← Chapters

အဆုံးမဲ့တောင်များ

Vol. 4 Ch. 56

အဆုံးမဲ့တောင်များ

Vol. 4 Ch. 56

မြို့တော်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်နေပြီး အမတ်ကြီးများ ထိတ်လန့်ကုန်ကြသည်။

ဧကရာဇ်ချီက နန်းတော်အတွင်းရှိ လျှို့ဝှက်ခန်းတစ်ခုအတွင်းတွင် ပုန်းအောင်းကာ အံကိုကြိတ်ပြီး သူ၏ပါးစပ်မှ ကျိန်ဆဲသည့် စကားလုံးများ ထွက်ပေါ်လာ၏။

သို့ရာတွင် ချီဘုရင်၏ စံအိမ်တွင်တော့ လေထုက ပျော်ရွှင်ဝမ်းမြောက်နေပြီး အောင်ပွဲခံမှုတို့ဖြင့် ပြည့်နက်နေပါသည်။

မနေ့ကတင် သူတို့အားလုံး ချီဘုရင်စံအိမ်ဆီသို့   ပြောင်းရွှေ့ခဲ့ပြီး ယနေ့တွင် ရွှီယန် ရောက်ရှိလာခဲ့လေသည်။

ကောရုန်ရှန်၏ လေးလံနေသည့် နှလုံးသားသည် နောက်ဆုံးတွင် တည်ငြိမ်မှု ရလာခဲ့၏။ သူက ကြီးစွာစိတ်သက်သာရာ ရသွားခဲ့သည်။

ဤသည်မှာ ဧကရာဇ်ချီ၏ စိတ်ဖောက်လွှဲဖောက်ပြန်ခြင်း မဟုတ်ပေ။ သူ၏ မြေးဖြစ်သူမှာ အလွန်ထူးကဲလွန်းသောကြောင့်သာ ဖြစ်၏။

ထိုအချိန်၌ ရွှီယန်တစ်ယောက် ဧကရာဇ်ချီအား မဆိုးဘူးဟု ခံစားရ၏။ သူ၏ အဘိုးဖြစ်သူနှင့် သွေးသောက်ညီအစ်ကိုများ ဖြစ်လာကာ ချီဘုရင်ဟူသည့် ဘွဲ့ကို အပ်နှင်းပြီး အမတ်ချုပ်ကြီးရာထူးနှင့် အိမ်ရှေ့စံမင်းသား၏ အထွတ်အထိပ်ဆရာသခင် ဖြစ်လာစေခဲ့သည်။

ချီနိုင်ငံတစ်ခုလုံးတွင် ဧကရာဇ်ချီမှာ အမည်ခံ နံပါတ်တစ်ပုဂ္ဂိုလ်သာ ဖြစ်တော့၏။ သူ၏ အဘိုးဖြစ်သူသာလျှင် တကယ့်နံပါတ်တစ် ပုဂ္ဂိုလ် ဖြစ်သည်။

ကောရုန်ရှန်သည် သူ၏ မြေးဖြစ်သူကို ကြည့်လေလေ  ပျော်ရွှင်မှုတို့ ပိုမိုယိုဖိတ်လာလေ ဖြစ်လာခဲ့၏။ မြေးဖြစ်သူအပေါ် အလိုလိုက် အချစ်ပိုခဲ့မှုများက အလကားမဖြစ်ဟု ခံစားရသည်။

ရွှီယန်က ကြီးမြတ်သည့် နဂါးများကို ထိန်းချုပ်ပြီး ကောင်းကင်ကို ဖြတ်သန်းကာ လက်ဝါးရိုက်ချက်နှင့် နန်းတော် မြေကွက်လပ်တွင် နဂါးသဏ္ဍာန် ချိုင့်ကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့ ကတည်းက အမတ်ကြီးများ၏ လောကအသိအမြင်များ အသီးသီး ပြိုလဲကုန်ကျသည်။

