← Chapters

သုံဟယ်ကောင်တီမှာ ငါတို့ ရွှီမိသားစုရဲ့ စကားက အတည်ပဲ

Vol. 4 Ch. 47

သုံဟယ်ကောင်တီမှာ ငါတို့ ရွှီမိသားစုရဲ့ စကားက အတည်ပဲ

Vol. 4 Ch. 47

ရွှီမိသားစု၏ အန္တရာယ် ပေါ်လာချိန်တွင် ရွှီယန်၏ စွမ်းအားကြီးမားသည့် အသွင်အပြင်နှင့် သဘာဝလွန်စွမ်းအားတို့ကို ထုတ်ဖော်လာမှုကြောင့် ရွှီကျွင်းဟယ်အနေနှင့် နောက်ဆက်တွဲ ကိစ္စများကို စဉ်းစားရန် လိုအပ်လာခဲ့သည်။

ကောင်းကင်မိခင်ဂိုဏ်းနှင့် ပူးပေါင်းကာ ပုန်ကန်ထကြွမှု ပြုလုပ်ရန်မှာတော့...

ရွှီကျွင်းဟယ်က ထိုစိတ်ကူးကို ပယ်ဖျက်လိုက်သည်။

အချိန်အခါ၊ နေရာဒေသနှင့် အများပြည်သူ၏  ထောက်ပံ့မှု နည်းပါးသောကြောင့် ကောင်းကင်မိခင်ဂိုဏ်း၏ ပုန်ကန်မှုက အောင်မြင်မှာ မဟုတ်ဟု သူသုံးသပ်ရသည်။

သူ၏ သားဖြစ်သူသည် အခြားလူများအတွက်  အလုပ်လုပ်ပေးစရာ လိုအပ်ခြင်း မရှိပေ။ ကောင်းကင်မိခင်ဂိုဏ်းက မထိုက်တန်ပါ။

ထို့အပြင် ပိုမိုအရေးကြီးသည့် အကြောင်းပြချက်မှာ ရွှီကျွင်းဟယ်က သူ၏သားဖြစ်သူကို  ကောင်းကောင်း နားလည်သောကြောင့် ဖြစ်သည်။

ရွှီယန်သည် ပုံပြင်စာအုပ်များထဲတွင် တွေ့ရသည့်  သိုင်းပညာကို စွဲလန်းနေပြီး ယခုအချိန်၌ အမှန်တကယ် တတ်မြောက်လာခဲ့သည်။ ထိုကိစ္စကြောင့် နောင်တွင် သူ၏ အတွေးများကို သိုင်းပညာ အတွင်းတွင်သာ ပိုမိုနှစ်မြှုပ်ထားမှာ သေချာ၏။

ပုန်ကန်ထကြွမှုတစ်ခုသည် ကြီးမားသည့် သက်ရောက်မှုရှိပြီး ရွှီယန်အနေနှင့် ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စများစွာတို့ ပေါ်လာမှာ ဖြစ်သည်။ ဤသည်က သိုင်းပညာ ကျင့်ကြံမှုကို အနှောင့်အယှက် ဖြစ်စေပြီး ရွှီယန်နေလိုသည့်ဘဝဖြင့် နေနိုင်မည် မဟုတ်ပေ။

ရွှီကျွင်းဟယ်က သားဖြစ်သူကို ထိုကဲ့သို့သော အရှုပ်အထွေးများ အကြားတွင် နစ်မြုပ်သွားခြင်း မဖြစ်စေလိုပါ။

ထို့ကြောင့် အိမ်ရှေစံ အရိုက်အရာအတွက် ဖြစ်ပွားခဲ့သည့် ပြဿနာတို့၏ စတင်ရာ မြို့တော် ကျင်းဟန်ဆီသို့ ရွှီယန်အား ခရီးတစ်ထောက် စေလွှတ်ကာ အားလုံးကို တစ်ခါတည်း ရှင်းလင်းခိုင်းရမည် ဖြစ်သည်။

ရုတ်တရက် ရှည်လျားသည့် ခရာသံတစ်ခု ပေါ်လာခဲ့သည်။ သုံဟယ်ကောင်တီ၏ အုပ်ချုပ်ရေး ရုံးတော်ဘက်မှ လာခြင်း ဖြစ်၏။

သုံဟယ်ကောင်တီ၏ အုပ်ချုပ်သူက ရုတ်တရက် ခေါင်းလှည့်ကြည့်သည်။ သူ၏ပုံစံက အကြိမ်ကြိမ် ပြောင်းလဲနေ၏။

သုံဟယ်ကောင်တီ၏ အုပ်ချုပ်သူ စံအိမ်ဟာ ကျရှုံးခဲ့ပြီလား...

