ဧကရာဇ်မင်းကြီးက ရူးသွားတာလား
Vol. 4 Ch. 54
ကျင်းဟန်မှာ ချီနိုင်ငံ၏ မြို့တော်ဖြစ်သည်။ အိမ်ရှေ့စံအရိုက်အရာအတွက် တိုက်ပွဲသည် အဖြေထွက်တော့မည်ဖြစ်၏။
တတိယမင်းသားကို ထောက်ပံ့ပေးသည့် စံအိမ်အကြီးအကဲချန်က အနားယူရန်အတွက် တောင်းခံထားပြီးဖြစ်ကာ ဧကရာဇ်ချီက သဘောတူခဲ့၏။
စံအိမ်အကြီးအကဲချန်သည် အနားယူမှု အပြီးတွင် မြို့တော်မှ ထွက်ခွာသွားမည် ဖြစ်သည်။
အိမ်ရှေ့စံမင်းသား ရာထူးအတွက် ပြင်းထန်သည့် ပြိုင်ပွဲအတွင်းတွင် သူ့အတွက် အငြိမ်းစားယူရန်မှာ လွယ်ကူခြင်းမရှိပေ။ ယခုကဲ့သို့ လုပ်ဆောင်နိုင်ခဲ့ခြင်းမှာ သူ၏ မင်းဆက်နှစ်ခုရှိ ဝါရင့် ပုဂ္ဂိုလ်ကြီးတစ်ယောက် အနေနှင့် မြင့်မားစွာ အလေးစားခံရသည့် ဂုဏ်ပုဒ်ကြောင့်ဖြစ်သည်။
တတိယမင်းသား၏ လူယုံတစ်ယောက်အဖြစ် သတ်မှတ်ထားခြင်းခံရသည့် အမှုထမ်းရေးရာ အမတ်ကြီး ကောရုန်ရှန်၏ နောက်ဆုံး ကံတရားမှာတော့ ဆုံးဖြတ်ရသေးခြင်း မရှိသေးပါ။
ကံကောင်းပါက ရာထူးမှ ဖယ်ရှားခံရမည် ဖြစ်၏။ ကံဆိုးပါက ပြည်နှင်ဒဏ်အပေးခံရမည် ဖြစ်သည်။ ကိစ္စများက ပိုမိုလေးနက်ပါက မိသားစု တစ်ခုလုံးပင် သုတ်သင်ခံရနိုင်၏။
ပထမမင်းသား၏ အဖွဲ့က သုံဟယ်ကောင်တီတွင် လှုပ်ရှားမှုပြုနေပြီး ဖြစ်ကြောင်းကို ရုံးတော်ရှိ လူတိုင်း သိကြပါသည်။
နောက်ဆုံးရလဒ်မှာ ကောရုန်ရှန်၏ သားမက်ဖြစ်သူ၏ ကောင်းကင်မိခင်ဂိုဏ်းနှင့် ပူးပေါင်းမှုကြောင့် ဖမ်းဆီးခံရခြင်း သို့မဟုတ် အခြားပြစ်မှုများ ခံရမှာဖြစ်သည်။
ဤသည်ကား ကောရုန်ရှန်၏ ကံတရားကို အဆုံးအဖြတ်ပေးမည်ဖြစ်၏။ အင်ပါရီယာ နန်းတော်ရှိ စာဖတ်ခန်းအတွင်းတွင် ဧကရာဇ်ချီက ငှက်ပျံနှင့် ပို့လိုက်သည့် သုံဟယ်ကောင်တီရှိ လျှို့ဝှက်သဝန်လွှာကို ကြည့်ကာ သူ၏မျက်လုံးများက လှုပ်ခါလာပြီး နှုတ်ခမ်းများက တုန်ယင်လာခဲ့၏။
လူတိုင်း၏ အထက်တွင် မြင့်မားစွာစံစားသည့် ဧကရာဇ်တစ်ပါးအနေနှင့် ပထမဆုံးအကြိမ် အကြောက်တရားကို ခံစားလာရသည်။
လူတစ်ယောက်နှင့် စစ်သည် ၁၀၀၀၀ကို အနိုင်ယူခဲ့သည်လား။ ဤသည်မှာ လူသားတို့ လုပ်နိုင်သည့်အရာ ဖြစ်သေးသည်လား။
