တပည့်အသစ် လက်ခံခြင်း
Vol. 4 Ch. 53
လီရွှမ်က မှင်သက်သွားသည်။ ဒီလူငယ် မုန့်ချုံသည် တစ်ယောက်တည်းနှင့် ဝူနိုင်ငံတစ်ခုလုံး၏ လုပ်ထုံးလုပ်နည်း စံချိန်များကို ဖောက်လွှဲဖောက်ပြန် ဖြစ်စေခဲ့၏။
ထို့အပြင် သူ၏ ထိုလက်စားချေသည့် နည်းလမ်းမှာ အလွန် ပညာသားပါ၏။ သူ့ဦးနှောက်၏ အလုပ်လုပ်ပုံက အလွန် အထူးသီးသန့် ဆန်လှသည်။
ဤသည်မှာ သာမန်လူတစ်ယောက်အနေနှင့် ဘယ်တုန်းကမှ တွေးတောနိုင်မည့်အရာ မဟုတ်ပေ။
ဆုကြေးက ရွှေတစ်မီလီယံသို့ ရောက်သွားခဲ့၏။ ရှီအာနှင့် ကောင်းကင်မိခင်ဂိုဏ်းရှိ နောက်လိုက်များ အလွန်စိတ်အားထက်သန်နေတာ အံ့သြစရာမရှိပေ။
ဤသည်မှာ အခြေခံအားဖြင့် လမ်းလျှောက်နေသည့် ရတနာသိုက်တစ်ခု ဖြစ်၏။ တွေ့မြင်ရသည့် မည်သူမဆို စိတ်မဝင်စားဘဲ နေနိုင်မည် မဟုတ်ပေ။
မုန့်ချုံလည်း အနည်းငယ် ကြောင်တောင်သွားသည်။ သူက အသံပြုမိ၏။
"ဒီလောက်တောင် ကိစ္စတွေ အများကြီး ဖြစ်သွားခဲ့တာလား။ ပြီးတော့ ငါက ရွှေတစ်မီလီယံတောင် တန်သွားတာလား.."
သူသည်လည်း တက်မက်စိတ်တို့ ပေါ်လာခဲ့သည်။ ကိုယ့်ကိုယ်ကို ရောင်းစားချင်စိတ် ပေါက်သည်အထိပင် ဖြစ်၏။
"ဟုတ်တယ်။ ရွှေတစ်မီလီယံ.."
ရှီအာက ခေါင်းငြိမ့်သည်။ မုန့်ချုံကိုကြည့်သည့် သူ၏အကြည့်က ရွှေတွင်းတစ်ခုကို ကြည့်နေသည့်အလား ရှိ၏။
"ဂလူ့.."
မုန့်ချုံက တံတွေးတစ်လုံးကို မျိုချကာ နဖူးရှိ ချွေးများကို သုတ်ပြီးပြော၏။
"ပူးပေါင်းရအောင်.."
"ဘာ.."
ရှီအာက ကြောင်တောင်သွား၏။
"ပူးပေါင်းမယ်.."
"မင်းငါ့ကို.. ဝူနိုင်ငံရဲ့ အစိုးရရုံးတစ်ခုကို ခေါ်သွား။ ပြီးရင် ဆုကြေး တစ်စိတ်တစ်ပိုင်းကို ထုတ်ယူလို့ရမယ်။ ပြီးရင် သူတို့တွေ ငါ့ကို မြို့တော်ကို ပို့ဆောင်တဲ့ လမ်းတစ်ဝက်မှာ ပြန်ပေးထပ်ဆွဲ။ နောက်ပြီးရင် အခြားအစိုးရရုံးတော် တစ်ခုကို ထပ်ခေါ်သွားပြီး ဆုကြေးကို ထပ်ထုတ်.. ပြီးရင် ငါ့ကိုထပ်ပြီးတော့ ပြန်ပေးဆွဲ... အဲ့လိုမျိုး ဆက်တိုက်လုပ်တာပေါ့..."
မုန့်ချုံ၏ မျက်လုံးများက လင်းလက်နေပြီး သူကဆက်လက်ပြောသည်။
"မြို့ကြီးတွေ ဆီကိုတော့ မခေါ်သွားနဲ့။ အဲ့ဒီ့မှာက အရမ်းအန္တရာယ်များတယ်။ လူတစ်ယောက်ကို ပြန်ပေးဆွဲဖို့ကလည်း မလွယ်ကူဘူး.."