ချီမြို့တော်ရှိ ပြည်သူပြည်သားများ၏ လောကအသိအမြင်များလည်း ပြိုလဲကုန်ကြ၏။ ထိုနေ့တွင် မြို့တော်ရှိ စာအုပ်ဆိုင်များ အတွင်းမှ ပုံပြင်စာအုပ်များနှင့် ဒဏ္ဍာရီစာအုပ်များ အကုန် ရောင်းထွက်ကုန်ကြသည်။ စျေးနှုန်းလည်း အကန့်အသတ်ကင်းမဲ့စွာ ထိုးတက်သွားခဲ့၏။

ဆင်းရဲသည့် စာပေသမားတစ်ယောက်က စီးပွားရေးအခွင့်အလမ်း တစ်ခုကို တွေ့လိုက်ရပြီး သူ၏အဖိုးတန်စာအုပ်အနည်းငယ်ကို ရောင်းချခဲ့သည်။ ထိုဂန္ဓာရီ ဖြစ်စဉ် စာအုပ်များအား လျန်ပေါင်းထောင်ချီဖြင့် ရောင်းချခဲ့ပြီး ညတွင်းခြင်း ချမ်းသာလာခဲ့၏။

ထိုနေ့တွင် အကျင့်ပျက်သော သူဌေးသားများသည် ဆောင်ကြာမြိုင်များသို့ သွားရောက်ခြင်းနှင့် ယောက်ျားပျို မိန်းမပျိုများအား အနိုင်ကျင့်ခြင်းတို့ကို ရပ်တန့်ခဲ့၏။အဲ့ဒီ့အစား သူတို့၏ မိသားစုကို ဆရာသခင်တစ်ယောက်ရှာပေးရန်သာ လှုံ့ဆော်နေကြသည်။

ဒီအဖြစ်အပျက်အတွင်းတွင် အကြီးမားဆုံး ထိခိုက်နစ်နာခဲ့သည့် ပထမမင်းသားဆိုလျှင် ကိုယ်တိုင်ပင်လျှင် တပည့်ခံရန်အတွက် ဆရာတစ်ယောက်ကို သွားရှာရန် အဆင်သင့် ဖြစ်နေပါပြီ။

ချီနိုင်ငံ၏ မြို့တော်အတွင်းတွင် ဆရာသခင်အား ရှာဖွေလိုသည့် စိတ်ရောဂါတစ်ခု မြို့တလျှောက် ပျံ့နှံ့သွားခဲ့၏။

တတိယမင်းသားက အဖိုးတန်လက်ဆောင်များနှင့်  ချီဘုရင်စံအိမ်သို့ ရောက်ရှိလာကာ သူ၏ဆရာဖြစ်သူ ကောရုန်ရှန်ကို အရိုအသေပေးသည်။

အမတ်ကြီးများစွာလည်း ချီဘုရင်စံအိမ်၏ တံခါးအား ကျိုးသွားလုမတတ် တဖွဲဖွဲ ရောက်ရှိလာနေ၏။

နောက်ဆုံးတွင် ကောရုန်ရှန်က အလည်ရောက်ရှိလာကြသည့် အမတ်ကြီးများ အားလုံးကို သူ၏ မိသားစုတွင် မြေးဖြစ်သူအား ကြိုဆိုရန်အတွက် ညစာစားပွဲတစ်ခု ပြုလုပ်ရန်ရှိပြီး အပြင်လူများကို မတွေ့နိုင်ဟု ဆိုကာသာ ငြင်းဆန်ရသည်။

ချီဘုရင်စံအိမ်၏ စာဖတ်ခန်းအတွင်းတွင်...

"အဖေ... အရှင်မင်းကြီးက ကျွန်တော်တို့ ကောမိသားစု ပုန်ကန်မှာကို ကြောက်နေတာမှတ်လား.."

