← Chapters

ခန္ဓာကိုယ်ကျင့်ကြံခြင်း သိုင်းပညာ-  ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်

Vol. 4 Ch. 58

ခန္ဓာကိုယ်ကျင့်ကြံခြင်း သိုင်းပညာ-  ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်

Vol. 4 Ch. 58

လီရွှမ်က မူကြမ်းပေါ်တွင် ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ်အား ရေးချသည်။

သီအိုရီဆိုင်ရာ သဘောတရားများ လက်ခံနိုင်ဖွယ်ရှိကြောင်းကို သေသေချာချာ စစ်ဆေးပြီးနောက် ထိုကျင့်စဉ်ကို မှတ်သားထားလိုက်၏။

သူ၏လက်ထဲရှိ ချီနှင့်သွေးက မြင့်တက်လာခဲ့သည်။ မူကြမ်းသည် ချက်ချင်းပင် ပြာများအဖြစ် ပြောင်းလဲသွားခဲ့၏။

မုန့်ချုံအား လက်ဆင့်ကမ်းပေးမည့် ကျင့်စဉ်ကို  ဖန်တီးပြီးပါပြီ။ နောက်တစ်ဆင့်မှာ သူ၏ တပည့်ဖြစ်သူကို သင်ကြားပေးပြီး နားလည်သဘောပေါက်မှုအား စောင့်စားရန်သာ ရှိတော့၏။

နောက်တစ်နေ့တွင်... အာရုံဦးမှာ ပြိုကွဲခါစသာ ရှိပါသေးသည်။ ခြံထဲတွင် သိုင်းပညာကျင့်ကြံနေသည့် အသံများကို ကြားရ၏။

မုန့်ချုံက ကြီးမားသည့် တောခုတ်ဓားကြီးကို ကိုင်ဆောင်ကာ အားမာန်အပြည့်ဖြင့် လွှဲရမ်းနေ၏။ သူ၏ပြောင်နေသည့် ကတုံးမှ တောက်ပသည့် ရောင်ပြန်တစ်ခုကို ထုတ်လွှတ်နေပါသည်။

လီရွှမ်က တိတ်ဆိတ်စွာ ခေါင်းငြိမ့်သည်။ ဒီဒုတိယတပည့်သည်လည်း ရွှီယန်ကဲ့သို့ပင် ဝီရိယရှိကာ ကြိုးစား၏။

ထိုကဲ့သို့သော တပည့်များနှင့် သူသည် ဘယ်လိုလုပ်ပြီး စွမ်းအားမကြီးလာပဲ နေနိုင်မည်နည်း။

"ငါတပည့်.. ဒီကိုလာခဲ့.."

လီရွှမ်က ကုလားထိုင် တစ်ခုပေါ်တွင် ထိုင်လိုက်သည်။

"ဆရာ.."

မုန့်ချုံက  သူ၏ ဓားကြီးကို မြေပြင်ပေါ်တွင် စိုက်ကာ ကျင့်ကြံခြင်းအား ရပ်တန့်ပြီး စိတ်လှုပ်ရှားစွာဖြင့် လျှောက်သွား၏။ လေးစားစွာ ဦးညွှတ်သည်။

"ဒီနေ့ ငါမင်းကို စစ်မှန်တဲ့ သိုင်းပညာ လမ်းစဉ်ကို သင်ပေးမယ်.."

လီရွှမ်၏ပုံစံက  လေးနက်သွားပြီး ဖြေညှင်းစွာပြောသည်။

"ငါမင်းကိုသင်ပေးမယ့် သိုင်းပညာက မင်းကျင့်ကြံဖူးခဲ့တဲ့ သာမန် လက်သီးသိုင်းတွေ၊ ခြေထောက်သိုင်းတွေလို မဟုတ်ဘူး။ ဒါတွေအားလုံးက သာမန်လောက အတတ်ပညာတွေပဲ ဖြစ်တယ်.."

