← Chapters

ဒုတိယတပည့်အတွက် ကျင့်စဉ်ဖန်တီးပေးခြင်း

Vol. 4 Ch. 57

ဒုတိယတပည့်အတွက် ကျင့်စဉ်ဖန်တီးပေးခြင်း

Vol. 4 Ch. 57

လီရွှမ်က ရှီအာ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ခေါင်းကိုရမ်းကာ အပြုံးတစ်ခုနှင့် ပြောသည်။

"မိုင်ပေါင်း ထောင်ဂဏန်း အနည်းငယ်လောက်ကို အဆုံးမဲ့တောင်လို့ သတ်မှတ်လိုက်တာလား။ တကယ့်ကို သာမန်ကျတဲ့ အယူအဆပဲ.."

သူက ဆရာသခင်တစ်ယောက်၏ ပုံရိပ်ကို ပြသ၏။

ထိုစကားကို ကြားရပြီးနောက် ရှီအာ၏ ခန္ဓာကိုယ်က  တုန်ခါသွားသည်။ သူ၏ အသက်ရှူမှုက အနည်းငယ် မြန်ဆန်လာခဲ့၏။

"အမှန်ပဲ.. သူက အနှိုင်းမဲ့တဲ့ ဆရာသခင် တစ်ယောက်ပဲ။ သူ့ရဲ့ မျက်လုံးထဲမှာ ငါတို့က ဘာမှမဟုတ်တဲ့ သာမန်လူတွေပဲ.."

"သူ့ရဲ့အမြင်မှာ ငါတို့သမုတ်ကြတဲ့ အဆုံးမဲ့တောင်ဆိုတာ စကားထဲ ထည့်ပြောဖို့တောင် ထိုက်တန်မှာ မဟုတ်ဘူး.."

ရှီအာက နှလုံးသားထဲတွင် အသံပြုမိ၏။ စိတ်လှုပ်ရှားမှုတစ်ခု မြင့်တက်လာခဲ့သည်။

ဖြစ်နိုင်သည်ကား ဒီပုဂ္ဂိုလ်ကြီးဆီမှ ညွှန်ကြားချက်အချို့အား ရရှိနိုင်ပါက သူလည်းပဲ သာမန်သေမျိုးများ၏ လောကကို ကျော်လွန်နိုင်မည်လား။

"ဆရာကြီးပြောတာ မှန်ပါတယ်။ ကျွန်တော်တို့ သာမန်လူတွေက အားနည်းပြီး ဖြတ်ကျော်နိုင်ခြင်း မရှိလို့သာ အဲ့ဒါကို အဆုံးမဲ့တောင်များလို့ သမှုတ်နေကြတာ.."

ရှီအာက အရှက်ရစွာဖြင့် ဝန်ခံပြောကြား၏။

လီရွှမ်မှာ မထူးမခြားနားပင် ရှိနေပါသည်။ ရုတ်တရက်  ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့၏။

"သင်၏ တပည့်သည် ချီနိုင်ငံ၏ မြို့တော်ကို ထိတ်လန့်သွားစေပြီး အမှုထမ်းများစွာတို့၏ လောကအသိအမြင်များကို ပြိုလဲစေခဲ့သည်။ သင်၏ လျှို့ဝှက်ဆန်းကြယ်ခြင်း အငွေ့အသက်သည် ပိုမိုကာ သန်မာလာခဲ့သည်.."

လျှို့ဝှက်ဆန်းကြယ်ခြင်း အငွေ့အသက်သည် ချက်ချင်းပင်၂ဆသို့ မြင့်တက်လာခဲ့၏။ ထိုအချိန်၌  ရှီအာက ပိုမိုကာပင် အံ့သြသွားပြီး သူ၏ဦးခေါင်းကို ပိုမိုနိမ့်ပါးစွာ ကွေးညွှတ်လိုက်သည်။ သူ၏ ရိုသေမှုနှင့် လေးစားမှုတို့ ပိုမို ရူးသွပ်လာခဲ့၏။

ဤသည်မှာ အမှန်တကယ်ကို အထက်ပုဂ္ဂိုလ်ကြီး တစ်ယောက် ဖြစ်ပါသည်။ ဒီအချိန်၌ ကုလားထိုင်ပေါ်ရှိ လူသည် သူ့ကို လျှို့ဝှက်ဆန်းကြယ်ခြင်း၊ ထည်ဝါခြင်း၊ နက်နဲခြင်း၊ သာမန်သေမျိုး လောကထက် ကျော်လွန်ခြင်း အစရှိသည့် လျှို့ဝှက်စွာ နေထိုင်သည့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ ခံစားချက်ကို ပေးစွမ်းနေပါသည်။

