ကို သိပ်သည်းတဲ့အခါမျိုးမှာပေါ့။
မင်းဒါကို မစီမံရသေးဘူးဆိုရင်တောင် ဆယ်စုနှစ်အနည်းငယ် (သို့) ရာစုနှစ်တစ်ခုအချိန်ပေးလိုက်ပါ ၊ ပြီးတော့ ငါယုံကြည်တယ်...
အာ.."
ကျောက်ထျန်းဖန်သည် သူ၏ အတွေးအဆုံးသတ်နိုင်ခြင်းမရှိမီ ကျန်းချန်ရွှမ်အား ရုတ်တရက် အံ့အားသင့်စွာ မျက်လုံးများပြူးလျက် ကြည့်လိုက်သည်။
ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်သည် အဖြူရောင်မြူအလင်းများဖြင့် ဖုံးလွမ်းနေပြီဖြစ်သောကြောင့် ဖြစ်သည်။
၎င်းသည် ကျောက်ထျန်းဖန် ခုနက ပြောခဲ့သော စည်းဘောင်မဲ့ဖြောင့်မတ်သောစွမ်းအင်ဆိုသည်မှာ သံသယဖြစ်စရာ မရှိပါ။
"စည်းဘောင်မဲ့ဖြောင့်မတ်သောစွမ်းအင်ကို မင်းသိပ်သည်းပြီးပြီလား?"
ကျောက်ထျန်းဖန်သည်အမှန်တကယ်အံ့အားသင့်သွားခဲ့သည်။
ဟောက်ရန်ဂိုဏ်း၏ စည်းဘောင်မဲ့ဖြောင့်မတ်ခြင်းစွမ်းအင်၏ ကျင့်ကြံခြင်း ပထမအဆင့်သည် ခက်ခြင်းခြင်း မဟုတ်သော်လည်း ထိုစွမ်းအင်အားသိပ်သည်းခြင်းသည် အခြားကိစ္စတစ်ခုဖြစ်သည်။
ကျောက်ထျန်းဖန် ကိုယ်တိုင်ပင် သူ၏ စည်းဘောင်မဲ့ဖြောင့်မတ်စွမ်းအင်ကိုကျစ်လစ်သိပ်သည်းရန် နှစ်ပေါင်းနှစ်ရာနီးပါး သုံးခဲ့သော်လည်း ကျန်းချန်ရွှမ်ကမူ သိသိသာသာပင် လျော့နည်းသော အချိန်တိုအတွင်း အောင်မြင်ခဲ့ခြင်းဖြစ်ကာ နှစ်ပေါင်းတစ်ရာပင် မကုန်ခဲ့ပါ။
“ဟဲ ကျွန်တော်က ကံကောင်းတာပါ။” ဟု ကျန်းချန်ရွှမ်က နှိမ့်ချ၍ပြန်ပြောလိုက်သည်။
"စကားမစပ် ၊ စီနီယာညီအစ်ကိုကျောက်၊ ကျွန်တော့်ကို ကိစ္စတစ်ခုခုကြောင့်လာတွေ့တာလား?"
ပုံမှန်အခြေအနေတွင် ကျောက်ထျန်းဖန်သည် အကြောင်းပြချက်ကောင်းမရှိဘဲသူ၏ ကျင့်ကြံခြင်း ကို နှောင့်ယှက်လိမ့်မည်မဟုတ်ကြောင်း ကျန်းချန်ရွှမ်သိပါသည်။
"အိုး ၊ ဟုတ်တယ်၊ ဟုတ်တယ်။"
ကျောက်ထျန်းဖန်သည်သူ ၏ ရည်ရွယ်ချက်ကိုအလျင်အမြန်မှတ်မိသွားသည်။
“ဆရာက ငါ့ကို မိုးကြိုးချိုင့်ဝှမ်းရဲ့ သခင်က ငါတို့ရဲ့ ဟောက်ရန်ဂိုဏ်းကို သူ့တပည့်တွေနဲ့ လာလည်တဲ့အကြောင်း မင်းကိုပြောပြဖို့ လွတ်လိုက်တာ။ မင်းသူတို့ကို တွေ့များတွေ့ချင်မလားလို့ မေးတယ်။"
"မိုးကြိုးချိုင့်ဝှမ်းရဲ့ သခင်လား?"
ကျန်းချန်ရွှမ်သည် ကြောင်အသွားကာ နောက်မှ ပျော်ရွှင်သွားသည်။
ချိုင့်ဝှမ်းသခင်သာ သူ့တပည့်များအား ဟောက်ရန်ဂိုဏ်းသို့ ခေါ်လာခဲ့ပါက ရှန်းရူယန်လည်း လာနိုင်မည်လား?
