← Chapters

အခန်း (၅၁)

Vol. 4 Ch. 51

အခန်း (၅၁)

Vol. 4 Ch. 51

ရွှေလက်ချောင်း၏ ပေါ်လာမှုက တန်ပြန်အကျိုးသက်ရောက်မှုတစ်ခု ပေါ်လာသည်ဟု ဆိုလို၏။ ထင်ထားသည့် အတိုင်းပင်။

"သင်၏တပည့်သည် လူ၁၀၀၀၀ရှိသည့် စစ်တပ်ကို တစ်ယောက်တည်းနှင့် အနိုင်ယူခဲ့သည်။ သူ၏နဂါးနိုင်လက်ဝါးသိုင်းအပေါ် အသုံးချနိုင်မှု ပိုမိုမြင့်မားလာခဲ့သည်။ သင်သည် တိုက်ပွဲ၁၀၀၏ အတွေ့အကြုံကို ရရှိသည်.."

'တိုက်ပွဲ၁၀၀ရဲ့ အတွေ့အကြုံ...'

လီရွှမ်၏ စိတ်ထဲတွင် မရေမတွက်နိုင်သည့် တိုက်ပွဲမြင်ကွင်းများ တရိပ်ရိပ် ပေါ်လာခဲ့၏။ သူ၏ဦးနှောက်ထဲသို့ တစ်ခါတည်း ရိုက်ထည့်ပေးသည်။

သူသည် ဘယ်တုန်းကမှ မတိုက်ခိုက်ဖူးသည့် လူသစ်တစ်ယောက်အဖြစ်မှ စွမ်းအားကြီးမားသည့် ခွန်အားတို့ကို ပိုင်ဆိုင်ထားသည့် သာမန်လူတစ်ယောက်သာ မဟုတ်တော့ဘဲ တိုက်ပွဲပေါင်းရာချီကို အတွေ့အကြုံရှိသူ တစ်ဦး ဖြစ်လာခဲ့သည်။

'ဒီနေ့ကစတင်ပြီး.. ငါက ဘယ်တုန်းကမှ မတိုက်ခိုက်ဖူးတဲ့ လူသစ်တစ်ယောက် မဟုတ်တော့ဘူး..'

လီရွှမ်က လက်သီးများကို ဆုပ်သည်။

မကြာသေးခင်က သူသည် တိုက်ပွဲတစ်ခုကိုပင် ကြုံတွေ့ခဲ့ခြင်း မရှိသေးသည့် လူသစ်တစ်ယောက်သာ ဖြစ်၏။

ယခုအချိန်တွင်တော့ အတွေ့အကြုံ ကြီးရင့်သည့် သိုင်းသမားတစ်ဦး ဖြစ်လာစေခဲ့လေပြီ။

'ငါ့ရဲ့ငတုံးတပည့်က လုပ်တာ အရမ်းကောင်းတယ်။ တစ်ယောက်တည်းနဲ့ စစ်တပ်တစ်ခုကို အနိုင်ယူပြီး  နဂါးနိုင်လက်ဝါးသိုင်းကို မြှင့်တင်နိုင်ခဲ့တယ်..'

'ဆိုလိုတာက.. တိုက်ပွဲအတွင်းမှာ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး ကိုယ့်ကိုယ်ကို မြှင့်တင်ဖို့ အခွင့်အရေးကို ဆုပ်ကိုင်ခဲ့တယ်လို့ပဲ..'

ရွှီယန်အနေနှင့် တိုက်ပွဲအတွင်းတွင် နဂါးနိုင်လက်ဝါးသိုင်းကို မြှင့်တင်ရန်အတွက် လုပ်ဆောင်နိုင်ခဲ့ကတည်းက အခြေအနေမှာ သူ၏ထိန်းချုပ်မှုအောက်တွင်သာ ရှိမှာ သေချာ၏။

"သင့်တပည့်၏ စွမ်းအားကြီးမားသည့် သိုင်းပညာက ကောင်တီတစ်ခုလုံးကို လှုပ်ခါစေပြီး သူ့ကိုနာမည်ကျော်ကြားလာစေ၏.."

"ဆရာတစ်ယောက်အနေနှင့် သင်သည် လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နက်နေသည့် လျှို့ဝှက်ဆန်းကြယ် အငွေ့အသက်ကို ရရှိသည်.."

