← Chapters

လူတစ်ယောက်နှင့် စစ်တပ်တစ်ခုကို အောင်နိုင်ခြင်း

Vol. 4 Ch. 49

လူတစ်ယောက်နှင့် စစ်တပ်တစ်ခုကို အောင်နိုင်ခြင်း

Vol. 4 Ch. 49

ရွှီယန်က ပျက်စီးနေသည့် ဆိုင်များကိုကြည့်ကာ မနေနိုင်ဘဲ နာကျင်စွာ ခံစားလိုက်ရသည်။ ထိုအထဲမှ အနည်းငယ်မှာ သူတို့ ရွှီမိသားစု၏ ပိုင်ဆိုင်မှု ဖြစ်၏။

'ငါအရမ်းကို စိတ်လောသွားတယ်။ မြို့ထဲမှာ မတိုက်ခိုက်ခဲ့သင့်ဘူး။ ငါတို့မိသားစုမှာ ဒီဆိုင်လေးတွေပဲ ရှိတာ။ တစ်ခုပျက်စီးတာကအစ တကယ့်ကို ဆုံးရှုံးမှုကြီးပဲ..'

'ပြီးတော့ အပြစ်မဲ့တဲ့ ပြည်သူတွေကို ထိခိုက်တာက ပိုပြီးတော့တောင် ဆိုးသေးတယ်..'

'ဆရာပြောတာ.. သိုင်းပညာဆိုတာ သတ်ဖြတ်ဖို့ပဲ မဟုတ်ဘူးတဲ့။ ငါ့မှာ ဒါကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ရှိကတည်းက မလိုအပ်တဲ့ ထိခိုက်မှုတွေကို မဖြစ်အောင်လို့ ရှောင်ရှားသင့်တယ်..'

ရွှီယန်တစ်ယောက် စဉ်းစားလေလေ သူ့ကိုယ်သူ  စိတ်လိုက်မာန်ပါ လုပ်မိကြောင်းအား ပိုမိုနားလည်လာလေ ဖြစ်လာခဲ့သည်။ မြို့အပြင်ဘက်သို့ သွားရောက်ပြီးမှ  တိုက်ခိုက်သင့်၏။

ကျန်းဖင်ရှန်းကို ဖမ်းဆီးရန်မှာတော့ ရွှီယန်တွင် ထိုကဲ့သို့သော ရည်ရွယ်ချက် မရှိပါ။ သူက ဒီနေရာတွင် သူ၏ခွန်အားကို ပြသပြီး ချီနိုင်ငံ ဧကရာဇ်အိုကြီး၏ သဘောထားကို ပြောင်းလဲအောင် ပြုလုပ်ချင်ခြင်းသာ ဖြစ်သည်။

လူတစ်ယောက်နှင့် ပြိုင်ဘက်ကင်းစစ်တပ်ကို အနိုင်ယူခဲ့၏။ ဤသည်က လုံလောက်အောင် အံ့သြစရာ မကောင်းပေဘူးလား။

ရှန်းဝိန်စစ်တပ်၏ အနောက်ဘက်မှ အနည်းငယ် တုန်ရီနေသည့် အသံတစ်ခု ပေါ်လာခဲ့သည်။ သို့ပေမယ့် အားမလျှော့သေးပေ။

"အရမ်းကောင်းတယ်.. တိုက်ပွဲကို မြို့ပြင်မှာ ဆက်ပြီးတော့ တိုက်ခိုက်ကြတာပေါ့.."