လီရွှမ်က စိတ်အားထက်သန် လာခဲ့၏။ သူ၏ လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်သည် ပိုမိုကာ မြှင့်တင်နိုင်သည်လား။

ထိုအချိန်၌ လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်ကို အသက်သွင်းပြီးနောက် သူ၏ အသွင်သဏ္ဍာန်က ပိုမိုကာ ဆန်းကြယ်လာပြီး အနှိုင်းမဲ့သည့် ဆရာသခင်တစ်ပါး၏ ကိုယ်နေကိုယ်ဟန်တို့ ရှိလာကြောင်းကို ခံစားလိုက်ရသည်။

စိတ်အခြေအနေက ရုတ်တရက် ပိုမိုရွှင်မြူးလာခဲ့၏။ သူ၏တပည့် ရွှီယန်သည် အမှန်တကယ်ကို ချီနိုင်ငံ၏ မြို့တော်ဆီသို့ သွားရောက်ပြီး စွမ်းအင်များကို ပြသခဲ့လေသည်။

သူက လက်ကို ဝှေ့ရမ်းကာ ရှီအာကို ပြန်ခိုင်းလိုက်သည်။

"ကျွန်တော် သွားပါဦးမယ်.."

ရှီအာက ဦးညွှတ်ကာ ထွက်ခွာသွား၏။

"မုန့်ချုံ.."

လီရွှမ်က ခေါ်လိုက်သည်။

"ဆရာ ဘာစေခိုင်းချင်လို့လဲ မသိဘူး.."

ဂတုံးပြောင်နှင့် မုန့်ချုံက အမြန်ရောက်ရှိလာ၏။

လီရွှမ်က အရွက်၉ခုဆေးပင်ကို ကောက်ယူကာ ပြောသည်။

"ဒါကို တစ်ရွက်ချွေပြီး ကြက်စွပ်ပြုတ် လုပ်လိုက်.."

သူသည် အရွက်၉ခုဆေးပင်နှင့် ချက်ပြုတ်ထားသည့် ကြက်စွပ်ပြုတ်ကို မစားရတာ ကြာပြီ ဖြစ်သည်။ ယခုအချိန်၌ စားသုံးရန် အာသီသ အနည်းငယ် ပြင်းထန်နေ၏။

"ဟုတ်ကဲ့ပါဆရာ.."

မုန့်ချုံက ပြန်ကြားပြီးနောက် အရွက်၉ခုဆေးပင်ကိုယူကာ ချက်ပြုတ်ရန်အတွက် ပြန်သွားသည်။

အနားတွင် ခစားရန်အတွက် တပည့်များ ရှိနေခြင်းက ဘဝကို ပိုမို သက်တောင့်သက်သာရှိကာ ကျေနပ်ဖွယ် ကောင်းလာစေပါသည်။

လီရွှမ်က ကုလားထိုင်ပေါ်တွင် လဲလျောင်းနေ၏။ မျက်လုံးများကို မှေးကာ စတင် စဉ်းစားသည်။

"မုန့်ချုံကို ဘယ်လိုကျင့်စဉ်ကို သင်ပေးရမလဲ.."

"အရေပြား၊ အရိုးနဲ့ ကိုယ်တွင်းအင်္ဂါကို သန့်စင်ခြင်း၊ ချီနဲ့သွေးအဆင့်... ဒါတွေက ရွှီယန် လေ့ကျင့်ဖို့အတွက် ဖန်တီးထားတဲ့ ကျင့်စဉ်တွေပဲ။ မုန့်ချုံကို ထပ်ပြီးတော့ လက်ဆင့်ကမ်းပေးဖို့ သိပ့်မကောင်းဘူး။ နည်းလမ်းအသစ်ကပဲ ပိုများတဲ့ အကျိုးအမြတ်တွေ ရလာနိုင်မှာ.."

"သိုင်းပညာရဲ့ အခြေခံတွေဖြစ်တဲ့ အရေပြား၊ အရိုးနဲ့ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းတွေကို ပြောင်းလဲလို့ မရဘူး။ ဒါပေမယ့် ကျင့်ကြံခြင်း နည်းလမ်းကိုတော့  ပြောင်းလဲလို့ရတယ်.."

