← Chapters

သူ၏ ထူးဆန်းသော ဆရာနှင့်တွေ့ဆုံခြင်း

Vol. 39 Ch. 730

သူ၏ ထူးဆန်းသော ဆရာနှင့်တွေ့ဆုံခြင်း

Vol. 39 Ch. 730

ဝှစ်ဟူသောအသံနှင့် ကျန်းချန်ရွှမ်၏ခန္ဓာကိုယ်သည် ချက်ခြင်းပင် မထူညီသော ဒြပ်စင်ငါးမျိုးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သတ္တု ၊ သစ်သား ၊ ရေ ၊ မီး ၊ မြေ။

၎ င်းသည် လွန်ခဲ့သောနှစ်များအတွင်း သူနားလည်ခဲ့သော နတ်ဘုရားစွမ်းအားဖြစ်ပြီး ၎ င်းကို ဒြပ်စင်ငါးပါး တိမ်တိုက်အသွင်ကူးပြောင်းရေးနည်းပညာဟု ခေါ်သည်။

၎ င်းသည် သူ့ကိုမူလပုံစံငါးမျိုးသို့ ပြောင်းလဲရန်ခွင့်ပြုသဖြင့် ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများမှ ရှောင်ရှားနိုင်သည်။

“စိတ်ဝင်စားစရာကောင်းတယ်။” ဟု ချင်ရှန်းဝူက သူ့မျက်လုံးထဲတွင် ဝမ်းမြောက်မှုတစ်ခု လင်းလက်သွားကာ မှတ်ချက်ပြုလိုက်သည်။

ခဏအကြာတွင် သူ ၏ ဘယ်ဘက်လက်ကို အနည်းငယ် မြှောက်လိုက်သည်။

ဒြပ်စင်ငါးပါးမှ ၎ င်း ၏ ပုံစံကိုပြန်လည်ဖွဲ့စည်းခဲ့သော ကျန်းချန်ရွှမ်၏ ပတ်ဝန်းကျင်တွင် အရောင်မတူသောအလင်းရောင် ၅ ခုရုတ်တရက်ပေါ်လာသည်။

ချီ! ချီ! ချီ! ချီ!

ကျန်းချန်ရွှမ်၏ ပုံစံပြန်လည်စုစည်းလာသည်နှင့်အမျှ သူသည်ဤအလင်းရောင်ငါးခုအတွင်း ပိတ်မိနေသည်ကိုတွေ့ရှိခဲ့သည်။

သူ ၏ ဓမ္မစွမ်းအား၊ နတ်ဘုရားစွမ်းအားများနှင့် ပတ်ဝန်းကျင်ရှိ မူလဝိညာဉ်ချီအပေါ် သူ ၏ လွမ်းမိုးမှုပင် တစ်ခဏအတွင်း ပျောက်ကွယ်သွားသည်။

ဘာလဲ?

သူ့မျက်နှာက ရုတ်တရက်အရောင်ပြောင်းသွားသည်။

သို့သော်လည်း သူတုံ့ပြန်နိုင်ခြင်း မရှိခင်မှာပင် သူ့ကို ပိတ်မိနေတဲ့ အလင်းတိုင် ၅ခုဟာ ခြေရာခံနိုင်ခြင်း မရှိဘဲ ပျောက်ကွယ်သွားခဲ့ပါသည်။

ထိုအချိန်မှာပင် သူ့ရှေ့မှ လူက ပြုံးနေသည့် အရိပ်အမြွက်ပြပြီး ကျန်းချန်ရွှမ်အား စိတ်ကျေနပ်မှု အပြည့်နှင့် ကြည့်လိုက်သည်။

"မဆိုးပါဘူး။ အောက်နယ်ပယ်ကတက်လာတဲ့ ယင်ယန်ဒြပ်စင်ငါးပါးဝိညာဉ်အမြစ်ရှိသူတစ်ဦးအနေနဲ့ ထိုက်တန်ပါတယ်။ မင်းက တကယ်ပဲ ငါ့တပည့်ဖြစ်ဖို့ ထိုက်တန်တယ်။"

"အာ...."