ကျန်ဖင်ရှန်း၏ အသံက တုန်ခါနေ၏။ သူက မယုံကြည်နိုင်စွာ ရှိနေပါသည်။ ဤသည်မှာ မည်ကဲ့သို့သော ကြောက်စရာကောင်းသည့် ခွန်အားနည်း။

နိုင်ငံ၏ အစောင့်အရှောက်ဟု သတ်မှတ်ထားသည့် စစ်တပ်ကို တစ်ယောက်တည်းနှင့် အနိုင်ယူခဲ့လေသည်။ထိုသူသည် သူ၏ မူလသားမက်ဟောင်းလည်း ဖြစ်နေသေး၏။

ထိုအချိန်၌ အတိတ်ရှိ မြင်ကွင်းများက သူ၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။ ရွှီယန်၏ စကားလုံးများကို ပြန်လည်ကြားလာရ၏။

"တစ်နေ့မှာ နင်နောင်တရလိမ့်မယ်။ နင်က ငါနဲ့ မထိုက်တန်ဘူး..."

ယခုအချိန်၌ ကြည့်ရတာ သူ၏ သမီးဖြစ်သူသည် အမှန်တကယ်ကို ထိုက်တန်မှု မရှိသည့်ပုံပါ။

သို့ရာတွင် ကျန်ဖင်ရှန်းသည် ရွီယန်အနေနှင့် ဒီဗိုင်းစစ်တပ်ကို တစ်ယောက်တည်း အနိုင်ယူနိုင်မည်ဟု ယုံကြည်ခြင်း မရှိပါ။

မြို့၏ လမ်းမများထဲတွင် ဒီဗိုင်းစစ်တပ်က သူတို့၏ ခွန်အားကို အပြည့်အဝ ထုတ်လွှတ်နိုင်ခြင်း မရှိကြပေ။ သို့ပေမယ့် မြို့ပြင်တွင်တော့ ခြားနားသွားပါပြီ။

ဤသည်မှာ ဒီဗိုင်းစစ်တပ်၏ စစ်မှန်သည့်တိုက်ပွဲပြင်ဖြစ်၏။

ဒီတစ်ကြိမ်တွင် ကောင်းကင်မိခင်ဂိုဏ်းအား လုံးဝဖျက်စီးကာ အိမ်ရှေစံမင်းသား၏ ဂုဏ် သတင်းကို တည်ဆောက်နိုင်ရန်အတွက် ဧကရာဇ်ချီက သူ၏လက်အောက်သို့ ဒီဗိုင်းစစ်သည် ၁၀၀၀၀တို့အား စေလွှတ်ခဲ့သည်။

ဤသည်မှာ ကြီးမြတ်သော စစ်သည်၁၀၀၀၀ ဖြစ်၏။ သာမန် သေမျိုးတစ်ယောက်က သူတို့ကို ဘယ်လိုလုပ်ပြီး ရင်ဆိုင်နိုင်မည်နည်း။

"ဆုတ်ခွာကြ။ မြို့ပြင်မှာ စုစည်းကြမယ်.."

ကျန်းဖင်ရှန်းက သူ၏တုန်ခါနေသည့် နှလုံးသားကို တည်ငြိမ်အောင် ဖိနှိပ်ပြီးနောက် အမိန့်တစ်ခုကိုပေးသည်။

ဒီဗိုင်းစစ်တပ်က စတင်ဆုတ်ခွာ ကြ၏။ လူသားများ၏ ခွန်အားအတိုင်းအတာထက် ကျော်လွန်နေသည့် ရွှီယန်ကို ရင်ဆိုင်ရလျှင်တောင် ဒီဗိုင်းစစ်တပ်မှ မည်သည့်စစ်သည်မှ ကြောက်ရွံသည့် အရိပ်အယောင် မပြကြပါ။

ဒီဗိုင်းစစ်တပ်၏ စီရင်စုမြို့တော်မှ ဆုတ်ခွာမှုနှင့်အတူ အိမ်ထဲတွင်သာ နေထိုင်ရန် အမိန့်ချခြင်း ခံထားရသည့် လူများလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။

သူတို့ မျက်နှာပေါ်ရှိ အံ့သြမှုတို့က မြင်သာနေပြီး အဖြစ်အပျက်များကို တစ်ယောက်နှင့် တစ်ယောက် ပြောကြ၏။

