ဝေ့မိသားစုရဲ့ လျှို့ဝှက်ကျင့်စဉ်
Vol. 1 Ch. 14
ထိုအချိန်မှာပဲ ချန်းဖန်ကတော့ ဝေ့မိသားစုဂေဟာသို့ သွားသည့် လမ်းပေါ်တွင်ဖြစ်သည်။ ဒီတခါတော့ ရှောင်ချီက range rover ကို မောင်းမလာပေ။ အဲ့ဒီ့အစား range rover ထက်ပို၍ ဈေးပေါသော Audi A6ကို မောင်းလာသည်။
သို့သော် Audi A6 ၏ ကား နံပါတ်ပြားတွင်ပင် ဖုန်တစ်စက်မှ မရှိအောင် သုတ်စင်ထားပြီး ကားအတွင်းပိုင်းကိုလည်း အသစ်စက်စက် အတိုင်း ဖြစ်အောင် ထိန်းသိမ်းထားသည်ကို ကြည့်ခြင်းဖြင့် အဘိုးဝေ့က range rover ထက် Audi A6 အား ပိုသဘောကျကြောင်း သိနိုင်သည်။
ရှောင်ချီက နောက်ကြည့်မှန်မှတဆင့် ချန်းဖန်အားကြည့်ရင်း ပြောလိုက်သည်။
"ကျွန်တော့်အထင် ဆရာချန်းလည်း ကျွန်တော့်သူဌေးက ဘယ်လိုလူမျိုးလဲဆိုတာ နည်းနည်းခန့်မှန်းမိပြီလို့ ထင်ပါတယ်"
ချန်းဖန်လည်း ခေါင်းညိတ်ပြလိုက်သည်။
နောက်ဆုံးတော့ ထိုအဘိုးကြီးက ဘယ်သူဆိုတာကို သူမှတ်မိပြီ ဖြစ်သည်။
"ဝေ့ဖူ"
အဘိုးဝေ့ကား ချူကျိုးမြို့၏ ကျော်ကြားသော လူများထဲမှ တစ်ယောက်ဖြစ်ကာ နောက်ပိုင်း၌ ထိုနာမည်က တရုတ်တစ်ပြည်လုံးတွင်ပါ ကျော်ကြားလာခဲ့ပြီး ဝေ့မိသားစုကလည်း ပိုမို အင်အားကြီးလာလိမ့်မည် ဖြစ်သည်။ ထိုနာမည်အား ပထမဆုံးကြားစဉ်က ချန်းဖန် ရင်းနှီးသလို ခံစားနေရသည်မှာ မထူးဆန်းတော့ပေ။
ချူကျိုးမြို့က ဟူတုန်းနယ်၏ မြောက်ပိုင်းတွင် တည်ရှိပြီး စီးပွားရေး အချက်အချာမြို့ တစ်ခု ဖြစ်သည်။
ကောလာဟလများ အရ ဆိုလျှင် ဝေ့ဖူက အလွန်လျှို့ဝှက်ဆန်းကြယ်လှသော မိသားစုကြီးတစ်ခုမှ ခွဲထွက်လာခြင်း ဖြစ်ပြီး ငယ်ရွယ်စဉ်ကပင် စီးပွားရေးလုပ်ငန်း တစ်ခုကို စတင်ခဲ့ကာ နှစ်၇၀အတွင်း တမြို့လုံး၏ အချမ်းသာဆုံး ဖြစ်လာခဲ့သည်။
၁၉၈၀ လောက်ကပင် စတင် အောင်မြင်ခဲ့သော လုပ်ငန်းများက နောက်ပိုင်း၌ ပိုမို တွင်ကျယ်လာပြီး အဘိုးဝေ့၏ အစစ်အမှန် ပိုင်ဆိုင်မှုအား ဘယ်သူကမှ မခန့်မှန်းနိုင်ကြပေ။
