← Chapters

ဝူနိုင်ငံတစ်ခုလုံး ထင်ယောင်ထင်မှား ဖြစ်ကုန်ခြင်း

Vol. 4 Ch. 52

ဝူနိုင်ငံတစ်ခုလုံး ထင်ယောင်ထင်မှား ဖြစ်ကုန်ခြင်း

Vol. 4 Ch. 52

ဝူနိုင်ငံ၏ လက်ရှိဧကရာဇ်သည် နိုင်ငံအတွင်းတွင် မကြာခဏ တိုင်းခန်းလှည့်လည်ကာ စစ်ဆေးမှု ပြုခြင်းအား သဘောကျကြောင်းကို လူတိုင်းသိကြ၏။

သူ၏ စိုးစံမှု ၁၀နှစ်အတွင်းတွင် ပထမ၂နှစ်အား အသုံးပြုကာ တော်ဝင်စွမ်းအားနှင့် အာဏာကို တည်မြဲအောင် ပြုလုပ်ပြီးနောက် သူသည် ကျန်ရှိသည့် ၈နှစ်တို့တွင် နှစ်စဉ်နှစ်တိုင်း လှည့်လည်သွားလာမှု ပြုလေ့ရှိ၏။

လှည့်လည်မှုမှ ပြန်လာတိုင်းတွင်လည်း နန်းတော်အတွင်းတွင် မောင်းမအသစ်တစ်ယောက် အမြဲတမ်း တိုးလာတတ်၏။

လွန်ခဲ့သည့်၃လက သူ၏ လှည့်လည်မှု အတွင်းတွင်တော့  မထင်မှတ်ထားသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့၏....

မုန့်ချုံသည် သူ၏ လက်စားချေမှုအတွက် လုံးဝခြားနားသည့် နည်းလမ်းတစ်ခုကို အသုံးပြုခဲ့သည်။ သူက သူ့ကိုယ်သူ သိုင်းပညာလေ့ကျင့်မှု အတွင်းသို့ နှစ်မြုပ်ခြင်း သို့မဟုတ် ဓားပြအဖွဲ့သို့ ဝင်ရောက်ကာ မြေအောက်လောကမှ လူဆိုးများကို စုစည်းခြင်းတို့အား ပြုလုပ်ခြင်းမပြုပါ။

အစိုးရရုံးတော်သို့ ဝင်ရောက်ကာ အမှုထမ်းအဖြစ် ခစားခြင်းပင် မပြုခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ထန်းဖင် မုန့်မိသားစုမှာ မိသားစုကြီးများထဲမှ တစ်ခုဖြစ်ပြီး ဝူနိုင်ငံ၏ ရုံးတော်ရှိ တာဝန်ထမ်းဆောင်သူများစွာတို့သည် မုန့်မိသားစုနှင့် ပတ်သက်နေပါသည်။

မုန့်ချုံသည် သေချာသည့် လက်စားချေမှုကို ရရန်အတွက် ပိုမိုရက်စက်သည့် နည်းလမ်းတစ်ခုကို  တွေးတောမိလိုက်သည်။ ဧကရာဇ်ဝူ၏ ခရီးလှည့်လည်မှုကို အခွင့်အရေးယူပြီး လုပ်ကြံသတ်ဖြတ်မှုတစ်ခု ပြုခဲ့၏။

ထိုအချိန်ကား ဧကရာဇ်ဝူသည် သူ၏လှည်းတော်အတွင်း၌ အသစ်ရွေးချယ်ထားသည့် အလှလေးနှင့် အနီးကပ်အထိအတွေ့အချို့ ပြုလုပ်ကာ ပျော်ပါးနေသည့် အချိန်ဖြစ်သည်။ ကျယ်လောင်သည့်အော်သံတစ်ခုကို ကြားလိုက်ရ၏။

"ထန်းဖင် မုန့်ချုံက အသုံးအဖြုန်းကြီး၊ ညံ့ဖျင်းပြီး လူမဆန်တဲ့ ခွေးဧကရာဇ်ကို လာသတ်ပြီးကွ.."

