ဝိညာဉ်မီးအိမ် ထွန်းညှိခြင်း၊ ဂူဗိမာန်ကို အတည်ပြုခြင်း
Vol. 39 Ch. 732
သူသည် တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်းပင် နက်ရှိုင်းစွာ ဦးညွှတ်ပြီး ကျေးဇူးတင်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
“နည်းစနစ်တွေကို ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဆရာ။ ဆရာက တကယ်ပဲ တာအိုပေါင်းစည်းခြင်းသူတော်စင်အရှင် ဆိုတဲ့အမည်နဲ့ ထိုက်တန်တာပဲ။
ကျင့်ကြံရေးလမ်းကြောင်း အပေါ် ဆရာရဲ့ နားလည်မှုနှင့် ထိုးထွင်းသိမြင်မှုက ကျွန်တော်ရဲ့ လက်လှမ်းမီမှုထက် အမြဲ ကျော်လွန်နေပါတယ်။
ကျွန်တော် ဒါကို လိုက်လုပ်ချင်ရင်တောင် ဆရာရဲ့အောင်မြင်မှုတွေထဲက တစ်စိတ်တစ်ပိုင်းကို ကိုက်ညီဖို့တောင် ခက်ခဲလိမ့်မှာကို ကျွန်တော်စိုးရိမ်မိတယ်။
ဒါ့အပြင် ဆရာရဲ့ ကြိုးစားအားထုတ်မှုတွေကို ကျွန်တော့်နှလုံးသားထဲမှာ တကယ်ကို နက်ရှိုင်းစွာ ထွင်းထုထားပါပြီ။ ဆရာ၊ ဆရာ့ကို ကျေးဇူးတင်တာကို ကျွန်တော် ဖော်ပြနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ဆရာ့ကို အမြဲတမ်း ကျွန်တော့်အတွေးထဲမှာ ရှိနေဖို့နဲ့ အချိန်တိုင်းမှာ ကျေးဇူးတင်နေဖို့ ပါပဲ။"
ကျန်းချန်ရွှမ်၏ စကားများက ကျောက်ထျန်းဖန်ကို အနည်းငယ် ကြောင်အသွားစေခဲ့သည်။
သူသည် ကျန်းချန်ရွှမ်ကို ကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ထပ်ခါတလဲလဲ ဖြစ်နေသည်။
'မကောင်းတော့ဘူး။
ဂျူနီယာညီလေးရေ ၊ ဒီလိုလုပ်ရင်ငါနဲ့ အစ်မကြီးအတွက် ဆရာကို မြောက်ပင့်ဖို့ ပိုခက်သွားတော့မှာ မဟုတ်ဘူးလား။'
ယခုအချိန်မှစ၍ ဆရာသည် သူနှင့်အစ်မကြီးထံမှ ပိုမိုမြင့်မားသောမျှော်လင့်ချက်များ ရှိလာလိမ့်မည်မှာ သေချာပါသည်။
ထိုအရာကို သူစဉ်းစားနေစဉ် ချင်ရှန်းဝူ၏ အပြုံးသည် တဖြည်းဖြည်း ကျယ်လာပြီး မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်လိုက်လေသည်။
"ချန်ရွှမ်၊ နားထောင်ပါ။ ဆရာရဲ့ ရည်မှန်းချက်က မင်းနဲ့တခြားသူတွေအတွက် မင်းတို့ရဲ့ ဆရာဆိုတဲ့တာဝန်ကို ရိုးရှင်းစွာလုပ်ပေးတာပဲ။ ငါက မင်းထပ် ကျော်လွန်နေတယ်လို့ မင်း ဘယ်တော့မှ မတွေးသင့်ဘူး။ အားလုံးက ငါ့အလုပ်ရဲ့ အပိုင်းတွေပါ။
ဒါ့အပြင်တာအိုပေါင်းစည်းခြင်းသူတော်စင်အရှင်တိုင်းက သူတို့ရဲ့ထူးခြားတဲ့အားသာချက်များ ရှိတာကိုသတိရပါ။ ငါ့ကို သိပ်ပြီးချီးကျူးစရာ မလိုပါဘူး။
ငါမင်းကို မင်းအစ်ကိုကျောက်ကို အတုမယူဖို့ပြောခဲ့ပြီးသားပဲ။
ကြည့်စမ်း ၊ မင်းက သူ့ရဲ့ သြဇာလွှမ်းမိုးတာကို ခံနေရတုန်းပဲ။
"ဟုတ်ပါတယ် ၊ ဟုတ်ပါတယ် ၊ ဟုတ်ပါတယ်!"