အချမ်းသာဆုံးလူ၏ ငတုံးသားက ကြီးမြတ်သောစစ်တပ်ကို တစ်ယောက်တည်း စိန်ခေါ်ခဲ့သည်လား။

ပိုမိုအံ့သြစွာ ခံစားရသည်မှာ မြို့ထဲရှိ ဩဇာရှိ ပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သူတို့သည် ရွှီကျွင်းဟယ်၏ သားဖြစ်သူအနေနှင့် ယခုကဲ့သို့ အနှိုင်းမဲ့သည့် ခွန်အားမျိုးကို  ကျင့်ကြံနိုင်မည်ဟု ယုံကြည်နိုင်ရန် ခက်ခဲနေကြသည်။

သူ၏ စွမ်းအားကြီးဆရာသခင်ကို မည်သည့်နေရာမှာ ရှာဖွေခဲ့သနည်း။

"မြန်မြန်လေး.. မြို့ရိုးကို သွားကြရအောင်.."

"မြန်မြန်လေး မြန်မြန်လေး.. ဒီတိုက်ပွဲက သုံဟယ်စီရင်စုရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမှာ။ ချီနိုင်ငံကိုတောင်မှ ဖြစ်နိုင်တယ်.."

မြို့ထဲရှိ သြဇာရှိပုဂ္ဂိုလ်များက သူတို့၏ အစောင့်များ၊ ကျွန်များကို ခြံရံကာ မြို့ရိုးဆီသို့ အပြေးသွားကြသည်။

"မြို့ရိုးကို သွားကြမယ်.."

ရွှီကျွင်းဟယ်ကလည်း နက်ရှိုင်းသော အသံတစ်ခုဖြင့် ပြော၏။

"သခင်ကြီး.. သခင်မ.. ကျေးဇူးပြုပြီး.."

လူယုံတစ်ယောက်က လှည်းတစ်ခုကို ယူဆောင်လာခဲ့သည်။ ရွှီကျွင်းဟယ်က ဇနီးဖြစ်သူ၏ လက်ကိုဆွဲကာ လှည်းအတွင်းသို့ ဝင်၏။ လူယုံက လှည်းကိုမောင်းကာ မြို့ဂိတ်ဆီသို့ ဦးတည်သွားကြသည်။

"သခင်ရွှီ.. ခင်ဗျားရဲ့သားက သေချာတယ်မလား.."

ထိုအချိန်၌ အသံတစ်ခု ပေါ်လာ၏။ ရွှီကျွင်းဟယ်က လှည်း၏ပြတင်းပေါက်မှ ခေါင်းထွက်ကာ ကြည့်လိုက်ပြီးနောက် ကောင်းကင်မိခင်ဂိုဏ်းမှ သိုင်းသမားများစွာတို့ ခြံရံလာသည့် ခုံရော့ကျစ်ကို တွေ့လိုက်ရသည်။

သူတို့လည်း နောက်မှလိုက်ကာ မြို့ရိုးဆီမှ တိုက်ပွဲကို သွားကြည့်ကြမည် ဖြစ်၏။

"ယန်အာက ဘယ်တုန်းကမှ တိုက်ပွဲတစ်ခုကို မတိုက်ခဲ့ဖူးဘူး။ ဒါကြောင့် အနိုင်ရဖို့က မသေချာဘူး.."

ရွှီကျွင်းဟယ်က တည်ငြိမ်စွာ ဖြေ၏။

"ဒါပေမယ့် ကျွန်တော်ကတော့ ကောင်းကင် မဟာသူတော်စင်ရဲ့ စွမ်းအားကို ယုံကြည်မှုရှိတယ်.."

ခုံရော့ကျစ်က နှစ်ထောင်းအားရ ရယ်မော၏။

"သခင်ရွှီ.. ဒီပူးပေါင်းမှုကို ခင်ဗျား ဘယ်လိုထင်လဲ မသိဘူး..."