ရွှေလက်ချောင်းက ပြန်ပေါ်လာ၏။ လျှို့ဝှက်ဆန်းကြယ်ကာ အနှိုင်းမဲ့သည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ဤသည်က လီရွှမ်ကို ကြည့်လိုက်လျှင် ပိုမိုကာ  ဆန်းကြယ်နေစေ၏။ လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်ဖြင့် လွမ်းခြုံနေပြီး လူများကို မြင်နိုင်ခြင်းမရှိအောင် ဖြစ်စေသည်။

လီရွှမ်က စိတ်လှုပ်ရှားလာခဲ့၏။ ထိုအငွေ့အသက် အရောင်အဝါကြောင့် သူပုန်းအောင်းနေခဲ့ရသည့် စွမ်းအားကြီးပုဂ္ဂိုလ် တစ်ယောက် ဖြစ်ကြောင်းကို  မည်သူမှ သံသယဝင်မည် မဟုတ်တော့ပေ။

'ငတုံးတပည့်က တကယ့်ကို တော်တာပဲ..'

ထိုလျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်တွင် ခွန်အားကို မြှင့်တင်ပေးနိုင်သည့် အထူးသက်ရောက်မှု ရှိပုံမပေါ်ပေမယ့် သူ၏ အသွင်သဏ္ဍာန်ကို ပိုမိုအနှိုင်းမဲ့လာစေသည်။

ရံဖန်ရံခါတွင် လျှို့ဝှက်ဆန်းကြယ်မှုမှာ ခွန်အား၏  ပြရုပ်တစ်ခု ဖြစ်၏။ လီရွှမ်၏ အတွေးက ရွေ့လျားသွား၏။

လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက် ပျောက်ကွယ်သွားပြီး သူ၏ မူလသာမန်အသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွားသည်။

စိတ်ထဲတွင် တစ်ချက်တွေးလိုက်သည်နှင့် လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်က ပြန်လည်ထွက်လာပြီး သူ၏ပုံစံက ရုတ်တရက် ကြီးမြတ်လာခဲ့ပြန်သည်။

"ငါ.. တပည့်တစ်ယောက်ကို ထပ်လက်ခံရမယ်.."

လီရွှမ်တစ်ယောက် ဆက်လက်ထိုင် မနေနိုင်တော့ပေ။ တပည့်တစ်ယောက်တည်းက ပင်လျှင် သူ့ကို ယခုကဲ့သို့ ကြီးမားသည့် အကျိုးကျေးဇူးများ ရရှိစေခဲ့၏။

သူ့တွင် ပိုမိုများပြားသည့် တပည့်များသာ ရှိပါက  အကျိုးအမြတ်များ ပိုမိုများပြားမည် မဟုတ်ပါလား။

"လက်ရှိ ကောင်းကင်မိခင်ဂိုဏ်းရဲ့ ကောင်းကင်မိခင်ကို တပည့်လောင်းတစ်ယောက်အဖြစ် သတ်မှတ်လို့ရတယ်။ ကောင်းကင်မိခင်ဂိုဏ်းက ကျွမ်းကျင်သူတစ်ယောက်ကို သူမကို ယွင်ရှန်းကောင်တီမြို့ဆီကို  လာခိုင်းဖို့ အကြောင်းကြားခိုင်းရမယ်.."

လီရွှမ်က မတ်တပ်ရပ်ကာ လျှောက်ထွက်သွား၏။

"ယွင်ရှန်းမြို့မှာရော သင့်တော်တဲ့ တပည့်လောင်းလေးဘာလေး ရှိမလားမသိဘူး။ ငါတစ်ယောက်လောက် ရှာတွေ့ဖို့ မျှော်လင့်တယ်.."

သူ့တွင် တပည့်လက်ခံရန်အတွက် အလွန်မြင့်မားသည့် လိုအပ်ချက်တို့ ရှိနေပါသည်။ သူတို့သည် တွေးတောနိုင်လွန်းသည့် ဦးနှောက် မြင့်မားသည် နားလည်သဘောပေါက်မှုစွမ်းရည်တို့ကို ပိုင်ဆိုင်ထားရပေမည်။

ထိုအခါမှသာ သူဖန်တီးလိုက်သည့် ကျင့်စဉ်များကို အောင်မြင်စွာ ကျင့်ကြံနိုင်မည် ဖြစ်၏။ ရွှီယန်မှာ  ဥပမာတစ်ခု ဖြစ်သည်။