ကောယွင်ကိုင်၏ အသံက သံသယတို့ဖြင့် ပြည့်နက်နေ၏။

ဧကရာဇ်သည် ဖခင်နှင့် သွေးသောက်ညီအကို ဖွဲ့လိုက်သည့်အပြင် ချီဘုရင်ဟူသည့် ဘွဲ့အမည်ကို အပ်နှင်းခဲ့ပြီး.. အမတ်ချုပ်ကြီးနှင့် အိမ်ရှေစံမင်းသား၏ အထွတ်အထိပ်ဆရာသခင်... အစရှိသည်တို့ကိုလည်း ပေးအပ်ခဲ့သည်။

ဧကရာဇ်ချီသညါ ကောမိသားစု၏ ပုန်ကန်ထကြွမည့်အရေးကို ကြောက်ရွံ့နေသည် မဟုတ်ပါလား။ သို့ပေမယ့် နိုင်ငံကိုစောင့်ရှောက်သည့် ကြီးမြတ်ကာ ထည်ဝါသည့်စစ်တပ်ပင်လျှင် ယခုအချိန်၌ သူတို့၏ လက်အောက်သို့ ကျရောက်လာခဲ့သည်။

ကောမိသားစု၏ လက်ရှိအင်အားနှင့် ပုန်ကန်ထကြွမှုပြုလုပ်ရန် အလွန် လွယ်ကူနေမှာပါ။ ရွှီယန်တစ်ယောက်တည်းနှင့်ပင် လုံလောက်၏။

ကောရုန်ရှန်က တည်ငြိမ်စွာဖြင့် ပြောသည်။

"ငါတို့ကို အထွတ်အထိပ် ရာထူးဂုဏ်သိမ်တွေ ပေးခဲ့တာက ငါတို့ပုန်ကန်မှာကို ကြောက်လို့ဆိုတာ ရှင်းလင်းနေတာပဲ.."

"ဘာလို့လဲ.."

ကောယွင်ကိုင်က နားမလည်ပေ။

ကောရုန်ရှန်က အသက်ကို နက်ရှိုင်းစွာရှူပြီး ပြောသည်။

"အခုအပြင်ဘက်မှာ ငါ့ရဲ့ဂုဏ်သတင်းက ဘယ်လိုဖြစ်နေပြီလဲ။ အရှင်မင်းကြီးက ဉာဏ်ပညာကြီးမားပြီး နှိမ့်ချတတ်တယ်။ သူ့ကိုယ်သူ အနိမ့်ကျခံပြီး ငါနဲ့တောင် ညီအစ်ကို ဖွဲ့လာခဲ့တယ်.."

"တတိယမင်းသားကိုတောင် ငါ့ရဲ့တပည့် ဖြစ်လာစေခဲ့တယ်။ တစ်ရက်ဆရာဖြစ်ရင် တစ်သက်လုံးဖခင်လို့တောင်မှ ပြောကြားခဲ့တယ်.."

"ပြောကြတာက ငါကောရုန်ရှန်က ဧကရာဇ်ကို သစ္စာရှိပြီး မျိုးချစ်စိတ် ပြည့်ဝတယ်တဲ့။ ပြည်သူလူထုအတွက် နှလုံးသားအပြည့်နဲ့ တာဝန်ထမ်းဆောင်ပြီး သူတော်ကောင်းတရားနဲ့ ပြည့်စုံတယ်တဲ့.."

"တကယ်လို့ငါသာ ပုန်ကန်ခဲ့မယ်ဆိုရင် ဘာဖြစ်မယ်လို့ မင်းထင်လဲ။ လူတွေကငါ့ကို ဘယ်လိုမြင်ကြမ‌ယ်ထင်လဲ။ ငါ့ရဲ့ဂုဏ်သတင်းက ဘယ်လိုဖြစ်ကုန်မယ် ထင်လဲ.."

ကောရုန်ရှန်က အပြုံးတစ်ခုနှင့် ပြောသည်။

"ငါသာ သစ္စာဖောက်ခဲ့မယ်ဆိုရင် ငါ့ကို ကျေးဇူးမသိတတ်တဲ့လူ။ ယုတ်မာကောက်ကျစ်တဲ့လူ။ အောက်တန်းကျတဲ့ မကောင်းဆိုးဝါး တစ်ကောင်လို့ သမုတ်ကြလိမ့်မယ်.."

