← Chapters

မာနကြီးသော ဆရာဝူ

Vol. 1 Ch. 35

မာနကြီးသော ဆရာဝူ

Vol. 1 Ch. 35

ဆရာချီသည် သံလိုက် အိမ်မြှောင်ဟောင်းကို သူ့အိတ်ကပ်ထဲမှ ထုတ်လိုက်ပြီး သစ်သားသေတ္တာကို ပတ်ကာ ၃ ခေါက်‌ လျှောက်လိုက်သည်။ တစ်ချိန်တည်းတွင် သူသည် မိမိကိုယ်ကို တစ်ခုခု လေးလေးနက်နက် မြည်တမ်းခဲ့သည်။

အာလုံးက ထိုအဘိုးကြီးကို စိတ်လှုပ်ရှားစွာ မျှော်လင့် စောင့်စား နေကြသည်။

ထိုအချိန် ပြုံးနေနိုင်သည်မှာ ချန်းဖန် တစ်ယောက်သာ ဖြစ်သည်။

"ဆရာချီက ဂုဏ်သရေရှိ ရှေးဟောင်းပစ္စည်း အကဲဖြတ်သူတွေထဲ တစ်ယောက်ပဲ သာမန်‌ရှေးဟောင်း ပစ္စည်းတွေကနေ စပြီး ဘုန်းတော်ကြီးတွေ ကောင်းချီးပေးထားတဲ့ ရှေးဟောင်း ပစ္စည်းတွေအထိ အကုန် သူ့ရဲ့ စေ့စပ်တဲ့ မျက်လုံးတွေကနေ မလွတ်မြောက်နိုင်ဘူး"

သူ အဲဒီလို ပြောပြီးနောက် ခန်းမထဲရှိ လူအများစုက သဘောတူဟန်ဖြင့် ခေါင်းတညိတ်ညိတ် ဖြစ်သွားသည်။

သို့ပေမဲ့ ရှင်းကျုံးက‌တော့ အားလုံးနဲ့ သဘောထား ကွဲလွဲနေခဲ့တယ်။ သူသည် အထင်သေးစွာ ပြုံးလိုက်ပြီးတော့ ...။

"ဒီလူက ဆရာဝူနဲ့ ယှဉ်ရင် အပျော်တမ်း သာသာပဲ ရှိပါတယ်"

သူ့ရဲ့ ပြောစကားတွေကို ခန်းမထဲရှိ လူအများစုက သဘောကျဟန် မရှိခဲ့။ ဆရာချီက နှာတစ်ချက် ရှုံ့ပြီး ...။

"ငါ့ရဲ့ စွမ်းအင်က လိုအပ်နေပါသေးတယ် ဒီပစ္စည်းမှာ မှော်အစွမ်း‌တွေ ရှိတာကို သိပေမဲ့ သူရဲ့ အလုပ် လုပ်ပုံကိုတော့ အတိအကျ မပြောနိုင်ဘူး"

"ဆရာဝူက နည်းနည်း သင်ပြ ပေးနိုင်မလားလို့ တွေးနေတာ"

တစ်ခေါင်းလုံး ဖြူနေတဲ့ ဆရာဝူက မျက်လုံး တဖြည်းဖြည်းပွင့်လာကာ ဆရာချီကို နှိမ့်ချလိုသော အရောင်များ လက်နေသော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။ ထိုအကြည့်ကြောင့် ဆရာချီရဲ့ မျက်နှာ တစ်ချက် ရဲသွားသည်။

"မင်းက အတွေ့အကြုံ မရှိဘူး အဲဒါကြောင့် ဘာဖြစ်နေတယ် ဆိုတာကို မသိတာ"

သူ၏စကားများသည် မိမိကိုယ်ကို အထင်ကြီးမှုနှင့် မောက်မာမှုများဖြင့် ပြည့်နှက်‌နေသည်။ သူတို့၏ ရှေးဟောင်းပစ္စည်း စစ်ဆေးသူ ဆရာချီအား ပေါ်တင် စော်ကားလိုက်သဖြင့် ချူကျိုးမြို့မှ သူဌေးများ မျက်‌မှောင်ကြုတ် သွားခဲ့သည်။

