← Chapters

အခန်း (၁၀၄)

Vol. 8 Ch. 104

အခန်း (၁၀၄)

Vol. 8 Ch. 104

ပဋိဇီဝဆေးများ ပေါ်ထွက်လာခြင်းနှင့်အတူ ၎င်း၏ အံ့မခန်းစွမ်းအားဖြင့် လူသားတို့၏ ဆေးဘက်ဆိုင်ရာ စွမ်းဆောင်ရည်က သိသိသာသာ တိုးတက်လာခဲ့သည်။

အကြီးအကဲ အယ်လ်ဝင်း၏ သက်ရှိပဋိဇီဝဆေး ကုသမှုသည် ဤကပ်ရောဂါ ကုသရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ကုသမှု ကုန်ကျစရိတ် ၇၀% လျော့ကျခြင်းက ဘယ်လောက်အရေးပါနိုင်မှာလဲ။

သဘာဝဘုရားဝတ်ပြုသူ ဘုန်းတော်ကြီးအဖွဲ့နှင့် စစ်ဘုရားကျောင်းတို့သည် သူတို့၏ ယခင် ကုသရေး စွမ်းအားများဖြင့် တစ်နေ့လျှင် လူ ၃၀ မှ ၃၅ ဦးခန့်ကို ကုသပေးနိုင်ခဲ့သည်။ နှစ်ဖွဲ့ပေါင်းလျှင် လူ ၆၀ မှ ၇၀ ခန့်ကို ကုသပေးနိုင်သည်။

လူနာများကို အကြီးအကျယ် စတင်လက်ခံခဲ့သော ပထမနေ့တွင် သဘာဝဘုရားကျောင်းသို့ လူ ၅၂၈ ဦးကို လက်ခံခဲ့သည်။ ဒုတိယနေ့တွင် မြို့တော်စောင့်တပ်ဖွဲ့ဝင်များက လူများနှင့်အတူ မြို့တစ်မြို့လုံးကို ရှာဖွေခဲ့ရာ နောက်ထပ် လူ ၃၁၇ ဦးကို ခေါ်ဆောင်လာခဲ့သည်။ ဘုရားကျောင်းလူနာများ၏ မိသားစုဝင်များထဲမှ လူ ၂၀၀ ကျော်သည် ရောဂါကူးစက်ခံရကြောင်း တွေ့ရှိရပြီး ကုသရေးဧရိယာသို့ ချက်ချင်း ခေါ်ဆောင်သွားခဲ့သည်။

လူနာအရေအတွက်သည် လက်ရှိ ကုသနိုင်စွမ်းထက် ဆယ်ဆနီးပါး ကျော်လွန်နေသည်။

ဂါးရက်သည် သူတို့ကို အိပ်ရာမှ ထနိုင်ခြင်း ရှိမရှိအပေါ် မူတည်၍ ပြင်းထန်လူနာနှင့် အပျော့စားလူနာဟူ၍ ခွဲခြားကာ သတ်မှတ်ဧရိယာများတွင် ထားရသည်။ ထို့နောက် ဘာသာရေးခေါင်းဆောင်နှစ်ဦးကို တင်းကျပ်သော အမိန့်များ ထုတ်ပြန်ရန် ဆွဲဆောင်ခဲ့သည်။

ကုသမှုကို ပြင်းထန်လူနာများအတွက်သာ အသုံးပြုနိုင်ပြီး ရောဂါကို ထိန်းချုပ်ရန်သာ ဖြစ်ကာ ပျောက်ကင်းစေရန် မဟုတ်ပေ။

အပျော့စားလူနာများအတွက်မူ အိပ်ရာတွင် အနားယူရန်၊ ဆားရည် တိုက်ရန်နှင့် အရည်အစားအစာသာ စားသုံးရန် ခွင့်ပြုထားသည်။ သူတို့အတွက် ထပ်ဆောင်း ကုသနိုင်စွမ်း မရှိခဲ့ပေ။

ဤအစီအမံများဖြင့် သူတို့သည် အခြေအနေကို ပြိုလဲခြင်းမရှိဘဲ ထိန်းသိမ်းထားနိုင်ခဲ့သည်။ လက်ခံထားသော လူနာများထဲမှ တစ်ဦးမျှ မသက်သာသေးသော်လည်း ဝမ်းကိုက်ရောဂါ အများစုသည် ၁ ပတ်မှ ၂ ပတ်အတွင်း ပြန်လည်သက်သာလာသည်။ အနည်းဆုံး လူတိုင်းကို အသက်ရှင်လျက် ထိန်းထားနိုင်ခဲ့သည်။

