အခန်း (၁၀၈)
Vol. 8 Ch. 108
"တော်ပြီ"
အေးစက်စွာ စောင့်ကြည့်နေသော မြို့စားဂျိုအန်သည် ထိုအခိုက်အတန့်တွင် နောက်ဆုံး၌ စကားပြောလိုက်သည်။ သူသည် အထိန်းအချုပ်မဲ့ ငိုယိုနေသော လေဒီ ဒေယာကို လျစ်လျူရှုကာ မြင်ကွင်းတစ်ခုလုံးကို လေ့လာပြီး ကျယ်လောင်စွာ ကောက်ချက်ချလိုက်သည်။
"ဒီကပ်ရောဂါက စိတ်မနှံ့တဲ့ သူရဲကောင်းရိုမန်ရဲ့ ဘုရားတွေကို စော်ကားမှုကြောင့် ဖြစ်ပေါ်လာတာဖြစ်ပြီး မကောင်းဆိုးဝါး အင်အားစုတွေကို ဆွဲဆောင်ခဲ့တာ။ ဘုရားကျောင်းက မမောမပန်း သန့်စင်ခဲ့ပြီး မကောင်းဆိုးဝါးအများစုကို ဖယ်ရှားနိုင်ခဲ့ပေမဲ့ အနည်းငယ်ကတော့ ယိုစိမ့်ထွက်လာပြီး ကပ်ရောဂါကို ဖြစ်စေခဲ့တယ်။ ကန့်ကွက်စရာ ရှိလား"
"အရှင်မင်းကြီးရဲ့ တရားမျှတမှုကို ချီးမွမ်းပါတယ်"
ဂိုဏ်းချုပ်ကြီး ဟော်နာ၊ ရေနတ်ဘုရားမ၏ ဘုန်းတော်ကြီးများ၊ သတင်းကြားရ၍ အလျင်အမြန် ပြန်လာခဲ့သည့် ဘာရွန်ဘောင်း အပါအဝင် အခြားသူများကပါ တစ်ပြိုင်နက်တည်း ပြန်ဖြေကြသည်။
"ရေနတ်ဘုရားမ ဘုရားကျောင်းဟာ ကြီးကြပ်မှု ပေါ့ဆလို့နဲ့ မကောင်းဆိုးဝါးကို လုံးဝ မသန့်စင်နိုင်လို့ ကပ်ရောဂါကုသတာနဲ့ ပြည်သူတွေကို နှစ်သိမ့်တာတွေအတွက် ကုန်ကျစရိတ်အားလုံးကို တာဝန်ယူရမယ်"
ဂိုဏ်းချုပ်ကြီး ဟော်နာ မကျေမနပ် သဘောတူလိုက်သည်။
ဘုရားကျောင်းက ဘုရားရဲ့ အပြစ်ပေးခြင်းကို ခံရတာထက်တော့ ပိုကောင်းတယ်။
မြို့စားဂျိုအန် ခဏတာ စဉ်းစားပြီး မကျေမချမ်းဖြစ်နေသော ဂိုဏ်းချုပ်ကြီး ဟော်နာနှင့် မျက်လုံးချင်းဆုံလိုက်ကာ အလေးအနက် ပြောလိုက်သည်။
"သူရဲကောင်းရိုမန်က ဘုရားတွေကို စော်ကားခဲ့တယ်။ သူရဲကောင်းရဲ့ ကိုယ်ကျင့်တရားတွေကို စွန့်လွှတ်ခဲ့တယ်။ ကြီးမားတဲ့ ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်။ သူရဲကောင်းဘွဲ့ကို ရုပ်သိမ်းပြီး သူ့ပိုင်ဆိုင်မှုတွေကို သိမ်းယူရမယ်"
အခင်းဖြစ်ပွားရာတွင် မည်သူမျှ ကန့်ကွက်သံ မထွက်ပေ။