သို့ပေမဲ့လည်း ဆရာချီသည် လက်နှစ်ဖက်ကို နောက်ပြန်ချိတ်ကာ ဆရာဝူ သူ့စကားနှင့် ပြန်ငြိကာ အရှက် ကွဲမည်ကို မစောင့်နိုင်သကဲ့သို့‌ လှောင်ပြုံး ပြုံးနေခဲ့သည်။

သူသည်သူ၏ဘိုးဘေး သံလိုက်အိမ်မြှောင်ကို အသုံးပြု၍ သစ်သားပြားကို စစ်ဆေးပြီးပြီ ဖြစ်သည်။ ထို ပစ္စည်းသည် အမှန်တကယ် လွန်စွာမှ အစွမ်းထက်သည်။ သို့သော် ၎င်းသည် တိတ်ဆိတ်နေသော အခြေအနေတွင် ရှိနေဆဲဖြစ်ပြီး သူသည် ၎င်း၏ စွမ်းအင်ကို မည်သို့ ပြန်လည် အသက်သွင်းရမည်ကို မသိခဲ့ပေ။ သူက ဟန်ဆောင်ကောင်းသော ဆရာဝူသည် သူ့ထက် ပိုမို ကောင်းမွန်အောင် လုပ်ဆောင်နိုင်မည် လို့တော့ လုံးဝ မထင်ပေ။

လူတိုင်း မျှော်လင့်နေသည့် မျက်လုံးများ အောက်တွင် ဆရာဝူသည် ထိုင်ခုံမှ ထကာ သစ်သားပြားရှေ့သို့ သွားခဲ့သည်။ သူ၏လက်များသည် လက်သင်္ကေတ အနည်းငယ်ကို ပြုလုပ်၍ မျက်လုံးကို မှိတ်လိုက်သည်။

ထို့နောက် ဆရာဝူ၏ ရှည်လျား‌သော အင်္ကျီလက်စများ လေမတိုက်ဘဲ လေထဲတွင် လှုပ်ရှားလာသည် ကို တွေ့ရသောအခါ အားလုံး အံ့သြသွားကြသည်။

"ဒါက"

ဆရာ မျက်နှာ အရောင် ဖျော့သွားသည်။ ဆရာဝူကို ကြည့်နေရင်း တိုးတီး ပြောလိုက်သည်။

"သူက အထွတ်အထိပ်အဆင့် ပညာရှင်လား"

"ဟား"

ဆရာဝူသည် အားလုံး လန့်သွားစေလောက်‌သော အသံနက်ကြီးဖြင့် အော်လိုက်ကာ မြေကြီးကို ဆောင့်ချလိုက်သည်။

သူသည် လက်ညှိုး နှစ်ချောင်းကို သစ်သားပြားအား ထိုးကာ လေ မှုတ်ထုတ်လိုက်သည်။ သူ့ပါးစပ်မှ အဖြူရောင် မြူမျှင်လေး ထွက်လာကာ သစ်သားပြားပေါ်ရှိ တြိဂံရှစ်ခု အစီအရင်အား ထိမှန်သွားသည်။ ရုတ်တရက် သစ်သားပြားသည် အသက် ပြန်ရှင်လာသကဲ့သို့ တုန်လှုပ်သွားခဲ့သည်။

ထို့နောက် သစ်သားပြား၏မျက်နှာပြင်ပေါ်တွင်‌ မှော်စာသား ရှစ်စုံ ပေါ်လာခဲ့သည်။

ထိုစာလုံးများ ပေါ်လာပြီးနောက် ခန်းမထဲတွင် အပူချိန် ကျဆင်းသွားခဲ့သည်။

လူတိုင်း ပါးတွင် လေအေးများ ထိတွေ့နေသည်ကို ခံစားနေရသည်။

"ဒါ… ဒါက"

လူတိုင်းက သူတို့မြင်ခဲ့တာကို မယုံနိုင်အောင် ဖြစ်သွားကြသည်။ လူတိုင်း၏မျက်လုံးများသည် လှုပ်ရှားနေသော သစ်သားပြား‌ ပေါ်တွင်သာ‌ ရောက်ရှိနေကြသည်။