ရုတ်တရက် အော်သံက ဧကရာဇ်ဝူကို နေရာတွင် လဲကျသွားမတတ် ထိတ်လန့်သွားစေသည်။

မုန့်ချုံသည် အလွန်ကြမ်းကြုတ်၏။ တောခုတ်ဓားကြီးတစ်ချောင်းနှင့် ဝရုန်းသုံးကား ပြေးဝင်ကာ အစောင့်များ တစ်လွှာပြီးတစ်လွှာကို ချိုးဖျက်ပြီး နောက်ဆုံးတွင် အောင်မြင်စွာ လွတ်မြောက်နိုင်ခဲ့၏။

ဧကရာဇ်ဝူတစ်ယောက် အမျက်ချောင်းချောင်း ထွက်သွားသည်။ စုံစမ်းမှုပြုလုပ်ပြီးနောက် လုပ်ကြံသတ်ဖြတ်ခဲ့သည့် အပြစ်သားမှာ ထန်းဖင် မုန့်မိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ယောက် ဖြစ်နေကြောင်းကို  ရှာတွေ့သွား၏။

"ခေါင်းဖြတ်ပစ်.."

"မိသားစု တစ်ခုလုံးကို ခေါင်းဖြတ်ပစ်.."

"မျိုးဆက်၉ခုလုံးကို သတ်ပစ်ကွာ.. အကုန် သေသင့်တဲ့ဟာတွေ.."

ဧကရာဇ်က ချက်ချင်းပင် အမိန့်ချမှတ်ခဲ့၏။ သူ၏ စစ်တပ်က မုန့်မိသားစု၏ အိမ်သို့ တစ်ခါတည်း ချီတက်ကာ လူတိုင်းကို ဖမ်းဆီးခဲ့သည်။

မုန့်မိသားစုတစ်ခုလုံးမှာ ကြောင်တောင်ကုန်ကြ၏။ မည်သည်တို့ ဖြစ်ပျက်ခဲ့သည့်အား သူတို့ နားလည်ခြင်းမရှိပါ။ သို့ပေမယ့် အားလုံးတို့သည် ကြီးလေးသည့် အပြစ်နှင့် အပြစ်သားများ ဖြစ်လာကြ၏။

အမှန်တရားကို သိရှိပြီးနောက် မတရားခံရသည်ဟု ငိုယိုကြတော့သည်။ မည်မျှ မတရားလိုက်သနည်း။

မုန့်မိသားစုက မုန့်ချုံကို နှင်လွှတ်လိုက်ရုံသာ ရှိပါသေးသည်။ သူက ဧကရာဇ်ကို သွားရောက် လုပ်ကြံသတ်ဖြတ်ခဲ့သည်လား။ ဤသည်မှာ မုန့်ချုံ၏ လက်စားချေသည့် နည်းလမ်းဖြစ်သည်လား။

မုန့်မိသားစုရှိ လူတိုင်းသည် မိုးကြိုးပစ်ခံရသကဲ့သို့ ငိုင်တိုင်ကုန်ကြသည်။

ဤသည်က မည်ကဲ့သို့သော သဘောတရား ဖြစ်သနည်း။ ယခုကဲ့သို့ လက်စားချေခြင်း နည်းလမ်းမျိုးကို မည်သူကလုပ်ဆောင်ဖူးလို့နည်း။ ဦးနှောက် မမှန်ပေဘူးလား။

ဤသည်မှာ မျိုးဆက်၉ခုအား သုတ်သင်ခြင်းခံရသည့် အလွန်ကြီးလေးသော အပြစ်တစ်ခု ဖြစ်သည်။ ထိုလုပ်ကြံသတ်ဖြတ်မှုကြောင့် ဝူနိုင်ငံ၏ရုံးတော်တစ်ခုလုံး စိုးရိမ်ထိတ်လန့် ကုန်ကြသည်။ အမှုထမ်းများအားလုံး ကြောက်ရွံ့စွာဖြင့် သတိကြီးလာကြ၏။

မုန့်မိသားစုနှင့် ပတ်သက်သည့် လူတိုင်းလည်း ထောင်ထဲသို့ အသွင်းခံရသည်။ ဤသည်မှာ မျိုးဆက်၉ခု သတ်ဖြတ်ခံရမည့် သုတ်သင်ခြင်း အပြစ်ကြီး ဖြစ်၏။