"ရွှီယန် စပြီး ကျင့်ကြံစဥ်တုန်းက သိုင်းလောကရဲ့ တတိယတန်းစား အညံ့စား သိုင်းပညာအချို့ကိုပဲ သိတယ်မှတ်လား.."

"မုန့်ချုံကတော့ ထူးကဲတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံ ရှိပြီး သာမန်သူတွေထက် သာလွန်တဲ့ သဘာဝစွမ်းရည်ကို ပိုင်ဆိုင်နိုင်ထားတယ်.."

"ဒါ့ကြောင့် ပထမတန်းစား သိုင်းသမားတစ်ယောက် ဖြစ်ရင်တောင် ထိပ်တန်းအဆင့် သိုင်းသမားကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်မှာ.."

"မုန့်ချုံရဲ့ ပါရမီက သူ့ရဲ့ ခန္ဓာကိုယ်အပေါ်မှာ ရှိနေတာဆိုတော့ ငါလည်း အဲ့ဒီ့အပိုင်းက နေပြီးတော့ စတင်သင့်တယ်.."

လီရွှမ်က မုန့်ချုံ၏ ပါရမီမှစတင်ကာ ကျင့်စဉ်အသစ်တစ်ခုကို ဖန်တီးရန်အတွက် ဆုံးဖြတ်လိုက်သည်။ အောင်မြင်စွာ ကျင့်ကြံနိုင်မည်လားဟု ကြည့်လို၏။

ကျင့်ကြံမှု အောင်မြင်ပါက နောင်တွင် တပည့်များ လက်ခံသည့်အခါ လားရာတစ်ခု ရှိလာမှာဖြစ်သည်။ ကျင့်ကြံခြင်းနည်းလမ်း အသစ်များကို မည်ကဲ့သို့ တီထွင်ရန် အတွက်လည်း ရှင်းလင်းသည့် လားရာတစ်ခု ရှိလာမှာ ဖြစ်၏။

"ဆရာ.. စားဖို့ အချိန်ကြပါပြီ.."

မုန့်ချုံ၏ ချက်ပြုတ်မှုမှာ ပြီးဆုံးခဲ့ပါပြီ။

"ကောင်းပြီ.."

လီရွှမ်က ခေါင်းငြိမ့်သည်။

မုန့်ချုံ၏ ချက်ပြုတ်မှု အရည်အချင်းက အံ့သြစရာကောင်းလောက်အောင် ကောင်းမွန်နေပါသည်။ ဖြစ်နိုင်သည်ကား ငယ်စဉ်ကတည်းက အိမ်မှထွက်ခွာကာ သိုင်းပညာ သွားရောက် သင်ကြားခဲ့၍လား မသိပေ။

တခြားလူများကိုလည်း ချက်ပြုတ်ကာ အလုပ်အကြွေးပြုခဲ့ရတာ ဖြစ်ပေလိမ့်မည်။

သို့ပေမယ့် ရွှီယန်နှင့် နှိုင်းယှဉ်ပါက အနည်းငယ် လိုအပ်နေသေး၏။

"ငါ့တပည့်.. မင်းရဲ့ချက်ပြုတ်မှု စကေးကို မြှင့်တင်ဖို့လိုအပ်တယ်။ မင်းရဲ့ စီနီယာအစ်ကိုကြီး ပြန်လာခဲ့ရင်  သူ့ဆီကနေ သင်ကြားလို့ရတယ်.."

လီရွှမ်က ပြော၏။

"ဟုတ်ကဲ့ပါဆရာ.."

မုန့်ချုံက သူ၏ ဂတုံးပြောင်ကို ကိုင်ကာ အနည်းငယ် ရှက်ရွံ့နေသည့်ဟန် ရှိသည်။

"မနက်ဖြန်ကျရင်.. ငါမင်းကို သိုင်းပညာကျင့်စဉ်တွေကို သင်ပေးမယ်။ ဒီနေ့တော့ အနားယူပြီး စိတ်ကို တည်ငြိမ်အောင်လုပ်ထားလိုက်.."