"ရှေးဟောင်း မှော်ရတနာ ဒီဟာက အစစ်ပဲ"

အထည်အလိပ် စက်ရုံပိုင်ရှင် သူ‌ဌေးယန် က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

တတိယ သခင်ကြီးသည် ကြောင်အမ်းစွာဖြင့် မျက်တောင်ပင် မခတ်နိုင်ပဲ ရှေးဟောင်း ရတနာ ပစ္စည်းကို စိုက်ကြည့်နေခဲ့သည်။

အားလုံးထဲမှ အငြိမ်သက်ဆုံး အဘိုးကြီးကျန်းပင် မျက်လုံးတွင် လောဘရောင် သမ်းသွားကာ စိုးရိမ် ပူပန်စိတ် များသွားခဲ့သည်။

ဆရာဝူသည် သစ်သားပြား၏ အစွမ်း အစစ်အမှန်ကို ဖော်ပြစေသော ဂါထာကို ရပ်လိုက်သည်။ သစ်သားပြားသည်လည်း လှုပ်ရှားမှု ရပ်တန့်သွားကာ သေတ္တာထဲ၌ ပြန်လည် ငြိမ်သက်သွားပြန်သည်။

ခန်းမအတွင်း အပူချိန်လည်း ပြန်တက်လာကာ အားလုံး ပုံမှန် ပြန်ဖြစ်သွားခဲ့သည်။

"ခုတော့ ဘယ်သူက ဆရာအစစ်လဲ ဆိုတာ သိပြီမလား"

ရှင်းကျုံးက ပြုံးရယ်ကာ ပြောလိုက်သည်။

ချူကျိုးမြို့မှ သူဌေးများက ရှင်းကျုံးနှင့် ဆရာဝူကို ပိုမို‌ လေးစားစွာ ကြည့်နေခဲ့သည်။တချို့က ဆရာဝူကို မိတ်‌ဆွေဖွဲ့ရန်ပင် ဆုံးဖြတ်လိုက်ကြသည်။

သူသည် ဆရာအစစ် ဖြစ်ပြီး ဆရာချီထက် အစွမ်းထက်ကာ ပိုပြီး အတွေ့အကြုံရှိသူ ဖြစ်သည်။

ဆရာချီသည် မချိပြုံး ပြုံးကာ ဆရာဝူကို ဦးညွှတ် လိုက်သည်။

"ကျွန်တော်က အထွတ်အထိပ် အဆင့် ပညာရှင် ဆရာကြီးတစ်ယောက်နဲ့‌ တွေ့လိမ့်မယ် လို့ မထင်ထားခဲ့ဘူး ကျွန်တော့်ရဲ့ မထီမဲ့မြင် ပြုမှုကို ခွင့်လွှတ်ပေးပါ"

ဆရာဝူသည် ဘာမှမပြောဘဲ ထိုင်ခုံတွင် ပြန်ထိုင်ကာ အိပ်ငိုက်နေသည်။ ခဏလောက် ကြာမှသာ ပြန်၍ စကား ပြောလာခဲ့သည်။

"မင်း အထွတ်အထိပ် အဆင့်ကို သိတော့ သိသားပဲ မင်းဘဝကြီးက အလဟဿတော့ မဖြစ်ခဲ့ဘူးပဲ"

ဆရာချီသည် ဆရာဝူ၏ အထင်သေးသော မှတ်ချက်ကို ပြုံးရုံမှ တစ်ပါး ပြန်မပြောနိုင်ခဲ့။ ထို‌ခေါင်းဖြူ အဘိုးကြီးသည် သူ့ထက်များစွာ အတွေ့အကြုံ ရှိနေသောကြောင့် ဖြစ်သည်။ သူသည် သက်ပြင်းရှည် တစ်ချက် ချကာ ထိုင်ခုံတွင် ပြန်ထိုင်နေခဲ့သည်။ ထိုင်လိုက်ရင်း သူသည် ဒီအလုပ်တွေ လုပ်ဖို့အတွက် တအား အိုနေပါပြီဟု တွေးမိလိုက်သည်။ ချူကျိုးမြို့တွင် ရယူထားသော သူ့ဂုဏ်သတင်းများလည်း ယနေ့ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။