ပါဝင်သည့် အတိုင်းအတာက ပိုမိုပိုမိုကာ ကျယ်ပြန့်လာခဲ့သည်။

ရွှေစဉ်မျိုးဆက် ၉ဆက်လုံးကိုသာ အမှန်တကယ် သတ်ဖြတ်မည်ဆိုပါက တော်ဝင်မိသားစုရှိ တော်စပ်သူများပင်လျှင် ပါဝင်ပတ်သက်ကုန်မည့် ပုံရှိ၏။

နောက်ဆုံးတွင် မိသားစုတစ်ခုလုံး ခေါင်းဖြတ်ခံခဲ့ရ၏။ စုံစမ်းစစ်ဆေးပြီးနောက် လုပ်ကြံသတ်ဖြတ်ခြင်း ကိစ္စမှာ မုန့်ချုံ၏ မုန့်မိသားစုအပေါ်  လက်စားချေခြင်း ဖြစ်ကြောင်းအား သိလိုက်ရသည်။

ထိုသို့ဆိုလျှင်တောင် ဧကရာဇ်ဝူက မုန့်မိသားစုကို သက်ညှာခြင်း မရှိခဲ့ပေ။ ဤသည်သာ အစဉ်အလာဖြစ်သွားပါက မကောင်းသည့် ရည်ရွယ်ချက်နှင့်လူများ ပုန်ကန်ချင်သည့်အခါ မိသားစုမှ လူတစ်ယောက်ယောက်ကို မောင်းထုတ်ပြီး လုပ်ကြံခိုင်းနိုင်ပါသည်။ ထိုသူများက လုပ်ကြံသတ်ဖြတ်မှု မအောင်မြင်သည့်အခါ မိသားစုက အေးအေးဆေးဆေး လွတ်မြောက်နိုင်ကြမည်ဖြစ်၏။

ထိုအခါ အင်ပါရီယာ စွမ်းအား၏ ကြီးမြတ်မှုက မည်သည့်နေရာသို့ ရောက်ရှိသွား မည်နည်း။ ဧကရာဇ်ဝူ၏ ဂုဏ်သိက္ခာက မည်သည့်နေရာသို့ ရောက်ရှိသွားမည်နည်း။

မိသားစုတစ်ခုလုံးကို သုတ်သင်မှ ရပေလိမ့်မည်။ မိသားစု တစ်ခုလုံးအား သုတ်သင်ရပေမည်။ ဒီဥပမာက ရှောင်လွှဲလို့မရပေ...

ရလဒ်အနေနှင့် မုန့်မိသားစုတစ်ခုလုံး သုတ်သင်ခံခဲ့ရ၏။ သုတ်သင်ခြင်းနေ့တွင် သူတို့သည် တရားမျှတမှု မရှိကြောင်းကို ကောင်းကင်သို့ ငိုယိုစွာ တိုင်တည်ကြပြီး မုန့်ချုံကို တိရစ္ဆာန်တစ်ကောင်အဖြစ် ကျိန်ဆဲကြ၏။

ဤသည်မှာ မည်ကဲ့သို့သော လူမျိုးဖြစ်သနည်း။ ဘယ်လိုလုပ်ပြီး ယခုကဲ့သို့ လက်စားချေနိုင်ရ သနည်း။

ဝူနိုင်ငံတွင် ထိုသတင်း ပျံ့နှံ့သွားပြီးနောက် လူတိုင်း မှင်သက်ကုန်ကြသည်။ ဤသည်က လက်စားချေသည့် နည်းလမ်း တစ်ခုလေလား။ မည်ကဲ့သို့သော ဦးနှောက်မျိုးက ယခုကဲ့သို့ ရက်စက်လှသည့် လက်စားချေခြင်းနည်းလမ်းမျိုးကို တွေးတော နိုင်ရသနည်း။

ပိုမိုဆိုးရွားသည်မှာ ဧကရာဇ်ဝူကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် မုန့်ချုံက လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။

ဧကရာဇ်ဝူက သူ၏ဝရမ်းအတွက် ဆုကြေးတစ်ခုကို ထုတ်ခဲ့၏။ ဤသည်မှာ ရွှေ၁၀၀၀၀ ဖြစ်သည်။

အကြောင်းပြချက်ကို ကြားရပြီးနောက် လီရွှမ်၏ မုန့်ချုံကိုကြည့်သည့် မျက်လုံးများက ထူးဆန်းလာခဲ့သည်။