ကျိုးထျန်ဟောက်က ရှောင်ချီ့ကို မြင်လိုက်ရစဉ် ကြောက်လန့်သွားတာ မထူးဆန်းတော့ပေ။ ကြည့်ရတာ ကျိုးထျန်ဟောက်ကလည်း ဝေ့မိသားစုနှင့် ပတ်သက်မှု တစ်ခုတော့ ရှိရပေမည်။ သို့သော် ဝေ့မိသားစုက ကျိုးထျန်ဟောက်လို မြို့လူမိုက်တစ်ဦးနှင့် မည်သို့မည်ပုံ ပတ်သက်သည်ကို ချန်းဖန်က မတွေးတတ်ပေ။ ချန်းဖန်က မျက်မှောင်ကြုတ်မိသည်။ ရှောင်ချီက သတိပြုမိသွားပုံ ရကာ ရှင်းပြလာသည်။
"အဖိုးဝေ့မှာက သားသုံးယောက်နဲ့ သမီးနှစ်ယောက် ရှိတယ်လေ အကြီးဆုံးသားက စီးပွားရေးလောကမှာ အရမ်း အောင်မြင်တယ် သားအလတ်ကလည်း မဆိုးပါဘူး ဒါပေမဲ့ အငယ်ဆုံး သားကတော့ အပျင်းက ထူတဲ့ အပြင် အသုံးကလည်း မကျဘူးလေ သူက စီးပွားရေးလုပ်ငန်း တစ်ခုလုပ်ခဲ့ပေမဲ့ အဆင်မပြေခဲ့ဘူး တော်သေးတာက ဝေ့မိသားရဲ့ အဆက်အသွယ်တွေနဲ့ နောက်ဆုံးတော့ အဆင်ပြေသွားတယ် ကျိုးထျန်ဟောက်က အငယ်ဆုံးသားအတွက် အလုပ် လုပ်ပေးနေတဲ့ သူတွေထဲက တစ်ယောက်ပဲ"
ရှောင်ချီ့လို အပြင်လူတစ်ယောက်ကပင် တတိယသားအပေါ် အမြင်မကြည်သည်ကို ကြည့်ခြင်းအားဖြင့် အဘိုးဝေ့နှင့် တတိယသား၏ ဆက်ဆံရေးမှာလည်း မကောင်းလောက်ကြောင်း ချန်းဖန် ခန့်မှန်းမိသည်။
ကားလေးက ရေကန်ပတ်လမ်းတလျှောက် မောင်းလာပြီး ယွင်ဝူတောင်ဆီသို့ ရောက်ရှိလာသည်။ ရှောင်ချီက အစိမ်းရောင် အုပ်ကြွပ်ပြားများ မိုးထားသော အဆာက်အဦးကြီး တစ်ခုရှေ့တွင် ကားကို ရပ်လိုက်သည်။ ရှောင်ချီက ကားကို ပါကင်ထိုးလိုက်ပြီး ချန်းဖန်ကို ရှင်းပြသည်။
"အဖိုးဝေ့မှာက ကျန်းမာရေး ပြဿနာတွေ အများကြီး ရှိနေတော့ အထွေအထူး ကစ္စမရှိရင် ပြန်လည်ထူထောင်ရေး စင်တာမှာပဲ နေတယ်လေ"
နှစ်ယောက်သား ဝင်ပေါက်ကနေ အဆောက်အဦးထဲသို့ ဝင်လာကြတော့ ဟောခန်းကြီးတစ်ခုလုံးက တိတ်ဆိတ်လျက်ရှိပြီး များစွာသော အဘိုး၊ အဘွားများအား သူနာပြုများနှင့် တွဲလျက်တွေ့ရသည်။ အဘိုး၊ အဘွားများက အနည်းဆုံး အသက်၇၀၊၈၀ ခန့်ရှိကြပြီး သူတို့၏ ကျန်ရှိနေသော ဘဝတလျှောက်လုံးအား ပြန်လည်ထူထောင်ရေးစင်တာတွင်သာ ငြိမ်းငြိမ်းချမ်းချမ်း ကုန်ဆုံးကြမည့်ဟန် ရှိသည်။
"ဒီနေရာက တကယ် ထိပ်တန်းပဲ ပြန်လည်ထူထောင်ဖို့အတွက် နေရာကောင်းပဲ"