ချန်းဖန်သည် ဆရာဝူ၏ ပညာအစွမ်းကို မြင်ခဲ့သောအခါ ချက်ချင်းပင် စိတ်ဝင်တစား ဖြစ်သွားသည်။

"ဒီလူက မှော်စွမ်းအင်တွေကို ပိုင်ဆိုင်တယ်"

သူ့ရဲ့‌ မှော်စွမ်းအင်သည် အရည်အသွေးနှင့် ပမာဏအရ လိုအပ် နေ‌သေးသော်လည်း သိုင်းပညာရှင် တစ်ယောက် အတွက် အောင်မြင်မှုကြီး တစ်ခုပင်။ သူက ချီသန့်စင်ခြင်း အခြေခံ အဆင့်ရဲ့ အလယ်အဆင့်မှာ ရှိမယ်ဆိုတာ ကျိန်းသေတယ်။

ချန်းဖန်သည် တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားကာ တုန်လှုပ်သွားသည်။

ဆရာဝူသည် ချန်းဖန်နှင့် သိုင်းပညာ အဆင့် တူသော်လည်း စွမ်းအား မှာ သိသိသာသာ ကွဲပြားနေသည်။

သိုင်းပညာရှင် တစ်ဦးချင်းစီ၏ စွမ်းအားမှာ တတိယ တန်းစား တက္ကသိုလ်နှင့် ပထမတန်းစား တက္ကသိုလ် ကဲ့သို့ ဖြစ်နေသည်။ နှစ်ခုလုံးသည် တက္ကသိုလ် ဖြစ်သော်လည်း ပထမတန်းစား တက္ကသိုလ်သည်သာ အကောင်းဆုံး ဖြစ်ကြောင်း လူတိုင်း သိကြသည်။

တစ်နည်းအားဖြင့် ဆရာဝူနှင့် သူသည် အဆင့် တူသော်လည်း  ဆရာဝူ၏ စွမ်းအားမှာ သိသိသာသာ လျော့နည်း‌နေသည်။

ဆရာဝူရဲ့ ကိုယ်ထဲမှာ ရှိသည်မှာ အတွင်းအား စွမ်းအင်ပဲ ဖြစ်စေ မှော်စွမ်းအင်ပင် ဖြစ်စေ သူတို့ အားလုံးက အရင်းမြစ်တော့ တူကြသည်။ အရင်းမြစ်မှာ ကျင့်ကြံခြင်း လမ်းစဉ်၏စစ်မှန်သော အနှစ်သာရပင် ဖြစ်သည်။ သို့‌ပေမဲ့ သူတို့အားလုံး ကျင့်စဉ်၏ပါဝင်သော အချက်များကို လွဲမှားနေခဲ့သည်။ ထို့ကြောင့် သူတို့ စွမ်းအားများသည်လည်း မပြည်စုံပေ။

အဲဒီလို တွေးရင်း ချန်းဖန် ခေါင်းခါလိုက်သည်။

သူသည် ဆရာဝူကို စစ်မှန်သော ကျင့်ကြံသူ တစ်ယောက်ဟု ထင်ခဲ့သည်။

သို့ပေမယ့် ဆရာဝူသည် သူ့တွင်ရှိသော စွမ်း အင်၏လုပ်နိုင်စွမ်းကို အဆုံးစွန်ထိ မသုံးနိုင်ပေ။ သူသည် Ak-47 သေနတ်ကို ထင်းကဲ့သို့ အသုံးပြုသလို ဖြစ်နေသည်။