ကျန်းချန်ရွှမ်က နှိမ့်ချမှုဖြင့် လျင်မြန်စွာ ဝန်ခံခဲ့သည်။
“ဆရာရဲ့တပည့်တစ်ယောက်အနေနဲ့ ကျွန်တော်က တကယ်ပဲ နှလုံးသားထဲကနေ ပြောတာပါ။ ကျွန်တော့်ကိုယ်ကို ဖော်ပြဖို့လိုတယ်လို့ ခံစားရလို့ပါ။ မဟုတ်ရင် ကျွန်တော်က ဝိညာဉ် တိမ်မြုပ်သွားနိုင်တယ်လို့ ခံစားရလို့ပါ။ မသင့်လျော်တဲ့အရာတစ်ခုခုရှိခဲ့ရင် ဆရာက ကျွန်တော့်ကို ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”
"ဟုတ်လား? အဲ့လိုဆိုရင် မင်း တကယ်ကို အသံကျယ်ကျယ်နဲ့ ပြောသင့်တယ်။
ငါတို့ကျင့်ကြံသူတွေအတွက် အရေးအကြီးဆုံးက ကိုယ့်နှလုံးသားကိုယ် ဖော်ပြဖို့ပဲ။
ငါက မင်းရဲ့ဆရာဖြစ်လို့ ငါမင်းတို့ကို ဒီအမြင်သက်ရောက်ဖို့ ခွင့်မပြုနိုင်ဘူး။ ဒါပေမဲ့ အနာဂတ်မှာ မင်းရဲ့ အတွင်းစိတ်အတွေးတွေကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ဖို့ ကြိုးစားသင့်တယ်။
တစ်ခါတစ်ရံမှာ မိမိကိုယ်ကို ထိန်းချုပ်ခြင်းဟာ ဟန်ချက်ညီစွာ စီမံခန့်ခွဲနိုင်သရွေ့ ကျင့်ကြံမှုပုံစံ တစ်ခုလည်း ဖြစ်နိုင်တယ်။”
“လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် ဆရာ။
ဆရာ့ဆီက စကားတစ်လုံးကြားလိုက်ရတာက ကျမ်းစာထောင်ပေါင်းများစွာက အသိဉာဏ် ရလိုက်သလိုပါပဲ။ ကျွန်တော့်ရဲ့ စိတ်ရှုပ်ထွေးမှုတွေကို ချက်ချင်းရှင်းလင်းပေးပြီး ဉာဏ်ရည် ထက်မြက်တဲ့ အသိပညာကို လက်ခံရရှိလိုက်သလိုပါပဲ။”
ကျောက်ထျန်းဖန်သည် ထိုနေရာတွင် ရပ်နေပြီး ကျန်းချန်ရွှမ်နှင့် ချင်ရှန်းဝူတို့ စကားများ အပြန်အလှန် ဖလှယ်နေသည်ကို ကြောင်ကြည့်နေခဲ့မိသည်။
သူတို့သည် စကားပြောနေရုံသက်သက်မဟုတ်ပါ၊ သူတို့သည် စိတ်အားထက်သန်စွာ ဖလှယ်၍ ဖော်ပြနိုင်သောအရာများနှင့် မြစ်တစ်စင်းကဲ့သို့ အဆုံးမဲ့ကာ စဉ်ဆက်မပြတ် စီးဆင်းနေခဲ့ပြီး နက်ရှိုင်းစွာ ဆက်သွယ်ခဲ့ကြသည်။
စိတ်ကူးယဉ်ဆန်သော အတွေးအခေါ်များနှင့် ပြည့်စုံစွာ လိုက်ဖက်နေသည်။
"အဟွတ်...အဟွတ်"
ကျောက်ထျန်းဖန်သည် မနေနိုင်တော့ဘဲ ချောင်းနှစ်ခါဆိုးလိုက်ပြီး ချင်ရှန်းဝူထံမှ စိတ်ရှုပ်နေသော အကြည့်ကို ဆွဲဆောင်လိုက်သည်။
"ဘာလုပ်တာလဲ၊ ကလေး?