စားပွဲအပြီးတွင် လီရွှမ်က စကားတစ်ခုကိုချန်ကာ  သူ၏အခန်းသို့ ဝင်ရောက်အနားယူပြီး ကျင့်စဉ်တစ်ခုကို စတင်ဖန်တီးသည်။

မုန့်ချုံမှာ မျှော်လင့်ချက်အပြည့်ဖြင့် ပြည့်နက်နေ၏။ သူ၏ ကြီးမြတ်သည့် ဆရာသခင်သည် မည်ကဲ့သို့သော သိုင်းပညာကျင့်စဉ်မျိုးကို  လက်ဆင့်ကမ်းပေးမည်နည်း။

အခန်းအတွင်းတွင် လီရွှမ်က စုတ်တံတစ်ချောင်းကို ကိုင်ကာ ထိုင်နေ၏။ စာရွက်အပေါ်တွင် ကျင့်စဉ်တစ်ခု၏ မူကြမ်းကို စတင်ရေးသည်။

"ခြားနားချက်တစ်ခုကို လုပ်ရအောင်။ ရွှီယန်က သန့်စင်တဲ့ သိုင်းပညာကို ကျင့်ကြံတယ်။ မုန့်ချုံကတော့ သိုင်းပညာရဲ့ အရံလမ်းစဉ်တစ်ခုဖြစ်တဲ့ ခန္ဓာကိုယ်ကျင့်ကြံမှုအပေါ်မှာ အဓိကထားမယ်.."

"အဲ့ဒါဆိုရင် ဒါကို ခန္ဓာကိုယ် ကျင့်ကြံသူလို့ ခေါ်မယ်.." 

"ဒါပေမယ့် ခန္ဓာကိုယ်ကျင့်ကြံတာ ကလည်း သိုင်းပညာရဲ့ မူလဇစ်မြစ်ကို မစွန့်ပစ်ဘူး.."

"အဲ့ဒါက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အပေါ်မှာ လေ့ကျင့်မှုကို အဓိကထားလိုက်ရုံပဲ။ ခွန်အားအားလုံးက သန်မာတဲ့ ရုပ်ပိုင်းဆိုင်ရာ အပေါ်မှာပဲ ထင်ဟပ်နေမှာ.."

"ဒါဆို မုန့်ချုံကို ငါသင်ပေးမှာက သိုင်းပညာရဲ့ အကိုင်းအခွဲတစ်ခု- ခန္ဓာကိုယ်ကျင့်ကြံမှုကို ဖွင့်လှစ် ပေးဖို့အတွက်ပဲ.."

မုန့်ချုံသည် သဘာဝအတိုင်း ကတုံးပြောင်နှင့်  ကြွက်သားများ ထွားကြိုင်းကာ တောင့်တင်းသည့်ခန္ဓာကိုယ်ရှိသည်။

သူ၏ ပါရမီအားလုံးမှာ ရုပ်ပိုင်းဆိုင်ရာအပေါ်တွင်  ရှင်းလင်းစွာ ထင်ဟပ်နေ၏။ ထို့ကြောင့် လီရွှမ်၏ စိတ်ထဲ၌ အလင်းတစ်ချက် လက်သွားသည်။

သူက ကြိုးစားမှုပြုလုပ်ပြီး သိုင်းပညာ၏ အကိုင်းအခက်လမ်းစဉ်တစ်ခုအား ဖန်တီးရန်  ဆုံးဖြတ်လိုက်သည်။ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုကို အထူးပြုသည့် သိုင်းပညာ ကိုင်းခွဲတစ်ခု ဖြစ်၏။ အောင်မြင်ပါက နောင်တွင် တပည့်အသစ်များ လက်ခံပါက ကိုးကားရန်အတွက် လားရာတစ်ခု ရလာပါပြီ။

"သိုင်းပညာရဲ့ အခြေခံက အရေပြားသန့်စင်ခြင်း၊ အရိုးသန့်စင်ခြင်းနဲ့ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းအပေါ်ကို မှီခိုနေတယ်.."

"မူရင်းသိုင်းပညာမှာ အရေပြား သန့်စင်ခြင်းနဲ့ စတင်တယ်။ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံမှု သိုင်းပညာမှာတော့  သုံးမျိုးလုံးကို ပေါင်းစပ်ပြီး တစ်ပြိုင်နက်ကျင့်ကြံမယ်.."

"မူရင်းသိုင်းပညာက ကျောက်စိမ်းအရိုးကို ဖွဲ့စည်းနိုင်တယ်။ ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာက  ကျောက်စိမ်းအရိုးထက် မနိမ့်ကျဘဲ ခြားနားတဲ့ ဗာဂျရာစိန်အရိုးကို ရရှိစေမယ်.."

"အဲ့ဒါဆိုရင်.. ခန္ဓာကိုယ် ကျင့်ကြံခြင်း သိုင်းပညာကို ရွှေခေါင်းလောင်း အကာအကွယ်နဲ့ စတင်သင့်တယ်.."