"အရှင်မင်းကြီးက အဲ့ဒီ့ဂုဏ်သတင်းတွေကို ဖြန့်ကျက်ပြီး ငါတို့ကော မိသားစုနဲ့ အချင်းချင်း ချည်နှောင်လိုက်တာ.."

"ပုန်ကန်မှုသာ မပြုရင် မင်းရဲ့ဂုဏ်သတင်းက ထာဝရတည်မြဲနေပြီး သူတော်စင်တစ်ပါး သို့မဟုတ် ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာလိမ့်မယ်။ ပုန်ကန်မှု ပြုရင်တော့ ငါတို့ရဲ့ ဂုဏ်သတင်းတွေအားလုံး ပျက်စီးသွားရလိမ့်မယ်.."

"ဒါကဧကရာဇ်ရဲ့ ပြတ်သားမှုပဲ။ ယန်အာရဲ့ သတင်း ရောက်မလာခင်မှာတောင် သူက ရွေးချယ်မှုအားလုံးတို့ကို ပြုလုပ်ပြီးနေပြီ။ ဒီလိုမျိုး ဧကရာဇ်တစ်ပါးက အထင်သေးလို့ မရဘူး.."

အပြင်ဘက်ရှိ မှတ်ချက်များနှင့် ကောလဟာလအားလုံးတို့မှာ ဧကရာဇ်ချီ၏ လုပ်ဆောင်မှု ဖြစ်ကြောင်းကို ကောယွင်ကိုင် နားလည်လိုက်သည်။

ဤသည်မှာ ကောမိသားစုကို လမ်းနှစ်လမ်း အကြားတွင် ရွေးချယ်မှု ပြုခိုင်းခြင်းဖြစ်၏။ ပုန်ကန်မှုပြုကာ ချီနိုင်ငံကို သိမ်းပိုက်ပါက သူတို့၏ ဂုဏ်သတင်း ပျက်စီးသွားမည်ဖြစ်သည်။

သို့မဟုတ် သူတို့သည် ရာဇပုလ္လင်၏ နောက်ရှိ  အထွတ်အထိပ် စွမ်းအားဖြစ်လာပြီး ချီနိုင်ငံနှင့်  ၎င်း၏မြေကို စောင့်ကြပ်မှုပြုပါက ကောရုန်ရှန်၏  ဂုဏ်သတင်းကြီးမြတ်မှုနှင့် သူတော်ကောင်းတရားနှင့် ပြည့်ဝမှုတို့သည် သမိုင်းတစ်လျှောက် မှတ်မိခံရမှာ ဖြစ်သည်။

ယခုအချိန်၌ ထိုကောလဟာလများက လူစည်ကားသည့် နေရာများတွင် နက်ရှိုင်းစွာ ပျံ့နှံ့နေပြီးဖြစ်၏။ လားရာကို ပြောင်းလဲရန်အတွက် အလွန် နောက်ကျနေပါပြီ။

"အဲ့ဒါဆို အဖေရော ဘယ်လိုလုပ်မယ်လို့ စဉ်းစားထားလဲ.."

ကောယွင်ကိုင်၏ အသက်ရှူမှုက တဖြည်းဖြည်း လေးလံလာခဲ့၏။

ကောရုန်ရှန်က အသာပြုံးကာ ပြောသည်။ "သူတော်ကောင်းတရားနဲ့ ပြည့်စုံပြီး မျိုးချစ်စိတ်အပြည့်ရှိတယ်။ ဒါက ကောင်းတာပေါ့။ ဒါပေမယ့် အရှင်မင်းကြီးက စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက်ကို ရှာဖွေနေမှာပဲ။ သူတို့ကို တွေ့တာနဲ့ အဲ့ဒီ့ဆရာသခင်က ယန်အာကို ဖိနှိပ့်နိုင်တယ်ဆိုရင် မိုးခြိမ်းသလို တန်ပြန်တိုက်ခိုက်လာမှာ.."