သို့ပေမယ့် သိနငှက်သဝန်လွှာမှာ မှားယွင်းနိုင်ခြင်း မရှိပေ။ ကောရုန်ရှန်၏ မြေးဖြစ်သူ ရွှီယန်သည် တစ်ယောက်တည်းနှင့် စစ်သည်၁၀၀၀၀ကို အနိုင်ယူခဲ့ပြီး မည်သည့်ဒဏ်ရာမှ မရရှိသလို သက်တောင့်သက်သာပင် ရှိနေသေး၏။
ထို့အပြင် တိုက်ပွဲအတွင်းတွင် သက်ညှာမှု ထားခဲ့ပြီး ဒီဗိုင်းကြီးမြတ်ခြင်း စစ်တပ်မှ စစ်သည်အားလုံးကို သတ်ဖြတ်ခဲ့ခြင်း မရှိပေ။
'ကောရုန်ရှန်ရဲ့ မြေးက ဦးနှောက်မကောင်းတာ မဟုတ်ဘူးလား။ ရုံးတော်က လူတွေအားလုံးတောင် ဒီလိုပဲပြောကြတာကို။ ဒါက မင်းတို့ပြောတဲ့ ဦးနှောက်မကောင်းဘူး ဆိုတာလား...'
ဧကရာဇ်ချီသည် လူတစ်ကိုယ်လုံး တုန်ရီနေပြီး သူ၏မျက်နှာက ဒေါသဖြင့် ပြာနှမ်းလာခဲ့သည်။ ဦးနှောက်မကောင်းသည့် လူတစ်ယောက်က ဘယ်လိုလုပ်ပြီး အလွန် စွမ်းအားကြီးမားသည့် သိုင်းပညာကို ကျင့်ကြံနိုင်မည်နည်း။
စစ်မှန်သော ဦးနှောက်မကောင်းသူက မည်သူဖြစ်သနည်း။
ဒဏ္ဍာရီ စာအုပ်များအတွင်းရှိ ဖော်ကျူးမှုများက မှန်ကန်နေပါသည်။ ဒီလောကကြီးတွင် နတ်ဘုရားများကဲ့သို့ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးသူများ အမှန်တကယ် ရှိနေပြီး သူတို့တွင် အလွန် ကြောက်စရာကောင်းသည့် သိုင်းပညာများ ပိုင်ဆိုင်ထားပါသည်။
'ကောရုန်ရှန်က သေရမယ်။ သူ့မိသားစုတစ်ခုလုံးလည်း သုတ်သင်ခံရ သင့်တယ်။ ကောမိသားစု တစ်ခုလုံးကို သုတ်သင်ပြီး မြေမြုပ်သင်္ဂြိုဟ်ပစ်ရမယ်..'
ဧကရာဇ်ချီ၏ မျက်လုံးများထဲ၌ ရက်စက်ပြတ်သားသည့် အကြည့်တို့ လက်သွား၏။ ချီနိုင်ငံက ပျက်စီးတော့မည် ဆိုကတည်းက မြို့တော်သို့ ရန်သူ မရောက်လာခင်တွင် ကောရုန်ရှန်၏ မိသားစုကို ခေါင်းဖြတ်သတ်ဖြတ်ကာ သူတို့ကို ချီနိုင်ငံနှင့်အတူတူ သင်္ဂြိုဟ်ပစ်ရပေမည်။
"မဟုတ်ဘူး.."
သူကကောရုန်ရှန်၏ မိသားစုတစ်ခုလုံးကို သုတ်သင်ရန် အမိန့်ပေးတော့မည့် အချိန်၌ ရုတ်တရက် သတိဝင်လာခဲ့သည်။ လျှို့ဝှက် သဝန်လွှာကို ထပ်မံကောက်ယူကာ သေသေချာချာ ဖတ်ကြည့်၏။
"ရွှီကျွင်းဟယ်က ပုန်ကန်မှုမပြုခဲ့ဘူး။ သူကရှန်းဝိန်စစ်တပ်ကိုပဲ အနိုင်ယူခဲ့တာ။ ပြီးတော့ ကျန်းဖင်ရှန်းကိုလည်း မသတ်ခဲ့သလို ကောင်းကင်မိခင်ဂိုဏ်းကိုလည်း အစိုးရရုံးတော်ကို မထိန်းချုပ်စေခဲ့ဘူး..."