တတိယ သခင်ကြီးမှာ ‌ဒေါသ ထွက်လာသည်နှင့်အမျှ မျက်နှာ တင်းမာလာခဲ့သည်။

သူပြိုင်ဘက်  ရှင်းကျုံးသည် ဆရာအစစ်ကို ခေါ်လာနိုင်ခဲ့သည်။ သူက ပိုက်ဆံ အကုန်သုံး၍ လေလံပွဲကို နိုင်ခဲ့ရင်တောင် ဆရာဝူအား သစ်သားပြားကို ပြန် အသက်သွင်းပေးရန် တောင်းပန်ရဦးမည် မဟုတ်ပါလား။

ရုတ်တရက် ပစ္စည်းပိုင်ရှင် သူဌေးကုသည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"မင်းတို့ သစ်သားပြားရဲ့ အစွမ်းကို မြင်ပြီးပြီ ဆိုတော့ လေလံစဖို့ အချိန်ကျပြီ"

သူ့စကားပြီးအောင် မပြောရသေးခင်မှပင် သူဌေး တစ်‌ယောက်က လျင်မြန်စွာ ပြောလိုက်သည်။

"ယွမ် ဆယ်သန်း"

"သန်း နှစ်ဆယ်"

"နှစ်ဆယ့် ငါးသန်း"

လေလံပွဲတွင် တက်ရောက်သူများသည် ချူကျိုးမြို့မှ အချမ်းသာ တကာ့ အချမ်းသာဆုံး သူများ ဖြစ်ကြသည်။သူတို့အများက ငွေဘီလီယံပေါင်းများစွာ ပိုင်ဆိုင်ကြသည်။

ဒီအခွင့်အရေးသည် လက်မလွှတ်သင့်တာကြောင့် သူတို့အားလုံး ဒီပစ္စည်းကို ဝယ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

သူတို့ဝယ်ရန် ဆုံးဖြတ်ထားသော်လည်း ဆင်ခြေတုံ တရားမဲ့စွာ ဝယ်ယူမည်တော့ မဟုတ်ချေ။ လေလံဈေး နှစ်ဆယ့်ငါးသန်းထိ ရောက်သွားသောအခါ တစ်သန်းစီသာ တိုး၍ ဈေးပေးကြတော့သည်။

သူဌေးကုသည် ဘယ်ညာယိမ်းကာ ပြုံး‌နေသည်မှာ ပါးချိုင့်များပင် ပေါ်မတတ်။

တတိယ သခင်ကြီးက ဒွိဟ ဖြစ်နေခဲ့သည်။ သည်‌မှော်ရတနာကို လိုချင်သော်လည်း သူ့ပြိုင်ဘက်က အခွင့်ကောင်းယူကာ လေလံစစ်ပွဲသို့ ဆွဲခေါ်သွားမည်ကို စိုးရိမ်နေခဲ့သည်။

"နေကြပါဦး"

ရုတ်တရက် ရှင်းကျုံးက လေလံပွဲကို ရပ်တန့်စေလိုက်သည်။

သူသည် ချန်းဖန်ကို လက်ညှိုးထိုးကာ..။

"ဆရာ နှစ်ယောက်က‌တော့ သူတို့ရဲ့ အမြင်နဲ့ လုပ်နိုင်စွမ်းကို ပြသခဲ့ပြီ ဒါပေမယ့် ဆရာချန်းကတော့ ပစ္စည်းကို ဘယ်လိုထင်တယ် ဆိုတာ မပြောရသေးဘူး ငါတို့ ဆရာချန်း ဘာပြောစရာ ရှိတယ်ဆိုတာ နားထောင်ပြီးမှ လေလံပွဲ ဆက်ရင် မကောင်းဘူးလား"

သူစကားဆုံးသည် နှင့် လူများ ဆူညံပွက်လောရိုက် သွားသည်။

ဆရာဝူသည် သစ်သားပြား၏အစွမ်းကို အားလုံးကို ပြသခဲ့ပြီးဖြစ်သည်။ သစ်သားပြားက လေပြေအေးများကို ဆင့်ခေါ်လိုက်စဉ်က ဘယ်သူမှ ထိုကဲ့သို့ စိတ်လှုပ်ရှား မှုနှင့် လန်းဆန်းမှုကို မခံစားခဲ့ဖူးပေ။ရေနွေးကန်ထဲတွင် ရေစိမ်နေသကဲ့သို့ အလားတူပင်။ အားလုံးက သူတို့သာ ဒီလို အကျိုးရှိတဲ့ မှော်ရတနာကိုသာ အသုံးပြုရင် ဘယ်တော့မှ နေမကောင်း မဖြစ်နိုင်တော့ဘူးဟု ယုံကြည်နေကြသည်။