မင်းရဲ့ ဂျူနီယာညီလေးနဲ့ ငါ့ရဲ့စကားပြောမှုကို နှောင့်ယှက်ဖို့ ကြိုးစားနေတာလား?”
သူသည် ထုတ်ဖော်မပြောသော်လည်း သူ့မျက်လုံးများက သူ့အတွေးများကို ရှင်းလင်းစွာ ထုတ်ဖော်ပြသခဲ့သည်။ ကျောက်ထျန်းဖန်၏ မျက်နှာသည် ချက်ချင်းပင် မကျေမနပ် ပြုံးပြလိုက်သည်။
"အာ ဆရာ၊ ဂျူနီယာညီလေးက သူ့ဝိညာဉ်မီးခွက်ကို ထွန်းဖို့ ဘိုးဘွားရိပ်သာကို မသွားရသေးဘူး။ ဆရာ့အထင်..."
"အိုး ဟုတ်လား"
ချင်ရှန်းဝူသည် ထိုအချိန်မှသာ မှတ်မိပုံရသည်။
သူသည် ကျန်းချန်ရွှမ်ကိုကြည့်ပြီးနောက် ခဏစဉ်းစားပြီးမှ ပြောခဲ့သည်။
“တကယ်တော့၊ အခုမင်းငါတို့နဲ့ပူးပေါင်းပြီးပြီဆိုတော့ အရင်ဆုံးဂရုစိုက်ဖို့လိုတဲ့အရာတွေ အများကြီး ရှိတယ်။”
သူသည် ကျောက်ထျန်းဖန်ဘက်ကို လှည့်၍ ညွှန်ကြားလိုက်သည်။
"ထျန်းဖန်၊ မင်း ချန်ရွှမ်ကို ဘိုးဘေးခန်းမဆီ ခေါ်သွားပြီး ဝိညာဉ်ဆီမီးခွက်ကို ထွန်းညှိဖို့လုပ်လိုက်ပါ။ လုပ်ပြီးသွားရင် ဒီနေရာကို ပြန်ခေါ်လာခဲ့ပါ။ နောက်နှစ်တစ်ရာအတွင်း သူဒီနေရာမှာ ကျင့်ကြံပါစေ။"
ချင်ရှန်းဝူ၏ စကားကို ကြားလိုက်ရသော ကျောက်ထျန်းဖန်သည် နောက်ဆုံးတွင် ဤစကားပြောဆိုမှု အဆုံးသတ်တော့မည်ကို ဝမ်းသာစွာဖြင့် စိတ်ချစွာ သက်ပြင်းချလိုက်သည်။
သူသည် ဤသို့ တွေးမိသော်လည်း အပြင်ဘက်တွင် မည်သည့်အရာကိုမျှ မပြသဘဲ အလေးအနက် ထား၍ ခေါင်းညိတ်လိုက်သည်။
"စိတ်ချပါ၊ ဆရာ၊ ဂျူနီယာညီလေးအတွက် အားလုံးကို ဂရုစိုက်လိုက်ပါ့မယ်။"
ထို့နောက် ကျန်းချန်ရွှမ်ဘက်သို့ လှည့်၍ ပြောလိုက်သည်။
"ဂျူနီယာညီလေး၊ မင်းမှာ တခြားကိစ္စတွေ မရှိဘူးဆိုရင် အခု ဘိုးဘေးခန်းမကို သွားကြစို့။"
"ကျေးဇူးတင်ပါတယ်။ စီနီယာအစ်ကိုကြီး။"
ကျန်းချန်ရွှမ်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။
၎င်းနှင့်အတူ သူတို့သည် ချင်ရှန်းဝူကို ယာယီနှုတ်ဆက်ခဲ့ကြပြီး ရှန်းဝူတောင်ထိပ်မှ အတူတကွ ထွက်ခွာသွားကြသည်။
သူတို့ထွက်ခွာသွားသော ပုံရိပ်များကို ကြည့်ရင်း ချင်ရှန်းဝူသည် သူ့ကိုယ်သူ ရယ်မောလိုက်သည်။
"ဒီကလေးနှစ်ယောက်ကတော့..."