ချင်ရှန်းဝူ၏ စကားကို ကြားလိုက်ရသော ကျန်းချန်ရွှမ်သည် ယာယီကြောင်အသွားသည်။

လာလည်သောသူသည် စွမ်းအားကြီးသည်ဟု ခန့်မှန်းခဲ့သော်လည်း၊ သူ၏ဆရာဖြစ်နေမည်ကို မမျှော်လင့်ထားခဲ့မိပါ။

ဒါကလည်း နည်းနည်းလေး .. တစ်ခုခုလား။

အထူးသဖြင့် ချင်ရှန်းဝူသည် အသီးများ ၏ အစေ့များကို ဖယ်ရှားခဲ့ပုံကို သတိရရင်း တစ်ခါက သူ့ဆရာ၏ ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်သည် သူ့စိတ်ထဲတွင် ပြိုလဲသွားခဲ့သည်။

တဖက်တွင်လည်း ကျောက်ထျန်းဖန်သည် စိတ်တွင်းမှ မရယ်မောဘဲ မနေနိုင်ခဲ့ပေ။

သူတို့၏ ဆရာသည် ကိုယ်တိုင်ခြေလှမ်းသည်နှင့် ၊ ထို မြင်ကွင်းမျိုးမြင်ရလိမ့်မည်ကို သူသိခဲ့သည်။

ထို့နောက် သူ၏ လည်ချောင်းကို တမင်ရှင်းလိုက်သည်။

ကျန်းချန်ရွှမ်၏ အာရုံစူးစိုက်မှုသည် သူ့ဆီသို့ ရွေ့သွားသောအခါ သူပြုံးပြီး နှုတ်ဆက်လိုက်သည်။ "ဂျူနီယာညီလေး ၊ သံသယဖြစ်စရာမလိုပါဘူး။ ဒါက မကြာခင် ညီလေးရဲ့ဆရာဖြစ်မဲ့သူ ဟောက်ရန်ဂိုဏ်းရဲ့ အကြီးအကဲပါ။

စကားမစပ် ၊ ကျွန်တော့်နာမည်ကကျောက်ထျန်းဖန်၊ ခင်ဗျားလိုပဲ ကျွန်တော်က ဆရာရဲ့တပည့်တစ်ယောက်ပါ။"

"ဒါဆို စီနီယာအစ်ကို ကျောက်ပေါ့။" ကျန်းချန်ရွှမ်သည် လျှင်မြန်စွာ အသိစိတ်ကို ပြန်ထိန်းလိုက်သည်။

သူသည် ကျောက်ထျန်းဖန် ကို ကြင်နာစွာ ခေါင်းညိတ်လိုက်ပြီး ချင်ရှန်းဝူထံသို့ ပြတ်သားသော အမူအရာဖြင့် လှည့်ကာ နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။

"တပည့် ကျန်းချန်ရွှမ်၊ ဆရာ့ကို နှုတ်ဆက်ပါတယ်။"

"ကောင်းတယ်။"

ချင်ရှန်းဝူက ပြုံးပြီး ခေါင်းညိတ်ကာ ရုတ်တရက်မေးလိုက်သည်။

"ရိုးရိုးသားသားပြောရရင် အခုပဲ မင်းရဲ့နှလုံးသားထဲမှာ ငါ့ကို ဝေဖန်နေတာလား"

"အာ...."

ကျန်းချန်ရွှမ် ကြောင်အသွားသည်။

သူ့ဆရာက ဘယ်လိုမေးခွန်းတွေလာမေးနေတာလဲ?

သူသည် မတတ်နိုင်ဘဲ စိတ်ထဲမှ ညည်းညူနေသော်လည်း မျက်နှာပေါ်တွင် လေးနက်သော အမူအရာကို ထိန်းသိမ်းကာ ခေါင်းကို လှုပ်ခါလိုက်သည်။

"မဟုတ်ပါဘူး ၊ ကျွန်တော် ဆရာ့ကို ဘယ်တော့မှ ဝေဖန်တာမျိုး မလုပ်ဖူးဘူး။"

နည်းနည်းပဲ ပြသနာရှိတာပါ ဟု သူ့ကိုယ်သူတွေးနေမိခဲ့သည်။

"ဟုတ်လား?"

သို့သော် ချင်ရှန်းဝူသည် နှလုံးသားမှတစ်ဆင့် မြင်နိုင်သကဲ့သို့ ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။

“ဒါပေမဲ့ ငါတို့ရဲ့ ဟောက်ရန်ဂိုဏ်းက စည်းဘောင်မဲ့ ဖြောင့်မတ်ခြင်းစွမ်းအင်ကို တန်ဖိုးထားတယ်ဆိုတာ မင်းကြားဖူးလား။

အဲ့ဒီစွမ်းအားအောက်မှာဆို လှည့်စားမှုနဲ့ ဆိုးဝါးတဲ့အတွေးတွေအားလုံးက မပုန်းကွယ်နေနိုင်ဘူး။

ငါမင်းကို နောက်တစ်ခါ ထပ်မေးမယ် ၊ မင်းငါ့ကို နှလုံးသားထဲကနေ ဝေဖန်ခဲ့တာလား"

