← Chapters

ငါရွှီယန်လာပြီ ဧကရာဇ်ချီ

Vol. 4 Ch. 55

ငါရွှီယန်လာပြီ ဧကရာဇ်ချီ

Vol. 4 Ch. 55

ကောယွင်ကိုင်၏ မျက်လုံးများက ပြူးကျယ်သွား၏။ သူက အခန်းအတွင်းသို့ ထိတ်လန့်တကြား လှည့်လည်ကြည့်ရှုပြီးနောက် စာဖတ်ခန်း၏ ပြတင်းပေါက်တံခါးကို အမြန်ဖွင့်ကာ ချောင်းမြောင်းနားထောင်နေသည့် မည်သူမှ ရှိမနေကြောင်းအား အတည်ပြုသည်။

ထိုနောက်မှသာ စိတ်သက်သာရသွား၏။

"အဖေဘယ်လိုလုပ်ပြီးများ..."

သူ၏ဖခင်သည် ပုလ္လင်၏ ဆက်ခံသူ နေရာအတွက် တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့၍ မိသားစုတစ်ခုလုံး အန္တရာယ်အတွင်းသို့ ကျရောက်သွားသောကြောင့် စိတ်လွတ်သွားသည်လား။

ကောရုန်ရှန်က အသက်ကို နက်ရှိုင်းစွာ ရှူ၏။ ခဏအကြာမှသာ သူ၏စိတ်က အနည်းငယ် တည်ငြိမ်လာခဲ့သည်။

သို့ပေမယ့် အဖြစ်အပျက်များကို မယုံကြည်နိုင်စွာ ရှိနေဆဲဖြစ်၏။ တတိယမင်းသားက ဒူးထောက်ကာ သူ့ကိုဦးချခဲ့လေသည်။ ဆရာအဖြစ် ပူဇော်ခဲ့၏။ ဧကရာဇ်ချီကပင်လျှင် တစ်ရက်ဆရာဖြစ်ပါက တစ်သက်လုံး ဖခင်နှင့်တူညီသည်ဟု ဆိုခဲ့၏။

ဒီလောကတွင် ယခုကဲ့သို့ မင်းသားတစ်ပါး၏ ဦးချမှုကို မည်သူက မြင်ဖူးလို့နည်း။ ပိုမို လွန်ကျူးသည်မှာ သူသည် ဧကရာဇ်ချီ၏ သွေးသောက်ညီအစ်ကို ဖြစ်လာခြင်းဖြစ်သည်။

ထို့ထက် ပိုမို အံ့သြစရာကောင်းလှသည်မှာ ဧကရာဇ်ချီက ကိုယ်လုပ်တော်ယွင်အား သူ့ကိုပေးလိုခဲ့ခြင်းဖြစ်သည်။

မည်သည့်အချိန်တုန်းက ဧကရာဇ်တစ်ပါးသည် သူ၏ ကိုယ်လုပ်တော်များကို အမတ်ကြီးများဆီသို့ ပေးဖူးလို့နည်း။ ဧကရာဇ်ချီတွင် နွားဖြစ်ခြင်းအား ကြိုက်နှစ်သက်သည့် အလေ့အကျင့်လည်း မရှိပါ။

ဖခင်ဖြစ်သူ၏ ပြောစကား အားလုံးတို့ကို ကြားရပြီးနောက် ကောယွင်ကိုင်က ကြောင်တောင်စွာဖြင့် သူ၏အဖေကို သံသယဝင်စွာ ကြည့်သည်။

"ရူးသွားတာ ဧကရာဇ်ချီ မဟုတ်ဘူး။ ငါ့အဖေပဲ.."

သူက ဝမ်းနည်းစွာ တွေးသည်။

တတိယမင်းသားလည်း နန်းဆောင်ဆီသို့ ငိုင်တိုင်စွာပြန်လာခဲ့၏။ သူ၏ အဓိက အကြံပေးများက အမြန်ပြေးလာကြသည်။

"အရှင်မင်းသား.. ဧကရာဇ်က အရေးပေါ် ဆင့်ခေါ်ခဲ့တာ ဘာကိစ္စလဲမသိဘူး.."