ခုံရော့ကျစ်က ပြုံးကာ ရွှီကျွင်းဟယ်ကို  ဦးညွှတ်ပြီး ပြောသည်။

"သုံဟယ်ကောင်တီရဲ့ အစိုးရရုံးတော်က အခု ကျွန်တော်တို့ ကောင်းကင်မိခင်ဂိုဏ်းရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေပြီ။ ဒီနေ့ကစပြီး ကျွန်တော် ခုံရော့ကျစ်က သုံဟယ်ကောင်တီရဲ့ အုပ်ချုပ်သူပဲ.."

ထိုအချိန်၌ သုံဟယ်ကောင်တီ အုပ်ချုပ်သူ၏ မျက်နှာက ကြီးစွာ ပြောင်းလဲသွားတော့၏။ သူက ခုံရော့ကျစ်ကို ထိတ်လန့်စွာ ကြည့်ကာ အံ့သြသည့် အသံတစ်ခုဖြင့် မေးသည်။

"မင်းလူတွေက အစိုးရရုံးတော်အထိ ဒီလောက် စိမ့်ဝင်နေတာလား.."

ရုံရော့ကျစ်က သူ၏ ငှက်မွှေးယပ်တောင်ကို ခတ်ကာ နှာခေါင်းရှုံ့သည်။

"အိုး.. မင်းလို အရည်အချင်းမရှိတဲ့ သူကို အိုမင်းပြီးဦးနှောက်မဲ့တဲ့ ဧကရာဇ်ချီပဲ မြှောက်စားထားလိမ့်မယ်။ ငါက လှည့်ကွက်အချို့ကို သုံးခဲ့ရုံပဲ ရှိတာ.."

သူက သုံဟယ်ကောင်တီ၏ အုပ်ချုပ်သူအား  အထင်သေးစွာကြည့်ကာ ဆက်လက်ပြောသည်။

"မင်းက.. လိပ်ကို လှောင်အိမ်နဲ့ ဖမ်းချင်ခဲ့တယ်။ ဒါပေမယ့် မင်းမသိတာက ငါတို့ကလည်း ဒီအခွင့်အရေးကို စောင့်နေတယ် ဆိုတာကိုပဲ.."

ထိုအချိန်၌ လမ်းမပေါ်၌ ထူထဲသည့် အခြေသံများ ပေါ်လာခဲ့၏။ များပြားလှသည့် စစ်သည်များက သူတို့ကို ဝန်းရံလာခဲ့သည်။

ဦးဆောင်လာသူမှာ သုံဟယ်ကောင်တီ၏ ခေါင်းဆောင်တပ်မှူးဖြစ်၏။

"ဆာ...ဆန့်ကျင်သူတွေကို ဖမ်းဆီးပြီးပါပြီ.."

ခေါင်းဆောင်က ရောက်ရှိလာပြီးနောက် ခုံရော့ကျစ်ကို ဦးညွတ်သည်။

သူက လက်ကို ဝှေ့ရမ်းလိုက်ပြီးနောက် အစေခံတစ်ယောက်က အမှုထမ်းဝတ်စုံ တစ်ခုကို ကိုင်ဆောင်ကာ ရှေ့တက်လာခဲ့သည်။ ဤသည်မှာတော့ သုံဟယ်ကောင်တီ၏ အုပ်ချုပ်သူ ဝတ်စုံဖြစ်၏။

ခုံရော့ကျစ်က ၎င်းကို ဝတ်လိုက်ပြီးနောက် ပါးလျသည့် မျက်နှာဖုံးတစ်ခုကို ထုတ်ကာ မျက်နှာပေါ်တွင် ဝတ်ဆင်လိုက်သည်။ ထိုအချိန်၌ သူ၏ အသွင်အပြင်က သုံဟယ်ကောင်တီ အုပ်ချုပ်သူနှင့် ၈၀၊ ၉၀%လောက် တူညီနေပါသည်။

"ဒီဆန့်ကျင်မှု ပြုကြတဲ့.. စစ်သည်တွေ အသွင်ဆောင်ထားတဲ့ ကောင်းကင်မိခင်ဂိုဏ်းက လူတွေကို ထောင်ထဲကို ထည့်လိုက်။ သူတို့ရဲ့ အပြစ်အတွက် စောင့်စားပါလေ့စေ.."