တစ်ဦးတည်းသော အော်ဟစ်ငိုယိုနေသော လေဒီ ဒေယာကိုမူ ဂိုဏ်းချုပ်ကြီး ဟော်နာ၏ ဘုရားဂါထာဖြင့် စကားပြောနိုင်စွမ်းကို ရုပ်သိမ်းထားပြီး ဘုရားကျောင်းအစောင့်များက ဆွဲထုတ်သွားကြသည်။
မြို့စားဂျိုအန်က လှည့်ထွက်သွားပြီး သူ၏ အိုမင်းရုပ်ဆိုးနေသော ချစ်သူဟောင်းကို ဆက်မကြည့်တော့ပေ။ သူသည် အကြီးအကဲ အယ်လ်ဝင်း ဝီလ်ကင်ဆန်နှင့် ထိပ်ပြောင်ဘုန်းတော်ကြီးထံ လှည့်ကာ နှစ်လိုဖွယ်ရာ အမူအရာဖြင့် ပြောလိုက်သည်။
"ဒီတစ်ခါတော့ ခင်ဗျားတို့ နှစ်ယောက်စလုံးကြောင့် ကျေးဇူးတင်ပါတယ်။ ပြည်သူတွေဟာ ကပ်ရောဂါဒဏ်ကို ခံစားနေရဆဲဖြစ်လို့ ဂုဏ်ပြုပွဲ ကျင်းပဖို့ အချိန်မဟုတ်သေးပါဘူး။ ကပ်ရောဂါ ပြီးဆုံးတဲ့အခါ ခင်ဗျားတို့ရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော် ကိုယ်တိုင် ပွဲခံပါ့မယ်"
မြို့စားဂျိုအန် သူ၏ ကတိကို တည်ခဲ့သည်။ ခုနစ်ရက်အကြာတွင် သဘာဝနတ်ဘုရားကျောင်းမှ လူနာများသည် လုံးဝ ကင်းရှင်းသွားပြီး မြို့ထဲတွင် ရံဖန်ရံခါ ကူးစက်မှုများသာ ရှိတော့သည်။ သူသည် ခမ်းနားသော ပွဲတစ်ခုကို ကျင်းပခဲ့ပြီး မြို့ရှိ ထင်ရှားကျော်ကြားသူများအားလုံးကို ဖိတ်ကြားခဲ့သည်။
ဂါးရက်ကိုလည်း ဆွဲခေါ်လာခဲ့ကြသည်။ ပွဲတွင် မကျေမနပ် ထိုင်ရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ရယ်မောမိလုနီးပါးပင်။
ယခင်က ထွက်ပြေးခဲ့ကြသော မှူးမတ်အုပ်စုမှလွဲ၍ ဤပွဲတော်၏ ဧည့်သည်စာရင်းတွင် ကပ်ရောဂါကို စတင်တွေ့ရှိခဲ့သည့်နေ့က ဂါးရက် စုစည်းခဲ့သော လူအားလုံး ပါဝင်ခဲ့သည်။ လူတိုင်းကို ဖိတ်ကြားခဲ့သည်။
စားသောက်ကုန်ကုန်သည်များ၊ ဆေးဆိုးပန်းရိုက်လုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းမှ ဂိုဏ်းခေါင်းဆောင်များ၊ လက်ဝတ်ရတနာပန်းထိမ်ဆရာများ...
ဤလုပ်ငန်းများသည် သိပ်မသေးသလို သိပ်လည်းမကြီးသောကြောင့် ပုံမှန်အားဖြင့် မြို့စားအိမ်တော်မှ ဖိတ်ကြားခံရရန် အရည်အချင်းမပြည့်မီပေ။ ယခုမူ သူတို့သည် ပွဲတော်စားပွဲတွင် ကြောင်ပြီး တုန်လှုပ်စွာ ထိုင်နေကြသည်။
"စိတ်မပူပါနဲ့၊ ခင်ဗျားတို့ကို ကျွန်တော် ဘာမှ မလုပ်ပါဘူး..."