သူတို့က ချက်ချင်းပင် မေးကြသည်။

တတိယမင်းသားက ပတ်ဝန်းကျင်ကို လှည့်လည် ကြည့်ရှု့ပြီးနောက် အသက်ကို နက်ရှိုင်းစွာရှူ၏။ ရှေ့သို့ကိုင်းကာ ထိုသူများ၏ နားထဲသို့ တီးတိုးစွာ ပြောသည်။

"ငါတော့.. ငါတို့ဖခင် ဧကရာဇ်မင်းကြီး ဦးနှောက်မကောင်းတော့ဘူးလို့ ထင်တယ်.."

အကြံပေးများ "..."

တတိယမင်းသား၏ ဦးခေါင်းနှင့် ပတ်သက်ပြီး တစ်ခုခု မှားယွင်းသွားသည့်ပုံပါ။

နန်းတော်၏ စာဖတ်ခန်းတွင် ဧကရာဇ်ချီက နောက်ထပ်အမိန့်တစ်ခုကို မှာကြားသည်။

"အင်ပါရီယာ အမိန့်တစ်ခုကို ထုတ်ပြန်မယ်။ ကောရုန်ရှန်ကို ချီနိုင်ငံရဲ့ဘုရင်ဆိုတဲ့ဘွဲ့ကို အပ်နှင်းမယ်။ အမတ်ချုပ်ကြီးအဖြစ် ရာထူးခန့်အပ်ပြီး အိမ်ရှေစံမင်းသားရဲ့ အထွတ်အထိပ်ဆရာသခင် အဖြစ် မြှောက်စားမယ်..."

အကြီးအကဲဆရာ ဟူသည့် ဘွဲ့အမည်က ကောရုန်ရှန်၏ ဂုဏ်ပုဒ်နှင့် လိုက်ဖတ်ခြင်း မရှိတော့ပါ။ ဧကရာဇ်အနေနှင့် ဘွဲ့အသစ်ဖြစ်သည့် အိမ်ရှေ့စံမင်းသား၏ အထွတ်အထိပ်ဆရာသခင် ဟူသည့် ဘွဲ့တစ်ခုကို ဖန်တီးလိုက်၏။

အထွတ်အထိပ်ဟူသည့် စကားလုံးက ဂုဏ်သရေပြည့်စုံမှုကို ကိုယ်စားပြုပါသည်။

"အင်ပါရီယာ အမိန့်တစ်ခုကို ထုတ်ပြန်မယ်။ ကောယွင်ကိုင်ကို ရှန်းဝိန်အုပ်ချုပ်သူ ဘွဲ့အမည်ကို အပ်နှင်းပြီး ဒီဗိုင်းစွမ်းအားစစ်တပ်ကို ဦးဆောင်စေမယ်..."

"မင်ဘုရင်ကို အိမ်ရှေစံ အရိုက်အရာကို အပ်နှင်းမယ်.."

မင်ဘုရင်မှာ တတိယမင်းသား၏ ဘွဲ့အမည်ဖြစ်သည်။

ဧကရာဇ်ချီက အမိန့်များကို ဆက်တိုက် ထုတ်ပြန်၏။ တစ်ဆက်ထဲတွင် သူ၏ မည်မျှ ဉာဏ်ပညာ ကြီးမားစွာ မြှောက်စားတတ်ပုံ၊ တတိယမင်းသားအား ကောရုန်ရှန်ကို ဆရာအဖြစ် ကိုးကွယ်စေပုံနှင့် ကိုယ့်ကိုယ်ကို နှိမ့်ချစွာဖြင့် ကောရုန်ရှန်နှင့် ညီအစ်ကို ဖွဲ့ခဲ့ပုံတို့ကို သူ၏လူများအား သတင်းဖြန့်ကျက် ခိုင်းလိုက်၏။