"တကယ်လို့ အဲ့ဒီ့ဆရာရဲ့ စွမ်းရည်က ယန်အာနဲ့ တူညီနေမယ်ဆိုရင် မျှခြေကို ဆက်ထိန်းထားလိမ့်မယ်.."

"အရှင်မင်းကြီးပြောတာက.. သူတို့ရဲ့ တော်ဝင်မိသားစုက စွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ရှာတွေ့ခဲ့ရင်လည်း ငါ့ရဲ့ နိုင်ငံအပေါ် တာဝန်ကျေမှုနဲ့ သူတော်ကောင်းတရားနဲ့ ပြည့်စုံတဲ့ ဂုဏ်သတင်းတို့ကြောင့် ငါ့ကိုသတ်ပြီး တော်ဝင်မိသားစုရဲ့ ဂုဏ်သတင်းကို ညှိုးနွမ်းစေမှာ မဟုတ်ဘူးတဲ့.."

‌ကောယွင်ကိုင်က နားလည်သွားပြီး စိုးရိမ်စွာပြောသည်။

"တကယ်လို့ အရှင်မင်းကြီးသာ စွမ်းအားကြီး ဆရာသခင်တစ်ယောက်ကို အမှန်တကယ် ရှာနိုင်သွားရင်ရော..."

ကောရုန်ရှန်က အပြုံးတစ်ခုဖြင့် ပြော၏။

"အဲ့ဒါကဘယ်လိုလုပ်ပြီး လွယ်ကူမှာလဲ။ ငါတို့ရဲ့ယန်အာက ခြေတစ်လှမ်း စောနေပြီးပြီ။ ဒါ့ကြောင့် ခြေလှမ်းတိုင်းလည်း ဆက်ပြီးတော့ စောနေဦးမှာ။ သူ့ကို ဖိနှိပ့်ဖို့က ဘယ်လိုလုပ်ပြီး လွယ်ကူမှာလဲ.."

"ယွင်ကိုင် အရမ်းကြီး အမြင်မကျဥ်းနဲ့။ သေမျိုးနိုင်ငံ တစ်ခုဆိုတာ ဘာမှမဟုတ်ဘူး.."

"ယန်အာကို ကျင့်ကြံမှုအတွက် ဘာတွေလိုအပ်လဲလို့ သွားမေးလိုက်။ ပြီးရင် ငါတို့ ချီဘုရင်စံအိမ်ရဲ့ စွမ်းအားကိုအသုံးပြုပြီး သူ့အတွက် ရှာပေးရမယ်.."

"ဟုတ်ကဲ့ပါအဖေ.. ကျွန်တော် နားလည်ပါပြီ.."

ကောယွင်ကိုင်၏ မျက်လုံးများက လင်းလက်သွားပြီး  အံ့ဩစွာပြောသည်။

ယွင်ရှန်းကောင်တီတွင် လီရွှမ်က မုန့်ချုံကို‌ ခေါ်ကာ သူ၏အိမ်ဆီသို့ ပြန်ခဲ့၏။ အခန်းတစ်ခန်းကို ရွေးချယ်ကာ နေခိုင်းလိုက်သည်။

"အရင်ဆုံး ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင်အရင်လုပ်။ မင်းချက်ပြုတ်နိုင်လား။ ကြက်စွပ်ပြုတ်ရော လုပ်တတ်လား။ လုပ်တတ်ရင်တော့ အဆင်ပြေပြီ။ သွားပြီးတော့ ချက်ပြုတ်လိုက်.."

တပည့်တစ်ယောက် ဖြစ်လာပြီးနောက် မုန့်ချုံအနေနှင့် ပထမဆုံးလုပ်ရသည့် အရာမှာ ချက်ပြုတ်ခြင်းဖြစ်သည်။

"ဆရာကြီး.. ကျွန်တော် ပစ္စည်းတွေ ယူလာပါပြီ.."