ခုံရော့ကျစ်က ပါးစပ်ကိုဖွင့်ကာ အမိန့်တစ်ခုကို ပေးသည်။ သူ၏အသံမှာ သုံဟယ်ကောင်တီ အုပ်ချုပ်သူနှင့် တူညီလုနီးပါး ရှိနေ၏။

"ဒုတ်.."

သုံဟယ်ကောင်တီ အုပ်ချုပ်သူက ထိတ်လန့်ကြောက်ရွံ့စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွား၏။ ခုံရော့ကျစ်ကို အံ့ဩစွာကြည့်ကာ အသံပြုသည်။

"မင်းက ငါ့အသွင် ယူချင်တာလား.."

"အဲ့တော့ ပြဿနာ ရှိလို့လား.."

ခုံရော့ကျစ်က ပြုံးသည်။

ခေါင်းဆောင်တပ်မှူး ခေါ်ဆောင်လာသည့် လူများက မြေပြင်ပေါ်တွင် လဲကျနေသည့် ဒဏ်ရာရ အမှုထမ်းများနှင့် စစ်သည်များ အားလုံးကို ချုပ်နှောင်ကာ အဝေးသို့ ခေါ်ဆောင်သွားသည်။

"ငါတို့ရဲ့ ကောင်တီအုပ်ချုပ်သူကို ဝတ်စုံသစ်နဲ့မျက်နှာအသစ်လေး ပေးလိုက်ပါဦး.."

ခုံရော့ကျစ်က အမိန့်ပေး၏။

ကောင်းကင်မိခင်ဂိုဏ်းရှိ ကျွမ်းကျင်သူ တစ်ယောက်က ရှေ့သို့တက်ကာ ကောင်တီအုပ်ချုပ်သူ၏ ရုံးဝတ်စုံကိုချွတ်ပြီး အခြား ပုံမှန်ဝတ်စုံတစ်ခုကို ဝတ်ဆင်ပေးလိုက်သည်။ ထို့နောက် သူ၏ မျက်နှာပေါ်တွင် မျက်နှာဖုံးတစ်ခုကို ဖုံးပေးလိုက်၏။

မျက်စိတစ်မှိတ်အတွင်းတွင် သုံဟယ်ကောင်တီ၏ အုပ်ချုပ်သူသည် ကောင်းကင်မိခင်ဂိုဏ်း၏ အဖွဲ့ဝင်တစ်ယောက် အသွင်သို့  ပြောင်းလဲသွား၏။

"သခင်ကြီးရွှီ.. အခုရော ဘယ်လိုထင်လဲ.."

ခုံရော့ကျစ်က  ဂုဏ်ယူစွာဖြင့် မေး၏။

"တော်တော်လေး လေးစားဖို့ကောင်းတယ်.."

ရွှီကျွင်းဟယ်က ဆို၏။

"ဒါဆို.. ကျွန်တော်တို့ရဲ့ ပူးပေါင်းမှုကရော.."

ခုံရော့ကျစ်က အပြုံးတစ်ခုဖြင့် ဆက်လက်ပြောသည်။

"သုံဟယ်ကောင်တီကို မင်းလုံးဝ ထိန်းချုပ်ပြီးတဲ့ အခါကျရင် ဆွေးနွေးကြတာပေါ့.."

ရွှီကျွင်းဟယ်က  ထူးမခြားနားစွာ ပြန်ပြော၏။

"ဒါဆိုလည်း ကောင်းပြီလေ။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခဏလောက်စောင့်ပါ.."

ခုံရော့ကျစ်က လျှောက်ထွက်သွား၏။

သူ၏လမ်းလျှောက်သည့် အသွင်အပြင်က အံ့သြစရာ ကောင်းလောက်အောင် သုံဟယ်ကောင်တီ၏  အုပ်ချုပ်သူနှင့် တူညီနေပါသည်။

သိသာစွာပင် သူသည် သုံဟယ်ကောင်တီ၏ အုပ်ချုပ်သူအသွင်အတိုင်း တိတ်တဆိတ် ကျင့်ကြံနေခဲ့တာ ကြာပြီ ဖြစ်လိမ့်မည်။

ကောင်းကင်မိခင်ဂိုဏ်းသည် ကောင်တီအစိုးရ၏ ရုံးတော် အတွင်းတွင်ပင် စိမ့်ဝင်နေ၏။ ခုံရော့ကျစ်၏ နည်းလမ်းများက အမှန်တကယ်ကို ထူးကဲလှသည်။

"သူတို့အားလုံးကို ခေါ်သွားကြ။ သခင်‌လေးရွှီကို အနှောင့်အယှက် မဖြစ်စေနဲ့.."