ကောရုန်ရှန်နှင့် ကောမိသားစု၏ နိုင်ငံအပေါ်သစ္စာရှိစွာ ခစားပုံ၊ နိုင်ငံနှင့်ဘုရင်အတွက် သူတို့ကိုယ်သူတို့ နှစ်မြုပ်ထားပုံတို့ အကြောင်းများက ကျယ်ပြန့်စွာ ပျံ့နှံ့သွား၏။

ကောရုန်ရှန်၏ ဧကရာဇ်ကို သစ္စာရှိပုံ၊ မျိုးချစ်ပုံ၊ ရိုးသားဖြောင့်မတ်ကာ တော်ဝင်ဆန်သည့်  အကျင့်စာရိတ္တရှိပုံနှင့် ဉာဏ်ပညာကြီးရင့်ကာ သူတော်ကောင်းတရားနှင့် ပြည့်စုံမှုတို့ကို ပုံဖော်၏။

မြို့တော်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည်။ စစ်ဘက်နှင့်အရပ်ဘက် အမှုထမ်းများ အားလုံးတို့လည်း ရုံးတော်တွင် အံ့သြကုန်ကျ၏။

ဧကရာဇ်က ရူးသွပ်သွားသည်လား။

အထူးသဖြင့်  အကြီးဆုံးမင်းသားနှင့် သူ့ကိုထောက်ပံ့သည့်အမတ်ကြီးများ ဖြစ်ကြသည်။ သူတို့အားလုံး ကောင်းကင်ပေါ်မှ မြေကြီးထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားရသည်။ ထို့အပြင် ပြုတ်ကျသွားသည့် မြေကြီးနေရာဟာ မိလ္လာတွင်း ဖြစ်၏။ နာကျင်မှုမှာ ဖော်ပြ၍ပင် မဖြစ်နိုင်တော့ပေ။

တတိယမင်းသားအား အိမ်ရှေစံ အရိုက်အရာကို အပ်နှင်းကာ ကောရုန်ရှန်က အထွတ်အထိပ် ဆရာသခင်ဖြစ်လာ၏။ ဧကရာဇ်၏ သွေးသောက်ညီအကို ဖြစ်လာ၏။ အမတ်ချုပ်ကြီး ဖြစ်လာခဲ့၏။

သူ၏သားဖြစ်သူ ကောယွင်ကိုင်လည်း ရှန်းဝိန်အုပ်ချုပ်သူ ဖြစ်လာပြီး နိုင်ငံ၏ ကာကွယ်ရေးအင်အားစုကို အမိန့်ပေးသည်။

ထို့အပြင် လူအများအကြား ပျံ့နှံ့နေသည့် ကောလဟာလများမှာ ကောရုန်ရှန်၏ သူတော်စင်တစ်ပါး ဖြစ်ပုံနှင့် သူတော်ကောင်းတရားနှင့် ပြည့်စုံသည့် အသွင်အပြင်ဖြစ်၏။

ယခုအချိန်၌ ထိုကိစ္စများ၏ အဓိက ပုဂ္ဂိုလ်များ ဖြစ်ကြသည့် ကောရုန်ရှန်နှင့် သူ၏သားတို့ နှစ်ယောက်လုံး ငိုင်တိုင်စွာ ရှိနေကြသည်။ သူတို့၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့၏။

'ဧကရာဇ်က တကယ် ဦးနှောက်မကောင်းတော့ဘူး...' 

မရေမတွက်နိုင်သည့် အမတ်ကြီးများက စာလွှာများကိုပို့ကာ အချို့ဆိုလျှင် အသေခံကာပင် ကန့်ကွက်ကြ၏။

အင်ပါရီယာ ရုံးတော်တစ်ခုလုံး ပရမ်းပတာ ဖြစ်ကုန်တော့သည်။

ထိုအသေခံကာ ကန့်ကွက်လိုသည့်  လူများအားလုံးကို ဧကရာဇ်က သေခွင့်ပေးလိုက်လေ၏။

ထိုအချိန်၌ အရပ်ဘက်နှင့်စစ်ဘက် အမှုထမ်းများအားလုံး၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ကျန်ရစ်တော့သည်။

'ဧကရာဇ်ရူးသွားပြီ...'