လီရွှမ်က အတွေးနက်သွား၏။ ယခုအချိန်၌ သူသည် ချီနှင့်သွေးအဆင့် ပြီးပြည့်စုံခြင်းရှိ သိုင်းသမားတစ်ယောက် ဖြစ်နေပါပြီ။ ချီနှင့်သွေးအဆင့်၏ ကျင့်စဉ်များကို ကျွမ်းကျင်ပိုင်နိုင်ပြီးဖြစ်၏။ ထို့ကြောင့် သိုင်းပညာ၏ အခြေခံနှင့် ချီနှင့်သွေးအဆင့်၏ ကျင့်စဉ်များကို ဖန်တီးလိုပါက ကိုးကားမှုတစ်ခု ရှိနေပြီး ဖြစ်သည်။

ဤသည်က မည်သည်မှ နားလည်ခြင်းမရှိဘဲ အရာအားလုံးကို ကျပန်းဖန်တီးခြင်းထက် များစွာပိုမိုကောင်းမွန်၏။

သို့ရာတွင် ခန္ဓာကိုယ်ကျင့်ကြံမှု၏ အစောပိုင်းအတွက် မည်ကဲ့သို့ ရွေးချယ်ရန်မှာ အဓိကသော့ချက် ဖြစ်သည်။

"ဒါမှမဟုတ် သံချပ်ဝတ်ရော... ရွှေခေါင်းလောင်းအကာအကွယ်က... ချီနဲ့သွေးက ခေါင်းလောင်းတစ်ခုလိုပဲ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဘာယို‌ေပါက်မှ မရှိဘူး.."

"အဲ့ဒါကို ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်လို့ ခေါ်မယ်။ ဒါက ချီနဲ့သွေးအဆင့်နဲ့  ညီမျှမယ်.."

"ငါဖန်တီးလိုက်တဲ့ ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်က အားနည်းချက် မရှိဘူး.."

"အဲ့ဒါကို ချိုးဖျက်ချင်တယ်ဆိုရင် ရွှေခေါင်းလောင်းရဲ့ ခံနိုင်ရည်ကို ကြီးမားတဲ့ ခွန်အားနဲ့ ဖိနှိပ့်နိုင်မှရမယ်။ ကျန်တဲ့အားနည်းချက် ရှာဖို့တော့ စဉ်းတောင် မစဉ်းစားနဲ့.."

"ဒါက ယိုစိမ့်မှုမရှိတဲ့ ရွှေခေါင်းလောင်းပဲ.."

လီရွှမ်က ထိုအကြောင်းကို စဉ်းစားပြီးနောက် ကျင့်စဉ်၏ အစောပိုင်းအဆင့်ကို စတင်တွေးတောသည်။

ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်...

"ပြီးရင် ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်အတွက် ကျင့်ကြံခြင်း နည်းလမ်းကို  ဖန်တီးဖို့ လိုအပ်တယ်။ ဒါက ခေါင်းခဲစရာပဲ။ အရေပြား၊ အရိုးနဲ့ ကိုယ်တွင်းအင်္ဂါကို တပြိုင်နက် လေ့ကျင့်ဖို့ဆိုတာ အရမ်းကို ခက်ခဲလွန်းတယ်..."

"အဲ့ဒါက မူရင်းသိုင်းပညာတစ်ခု မဟုတ်ဘူး။ အထူး ပါရမီအပေါ်ကို ရည်ရွယ်ပြီးတော့ ဖန်တီးရမှာ။ အနည်းငယ် ခက်ခဲမှာက ပုံမှန်ပါပဲ။ ခန္ဓာကိုယ် ကြံ့ခိုင်ခြင်းမှာ ပါရမီကြီးမားတဲ့ လူတွေအတွက် မခက်ခဲလောက်ပါဘူး.."

"ကောင်းပြီ.. အဲ့လိုပဲလုပ်ရအောင်။ ပထမဆုံ ချီနဲ့သွေးကို အာရုံခံမယ်။ အဲ့ဒါကတော့ မပြောင်းလဲဘူး။ ပြီးရင် ချီနဲ့သွေးကို ကိုယ်တွင်းအင်္ဂါတွေထဲကို  လှည့်လည်စေမယ်.."

"အရိုးတွေဆီကို ဖြတ်ကျော်စီးဆင်းပြီး အရေပြားကို အားဖြည့်ပေးမယ်။ ဒါက လှည့်လည်မှု စီးကြောင်းတစ်ခု ဖြစ်ပေါ်စေမယ်.."