"အယ်?" တကယ်ကြီးသိနေတာလား? ကျန်းချန်ရွှမ်သည် အတော်ပင် ကြောင်အသွားသည်။

သူသည် ဟောက်ရန်ဂိုဏ်း၏ကျင့်ကြံခြင်းနည်းလမ်းဖြစ်သည့် စည်းဘောင်မဲ့ဖြောင့်မတ်ခြင်းစွမ်းအား နည်းပညာကို သိထားပြီးဖြစ်ကာ ၎င်းသည် အလွန်သာလွန်သော အရာဖြစ်ပြီး မကောင်းဆိုးဝါးနှင့် ဆိုးယုတ်သောအရာများကို ဆန့်ကျင်ပေးနိုင်သည်။

လူတစ်ဦး ၏ နှလုံးသားမှတစ်ဆင့်မြင်နိုင်သော စည်းဘောင်မဲ့ ဖြောင့်မတ်သောစွမ်းအင်နှင့် ပတ်သက် ၍မူ သူသည်မသေချာပါ။

ထို့နောက် သူ၏ဆရာသည် တာအိုပေါင်းစည်းခြင်းကျင့်ကြံသူဖြစ်သည့် အထောက်အထားကို ပြန်ကြည့်ရလျှင်၊ သူ၏အသ်စလက်ခံထားသည့် တပည့်အပေါ် ထို့သို့ ပြုလုပ်ရန်လိုအပ်ပါသလား?

ကျန်းချန်ရွှမ် ၏ အတွေးအခေါ်များကို သတိပြုမိသောကြောင့် ကျောက်ထျန်းဖန် ဘက်မှ ကူညီနိုင်ခြင်းမရှိဘဲ စာနာစိတ်ကို ပြသနိုင်ခဲ့သည်။

သူတို့၏ ဆရာသည် အထူးသဖြင့် သူ၏ တပည့် များ ကို ပစ်မှတ်ထားကာ စနောက်ရသည်ကို နှစ်သက်ကြောင်း သူ၏ဂျူနီယာညီလေး မသိသေးပေ။

သူကိုယ်တိုင်လည်း ဒါကို ကြုံတွေ့ခဲ့ရဖူးပြီး အစ်မရှီလည်း ကြုံခဲ့ဖူးပြီဖြစ်သည်။

ယခုမူ ကြည့်ရသည်မှာ ဂျူနီယာညီလေး၏အလှည့်ဖြစ်ပုံရပါသည်။

ဒီလို တွေးနေရင်းနဲ့ သူ့ကို တစ်ဝက်ပြုံးနေတဲ့ အမူအရာနဲ့ ကြည့်နေတဲ့ ချင်ရှန်းဝူ၏ အကြည့်ကို သူဖမ်းမိလိုက်သည်။

“အဟွတ်…အဟွတ်...”

ကျောက်ထျန်းဖန်သည် ကြက်သီးထသွားပြီး ချက်ခြင်းနေရာရွေ့လိုက်ကာ အတွေးများ ပျံ့လွှင့် မသွားရဲတော့ပေ။

တစ်ခါတစ်ရံတွင် သူ ၏ ဆရာ တွင် ထူးခြားသော နည်းလမ်းအချို့ရှိပါသည်။

စည်းဘောင်မဲ့ ဖြောင့်မတ်သောစွမ်းအင်ကို ကျင့်ကြံသော်လည်း ၊ လုပ်ဆောင်ချက်များသည်... အနည်းငယ်ဖော်ပြ ၍ မရနိုင်ပါ။

ဖတ်...

ရုတ်တရက် ကျောက်ထျန်းဖန် ၏ ဦး ခေါင်းနောက်ဘက်တွင်ရိုက်ချက်တစ်ခုပေါ်လာပြီး သူအား လေထုအလယ်သို့ လွှင့်သွားစေသည်။

ကျန်းချန်ရွှမ်သည် အောက်မှကြည့်နေကာ အကြည့်လွဲလိုက်သည်။

သူ့ဆရာက တကယ်ရော သာမာန်ဟုတ်ရဲ့လား။

အရာအားလုံးပုံမှန်ဖြစ်နေပုံပေါ်သည့်အခါ...

ဖတ်...