နေ့တစ်နေ့သို့ ရောက်ရှိလာသည်အထိ ဖြစ်၏။ ကြီးမားလှသည့် အနီရောင်နဂါးကြီးနှစ်ကောင်တို့က မြို့ဂိတ်ကို ကြမ်းတမ်းစွာ ရိုက်ခတ်ပြီး ပွင့်ထွက်သွားစေခဲ့သည်။

နန်းတော်ဆီသို့ အနီရောင်နဂါး တစ်ကောင်ကို စီးနင်းလာသည့် ပုံရိပ်တစ်ခု ဦးတည်လာခဲ့သည်။ နားစူးလှသည့် အော်သံတစ်ခု ပေါ်လာ၏။

"ဧကရာဇ်ချီ အဘိုးကြီး.. ငါရွှီယန်ရောက်လာပြီ.."

'ရွှီယန်လား..'

ရုံးတော်ရှိ အမတ်ကြီးများအားလုံးတို့ မှင်သက်သွားကြသည်။

ဤသည်မှာ ကောရုန်ရှန်၏ အပြင်ဘက်ရှိ မြေးဖြစ်သူ မဟုတ်ပါလား။ ပြောစကားများအရ သူ၏ မြေးဖြစ်သူမှာ ဦးနှောက်ကောင်းခြင်း မရှိပေ။

စွမ်းအားကြီးမားသည့် ဆရာသခင်များအား ရှာဖွေရန်အတွက် စွဲလမ်းနေပြီး စစ်မှန်သည့် သိုင်းပညာကို  သင်ကြားချင်သည်ဟု ဆိုလေသည်။

အမတ်ကြီးများက ခေါင်းမော့ ကြည့်ပြီးနောက် နဂါးကြီး၏ ရောက်ရှိလာမှုကို တွေ့လိုက်ရသည်။ ကြီးမားလှသည့် ဖိအားက အရပ်မျက်နှာ အားလုံးတို့ကို တုန်ခါစေ၏။

သူတို့၏ မျက်နှာများက ချက်ချင်းပင် အကြောက်တရားတို့ဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ဖြစ်နိုင်တာက လောကတွင် ထိုကဲ့သို့သော စွမ်းအားကြီးလှသည့်  သိုင်းပညာတို့ အမှန်တကယ် ရှိနေသည်လား။ ငါကိုယ်တိုင်ကသာ အရူးဆန်စွာ သတိမထားမိသည်လား။

ထိုအချိန်၌ အမှုထမ်းအားလုံးတို့လည်း ဧကရာဇ်ချီ၏ ကသောင်းကနင်း လုပ်ဆောင်မှု အဖုံဖုံ၏ အဓိပ္ပါယ်ကို နားလည်သွားကြသည်။

သူသည် ကောရုန်ရှန်ကို ဖားရားရန်အတွက် အလွန်စိတ်အားထက်သန် နေခဲ့၏။ ထိုအရာအားလုံးတို့မှာ ကောရုန်ရှန်၏ မြေးဖြစ်သူ ရွှီယန်ကြောင့် ဖြစ်သည်။

ဧကရာဇ်ချီက ကြီးမားလှသည့် နဂါးကြီးကို ကြည့်သည်။ ၎င်းသည် ပေ၂၀၊ ၃၀လောက် ရှည်လျားပြီး လေထဲတွင် ရစ်ဝဲနေ၏။

သူ၏မျက်နှာက ဖြူရော်သွားသည်။ သိန်းငှက်ပျံလျှို့ဝှက်သဝန်လွှာက ရွှီယန်၏ လက်ဝါးနှင့် နဂါးကြီးများအား ရိုက်ထုတ်ပုံကို ဖော်ပြထားပြီး ဖြစ်ပေမယ့် စကားလုံးများဖြင့် ရေးထားသည်မှာ ကိစ္စတစ်ခုဖြစ်သည်။ မိမိ၏မျက်လုံးများနှင့် ကိုယ်တိုင်မြင်တွေ့ရသည်မှာ အခြားကိစ္စတစ်ခု ဖြစ်၏။