ခုံရော့ကျစ်၏ မျက်နှာက မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေ၏။

"တိုက်ပွဲပြီးရင် ငါတို့တွေ ဆွေးနွေးကြတာပေါ့.."

ရွှီကျွင်းဟယ်က မထူးမခြားနားစွာ ပြန်ကြားသည်။

မကြာခင် လူစုသည် မျိုးရိုး၏ထိပ်ဆီသို့ ရောက်ရှိလာခဲ့၏။ မြို့ရိုး၏ အပြင်ဘက်တွင် ဒီဗိုင်းစစ်တပ်က လက်နက်အပြည့်ဖြင့် ရှိနေပါသည်။ စစ်သည်များအားလုံးတို့သည် လေးလံသည့် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ကာ လှံရှည်များကို သယ်ဆောင်ထား၏။

ခါးများတွင်လည်း ဓားများကို ချိတ်ထားကာ သူတို့၏ မြင်းများပင်လျှင် ချပ်ဝတ်များ ဝတ်ဆင်ထားသည်။

"ဒါက ဒီဗိုင်းစစ်တပ်ပဲ။ ဒီလောက် စွမ်းအားကြီးတဲ့ ဒီဗိုင်းစစ်တပ်နဲ့ လူတစ်ယောက်တည်းက ဘယ်လိုလုပ်ပြီး အနိုင်ယူနိုင်မှာလဲ.."

စွမ်းအားကြီးမားသည့် ဒီဗိုင်းကြီးမြတ်ခြင်း စစ်တပ်၏ အံ့ဖွယ်မြင်ကွင်းကို တွေ့ရပြီးနောက် အပြေးအလွှား ရောက်ရှိလာကြသည့် မြို့ရိုးပေါ်ရှိ သြဇာရှိ ပုဂ္ဂိုလ်များနှင့် သာမန်လူများ အားလုံးတို့ အံ့သြသွားကြသည်။

အသေအချာပင်။ ဤသည်မှာ ချီနိုင်ငံ၏  အစောင့်အရှောက်စစ်တပ် ဖြစ်၏။

"ယောက်ျား.. ယန်အာ အဆင်ပြေပါ့မလား.."

သခင်မရွှီက မြို့အပြင်ဘက်ရှိ ထည်ဝါလှသည့် ရှန်းဝိန်စစ်တပ်ကို ကြည့်ကာ မနေနိုင်ဘဲ စိုးရိမ်လာခဲ့သည်။

"ယန်အာကိုယ်တိုင်က တိုက်ခိုက်ရဲတယ် ဆိုကတည်းက သူ့မှာ ယုံကြည်ချက် ရှိလို့ပဲ။ သခင်မ စိတ်မပူပါနဲ့.."

ရွှီကျွင်းဟယ်လည်း အလွန်စိုးရိမ်နေပါသည်။ သို့ပေမယ့် သူက တည်ငြိမ်သည့် အသွင်ဖြင့်  ဟန်ဆောင်ကာ ဇနီးဖြစ်သူကို နှစ်သိမ့်၏။

ဆေးဆရာဖန်နှင့် အခြားရွှီမိသားစု၏ အစောင့်များက ရွှီကျွင်းဟယ်နှင့် ဇနီးဖြစ်သူကို ဝန်းရံထားကြသည်။ ဖြစ်ပေါ်လာနိုင်သည့် တိုက်ခိုက်မှု မှန်သမျှကို  စောင့်ကြပ်နေ၏။

ခုံရော့ကျစ်နှင့် သူ၏လူစုမှာလည်း အကွာအဝေးတစ်ခုချန်ကာ ပတ်ဝန်းကျင်ကို သတိကြီးသည့် မျက်လုံးများဖြင့် ကြည့်ရှုနေကြသည်။ ရွှီကျွင်းဟယ်နှင့် ဇနီးဖြစ်သူကို တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ရန်ဖြစ်၏။