ထိုအချိန်၌ ဧကရာဇ်ချီ နားလည်သွားခဲ့သည်။ ရွှီမိသားစု၏ ပုန်ကန်မှု မပုန်ကန်မှုမှာ သူ၏ကောရုန်ရှန်မိသားစုအပေါ် မည်ကဲ့သို့ စီရင်မည့်ကိစ္စနှင့် သက်ဆိုင်နေ၏။
ကောရုန်ရှန်သာ သေဆုံးပါက ချီနိုင်ငံ၏ တော်ဝင်မိသားစုလည်း ပျက်စီးရမှာဖြစ်သည်။ သို့ပေမယ့် ကောရုန်ရှန်သာ ချီနိုင်ငံ၏ အမတ်ကြီးတစ်ယောက် ဖြစ်နေသေးပါက ချီနိုင်ငံလည်း ရှိနေဦးမှာပါ။
ဧကရာဇ်ချီက အသက်ကို နက်ရှိုင်းစွာရှူပြီး အလွန်လေးနက်သွား၏။ ဤသည်မှာ ချီနိုင်ငံ၏ ပြိုလဲမှုနှင့် သက်ဆိုင်နေသည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်။
သူသည် အနည်းငယ်မျှပင် ဂရုမစိုက် ပြုရဲခြင်းမရှိပေ။
"တတိယမင်းသားကို နန်းတော်ထဲကို ဆင့်ခေါ်လိုက်။ အမတ်ကြီး ကောရုန်ရှန်ကိုလည်း နန်းတော်ထဲကို ဆင့်ခေါ်ပြီး ဘိုးဘေးဘုရားကျောင်းကို ငါ့သားရဲ့ ဆရာတင် အခန်းအနားအတွက် ပြင်ဆင်ခိုင်းလိုက်..."
ဧကရာဇ်ချီက ထည်ဝါသည့်အသွင်ဖြင့် အမိန့်များကို ပေးသည်။ သုံဟယ်ကောင်တီရှိ သတင်းတို့ မြို့တော်သို့မရောက်ခင်တွင် အရာအားလုံးကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ထားရပေမည်။
မိန်းမဆိုးခေါင်းဆောင်က ဦးညွှတ်ကာ ထွက်သွားပြီး ထိုကိစ္စကို ကိုယ်တိုင်ကြီးကြပ်၏။ တတိယမင်းသားဆီမှ အင်ပါရီယာအမိန့်ဘဲ ပြန်တမ်းကို ရရှိပြီးနောက် နန်းတော်အတွင်းသို့ အမြန်ရောက်လာခဲ့သည်။
ကောရုန်ရှန်က အမိန့်ပြန်တမ်းကို ရရှိပြီးနောက် အနည်းငယ် အံ့သြသွား၏။ ဧကရာဇ်ချီ၏
ရုတ်တရက် ဆင့်ခေါ်မှုသည် မည်သည့်ရည်ရွယ်ချက် တို့ ရှိနေသနည်း။။
ဖြစ်နိုင်သည်ကား အိမ်ရှေ့စံမင်းသား ရာထူးအတွက် တိုက်ခိုက်မှုတွင် သူ၏ ကောမိသားစု လုံလုံခြုံခြုံ လွတ်မြောက်နိုင်မည်လား။
သူသည် နန်းတော်ဆီသို့ အမြန်ဝင်ရောက်ခဲ့သည်။ ရလဒ်အနေနှင့် နန်းတော်သို့ ရောက်ရှိပြီးနောက် ဧကရာဇ်ချီက သူ့ကို အင်ပါရီယာ စာဖတ်ခန်းအတွင်းသို့ ဆင့်ခေါ်ခြင်းမရှိဘဲ ဘိုးဘေးဘုရားကျောင်းဆီသို့ ခေါ်သွားကြောင်းအား တွေ့လိုက်ရ၏။
ကောရုန်ရှန်တစ်ယောက် အနည်းငယ် ကြောင်တောင်စွာ ခံစားလိုက်ရသည်။ ဘိုးဘေးဘုရားကျောင်းသည် သူကဲ့သို့သော လက်အောက်ခံတစ်ယောက် ဝင်ရောက်နိုင်သည့်နေရာ တစ်ခုလား။
မိန်းမဆိုး၏ ဦးဆောင်မှုအောက်တွင် သူတို့သည် ဘိုးဘေးဘုရားကျောင်းဆီသို့ ရောက်ရှိသွားကြသည်။ ဘုရားကျောင်းသို့ ရောက်ရှိသည်နှင့် တတိယမင်းသားကို တွေ့လိုက်ရ၏။
ထို့အပြင် ဘုရားကျောင်းအတွင်းရှိ စီစဉ်မှုများမှာ ပုံမှန်မဟုတ်သည့်ပုံပါ။
"အရှင်မင်းကြီး..."