သူ၏စိတ်ကူးယဉ်မှုက ကျယ်ပြန့်ကာ နားလည်သဘောပေါက်မှုက ထူးကဲ၏။ မဟုတ်ပါက  ကျင့်ကြံခြင်းတွင် အောင်မြင်နိုင်မည် မဟုတ်ပေ။

'တပည့်လက်ခံတဲ့ အရေအတွက်က ကိစ္စမရှိဘူး။ အဓိကက အရည်အသွေးပဲ။ ပိုပြီးတော့ ထူးချွန်ပြောင်မြောက်သူဖြစ်လေလေ တန်ပြန်အကျိုးပြုမှုတွေ ပိုရလေလေပဲ။ ငါထွင်ထားတဲ့ ကျင့်စဉ်တွေကို  အောင်အောင်မြင်မြင် ကျင့်ကြံနိုင်မယ့်သူက အရေးအကြီးဆုံးပဲ..'

လီရွှမ်က တပည့်လက်ခံရန်အတွက် ယေဘုယျ စံချိန်တစ်ခုကို စဉ်းစားသည်။

ခြံဝန်းအတွင်းမှ ထွက်လာပြီးနောက် ယွင်ရှန်းမြို့ငယ်၏ ပတ်ဝန်းကျင်သို့ လှည့်လည်ကာ အေးအေးလူလူ လမ်းလျှောက်နေ၏။

ယွင်ရှန်းမြို့ကို ကောင်းကင်မိခင်ဂိုဏ်းက ထိန်းချုပ်ပြီးတာ ကြာပြီဖြစ်သည်။ ဒီနေရာရှိလူများသည် ကောင်းကင်မိခင်ဂိုဏ်း၏ နောက်လိုက်များ သို့မဟုတ် နက်ရှိုင်းသည့် ယုံကြည်သက်ဝင်သူများ  ဖြစ်ကြသည်။

အိမ်တိုင်း ကောင်းကင်မိခင်ကို ကိုးကွယ်ကြ၏။

ရုတ်တရက် တိုက်ခိုက်မှုအသံတစ်ခု ပေါ်လာခဲ့သည်။

"မုန့်ချုံ.. မပြေးနဲ့ အညံ့ခံလိုက်.."

အသံကကျယ်လောင်ကာ နားထောင်ရတာ ရင်းနှီးနေ၏။ ဤသည်မှာ  မနေ့ညက ပါလာခဲ့သည့် ကောင်းကင်မိခင်ဂိုဏ်းရှိ ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည့် ရှီအာဖြစ်သည်။

"ခင်ဗျာ..ကျုပ်ကို.. ဘာလို့ လိုက်ဖမ်းနေတာလဲ.." ငယ်ရွယ်သည့် အသံတစ်ခု ပေါ်လာ၏။

"ဆုကြေးအတွက်ပေါ့ကွ.."

လမ်းကြားတစ်ခုအတွင်းမှ တိုက်ခိုက်သံများ ပေါ်လာ၏။ တစ်ယောက်က ထွက်ပြေးနေကာ တစ်ယောက်က နောက်ကလိုက်လံသည်။

နှစ်ယောက်သား လမ်းကြားအတွင်းမှ ထွက်လာပြီးနောက် တစ်ယောက်မှာ ကြံ့ခိုင်သည့် ခန္ဓာကိုယ်တည်ဆောက်မှုနှင့် ကြွက်သားများ ထွားကြိုင်းသည့် လူငယ်တစ်ယောက် ဖြစ်ကြောင်းကို တွေ့လိုက်ရသည်။

သူက ထူထဲသည့် တောခုတ်ဓားတစ်ချောင်းကို ကိုင်ထား၏။ လီရွှမ်က လူငယ်ကို ကြည့်လိုက်ပြီးနောက် ခဏတာ မှင်သက်သွား၏။

ဒီတောက်ပလှသည့် ဦးခေါင်းပြောင်က အဘယ်ကြောင့်နည်း။ တစ်ဖက်လူကို ကြည့်ရတာ အသက် ၁၆ ၁၇နှစ်လောက်သာ ရှိဦးမည့်ပုံပါ။

အဘယ်ကြောင့် ဦးခေါင်းကို အလွန်ပြောင်လက်နေအောင် ရိတ်ထားရသနည်း။ ထို့အပြင် ၎င်းသည် အလွန်တောက်ပနေပြီး အလင်းကိုပင် တန်ပြန်နိုင်သည့်ပုံပါ။

မွေးကတည်းက ဆံပင်များ ပါမလာသည့် အသွင်နှင့် တူညီ၏။ ချီနိုင်ငံ သို့မဟုတ် ဝူနိုင်ငံတို့တွင် မည်သည့်ဗုဒ္ဓဘာသာမှ မရှိသလို ဦးခေါင်းကို ရိတ်ပစ်ရသည့် ဘာသာရေးဂိုဏ်းများလည်း မရှိပေ။

'ကြည့်ရတာ မွေးကတည်းက ပြောင်နေတာလား..'