ဒီအချိန်၌ ခုံရော့ကျစ်သည် ရွှီကျွင်းဟယ်နှင့် ဇနီးဖြစ်သူကို တစ်ယောက်ယောက် တိုက်ခိုက်လာရန်အတွက် မျှော်လင့်နေမိ၏။ ထိုအခါမှသာ သူတို့ ကောင်းကင်မိခင်ဂိုဏ်းက ကယ်တင်ရန်အတွက် အခွင့်အရေး ရလာမှာဖြစ်၏။ ထိုအခါ ရွှီယန်သည် သူတို့အပေါ် အကြွေးတစ်ခု တင်သွားမှာပါ။ သို့ပေမယ့်  ဇာတ်လမ်းကို သူတို့ဘာသာ ဖန်တီးရန်တော့ မဝံ့မရဲ ဖြစ်နေပါသည်။

ဤသည်မှာ ခုံရော့ကျစ်တို့တွင် ထိုကဲ့သို့လုပ်ဆောင်ရန် သတ္တိမရှိသောကြောင့် ဖြစ်သည်။ ပေါ်သွားပါက သူတို့သည် ရွှီယန်၏ မိုးကြိုးနှင့်မီးတောက်ကဲ့သို့ ဒေါသတရားကို ခံစားရမှာဖြစ်သည်။ ကောင်းကင်မိခင်ဂိုဏ်းအနေနှင့် တက်နိုင်ခြင်းမရှိပေ။

ကောင်တီမြို့ရှိ ပုဂ္ဂိုလ်ကြီးများလည်း ရွှီကျွင်းဟယ်ကို တိတ်တဆိတ် စူးစမ်းနေပါသည်။ တိုက်ပွဲ၏ ရလဒ်ကို စောင့်စားနေကြ၏။ ရွှီယန်သာ အနိုင်ရရှိပါက သူတို့ ရွှီကျွင်းဟယ်နှင့်  ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုကို တည်ဆောက်ကြမှာ ဖြစ်သည်။

ရွှီယန်က အလွန် စိတ်လှုပ်ရှားနေ၏။ သူ၏မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များနှင့်  လင်းလက်နေပါသည်။

ဒီဗိုင်းကြီးမြတ်ခြင်း စစ်တပ်၏ ဝန်းရံမှုကို ခံရပြီးနောက် သူ၏သွေးများက ဆူပွက်လာခဲ့သည်။ ခန္ဓာကိုယ်က အတွင်းထဲမှ လှိုင်းများ ရိုက်ပုတ်လာသည့်အလား အသံများ ထွက်လာကြ၏။

သူ၏ အသက်ဓာတ်စွမ်းအင်ဟာ စီးဆင်းနေပြီး  နဂါးနိုင်လက်ဝါးသိုင်းကို ထုတ်လွှတ်ရန်အတွက် အဆင်သင့်ဖြစ်နေပါပြီ။

သူသည် နောက်ဆုံးတွင် သိုင်းပညာကို စတင်သင်ကြားခဲ့စဉ် အချိန်မှ စတင်ပြီး ပထမဆုံးအကြိမ် ခွန်အားအပြည့် ကို ထုတ်လွှတ်နိုင်တော့မည် ဖြစ်သည်။

'ဒီစစ်သည်တွေက လေးလံတဲ့ ချပ်ဝတ်တွေကို ဝတ်ဆင်ထားပေမယ့် ငါ့ရဲ့ လက်ဝါးစွမ်းအားကို မခံနိုင်ကြဘူး။ အကုန်သေမကုန်အောင် စွမ်းအားကို  လျော့ထားမှရမယ်..'

'ငါက သားသတ်သမားတစ်ယောက် မဟုတ်ဘူး..'