ချန်းဖန်က အခိုင်အမာ ပြောလိုက်သည်။ ဤအဆောက်အဦးကို ဒီဇိုင်းဆွဲသူကား အလွန် အမြော်အမြင်ရှိပြီး အနုပညာအမြင်ရှိရာ သူက အမှန်ပင် လေးစားမိသည်။
နောက်ဆုံးတွင် ချန်းဖန်က အဘိုးဝေ့ဆီသို့ ရောက်ရှိလာသည်။ အဘိုးဝေ့က ရှေးခေတ်တရုတ်စာ အရေးအသားအား လက်ရေးလှ ကျင့်နေပြီး ကျီချင်းက ဘေးနားတွင် ရပ်လျက် မင်သွေးပေးနေသည်။
ချန်းဖန် အကဲခတ် ကြည့်လိုက်တော့ အဘိုးဝေ့၏ လက်ရေးလှ အရေးအသားမှာ မဆိုးလှကြောင်း သတိထားမိသည်။ အနည်းဆုံး အဘိုးဝေ့က ဆယ်စုနှစ် တစ်ခုစာလောက် လေ့ကျင့်ထားခဲ့သည်မှာ သေချာသည်။
"ကြည့်ရတာ ဆရာချန်းကလည်း လက်ရေးလှ ပညာကို လေ့လာထားတယ်နဲ့ တူတယ်"
အဘိုးဝေ့က စုတ်တံအား ဘေးသို့ချလိုက်ပြီး နွေးထွေးသော အပြုံးတစ်ခုနှင့် ချန်းဖန်အား မေးလာသည်။
အဘိုးဝေ့က ခပ်ပွပွ တီရှပ်တထည်နှင့် ထိုက်ချိပညာရှင်များ ဝတ်လေ့ရှိသော ဘောင်းဘီရှညိကို ဝတ်ဆင်ထားပြီး ရိုးရာဝတ်စုံကို ဝတ်ထားသည်ထက် ပို၍ လွတ်လပ်ပေါ့ပါးနေဟန် ရသည်။
"ကျွန်တော်က လက်ရေးလှပညာမှာတော့ တကယ်ကို မတော်တာပါ"
ချန်းဖန်က အမှန်ကို ပြောခြင်းဖြစ်သည်။ အတိတ်ဘဝတည်းက ချန်းဖန်သည် လက်ရေးလှ၊ပန်းချီ၊ ဂီတ စသည့်နယ်ပယ်များတွင် စိတ်ဝင်စားမှုအလျဉ်း မရှိသလို ပါရမီလည်း မပါခဲ့ပေ။
"ဆရာချန်း ရှင်က ဒီနေ့ ကျွန်မဖိုးဖိုးကို ကုပေးမလို့ လာခဲ့တာမလား ဘာလို့ ဘာပစ္စည်းမှ ယူမလာခဲ့တာလဲ တကယ်လို့ ရှင်က အပ်စိုက်ကုထုံးနဲ့ ကုမယ်ဆိုလည်း အပ်တို့ ဘာတို့တော့ ယူလာခဲ့ရမှာ မဟုတ်ဘူးလား"
ဝေ့ကျီချင်းက ကြွပ်ဆတ်ဆတ်နှင့် ဝင်ပြောလာသည်။
သူမက ပုံမှန် ထသွားထလာ ပုံစံမျိုး ဝတ်ထားပြီး အဖြူရောင် တီရှပ်လေးနှင့် ဘောင်းဘီတိုလေးက သူမအား အရင်နေ့ကပုံစံထက် မိန်းမပိုဆန်သွားစေသည်။
ချန်းဖန်က ခေါင်းယမ်းလိုက်ရင်း ..။
"ကျွန်တော့်ရဲ့ ကုထုံးအတွက်က ဘာအပ်မှ မလိုပါဘူး "
"ဒီမှာ တချက်ကြည့်ကြည့်ပါဦး"
ချန်းဖန်က အဘိုးဝေ့အား စာအုပ်တစ်အုပ် ကမ်းပေးလိုက်သည်။ စာအုပ်အဖုံးတွင် ရေးထားသည်က ..။
"ဝေ့မိသားစု လျှို့ဝှက်ကျင့်စဉ်"