ဂါးရက်က သူတို့ကို ဤသို့ပြောလိုခဲ့သည်။ သို့သော် သူ၏ထိုင်ခုံသည် ထိုကုန်သည်များနှင့် လက်မှုပညာရှင်များနှင့် နီးနေသောကြောင့် သူသည် မျက်စိတစ်ဖက်မှိတ်ပြလိုက်ရုံသာ တတ်နိုင်ခဲ့သည်။
ဒုက္ခပေးနေတာလား။
လက်ဝတ်ရတနာပန်းထိမ်ဆရာ၏ မျက်လုံးများက ရဲနေသည်။ ရေဘုရားကျောင်းက သူြကို ထောင်ထဲထည့်ပြီး နောက်ထပ် မှန်ဘီလူးတစ်လုံး လုပ်ခိုင်းသည်ဟု ကြားသိရသည်နှင့် တူသည်။
ဒါက ကြီးမားတဲ့ ပရောဂျက်တစ်ခုပါ။
ငါက အလင်းချဲ့ထွင်မှု၊ ကာနွန်အကွာအဝေး ဒါမှမဟုတ် မှန်ဘီလူးနဲ့ မှန်ဘီလူးနှစ်ခုကို ဘယ်လို တူညီတဲ့ ဝင်ရိုးပေါ် ချိန်ညှိရမယ်ဆိုတာတောင် နားမလည်ဘူး။ အသုံးပြုနိုင်တဲ့ ပစ္စည်းတစ်ခု ထုတ်လုပ်နိုင်မလားဆိုတာတောင် ဂါးရက်မပြောရင် ငါသိမှာ မဟုတ်ဘူး။
အတွေးနယ်ချဲ့နေရင်း မြို့စားဂျိုအန်သည် ဂိုဏ်းခေါင်းဆောင် သုံးဦးနှင့် ခွက်မြှောက်ပြီးနောက် ဂါးရက်ဆီ တိုက်ရိုက် လာခဲ့သည်။ သူ့လက်ထဲတွင် ခွက်ကို ကိုင်ထားဆဲပင်။
"ဂါးရက် နော့ဒ်မတ်" ဟု သူက ဂါးရက်နာမည်ကို ပြုံးပြုံးရွှင်ရွှင် ခေါ်လိုက်သည်။ သူ့အသံ၏ နွေးထွေးမှုသည် နွေရာသီပွဲတော်တုန်းက သူတို့ နောက်ဆုံးတွေ့ဆုံခဲ့တာထက် ပိုနေခြင်းပင်။
"မင်းကို ငါ မှတ်မိတယ်။ မင်းအဖေ ဖရက်ဒ် နော့ဒ်မတ် က ပြင်ပရန်သူတွေကို ကာကွယ်ရင်း အသက်စွန့်ခဲ့တဲ့ သတ္တိရှိတဲ့ သူရဲကောင်းတစ်ဦးပါ။ ဒါကို ငါ အရမ်း နောင်တရတယ်။ ကံကောင်းစွာနဲ့ ဒီနှစ်တွေအတွင်း မင်း လုံခြုံစွာ ကြီးပြင်းလာပြီး ထူးချွန်တဲ့ မှော်ပညာရှင်တစ်ဦး ဖြစ်လာခဲ့ပြီ"
ဘာရွန်ဘောင်းက ဆက်လက်စကားပြောနေခဲ့ပြီး ဂါးရက်ကတော့ ရိုသေသည့် အပြုံးနှင့် ပူးပေါင်းဆောင်ရွက်နေခဲ့သည်။
အဆင့်မြှင့်တင်တာက တကယ်ကို ကွာခြားသည်ဟု သူ တွေးလိုက်သည်။
အရင်က ငါ သင်တန်းသားဘဝတုန်းကတော့ မင်း ငါ့အဖေအကြောင်း ပြန်ပြောတာမျိုး မတွေ့ခဲ့ရဘူး...
"ဒါနဲ့ မင်း အရင်တုန်းက မြို့ရဲ့ ရွှံ့နွံတွေကို သန့်ရှင်းရေးလုပ်ပြီး မိလ္လာတွေကို သယ်ယူပို့ဆောင်ချင်တယ်လို့ ပြောခဲ့တာလား။ အဲဒီတုန်းက ဒီလို ညစ်ပတ်တဲ့အခြေအနေက ကပ်ရောဂါ ဖြစ်စေနိုင်တယ်လို့ မင်း ပြောခဲ့တာလား"
မြို့စားက ရုတ်တရက် ခေါင်းစဉ် ပြောင်းလိုက်သည်။
ဂါးရက်၏ မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။
"ဟုတ်ကဲ့"
"ကောင်းပြီ။ ဒီအကြံပြုချက်ကို ငါ သဘောတူတယ်။ နိုလန် ဒီကိစ္စ မင်းကိုပဲ လွှဲလိုက်ပြီ"
ဗိုလ်မှူး နိုလန်က ကျယ်လောင်စွာ ပြန်ထူးလိုက်သည်။ မြို့စားဂျိုအန်က သူ့မေးစေ့ကို ပွတ်သပ်ရင်း ဂါးရက်ကို အပေါ်အောက် ကြည့်လိုက်ရာ ပို၍ပင် ကျေနပ်လာသည်။
ဒီကလေးရဲ့ တိုးတက်မှုက အရမ်းမြန်တယ်။ လွန်ခဲ့တဲ့ သုံးလေးလက ဘာမှမဟုတ်သေးဘူး။ အခုတော့ အဆင့် ၁ ဘုန်းတော်ကြီးရော၊ အဆင့် ၁ မှော်ဆရာပါ ဖြစ်နေပြီ...