သူသည် အလွန် ကြောက်လန့်လွန်းလှသဖြင့် သေးထွက်ကျလုမတတ်ပင် ဖြစ်သွားခဲ့သည်။ ဘေးရှိ ကောရုန်ရှန်၏ လက်ကို ဆုပ်ကိုင်ကာ တုန်ရီနေသည့် အသံဖြင့် ပြော၏။

"ညီအကိုကော... မင်းရဲ့မြေးဖြစ်သူကို နည်းနည်းလောက် တိုက်တွန်းကြည့်ပါလား။ ငါ့ရဲ့အိုမင်းနေတဲ့ အရိုးတွေက ဒီလောက် ကြီးမားတဲ့ ထိခိုက်မှုကို ခံနိုင်မှာ မဟုတ်ဘူး.."

လေထဲတွင်ရှိနေသည့် ရွှီယန်ကိုကြည့်ကာ ကောရုန်ရှန်က မှင်သက်သွားသည်။ သူ၏မြေးဖြစ်သူက အလွန်စွမ်းအားကြီးလှသည်လား။

ထိုအချိန်၌ သူနားလည်လာခဲ့သည်။ ဧကရာဇ်ချီသည် ရူးသွပ်သွားခြင်း မဟုတ်ပေ။ ရွှီယန်၏ စွမ်းအားကြောင့်သာ ထိုမယုံကြည်နိုင်စရာ ကောင်းလှသည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ခြင်း ဖြစ်၏။

ရွှီယန်၏ ယခုအချိန်၌ ဒေါသထွက်နေပြီး နန်းတော်ဆီသို့ ဦးတည်လာခဲ့ပုံကို ကြည့်လိုက်ပြီးနောက် နားလည်လာခဲ့၏။  အကြီးဆုံး မင်းသား၏ လူများက သူ့ကို ရှင်းထုတ်ရန်အတွက် သုံဟယ် စီရင်စု၌ မြေးဖြစ်သူအား ထိပါးခဲ့ကြောင်းကို ကောရုန်ရှန် သိလိုက်သည်။

ထို့ကြောင့်သာ ရွှီယန်တစ်ယောက် မြို့တော်ဆီသို့ အုန်းဒိုင်းလာကြဲခြင်း ဖြစ်ပေလိမ့်မည်။

"အရှင်မင်းကြီး စိတ်မပူပါနဲ့။ ကျွန်တော်ရဲ့ မြေးဖြစ်သူ ရွှီယန်က ရိုးသားကြင်နာတတ်တဲ့ လူငယ်တစ်ယောက်ပါ။ လွန်လွန်ကျူးကျူးတွေ ဘားမှလုပ်မှာ မဟုတ်ပါဘူး.."

အခြေအနေကို နားလည်လာပြီးနောက် ကောရုန်ရှန်က ခါးကိုမက်ကာ သူ၏ယုံကြည်ချက်တို့ ပြန်လည်ရရှိလာခဲ့သည်။

ဧကရာဇ်ချီ၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွား၏။ ရိုးသားကြင်နာသည့် လူငယ်တစ်ယောက်လား။ 

ကောရုန်ရှန်သာလျှင် ထိုကဲ့သို့သော စကားကို ပြောနိုင်ပေလိမ့်မည်။

"ယန်အာ... မင်းဘာလို့ ဒီလောက်တောင် ဆူဆူညံညံလုပ်နေတာလဲ။ အရှင်မင်းကြီးကို ထိတ်လန့်သွားစေရင် မကောင်းဘူး.."

ကောရုန်ရှန်က ရွှီယန်ကို လှမ်းခေါ်လိုက်၏။

"ဟန့်.."