သက်ရှိပဋိဇီဝဆေး ကုသမှု ပေါ်ထွက်လာပြီး ဒုတိယနေ့တွင် ဘုန်းတော်ကြီးများက မြှင့်တင်ထားသော ဘုရားဝတ်ပြုခြင်း အတတ်ပညာကို သင်ယူပြီး ရှစ်နာရီ အိပ်စက်အနားယူပြီးနောက် ဘုရားဝတ်ပြုခြင်း အတတ်ပညာ ပြန်လည်စတင်သောနေ့တွင် ကုသမှု၏ အလင်းရောင်က ပြင်းထန်လူနာဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

"အိပ်ရာနံပါတ် ၁၂ သက်သာသွားပြီ"

"အိပ်ရာနံပါတ် ၂၅ သက်သာသွားပြီ"

"အိပ်ရာနံပါတ် ၃၉ သက်သာသွားပြီ"

"အိပ်ရာနံပါတ် ၅၇ သက်သာသွားပြီ"

ရွှင်မြူးသံများ ဆက်တိုက် ပဲ့တင်ထပ်လာသည်။ ဂုဏ်ယူမှု၊ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုများ ဖြစ်ကြသည်။ တစ်ဦးမှ နှစ်ဦး၊ နှစ်ဆယ်မှ ငါးဆယ်အထိ တိုးလာပြီး နောက်ဆုံးတွင် ပြင်းထန်လူနာဧရိယာရှိ လူနာအားလုံး အိပ်ရာမှ ထကာ အပျော့စား သို့မဟုတ် သီးခြားခွဲထားသော ဧရိယာရှိ သူတို့၏ မိသားစုများထံသို့ အလျင်အမြန် ပြေးသွားကြသည်။

"အေဗီလေး အမေ နေကောင်းသွားပြီ"

"ဂျွန် ငါ သက်သာလာပြီ။ ငါ သက်သာလာပြီကွ"

"အမေ ကျွန်တော့်ဗိုက် မနာတော့ဘူး။ အမေ အမေ ဘာလို့ ငိုနေတာလဲ..."

ဂါးရက်သည် ပြင်းထန်လူနာဧရိယာ ဝင်ပေါက်တွင် ရပ်လျက် ထွက်ခွာသွားကြသော လူနာများကို ကြည့်ရင်း ပြုံးနေမိသည်။ သူ၏ အကြည့်ရောက်ရာတွင် မိခင်များသည် သူတို့၏ ကလေးများကို ပွေ့ဖက်နေကြသည်။ ဇနီးများသည် သူတို့၏ ခင်ပွန်းများကို ပွေ့ဖက်ကြပြီး အသက်ကြီးသူများက လူငယ်များကို ဖက်ကာ နှုတ်ဆက်နေကြသည်။

မျက်နှာတိုင်းတွင် ပျော်ရွှင်မှုများ ထင်ဟပ်နေသည်။ ကုသမှု၏ အလင်းရောင်မရရှိသေးသော အပျော့စားလူနာဧရိယာတွင်ပင် သူတို့၏ မျက်နှာများပေါ်တွင် မျှော်လင့်ချက် ရောင်ခြည်သန်းနေသည်။

ပြင်းထန်စွာ နာမကျန်းဖြစ်သူတွေအားလုံး သက်သာလာခဲ့ပြီဆိုတော့ အခု သူတို့ အလှည့်ပဲ။

"ဂါးရက်လေး ဒီတစ်ခေါက် မင်းကို ကျေးဇူးတင်ရမယ်"

လက်တစ်ဖက်က သူ့ပခုံးကို ပြင်းပြင်းထန်ထန် ပုတ်လိုက်သည်။ ဂါးရက် မတုံ့ပြန်နိုင်ခင်မှာပင် သူ့ကို ပုတ်ချလိုက်ရာ သိသိသာသာ ပိုတိုသွားသည်။ သူက အလိုအလျောက် အော်လိုက်သည်။

"ဘုန်းတော်ကြီး"

"ဟားဟားဟား"