ကောရုန်ရှန်က ဦးညွှတ်ကာ အရိုအသေပေးတော့မှာပါ။
သို့ပေမယ့် ဧကရာဇ်ချီက အပြုံးတစ်ခုဖြင့် ရှေ့သို့တက်ပြီး ကိုယ်တိုင်ကူညီထခိုင်း၏။
"အမတ်ကြီးကော.. လုပ်ရိုးလုပ်စဉ်တွေ မလိုပါဘူး။ ဒီကိုလာပြီး ထိုင်လိုက်.."
"အရှင်မင်းကြီး ဒါက..."
ဧကရာဇ်ချီက သူ့ကိုဆွဲကာ ဘိုးဘေးဘုရားကျောင်း၏ အဓိကခုံပေါ်တွင် ထိုင်ခိုင်းရာ ကောရုန်ရှန်လည်း အလွန်အံ့ဩသွားသည်။
"အမတ်ကြီးကော.. ခင်ဗျားက ဒီလောကမှာ ရှားပါးတဲ့ ပါရမီရှင် တစ်ယောက်ပဲ။ ကျွန်တော်ရဲ့သားက ခင်ဗျားရဲ့ မျက်နှာသာပေးမှုကိုရတာက တကယ့်ကို ကံကောင်းတာပဲ။ ဒီနေ့ကစပြီး ကျွန်တော်သူ့ကို ခင်ဗျားဆီမှာ တရားဝင် တပည့်ခံ ခိုင်းလိုက်မယ်.."
ဧကရာဇ်ချီက လေးနက်စွာပြောသည်။
"အရှင်မင်းကြီး ဒါကမလုပ်သင့်ပါဘူး.."
ကောရုန်ရှန်က အံ့သြသွားသည်။
ဤသည်မှာ မင်းသားတစ်ပါး ဖြစ်သည်။ ဘယ်လိုလုပ်ပြီး ယခုကဲ့သို့သော နည်းလမ်းမျိုးဖြင့် သူ၏ တပည့် ဖြစ်လာနိုင်မည်နည်း။
ဧကရာဇ်က သူ၏ငြင်းဆန်မှုကို လစ်လျူရှု့ကာ ထိုင်ခုံတွင် အတင်းထိုင်ခိုင်းသည်။ နောက်သို့လှည့်ကာ တတိယမင်းသားကို စူးစိုက်စွာကြည့်ပြီး ကြိမ်းမောင်း၏။
"မင်းက ဘာရပ်နေသေးတာလဲ။ ၃ကြိမ်ဒူးထောက်.. ၉ကြိမ်ဦးချပြီး မင်းရဲ့ဆရာကို အရိုအသေ မပေးသေးဘူးလား.."
"အဖေ..."
တတိယမင်းသားက ကြောင်တောင်သွားသည်။ လောကကြီးသည် မည်သည်တို့ ဖြစ်နေသနည်း။
ဧကရာဇ်ချီ၏ ကြမ်းကြုတ်သည့်အကြည့်ကို တွေ့ရပြီးနောက် သူက အကြောက်တရားဖြင့် တုန်ခါသွားခဲ့သည်။
အလျှင်အမြန် ဒူးထောက်ပြီး ဦးချမှုပြု၏။ လက်ဖက်ရည်ခွက်ကို ပေးလေသည်။
"တပည့်.. ဆရာ ကို ဂါရဝပြုပါတယ်.."
