ဘုံကိုးခုကို တုန်လှုပ်စေခြင်း
Vol. 018 Ch. 1704
ထျန်းဟယ်အကြီးအကဲက လက်ဆန့်တန်းလိုက်လျှင် သွေးနက်ရောင်အလင်းများသည် ထျန်းဟယ်ဘုံအင်ပါယာထံသို့ ရစ်ပတ်လာပြီး ဘုန်းခဲမြည်သံနှင့်အတူ သူသည် လေထဲ အငွေ့အနေဖြင့် ပျောက်ကွယ်သွားတော့သည်။
“အရှင်မင်းကြီး...” နန်းတော်မှ လူများအားလုံးက ထိတ်လန့်တကြား အော်ဟစ်သော်လည်း နောက်ကျသွားချေပြီ။ ထိုမျှဖြင့် မရပ်တန့်ပေ။ ကြောက်မက်ဖွယ်စွမ်းအားများသည် နန်းတော်တစ်ခုလုံးကို စတင်ဖုံးလွှမ်းလာတော့သည်။ အားလုံးက ကြောက်လန့်တကြား အော်ဟစ်လိုက်ကြ၏။
“ပြေး...” လူအများအပြားက ပြေးလွှားကြသည်။ ထျန်းဟယ်အကြီးအကဲကား မိစ္ဆာဖြစ်သွားလေပြီ။
ပြေးမည်လား...။ သူတို့ မည်သည့်နေရာသို့ ပြေးရမည်နည်း။
ကောင်းကင်တခွင်လုံးသည်ပင် ကြောက်မက်ဖွယ်ဖျက်ဆီးခြင်းစွမ်းအားများဖြင့် ပြည့်နှက်နေရာ အရာအားလုံးမှာ သွေးမြူများအဖြစ် တခဏချင်းအတွင်း ပြောင်းလဲပျောက်ကွယ်သွားကြရတော့သည်။
နန်းတော်အပြင်ဘက်တွင် မရေမတွက်နိုင်သောလူတို့သည် ထိုမြင်ကွင်းကို ကြောက်လန့်တကြား ကြည့်နေကြသည်။ သူတို့ထိုနေရာတွင် ကြာကြာမနေရဲတော့ဘဲ အဝေးကို မြန်ဆန်စွာ ထွက်ပြေးသွားကြတော့၏။
ထျန်းဟယ်အကြီးအကဲကား မိစ္ဆာဖြစ်သွားလေပြီ။
နှစ်ပေါင်းများစွာ သူ၏စိတ်ရိုင်းဆန္ဒကို ဖိနှိပ်ထားရင်းက ယနေ့တွင် အရာအားလုံးမှာ ထိန်းချုပ်မရသော အဆင့်သို့ ရောက်သွားချေပြီ။
သူတို့ကို ခွင့်လွှတ်ရမည်လား...။
သူက မည်သို့ ခွင့်လွှတ်ရမည်နည်း။
သူ၏သုံးထောင်သော တပည့်များသည် အပြစ်ကင်းသူများဖြစ်ကြ၏။ သို့သော် မည်သူက သူတို့အား သနားငဲ့ညှာခဲ့သနည်း။
သည်လူများက သူတို့လုပ်ခဲ့သော အပြစ်များအတွက် ပြန်လည်ပေးဆပ်ရပေမည်။
အဝေးမှ လူများ မြင်သည်ကား နန်းတော်တစ်ခုလုံး သွေးရောင်လွှမ်းနေခြင်းပင်။
ဖျက်ဆီးခြင်းစွမ်းအားသည် တိမ်တိုက်များသို့အထိတိုင်အောင် သွေးရောင်လွှမ်းစေ၏။
သူက နောက်တစ်ဆင့်သို့ တက်လှမ်းသွားပြီလား...။
ထျန်းဟယ်အကြီးအကဲသည် ကောင်းကင်ကိုပင် သန့်စင်နေဟန်ရသည်။
ကြောက်မက်ဖွယ် အနက်ရောင်အက်ကြောင်းများသည် မုန်တိုင်းထဲတွင်ဖြစ်ပေါ်လာခဲ့ကာ လေထုကို ဖြတ်သန်းသွားနေကြသည်။ လူအများက မုန်တိုင်းထဲတွင် အနီရောင်အလင်းတစ်ခု ပျံသန်းပျောက်ကွယ်သွားသည်ကို မြင်ကြ၏။
“သူ ထွက်သွားပြီလား...”