"ငါ့ရဲ့သိုင်းပညာက တောင်တွေကိုရွှေ့ပြီး ပင်လယ်ကိုဖာထေးမယ်။ လေဟာနယ်ကို လက်သီးတစ်ချက်နဲ့ ချိုးဖျက်မယ်။ ဒါတွေအားလုံးက အလွယ်တကူ စွမ်းဆောင်နိုင်တဲ့ အရာတွေပဲ.."

"သိုင်းပညာလမ်းစဉ်က အဆုံးသတ် မရှိဘူး။ ဒါပေမယ့် သိုင်းပညာရဲ့ကျင့်ကြံမှုက အခြေခံကနေ စတင်ရတယ်။ သိုင်းပညာရဲ့ ပထမဆုံးအဆင့်က ချီနဲ့သွေးအဆင့်ပဲ..."

လီရွှမ်က ပြောရင်းနှင့် သူ၏ လက်ကိုမြှောက်ကာ  ချက်ချင်းပင် ချီနဲ့သွေးတို့ မြင့်တက်လာပြီး  ကောင်းကင်ကို ဖြတ်သန်းသွားသည်။ အလင်းတန်းတစ်ခုသဖွယ် လေထဲသို့ မြင့်တက်သွား၏။

သူ၏ ဖိအားကို ထိန်းချုပ်ထားလျှင်တောင် မုန့်ချုံအနေနှင့် ယခုမျှ နီးကပ်သည့် အကွာအဝေးနှင့် ထိုသွေးနှင့်ချီတွင် ပါဝင်သည့် ကြောက်စရာကောင်းသည့် စွမ်းအားကို ခံစားနိုင်ဆဲ ရှိသည်။

သူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် ပြူးကျယ်နေပြီး မျက်လုံးနက် အတွင်းတွင် ရူးသွပ်သည့်  အလင်းရောင်တစ်ခု ပေါ်လာခဲ့သည်။

"သိုင်းပညာ.."

"ဒါက စစ်မှန်တဲ့ သိုင်းပညာပဲ.."

"ပထမအဆင့်ဖြစ်တဲ့ ချီနဲ့သွေးအဆင့် တစ်ခုတည်းက   အရမ်းကို ကြောက်စရာ ကောင်းနေပြီးပြီ.."

လီရွှမ်က သူ၏ ချီနှင့်သွေးကို ပြန်လည်ရုပ်သိမ်းကာ  ဆက်လက်ပြောသည်။

"သိုင်းပညာကျင့်စဉ်မှာ အရေပြား သန့်စင်ခြင်း၊ အရိုးသန့်စင်ခြင်း၊ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းနဲ့ စတင်တယ်။ ဒါတွေက အခြေခံတွေပဲ.."

"ခိုင်မာတဲ့ အခြေခံတစ်ခုကို တည်ဆောက်နိုင်မှသာလျှင် လူတစ်ယောက်က သိုင်းပညာရဲ့ လမ်းစဉ်မှာ ရှေ့ကို ပိုဝေးဝေး သွားနိုင်လိမ့်မယ်.."

"မှတ်ထားပါ။ မိုင်၁၀၀၀ရှိတဲ့ ခရီးကို ခြေတစ်လှမ်းနဲ့ပဲ စတင်တယ်.."

လီရွှမ်က သူ၏လက်ကို မြှောက်လိုက်ပြန်၏။

ချီနှင့်သွေးတို့က လက်ဝါးတစ်ခု အဖြစ် စုစည်းသွားပြီး ချီနှင့်သွေးလက်က မုန့်ချုံ၏ ပုခုံး၊ လက်မောင်းနှင့် ပေါင်တို့ကို ဖြစ်ညှစ်သည်။

"ငါတပည့် မင်းရဲ့ ပါရမီက ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပေါ်မှာ မူတည်နေတယ်။ မင်းရဲ့ ခန္ဓာကိုယ်က ထူးကဲတယ်။

အဲ့ဒါက ခန္ဓာကိုယ် ကျင့်ကြံမှုအတွက် ပြီးပြည့်စုံစွာ သင့်တော်နေတယ်။ အဲ့ဒါကြောင့် ငါမင်းကို  ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာရဲ့ အခြေခံ- ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်ကို သင်ကြားပေးမယ်..."