အဖြေက‌တော့ ရှင်းနေသည်။ ကောင်လေး ဘာပြောမယ် ဆိုတာကို နားထောင်ရန်ပင် မလိုတော့။

ရှင်းကျုံး၏တောင်းဆိုမှုသည် သစ်သားပြားနှင့် မသက်ဆိုင်ပေ။ တတိယသခင်ကြီးအား မျက်နှာ ပျက်စေချင်ရုံ သက်သက်သာ ဖြစ်သည်။

တတိယ သခင်ကြီးသည် မျက်နှာကြီးကို တင်းကာ တိတ်ဆိတ်နေခဲ့သည်။

"ခစ်ခစ်"

အဘိုးကြီး ကျန်း၏ နောက်တွင် မတ်တတ် ရပ်နေသော ကောင်မလေး ထံမှ ရယ်သံ သဲ့သဲ့ ထွက်လာသည်။

"ရှောင်ယွင် ဘာဖြစ်လို့လဲ"

အဘိုးကြီးကျန်းက မေးလိုက်သည်။

သူမသည် အဘိုးကြီး ကျန်း၏ တူမဝမ်းကွဲ ဖြစ်သည်။သူမသည် မိဘများက သူမချစ်သူကို သဘော မတူခဲ့သဖြင့် မိဘများနှင့် အတူမနေခဲ့ပေ။

အဘိုးကြီး ကျန်းက ကောင်မလေးကို သူရဲ့ အပြုစု အစောင့်အရှောက်အဖြစ် ခေါ်ထားခြင်း ဖြစ်သည်။ သူမကို အဆင်သင့်ဖြစ်ပြီဟု ထင်သော သူ့ကုမ္ပဏီ တစ်ခုတွင် မန်နေဂျာ အဖြစ် ခန့်အပ်ခဲ့သည်။

သူမသည် လူမှုရေး အခမ်းအနားများတွင် ယဉ်‌ကျေးစွာ ပြုမူဆက်ဆံလေ့ရှိပြီး ဦး‌လေး၏ ဧည့်သည်များ ရှေ့တွင် ရယ်မောခြင်း ကဲ့သို့သော အတုအ‌ယောင်များ မကြာခဏ ပြုလုပ်လေ့ရှိသည်။

သူမသည် စီးပွားရေးသမား ဆန်ဆန် ဝတ်ဆင်ထားပြီး ရှုယုံဖေး၏အဖွဲ့ထဲမှ အသက်အကြီးဆုံး ဟန်ယွင်ပင် ဖြစ်သည်။

သူမသည် ချန်းဖန်ကို ခန်းမထဲဝင်လာထဲက ချက်ချင်းပင်သတိထားမိပြီး ဘာကြောင့်ရာဖြတ်အဖြစ်ရောက်ရှိနေသည်ကို သိချင်နေခဲ့သည်။

သူမ၏ရယ်သံကို ကြား၍အဘိုးကြီးကျန၏အာရုံစိုက်မှုကိုရသွားသောအခါ ငြိမ်သက်သော အသံဖြင့်ရှင်းပြခဲ့သည်။

သူမသည်ဖြေးညှင်းစွာစကားပြောနေ‌သော်လည်း အားလုံး သူမ ပြောသမျှကို ရှင်းလင်း ပြတ်သားစွာ ကြားနေရသည်။