လီရွှမ်က ရေရွတ်၏။ သူ၏ အတွေးတစ်ချက်နှင့်အတူ လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်က ထွက်ပေါ်လာခဲ့သည်။

ချက်ခြင်းပင် သူသည် ကြီးမြတ်ကာ ဆန်းကြယ်လာခဲ့၏။ ကတုံးလူငယ်နှင့် ရှီအာတို့က တစ်ယောက်ကလိုက် တစ်ယောက်ကပြေးရင်းနှင့် မကြာခင် ရှေ့သို့ ရောက်ရှိလာခဲ့သည်။

"စီနီယာ.."

ရှီအာ၏မျက်နှာက ဖြူရော်သွား၏။ သူက အလျှင်အမြန် ရပ်တန့်ကာ ဦးခေါင်းကိုငုံ့ပြီး အရိုအသေပေးသည်။

သို့ပေမယ့် နှလုံးသားထဲတွင် ထိတ်လန့်သွား၏။

ဒီစီနီယာဟာ အလွန်လျို့ဝှက်ဆန်းကြယ်ကာ အနှိုင်းမဲ့လှပါသည်။ မုန့်ချုံလည်း ရုတ်တရက် ရပ်တန့်သွား၏။ လီရွှမ်ကို ပြူးကျယ်သည့် မျက်လုံးများဖြင့်ကြည့်ကာ အချိန်အတော်ကြာအောင် အကြည့်မလွှဲနိုင်ဘဲ ရှိနေပါသည်။

'ဆရာသခင်... အနှိုင်းမဲ့ ဆရာသခင်တစ်ယောက်ပဲ..' သူ၏စိတ်ထဲတွင် ထိုအတွေးတစ်ခုသာလျှင် ကျန်ရစ်တော့သည်။

ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်သည့် တစ်သီးတစ်သန့်ဆရာသခင်တစ်ယောက် ဖြစ်ပေလိမ့်မည်။

"ဘာဖြစ်တာလဲ။ ဘာလို့လမ်းပေါ်မှာ တိုက်ခိုက်နေတာလဲ.."

လီရွှမ်က နက်ရှိုင်းသည့်အသံတစ်ခုဖြင့် မေးသည်။

"စီနီယာ...ကျွန်တော်က မုန့်ချုံကို လိုက်ဖမ်းနေတာပါ။ သူက အပြစ်သားတစ်ယောက်ဖြစ်ပြီး ဝူနိုင်ငံက သူ့ကိုဝရမ်းထုတ်ထားပါတယ်.."

ရှီအာက အသံနိမ့်စွာပြောသည်။

"မင်းတို့တွေက ဝူနိုင်ငံရုံးတော်ရဲ့ အပြစ်သားကိုလည်း ဖမ်းပေးတာလား.."

လီရွှမ်က မှင်သက်သွား၏။ ကောင်းကင်မိခင်ဂိုဏ်းသည် ပုန်ကန်ထကြွသည့် စိတ်ကူးများဖြင့် ပြည့်နှက်နေပါသည်။ သို့ပေမယ့် ဝူနိုင်ငံရုံးတော်အတွက် ဝရမ်းပြေးကို  ကူညီဖမ်းဆီးပေးသည်လား။

"အဓိကအချက်က...အဓိကအချက်က ဘာလို့လဲဆိုတော့ ဆုကြေးက အရမ်းကိုမြင့်မားနေလို့ပါ.."

ရှီအာ၏ ပုံစံက နေရခက်သွား၏။

"ဘယ်လောက်ရှိလို့လဲ.."

လီရွှမ်၏မျက်ခုံးများက မြင့်တက်သွားပြီး  စိတ်ဝင်စားသွားသည့်ဟန်ပေါ်သည်။

"ရွှေတစ်သန်းပါ.."