သူမသည် အဘယ်ကြောင့် သူ့ဆီကို စာတစ်စောင်နဲ့ ကြိုတင်အကြောင်းမကြားရသနည်းဟူသည်ကို သိချင်နေခဲ့သည်။
သို့သော် ယခုအခါ သူ၏ကျင့်ကြံမှုအတွက် ဆရာ၏ ရှန်းဝူတောင်ထိပ်တွင် နေထိုင်နေသည့် အတွက် ရှန်းရူယန်က စာတစ်စောင် ပေးပို့ခဲ့သော်လည်း ၎င်းသည် သူ့ထံ ချက်ချင်းရောက်ရှိခဲ့ခြင်း မရှိနိုင်ကြောင်း သဘောပေါက်ခဲ့သည်။
ထို့အပြင် ၊ ရှန်းရူယန်က သူ့ကိုအံ့အားသင့်စေချင်လောက်သော ရည်ရွယ်ချက်ရှိသည်မှာလည်း ဖြစ်ကောင်းဖြစ်နိုင်သည် ဟု ခန့်မှန်းခဲ့သည်။
ဤအတွေးဖြင့် သူသည်ကျောက်ထျန်းဖန် ကို စိတ်အားထက်သန်စွာ မေးလိုက်သည်။ "စီနီယာအစ်ကို ၊ မိုးကြိုးချိုင့်ဝှမ်းရဲ့ သခင်က သူနဲ့အတူ ခေါ်လာတဲ့ တပည့်တွေက ဘယ်သူတွေလဲ ဆိုတာ အစ်ကိုသိလား?"
"မင်းဒါကိုမေးလိမ့်မယ်ဆိုတာ ငါသားပဲ။" ကျောက်ထျန်းဖန်က ပြုံးပြီးပြောလိုက်သည်။
"မင်း မှန်းထားတာ မှန်တယ်။ ချိုင့်ဝှမ်းသခင်နဲ့ လာတဲ့သူဟာ တကယ်တော့ မင်းရဲ့ တာအိုအဖော် ရှန်းရူယန်ပါ။"
"တကယ်လား။ ရူယန်လာမှာပေါ့?"
ကျန်းချန်ရွှမ်သည် တစ်ယောက်နှင့် တစ်ယောက်ထပ်၍ တွေ့နိုင်ရန် နှစ်ပေါင်းရာချီကုန်မည်ဟု ထင်ထားခဲ့သည်။ အံသြစရာကောင်းသည်မှာ ထိုကဲ့သို့သော အခွင့်အလမ်းတစ်ခု ပေါ်ပေါက်လာရန် နှစ်တစ်ရာပင် မပြည့်ခဲ့ပေ။
ထိုသို့စိတ်ထဲတွေးကာ ကျောက်ထျန်းဖန်ကို ချက်ချင်းမေးလိုက်သည်။
"ဒါဆိုရင် အစ်ကိုကပဲကျေးဇူးပြု၍ သူတို့ကိုတွေ့ဖို့ ခေါ်သွားပေးပါဦး။”
"ကောင်းပြီ ၊ အခု အတူတူသွားကြရအောင်။" ကျောက်ထျန်းဖန် က သဘောတူလိုက်သည်။
ကျန်းချန်ရွှမ် စကားပြောပြီးသွားသည်နှင့်ပင် အခြားအသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရပြီး နောက်တွင် ချင်ရှန်းဝူ ပေါ်လာခဲ့သည်။
"ချိုင့်ဝှမ်းသခင် ကိုယ်တိုင်ရောက်လာပြီဆိုတော့ သူနဲ့တွေ့ဖို့ ငါနဲ့အတူသွားတာပိုသင့်တော်ပါတယ်။" ချင်ရှန်းဝူကပြောလိုက်သည်။
"ဆရာ!"