ဦးခေါင်းကို လှုပ်ခါပြီး ထိုင်ကာ နက်နက်ရှိုင်းရှိုင်း တွေးနေမိလေသည်။
......
ခဏအကြာတွင်။
ကျန်းချန်ရွှမ်နှင့် ကျောက်ထျန်းဖန်တို့သည် ဘိုးဘွားခန်းမမှ ထွက်လာခဲ့ပြီး တာဝန်ရှိသော အကြီးအကဲသည် ၎င်းတို့ကို ကိုယ်တိုင်တွေ့ခဲ့လေသည်။
ကျောက်ထန်းဖန်သည် နောက်ထပ်ထောက်ပံ့မှုကို ယဉ်ကျေးစွာငြင်းပယ်ရန် အလျင်အမြန် ကြိုးစားခဲ့သည်။
“စီနီယာအစ်ကို ဟွမ် ၊ ဒီလောက်ဆို လုံလောက်ပါပြီ။ ကျွန်တော့်မှာ အချိန်ရှိရင် နောက်တစ်နေ့ မင်းဆီလာခဲ့ပါ့မယ်။”
စီနီယာအစ်ကို ဟွမ်အား နှုတ်ဆက်ပြီးနောက် ကျောက်ထန်းဖန် သည် ပြုံးပြုံးဖြင့် ကျန်းချန်ရွှမ် ဘက်သို့ ချက်ချင်းလှည့်လိုက်သည်။
"သွားကြစို့ ၊ ဂျူနီယာညီလေး။ မင်းကို တခြားနေရာကို ခေါ်သွားမယ်။"
စကားမစပ် ၊ မင်းရဲ့ဂူနဲ့ပတ်သက်ပြီး မင်းမှာအထူးတောင်းဆိုစရာ ရှိလား?"
ကျန်းချန်ရွှမ်သည် ချင်ရှန်းဝူကဲသို့ တာအိုပေါင်းစည်းခြင်းသူတော်စင် အရှင်၏ တိုက်ရိုက်တပည့် ဖြစ်ရခြင်းသည် သူသည် လွတ်လပ်စွာဖြင့် ဟောက်ရန်ဂိုဏ်းအတွင်း အဆင့် (၇)ဂူကို ရရှိနိုင်သည်။
ဤကဲ့သို့ ဂူဗိမာန်သည် ဗလာနယ်ပြန်နတ်ဘုရားအရှင်ကျင့်ကြံရန်အတွက်ပင် လုံလောက်သည်ထပ် ပိုနေပြီဖြစ်သည်။
ကျန်းချန်ရွှမ်က ရှက်ရွံ့ခြင်းမရှိဘဲ ဤမေးခွန်းကို ကြားရသည်နှင့် ချက်ချင်းတုံ့ပြန်ခဲ့သည်။
“စီနီယာအစ်ကို ကျောက်၊ ကျွန်တော့်ကို ကျွန်တော်အရင်နေခဲ့တဲ့နေရာဖြစ်တဲ့ တိမ်တိုက်မြူ တောင်ထိပ် ကို ပေးလို့ဖြစ်နိုင်မလား ကျွန်တော်သိချင်မိပါတယ်။”
“ဟမ်။ မင်းက တိမ်တိုက်မြူတောင်ထိပ်ကိုရွေးချင်တာလား။"
ကျောက်ထျန်းဖန်က အနည်းငယ်အံ့အားသင့်သွားသည်။
သူသိသလောက် တိမ်တိုက်မြူတောင်ထိပ်သည်လည်း အဆင့် ၇ ပင်ဖြစ်ပါသည်။
သို့သော် နှစ်ပေါင်းများစွာ ထိုနေရာတွင် မည်သူမျှ မနေထိုင်ခဲ့သောကြောင့် တောင်ထိပ်ရှိ အဆောက်အအုံများမှာ ရှားပါးပြီး စီစဉ်မှုများမှာ ပုံမှန်ဖြစ်သည်။
သို့သော်လည်း တိမ်တိုက်မြူတောင်ထိပ်သည် မကောင်းသည့်ရွေးချယ်မှုတစ်ခု မဟုတ်ကြောင်း မငြင်းနိုင်ပါ။