သူက တမင်တကာ မျက်နှာတည်တည်ဖြင့် ချောင်းဟန့်ပြီး ပြောလိုက်သည်။
"ဒီတစ်ခါ ကပ်ရောဂါနဲ့ ပတ်သက်ပြီး မင်းက ထပ်ပြီး ကြီးမားတဲ့ ဆောင်ရွက်ချက်တစ်ခု လုပ်ခဲ့တယ်။ ရာနဲ့ချီတဲ့ မြို့သူမြို့သားတွေရဲ့ အသက်ကို ကယ်တင်ခဲ့တယ်။ အင်း... ဒီတစ်ခါ မင်း ဘာဆုလာဘ် လိုချင်လဲ"
ဆုလာဘ် ချီးမြှင့်မယ့်အချိန် ရောက်ပြီလား။
ဂါးရက် နည်းနည်း စိတ်လှုပ်ရှားသွားသည်။ ပျော်ရွှင်နေသော်လည်း အသိစိတ် မပျောက်ဘဲ သိပ်မတောင်းဆိုသင့်ဘူးဆိုတာ သူ သိသည်။ သူက နှိမ့်ချစွာ ခေါင်းငုံ့လိုက်သည်။
"ဒဏ်ရာရသူတွေကို ကုသတာနဲ့ အသက်ကယ်တာဟာ ကျွန်တော့်ရဲ့ ကုသသူတစ်ယောက်အနေနဲ့ တာဝန်ပါ။ ဘာမှ ပိုမတောင်းဆိုပါဘူး။ ကျွန်တော့်ရဲ့ လုပ်ဆောင်မှုတွေကို အရှင်သဘောကျတယ်ဆိုရင် အလွန်သေးငယ်တဲ့ အရာတွေကို ချဲ့ထွင်ကြည့်နိုင်တဲ့ ပစ္စည်းနဲ့ မှန်ဘီလူး ကို ဆုချပေးစေချင်ပါတယ်။ ဒါမှ အရှင်တို့ကို ပိုပြီး ကောင်းကောင်း အစေခံနိုင်မှာမို့လို့ပါ"
"ဒါက ဆုလာဘ်တောင် မဟုတ်သေးဘူး"
မြို့စားဂျိုအန်ဗွန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ ဖောင်းကားနေသော ညာလက်ကို ဆန့်တန်းလိုက်သည်။ ဤလက်သည် တစ်ချိန်က သူရဲကောင်းဓားကို ဆုပ်ကိုင်၍ စစ်မြေပြင်တွင် တိုက်ခိုက်ခဲ့သော လက်ဖြစ်သည်။ ယခုမူ လက်ချောင်းများပင် မထိတထိ ဖြစ်နေသည်အထိ ဖောင်းနေသည်။
ဂါးရက်၏ ပခုံးကို ပုတ်လိုက်သည်။
"အဲဒီပစ္စည်းက မင်း ဖန်တီးခဲ့တာပဲ၊ အရင်ကတည်းက မင်းပိုင်တာပဲ။ တခြားတစ်ခုခု စဉ်းစားဦး"
ဟင်…
မှန်ဘီလူးကို အလကား ရတာလား။
မှန်ဘီလူး….
ငါ ပန်းထိမ်ဆရာကို ခေါ်ပြီး မေးကြည့်တုန်းက မှန်ဘီလူးတစ်လုံးတည်းကို ရွှေဒင်္ဂါး ၁၀၀ ကုန်တယ်။ မျက်စိနဲ့ကြည့်တဲ့မှန်နဲ့ ရည်ရွယ်ချက်မှန် ပေါင်းရင် ရွှေဒင်္ဂါး ၂၀၀။ တခြား အသုံးအဆောင်ပစ္စည်းတွေနဲ့ လက်လုပ်အားခတွေပါ ပေါင်းရင် ရွှေဒင်္ဂါး ၃၀၀ အောက်ဆိုရင် လုပ်လို့မရဘူး... ဒါတောင် ကုန်ကျစရိတ်သက်သက်ပဲ ရှိသေးတယ်။
အခု ငါက တရားဝင် မှော်ဆရာ ဖြစ်နေပြီဆိုပေမဲ့ ပိုက်ဆံအိတ်က ဗလာဖြစ်နေဆဲမို့ မတတ်နိုင်သေးဘူး...