ချန်းဖန်သည် အိုင်ဗွီ အထက်တန်း‌ကျောင်းမှ‌ ကျောင်းသားတစ်‌ယောက် ဖြစ်ပြီး ဘားတွင် စားပွဲထိုး လုပ်နေသည်ကို သိသွားရ‌သောအခါ ချန်းဖန်ကို အားလုံး က အထင်သေးသော အကြည့်ဖြင့် ကြည့်‌လိုက်ကြသည်။ထို့နောက် ရှင်းကျုံးသည် အပြုံးကြီး ပြုံးက စတင် ရယ်မောခဲ့သည်။ တတိယသခင်ကြီးလည်း မျက်နှာကြီး နီရဲသွားကာ ဦးလေး လင်းကို အသုံးမကျတဲ့ သူကို ခေါ်လာသဖြင့် အပြစ် ဆိုချင်စိတ်ဖြင့် စိုက်ကြည့်‌လိုက်သည်။

"ဘယ်လိုတွေပါလိမ့်"

အဘိုးကြီးကျန်းက ခေါင်းယမ်း လိုက်မိသည်။

သူသည် ဤကောင်လေးက ဝေ့ချန်ကျန်း (ပထမသခင်ကြီး)ရဲ့ မိတ်ဆွေသာ ဆိုရင် လေးစားခဲ့မိနိုင်သည်။ သို့ပေမဲ့ ဒီကောင်လေးသည် ဝေ့ချန်ကန်း သမီးရဲ့ သူငယ်ချင်းသာ ဖြစ်သည်။ သူသည် မြင့်မားသော အသိုင်းအဝိုင်းများ စုစည်းရာပွဲကို နာမည်မရှိ အသုံးမဝင်‌သော အလုပ်သမားကို ခေါ်လာခဲ့သဖြင့် ဝေ့ဆန်းယဲ့ (တတိယသခင်ကြီး)ရဲ့ နမော်နမဲ့ နိုင်မှုကို တီးတိုး မြည်တမ်း‌နေခဲ့သည်။ ဒီလုပ်ရပ်က ဝေ့မိသားစုကို အရှက်ရစေမှာပဲ။

"ငါထင်တာ‌တော့ ရှင်းကျုံးက ဒီအချက် လုံးဝ အလွတ်ပေးမဟုတ်ဘူး"

အဘိုးကြီးကျန်းသည် မျက်မှောင်ကြုတ်ကာ သူ့ဘာသာ တွေးနေခဲ့သည်။

ရှင်းကျုံးသည် ရယ်မောကာ ပြောလိုက်သည်။

"ရာဖြတ် တစ်ယောက်က ဘားမှာ မလုပ်ရဘူးလို့ ဘယ်သူပြောလဲ ငါတော့ တတိယ သခင်ကြီးရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်တယ် သူတို့ကို ဂရုမစိုက်နဲ့ ဆရာချန်း ငါမင်းကို ယုံတယ် ကိုယ့်အလုပ်ကို လုပ်ပြီးတော့ သိတာကို သာ ပြောပြပါ"

သူ့ရဲ့ လုပ်ရပ်ကို ချူကျိုးမြို့မှ တခြား သူဌေးများက စိတ်ထဲ ဘဝင်မကျခဲ့။ သူတို့ အားလုံး တတိယ သခင်ကြီးနှင့် တစ်ဖွဲ့တည်း ဖြစ်သောကြောင့်ပင်။ တတိယ သခင်ကြီး မျက်နှာပျက်ရရင် သူတို့ အားလုံးလည်း မျက်နှာပျက်ရမည် ဖြစ်သည်။

နောက်ဆုံးတော့ ဟန်ယွင်လည်း သူမ၏လုပ်ရပ်ကို နောင်တရသွားခဲ့သည်။

ချန်းဖန်၏အကြောင်းမှန်ကို ဖော်မိသည်မှာ ကိုယ့်နောက်ကျော ကိုယ် ဓားနှင့် ထိုးသလို ဖြစ်သွားသောကြောင့်ပင် ဖြစ်သည်။

အားလုံးက ချန်းဖန်အား အထင်သေး မုန်းတီးစွာ မကြည့်ခင် ချန်းဖန်က အေးဆေးစွာပင် ရှင်းကျုံးအား မေးလိုက်သည်။

"ကျွန်တော့်ကို ဒီသစ်သားပြားကို တကယ် စစ်ဆေးစေချင်တာလား"

***

All Chapters