သူတို့သည် ချင်ရှန်းဝူကို တွေ့လိုက်ရသဖြင့်၊ ကျန်းချန်ရွှမ်နှင့် ကျောက်ထျန်းဖန်သည် လေးစားစွာဖြင့် ဦးညွှတ်လိုက်သည်။
ချင်ရှန်းဝူက ခေါင်းညိတ်လိုက်ပြီး ကျန်းချန်ရွှမ်ကို ကြည့်ရင်း ကျေနပ်သွားသည်။
“မင်းရဲ့ကျင့်ကြံခြင်း တိုးတက်မှုက အတော်လေး ကျေနပ်စရာကောင်းတယ် ၊ ဒါပေမယ့် ငါငယ်ငယ်တုန်းကနဲ့ နှိုင်းယှဉ်ရင် နည်းနေသေးတယ်။ ကျေနပ်ရောင့်ရဲမသွားမိဖို့ မမေ့ပါနဲ့။”
ဤအရာကိုကြားသောအခါ ကျန်းချန်ရွှမ်နှင့် ကျောက်ထျန်းဖန်တို့ နှစ်ဦးစလုံး အံ့အားသင့် သွားကြသည်။
သို့သော် ကျန်းချန်ရွှမ်က အလျင်အမြန် တုံ့ပြန်ပြီး ခေါင်းညိတ်လိုက်သည်။
“ဆရာနဲ့ နှိုင်းယှဉ်လိုက်ရင် ကျွန်တော်က လတစ်စင်းရှေ့က ပိုးဖလံလိုပဲ အရေးမကြီးပါဘူး။ ဆရာနဲ့ တူညီတဲ့လေကို ရှုရတာကပဲ ဂုဏ်ယူစရာဖြစ်နေပါပြီ။
ကျွန်တော် ဆရာရဲ့ သွန်သင်ချက်တွေကို သေချာနားထောင်ပြီး ဘယ်တော့မှ မမေ့ပါဘူး။”
ချင်ရှန်းဝူ၏ အပြုံးသည် ကျန်းချန်ရွှမ်၏မြောက်ပင့်မှုကြောင့် ကျယ်ပြန့်လာသည်။
သူက ခေါင်းခါပြပြီးပြောလိုက်သည်။
“ဒါက နည်းနည်းတော့ ချဲ့ကားတာဖြစ်နိုင်တယ်။ အခုချိန်ထိ မင်းက ငါတွေ့ဖူးသမျှထဲ အရည်အချင်းအရှိဆုံး တပည့်တစ်ယောက်ပဲ။ ငါနဲ့ ယှဉ်ရင် နည်းနည်း နည်းနေရုံလေးပါ။
ငါအကြံပေးတာက မင်း မာနမကြီးအောင်လို့ပဲ။”
သူတို့ ၏ အပြန်အလှန် ချီးမွမ်းသံများကို နားထောင်ရင်း ကျောက်ထျန်းဖန်သည် ခေါင်းကိုက် လာသလို ခံစားလိုက်ရသည်။
သို့သော် ချင်ရှန်းဝူ၏ အကြည့်ကို ရင်ဆိုင်ရင်း ကျောက်ထျန်းဖန်သည် သူ့ကို ပူးပေါင်း၍ ချီးမွမ်းခြင်းမှလွဲ ၍ အခြားရွေးချယ်စရာမရှိပေ။
"ဂျူနီယာညီလေးပြောတာမှန်တယ်။ ဆရာ့ရဲ့ ပါရမီက နှစ်ပေါင်းများစွာ အမှန်တကယ် တောက်ပ နေပြီး ကျွန်တော်တို့ လက်လှမ်းမမီနိုင်ပါဘူး။”
"ဟမ် ၊ မင်းနောက်ဆုံးမှာ တစ်ကြိမ်တော့ အဓိပ္ပာယ်ရှိတဲ့အရာတစ်ခုကို ပြောခဲ့ပြီ။" ဟု ချင်ရှန်းဝူက မှတ်ချက်ပြုလိုက်သည်။
ကျောက်ထျန်းဖန်သည်ဆွံ့အသွားခဲ့သည်။
......
တစ်ချိန်တည်းတွင်။
ဟောက်ရန်ဂိုဏ်း ၏ ဧည်လက်ခံရာတောင်ထိပ်ပေါ်တွင် ဖြစ်သည်။
ဟောက်ရန်ဂိုဏ်း၏ လက်ရှိ ဂိုဏ်းခေါင်းဆောင် ဖြစ်သော ရွယ်ပင်းသည် မိုးကြိုးချိုင့်ဝှမ်း၏ သခင် ဖြစ်သူ ယွင်ရီကျန်း နှင့် အဖွဲ့ကို လက်ခံနေချိန်တွင် ကောင်းကင်မှ ပုဂ္ဂိုလ်နှစ်ဦး ဆင်းသက် လာခဲ့သည်။
ရှန်းဝူတောင်ထိပ်မှလာသော ကျန်းချန်ရွှမ်နှင့် ချင်ရှန်းဝူ တို့ဖြစ်သည်။
ကျန်းချန်ရွှမ်သည် ရှန်းရူယန်ကို ယွင်ရီကျန်း၏ နောက်တွင်ရပ်နေသည်ကို ချက်ချင်းသတိပြုမိခဲ့ပြီး တစ်ချိန်တည်းတွင် ရှန်းရူယန်သည်လည်း ကျန်းချန်ရွှမ်ကိုတွေ့ရှိခဲ့သည်။
လင်မယားနှစ်ယောက်၏ မျက်လုံးထဲတွင် ပျော်ရွှင်မှုက သိသာထင်ရှားနေပါသည်။
ထို့နောက် ချင်ရှန်းဝူသည် ကျန်းချန်ရွှမ်ကို လှည့်ကြည့်ပြီး "သွားပါ၊ မင်းရဲ့ တာအိုအဖော်ကို ခေါ်ပြီး ငါတို့ရဲ့ ဟောက်ရန်ဂိုဏ်းကို လှည့်ပတ်ပြလိုက်ပါ။”
"အာ...."