"အဲ့ဒါကြောင့် မြို့နယ် အစိုးရဆီကိုပဲ ခေါ်သွား။ ဘာပဲဖြစ်ဖြစ် ကောင်တီငယ်ရဲ့ အုပ်ချုပ်သူလည်း ရာထူးတိုးမြင့်ရေးအတွက် သူ့ရဲ့ ကိုယ်ပိုင်ပိုက်ဆံကနေ ထုတ်ရမယ်ဆိုရင်တောင် ဆုကြေး တစ်စိတ်တစ်ပိုင်းကို ထုတ်ပေးမှာပဲ.."
"ဧကရာဇ်ဝူက ငါ့ကို ညှင်းပန်းနှိပ်စက်ပြီးမှ သတ်ချင်တာ။ ဒါ့ကြောင့် အစိုးရက ငါ့ကို သေချာပေါက် သတ်ရဲမှာမဟုတ်ဘူး။ ငါ့အထင်တော့ ဒါကအရမ်းကို လုံခြုံတဲ့ လှုပ်ရှားမှုပဲ.."
"ဆုကြေးကို ၄၀/၆၀ခွဲမယ်။ ငါက၄၀ မင်းက၆၀.. ဘယ်လိုလဲ.."
လီရွှမ်နှင့် ရှီအာ နှစ်ယောက်လုံးတို့ ငိုင်တိုင်သွားကြသည်။ သူတို့၏ မုန့်ချုံကို ကြည့်သည့် မျက်လုံးများထဲ၌ အံ့သြမှုတို့ ပေါ်လာခဲ့၏။
ဤသည်မှာ တကယ့်ကို ဧကရာဇ်ဝူအား လုပ်ကြံသတ်ဖြတ်ကာ မုန့်မိသားစုတစ်ခုလုံး သုတ်သင်ခံရအောင် တွေးတောနိုင်သည့် လူတစ်ယောက်ဖြစ်၏။
ဤသည်မှာ သာမန်လူတစ်ယောက် အနေနှင့် ဘယ်တော့မှ မစဉ်းစားမိမည့် လက်စားချေနည်းမျိုး ဖြစ်သည်။
လီရွှမ်က မုန့်ချုံကို ကြည့်သည်။ ဂတုံးပြောင်ကြီးနှင့် သန်မာထွားကြိုင်းသူ တစ်ယောက်ဖြစ်၏။ သူ၏ တွေးခေါ်ပုံက အံ့သြစရာ ကောင်းလောက်အောင် အခြားလူများနှင့် ခြားနားသည်။
"ဒီကောင်က ဝူနိုင်ငံရဲ့အစိုးရကို သိုးတစ်ကောင်ကို အမွှေးရိတ်သလို လုပ်ချင်နေတာ မလား.."
လူအများစုတို့ အနေနှင့် ထိုကဲ့သို့သော အရာမျိုးကို စဉ်းစားနိုင်မည် မဟုတ်ပေ။
ရုတ်တရက် လီရွှမ်၏ စိတ်ထဲတွင် အလင်းတစ်ချက် လက်သွား၏။ မုန့်ချုံကို ကြည့်သည့် သူ၏ အကြည့်များက ပြောင်းလဲသွားခဲ့သည်။
ထိုကဲ့သို့သော မှော်ဆန်သည့် အတွေးများနှင့် လူတစ်ယောက်သည် သူ၏ တပည့်ဖြစ်လာရန် အတွက် အလွန်သင့်တော်သည် မဟုတ်ပါလား။
အနာဂတ်တပည့်သည် သူ၏ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။
ထိုကဲ့သို့သောအတွေးနှင့် လီရွှမ်၏ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်က ပိုမိုသန်မာလာခဲ့သည်။ စက္ကန့်ပိုင်းအတွင်းတွင် အနှိုင်းမဲ့သည့် စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦး၏ အသွင်အပြင်က ပိုမိုကာ ပီပြင်လာခဲ့၏။
သူက လက်ကိုဆန့်ကာ မုန့်ချုံ၏ လက်မောင်းကိုဆွဲသည်။ လက်မောင်းနှင့် ပုခုံးများကို ညှစ်ကြည့်ပြီးနောက် ပြော၏။
"မဆိုးဘူး။ မဆိုးဘူး... လူငယ်.. မင်းမှာ ထူးကဲတဲ့အရိုးတွေရှိပြီး သိုင်းပညာပါရမီရှင်တစ်ယောက် ဆိုတာကို ငါမြင်ရတယ်။ မင်း ငါ့ရဲ့တပည့် ဖြစ်ချင်လား.."