ရွှီယန်က အဘိုးဖြစ်သူ၏ ဘေးတွင်ရပ်နေသည့်  ဧကရာဇ်ချီကို ကြည့်သည်။ အေးစက်စွာ နှာခေါင်းရှုံ့၏။

လက်ဝါးနှစ်ဖက်ကို အောက်သို့ တွန်းလိုက်ကာ နဂါးကြီးနှစ်ကောင်ကို တစ်ကောင်တည်း အဖြစ်သို့ ပေါင်းစပ်သွားစေ၏။ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ၎င်းသည် နန်းတော်ခန်းမ၏ အပြင်ဘက်ရှိ မြေကွက်လပ်ပေါ်သို့ သက်ဆင်းသွား၏။

"အုန်း.."

လေထဲတွင် ဖုန်လုံးအလိမ်းလိမ်း ထွက်ပေါ်လာခဲ့သည်။ နဂါးကြီး၏ ရိုက်ချက်က မြေကွက်လပ်ကို ညီညာစွာဖြင့် ချိုင့်ကြီးတစ်ခု၏ ပိုင်းခြားခြင်း ခံလိုက်ရစေ၏။အမှုထမ်းများ၊ နန်းတော်အစောင့်များနှင့် ထိပ်တန်းသိုင်းသမားအားလုံးတို့ ချွေးစေးများ ကျလာခဲ့သည်။

"အဘိုး.."

ရွှီယန်က ကောရုန်ရှန်ဆီသို့ ချဥ်းကပ်လာ၏။

"ဟား ဟား ဟား... ယန်အာ မင်းရောက်လာတာ အချိန်ကောင်းပဲ။ ငါမင်းကို မိတ်ဆက်ပေးရဦးမယ်။ ဒါက အရှင်မင်းကြီး.. မင်းအဘိုးရဲ့ သွေးသောက်ညီအကိုပေါ့.."

ကောရုန်ရှန်က ရွှီယန်၏လက်ကိုဆွဲကာ ဝမ်းသာအားရ မိတ်ဆက်ပေးသည်။

"သွေးသောက် ညီအကိုလား.."

ရွှီယန်က ဧကရာဇ်ချီကို ကြောင်တောင်စွာ ကြည့်သည်။

သူ၏အဘိုးသည် မည်သည့် အချိန်တုန်းက ဧကရာဇ်ချီ၏ သွေးသောက်ညီအစ်ကို ဖြစ်သွားခဲ့သနည်း။ သူတို့မှာ သွေးသောက်ညီအစ်ကို ဖြစ်ကတည်းက  အဘယ်ကြောင့် ထိုအမှုထမ်းများက သူ၏အိမ်ကို  လာရောက်ချိတ်ပိတ်ရဲသနည်း။

ဧကရာဇ်ချီက ဖော်ရွေသည့် အပြုံးတစ်ခုကို  အားတင်းကာပြုံးသည်။ ယခုအချိန်၌ တော်ဝင်ကြီးမြတ်မှု တစ်စွန်းတစ်စမှ ရှိနေခြင်း မရှိပါ။

ချီနိုင်ငံ၏ အမှုထမ်းများ အတွက်လည်း ဒီနေ့သည် သူတို့၏ လောကအသိအမြင်များ ပြိုကွဲသွားသည့် နေ့ဖြစ်သည်။ ဒဏ္ဍာရီ ဒီဗိုင်းသိုင်းသမား တစ်ယောက်သည် ပုံပြင်ထဲတွင် ဖော်ပြထားသည့်အတိုင်း တကယ်လက်တွေ့၌ ပေါ်လာခဲ့လေပြီ။

ထို့အပြင် ဤသည်မှာ ကောရုန်ရှန်၏ မြေးဖြစ်သူ ဖြစ်နေ၏။ လူတိုင်း၏ လှောင်ပြောင်ခံရမှုကို ခံထားရသူဖြစ်သည်။ နောက်ဆုံးတွင် တကယ့်အရူးမှာ သူတို့ကိုယ်တိုင်သာလျှင် ဖြစ်လာခဲ့၏။