ဒီကတုံးပြောင်နှင့် လူငယ်တွင် တစ်မူထူးခြားသည့် အတွေးများရှိနေ၏။

"မင်းပြောလိုက်တာ သူ့ကို ဝရမ်းထုတ်တာ ရွှေတစ်သောင်းလို့လား။ ခုနက ပြောတာကျတော့ ဝူနိုင်ငံက ရွှေ၁မီလီယံ ပေးမှာဆို.."

လီရွှမ်သည် ရုတ်တရက် တစ်ခုခု မှားယွင်းနေကြောင်းကို  သတိထားမိလိုက်သည်။ မုန့်ချုံ၏ စကားအရ သူ၏ ဦးခေါင်းပေါ်တွင် ရွှေ၁၀၀၀၀ ဆုကြေးသာ ရှိပါသည်။

သူသည် တောက်လျှောက် ထွက်ပြေး ပုန်းရှောင်လာခဲ့ပြီး နောက်ဆုံးတွင် ချီနိုင်ငံသို့ ရောက်ရှိလာခဲ့၏။

သို့ရာတွင် ရှီအာ၏ စကားအရ ဆုကြေးမှာ ရွှေ၁မီလီယံ ဖြစ်လေသည်။

ရှီအာ၏ မျက်နှာက တွန့်ကွေးသွား၏။ သူက မုန့်ချုံကို အထင်ကြီးသည့် အကြည့်တစ်ခုဖြင့် ကြည့်သည်။

ဒီခေါင်းပြောင် လူငယ်က ယခုကဲ့သို့ မကြုံစဖူး လက်စားချေခြင်း နည်းလမ်းသစ်ကို တီထွင်ခဲ့လေသည်။

"စီနီယာ.. ဒါကဒီလိုပါ။ မုန့်ချုံက အဲ့ဒီလက်စားချေတဲ့ နည်းလမ်းကို တီထွင်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ လူအချို့ကလည်း သူ့ရဲ့ ဥပမာကို လိုက်ပြီး လုပ်ခဲ့ကြတယ်..."

ရှီအာက မုန့်ချုံကို ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်သည်။ မုန့်ချုံ၏ ဧကရာဇ်ဝူအား လုပ်ကြံသတ်ဖြတ်မှုအပြီးတွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များအား ပြောပြ၏။

မုန့်ချုံ၏ ထူးဆန်းသည့် လက်စားချေခြင်း နည်းလမ်း ဝူနိုင်ငံသို့ ပျံ့နှံ့သွားပြီးနောက် လူအများအကြားတွင် ရေပန်းစားသည့် ဆွေးနွေးစရာတစ်ခု ဖြစ်လာခဲ့သည်။

မထင်မှတ်စွာပင် ဤသည်က ဝူနိုင်ငံသားများ၏ စိတ်ကို လမ်းမှားသို့ ရောက်သွားစေခဲ့၏။

ဝူနိုင်ငံတွင်  အမျိုးသမီးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခဲ့သည့်  အမှုထမ်းရေးရာ အမတ်ကြီး၏ အစေခံတစ်ယောက် ရှိသည်။

သို့ရာတွင် ထိုအမျိုးသမီးကို အမတ်ကြီး၏ သားဖြစ်သူက အတင်းခေါ်ဆောင်သွား၏။ အစေခံက တရားမျှတမှုအတွက် တိုင်တန်းလေသည်။

သို့ပေမယ့် သူ၏ မိဘများသာ အသတ်ခံရပြီး သူလည်း ရက်စက်ကြမ်းကြုတ်စွာ ရိုက်နှက်ခံခဲ့ရသည်။ နေ့စဉ်နေ့တိုင်း နှိပ်စက်မှုကို ခံရ၏။

အမတ်ကြီး၏ သားဖြစ်သူမှာ နှိပ်စက်ရခြင်းကို မွေ့လျော်သူဖြစ်ပြီး အစေခံများကို မကြာခဏ ရိုက်နှက်ကာ  သူတို့၏ အမျိုးသမီးများကိုလည်း အကြိမ်ကြိမ်လုယူတတ်သည်။