"ကိုယ်တွင်း အင်္ဂါတွေကို လှုံ့ဆော်မယ်။ ချီနဲ့သွေးကို လှိုင်းထန်စေပြီး အရိုးတွေကို ဖောက်ထွင်းမယ်။ အရေပြားနဲ့ ဝင်ဆောင့်မယ်... အတွင်းနဲ့အပြင်ကို  သို့မဟုတ် အပြင်နဲ့အတွင်းကို သုံးခုကိုတစ်ခုတည်းအဖြစ် ကျင့်ကြံမယ်။ ရွှေခေါင်းလောင်း ခန္ဓာကိုယ်ကို စုစည်းမယ်..."

"ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာရဲ့ အခြေခံအဆင့်ကို အောင်မြင်ရင် ရွှေခေါင်းလောင်းက ပဲ့တင်ထပ်လာပြီး ချီနဲ့သွေးက အပြစ်အနာအဆာ ကင်းမဲ့တဲ့ ရွှေခေါင်းလောင်းတစ်ခု ဖြစ်သွားလိမ့်မယ်.."

"ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံလိမ့်မယ်... ဒီသင်္ကေတတွေက ခန္ဓာကိုယ်ကျင့်ကြံခြင်း သိုင်းသမားတွေရဲ့ ချီနဲ့သွေးအဆင့်ကို ဝင်ရောက်တဲ့ လက္ခဏာရပ်တွေပဲ.."

လီရွှမ်က ချီနှင့်သွေးအဆင့်အား ကာရံယူကာ  ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်  ကျင့်စဉ်အား ချောမွေ့စွာ ဖန်တီးပြီး၏။

ပုံမှန်အတိုင်းပင်။ ဒီကျင့်စဉ်သည် အကြမ်းထည်နိုင်ပြီး  အရမ်းကြီး အသေးစိတ်နေမှာ မဟုတ်ပေ။ ချီနှင့်သွေးကျင့်စဉ်အား ကာရံယူထားလျှင်တောင် အရမ်းကြီး အသေးစိတ်ကျနိုင်ခြင်း မရှိပါ။

နောက်ဆုံးတွင် မုန့်ချုံ၏ ကျင့်စဉ်အတွင်းမှ နားလည်သဘောပေါက်နိုင်မည့် အချက်အလက်များ အပေါ်တွင်သာ မူတည်နေပါသည်။

ထို့ကြောင့် ကျင့်စဉ်အား မုန့်ချုံကို လက်ဆင့်ကမ်းပေးစဉ်၌ လီရွှမ်က နားလည်သဘောပေါက်မှုနှင့်  အဓိပ္ပါယ်ကိုသာ အာရုံစိုက်ပြီး ကျင့်စဉ်၏ အပေါ်ယံအသွင်သဏ္ဍာန်ကို အာရုံစိုက်မနေရန် သတိပေးခဲ့ဆဲရှိသည်။

အသွင်သဏ္ဍာန်က အရေးမကြီပါ။ နားလည်သဘောပေါက်မှုနှင့် အဓိပ္ပာယ်တို့သာ အဓိကအချက်အဖြစ်၏။

"မုန့်ချုံရဲ့ တွေးတောမှု လမ်းကြောင်းအရ ဆိုရင် သူ့ရဲ့နားလည်သဘောပေါက်နိုင်စွမ်းက သေချာပေါက် ဆိုးမှာမဟုတ်ဘူး.."

"သူ့ဘာသာ နားလည်သဘောပေါက်ပြီး အောင်အောင်မြင်မြင် ကျင့်ကြံနိုင်လောက်မှာ မှတ်လား.."

လီရွှမ်က မုန့်ချုံအပေါ်တွင် ယုံကြည်ချက် ရှိနေဆဲ ဖြစ်၏။ မုန့်ချုံ၏ မျက်လုံးထဲတွင် သူသည် အနှိုင်းမဲ့သည့် ဆရာသခင်တစ်ယောက် ဖြစ်သည်။

ထို့ကြောင့် သူသင်ကြားပေးသည့် ကျင့်စဉ်အပေါ်တွင် ယုံကြည်ချက်အပြည့်ရှိကာ ဦးနှောက်ကို အစွမ်းကုန်အလုပ်လုပ်ပြီး နားလည်သဘောပေါက်အောင် ပြုလုပ်မှာဖြစ်၏။

All Chapters