မုန့်ချုံက စိတ်လှုပ်ရှားစွာဖြင့် သူ၏ ဦးခေါင်းပြောင်ကိုကုပ်ကာ ပြောသည်။

"ကျွန်တော် ဆရာ့ရဲ့ စီမံမှုတွေကို နာခံပါမယ်.."

"ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာက ခန္ဓာကိုယ်ကို အလေးပေးကျင့်ကြံပြီး အနှိုင်းမဲ့တဲ့ ခံနိုင်ရည်နဲ့ ဆန်းကြယ်တဲ့ စွမ်းအားတွေကို ပေးစွမ်းနိုင်တယ်။ ဒါကမင်းနဲ့ လုံးဝသင့်တော်တယ်.."

လီရွှမ်က မတ်တပ်ရပ်ကာ မုန့်ချုံဆီသို့ လျှောက်သွား၏။ ဒုတိယတပည့် ဖြစ်သူ၏ ကြံ့ခိုင်သော ခန္ဓာကိုယ်၊ တောင့်တင်းသည့် ကြွက်သားများနှင့် ဦးခေါင်းပြောင်နေသည့် ဂတုံး‌‌တို့ကို ကြည့်ကာ နှလုံးသားထဲတွင် သက်ပြင်းချမိသည်။

သူ၏ ရုပ်ရည် အသွင်အပြင်က တော်တော်လေး ချော၏။ သို့ပေမယ့် ကြီးမားထွားကြိုင်းသည့် ကြွက်သားများ ကြံ့ခိုင်သည့် ခန္ဓာကိုယ်နှင့် ပြောင်နေသည့် ဂတုံးတို့က သူ၏ ရုပ်ရည်ကို ဖုံးလွှမ်းသွားစေသည်။

သူ၏ ချောမောမှုကို မြင်တွေ့နိုင်ခြင်း မရှိတော့ဘဲ  သန်မာထွားကြိုင်းသည့် လူငယ်တစ်ယောက်ဟုသာ မြင်နိုင်ပါတော့သည်။

"ခန္ဓာကိုယ် ကျင့်ကြံမှုကို အထူးပြုတဲ့ သိုင်းသမားတစ်ယောက်က သူတို့ရဲ့ အထွတ်အထိပ် ခန္ဓာကိုယ် အသွင်ကို ရရှိလာမယ်ဆိုရင် ခန္ဓာကိုယ်က ဒီဗိုင်းလက်နက်တစ်ခု ဖြစ်လာလိမ့်မယ်... ဒါက အခုချိန်မှာတော့ မင်းနဲ့အများကြီး ဝေးကွာနေသေးတယ်.."

"မင်းသာ ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်ကို ကျင့်ကြံရင် စစ်သည်၁၀၀၀နဲ့ စစ်တပ်တစ်ခုဆိုရင်တောင် မင်းကို ဘာမှလုပ်လို့ မရတော့ဘူး..."

လီရွှမ်က ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်၏ စွမ်းအားကို အမွှန်းတင်ကာ  ဆက်လက်ပြော၏။

မုန့်ချုံ၏ မေးချင်လိုစိတ်နှင့် ရူးသွပ်မှုတို့ကို ပိုမိုမြင့်တက်လာအောင် နှိုးဆွပေးသည်။ အမှန်တကယ်ကို မုန့်ချုံသည် သူ၏ စကားများကို ကြားရလေလေ ပိုမိုစိတ်လှုပ်ရှားလေ ဖြစ်လာခဲ့၏။

သူ၏ ကြွက်သားများက တုန်ခါနေပြီး တောက်ပသည့် ဂတုံးပြောင်မှာ ပိုမိုကာပင် လင်းလက်လာသည့်ပုံပါ။

"ကောင်းကောင်းနားထောင်။ ငါအခု ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်ရဲ့ ကျင့်စဉ်ကို ငါမင်းကို လက်ဆင့်ကမ်းပေးမယ်..."