'အဲ့ဒီ့အပြင် ဒါကိုငါ့ရဲ့အခွင့်အရေးတစ်ခုလို့ မြင်ပြီး  အသက်ဓာတ်စွမ်းအင် ထိန်းချုပ်မှု စွမ်းရည်ကို မြှင့်တင်ဖို့နဲ့ နဂါးနိုင်လက်ဝါးသိုင်းကို စိတ်ကြိုက်အသုံးပြုနိုင်တဲ့ စွမ်းရည်ကို မြှင့်တင်ဖို့အတွက် လေ့ကျင့်ရမယ်..'

ရွှီယန်က နှလုံးသားထဲတွင် စဉ်းစားသည်။ သူ၏ မျက်လုံးများက ပိုမိုပြူးကျယ်လာပြီးနောက် ပြော၏။

"လာခဲ့.. မင်းတို့ကိုစစ်မှန်တဲ့ သိုင်းပညာရှင်တစ်ယောက်ဆိုတာ ဘာလဲဆိုတာကို သိသွားအောင် ပြမယ်.."

သူ၏အသံက တိုက်ပွဲပြင်ပေါ်တွင် ပဲ့တင်ထပ်လာ၏။ တိုက်ပွဲကို ကြည့်ရှု့နေကြသည့် လူများအားလုံး၏နားထဲသို့ ရောက်ရှိသွားသည်။

"တိုက်ခိုက်ကြ.."

မြင်းတစ်ကောင်ကို စီးနှင်းထားသည့် ကျန်းဖင်ရှန်းက အသက်ကို နက်ရှိုင်းစွာရှူပြီး သူ၏လှံရှည်ကို ရှေ့သို့ညွှန်လိုက်သည်။ မိုးကြိုးကဲ့သို့ ကျယ်လောင်သံတစ်ခု ထွက်ပေါ်လာခဲ့၏။

ဒီဗိုင်းကြီးမြတ်ခြင်း စစ်တပ်သည် ရှေ့သို့ ချီတက်ကြပြီး စစ်သည်များက သူတို့၏ လှံရှည်များကိုမကာ မြင်း၏ဝမ်းဗိုက်ကို ခြေထောက်နှင့် ခတ်လိုက်သည်။

အရပ်မျက်နှာ အားလုံးတို့ဆီမှ လှိုင်းကြမ်းများအလားရွှီယန်ဆီသို့ ပြေးတက်သွားကြ၏။

နေရောင်အောက်တွင် လှံရှည်များက အေးစက်သည့် အလင်းရောင်ဖြင့် လင်းလက်နေပြီး လှံဦးများက ရွှီယန်ဆီသို့ ဘေးချင်းကပ်ရပ် ယှဥ်တွဲကာ ဝင်ရောက်သွားကြပြီး မည်သည့်နေရာလွတ်မှ မရှိအောင် ဖြစ်နေစေ၏။

ဒီတိုက်ခိုက်မှုမှာ ကြောက်ဖို့ ကောင်းလှသည်။ ရွှီယန်သာ လေထဲသို့ ခုန်တက်ပြီး စစ်တပ်အပေါ်မှ ပျံသန်းသွားမသွားပါက စစ်တပ်၏ တိုက်ခိုက်မှုကို  ရှောင်ကြဉ်နိုင်မည်ဖြစ်သည်။

ထိုသို့ ကြောက်စရာကောင်းလှသည့် လူများ၏ တိုက်ခိုက်မှုကို လူတစ်ယောက်က မည်ကဲ့သို့ ခုခံနိုင်မည်နည်း။ အသွေးအသား ခန္ဓာကိုယ်က မည်ကဲ့သို့ ကာကွယ်နိုင်မည်နည်း။

"ဟစ်... အချမ်းသာဆုံးလူရဲ့ ငတုံးသားဦးနှောက်က တကယ်ပဲ အလုပ်ကောင်းကောင်း မလုပ်ဘူးဘဲ။ သူကဒါကို ဘယ်လို ခုခံနိုင်မှာလဲ.."