ခုံရော့ကျစ်က လက်ကိုဝှေ့ရမ်းကာ ပြော၏။

သုံဟယ်ကောင်တီ၏ အုပ်ချုပ်သူ မျက်နှာက ဖြူရော်နေပါသည်။ သို့ပေမယ့် နှာခေါင်းရှုံ့စွာ ပြော၏။ "ကောင်းကင်မိခင်ဂိုဏ်းက ဘာကိစ္စကြီးမှ စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး။ ရွှီကျွင်းဟယ် မင်းသတိထားသင့်တယ်.."

"အဲ့ကိစ္စက မင်းစိုးရိမ်စရာ မဟုတ်ပါဘူး.. ကောင်တီအုပ်ချုပ်သူ.."

ရွှီကျွင်းဟယ်က အနည်းငယ် ဦးညွှတ်ကာ တည်ငြိမ်စွာ ပြော၏။

ဒဏ်ရာရထားသည့် အမှုထမ်းများနှင့် စစ်သည်များအားလုံးတို့ကို ခေါ်ဆောင်သွားပြီးနောက် မြေပြင်ပေါ်ရှိ သွေးစများကို သန့်ရှင်းသည်။ ထိုအချိန်၌ အာရုံဦးသို့ ရောက်ရှိနေပြီ ဖြစ်၏။

"အဖေ.. ကျွန်တော်တို့တွေ ပုန်ကန်ကြမှာလား.."

ရွှီယန်က မေးသည်။

သူသည် ဧကရာဇ်အိုကြီးနှင့် ပတ်သက်ပြီး အလွန် မပျော်မရွှင် ခံစားနေရ၏။

"မင်းအဘိုးရဲ့ မိသားစုက မြို့တော်မှာပဲ ရှိသေးတယ်.."

"ပုန်ကန်ပြီးတော့ ဘာလုပ်မှာလဲ။ ငါတို့တွေ ဧကရာဇ်ချီကို သတ်လိုက်ရင်တောင် သူတို့တွေကို အသက်ပြန်ရှင်နိုင်အောင် လုပ်နိုင်မှာလား.."

ရွှီကျွင်းဟယ်က သူ၏သားဖြစ်သူကို ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။

"ဒါဆိုရင် ကျွန်တော် အခုပဲ မြို့တော်ကို သွားလိုက်ရမလား.."

ရွှီကျွင်းဟယ်က စဉ်းစားပြီးနောက် အဓိပ္ပာယ်ရှိသည်ဟု ခံစားရသည်။ ပုန်ကန်ဖို့ သတင်းသာ မြို့တော်သို့ ရောက်ရှိသွားပါက သူ၏ ယောက္ခမဖြစ်သူ မိသားစုတစ်ခုလုံး သေချာပေါက် အသတ်ခံရမှာပါ။ ခရီးက ရှည်လျားရာ အချိန်မှီကယ်တင်နိုင်ခြင်းမရှိမည်ကို ကြောက်ရပါသည်။

"ယောက်ျား... အခုကျွန်မတို့တွေ ဘာလုပ်ကြမလဲ.." သခင်မရွှီက စိုးရိမ်စွာ ကြည့်သည်။

"ယန်အာ.. ငါ့ကို အမှန်အတိုင်းပြော.. မင်းရဲ့ ခွန်အားက ဘာလဲ။ တကယ်လို့ ဒီဗိုင်းကြီးမြတ်ခြင်း စစ်တပ်က တိုက်ခိုက်လာခဲ့ရင် မင်းသူတို့ကို ခုခံနိုင်မှာလား.."