လီရွှမ်က ကုလားထိုင်ပေါ်တွင် ပြန်ထိုင်ပြီးနောက် လေးနက်သည့် အသွင်ဖြင့် စတင်ပြော၏။

"ဟုတ်ကဲ့ပါဆရာ.."

မုန့်ချုံက ချက်ချင်းပင် ဒူးထောက်ကာ လေးစားစွာဖြင့်  စတင်နားထောင်သည်။

"ခန္ဓာကိုယ် ကျင့်ကြံမှု သိုင်းပညာက သိုင်းပညာရဲ့မူလပင်ရင်းလမ်းစဉ်နဲ့  အနည်းငယ် ခြားနားတယ်.."

"မူလလမ်းစဉ်မှာ အရေပြား၊ အရိုးနဲ့ ကိုယ်တွင်းအင်္ဂါတွေကို အသီးသီး သန့်စင်ကြတယ်။ ခန္ဓာကိုယ်ကျင့်ကြံမှုလမ်းစဉ်ကတော့ အဲ့ဒါတွေကို ပြိုင်တူကျင့်ကြံရတဲ့ ကျင့်ကြံမှုမျိုးပဲ..."

လီရွှမ်က စဉ်းစားထားပြီး ဖြစ်သည့် ကျင့်စဉ်အား တစ်ကြောင်းပြီး တစ်ကြောင်း နှုတ်ဖြင့် ပြောပြ၏။

"ပထမဆုံး မင်းလုပ်ဖို့လိုတာက ချီနဲ့သွေးကို အာရုံခံနိုင်ဖို့ပဲ။ ပြီးရင် ချီနဲ့သွေးကို အတွင်းထဲကနေ အပြင်မျက်နှာပြင်အထိ လမ်းညွှန်ပေးရမယ်။ အဲ့လိုပဲ အပြင်ကနေအတွင်း ပြန်လာမယ်.."

"ပြီးရင် လှည့်လည်မှု လမ်းကြောင်းတစ်ခု ဖွဲ့စည်းလာပြီး အရေပြား၊ အရိုးနဲ့ ကိုယ်တွင်းအင်္ဂါတွေကို  တစ်ပြိုင်နက်ကျင့်ကြံမယ်.."

"ငါ့တပည့် မင်းမှတ်သားထားလား.."

လီရွှမ်က  ကျင့်စဉ်ကို ရှင်းပြပြီးနောက် မေးသည်။

"ဆရာ ကျွန်တော် မှတ်သားထားပါတယ်.."

မုန့်ချုံက ခေါင်းငြိမ့်သည်။ သူက ကျင့်ကြံခြင်းအတတ်ကို မှတ်သားထား၏။ သို့ပေမယ့် တိတိကျကျ မည်ကဲ့သို့ ကျင့်ကြံရမည်အား ကြောင်တောင်မှုအချို့ ရှိနေဆဲဖြစ်သည်။

လီရွှမ်က အချိန်ကိုက်တွင် ဆက်လက်ပြောသည်။

"ငါ့ရဲ့ သိုင်းပညာက နားလည်သဘောပေါက်မှုနဲ့  အဓိပ္ပါယ်ပေါ်မှာ မူတည်နေတယ်.."

"ကျင့်စဉ်ရဲ့ အသွင်သဏ္ဌာန်ပေါ်မှာ မဟုတ်ဘူး။ ငါ့ရဲ့တပည့် အဲ့ဒါတွေရဲ့ စစ်မှန်တဲ့ အနှစ်သာရကို မင်းအနေနဲ့ လေ့လာပြီး နားလည်သဘောပေါက်အောင် လုပ်ဖို့ လိုအပ်တယ်.."