ထိုအရာကား တခြားမဟုတ်။ အဘိုးဝေ့၏အတွင်းအားလှိုင်းများအကြောင်း သေချာ လေ့လာကြည့်ပြီးနောက် ချန်းဖန် ကိုယ်တိုင် တီထွင်ထားသော ကျင့်စဉ်တစ်ခု ဖြစ်သည်။ ချန်းဖန်က ဘာအမည် ပေးရမည်ကို မသိသောကြောင့် အဆင်ပြေလောက်မည့် နာမည်ကိုသာ ရွေးချယ်၍ ပေးထားခြင်း ဖြစ်သည်။
"ဒါက ဘာများလဲ"
ဝေ့ဖူက စာအုပ်ကို လက်ခံလိုက်ပြီး ဂရုတစိုက် ဖတ်ကြည့်လိုက်သည်။ အစပိုင်းတွင် သူက တွေဝေနေရာမှ တဖြည်းဖြည်း မယုံကြည်နိုင် ဖြစ်နေသော အမူအယာသို့ ပြောင်းလဲသွားသည်။
"ဘာဖြစ်လို့လဲ ဖိုးဖိုး"
ကျီချင်းက မေးလိုက်သည်။
ဝေ့ဖူက နောက်ဆုံးစာမျက်နှာအထိ ဖတ်ပြီးသည့်နောက် မျက်လုံးများကို မှိတ်လိုက်ပြီး တစ်ခုခုကို အလေးအနက် စဉ်းစား ဆင်ခြင်နေဟန် ရသည်။ ခဏနေမှ မျက်လုံး ဖွင့်လာပြီး သက်ပြင်းချလိုက်သည်။
ထို့နောက် သူက ချန်းဖန်ဘက်သို့လှည့်ကာ အလေးအနက် အရိုအသေ ပြုလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာချန်း ဒီနေ့ လုပ်ပေးခဲ့တဲ့အရာကို အဖိုးတစ်သက် မမေ့ပါဘူး"
"ဒါက ဘာမှမဟုတ်ပါဘူး ကံကြမ္မာက အဖိုးနဲ့ ကျွန်တော့်ကို ဆုံစည်းစေမှတော့ ကျွန်တောကလည်း အဖိုး ဝေဒနာ ခံစားနေရတာကို လက်ပိုက်ပြီး ရပ်ကြည့်မနေနိုင်ဘူးလေ"
ချန်းဖန်က ပြောလိုက်သည်။
"ဖိုးဖိုးက ဘာဖြစ်လို့သူ့ကို အရိုအသေ ပေးနေတာလဲ သူက ဘာတွေ လုပ်ပေးလို့လဲ"
ကျီချင်းက သူမအဖိုးအား ပြန်မတ်စေရန် ကူညီပေးလိုက်ပြီး ချန်းဖန်အား မျက်စောင်းထိုးလိုက်သည်။ သက်ကြီးရွယ်အို တစ်ယောက်က ကိုယ့်အား ဂါဝရ ပြုနေသည်ကို အရှက်မဲ့စွာ ခံယူရဲသော ချန်းဖန်အား အပြစ် တင်ချင်နေပုံပင်။ ချန်းဖန်ကတော့ ပြုံးရုံသာ ပြုံးနေလိုက်သည်။
"ဆရာချန်း ကျီချင်းကို အဖိုးအစား ဘာလို့ ရှင်းမပြလိုက်တာလဲ"
အဘိုးဝေ့က အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
ချန်းဖန်လည်း ခေါင်းညိတ်လိုက်ပြီး ရှင်းပြလိုက်သည်။