"သူတော့သေပြီ.."

မြို့ရိုးပေါ်ရှိ ကြည့်ရှု့နေကြသည့် လူများက မနေနိုင်ဘဲ ရွှီကျွင်းဟယ်၏ ငတုံးသားတွင် ယခုကဲ့သို့ တုံးအလှသည့် ဦးနှောက်ရှိနေပုံကို  တွေးတောမိသည်။

မြို့ထဲရှိ ပုဂ္ဂိုလ်ကြီးများလည်း ထိုကဲ့သို့သော အတွေးကိုသာ တွေးမိ၏။

ရွှီယန်သည် အလွန်အစွမ်းအားကြီးမားကာ လူမဆန်သည့် ခွန်အားကို ပိုင်ဆိုင်ထားပါသည်။ သို့ပေမယ့် သူက ရှန်းဝိန်စစ်တပ်ကို အဝိုင်းခံကာ ရင်ဆိုင်နေ၏။ ရှောင်တိမ်းရန် နေရာမရှိသလို ပုန်းအောင်းရန်လည်း နေရာမရှိတော့ပေ။

သူတစ်ယောက်တည်းနှင့် ထိုတိုက်ခိုက်မှုကို မည်ကဲ့သို့ ခုခံမည်နည်း။ လက်စသတ်တော့  သူ၏ဦးနှောက်သည် အမှန်တကယ်ကို ကောင်းကောင်း အလုပ်လုပ်ခြင်း မရှိပေ။

"ကောင်းတယ်.."

ရွှီယန်က အော်လိုက်ပြီးနောက်  သူ၏လက်ဝါးနှစ်ဖက်ကို တွန်းလိုက်သည်။ အနီရောင် နဂါးကြီး နှစ်ကောင်တို့ ထွက်ပေါ်လာခဲ့၏။

ချက်ချင်းပင် ရွှီယန်၏ လက်ဝါးချက်များ ဆက်တိုက် ပျံသန်းသွားပြီး အနီရောင်နဂါးကြ တစ်ကောင်ပြီးတစ်ကောင် ပြေးဝင်တိုက်ခိုက်ကြသည်။

ချက်ချင်းပင် နဂါးများက အဝန်းအဝိုင်းများအဖြစ် လှည့်လည်ကာ အရပ်မျက်နှာအားလုံးတို့ဆီသို့ ပြေးထွက်သွား၏။

ရွှီယန်က ရှေ့သို့ ခြေတစ်လှမ်းချင်းစီ တက်သည်။ သူ၏ စွမ်းအင်လှိုင်းများအား ထိန်းချုပ်မှုနှင့်အတူ  ပိုမိုများပြားသည့် အနီရောင်နဂါးများ ဆက်တိုက် ထွက်ပေါ်လာကြသည်။

ရွှီယန်က ရှေ့သို့ ခြေတစ်လှမ်းချင်းစီ တက်ကာ နဂါးနိုင်လက်ဝါး၏ စွမ်းအားက ထွက်ပေါ်လာပြီး အနီရောင် နဂါးကြီးက ထိုးဆင်းလာခဲ့သည်။

၎င်းက အဝိုင်းပတ်ခြင်း၊ ဒိုင်ပင်ထိုးခြင်းနှင့် ရှေ့သို့လှည့်လည်ခြင်းတို့ကို လက်ဝါးချက် တစ်ခုပြီးတစ်ခုနှင့်အတူ ပြုလုပ်နေ၏။

နဂါးနိုင်လက်ဝါးသိုင်း၏ စွမ်းအားက ပိုမိုကျွမ်းကျင်လာခဲ့သည်။ ထိခိုက်နိုင်မှုက အလွန်မြင့်မားပြီး  စိတ်ကြိုက် ထုတ်ဖော်ခြင်းနှင့် ပြန်ရုတ်ခြင်းတို့ကို   ပြုလုပ်နိုင်ပါသည်။