ရှီအာက မှင်သက်သွား၏။ စီနီယာက မုန့်ချုံကို သူ၏တပည့်အဖြစ် လက်ခံလိုသည်လား။
သူတို့အနေနှင့် ဆုကြေးတို့ ရရှိရန်အတွက် မုန့်ချုံကို မည်ကဲ့သို့ဖမ်းဆီးရန် စီစဉ်နေပုံအား တွေးမိပြီးနောက် ချက်ချင်းပင် ချွေးများ စီးကျလာခဲ့သည်။
"တုတ်.."
မုန့်ချုံက ချက်ချင်းပင် ဒူးထောက်ကာ လေးစားစွာ ဦးချ၏။
"တပည့်မုန့်ချုံက.. ဆရာ့ကို ဂါဝရပြုပါတယ်.."
"ကောင်းတယ်။ အရမ်းကောင်းတယ်.."
လီရွှမ်က ပျော်သွား၏။ သူ၏မျက်နှာက ပျော်ရွှင်မှုဖြင့် ဝင်းလက်နေပါသည်။
မုန့်ချုံ၏ ဦးနှောက်က ထက်မြတ်ကာ သူ၏ အတွေးများက ပုံမှန်မဆန်ပေ။
သံသယဝင်စရာ မကောင်းလောက်အောင် သူသည် လီရွှမ်လျှောက်ထွင်မည့် သိုင်းပညာများကို အောင်မြင်စွာ ကျင့်ကြံနိုင်လောက်ပါသည်။
ခေါင်းပြောင်နှင့် ဗလတောင့်သည့် မုန့်ချုံကို ကြည့်ကာ လီရွှမ်တွင် မည်ကဲ့သို့သော သိုင်းပညာအား သင်ကြားပေးရန်အတွက် စိတ်ကူးတစ်ခု ရလာခဲ့ပြီး ဖြစ်၏။
တပည့်တစ်ယောက်အား လက်ခံရရှိပြီးနောက် လီရွှမ်သည် ပတ်ဝန်းကျင်သို့ ဆက်လက်လမ်းလျှောက်ထွက်ရန် စိတ်ဝင်စားမှုတို့ ပျောက်ဆုံးသွားခဲ့ပြီး ဖြစ်သည်။
သူက မုန့်ချုံကို ခေါ်ကာ အိမ်သို့ ပြန်တော့မည့်အချိန်၌ ရုတ်တရက် တစ်ခုခုကို တွေးမိလိုက်၏။ ခေါင်းကိုလှည့်ကာ ရှီအာကို မေးသည်။
"မင်းတို့ ကောင်းကင်မိခင်ဂိုဏ်းမှာ အရွက်၉ခု ဆေးပင်နဲ့ နှစ်တစ်ထောင်ဂျင်ဆင်း လိုမျိုး ရတနာဆေးပင်တွေ ရှိလား.."
သူရုတ်တရက် တွေးမိလိုက်သည်။ ရွှီယန်၏ ချီနှင့်သွေးကို အာရုံခံနိုင်ပြီး အရေပြားနှင့် အရိုးသန့်စင်မှု အမြန်နှုန်း လျှင်မြန်စွာ တိုးတက်လာခြင်းမှာ အရွက်၉ခု ဆေးပင်နှင့် နှစ်တစ်ထောင်ဂျင်ဆင်းတို့အား စားသုံးခြင်းနှင့် ပတ်သက်နေလောက်ပါသည်။
ယခုအချိန်၌ တပည့်သစ်တစ်ယောက်ကို လက်ခံခဲ့ရာ အရွက်၉ခု ဆေးပင်ကဲ့သို့ အဖိုးတန်ဆေးများနှင့် ကျင့်ကြံမှုစတင်ခြင်းက ပိုမိုလွယ်ကူ လောက်မှာပါ။
ကျင့်စဉ်က ခြားနားနေမှာ ဖြစ်ပေမယ့် ပထမဆုံး အဆင့်မှာ ချီနှင့်သွေးအဆင့်သာ ဖြစ်နေမှာဖြစ်သည်။ထို့ကြောင့် ချီနှင့်သွေးကို သန့်စင်ရန် ၎င်းတို့အား မရှိမဖြစ် လိုအပ်၏။
မုန့်ချုံ၏ ခန္ဓာကိုယ် တည်ဆောက်မှုသည် သံသယဝင်စရာ မကောင်းလောက်အောင် ရွှီယန်ထက် ပိုမိုသန်မာပါသည်။
သူ၏ သွေးနှင့်ချီက ပိုမိုအားကောင်း၏။ ကျင့်ကြံမှုအတွင်းတွင် အဖိုးတန်ဆေးပင်များ၏ အကူအညီသာ ရှိပါက ပိုမိုမြန်ဆန်စွာ စတင်ခြင်းအဆင့်သို့ ရောက်ရှိမှာဖြစ်သည်။
ယခုအချိန်၌ သူ၏လက်ထဲတွင် မည်သည့် အဖိုးတန်ဆေးပင်မှ ရှိမနေပါ။ သို့ပေမယ့် ကောင်းကင်မိခင်ဂိုဏ်းတွင် သိုင်းလောကရှိ ထိပ်တန်းသိုင်းသမားများစွာတို့ ရှိ၏။
သူတို့၏ နောက်လိုက်များသည် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်နေပြီး ထိုအဖိုးတန်ဆေးပင်များအား ပိုင်ဆိုင်ထားလောက်ပါသည်။
"ရှိပါတယ်။ ရှိပါတယ်စီနီယာ.."