သူက အစေခံများကို သတ်ဖြတ်ခြင်းမပြုပါ။ ညှဉ်းပန်းနှိပ်စက်ခြင်းသာ ပြု၏။

မုန့်ချုံ၏ အဖြစ်အပြတ်ကို ကြားရပြီးနောက် အစေခံက ဉာဏ်အလင်း ပွင့်သွားခဲ့သည်။ သူသည် လက်စားချင်ရန်အတွက် မည်သည်တို့ လုပ်ဆောင်ရန် လိုအပ်သည်ကို ရုတ်တရက်  နားလည်လာခဲ့သည်။

စောင့်ကြည့်မည့်သူ မရှိသည့် အလစ်အငိုက်တွင်  ထွက်ပြေးပုန်းရှောင် သွားခဲ့၏။ ထို့နောက် မြှားတစ်ခုကို ပြုလုပ်ကာ ဓားတစ်လက်ကို ခိုးယူသည်။

မုန့်ချုံ၏ လုပ်ကြံသတ်ဖြတ်မှု ကိစ္စ တည်ငြိမ်သွားပြီးနောက် ဧကရာဇ်ဝူက နောက်ထပ် ခရီးလှည့်လည်မှုကို ပြု၏။ နောက်ဆုံး အကြိမ်တုန်းက မပြီးမြောက်ခဲ့သည့် ကြင်ယာတော်ရှာဖွေမှုကို သွားရောက် ပြုလုပ်လေသည်။

သို့ပေမယ့် ထပ်မံလုပ်ကြံခံရပြန်၏။ အမတ်ကြီးစံအိမ်ရှိ အစေခံက ပြေးထွက်လာပြီး ဧကရာဇ်ကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။

"မင်းစိုးမင်းညစ်.. မင်းကိုငါသတ်မယ်.."

ကျယ်လောင်သည့် အော်သံက ဧကရာဇ်ဝူကို အမျက်ကြီးစွာ ထွက်သွားစေ၏။ ထိုအစေခံက သေဆုံးသွားလေသည်။

စုံစမ်းကြည့်ပြီးနောက် အမှုထမ်းရေးရာ အမတ်ကြီး၏ အစေခံတစ်ယောက် ဖြစ်ကြောင်းအား သိလိုက်ရ၏။

"သုတ်သင်မယ်.."

"မိသားစု တစ်ခုလုံးကို သုတ်သင်ရမယ်.."

အမှုထမ်းရေးရာ အမတ်ကြီး၏ မိသားစုတစ်ခုလုံးလည်း တရားမမျှတမှုအတွက် ငိုကြွေးကြ၏။ သိုပေမယ့် ဧကရာဇ်၏ သြဇာအာဏာကို စိန်ခေါ်လို့ မရပေ။

အစေခံ တစ်ယောက်၏ လက်စားချေခြင်း ဖြစ်တော့ရော ဘာဖြစ်သနည်း။ လူတစ်ယောက်ကို မှားယွင်းစွာ လွတ်မြောက်စေခြင်းထက် လူတစ်ရာကိုသာ သူက ပိုမိုသတ်ဖြတ်မည် ဖြစ်သည်။ ဒီဥပမာကို အားလုံးသိရပေမည်။

အမှုထမ်းရေးရာ အမတ်ကြီး၏ မိသားစုတစ်ခုလုံး သုတ်သင်ခံခဲ့ရ၏...

ထိုကိစ္စ ပျံ့နှံ့သွားပြီးနောက် ဝူနိုင်ငံရှိ တိုင်းသူပြည်သားများ၏ စိတ်အခြေအနေတို့ လမ်းလွဲကုန်ကြသည်။

ဧကရာဇ်ဝူက နောက်ထပ် လှည့်လည်မှုတစ်ခု ပြုလုပ်ကာ ပြီးခဲ့သည့် နှစ်ကြိမ်တုန်းက မပြီးမြောက်ခဲ့သည့် ကိစ္စကို ပြီးမြောက်စေရန် ကြိုးစားသည်။