ဖြစ်စဉ်တစ်ခုလုံးတွင် ကောရုန်ရှန်မှာ ကြောင်တောင်စွာ ရှိနေပါသည်။ သူ၏ ဦးခေါင်းက မူးဝေနေပြီး နားမလည်နိုင်အောင်ရှိနေ၏။ လုံးဝ မှင်သက်နေတော့သည်။ ဧကရာဇ်ချီသည် မည်သည်တို့ လုပ်ဆောင်နေသနည်း။
"အမတ်ကြီးကော.. လက်ဖက်ရည်ကို မြန်မြန်လေးသောက်လိုက်လေ.."
ဧကရာဇ်ချီက နှိုးဆော်စွာ ပြော၏။ ကောရုန်ရှန်က လက်ဖက်ရည်ခွက်ကို ယူကာသောက်လိုက်သည်။
ပြီးနောက် ပြန်လည်ငိုင်တိုင်သွား၏။
"တတိယမင်းသား.. မင်းစိတ်ထဲမှာ မှတ်ထားပါ။ တစ်ရက်ဆရာဖြစ်တာက တစ်သက်လုံး ဖခင်တစ်ယောက်လိုပဲ။ ဒီနေ့ကစပြီး အမတ်ကြီးကောကို တွေ့တဲ့အခါ မင်းရဲ့ဖခင်ကို တွေ့သလိုပဲ ရိုသေသမှုနဲ့ ဆက်ဆံရမယ်.."
"နေ့စဉ်နေ့တိုင်း အမတ်ကြီးကောကို အရိုအသေပေးရမယ်။ မလေးမစား လုပ်တာမျိုး တစ်စုံတစ်ရာ ရှိခဲ့ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်.."
စကားအဆုံးတွင် ဧကရာဇ်ချီ၏ လေသံက အလွန်ခက်ထန်သွား၏။
တတိယမင်းသားက တုန်ခါသွားသည်။ သူ၏ မျက်နှာက ဖြူရော်သွားပြီး အမြန်ပြော၏။
"ဟုတ်ကဲ့။ ဟုတ်ကဲ့ပါ အဖေ.."
သူ၏စိတ်က ရှုပ်ထွေးနေပြီး ဖခင်ဖြစ်သူကို ရူးသွပ်နေသည်လားဟုပင် တွေးမိ၏။
မဟုတ်ပါက ယခုကဲ့သို့သော ကိစ္စမျိုးကို မည်ကဲ့သို့ လုပ်ဆောင်မည်နည်း။
"အပြင် ထွက်မသွားသေးလား.."
ဧကရာဇ်ချီက သူ့ကိုကြည့်ကာ ပြောသည်။
တတိယမင်းသားက အမြန်ဆုတ်ခွာသွား၏။
"အမတ်ကြီးကော.. လာပါဦး။ ခင်ဗျားကို ပြဿနာပေးရဦးမယ်။ ရုံးတော်က အရေးကြီးကိစ္စတွေက အမတ်ကြီးကောလို ပါရမီရှင်တစ်ယောက်နဲ့ပဲ ငါ့ကို စိတ်ချမှုရစေမှာ.."