အောင်မြင်ပြီကွ…
အမြတ်ကြီးပဲ…
ဘာရွန်ဘောင်း ခင်ဗျားက တကယ့်ကို ကောင်းတဲ့လူပဲ။
ဂါးရက်သည် ဝမ်းသာလွန်း၍ အားပေးစကားတောင် ပြောမိတော့မလို ဖြစ်သွားခဲ့သည်။ သူ၏နှုတ်ခမ်းထောင့်များ ကော့တက်နေသော်လည်း နှိမ့်ချသည့်ဟန်ပန်ကို ဆက်လက်ထိန်းသိမ်းထားပြီး တိုးတိုးလေး ပြောကြားခဲ့သည်။
"ဖြစ်နိုင်ရင် မြို့ထဲမှာ ဆေးခန်းဖွင့်ခွင့် ရချင်ပါတယ်။ ဆရာလိုပဲ ဆင်းရဲသားတွေရဲ့ ကျန်းမာရေးကို စစ်ဆေးပြီး ပြုစုစောင့်ရှောက်ပေးချင်ပါတယ်"
ဆေးရုံဖွင့်လှစ်ရန်..
ဆရာဝန်များ ငှါးရမ်းရန်…
သူနာပြုများ ငှါးရမ်းရန်…
ဆေးပညာဗဟုသုတများ ဖြန့်ဝေရန်၊ လူနာများအား ကုသပေးရန်၊ ထို့ပြင် သူကိုယ်တိုင်၏ အဆင့်မြှင့်တင်မှုအတွက် လမ်းခင်းရန်…
မြို့စား ဗွန်၏ နားထဲတွင်မူ ဤတောင်းဆိုချက်က လုံးဝ ကိုယ်ကျိုးမပါသည့်၊ သူတစ်ပါးကို အကျိုးပြုသည့် တောင်းဆိုမှုတစ်ခု ဖြစ်နေသည်။ မြို့စားဂျိုအန်သည် အလွန်ပင် စိတ်လှုပ်ရှားသွားပြီး ဂါးရက်၏ ပခုံးကို နောက်တစ်ကြိမ် ထပ်မံပုတ်လိုက်သည်။
"ဂါးရက်နော့ဒ်မတ် မင်းက မြင့်မြတ်တဲ့ စိတ်ဓာတ်ရှိတဲ့ မှော်ပညာရှင်တစ်ဦးပါပဲ။ မင်းရဲ့ ဂုဏ်ကျေးဇူးကို လူအများ သီချင်းဆိုပြီး ချီးကျူးစေချင်တယ်။ မင်းရဲ့ ဂုဏ်သိက္ခာကို ဆုချချင်တယ်။ နိုလန်"
မြို့စောင့်တပ်မှူးက ထပ်မံ၍ ရှေ့ထွက်လာသည်။ မြို့စားဂျိုအန်က သူ၏လက်ချောင်းများကို ပွတ်သပ်လိုက်သည်။
"ရိုမန်ရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုထဲမှာ မြေယာအများအပြား ရှိတယ်။ အဲ့ဒီထဲက တစ်ခုကို ထုတ်ယူပြီး မြို့ထဲက အိမ်တစ်လုံးကို ရွေးပါ။ အဲ့ဒီအရာတွေ အားလုံးကို ဂါးရက်နော့ဒ်မတ်ရဲ့ နာမည်ကို လွှဲပြောင်းပေးလိုက်ပါ"
"ကျွန်တော် မြို့စားဂျိုအန်ဗွန်း ကတော့ ပံ့ပိုးကူညီသူတွေ၊ စိတ်ဓာတ်မြင့်မားသူတွေကို ဘယ်တော့မှ မနှိပ်စက်ဘူးဆိုတာ လူတိုင်း သိစေချင်ပါတယ်ဗျာ"
ဝိုး…
ဆေးရုံအတွက် နေရာတစ်ခုရပြီ။
လုပ်ငန်းလည်ပတ်ရန် ရန်ပုံငွေလည်း ရရှိပြီ။ မြေယာတစ်ခုလုံးသည် ဆေးရုံ၏ နေ့စဉ်ကုန်ကျစရိတ်များကို ကာမိရန် လုံလောက်သည်။ နောက်ပိုင်းတွင် ဆေးဝါးများ၊ ပစ္စည်းကိရိယာများ၊ ဆရာဝန်များနှင့် သူနာပြုများသာ လိုအပ်တော့မည်ဖြစ်သည်။
ဂါးရက်ရေ ရှေ့ဆက်တိုးလိုက်တော့….