ထိပ်ပြောင်ဘုန်းတော်ကြီးက သူ့ကို ပေါ့ပေါ့ပါးပါး မတင်လိုက်သည်။

"ဂါးရက်လေး မင်း ဘာလို့ ကြက်ပေါက်လေးလို အားနည်းနေသေးတာလဲ။ မင်းဆရာကို ကြည့်ဦး။ ဒီအသက်အရွယ်နဲ့တောင် ငါနဲ့ နပန်းလုံးနိုင်သေးတယ်"

"ကျွန်တော် မှော်ဆရာပါ။ မှော်ဆရာပါဗျ"

ဂါးရက်က ကျယ်လောင်စွာ ပြန်ပြောလိုက်သည်။ ထိပ်ပြောင်ဘုန်းတော်ကြီးက သူ့ကို ရှေ့သို့ တွန်းလိုက်ရာ နောက်တစ်ခဏတွင် ပြေးလာကြသော ဘုန်းတော်ကြီးများသည် ကျား၊ မ၊ အသက်အရွယ်မရွေး၊ သဘာဝဘုရားဝတ်ပြုသူ ဘုန်းတော်ကြီးအဖွဲ့မှဖြစ်စေ၊ စစ်ဘုရားကျောင်းမှဖြစ်စေ ဂါးရက်ကို မြင့်မားစွာ မြှောက်တင်ကာ အပေါ်သို့ မြှောက်ချလိုက်သည်။

"ကျွန်တော်တို့ အောင်မြင်ပြီ။ ကျွန်တော်တို့ အောင်မြင်ပြီ"

"ကျွန်တော်တို့ အနိုင်ရပြီ"

"ဂါးရက်လေး မင်း အရမ်းတော်တယ်"

သူတို့သည် ဝမ်းသာအားရ အော်ဟစ်နေကြသည်။

ဤနေရာတွင် ရပ်နေသော ကုသသူများထဲတွင် ငယ်ရွယ်သူများမှာ အဆင်ပြေကြသော်လည်း အသက်ကြီးသူများမှာမူ သူတို့ကိုယ်တိုင် မကြုံတွေ့ခဲ့ရသော်လည်း ကပ်ရောဂါ ရောက်ရှိလာခြင်းကို ကြားသိခဲ့ဖူးကြသည်။

မှူးမတ်များက ထွက်ပြေးကြသလို မှော်ဆရာများကလည်း ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားနိုင်ကြသည်။ သို့သော် သူတို့ကဲ့သို့ ကုသသူများမှာမူ ယုံကြည်ခြင်းနှင့် ဘုရားကြည်ညိုသူများအပေါ် ကရုဏာစိတ်တို့အတွက် ဤရွေးချယ်မှုတစ်ခုသာ ရှိသည်။

သူတို့သည် အစပိုင်းတွင် အစွမ်းကုန် ကြိုးစားအားထုတ်ရမည်။ အကြိမ်ကြိမ် ပင်ပန်းနွမ်းနယ်ရမည်ဟု ထင်မှတ်ခဲ့ကြသည်။

သူတို့သည် အစပိုင်းတွင် တစ်လ၊ နှစ်လ သို့မဟုတ် ထို့ထက်ပို၍ ကြာကြာ ဆက်လက်လုပ်ဆောင်ရမည်ဟု ထင်မှတ်ခဲ့ကြသည်။

မူလက သူတို့သည် ဆယ်ဦး၊ တစ်ရာ သို့မဟုတ် ထိုထက်ပိုသော သေဆုံးလူနာများကို ကြည့်ရှုနေရမည်ဟု တွေးထင်ခဲ့ကြသည်...

ပထမနေ့ကို ကျော်လွန်ပြီး ဒုတိယနေ့ကို အောင်မြင်စွာဖြတ်သန်းပြီးနောက် ခွဲစိတ်စမ်းသပ်မှုတစ်ခု၊ စမ်းသပ်မှုတစ်ခု ပြုလုပ်ပြီးနောက် ဘုရားဝတ်ပြုခြင်း အတတ်ပညာ ထုတ်လွှင့်မှု အသေးစိတ်များ ပြောင်းလဲသွားကာ တတိယနေ့တွင် နံနက်ခင်းအလင်းရောင် ကို မြင်တွေ့ရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမှာလဲ။