"အဖိုးဝေ့ရဲ့ ဒဏ်ရာ ပြင်းထန်သွားရတာမှာ အကြောင်းအရင်း နှစ်ခုရှိတယ် ပထမတစ်ခုက သူငယ်ငယ်တုန်းက ရခဲ့တဲ့ ဒဏ်ရာကြောင့် ဒုတိယတစ်ခုကတော့ သူကျင့်တဲ့ အတွင်းအားကျင့်စဉ်မှာ တချို့ အမှားလေးတွေ ပါနေလို့ပဲ အဲ့ဒီ့အမှားလေးတွေက အဖိုးဝေ့ အတွင်းအားလှိုင်းတွေကို ထုတ်ဖော်လိုက်တိုင်း သူရဲ့အဆုတ်တွေကို နည်းနည်းချင်းစီ ထိခိုက်စေတယ် အချိန်တွေ ကြာလာတာနဲ့အမျှ အရင်တည်းက ဒဏ်ရာရပြီးသား ဖြစ်နေတဲ့ အဆုတ်တွေက အကြီးအကျယ် ထိခိုက်သွားပြီး ကုလို့မရတော့တဲ့အထိ ဖြစ်သွားတော့တာပဲ"
"ရှင်ပြောသလိုသာဆိုရင် ကျွန်မရဲ့ အဆုတ်တွေကလည်း ထိခိုက်နေပြီပေါ့"
ကျီချင်းက မေးလိုက်သည်။
"သီအိုရီ အရဆိုရင်တော့ ဟုတ်တယ် ဒါပေမဲ့ မင်းက လူငယ်လည်း ဖြစ်တဲ့အပြင် ဒဏ်ရာရဖူးတာလည်း မရှိဘူးဆိုတော့ အများကြီးတော့ ထိခိုက်မယ် မထင်ဘူး"
ချန်းဖန်က ပခုံးတွန့်ရင်း ပြန်ပြောလိုက်သည်။
အဘိုးဝေ့ကလည်း ခေါင်းညိတ်သည်။
"တချိန်တုန်းက အဖိုးရဲ့ မိဘတွေကလည်း အဖိုးကို သတိပေးပါတယ် မိသားစု အတွင်းအားကျင့်စဉ်ကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကိုပေါ့ ဒါပေမဲ့ အဲ့တုန်းက အဖိုးမှာလည်း ရွေးချယ်စရာ မရှိခဲ့ဘူး အဲ့ဒါကြောင့် ဒီကျင့်စဉ်ကို အဖိုးရဲ့ ဘယ်သားသမီးကိုမှ လက်ဆင့်ကမ်း သင်မပေးခဲ့ဘူး ကျီချင်းကသာ ဒါကိုသင်ဖို့ အရမ်း စိတ်အားထက်သန် မနေခဲ့ဘူးဆိုရင် အဖိုးက ဒီကျင့်စဉ်ကို အဖိုးနဲ့အတူ မြေမြှပ်ပစ်လိုက်ဖို့ ဆုံးဖြတ်ထားခဲ့တာ"
"အခု ဒီစာအုပ်ကရော ဘာလဲ"
ကျီချင်းကမေးသည်။
"အဲ့ဒါက ဝေ့မိသားစု ကျင့်စဉ်ကို ပြန်လည်ပြုပြင်ထားတဲ့ ကျင့်စဉ်အသစ်ပါ အခု ဒီကျင့်စဉ်အသစ်က ဘာအန္တရာယ်မှ မရှိတော့ဘူး"
ချန်းဖန်က ပြောလိုက်သည်။
"အန္တရာယ်မရှိတော့ရုံတင် ဘယ်ဟုတ်ပါ့မလဲ အရင်ကထက်တောင် ပိုပြီး အစွမ်းထက်လာသေးတယ် ဆရာချန်းရဲ့ သိုင်းပညာအပေါ် ထိုးထွင်း နားလည်မှုတွေကို ကျွန်တော် တကယ်ပဲ လေးစားမိပါတယ်"
အဘိုးဝေ့က စိတ်လှုပ်ရှားစွာ ပြောသည်။ ဝေ့မိသားစုဝင်များက နှစ်ရာပေါင်းများစွာ ထိုကျင့်စဉ်အား ပြုပြင်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့။ တစ်ဖက်တွင်တော့ ချန်းဖန်က ရက်အနည်းငယ်လောက် လေ့လာခဲ့ရုံနှင့် ကျင့်စဉ်အား အန္တရာယ်မရှိတော့အောင်သာမက ပိုမို အစွမ်းထက်လာအောင်ပင် ပြုပြင်နိုင်ခဲ့သည်။
"ဖိုးဖိုးကသူ့ကို ဝေ့မိသားစုကျင့်စဉ် အကြောင်း ပြောပြခဲ့တာလည်း မတွေ့ပါဘူး ဝေ့မိသားစု ကျင့်စဉ်အကြောင်း ဘာမှ မသိဘဲနဲ့ သူက ဘယ်လို ပြုပြင်နိုင်ရတာလဲ"
ကျီချင်းက တွေးဆဆနှင့် ပြောလာသည်။
"ဒါကိုက သမီးနဲ့ ပညာရှင်တွေကြားက ကွာခြားချက်ပဲလေ "
အဘိုးဝေ့က လေးစားစွာနှင့် ပြောလာသည်။
"စစ်မှန်တဲ့ ပညာရှင် တစ်ယောက်ကသာလျှင် လူတစ်ယောက်ကို တစ်ချက်ကြည့်လိုက်ရုံနဲ့ အဲ့ဒီ့လူကျင့်တဲ့ ကျင့်စဉ်ရဲ့ အပြစ် အနာအဆာတွေကို မြင်နိုင်ကြပြီး အဲ့ဒီ့လူတွေက ကိုယ်ပိုင်သင်တန်းကျောင်းတွေ၊ ကိုယ်ပိုင်ကျင့်စဉ်တွေ တီထွင်နိုင်တဲ့အထိ အစွမ်းထက်ကြတယ်လေ"
ချန်းဖန်က ကပျာကယာ ဝင်ပြောလိုက်သည်။
"ကျွန်တော်က ဘုန်းကြီးတစ်ပါးပါ သိုင်းပညာရှင် တစ်ယောက် မဟုတ်ပါဘူး"
"ဆရာချန်းက ပညာရှင်တစ်ယောက် လုပ်နိုင်တဲ့ အရာကို အလွယ်တကူ လုပ်နိုင်မှတော့ ခေါင်းစဉ်လေးတစ်ခုက ဘာများကွာခြားတော့မှာလဲ"
အဘိုးဝေ့က ရယ်ရင်း ပြန်ပြောလိုက်သည်။
"သူ့ကို အဲ့လောက်ထိ အစွမ်းထက်မယ်လို့ မထင်ခဲ့ဘူး"
ချန်းဖန်ကို အနည်းငယ် အမြင်မကြည် ဖြစ်နေသော ကျီချင်းကပင် တွေးလိုက်မိသည်။ သူမက ထိုကောင်လေးအပေါ် တဖြည်းဖြည်း အမြင်များ ပြောင်းလဲလာပြီ ဖြစ်သည်။
ချန်းဖန်က ပြုံးရင်း ပြောလိုက်သည်။
"စကားမစပ် ဒါက အဆင့်နိမ့် ခွန်အားဖြည့် ဆေးလုံးပါ ဒီပုလင်းထဲမှာ ဆယ်လုံးပါတယ်"
အင်္ကျီအိတ်ထဲမှ ဖန်ပုလင်းတစ်လုံးအား ထုတ်ကာ ပေးလိုက်ရင်း ပြောလိုက်သည်။
"ဒီဆေးလုံးကို နှစ်ရက် တစ်ကြိမ် သောက်ပေးပါ ကျင့်စဉ်အသစ်ရဲ့ အကူအညီနဲ့ဆိုရင် အဖိုးရဲ့ ဒဏ်ရာက ရက် အနည်းငယ်အတွင်း ပြန်သက်သာလာပါလိမ့်မယ် ကျွန်တော့်မှာသာ ပိုက်ဆံ ပေါပေါများများရှိရင် ပိုပြီး အဆင့်မြင့်တဲ့ ခွန်အားဖြည့်ဆေးလုံးမျိုး ဖော်ပေးနိုင်ပါတယ် ဒီဆေးက အရမ်းအစွမ်းထက်တယ် လူ့သက်တမ်းကိုတောင် ဆွဲဆန့်ပေးနိုင်တယ် အဖိုးရဲ့ ဒဏ်ရာ လောက်ကတော့ မပြောပလောက်ပဘူး "
"တကယ်လား "
ဝေ့ကျီချင်းက ပုလင်းလေးအား ကမ္ဘာပေါ်တွင် တန်ဖိုးအရှိဆုံး ရတနာကဲ့သို့ ကိုင်တွယ်လိုက်သည်။ သို့သော် သူမက ချန်းဖန်အား ရန်စဖို့ မမေ့ပေ။
"ရှင် ကျွန်မတို့ကို ညာရောင်းနေတာတော့ မဟုတ်ပါဘူးနော်"
"ညာရောင်းတယ် ဆိုတော့လည်း ညာရောင်းတယ်ပေါ့"
ချန်းဖန်က ပခုံးတွန့်ပြရင်း ပြန်ပြောလိုက်သည်။
ဝေ့ကျီချင်းက နှုတ်ခမ်းဆူသွားသည်။ ဤအကောင်းကား မိန်းကလေးတွေကို ဘယ်လို ကျေနပ်အောင် စကားပြောရမယ်မှန်း တကယ်ကိုမသိပေ။
"ညာရောင်းတယ်တယ်လို့တော့ မထင်ပါဘူး ဒီလိုလုပ်ပါလား ဒီဆေးအတွက် လိုအပ်တဲ့ ပစ္စည်းစာရင်းကို ရေးပေးခဲ့လေ အဖိုးတို့ ရှာပြီး ဝယ်ထားပေးလို့ရပါတယ်"
အဘိုးဝေ့က ဝင်ပြောလိုက်သည်။
"ဒါပေါ့ ပစ္စည်းစာရင်းက ပေးခဲ့လို့ရပါတယ် ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာ ကျွန်တော်ကလွဲပြီး ဘယ်သူမှ ဒီဆေးကို ဘယ်လို ဖော်ရမှန်း သိမှာမဟုတ်ဘူး"
ချန်းဖန်က ကြိုတင် ပြောထားလိုက်သည်။
ထို့နောက် သူက စာရွက်လွတ် တစ်ခုပေါ်တွင် ပါဝင် ပစ္စည်းစာရင်းကို ချရေးပေးလိုက်သည်။
ပိုမိုအဆင့်မြင့်သော ခွန်အားဖြည့်ဆေးလုံးကို ဖော်စပ်ရာတွင် အဆင့်မြင့် ကျင့်ကြံသူများသာ နားလည်နိုင်သော ပညာရပ်တစ်ခုကို အသုံးပြုရန် လိုအပ်ပြီး ထိုသို့မဟုတ်ပါက မည်မျှဈေးကြီးသော ဆေးမြစ်များ ဖြစ်ပါစေ ဆေးဖော်စပ်နိုင်မည်မဟုတ်ပေ။
အဘိုးဝေ့က ပစ္စည်းစာရင်းကို တစ်ချက်ကြည့်လိုက်တော့ တချို့ဆေးမြစ်များက ရှားပါးရုံသာမက နှစ်ရာချီသက်တမ်း ရှိရန်လည်း လိုအပ်သေးသည်။ ဝေ့မိသားစုလို မိသားစုကြီးတစ်ခု အတွက်ပင် ထိုဆေးမြစ်များကို ရှာဖွေရန် အချိန်တစ်ခု လိုအပ်ပေသည်။ အဘိုးဝေ့က စာရွက်အား ရှောင်ချီ့ထံ ကမ်းပေးလိုက်သည်။ ဆေးမြစ်ရှာရန် တာဝန်အား ရှောင်ချီ့ထံ လွှဲလိုက်ခြင်း ဖြစ်သည်။
" ကျွန်တော့်တာဝန်ကတော့ ပြီးပြီ အခု တချို့ကိစ္စလေးတွေ အဖိုးကို မေးချင်တာရှိတယ် ဒီကမ္ဘာက သိုင်းပညာရှင်တွေ အကြောင်းကို ကျွန်တော် သိချင်တယ်"
ချန်းဖန်က ပြောလိုက်သည်။
အဘိုးဝေ့ကလည်း ခေါင်းညိတ်ရင်း ပြန်ပြောလိုက်သည်။
"ဒီလို မေးလာမယ်မှန်း အဖိုးလည်း မျှော်လင့်ထားပါတယ်"
***