ဧကရာဇ်ချီက ကောရုန်ရှန်၏ လက်ကိုဆွဲကာ တော်ဝင်ဥယျာဉ်အတွင်းသို့ လျှောက်ထွက်သွား၏။ သူတို့သည် မိတ်ဆွေဟောင်းများ မိသားစုကိစ္စအကြောင်း ပြောနေသည်နှင့် တူညီလှပါသည်။
ရံဖန်ရံခါ မြေးဖြစ်သူရွှီယန်၏ အကြောင်းကို မေးကာ ကောရုန်ရှန်အားလည်း ရုံးတော်တွင် အလုပ်ကြိုးစားမှုအတွက် ချီးကျူးလေ့ရှိ၏။
ရုံးတော်အတွင်းရှိ စစ်ဘက်အရပ်ဘက် အမှုထမ်းများ အားလုံးအကြားတွင် ကောရုန်ရှန်သာလျှင် ဧကရာဇ်အပေါ် စစ်မှန်သည့် သစ္စာတရားရှိပြီး နိုင်ငံချစ်စိတ် ကြီးလှသည်ဟု ဆို၏။
ကောရုန်ရှန်၏ ဦးနှောက်မှာတော့ ရှုပ်ထွေးနေပါသည်။ သူသည် အိပ်မက်မက်နေသည်လား ဟုပင် အံ့ဩမိ၏။
တော်ဝင်ဥယျာဉ် အတွင်းတွင် လှည့်လည်ပြီးနောက် ဧကရာဇ်ချီက ကောရုန်ရှန်ကို ဘိုးဘေးဘုံကျောင်းဆီသို့ ပြန်ခေါ်သွားသည်။
ထို့နောက် ဘုံကျောင်း၏ရှေ့တွင် နှစ်ယောက်သား ကောင်းကင်နှင့် ကမ္ဘာမြေကြီးအား တိုင်တည်ပြီး မျိုးရိုးခြားနားပေမယ့် ညီအစ်ကိုများ ဖြစ်ကြသည်ဟု ကျိန်ဆိုကြလေသည်။
ကောရုန်ရှန်၏ မျက်နှာက ဖြူရော်နေပါပြီ။ သူ၏ခန္ဓာကိုယ်က တုန်ယင်နေပြီး သတိလစ်လုနီးပါး ဖြစ်သွား၏။ သူ၏စိတ်ထဲတွင် အတွေးတစ်ခုသာ ကျန်ရစ်တော့သည်။
'ဧကရာဇ်က ရူးသွားပြီလား..'
"ဒုတ် ဒုတ် ဒုတ်.."
သွေးသောက်ကာ ဦးချမှုပြုပြီးနောက် ညီအစ်ကိုများ ဖြစ်လာကြသည်။
ဖြစ်စဉ်တစ်ခုလုံးကို ဖြတ်သန်းပြီးနောက် ကောရုန်ရှန်သည် လုံးဝ အားအင်ကုန်ခမ်းနေပါပြီ။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ နှစ်ခုလုံး ဖြစ်၏။
ဧကရာဇ်ချီသာ် အခုမှအနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ သူ၏ စိတ်ကူးက အလွန်ရိုးရှင်း၏။
'မင်းအဘိုးနဲ့ငါက မျိုးရိုးမတူတဲ့ ညီအစ်ကိုတွေ ဖြစ်လာခဲ့ပြီ..'
'ဘာပဲဖြစ်ဖြစ် ငါက မင်းရဲ့ တစ်ဝက်တစ်ပြတ် အကြီးအကဲပဲ။ ရွှီယန်.. မင်းငါ့အပေါ် ညင်သာလောက်တယ်မလား..'
ညီအကိုအဖြစ် ကျိန်ဆိုမှု ပြီးဆုံးပြီးနောက် သူက ကောရုန်ရှန်ကို နန်းတော်မှ ပြန်ပို့သည်။ ထို့နောက် လမ်းတွင် ဧကရာဇ်ချီ၏ အနှစ်သက်ဆုံး ကိုယ်လုပ်တော်က လျှောက်လာကြောင်းအား တွေ့လိုက်ရ၏။
ဒီအချိန်၌ ကောရုန်ရှန်မှာ မူးဝေစွာ ခံစားနေရပြီး ငိုင်တိုင်လျှက်ရှိသည်။ ကိုယ်လုပ်တော်ကို အချိန်အနည်းငယ်လောက် ရစ်ဝဲစွာဖြင့် ကြည့်မိသွား၏။
ဤသည်မှာ ကြီးလေးသည့် အပြစ်ကြီးဖြစ်သည်။ သို့ပေမယ့် ယခုအချိန်၌ သူ၏စိတ်ထဲတွင် ကြောင်တောင်နေရာ နားလည်ခြင်း လုံးဝမရှိပေ။
ထိုပုံကိုတွေ့ရပြီးနောက် ဧကရာဇ်ချီက ပျော်သွားပြီး မေး၏။
"ညီအစ်ကိုကော.. ကိုယ်လုပ်တော်ယွင်ကို ဘယ်လိုထင်လဲမသိဘူး.."