ဂါးရက်လည်း သူတို့နှင့်အတူ စိတ်လှုပ်ရှားလာသည်။ သို့သော် ထိုအချိန်တွင် အမြင့်သို့ ပစ်တင်ခံရပြီး မြေပြင်က အကြိမ်ကြိမ် နီးကပ်လာလိုက်၊ ဝေးသွားလိုက်နှင့် ထိတ်လန့်မူးဝေနေသောကြောင့် သူ မအော်ဘဲ မနေနိုင်တော့ပေ။

"အားးးး.. ကျွန်တော့်ကို ချပေးပါ။ ချပေးကြပါဗျာ။ ကူညီကြပါဦး။ ဆရာရေ ကူညီပါဦး"

အကြီးအကဲ အယ်လ်ဝင်းသည် သူ့တပည့်၏ ဒုက္ခကို ခဏမျှ ကြည့်ရှုခံစားပြီးမှ ဂါးရက်ကို ပြန်ချပေးကာ လူအုပ်ကို ဖယ်ရှားလိုက်သည်။ ဘုန်းတော်ကြီးများ နှစ်ဦးစီ ခွဲထွက်သွားပြီး အပျော့စားလူနာများကို ကုသနေသည်ကို ကြည့်ရင်း အကြီးအဲက ပြုံးကာ စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။

"ဂါးရက်လေး ဒီတစ်ခါ မင်းကြောင့်ပဲ ကျေးဇူးတင်ရမယ်"

"မင်းသာ မရှိခဲ့ရင် ငါတို့ ကပ်ရောဂါနဲ့ ရုန်းကန်နေရဦးမှာပဲ။ မင်းရဲ့ ကပ်ရောဂါရင်းမြစ်ကို နားလည်နိုင်စွမ်းနဲ့ ဖြေရှင်းနည်းရှာဖွေမှုတွေက မရေမတွက်နိုင်တဲ့ အသက်တွေကို ကယ်တင်ခဲ့တာပဲ"

ဂါးရက် ခေါင်းညိတ်လိုက်သည်။ သူ့ရင်ထဲတွင် ခံစားချက်များ ရောပြွမ်းနေသည်။ ကပ်ရောဂါတိုက်ဖျက်ရေး စစ်ပွဲက မပြီးဆုံးသေးပေ။ ရောဂါကို လုံးဝ ပပျောက်စေဖို့ လုပ်စရာတွေ အများကြီး ရှိနေသေးသည်။

"ဆရာ ကျွန်တော် အတွင်းကို သွားဖို့လိုတယ်။ လုပ်စရာတွေ အများကြီးရှိသေးတယ်"

"ဘာတွေ လုပ်ဖို့ စီစဉ်ထားလဲ"

"အရင်က ပြောခဲ့သလိုပဲ ဒီကပ်ရောဂါရဲ့ ရင်းမြစ်ကို ကျွန်တော် ရှာဖို့လိုတယ်။ ရင်းမြစ်ကို ဖော်ထုတ်ပြီး ကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်နိုင်မှပဲ ဒီကပ်ရောဂါပြန့်ပွားမှုကို လုံးဝ ရပ်တန့်နိုင်မှာ"

ဂါးရက်က ဖြေရင်း ရှေ့သို့ လျှောက်သွားသည်။ သူ၏ ခြေလှမ်းများ ပိုမိုမြန်ဆန်လာပြီး အမိန့်ပေးသံမှာ ပို၍ ပြတ်သားလာသည်။

"ရေယူကြ။ မြို့ထဲက ရေအရင်းအမြစ်အားလုံး မြစ်တွေ၊ ချောင်းတွေ၊ ရေတွင်းတွေက ရေတွေကို စုဆောင်းပါ။ နေရာတွေကို မှတ်သားပြီး ဒီကို ယူလာခဲ့ကြ"

"ပန်းကန်ပြားတွေ၊ ပန်းကန်တွေ အားလုံးကို ဆေးကြော။ ဖန်သားလေးတွေကိုလည်း သန့်ရှင်းရေးလုပ်။ ရေနွေးငွေ့နဲ့ ပေါင်းပါ။ အမဲသားဟင်းချို တစ်အိုး ထပ်တည်"

"ယုန်တွေလည်း နည်းနည်းယူခဲ့ဦး။ အနည်းဆုံး အကောင် ၂၀ လောက်"

"ပြေးကြ…မြန်မြန်"

All Chapters