ထိုစကားကို ကြားရပြီးနောက် ရှီအာက ပျော်သွား၏။ ဤသည်မှာ ဒီစွမ်းအားကြီး ပုဂ္ဂိုလ်ကြီးနှင့် မိတ်ဆွေဖွဲ့နိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်သည်။
လိုအပ်နေသည်မှာ အဖိုးတန်ဆေးပင်သာ ဖြစ်၏။ ထိုမျှလောက်က သူတို့၏ဘဝကို ပြောင်းလဲပေးနိုင်မည်မဟုတ်ပါ။
"ဒီကို နည်းနည်းလောက် ယူလာခိုင်းလိုက်.."
လီရွှမ်က မည်သည့်အားနာမှုမှ မရှိဘဲ ဆို၏။
"ဟုတ်ကဲ့ပါစီနီယာ.."
ရှီအာက အလျှင်အမြန် ခေါင်းငြိမ့်သည်။
လီရွှမ်၏ပုံက အလွန်ကျေနပ်သွား၏။ သူက ရှီအာတို့ ထွက်ပြေးသွားမည်ကို ကြောက်ရွံ့ခြင်း မရှိပါ။
ထိုသူများသည် မည်သည့်နေရာသို့ ထွက်ပြေးနိုင်မည်နည်း။
"မင်းတို့ ကောင်းကင်မိခင်ဂိုဏ်းရဲ့ ကလေးမလေးကိုလည်း အချိန်ရှိရင် လာခဲ့ဖို့ပြောလိုက်.."
လီရွှမ်က ဆက်လက် ညွှန်ကြားချက်ပေး၏။
"ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါ.."
ရှီအာက မှင်သက်သွားပြီးနောက် အလျှင်အမြန်သဘောတူ၏။
ကောင်းကင်မိခင် လာနိုင်မလာနိုင်မှာတော့ သူစိုးရိမ်ရမည့်အရာ မဟုတ်ပေ။ သူ့တွင် လက်ရှိအချိန်၌ ဒီစီနီယာကြီးပြောသည့် အရာအားလုံးကို သဘောတူဖို့သာ ရှိ၏။
လီရွှမ်က ကျေနပ်စွာ ခေါင်းငြိမ့်ပြီးနောက် တပည့်အသစ် မုန့်ချုံနှင့်အတူ သူ၏ နေအိမ်ဆီသို့ ပြန်ခဲ့သည်။
ယွင်ရှန်းကောင်တီတွင် လီရွှမ်က တပည့်အသစ်တစ်ယောက် လက်ခံခဲ့ရုံသာ ရှိသေး၏။ စီရင်စုမြို့ အတွင်းတွင် ရွှီယန်က သူ၏စွမ်းအားများကို ထပ်မံပြသခဲ့လေပြန်သည်။
သူက ခုံရော့ကျစ်နှင့် အခြား ကောင်းကင်မိခင်ဂိုဏ်းမှ ထိပ်တန်းသိုင်းသမားများကို လဝက်အတွင်းတွင် သူတို့၏ သိုင်းပညာများ၊ စကေးများအား သုံးပုံတစ်ပုံတောင် အသုံးပြုနိုင်ခြင်း မရှိသည်အထိ တစ်ယောက်ပြီးတစ်ယောက် ရိုက်နှက်ခဲ့၏။
ခုံရော့ကျစ်မှာ လုံးဝပြိုလဲနေပါပြီ။ ဤသည်မှာ မည်ကဲ့သို့သော လူမျိုး ဖြစ်သနည်း။
သူတို့အားလုံးက ဒူးထောက်ကာ အညံ့ခံခဲ့ကြသည်။
သို့ပေမယ့် သေလုနီးပါး အရိုက်ခံရဆဲ ရှိသည်။ ရွှီယန်၏ အကြောင်းပြချက်မှာလည်း အလွန် ဆိုးရွားလှပါသည်။
"မင်းတို့တွေက အရမ်းကို စွမ်းအားကြီးလွန်းနေတယ်။ ငါ့ရဲ့အဖေက.. မင်းတို့ကို မထိန်းချုပ်နိုင်မှာကို စိုးရတယ်။ ဒါ့ကြောင့် အားနည်းသွားအောင် သေခါနီးလောက် ရိုက်ပေးလိုက်တာ.."