"သိုင်းပညာရဲ့ ကျင့်ကြံမှုက မင်းရဲ့မွေးရာပါ ပါရမီအပေါ်ကို ကြီးကြီးမားမား မှီခိုနေတယ်။ မင်းရဲ့လက်စားချေတဲ့ နည်းလမ်းကို ငါမြင်တွေ့ခဲ့ပုံအရဆို  မင်းမှာအရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ နားလည်သဘောပေါက်မှု ရှိတယ်ဆိုတာကို ငါမြင်နိုင်တယ်။ ဒါ့ကြောင့် မင်းရဲ့ပါရမီက တော်တော်လေး ကောင်းလောက်မှာ.."

"ကျင့်စဉ်ကို မင်းသေသေချာချာ လေ့လာပါ။ မင်းနားလည်သဘောပေါက်နိုင်မယ်လို့ ငါယုံကြည်တယ်.."

သူက မုန့်ချုံကို အားပေးမှုအချို့ ပြုလုပ်ပြီးနောက်  ခဏတာ ရပ်တန့်သွား၏။ ပြီးမှ ဆက်လက်ပြောသည်။

"ကျင့်ကြံခြင်း အတတ်တွေအားလုံးကတော့ ဒါပဲ။ မင်းကျင့်ကြံနိုင်မလား မကျင့်ကြံနိုင်မလားကတော့  ကိုယ်ပိုင်နားလည်သဘောပေါက်မှု အပေါ်မှာ မူတည်သွားပြီ.."

"ဆရာက မင်းကို လမ်းပဲ ပြပေးနိုင်မှာ။ တကယ်ကျင့်ကြံမှုက မင်းအပေါ်မှာပဲ မူတည်တယ်.."

"မင်းအနေနဲ့ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားဖို့ လိုအပ်တယ်။ မောက်မာတာတွေ၊ စိတ်မရှည်တာတွေ မထားဘဲနဲ့ ကျင့်စဉ်ရဲ့အဓိပ္ပါယ်ကို နားလည်သဘောပေါက်အောင်လုပ်.."

မုန့်ချုံက အနည်းငယ် ကြောင်တောင်နေ၏။ သို့ပေမယ့် ဒီစွမ်းအားကြီးမားသည့် သိုင်းပညာ ကျင့်စဉ်များကို အမှန်တကယ်ကို ဆန်းကြယ် နက်နဲလှသည်ဟု ခံစားရသည်။ စတင်ခြင်း အဆင့်သို့ ရောက်ရှိရန်မှာ လွယ်ကူမည် မဟုတ်ပါ။

"ဆရာ.. ကျွန်တော် ဒါတွေကို နားလည်သဘောပေါက်လာမှာလို့ ယုံကြည်ချက်ရှိပါတယ်.."

မုန့်ချုံက ခိုင်မာစွာ ပြော၏။

"အရမ်းကောင်းတယ်။ ငါ့ကို စိတ်မပျက်စေနဲ့.."

လီရွှမ်က အသိအမှတ်ပြုစွာ ခေါင်းငြိမ့်သည်။

သူက မတ်တပ်ရပ်ကာ မြင်းထိုင်ခြင်း အသွင်သဏ္ဍာန်ကို ပြုလုပ်ပြီး ပြော၏။

"မြင်းထိုင်ထိုင်ပြီး သေသေချာချာ ခံစားကြည့်။ ပထမဆုံး ချီနဲ့သွေးကို အာရုံခံရမယ်.."

"ဟုတ်ကဲ့ပါဆရာ.."

မုန့်ချုံက ခေါင်းငြိမ့်သည်။ သူသည် ခြံဝန်းအတွင်းရှိ မြေကွက်လပ် တစ်ခုတွင် မြင်းထိုင်ခြင်း အတတ်ကို စတင်ထိုင်၏။

"ကျင့်ကြံမှုက ကြိုးစားအားထုတ်မှုနဲ့ အနားယူမှု ပေါင်းစပ်နေဖို့ လိုအပ်တယ်။ အချိန်ကျလာရင်  ချက်ပြုတ်တာ၊ ခြံဝန်းတွေ သန့်ရှင်းရေးလုပ်တာနဲ့  စားပွဲတွေသုတ်သင်တာကို လုပ်ရမယ်.."