ထိုနေ့တွင် မြို့တော်အတွင်းရှိ ပြည်သူပြည်သားများအားလုံး ကြီးစွာ ထိတ်လန့်သွားကြသည်။ ဒီဗိုင်းပုဂ္ဂိုလ်တစ်ယောက်က နဂါးတစ်ကောင်ကို စီးနှင်းပြီး နန်းတော်အတွင်းသို့ ဝင်ရောက်သောင်းကြမ်းခဲ့၏။

"ဧကရာဇ်ချီက ညံ့ဖျင်းရက်စက်တဲ့ ဧကရာဇ်တစ်ပါးပဲ။ နတ်ဘုရားတစ်ပါး လောကကို သက်ဆင်းလာပြီး  ချီနိုင်ငံကို ဖျက်ဆီးတော့မယ်။ ချီနိုင်ငံရဲ့ နေ့ရက်တွေက ကုန်ဆုံးသွားပြီ.."

"ကောင်းကင်မိခင်ရဲ့ ကြီးမြတ်မှုကသာ လူသားအားလုံးအပေါ်မှာ ထွန်းလင်းလိမ့်မယ်။ သူတို့ကို အန္တရာယ်နဲ့ ကပ်ဘေးတွေကနေ ကယ်တင်ပေးလိမ့်မယ်။ ဒီအချိန်က လောကကြီးကို လမ်းမှန်ရောက်စေဖို့ အရေးကြီးတဲ့ အချိန်အခါပဲ..."

ရုတ်တရက် ပုန်းအောင်းနေသည့် ကောင်းကင်မိခင်ဂိုဏ်းမှ ဂိုဏ်းသားများက စိတ်လှုပ်ရှားစွာဖြင့် ထွက်ပေါ်လာကြသည်။ သူတို့သည် နန်းတော်ဆီသို့ အပြေးလာကြပြီး ပုန်ကန်ရန်အတွက် အခွင့်အရေးကို ဖမ်းဆုပ်လိုကြ၏။

လူအပေါင်းတို့လည်း မှင်သက်ကုန်ကြသည်။ ကောင်းကင်မိခင်ဂိုဏ်းမှ နောက်လိုက်များ မြို့တော်တွင် အမှန်တကယ် ရှိနေကြသည်လား။ သူတို့က အခွင့်အရေးရသည်နှင့် ပုန်ကန်ရဲကြလေသည်။

ဧကရာဇ်ချီမှာတော့ ထိုဂိုဏ်းသားများထက် ရွှီယန်ကို ပိုမိုကြောက်ရွံ့နေပါသည်။ သူက အလွန် မွန်းကြပ်နေပြီး ဖြစ်၏။ ထို့ကြောင့် ထိုကောင်းကင်မိခင်ဂိုဏ်းမှ နောက်လိုက်များကို ဖိနှိပ်ကာ သူ၏ ဒေါသကို ပုံချရန်အတွက် ပြီးပြည့်စုံသည့် အခွင့်အရေးတစ်ခု ရလာခဲ့သည်။

ထို့ကြောင့် စစ်သည်များကို စေလွှတ်ပြီး ထိုဂိုဏ်းသားများကို အမြစ်မှ ဆွဲထုတ်ဖမ်းဆီး၏။

ရွှီယန်၏ ရောက်ရှိလာမှုက ချီနိုင်ငံ၏ မြို့တော်နှင့် နိုင်ငံတစ်ခုလုံးကိုပင်လျှင် ငြိမ်းချမ်းမှုတို့ ပျောက်ဆုံးသွားစေသည်။

မကြာခင် ရွှီယန်၏ သုံဟယ်စီရင်စု၌ တစ်ယောက်တည်းနှင့် စစ်သည် ၁၀၀၀၀ကို အသာအယာ အနိုင်ယူခဲ့သည့် သတင်းက ပျံ့နှံလာခဲ့သည်။

ထိုသတင်း လှည့်လည်လာပြီးနောက် အမတ်ကြီးများအားလုံးတို့သည် ဒီအချိန်၌ ဧကရာဇ်၏ ဆန်းကြယ်သည့် အပြုအမူများကို နောက်ဆုံးတွင်  နားလည်လာခဲ့ကြသည်။

All Chapters