ကျန်းချန်ရွှမ်သည် သူ့ဆရာ၏ ပွင့်လင်းမှုကြောင့် အံ့အားသင့်သွားသည်။
ယွင်ရီကျန်းက ပြုံးပြီး ချင်ရှန်းဝူကို လှည့်ကြည့်လိုက်သည်။
"ညီအစ်ကို ချင်၊ မတွေ့ရတာကြာပြီ။ မင်းက အရင်လိုပဲ တည့်တိုးပြောနေတုန်းပဲ။"
ထို့နောက် သူ၏မျက်လုံးသည် ကျန်းချန်ရွှမ်ဆီသို့ ပြောင်းသွားသည်။
“ဒါဆို ဒါကမင်းရဲ့ အသစ်လက်ခံထားတဲ့ တပည့်၊ ငါ့တပည့်ရဲ့ တာအိုအဖော်လား။ တကယ်မဆိုးပါဘူး။”
ယွင်ရီကျန်းသည် အထဲတွင် အစိမ်းရောင်အရည်ရွှဲနေသောပုလင်းငယ်ကို ထုတ်လိုက်သည်။
ချင်ရှန်းဝူ၏ မျက်လုံးများက ၎င်းကို မြင်လိုက်ရသည့်အခါ အံ့အားသင့်ဖွယ် အရိပ်အမြွက် ပြလိုက်သည်။
"ဒုက္ခတစ်သောင်း မိုးကြိုးအရည် ၊ အစ်ကိုယွင်၊ မင်းတကယ်ရက်ရောတယ်။"
ယွင်ရီကျန်းက ပြောလိုက်သည်။ "သူက ငါ့တပည့်ရဲ့ တာအိုအဖော်ဖြစ်တာကြောင့် သူ့ကို ဒီဟာပေးတာဟာ ငါ့တပည့်ကို ပေးတာနဲ့ မကွာခြားဘူး။"
စကားပြောနေစဉ် ယွင်ရီကျန်းသည်ပုလင်းကို ကျန်းချန်ရွှမ်ဆီသို့ပေးခဲ့သည်။
“ငါတို့ပထမဆုံးတွေ့ဆုံမှုအတွက် ငါဘာမှထူးထူးခြားခြားမယူလာခဲ့ဘူး။ ဒီ ဒုက္ခတစ်သောင်းမိုးကြိုးအရည်ကို ငါ့ရဲ့ ကြိုဆိုလက်ဆောင်လို့ သတ်မှတ်လိုက်ပါ။
ကျန်းချန်ရွှမ်က ချင်ရှန်းဝူကို ကြည့်လိုက်သည်။
ချင်ရှန်းဝူက ရယ်လိုက်သည်။
"ယူလိုက်ပါ။ အဲ့တာက မိုးကြိုးချိုင့်ဝှမ်းမှာတောင် အတော်လေးရှားပါးတဲ့ရတနာဖြစ်ပြီး မင်းရဲ့ အနာဂတ် ခန္ဓာကိုယ်မွမ်းမံခြင်းအတွက် အလွန်အကျိုးရှိလိမ့်မယ်။
ကောင်းပြီ ၊ အဲ့ဒါက ငါမင်းကို ပေးထားတာထက် နည်းနည်းပိုကောင်းတယ်။”
ထိုစကားကိုကြားလျှင် ယွင်ရီကျန်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
ကျန်းချန်ရွှမ်သည် လူအ,မဟုတ်ပေ။
သူတို့နှစ်ဦး၏ အမူအရာများ ကို ကြည့်လျှင် ၎င်းဒုက္ခတစ်သောင်းမိုးကြိုးအရည်သည် သာမန်ထပ် လွန်ကဲသောအရာဖြစ်ပုံရပြီး သူ၏ဆရာက သူ့အား ပြင်ဆင်ပေးသည့် ခန္ဓာကိုယ်မွမ်းမံခြင်းရတနာထက် ပို၍ စွမ်းအားကြီးပုံရပါသည်။
***