ဘာအကြောင်းပြချက်မှမရှိဘဲ ၊ ကျန်းချန်ရွှမ်သည်လည်း သူ၏နောက်စေ့ကို ရိုက်လိုက်သည်အား ခံစားခဲ့ရသည်။

သို့သော်ကျောက်ထျန်းဖန် လက်ခံရရှိခဲ့သည့် တစ်ခုနှင့်မတူသည်မှာ ဤတစ်ချက်သည် ကျယ်လောင်သော အသံကို ကြားရသော်လည်း မည်သည့်အင်အားကိုမျှ သယ်ဆောင်လာခြင်းမရှိပေ။

ဤအရာကို မြင်သောအခါ ကျောက်ထျန်းဖန်သည် အတွင်းစိတ်မှ ညည်းညူလိုက်သည်။

သူ့ကိုရိုက်တုန်းကတော့ အားအများကြီးသုံးခဲ့တာ အသေချာကြီးကို။

ဒါပေမယ့် ဂျူနီယာညီဖြစ်သူအလှည့်မူ ဘာမှမထူးခြားဘဲ အသံသာကျယ်ပြီး သက်ရောက်မှုမရှိပေ။

ဆရာက တကယ်ပဲ...

ချင်ရှန်းဝူသည် ကျောက်ထျန်းဖန်ကို ပြုံးပြုံးလေးဖြင့် ပြန်ကြည့်လိုက်သည်။ ကျောက်ထျန်းဖန်က အလွန်ထိတ်လန့်သွားကာ ချက်ချင်းပဲ ပြုံးပြုံးနှင့် ခေါင်းခါပြလိုက်သည်။

“ကောင်းပြီ ၊ ငါ မင်းတို့ကို မနောက်တော့ဘူး” ဟု ချင်ရှန်းဝူက နောက်ဆုံးတွင် ထပ်ပြောလိုက်သည်။

သူက ကျန်းချန်ရွှမ်ကိုကြည့်ကာ အပြုံးဖြင့် ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။

“ကျန်းချန်ရွှမ်၊ ဟုတ်လား။ မင်းရဲ့ အခြေအနေကို ငါကြားပြီးပြီ။ အခြားဘာမှမရှိရင် ငါ့ရဲ့ ရှန်းဝူတောင်ထိပ်ကို လိုက်ခဲ့။"

"နားလည်ပါပြီ။"

ကျန်းချန်ရွှမ် က လေးစားစွာဖြင့် ချက်ချင်းတုံ့ပြန်လိုက်သည်။

ဤအခိုက်အတန့်တွင် သူ့ဆရာသည် သူ၏ အတွင်းစိတ်အတွေးများကို တစ်နည်းနည်းဖြင့် နားလည်နိုင်မည်ကို စိုးရိမ်သောကြောင့် သူ့နှလုံးသားထဲတွင် အခြားဘာမျှ ဆက်မတွေးရဲတော့ပေ။

"ဘူးဟူး..."

အဲဒီအချိန်မှာပဲ သမင်၏ရှေ့မှ မမြင်ရသော အတားအဆီးက နောက်ဆုံးမှာ ပျောက်ကွယ်သွားပုံရလေသည်။

သမင်လေးသည် ကျန်းချန်ရွှမ်ဆီသို့ အလျင်အမြန်ပြေးသွားပြီး သူ့ကို အနည်းငယ်စိုးရိမ်သော အကြည့်ဖြင့် ကြည့်ကာ တခါတရံ ချင်ရှန်းဝူ ကို တစ်ချက်ကြည့်လိုက်သည်။

ချင်ရှန်းဝူသည် ပြုံးရုံမှလွဲ ၍ မတတ်နိုင်တော့ဘဲ အဖြူရောင်လေးအား ထောက်ပြလိုက်သည်။

“မင်းရဲ့ ဒီသမင်လေးက အတော်လေး အထင်ကြီးစရာကောင်းတဲ့ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ရှိတယ်။

ကောင်းပြီ ၊ ငါမင်းရဲ့အစားအစာကို စားပြီးပြီဆိုတော့ ၊ မင်းကို အပြန်အလှန်အနေနဲ့ တစ်ခုခု ပြန်ပေးပါရစေ။”

ထိုသို့ပြောရင်း ချင်ရှန်းဝူက လက်မြှောက်လိုက်သည်။

ချက်ချင်းပဲ အရောင်ငါးရောင်ပါသော ရောင်ခြည်က အဖြူရောင်လေးပေါ်ကို ကျလာခဲ့သည်။

ထိုအခိုက်အတန့်၌ အဖြူရောင်လေး၏အာရုံသည် ရုတ်တရက်နိုးထလာပြီး မျက်လုံး မှိတ်တုတ်မှိတ်တုတ်နှင့် အဆင့် (၄) တံခါးကို ကျော်ဖြတ်ကာ အဆင့် (၅) ဝိညာဉ်သတ္တဝါတစ်ကောင် ဖြစ်လာခဲ့သည်။

***

All Chapters