ရွှီကျွင်းဟယ်က နက်ရှိုင်းသည့်အသံဖြင့် မေးသည်။

နောက်ဆက်တွဲ လုပ်ဆောင်ရမည့် ကိစ္စများကို  တိကျစွာ အစီအစဉ်ဆွဲရန်အတွက် သားဖြစ်သူ၏ ခွန်အားကို သိရှိရန် လိုအပ်ပါသည်။

ထိုစကားကို ကြားရပြီးနောက် ရွှီယန်က ရင်ဘက်ကိုပုတ်ကာ ပြော၏။

"စစ်သည်၁သိန်း လာပြီးတော့ တိုက်ခိုက်ရင်တောင် သူတို့ထဲကို လွတ်လွတ်လပ်လပ် ဝင်ရောက်နိုင်တယ်။ စစ်တပ်တစ်ခုကို တစ်ယောက်တည်း အနိုင်ရဖို့ဆိုတာ ပြဿနာကြီး မဟုတ်ဘူး.."

"တကယ်လား.."

ရွှီကျွင်းဟယ်က အံ့ဩစွာ ပြောသည်။

"အတိအကျပဲ.."

ရွှီယန်က ခေါင်းကိုမော့ကာ တည်ငြိမ်စွာ ပြော၏။

"အဖေ.. ကျွန်တော်က အခုမှသိုင်းပညာမှာ စတင်ခြင်းအဆင့်ကိုပဲ ရောက်သေးပေမယ့် ခွန်အားက  သာမန်လူတွေရဲ့ အတိုင်းအတာနဲ့ တိုင်းတာလို့ မရတော့ဘူး.."

"အဲ့ဒါဆို ကောင်းတယ်.."

ရွှီကျွင်းဟယ်က  စိတ်သက်သာရာ ရသွား၏။

သူ၏ငတုံးသားသည်  တုံးအမှုကြောင့် ကံကောင်းမှုအချို့ ရရှိပြီး ယခုကဲ့သို့ စွမ်းအားကြီးသည့် သိုင်းပညာတစ်ခုကို အမှန်တကယ် ကျင့်ကြံနိုင်ခဲ့တာ ဖြစ်ပေလိမ့်မည်။

ခြေလှမ်းအနည်းငယ် ဘယ်ညာလျှောက်ကာ စဉ်းစားပြီးနောက် ပြော၏။

"ခုံရော့ကျစ်က ကောင်တီရဲ့ အုပ်ချုပ်မှုရုံးတော်ကို ထိန်းချုပ်ထားပေမယ့် သုံဟယ်ကောင်တီကို လက်လွှဲယူနိုင်ဖို့ဆိုတာ လွယ်ကူမနေဘူး.."

"သုံဟယ်ကောင်တီရဲ့ အစိုးရရုံးတော်က ဓားစာခံသက်သက်ပဲ။ ချီနိုင်ငံက သုံဟယ်ကောင်တီမှာရှိတဲ့  ကောင်းကင်မိခင်ဂိုဏ်း တစ်ခုလုံးကို သုတ်သင်ချင်တာဖြစ်မယ်.."

"ငါ့ရဲ့ရွှီမိသားစုကို ဆန့်ကျင်တာကလည်း ငါးစာတစ်ခုထက် မပိုဘူး။ ဒါက ပထမမင်းသားရဲ့ အဖွဲ့တွေက အကျိုးပြုမှုကြီး ရရှိပြီး ပထမမင်းသားရဲ့  နေရာကို တည်မြဲအောင် လုပ်နိုင်ဖို့ ကြံစည်တာဖြစ်မယ်.."

ရွှီကျွင်းဟယ်သည် သုံဟယ်ကောင်တီ အုပ်ချုပ်သူဟောင်း၏ သမီးဖြစ်သူကို လက်ထပ်နိုင်ခဲ့၏။ သူကိုယ်တိုင်က နိမ့်ကျသည့် နောက်ခံမှ လာခဲ့သော်လည်း ယောက္ခမဖြစ်သူမှာ အမှုထမ်းရေးရာ ဝန်ကြီးဌာန၏ ဒုတိယအမတ်ကြီးအဖြစ် လက်ရှိအချိန်၌ တာဝန်ထမ်းဆောင် နေပါသည်။

ကြီးမားသည့် ချမ်းသာကြွယ်ဝမှုကိုလည်း ပိုင်ဆိုင်ထာ၏။ အဘယ်သို့ သာမန်လူတစ်ယောက် ဖြစ်နိုင်မည်နည်း။

ဒီအချိန်၌ သူက အခြေအနေကို သုံးသပ်နေပြီး လာမည့်အဖြစ်အပျက်များအား စဉ်းစား၏။

"တကယ်လို့ အလွဲအချော်သာ မရှိဘူးဆိုရင် အခုချိန်လောက်ဆိုရင် စစ်သူကြီးစံအိမ်က ကျန်းဖင်ရှန်းလည်း စပြီးတော့ လှုပ်ရှားနေလောက်ပြီ.."