"ငါမင်းတို့ကို မသတ်တာက အသုံးဝင်သေးတယ်လို့ ခံစားရလို့ပဲ။ မဟုတ်ရင် ဖြုန်းတီးမိသလို ဖြစ်လိမ့်မယ်.."
"ဒါကို... အမှိုက်ကို ရတနာအဖြစ် ပြောင်းလဲခြင်းလို့ ခေါ်တယ်.."
ရွှီယန်က လေးနက်စွာပြော၏။
ခုံရော့ကျစ်နှင့် ကောင်းကင်မိခင်ဂိုဏ်းရှိ အခြားသိုင်းသမားများက ယူကျုံးမရဖြစ်ကုန်ကြသည်။ ထိုကဲ့သို့သော အကြောင်းပြချက်လေးနှင့် သူတို့ သေလုနီးပါး အရိုက်ခံခဲ့ရသည်လား။
ခွန်အားတို့ အရမ်းကြီး မြင့်နေတယ်ဆိုတာကရော ဘာကိုဆိုလိုသနည်း... သူတို့ကို အလွန်မြင့်မားစွာ တွေးထားသည်လား။
"ဘာလဲ.. မင်းတို့တွေက လက်မခံနိုင်ဘူးလား.."
ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွားပြီး ခုံရော့ကျစ်ကို စူးစိုက်စွာကြည့်သည်။
"မင်းတို့ရဲ့ အကြည့်တွေကို ကြည့်ရတာ အရမ်းကို မကျေမနပ်ဖြစ်နေလို့ပုံပဲ.."
ခုံရော့ကျစ်၏ မျက်နှာက ဖြူရော်သွားပြီး အမြန်ပြော၏။
"ကျွန်တော် အညံ့ခံပါတယ်။ အညံ့ခံပါတယ်။ အရိုးထဲအထိ လုံးဝအညံ့ခံပါတယ်.."
သူက ရွှီယန်ကို အနည်းငယ် ကြောက်ရွံ့နေမိပါပြီ။
ဒီကောင်လေး၏ ဦးနှောက်သည် မည်သည်တို့ မှားယွင်းနေလဲ မသိပေ။ အဘယ်ကြောင့် အမြဲတမ်း အခြားလူများကို နားလည်မှုလွဲစွာ တွေးခေါ်ရသနည်း။
ငါ့ရဲ့မျက်နှာက မည်သည့် မကျေနပ်သည့် အရိပ်အယောင်တို့ လွှမ်းမိုးနေလို့နည်း။
"ချီး.. ဒါကြီးက နာလွန်းလို့ ငါ့ရဲ့မျက်ခုံးတွေ တွန့်နေတာ လေ.."
"နာနာခံခံနဲ့ နေကြ.."
ရွှီယန်က ခေါင်းငြိမ့်ကာ ကျေနပ်သွားသည်။ သူက နောက်သို့လှည့်ကာ ထွက်ခွာသွားတော့မှာပါ။
သို့ပေမယ့် ရုတ်တရက် ရပ်တန့်သွားပြီး နောက်သို့ပြန်လှည့်လာကာ ခုံရော့ကျစ်ကို စူးစိုက်စွာ ကြည့်ရင်းက ဒေါသတကြီး ပြော၏။
"မင်းက အရိုးထဲအထိ အညံ့ခံတယ်ဆိုတော့ မင်းရဲ့နှလုံးသားထဲမှာ မကျေနပ်သေးဘူးပေါ့.."