ရှီအာ၏မျက်လုံးများဟာ စိတ်အားထက်သန်မှုတို့ ပြည့်နှက်နေ၏။ ဤသည်မှာ ရွှေတစ်သန်းဖြစ်သည်။

ထိုဆုကြေးကိုသာ ရရှိပါက ပုန်ကန်မှုအတွက် လိုအပ်သည့် ငွေကြေးအရင်းအမြစ်တို့ ကြီးစွာဖြည့်ဆည်းပေးနိုင်မှာပါ။

လီရွှမ်လည်း အလွန်အံ့ဩသွား၏။ သူက ကတုံးပြောင်နှင့် မုန့်ချုံကိုကြည့်ကာ အံ့သြစွာမေးသည်။

"လူငယ် ရွှေတစ်သန်းနဲ့ ဝရမ်းထုတ်ရလောက်အောင်  မင်းဘယ်လောက်ဆိုးရွားတဲ့ အပြစ်တွေကို လုပ်ခဲ့လို့လဲ.."

မုန့်ချုံဟာ သူ၏ရှေ့မှပုဂ္ဂိုလ်ကို အလွန်လျှို့ဝှက်ဆန်းကြယ်ကာ အနှိုင်းမဲ့လှသည်ဟု ခံစားရသည်။ ဤသည်မှာ အနှိုင်းမဲ့သည့် ဆရာသခင်တစ်ယောက်  ဖြစ်မှာပါ။

ထို့ကြောင့် သူ၏ပုံစံက ရိုသေလေးစားလာပြီး ပြော၏။ "စီနီယာ...ကျွန်တော်က လက်စားချေခဲ့ရုံပါပဲ။ တကယ်တော့ ဧကရာဇ်ဝူက ကျွန်တော့်ကို လက်စားချေနိုင်အောင် ကူညီပေးခဲ့တဲ့လူပါ.."

လီရွှမ်က အနည်းငယ် ကြောင်တောင်သွားသည်။ ဤသည်မှာ လက်စားချေမှုတစ်ခု ဖြစ်ကတည်းက  ဧကရာဇ်ဝူဟာ ထိုလက်စားချေမှုတွင် ကူညီခဲ့ကတည်းက အဘယ်ကြောင့် ယခုမျှမြင့်မားသည့်  ဆုကြေးတစ်ခု ရှိနေရသနည်း။

"ဘယ်လိုတွေဖြစ်လို့လဲ.."

သူက သိလိုစွာမေးသည်။ မုန့်ချုံက သူ၏ ဂတုံးပြောင်ကိုကိုင်ကာ အနည်းငယ် ရှက်ရွံ့စွာ ဖြစ်သွား၏။

ကြည့်ရတာ ရိုးသားဖြောင့်မတ်သည့် လူငယ်တစ်ဦး၏ပုံပါ။

"တကယ်တော့ဒီလိုပါ။ ကျွန်တော်မုန့်ချုံက ဝူနိုင်ငံ ထန်းဖင်မုန့်မိသားစုရဲ့ တရားဝင်သားတစ်ယောက်ပါ..."

မုန့်ချုံ၏ ပြောကြားချက်အရ သူသည် မွေးကတည်းက ကတုံးပြောင်ဖြင့်ရှိကာ လူအများစုထက် များစွာသန်မာကာ ကြံ့ခိုင်သည့် ခန္ဓာကိုယ်ဖြင့် မွေးဖွားလာခဲ့သည်။

ဤသည်မှာ မွေးရာပါ ဒီဗိုင်းစွမ်းအားအား ပိုင်ဆိုင်ထားသူများနှင့် တူညီ၏။ အသက်၅နှစ်တွင် သူ့ကိုမိဘများက သိုင်းလောကရှိ သိုင်းကျောင်းတစ်ခုဆီသို့ စေလွှတ်ခဲ့သည်။

ထို့နောက် အင်ပါရီယာရုံးတော်သို့ ဝင်ရောက်ကာ နောင်တွင် စစ်မက်ရေးရာ အမှုထမ်းတစ်ဦး ဖြစ်လာနိုင်မှာဖြစ်၏။

သို့ရာတွင် သိုင်းပညာသင်ကြားရာမှာ မုန့်ချုံပြန်လာချိန်၌ သူ၏မိဘနှစ်ဦးလုံး သေဆုံးပြီးဖြစ်ကြောင်းကို တွေ့လိုက်ရသည်။