"မင်းရဲ့စိတ်ကို လွတ်လွတ်လပ်လပ်ထားပြီး ပြေလျော့အောင်နေ။ အမြဲတမ်း တင်းကြပ်ကြပ် မနေနဲ့။ ရံဖန်ရံခါမှာ ပိုပြီးတော့ ခေါင်းမာလေလေ အကျိုးအာနိသင်က ပိုနည်းလေပဲ..."

လီရွှမ်က လေးနက်စွာဖြင့် ညွှန်ကြား၏။

ထိုကဲ့သို့သော ကျင့်ကြံမှု ဖြစ်စဉ်နှင့်ပင် ရွှီယန်သည် သူကျပန်း ဖန်တီးလိုက်သည့် သိုင်းပညာကို နားလည်သဘောပေါက်နိုင်ပြီး သိုင်းပညာ၏ စတင်ခြင်းအဆင့်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

"ဆရာ ကျွန်တော်နားလည်ပါပြီ.."

မုန့်ချုံက ခေါင်းငြိမ့်သည်။

"ပြီးတော့ ကြက်ကို ပြုတ်တဲ့အခါမှာ  အရွက်၉ခုဆေးပင် သို့မဟုတ် နှစ်၁၀၀၀ဂျင်ဆင်းတို့ကို ထည့်ဖို့မမေ့နဲ့..."

လီရွှမ်က နောက်ထပ် ညွှန်ကြားမှုကို ပြုလုပ်သည်။

"ဟုတ်ကဲ့ပါဆရာ.."

ထို့နောက်  လက်နှစ်ဖက်ကို နောက်သို့ပစ်ပြီး လမ်းလျှောက်ထွက်ရန် အတွက် ပြင်၏။ ရုတ်တရက် တစ်ခုခုကို စဉ်းစားမိပြီး ပြောသည်။

"မင်းတစ်ခုခု လိုအပ်တာရှိရင် ရှီအာကို သွားရှာလို့ရတယ်.."

"ဟုတ်ကဲ့ပါဆရာ.."

မုန့်ချုံက ခေါင်းငြိမ့်သည်။

ရှီအာမှာ အလွန်အားကိုးရဆဲ ရှိ၏။ ဒီအချိန်အတွင်း လီရွှမ်က သူ့ကို တောက်တိုမရ ကိစ္စများအတွက် ထားရှိရန် ဆုံးဖြတ်ထားသည်။

အခွင့်အရေးကို ကောင်းကောင်းဖမ်းဆုပ်ကာ သူ့အတွက် ကောင်းမွန်သည့် အမြင်တစ်ခု ပြုလုပ်နိုင်မလား ဟူသည်ကတော့ တစ်ဖက်လူ၏ လုပ်ဆောင်မှု အပေါ်တွင် မူတည်ပါသည်။

ယွင်ရှန်းမြို့ငယ်၏ အုပ်ချုပ်သူရုံးခန်း အတွင်းတွင် ကောင်တီအုပ်ချုပ်သူသည် ဖျင်ကြမ်းဝတ်စုံဝတ် အကြီးအကဲ၊ ရှီအာနှင့် အခြားလူများနှင့် အတူတူထိုင်နေ၏။

"ရွှီယန်က စီရင်စုမြို့တော်မှာ အနှိုင်းမဲ့တဲ့ ကြီးမြတ်မှုကို ပြသခဲ့ပြီး သူတစ်ယောက်တည်းနဲ့ ရှန်းဝိန်စစ်တပ်ကို အနိုင်ယူခဲ့တယ်..."

ကောင်တီအုပ်ချုပ်သူက အံ့ဩနေသည့်အသွင်ဖြင့် ပြော၏။

"အခု စီရင်စုမြို့တော်မှာ ရှိတဲ့ တော်ဝင်မျိုးနွယ်တွေနဲ့ နောက်ခံကြီးမားသူအားလုံး စွမ်းအားကြီး ဆရာသခင်တွေဆီမှာ တပည့်ခံပြီး သိုင်းပညာကို သင်ကြားလိုနေကြတယ်.."