ရှီအာက လေးစားစွာဖြင့် ရောက်လာ၏။

"ယူလာခဲ့.."

လီရွှမ်က ခေါင်းငြိမ့်သည်။

ရှီအာက စားပွဲပေါ်တွင် သေတ္တာ၅ခုတို့ကို တင်လိုက်၏။ လီရွှမ်က သူ၏လက်များကို အသုံးပြုခြင်း မရှိပါ။ သွေးနှင့်ချီက မြင့်တက်လာပြီး သေတ္တာ၅ခုလုံး ပွင့်သွားခဲ့၏။

ထိုမြင်ကွင်းကို တွေ့ရပြီးနောက် ရှီအာက အလွန်ထိတ်လန့်သွားပြီး ပိုမိုစွာပင် နှိမ့်ချကာ ဦးညွှတ်သွားခဲ့သည်။

အရွက်၉ခုဆေးပင်၂ခု၊ နှစ်၁၀၀၀ဂျင်ဆင်း၃ခု...

လီရွှမ်က အံ့သြသွားသည်။ ကောင်းကင်မိခင်ဂိုဏ်းက အမှန်တကယ်ကို ကြွယ်ဝလှပါသည်။

"အရွက်၉ခုဆေးပင်နဲ့ နှစ်၁၀၀၀ဂျင်ဆင်းနှစ်ခုလုံးက ရှားပါးတဲ့ ပစ္စည်းတွေပဲ။ မင်းတို့ ကောင်းကင်မိခင်ဂိုဏ်းမှာ ဒီလိုရတနာမျိုးရှိတာ တကယ့်ကို ရှားပါးတယ်.."

ရွှီယန်အနေနှင့် သူ၏တပည့် ဖြစ်လာနိုင်ခြင်းမှာ သူ၏ အရွက်၉ခုဆေးပင်နှင့် နှစ်၁၀၀၀ဂျင်ဆင်းတို့ကြောင့် အလွန်လောဘကြီးသွားမှုကြောင့် ဖြစ်သည်။

"ဆရာကြီး.. အရွက်၉ခုဆေးပင်နဲ့ နှစ်၁၀၀၀ဂျင်ဆင်းက  ရှားပါးပေမယ့် အဆုံးမဲ့တောင်တွေမှာ အနည်းငယ်ကို ရှာလို့ တွေ့နိုင်ပါသေးတယ်.."

"ကျွန်တော်တို့ ကောင်းကင်မိခင်ဂိုဏ်းက လိုက်လံသတ်ဖြတ်ခံရပြီး အဆုံးမဲ့တောင်တွေမှာ မကြာခဏ  ပုန်းအောင်းလေ့ရှိတယ်။ အဲ့ဒါကြောင့် ဒီရတနာတွေကို ရှာဖွေနိုင်ခဲ့တာ.."

ရှီအာက လေးစားစွာဖြင့် ပြန်ကြားသည်။

"အဆုံးမဲ့တောင်လား.."

လီရွှမ်၏ စိတ်ထဲ၌ အတွေးတစ်ခု ဖြတ်သန်းသွား၏။

"စီနီယာ.. ဒီနေရာကနေပြီး မိုင်၂၀၀အကွာမှာ တောင်ကြီးတွေရဲ့ အစွန်အဖျားအရပ် ရှိပါတယ်။ အဲ့ဒီ့နေရာကို အဆုံးမဲ့တောင်များလို့ ခေါ်တယ်.."

"ဘာလို့လဲဆိုတော့ ဘယ်သူမှ ဖြတ်ကျော်နိုင်ခြင်း မရှိလို့ပဲ။ အဲ့ဒီ့တောင်တွေရဲ့ အခြားတစ်ဖက်ကို ဘယ်သူမှလဲ မရောက်ခဲ့ဖူးဘူး.."