ဟောက်ရန်ဂိုဏ်းရှိ အဆင့် ၇ ဂူအများအပြားအနက် ၎င်းသည် ပျမ်းမျှအထက်တွင်ရှိသည်ဟု ဆုံးဖြတ်ထားကြသည်။
ကျောက်ထျန်းဖန် က ချက်ချင်းပဲ ခေါင်းညိတ်လိုက်ပါသည်။
“အကယ် ၍ ဂျူနီယာညီလေးက ၊ တိမ်တိုက်မြူတောင်ထိပ်ကို ရွေးချယ်မယ်ဆိုရင် ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ အဲ့ဒီနေရာက အစီအရင်က အဆင့်နည်းနည်းနိမ့်တယ်။ ငါကိုယ်တိုင်ပဲ နောက်ပိုင်းကျရင် အဆင့်မြင့်ပေးမယ်။ ဒါဆိုရင်တော့ ပြသနာရှိတော့မှာ မဟုတ်ပါဘူး။"
"ကျေးဇူးတင်ပါတယ်။ စီနီယာအစ်ကိုကြီး။"
သူတို့ ၏ မကြာသေးမီက အပြန်အလှန်ဆက်သွယ်မှုများအတွင်း ကျန်းချန်ရွှမ်သည် သူ၏ စီနီယာအစ်ကိုကျောက် သည် ဗလာနယ်ပြန်သူတော်စင်အရှင်ဖြစ်ရုံ သာမက အဆင့် ၇ အစီအရင် ဆရာလည်း ဖြစ်ကြောင်းသိရှိခဲ့ရသည်။
သူသည် ဤအဆင့်တွင် သိသာထင်ရှားသော တိုးတက်မှုများကို ရရှိခဲ့သည်။
ကျန်းချန်ရွှမ် ဂူ ၏ ခုခံကာကွယ်ရေးအစီအရင်များကို အဆင့်မြှင့်တင်ခြင်းသည် သူ့အတွက် မည်သည့် အခက်အခဲမျှ ဖြစ်စေလိမ့်မည်မဟုတ်ပါ။
ကျောက်ထန်းဖန်သည် ကျန်းချန်ရွှမ်ကို စီစဉ်မှုများအားလုံးဖြင့် ကူညီခဲ့ပြီးနောက၊ သူတို့နှစ်ဦးသည် နောက်ဆုံးတွင် ရှန်းဝူတောင်ထိပ် သို့ပြန်သွားခဲ့သည်။
ရှန်းဝူတောင်ထိပ် သို့ပြန်ရောက်သည်နှင့် ကျန်းချန်ရွှမ်နှင့် ကျောက်ထျန်းဖန်တို့သည် သူတို့ ၏ ဆရာကို မြင်လိုက်ရသည်။
ထိုနေရာတွင်ထိုင်နေသော ချင်ရှန်းဝူသည် ရုတ်တရက်လက်ကိုမြောက်လိုက်ပြီး ကျန်းချန်ရွှမ်ဆီသို့ သိုလှောင်လက်စွပ်ကိုပစ်ပေးလိုက်သည်။
"ချန်ရွှမ်၊ ဒါက ငါ့ရဲ့ ကြိုဆိုလက်ဆောင်ပဲ။
မင်းရဲ့ကျင့်ကြံရေးကို ကူညီဖို့ ဆေးပြားတွေ၊ အခြား အရင်းအမြစ်တွေနဲ့အတူ မင်းအတွက် အထူး ပြင်ဆင်ထားပေးတဲ့ အကာအကွယ် ရတနာတစ်ခုကို တွေ့ရလိမ့်မယ်။
အရေးအကြီးဆုံးက အဲ့ထဲမှာ ကျင့်ကြံရေးအတွက် ဆယ်နှစ်တစ်ကြိမ် ဒြပ်စင်ငါးပါးနတ်ဘုရား ပြန်လည်မွေးဖွားခြင်းတောင်ကို ဝင်ရောက်ခွင့်ပြုတဲ့ အမှတ်အသားတစ်ခု ပါတယ်။
အဲ့တံဆိပ်နဲ့မှပဲ အဲ့ဒီတောင်ကို ကျင့်ကြံဖို့ဝင်ရောက်နိုင်လိမ့်မယ်။"
***