သူ၏ မျက်လုံးများထဲတွင် ရူးသွပ်မှုတစ်ခု ဖြတ်သန်းသွား၏။

အစက သူတို့အားလုံး ထွက်ပြေးဖို့ စီစဉ်ထားကြတာပါ။

ဘာပဲဖြစ်ဖြစ် လီရွှမ်သည် ကြောက်စရာ ကောင်းလွန်းလှပြီး လက်တစ်ချက်ကို လှုပ်ရုံနှင့် သူတို့အားလုံးကို သတ်ဖြတ်နိုင်၏။

သို့ပေမယ့် မြို့တော်ဆီမှ သတင်းရောက်လာပြီးနောက် ရွှီယန်၏ နတ်ဘုရားကဲ့သို့ ဆန်းကြယ်လှသည့် စွမ်းအားကို ပြသခဲ့သည့် အကြောင်းက သူတို့၏ ဆုံးဖြတ်ချက်ကို ကြီးစွာ ပြောင်းလဲသွားစေခဲ့သည်။

လီရွှမ်သည် ရွှီယန်၏ ဆရာဖြစ်၏။ သူက လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက်  မဟုတ်ပါလား။

ထိုပုဂ္ဂိုလ်က သူတို့၏ဘေးတွင် ရှိနေပါသည်။ ဘယ်လိုလုပ်ပြီး ထွက်ပြေးလိုတော့ မည်နည်း။

အဲ့ဒီအစား ထိုပုဂ္ဂိုလ်ကြီးကို မည်ကဲ့သို့ စိတ်ကျေနပ်စေရန်နှင့် သူတို့အပေါ် သဘောတွေ့စေရန် စဉ်းစားရပေမည်။ လမ်းပြညွှန်ကြားမှုအချို့ ရရှိရန် မျှော်လင့်၏။

သူတို့၏ လောကအသိအမြင်များ ပြောင်းလဲသွားရာ  မူလက ပုန်ကန်လိုသည့် ရည်ရွယ်ချက်တို့မှာလည်း ပျောက်ကွယ်သွားခဲ့သည်။

ယခုအချိန်၌ အကြီးမားဆုံး စိတ်ဆန္ဒမှာ စစ်မှန်သည့်သိုင်းပညာရှင်တစ်ယောက် ဖြစ်လာပြီး စွမ်းအားကြီးမားသည့် သိုင်းပညာများကို တတ်မြောက်ရန် ဖြစ်သည်။

"ဆရာကြီးက မုန့်ချုံကို သူ့ရဲ့တပည့်အဖြစ် လက်ခံခဲ့တယ်။ ကျွန်တော် သူ့ကို အရွက်၉ခုဆေးပင်နဲ့ နှစ်၁၀၀၀ဂျင်ဆင်း အနည်းငယ်ကို ဂိုဏ်းရဲ့ရတနာတိုက်ထဲကနေ ထုတ်ပေးလိုက်တယ်။ ကျွန်တော်အထင်တော့ ပိုပြီးတော့ အဖိုးတန်တဲ့ ဆေးပင်တွေ ပေးသင့်တယ်ထင်တယ်..."

ရှီအာက အခွင့်အရေးကိုယူကာ ပြော၏။

ထိုအဖိုးတန်ဆေးပင်များမှာ အမှန်တကယ်ကို တန်ဖိုးရှိပါသည်။ သို့ပေမယ့် သူတို့ကို ရွှီယန်ကဲ့သို့ သိုင်းပညာဆရာသခင်တစ်ယောက် ဖြစ်လာရန် လုပ်ပေးနိုင်ခြင်း မရှိပါ။

သူတို့အနေနှင့် ဆရာကြီးကို ပေးအပ်ပြီး ဆုကြေးများ ရလာပါက ပိုမိုအဖိုးတန်မှာ ဖြစ်၏။

All Chapters