ရှီအာက ယွင်ရှန်းကောင်တီ၏ အပြင်ဘက် လားရာဆီသို့ ညွှန်ပြကာ ပြောသည်။

လီရွှမ်က အံ့သြသွား၏။

"ငါနေခဲ့တဲ့ ရွာငယ်လေးက အဆုံးမဲ့တောင်နဲ့ နီးတာပဲ။ မကောင်းဆိုးဝါး တောအုပ်ကလည်း အဆုံးမဲ့တောင်ကနေပြီးတော့ ဆက်လက်ဆန့်တန်းလာတာ ဖြစ်မယ်.."

"ဖြစ်နိုင်တာက မီးတောက် လည်ဆံမွှေးဝံပုလွေက အဲ့ဒီ့က လာတာများလား.."

သူ၏နှလုံးသားထဲ၌ သံသယအချို့ မြင့်တက်လာခဲ့၏။

ဤသည်မှာ မှန်ကန်လားဟူသည်ကတော့ သေချာခြင်း မရှိသေးပေ။

"ဆက်ပြော.."

လီရွှမ်က  အရွက်၉ခုဆေးပင်ကို ကောက်ယူကာ ရှီအာကို ဆက်လက်ပြောရန် ညွှန်ကြားသည်။

"ဆရာကြီး.. အဆုံးမဲ့တောင်များလို့ အမည်ပေးထားတာက အဲဒါက အဆုံးမသတ်နိုင်အောင် ရှိနေပုံပေါ်လို့ပါ.."

"ပြောကြတာက အဲ့ဒီ့တောင်တွေထဲကို အနက်ရှိုင်းဆုံးအထိ စွန့်စားဝင်ရောက်ဖူးတာက ထိပ်တန်းသိုင်းသမားအုပ်စုတစ်ခုပဲ.."

"သူတို့တွေက မိုင်အနည်းငယ်ထောင်ချီကို ခြေဆန့်နိုင်ခဲ့ကြတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ အဆိပ်ငွေ့တွေကို တွေ့ပြီးတဲ့နောက်မှာ ရပ်တန့်ခဲ့ရတယ်.."

"သူတို့သွားခဲ့တဲ့ အကွာအဝေးကို ကျော်ပြီးတော့  ဘယ်သူမှ ရှေ့ဆက်ပြီး မသွားနိုင်ခဲ့ကြဘူး။ ပြန်မလာနိုင်တဲ့ သူတွေကတော့ တောင်ထဲမှာပဲ သေဆုံးခဲ့ပုံ ပေါ်ပြီး သူတို့ဆီက ဘာစကားမှ မကြားရတော့ဘူး.."

ရှီအာက လေးစားစွာပြောသည်။

သို့ပေမယ့် သူ၏နှလုံးသားထဲတွင် ဆရာကြီးကို အဆုံးမဲ့တောင်များဆီမှ လာသည်လားဟု စဉ်းစားနေမိ၏။

ထိုစကားကို ကြားရပြီးနောက် လီရွှမ်၏ အဆုံးမဲ့တောင်များအကြောင်း သံသယက ပိုမို တိုးမြင့်လာခဲ့သည်။

မီးလည်ဆံမွှေးဝံပုလွေမှာ ရှင်းလင်းစွာပင် သာမန်သားရဲတစ်ကောင် မဟုတ်ပေ။ သူ၏တည်ရှိမှု အကြောင်းပြချက်ကြောင့် ဒီလောကရှိ သိုင်းပညာအဆင့်အတန်းကို နိမ့်ပါးနေမည် မဟုတ်ဟု ယူဆရခြင်း ဖြစ်၏။

ဖြစ်နိုင်တာက ၎င်း၏အဖြေသည် အဆုံးမဲ့တောင်များ၏ အခြားတစ်ဖက်တွင် ရှိနေသည်လား။

သို့ပေမယ့် ဤသည်များမှာ ခန့်မှန်းချက်တစ်ခုသာ ဖြစ်ပြီး အမှန်ဖြစ်သည်လား ဟူသည်ကတော့ မည်သူမှ မသိနိုင်သေးပေ။

All Chapters