စဉ်းစားမှုအချို့ ပြုလုပ်ပြီးနောက် ခုံရော့ကျစ်မှာ ကောက်ကျစ်ယုတ်မာကာ ရက်စက်တက်သူတစ်ယောက် ဖြစ်ကြောင်းကို သူနားလည်လိုက်သည်။
ကြည့်ရတာ ထိုလူများသည် အပြင်ပန်းတွင် အညံ့ခံသွားကြပုံ ပေါ်ပေမယ့် ရုပ်ပိုင်းဆိုင်ရာအရသာ အညံ့ခံသည်ဟု ဆိုလေသည်။ နှလုံးသားထဲတွင် အညံ့ခံသည်ဟုတော့ ပြောခြင်းမရှိပါ။ ထို့ကြောင့် အခြားစိတ်ကူးများ ရှိနေမှာ ဖြစ်၏။
ခုံရော့ကျစ်တစ်ယောက် အနည်းငယ် စိတ်ထိခိုက်စွာ ခံစားလိုက်ရသည်။ နှလုံးသားထဲတွင် ကျိန်ဆဲမိ၏။
ဒီကောင်၏ ဦးနှောက်က ဘာမှားနေလို့နည်း။ အဘယ်ကြောင့် အမြဲတမ်း ငါ့ကို စိုက်ကြည့်နေရသနည်း...
"ငါအညံ့ခံတယ်။ အညံ့ခံတယ်။ နှလုံးသားထဲမှာ၊ စိတ်ထဲမှာ၊ ခန္ဓာကိုယ်တစ်ခုလုံးမှာ၊ အစိတ်အပိုင်းအားလုံးမှာ အညံ့ခံတယ်.."
ခုံရော့ကျစ်က အမြန်ကျိန်ဆိုစွာပြော၏။
ကောင်းကင်မိခင်ဂိုဏ်းရှိ ကျန်သူများလည်း မြေပြင်ပေါ်မှတွားသွားကာ အမြန် ခေါင်းငြိမ့်ပြကြသည်။
သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးက ကြီးစွာ နာကျင်နေလျှင်တောင် ရွှီယန်ကို နားလည်မှုလွဲစေမည်အား ကြောက်ရွံ့သဖြင့် တုန်ပင် မတုန်ရဲကြပေ။
"အဲ့ဒါကောင်းတယ်.."
ရွှီယန်က နောက်သို့လှည့်ကာ ထွက်ခွာသွား၏။
သုံဟယ်ကောင်တီ၏ မြို့တစ်ခုလုံးက အော့အော့သောင်းနင်း ဖြစ်နေဆဲရှိသည်။ စွမ်းအားကြီး ပုဂ္ဂိုလ်များကို ရှာဖွေနေကြခြင်း ဖြစ်၏။ အစိုးရရုံးတော်အတွင်းတွင် မည်သူမှ အလုပ်လုပ် မနေပေ။
ကျန်းဖင်ရှန်းကို ရွှီအိမ်တော်၌ ထားရှိကာ သူတို့၏ ထိန်းချုပ်မှုအောက်တွင် လုံးဝဖမ်းခိုင်းထား၏။
ရွှီယန်သည် ဖြစ်လာနိုင်သည့် အန္တရာယ်အားလုံးတို့နှင့် အဆင့်မြင့်အဆင့် သိုင်းသမားများကို မြို့တွင်းမြို့ပြင် နေရာမလပ် ရှင်းလင်းခဲ့သည်။
အားလုံးကို အညံ့ခံစေကာ လဝက်အတွင်းတွင် မည်သည့် သိုင်းပညာမှ ကောင်းကောင်း အသုံးမပြုနိုင်အောင် ရိုက်နှက်၏။ ရွှီမိသားစု၏ အစောင့်များသာလျှင် ခွန်အားအပြည့်ဖြင့် ကျန်ရစ်ကြသည်။
တော်ဝင်မြို့တော်ဆီသို့ သွားနေချိန်၌ မည်သည့် မမြင်နိုင်သည့် အရေးပေါ် အခြေအနေမှ ပေါ်မလာစေအတွက် မိဘများအား အခြေအနေတို့ ပြောင်းလဲသွားပါက ယွင်ရှန်းကောင်တီသို့ သွားရောက်ပုန်းအောင်း နေရန်အတွက် အထူးမှာကြားခဲ့၏။