"ကိုယ်လုပ်တော်ယွင်က လှပပြီးတော့ဖြူစင်တယ်။ ဒါပေါ့..."
ကောရုန်ရှန်ဟာ အေးခဲသွား၏။ သူ၏ နှလုံးသားထဲတွင် တိတ်လန့်မှုတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူသည် ဧကရာဇ်၏ အနှစ်သက်ဆုံး ကိုယ်လုပ်တော်ကို မည်ကဲ့သို့ မှတ်ချက်ပေးနိုင်ရသနည်း။ ချွေးစေးများက နဖူးမှစတင် ထွက်လာခဲ့၏။
ပြီးနောက် ဧကရာဇ်ချီ၏ ပျော်ရွှင်သည့်အသံတစ်ခု ဘေးမှ ထွက်လာခဲ့သည်။
"ညီအကိုကောက သူမကို သဘောကျမှတော့.. လာခဲ့ကြ။ ကိုယ်လုပ်တော်ယွင်ကို အမတ်ကြီးကောရဲ့ အိမ်တော်ကိုပို့ပေးလိုက်.."
"ဘာ.."
ကောရုန်ရှန်က ထိတ်လန့်တကြား ဖြစ်သွားပြီး အမြန်ပြော၏။
"မဟုတ်ပါဘူး အရှင်မင်းကြီး.."
သူ၏စိတ်က အမြန်ရွေ့လျားနေပြီး အလောတကြီးပြောသည်။
"ကျွန်တော်မိန်းမက အရမ်းကို ကြမ်းတမ်းတာ။ ကျွန်တော် ကြောက်တယ်..."
"အဲ့လိုဆိုရင်လည်း ထားလိုက်ပါတော့.."
ဧကရာဇ်ချီ၏ မျက်နှာက နောင်တရစွာ ဖြစ်သွား၏။ ကောရုန်ရှန်၏ဇနီးဖြစ်သူဟာ ရွှီယန်၏ အဘွားမဟုတ်ပါလား။
သူမကိုသာ စိတ်အနှောင့်အယှက် ဖြစ်စေပါက ကိုယ့်ကိုယ်ကို ပြဿနာတက်အောင် လုပ်ခြင်းပင်။
တစ်ဖက်ရှိ ကိုယ်လုပ်တော်ယွင်မှာ ကြောက်ရွံ့မှုဖြင့် သတိလစ်လုမတတ် ဖြစ်သွားခဲ့သည်။
ကောရုန်ရှန်သည် အိမ်သို့မှင်သက်စွာ ပြန်ရောက်လာခဲ့၏။ သူ၏ ဦးနှောက်က လုံးဝ ဝရုန်းသုံးကားဖြစ်နေပြီး တော်ဝင်နန်းတော်ဆီသို့ ဒီခရီးမှာ အိပ်မက်တစ်ခုနှင့် တူညီနေပါသည်။
"အဖေ.. ဧကရာဇ်က ခေါ်ပြီးတော့ ဘာပြောတာလဲ မသိဘူး.."
ကောယွင်ကိုင်၏ မျက်နှာက စိုးရိမ်နေပြီး ဖခင်ဖြစ်သူနောက်မှလိုက်ကာ စာဖတ်ခန်းသို့ ရောက်သည်နှင့် မစောင့်နိုင်တော့ဘဲ မေး၏။
ဖခင်ဖြစ်သူသည် နန်းတော်မှ ပြန်လာပြီးနောက် လုံးဝ မသက်မသာ ဖြစ်နေသည့်ပုံပါ။
ကောရုန်ရှန်က ခေါင်းကိုမော့ကာ အချိန်အတော်ကြာအောင် ရပ်ဆိုင်းသွား၏။ ခဏအကြာမှ ပြောသည်။ "အရှင်မင်းကြီးမှာ ဦးနှောက်ရောဂါရနေပြီ။ သူ့ရဲ့စိတ်က သိပ်မနှံ့တော့ဘူး.."
ကောယွင်ကိုင် "..."
God Genzo: