← Chapters

တူညီတဲ့ အကြောင်းအရာကို ဘယ်တော့မှ နှစ်ကြိမ် ပြန်မပြောဘူး

Vol. 1 Ch. 27

တူညီတဲ့ အကြောင်းအရာကို ဘယ်တော့မှ နှစ်ကြိမ် ပြန်မပြောဘူး

Vol. 1 Ch. 27

ရှုယုံဖေးက လူတွေအများကြီး ကြားထဲတွင် သူမ ဘာလုပ်မိသွားသည်ကို နားလည်သွားပြီး ထွက်ပြေးသွားတော့သည်။ သို့သော် များပြားလှသော လူအုပ်ကြီးက ချန်းဖန်နှင့် နတ်ဘုရားမလေး ကြားရှိ သာမန်ထက် ထူးခြားသော ရင်းနှီးမှုကြီးအား မျက်မြင်သက်သေ အဖြစ် ရှိနေသေးသည်။ စီယင်းရှာ၏ မျက်နှာက ဒေါသကြောင့် နီရဲလာသည်။

စီယင်းရှာနှင့် ရှုယုံဖေး၏ ဖျော်ဖြေမှုက ပြီးကာစ ဖြစ်‌သောကြောင့် အားလုံးက ထိုနှစ်ယောက်အား အာရုံစိုက်နေကြချိန်တွင် နတ်ဘုရားမလေး ရှုယုံဖေးက စီယင်းရှာမဟုတ်သော တခြား ယောက်ျား တစ်ယောက်အား ပြေးဖက်လိုက်ခြင်းက မရေမတွက်နိုင်သော စီနီယာ ကျောင်းသားများနှင့် ဂျူနီယာ ကျောင်းသားများအား ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။

သတင်းက လျင်မြန်စွာပဲ ပျံ့နှံ့သွားပြီး နောက်တစ်နေ့တွင် တစ်ကျောင်းလုံး၌ ထိုအကြောင်းအား မသိသူ မရှိတော့ပေ။

"ရှုယုံဖေးက ကျောင်းသားသစ်နဲ့ ကြိုက်နေတယ် ရှုယုံဖေးကိုယ်တိုင် ကျောင်းသားသစ်ကို ပြေးဖက်လိုက်တယ် ဟုတ်လား"

လီရီချန်းက ကြားရသော သတင်းကြောင့် အလွန်အံ့ဩသွားသည်။ သူက ကျန်းချူယန်အား လိုက်နေသူဖြစ်ရာ ကျန်းချူယန်၏ အခင်ဆုံးသူငယ်ချင်းများထဲမှ တစ်ယောက်ဖြစ်သော ရှုယုံဖေးအကြောင်း ကောင်းကောင်းသိသည်။ ရှုယုံဖေးက အလွန်အနေတည်ပြီး ချူမင်ဟွေ့နှင့် စီယင်းရှာကိုပင် ဂရုမစိုက်သူ ဖြစ်သည်။ သူမလိုလူက သာမန်ကျောင်းသားသစ်လေးကို ကြိုက်တယ်တဲ့လား။

"အမှန်ပဲ ကျောင်းသားသစ် ဆိုတာက ငါတို့ ဘားမှာ တွေ့ခဲ့တဲ့ တစ်ယောက်လေ"

လုံရှောင်ရှောင်က အပြုံးတစ်ခုနှင့် ပြောလိုက်သည်။

"မင်းသမီးလေး ရှုယုံဖေးက ယောက်ျားတိုင်းကို သူနဲ့ မတန်သလို ဆက်ဆံတယ် နောက်ဆုံးတော့ ဘားမှာ အလုပ်လုပ်တဲ့ ကောင်လေးတစ်ယောက်နဲ့ ကြိုက်သွားတယ် ဒါတကယ် ဆန်းကြယ်တာပ‌ဲ"

လီရီချန်းက မျက်မှောင်ကြုတ်မိသည်။ ထိုနေ့ညက ချန်းဖန်ကို ကြည့်သော ကျန်းချူယန်၏ အကြည့်များကို သူက မှတ်မိနေဆဲ ဖြစ်သည်။ နင့်နင့်နဲနဲနှင့် အဓိပ္ပာယ်များစွာ ပါဝင်သော အကြည့်မျိုးဖြစ်သည်။

လုံရှောင်ရှောင်က မျက်လုံးလှန်လိုက်ရင်း မေးသည်။

"နင်ဘာလို့ ချူမင်ဟွေ့ကို အဲ့အကြောင်း မပြောပြသေးတာလဲ ရှုယုံဖေးက သူ့ရဲ့ အနာဂတ် လှလှလေးကို ဘယ်လို ဆက် ဖျက်ဆီးမလဲဆိုတာ အရမ်းသိချင်နေပြီ"

လုံရှောင်ရှောင်က အနုပညာဌာန ခေါင်းဆောင်ဖြစ်ပြီး ဟိုးအရင်ကတည်းက ရှုယုံဖေးနှင့် ဆက်ဆံရေး မကောင်းပေ။

"ဟင်း .."

လီရီချန်းက သက်ပြင်းချလိုက်သည်။

လီရီချန်း‌ တွေဝေနေသည်ကို မြင်တော့ လုံရှောင်ရှောင်က ဆက်ပြီး ဖိအား မပေးရက်တော့ပေ။ သူမက စကားလမ်းကြောင်း လွှဲရန် ကြိုးစားလိုက်ပြီး ကျောင်းသား သမဂ္ဂ အကြောင်း ပြောလိုက်သည်။

ထိုနေ့ ချန်းဖန် ကျောင်းသို့ ရောက်တော့ အတန်းထဲသို့ ဝင်ဝင်ချင်းမှာပဲ ထူးထူးဆန်းဆန်း အကြည့်မျိုးစုံနှင့် ရင်ဆိုင်လိုက်ရသည်။

ကျောင်းသား အများစုက အားကစား ခန်းမအတွင်း ချန်းဖန် အစွမ်းပြခဲ့ခြင်း အပေါ် အရမ်းကြီး အလေးမထားကြသော်လည်း မနေ့ညက ကိစ္စကတော့ ကွဲပြားပေသည်။ ကျောင်း၏ နတ်ဘုရားမလေးများထဲမှ တစ်ယောက်က ချန်းဖန်အား ပြေးဖက်ခဲ့ခြင်းပင်။ သောက်ကျိုးနည်းမှု‌ကြီးတွေက ဆက်တိုက်ဖြစ်ပြီးနောက် စိတ်မှန်သော ဘယ်တစ်ယောက်ကမှ ချန်းဖန်အား သာမန် ကျောင်းသားသစ်လေးလို့ မထင်တော့ပေ။

"တကယ်လို့ ငါက ရှုယုံဖေးကို ကျောင်းပွဲတော်မတိုင်ခင် တခါပဲ တွေ့ဖူးတယ်လို့ပြောရင် မင်းယုံမှာလား"

ချန်းဖန်က ကျန်းထန်ချိုးအား ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်သည်။

"သေချာပေါက် မယုံဘူးပေါ့"

ကျန်းထန်ချိုးက အံကြိတ်ရင်း ပြန်ဖြေသည်။

"ဒါပေမဲ့ မင်းက စီယင်းရှာကို စိတ်ပျက်သွားအောင် လုပ်နိုင်ခဲ့တယ်ဆိုတော့ သဘောကောင်းတဲ့ ငါကပဲ ဒီတခါ ခွင့်လွှတ်ပေးလိုက်မယ်"

ရုတ်တရက် ကျန်းထန်ချိုး၏ မျက်နှာက စပ်ဖြီးဖြီး ဖြစ်သွားပြီး အားရဝမ်းသာ အော်ရယ်လိုက်သည်။

"အဲ့အချိန်တုန်းက စီယင်းရှာ မျက်နှာကြီး ဘယ်လို ဖြစ်သွားလဲ မင်းမြင်လိုက်လား ရူးမလိုတောင် ဖြစ်သွားပြီး ကြမ်းပြင်နှင့် ခြေထောက်ကို ကော်ကပ်ထားသလား ထင်ရအောင် ဆယ်မိနစ်လောက် ရပ်နေတာလေ သူ့သူငယ်ချင်းတွေ အတင်း ဆွဲခေါ်ထုတ်သွားရတယ် စကားမစပ် ငါမင်းကို စိတ်ပါလက်ပါကို ထောက်ခံတယ် သိလား မင်းတို့ နှစ်ယောက် မြန်မြန်လေး တရားဝင် တွဲကြတော့ကွာ စီယင်းရှာရဲ့ အီးမှန်ထားတဲ့ မျက်နှာကြီးကို ငါထပ်မြင်ချင်သေးတယ် ဟား .. ဟား .. "

ကျန်းထန်ချိုးနှင့် စီယင်းရှာကြားထဲ အတိတ်က မကျေနပ်ခြင်းတချို့ ရှိလိမ့်မည်မှာ သေချာသလောက်ပင်။ ချန်းဖန် ခေါင်းသာ ယမ်းလိုက်မိသည်။

သူနှင့် ရှုယုံဖေးကြားထဲ တကယ်ကို ဘာမှ မရှိပေ။ ရှုယုံဖေးက သူ့ကို ရုတ်တရက် မြင်လိုက်ရ၍ သတိလက်လွတ် ဖြစ်သွားပြီး ပြေးဖက်မိခြင်းဟု သူက ထင်သည်။ သို့သော်လည်း အခုအချိန်တွင် သူဘာပဲပြောပြော ဘယ်သူကမှ ယုံမည်မဟုတ်ပေ။

'ရှောင်ချုံးက ငါ့ကို စောင့်နေတယ် ဘယ်လိုလုပ်ပြီး ငါက တခြားမိန်းကလေးတွေနဲ့ အချိန် ဖြုန်းနိုင်မှာလဲ'

ချန်းဖန်က တွေးလိုက်မိသည်။

အတန်းချိန်အတွင်း ချန်းဖန်၏ စိတ်အခြေအနေက သိပ်မကောင်းလှ။ စီယင်းရှာကလည်း ခဏပြီးခဏ မသိမသာ လှမ်း,လှမ်းကြည့်သည်။ စာသင်ချိန် တစ်ချိန်နှင့်တစ်ချိန် အကူးအပြောင်း နားချိန်များ၌ မရေမတွက်နိုင်သော ကျောင်းသားများက တန်းခွဲကိုး၏ ပြတင်းပေါက်နားသို့ ရစ်သီရစ်သီ ရောက်လာကြပြီး ရှုယုံဖေး ပြေးဖက်ခဲ့သည်ဟူသော ကျောင်းသားသစ်အား မြင်ဖူးလို၍ လာ,လာ ချောင်းကြည့်နေကြသည်။

ချန်းဖန်လည်း အလွန်အမင်း စိတ်ရှုပ်လို့နေပြီး နောက်ဆုံးအတန်းချိန် ပြီးသည်နှင့် စာအုပ်များ သိမ်းလိုက်ကာ ကျောင်းဆင်းရန် ပြင်လိုက်သည်။

ချန်းဖန် စာအုပ်တွေ သိမ်းနေသည်ကို မြင်တော့ ချန်ဝမ်က အထင်သေးမှုများ ပြည့်နှက်နေသော အသံနှင့် ပြောလိုက်သည်။

"ရှုယုံဖေးက မျက်လုံးများ ကန်းနေသလားလို့ သံသဃတောင် ဖြစ်မိတယ် ဒီလို ဘာအဆင့်မှ မရှိတဲ့ တောသားမျိုးကိုမှ ကြိုက်ရတယ်လို့"

ချန်ဝမ်က စီယင်းရှာကို လှမ်းကြည့်လိုက်သည်။ စီယင်းရှာမျက်နှာက အမူအယာမဲ့နေဆဲ ဖြစ်သော်လည်း လက်သီး တင်းတင်း ဆုပ်ထားသည်ကို မြင်တော့ သူမလည်းပဲ ထပ်တူ နာကျင်သွားရသည်။ စီယင်းရှာက မနေ့ညက ကိစ္စအား အခဲမကျေ ဖြစ်နေသေးသည်မှာ ထင်ရှားသည်။

"အမှန်ပဲ ရှုယုံဖေးက ယင်းရှာကိုတောင်မှ မကြိုက်ဘဲ ဒီလိုကောင်မျိုးကိုမှ စိတ်ဝင်စားရတယ်လို့"

ကျိရှင်းယွိကပါ ဝင်ပြောလာသည်။ ထို့နောက် သူက ချန်းဖန်အား ကြည့်ကာ လှောင်ရယ်လိုက်ပြီး..။

"မင်းရဲ့ ကောင်းမွန်တဲ့ နေ့ရက်လေးတွေက သိပ်မကျန်တော့ပါဘူး ချူမင်ဟွေ့က ရက်ပိုင်းအတွင်း ကျောင်းကို ပြန်လာလိမ့်မယ် သူက မင်းကို မနေ့ညက ကိစ္စနဲ့ ပတ်သက်ပြီး လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး"

ချူမင်ဟွေ့က သူ၏ ခြွင်းချက်မဲ့ ပါရမီနှင့် အရည်အချင်းကြောင့် အလယ်တန်းတွင် ကတည်းက အိုင်ဗွီ အထက်တန်းကျောင်း ဝင်ခွင့်အား ဝင်ခွင့်စာမေးပွဲ ဝင်မဖြေဘဲ ရရှိခဲ့သူ ဖြစ်သည်။ သူက စာသင်နှစ် တစ်နှစ်လုံး ကျောင်းတွင် မနေပေ။ စီယင်းရှာနှင့် ချူမင်ဟွေ့တို့ကဲ့သို့ ပါရမီရှင် ကျောင်းသားများအတွက် ကျောင်းခေါ်ချိန် ပြည့်၊ မပြည့်က ‌အရေးမပါလှ။ ရှုယုံဖေးအား လိုက်နေသူများထဲတွင် အသည်းအသန် အဖြစ်ဆုံးသော ချူမင်ဟွေ့က မနေ့ညက ကိစ္စကို ကြားပြီးနောက် ဘာမှ မဖြစ်သကဲ့သို့ ငြိမ်ထိုင်နေမည် မဟုတ်ပေ။

ချုမင်ဟွေ့၏ ဒေါသကို ရင်ဆိုင်ရတော့မည့် ချန်းဖန်အတွက် ကျောင်းသားများက စိတ်ထဲတွင် တိတ်တိတ်လေး အမွှေးတိုင် ထွန်းပေးမိကြသည်။ ချန်းဖန်၏ ရုတ်တရက် ကျော်ကြားလာမှုက ကျောင်းသားအများစုနှင့် နေသားမကျသေးရာ ချူမင်ဟွေ့က ချန်းဖန်အား သင်ခန်းစာပေးမည်ကို ကြည့်ရန် စိတ်အားထက်သန်နေကြသည်။

ထိုနေ့ အလုပ်၌ ချန်းဖန်က စားပွဲဝိုင်းတစ်ခုသို့ ရေကရား သွားချပေးပြီး ပြန်လာချိန်၌ ကျီချီက သူ့အား ပြောလာသည်။

"ဒုတိယထပ် စားပွဲနံပါတ်၃မှာ အလှလေးတစ်ယောက် နင့်ကို ရှာနေတယ်"

ကျီချီက ချန်းဖန်အား မျက်လုံးမှိတ်ပြလိုက်သေးသည်။

ချန်းဖန်လည်း မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိပြီး ဘုမသိ၊ ဘမသိနှင့် ဒုတိယထပ်သို့ တက်သွားလိုက်ရသည်။ ရင်းနှီးနေသော မိန်းကလေးတစ်ယောက်က ဒုတိယထပ် လှေကားလက်ရန်း ထိပ်၌ မှီ‌နေပြီး အောက်ထပ် စတိတ်စင်ပေါ်ကို လှမ်းငေးနေသည်။

စတိတ်စင်ပေါ်တွင်တော့ အမတင်းတင်းက နာမည်ကျော် အချစ်သီချင်း တစ်ပုဒ်အား သီဆိုနေပြီး သူမအသံ လွန်စွာ ဆွဲဆောင်မှု ရှိလှသည်။

"ဘာလို့ တစ်ယောက်ထဲ လာတာလဲ သူငယ်ချင်းတွေရော မပါဘူးလား"

ချန်းဖန်က မေးလိုက်သည်။

ကျန်းချူယန်က လှပသော မက်ဆီဂါဝန်ရှည် တစ်ထည်ကို ဝတ်ဆင်ထားပြီး သူမ၏ ရှိရင်းစွဲ အလှနှင့် ကျက်သရေရှိမှုကို အစွမ်းကုန် ပံ့ပိုးထားသကဲ့သို့ ရှိသည်။

ချန်းဖန်က ကျန်းချူယန်၏ အလှအား အမှန်ပင် အသိအမှတ်ပြုသော်လည်း မည်သို့သော လိုချင်တပ်မက်မှုမှ မဖြစ်ပေါ်ပေ။

"သူတို့ မပါဘူး "

ကျန်းချူယန်က တိုးညှင်းစွာ ပြောသည်။

"ငါတစ်ယောက်တည်း.. နင့်ဆီကို လာခဲ့တာ"

"ငါ့ဆီကို"

ချန်းဖန်လည်း ဖြစ်နိုင်ချေကို ခဏမျှ စဉ်းစားပြီး ပြန်မေးလိုက်သည်။

"အန်တီထန်က ဘာမှာလိုက်လို့လဲ"

"မမှာပါဘူး ငါက ယုံဖေးအကြောင်း ပြောချင်လို့ လာခဲ့တာ"

ကျန်းချူယန်က ဘေးတစောင်း အနေအထားနှင့် ရပ်နေရာမှ ချန်းဖန်နှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။

"ယုံဖေးနဲ့ ဝေးဝေးနေပေးစေချင်တယ် သူမက အရမ်းတော်ပြီး အလားအလာတွေ အများကြီး ရှိတဲ့သူ၊ သူမရဲ့ အနာဂတ်က ရန်ကျင်းအကယ်ဒမီလို နေရာမျိုးမှာ ရှိတာ၊ သူမက နင့်လို့ မဟုတ်ဘူးလေ၊ ကျေးဇူးပြုပြီး သူမရဲ့ဘဝကို နင်နဲ့အတူ နိမ့်ကျသွားအောင် ဆွဲချဖို့ မလုပ်ပါနဲ့လား"

ချန်းဖန်၏ မျက်နှာက တင်းမာသွားသည်။

"ဒီတော့ ငါ့ဆီကို လာခဲ့တာက သတိပေးဖို့ပေါ့"

"အမှန်ပဲ ငါနင့်ကို သတိပေးဖို့ လာခဲ့တာ"

ကျန်းချူယန်၏ အသံက ခိုင်မာနေပြီး သူမ၏ လှပသော မျက်လုံးလေးများက ချန်းဖန်အား မမှိတ်မသုန် စိုက်ကြည့်နေသည်။

"ဘားမှာ ပြဿနာဖြစ်ခဲ့တဲ့ ညက ငါတို့ကို ကူညီခဲ့တဲ့အတွက် တကယ် ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျေးဇူးပြုပြီး အဲ့ဒါကို အခွင့်အရေးယူဖို့ မလုပ်ပါနဲ့လား ယုံဖေးက ငယ်ငယ်တည်းက အမေရဲ့ အုပ်ချုပ်မှုအောက်မှာ နေခဲ့ရတော့ နင်က သူ့ရဲ့ ကျေးဇူးတင်မှုအပေါ် အခွင့်အရေးယူဖို့ ကြိုးစားနေမှန်း နားမလည်ဘူး ယုံဖေးက နင်မှန်းနိုင်တဲ့လူမျိုး မဟုတ်ဘူးလေ နင်လည်း သိမှာပါ နင့်အနေနဲ့ အများဆုံးမှ ဒုတိယတန်းစား တက္ကသိုလ်တစ်ခုပဲ တက်ခွင့်ရမှာ သူမကို နင်ဘယ်လိုမျိုး ထောက်ပံ့ပေးနိုင်မှာလဲ သူမကိုရော ပျော်ရွှင်အောင် ထားနိုင်မှာတဲ့လား"

ကျန်းချူယန်က သူ့အား သေမျိုးလောက၏ စံချိန်စံညွှန်းများနှင့် တိုင်းတာပြနေသည်ကို မြင်ရသောကြောင့် ချန်းဖန် ရယ်ချင်စိတ်အား မထိန်းချုပ်နိုင်တော့ပေ။

"ဘာလဲ ငါပြောတာ တစ်ခုခုများ အမှားပါသွားလို့လား"

ကျန်းချူယန်က ချန်းဖန်၏ တုံ့ပြန်မှုကြောင့် အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။

"ကျန်းချူယန် မင်းက ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား မင်း စကားပြောနေတဲ့သူက ဘယ်လိုလူ ဆိုတာကို မသိတဲ့ပုံပဲ"

ချန်းဖန်၏ အရှိန်အဝါက ရုတ်တရက် ပြောင်းလဲသွားသည်။ သာမန် လူသားတစ်ယောက်၏ အရှိန်အဝါမှ ကမ္ဘာပေါ်ရှိ အရာအားလုံးအား အထင်သေးစွာ ငုံ့ကြည့်နေသော ကျင့်ကြံသူတစ်ယောက် ဖြစ်သွားသက‌ဲ့သို့ပင်။

ချန်းဖန်က ကျန်းချူယန်၏ အမျိုးမျိုးသော ဒရာမာ ခင်းနေခြင်းကို စ်တ်မဝင်စားသော်လည်း ဘောင်တစ်ခုကို ကျော်လွန်ပြီး သူ့မာနအား ထိပါးလာခြင်းကိုတော့ သည်းခံမည့်သူမျိုး မဟုတ်ပေ။

ချန်းဖန်က စကားဆက်လိုက်သည်။ သို့သော် သူ့နှုတ်ခမ်းများက လုံးဝ လှုပ်ရှားမသွား။ တိုက်ရိုက် အသံ ပို့ဆောင်ခြင်း နည်းဖြင့် ကျန်းချူယန်၏ နားစည်သို့ သူပြောလိုသည်များကို ပို့လွှတ်လိုက်သည်။

"ငါမင်းကို ဒီလောက်ထိ သည်းခံပေးနေတာက မင်းရဲ့ အမေကြောင့်၊ မင်းက ငါ့အတွက် ပုရွတ်ဆိတ် တစ်ကောင်လောက်တောင် အရေးမပါဘူးဆိုတာ မှတ်ထားပါ၊ ရှုယုံဖေးနဲ့ ငါနဲ့ကြားမှာ ဘာတွေပဲဖြစ်လာလာ မင်းအလုပ် မဟုတ်ဘူး၊ ငါက အရေးမပါတဲ့ စကားတွေပြောပြီး အချိန်ဖြုန်းရတာကို အမုန်းဆုံးပဲ၊ ထပ်ပြောရရင် ငါက တူညီတဲ့ ‌အကြောင်းအရာကို ဘယ်တော့မှ နှစ်ကြိမ် ပြန်မပြောချင်ဘူး"

ထို့နောက်တွင် ချန်းဖန်က ရှော့်ရနေသော ကျန်းချူယန်အား ဂရုမစိုက်ဘဲ လှည့်ထွက်လာခဲ့တော့သည်။

ခဏအကြာတွင် ကျန်းချူယန် တစ်ယောက် သတိပြန်ဝင်လာသည်။ သူမက ချန်းဖန်၏ စကားများကြောင့် လွန်စွာ ဒေါသထွက်နေပြီး ချန်းဖန်တစ်ယောက် ပါးစပ်မလှုပ်ဘဲ စကားပြောခဲ့သည်ကို သတိမထားမိတော့။

"ချန်းဖန် လက်တွေ့ဘဝနဲ့ သာယာမှုကို မခွဲခြားနိုင် ဖြစ်နေတဲ့သူက နင်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး နင့်ယုံကြည်မှုတွေ ဘယ်ကလာသလဲ မသိပေမဲ့ ရှုယုံဖေးနဲ့ တွဲချင်ရင် ငါသေပြီးမှပဲ ရမယ်"

ပြတ်သားသော အရိပ်အယောင် တစ်ခုက ကျန်းချူယန်၏ မျက်ဝန်းများထဲ ဖြတ်ပြေးသွားသည်။

***

All Chapters