သို့ပေမယ့် ထပ်မံ လုပ်ကြံခံရပြန်၏။ လုပ်ကြံသတ်ဖြတ်ခဲ့သည့် လူမှာ စစ်မတ်ရေးရာ အမတ်ကြီး၏ တူဖြစ်သည်။

စစ်မတ်ရေးရာ အမတ်ကြီးက မိခင်ဖြစ်သူကို အနိုင်ကျင့်စော်ကားသဖြင့် သူမကို ကိုယ့်ကိုယ်ကို သက်သေသည့်အဖြစ်သို့ ကျရောက်စေခဲ့၏။ ထို့ကြောင့် သူက မုန့်ချုံ၏ ဥပမာကို လိုက်ကာ လက်စားချေခဲ့ခြင်း ဖြစ်သည်။

ဧကရာဇ်ဝူ၏ စိတ်ပိုင်းဆိုင်ရာမှာ ပြိုလဲသွားတော့၏။

"သုတ်သင်မယ်.."

"မိသားစု တစ်ခုလုံးကို သုတ်သင်မယ်.."

စစ်မက်ရေးရာ ဝန်ကြီးဌာန၏ အမတ်ကြီးတစ်ဦး၏ မိသားစုသည် သုတ်သင်ခံရပြန်၏။ အရပ်ဘက်နှင့် စစ်ဘက် အမှုထမ်းများ အားလုံး၏  စိတ်ပိုင်းဆိုင်ရာတို့ ပြိုလဲကုန်ကြသည်။

မည်သည်တို့ ဖြစ်ပွားနေသနည်း။ ထိုအရာ အားလုံးတို့မှာ မုန့်ချုံ၏ အမှားဖြစ်သည်။

သူတို့အားလုံးက ဧကရာဇ်ဝူကို ခရီးလှည့်လည်ခြင်း မပြုရန် အကြံပေးပြီး နန်းတော်တွင် နေခိုင်းခဲ့၏။ နောက်ထပ် လှည့်လည်မှုတစ်ခု ထပ်မံပြုလုပ်ပါက မည်သည့် အမတ်ကြီးနှင့် သူ၏မိသားစု တစ်ခုလုံး သုတ်သင်ခံရမည်လဲ မသိနိုင်ပေ။ ဧကရာဇ်ဝူသည် အပြင်မထွက်ရအောင် ဖိအားပေးခံခဲ့ရ၏။

ထိုကိစ္စကို ပြီးမြောက်သွားပြီဟု ထင်ထားခဲ့တာပါ။ သို့ပေမယ့် နောက်ထပ် ရာထူးမြင့် အမတ်ကြီးတစ်ယောက် လုပ်ကြံခံရပြန်၏။

ချမ်းသာသည့် ကုန်သည်မိသားစုကြီး တစ်ခုရှိ အစေခံတစ်ယောက်က အနိုင်ကျင့်စော်ကားခံရ၍ ဒေါသထွက်ပြီး အမတ်ကြီးအား သွားရောက် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထိုကုန်သည်မိသားစုလည်း မိသားစုတစ်ခုလုံး ဖမ်းဆီးခံရပြီး သူတို့၏ ပိုင်ဆိုင်မှုများအားလုံး နိုင်ငံဘဏ္ဍာအဖြစ်အသိမ်းခံခဲ့ရ၏။

ဧကရာဇ်ကို လုပ်ကြံသတ်ဖြတ်နိုင်ခြင်း မရှိရာ အမတ်ကြီးများကို လုပ်ကြံ သတ်ဖြတ်ကြလေသည်။ ဝူနိုင်ငံတစ်ခုလုံး စိတ္တဇများ ဖြစ်ကုန်ကြ၏။

အိမ်ရှင်များ၏ အစေခံများကို ကြည့်သည့် အကြည့်များက သတိအပြည့် ဖြစ်ကုန်ကြသည်။

သူတို့သည် အစေခံများကို ကြင်နာစွာ ဆက်ဆံရပါက သူတို့၏ ဂုဏ်သိက္ခာတို့အား မညှိုးနွမ်းသွားစေဘူးလား။ ထိုကဲ့သို့သော ကိစ္စမှာ မကြားစဖူး ဖြစ်နေပြီး နိမ့်ပါးသည့်လူများကို ခယစွာ ဆက်ဆံလိုခြင်း မရှိကြပေ။ ထိုကဲ့သို့သောလူများနှင့် တစ်တန်းတည်းနေရမှာ  ဖြစ်နိုင်ခြင်း မရှိပါ။