"ခုံရော့ကျစ်တို့တွေ တစ်ဖွဲ့လုံး လှောင်အိမ်ထဲက လိပ်တွေလို ဖြစ်ကုန်တော့မှာ။ တကယ့် မုန်တိုင်းက လာတော့မယ်.."

ရွှီကျွင်းဟယ်က လေးနက်စွာ ပြောသည်။

"ယန်အာ.. ကျန်းဖင်ရှန်းရဲ့ စစ်တပ်ကို အနိုင်ယူပြီး မင်းရဲ့ နတ်ဘုရားတစ်ပါးလို စွမ်းအားကို ပြသရမယ်.."

"အဲ့ဒီ့အပြင် ကျန်းဖင်ရှန်းရဲ့ စစ်တပ်ကို အနိုင်ယူပြီးတဲ့နောက်မှာ.. ခုံရော့ကျစ်နဲ့ အခြား ကောင်းကင်မိခင်ဂိုဏ်းက အဖွဲ့ဝင်တွေ အခွင့်အရေး ဝင်ယူမှာကို  မဖြစ်စေနဲ့.."

"ကျန်းဖင်ရှန်းက သေလို့မဖြစ်ဘူး.."

ခဏတာ ရပ်တန့်နေပြီးနောက် ရွှီကျွင်းဟယ်က ဆက်လက်ပြောသည်။

"သုံဟယ်ကောင်တီမှာ ငါ့တို့ ရွှီမိသားစုရဲ့ စကားကအတည်ပဲ။ ဒီတိုက်ပွဲပြီးရင် မြို့တော်က ဧကရာဇ်ချီလည်း ဘာလုပ်ရမယ် ဆိုတာကို သိလောက်မှာပါ.."

"ယန်အာ.. အချိန်ကျလာရင် မြို့တော်ကိုသွားပြီး  မင်းရဲ့အဘိုးကို ကူညီပေးလိုက်။ တော်ဝင်မိသားစုနဲ့ တော်ဝင်ရုံးတော်ကို စဉ်းစားလို့ရအောင် စွမ်းအားအချို့ကို ပြရမယ်.."

ရွှီယန်က ခေါင်းငြိမ့်ကာ ပြောသည်။

"အဖေ.. ကျွန်တော် ဘာလုပ်ရမလဲ ဆိုတာကို သိပါပြီ.."

ထို့နောက် သူက မော့ကြည့်ကာ မေးသည်။

"အဖေ.. ဧကရာဇ် ဖြစ်ချင်လား.."

ရွှီကျွင်းဟယ်က မှင်သက်သွား၏။ ခေါင်းကိုရမ်းကာပြောသည်။

"ငါ့အဖေက စီးပွားရေးသမား တစ်ယောက်ပဲ။ ငါလည်း သုံဟယ်စီရင်စုကို ထိန်းချုပ်နိုင်တာနဲ့တင် ကျေနပ်ပါပြီ။ ဧကရာဇ် ဖြစ်ရမှာက အရမ်းကို ပင်ပန်းမှာ.."

သူ၏သားဖြစ်သူသည် အလွန်စွမ်းအားကြီးသည့်  သိုင်းပညာကို ကျင့်ကြံနေပြီး လောကရေးရာများထက် ကျော်လွန်နေပါပြီ။

ဒီအချိန်ကား ရွှီကျွင်းဟယ်အတွက် အတွေးအမြင်တို့ကို နောက်တစ်ဆင့် မြင့်သွားစေခဲ့သည့် အချိန်လည်းဖြစ်၏။

သေမျိုးများ၏ ဧကရာဇ်ဖြစ်ရတာ ဘာကောင်းလို့နည်း။

ရွှီကျွင်းဟယ်၏ မျက်နှာက တောက်ပစွာ ပြုံးသည်။မည်သူက ဒဏ္ဍာရီများအတွင်းတွင် ဖော်ပြထားသည့် သိုင်းပညာ ဆရာသခင်တစ်ယောက် မဖြစ်လာချင်ဘဲ နေလို့နည်း...

Thaw Tar:

All Chapters