သူ၏ပြန်လာမှုကို တွေ့ရသောအခါ မုန့်မိသားစုတစ်ခုလုံးရှိ အသက်၈၀အဘိုးအိုမှ ၅နှစ်ကလေးအထိ သူ့ကို ပစ်မှတ်ထားကာ ရှုံ့ချကြသည်။

ဆိုးယုတ်သည့် မကောင်းမှုနှင့် မွေးဖွားလာပြီး သူ၏ ပြောင်နေသည့် ဦးခေါင်းကို နိမိတ်မကောင်းသည့် လက္ခဏာရပ်ဟု ဆိုကြ၏။

မုန့်မိသားစုကို ဖျက်ဆီးရန် ကံပါလာပြီး သူဟာ ဘေးဒုက္ခ ယူဆောင်လာသူ ဖြစ်၏။ မုန့်မိသားစု အမွေအနှစ်ကို ဆက်လက် ထိန်းသိမ်းနိုင်ရန်အတွက် 

သူ့ကိုမိသားစုမှ ဖယ်ထုတ်ရမည်ဟု ဆိုကြသည်။

ထိုဦးလေးများနှင့် မိသားစု၏ ကလေးများပင်လျှင်  ဝိုင်းဝန်းရှုံ့ချပြောဆိုမှုက အလွန်ဆိုးရွားလှသည်။

သူတို့ဟာ သူ့ကိုတွေ့လျှင် တံတွေးများထွေးကာ  ရွံရှာသည့်အသွင်အပြင်များပင် ပြုလုပ်ကြ၏။

မိသားစုတစ်ခုလုံးက သူ့မိဘများ ချန်ရစ်ခဲ့သည့်  ပိုင်ဆိုင်မှုအားလုံးကို လုယူကာ သူ့ကို တစ်ပြားမှမပေးရုံမက မုန့်မိသားစုကပင် မောင်းထုတ်ကြ၏။

မုန့်ချုံက တိတ်တဆိတ် စုံစမ်းပြီးနောက် သူ၏မိဘများ အသတ်ခံရခြင်း ဖြစ်သည်ဟု သံသယဝင် လာခဲ့သည်။

ထို့ကြောင့် တရားမျှတမှုကို ရှာဖွေလို၏။

ရလဒ်အနေနှင့် မိသားစုရှိ အကြီးအကဲများက ဝိုင်းဝန်းရိုက်နှက်ကာ အစောင့်တစ်စုက မောင်းထုတ်ခဲ့၏။

မုန့်ချုံသည် ဒဏ်ရာအပြင်းအထန်ရသွားပြီး လက်စားပြန်ချေမည်ဟု ခြိမ်းခြောက်ခဲ့သည်။ သို့ပေမယ့်  သူ၏ဦးလေးနှင့် အဒေါ်များက ဂရုစိုက်ခြင်း လုံးဝမရှိကြပေ။

သတ္တိရှိလျှင် ပြန်လာခဲ့ဟု အော်ဟစ်ကြ၏။ သူသာ နောက်တစ်ကြိမ် ပြန်လာရဲပါက သေအောင်ရိုက်နှက်ကာ မြေမြှုပ်ပစ်မည်ဟု ဆိုကြလေသည်။

ပုံမှန်လက်စားချေမှုအရ သူသည် သိုင်းပညာကို ကြိုးစားကျင့်ကြံကာ စွမ်းအားကြီးမားသည့် အဖွဲ့အစည်းတစ်ခုသို့ ဝင်ရောက်ခြင်း သို့မဟုတ် ဓားပြအဖွဲ့တစ်ခုသို့ ဝင်ရောက်ခြင်း သို့မဟုတ် လုံလောက်သည့် ခွန်အားတို့ ရရှိလာပါက အင်ပါရီယာ ရုံးတော်သို့ပင် ဝင်ရောက်မှုပြုကာ မုန့်မိသားစုကို လက်စားချေမှု ပြုသင့်ပါသည်။

သို့ရာတွင် မုန့်ချုံ၏ လက်စားချေမှု နည်းလမ်းမှာ အလွန်ထူးဆန်းလှပြီး သူက နည်းလမ်းအသစ်ကို ဖော်ဆောင်ခဲ့လေ၏။

ထိုစကားကို ကြားရပြီးနောက် လီရွှမ်က မှင်သက်သွားပြီး သူ၏ မုန့်ချုံအပေါ် ကြည့်သည့်မျက်လုံးများက ပြောင်းလဲသွားခဲ့သည်။

All Chapters