သို့ပေမယ့် ကြမ်းကြုတ်သည့် စကားများကို ပြောဆိုပြီး အစေခံများကို မုန်းတီးအောင် လုပ်မိလျှင်လည်း ထိုအစေခံက လက်စားချေမှု ပြုလုပ်ရန် အမတ်ကြီးတစ်ဦးအား သွားရောက်လုပ်ကြံမည်ကို ကြောက်ရပါသည်။

အမတ်ကြီးများမှာလည်း အားလုံး ထိတ်လန့်ကြောက်ရွံ့စွာ ခံစားနေရ၏။ သူတို့သည် အပြင်ထွက်ချိန်၌ လုပ်ကြံသတ်ဖြတ်ခံရမည်အား ကြောက်ရွံ့နေကြသလို အိမ်တွင်လည်း အစေခံ တစ်ယောက်ယောက်က ဖောက်လွဲဖောက်ပြန်ဖြစ်ကာ လုပ်ကြံသတ်ဖြတ်ရန် သတ္တိတို့ ရလာမည်အား ထိတ်လန့်နေရသည်။

သူတို့၏ မာန်မာနတို့ကို ချိုးနှိမ်ကာ အစေခံများကို ဖော်ရွေစွာ ဆက်ဆံလျှင်လည်း နှစ်ပေါင်းများစွာ တည်ဆောက်ထားသည့် ဂုဏ်သိက္ခာတို့ အလကားဖြစ်သွား ပေရော့မည်။ သူတို့၏ သြဇာက ဘယ်ရောက်သွား မည်နည်း။

ဝူနိုင်ငံရှိ ချမ်းသာသည့် မိသားစုများရှိ အစေခံများမှာလည်း တစ်ဖက်သက် ထိလိုက်နစ်နာသူများနှင့် စိတ္တဇဖြစ်လာကြသည်။ သူတို့၏ သခင်များက သူတို့ကို  လက်စားချေမည့် လူများဟု သံသယဝင်ကာ လုပ်ကြံသတ်ဖြတ်မှု မပြုနိုင်ရန် ဦးအောင် ရိုက်နှက်သတ်ဖြတ်သည်များ ရှိလာ၏။

နိုင်ငံတစ်ခုလုံးရှိ လေထုက ညှို့မှိုင်းလာခဲ့၏။ အားလုံးတို့၏ စိတ်အခြေအနေမှာ ထင်ယောင်ထင်မှား ဖြစ်လာကုန်ကြသည်။

ဤသည်တို့ အားလုံးမှာ မုန့်ချုံကြောင့် ဖြစ်၏။ ဝူနိုင်ငံတွင် ရေပန်းစားသည့် ပြောစကားတစ်ခု ပျံ့နှံ့လာခဲ့သည်။

"လက်စားချေချင်လား။ မုန့်ချုံလို လိုက်လုပ်ကြ.."

ဤသည်မှာ စစ်မှန်သည့် ကပ်ဘေးတစ်ခု ဖြစ်၏။ ဝူနိုင်ငံ၏ ဧကရာဇ်က မုန့်ချုံကို ဖမ်းဆီးရန်အတွက် ကျိန်ဆိုပြီး ဆုကြေးကို တိုးမြှင့်ခဲ့သည်။ သူ့ကို အပိုင်းပိုင်းဖြတ်ကာ နှိပ်စက်သုတ်သင်မည် ဖြစ်၏။

အမှုထမ်းအားလုံးကလည်း ထိုကိစ္စကို လုံးဝထောက်ခံကြလေသည်။ သူတို့အားလုံးသည် ဆုကြေးကို တိုးမြှင့်ရန်အတွက် ကိုယ်ပိုင် ချမ်းသာကြွယ်ဝမှုများကို ထုတ်ပေးလိုကြ၏။

ထို့ကြောင့် ဆုကြေးက အံ့အားသင့်စရာ ကောင်းလောက်အောင် ရွှေ၁မီလီယံသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

All Chapters