တဖြည်းဖြည်းနှင့် နဂါးနိုင်လက်ဝါး၏ စွမ်းအားက ပိုမိုကျွမ်းကျင်စွာ ထွက်လာခဲ့သည်။ လက်ဝါးချက်အား တွန်းထုတ်ခြင်းနှင့် ပြန်ရုတ်ခြင်းတို့ အကြားတွင် သူ၏ခွန်အားက အနှိုင်းမဲ့စွာ ရှိနေပါသည်။

ထိန်းချုပ်မှုက လွယ်ကူကာ သဘာဝကျ၏။ သူသည် သန်မာမှုနှင့် ညင်သာမှုအကြားအား လွတ်လပ်စွာထိန်းညှိနိုင်ပြီး စိတ်ကြိုက် ပြောင်းလဲနေပါသည်။

ရွှီယန်၏စိတ်ထဲတွင် နဂါးနိုင်လက်ဝါးသိုင်း၏  စကားစုများပေါ်လာခဲ့၏။

"နဂါးတွေက ဒီဗိုင်းအတတ်တွေကို ပိုင်ဆိုင်ထားကြတယ်။ အခြေအနေနဲ့အတူ ပြောင်းလဲနိုင်ကြတယ်...ဒါက ဒီဟာကို ဆိုလိုတာကို ငါနားလည်ပြီ။ အခုပိုပြီးတော့ ရှင်းလင်းလာခဲ့ပြီ.."

ချက်ချင်းပင် သူ၏နဂါးနိုင်လက်ဝါးသိုင်းသည်  အသေးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိသွား၏။ လက်ဝါးစွမ်းအားနှင့် နဂါးပုံသဏ္ဍာန် ထုတ်ဖော်ရာတွင် အသက်ဝင်သည့် ခံစားချက်တစ်ခု ပါဝင်လာခဲ့သည်။

"ဘုန်း.."

ကျင်လောင်သော အသံတစ်ခုနှင့်အတူ ပိုမိုကြောက်စရာကောင်းသည့် နဂါးဟိန်းသံက  ပေါ်လာ၏။

ရွှီယန်ကို ဗဟိုပြုကာ တိုက်ပွဲပြင်တစ်ခုလုံးကို ပိုမိုကြီးမားသည့် နဂါးကြီးက ရစ်ပတ် လှည့်လည်သွားသည်။ မြို့ရိုးပေါ်ရှိ အပြင်လူများလည်း ဒီအချိန်၌ မှင်သက်ကုန်ကြပါပြီ။

ရွှီယန်သည် နဂါးကြီးများကို တစ်ကောင်ပြီးတစ်ကောင် ထုတ်လွှတ်ကာ ရှန်းဝိန်စစ်တပ်ဆီသို့  ပြေးဝင်သွားစေသည်။

လူသားများနှင့် မြင်းများအားလုံးတို့ မြေပြင်ပေါ်တွင် လဲကျကုန်ကြ၏။ လှိုင်းတစ်ခုကဲ့သို့ စစ်တပ်တစ်ခုလုံး ပြိုလဲလာခဲ့သည်။

အရပ်မျက်နှာ အားလုံးတို့ဆီမှ တသုတ်ပြီးတစ်သုတ်  လွင့်စင်ကုန်ကျ၏။ လူတစ်ယောက်တည်းနှင့်  စစ်သည်၁၀၀၀၀ကို ရင်ဆိုင်ခဲ့လေသည်။

ဒီအချိန်၌ ကောင်တီမြို့အတွင်းရှိ လူများ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ ဦးနှောက်မကောင်းသည့် လူမှာ ငါသာလျှင် ဖြစ်သည်ဟူ၍ ဖြစ်၏။

All Chapters