အားလုံးက ကြီးစွာ တုန်လှုပ်နေကြ၏။ ဖျက်ဆီးခြင်းတိမ်တိုက်များသည်ကား တလိမ့်လိမ့် လှိုင်းထန်နေဆဲဖြစ်ကာ တဖြေးဖြေး ငြိမ်သက်သွားကြသည်။ သူတို့က ကောင်းကင်ကို တုန်လှုပ်စွာ ကြည့်ကြသည်။
ထျန်းဟယ်ဘုံကို လွှမ်းမိုးကာ မရေမတွက်နိုင်သော တပည့်များကို သင်ကြားပေးခဲ့သူ၊ လူအများ၏လေးစားချစ်ခင်ရသူ ထျန်းဟယ်အကြီးအကဲသည် လမ်းမှားကို ရောက်သွားချေပြီလား။
“သူ ထွက်သွားပြီ...” တစ်ယောက်က တီးတိုးပြောသည်။
“သူက အထက်ကောင်းကင်သို့ သွားတာဖြစ်မယ်...”
ယခု နန်းတော်ကား ပျက်စီးသွားချေပြီ။ နောက်ထပ်ပစ်မှတ်က ရှန်ကလန်တစ်ခုတည်းသာ ကျန်ရှိတော့သည်။
အလွန်စွမ်းအားကြီးသော ထျန်းဟယ်အကြီးအကဲ၊ နှစ်ပေါင်းများစွာ သည်းခံခြင်းတရားကို လက်ကိုင်ထားကာ ရန်ဟောင်အဆင့်အမြင့်ဆုံးသို့ ကျင့်ကြံခဲ့သူ၊ ယမန်နှစ်များမှ ဖြစ်ရပ်ဆိုးကြီးအတွက် လေးလံသော ဝန်ထုပ်ကြီးကို ထမ်းပိုးထားရသူ၊ သူကား နှစ်ပေါင်းများစွာ သည်းခံခဲ့ရ၏။
သူက မိစ္ဆာအဖြစ် ပြောင်းလဲသွားခြင်းကို လူတိုင်း နားလည်နိုင်သည်။ သူ့လို တွေ့ကြုံခံစားရသူတိုင်းမှာ ရူးသွပ်သွားမည်မှာ သေချာ၏။ သို့သော်လည်း ထျန်းဟယ်အကြီးအကဲကား မရူးသွပ်ခဲ့။
သူ၏ဒေါသနှင့် ခံစားချက်များကို နှစ်ပေါင်းများစွာ ချုပ်တီးထားခဲ့၏။ ယခုကား ချုပ်တီးစရာမလိုတော့။
“သူက နောက်တစ်ဆင့်တက်သွားပြီလား...”
“သေချာတာပေါ့... သူက ထျန်းဟယ်အကြီးအကဲလေ...။ သူက အရင်ကတည်းက အဆင့်တက်သွားသင့်တာ။ ရှန်ကလန်က ဖိနှိပ်ထားလို့သာ ဒီနေ့အချိန်အထိ ရောက်လာခဲ့တာ...”
အားလုံးက လတ်တလော ဖြစ်သွားသည့်ကိစ္စအပေါ် ဆွေးနွေးနေကြသည်။
“သူက နောက်တစ်ဆင့်ရောက်သွားရင်တောင်မှ ရှန်ကလန်ကို ရင်ဆိုင်နိုင်မှာလား...”
လူအများအပြားက သံသယဝင်ကြသည်။ သို့သော်လည်း မည်သူမှ မသေချာ။
အနည်းဆုံးတော့ သူသည် ရှန်ကလန်မှ ထိပ်သီးတန်ခိုးရှင်ကို အနိုင်ယူခဲ့၏။ ဆိုလိုသည်က ထျန်းဟယ်အကြီးအကဲသည် မိစ္ဆာဖြစ်သွားလျှင်ပင် အလွန်အမင်း စွမ်းအားကြီးနေပြီဖြစ်သည်။
ယနေ့ကား အလွန်စိတ်ဝင်စားဖွယ်ကောင်းသောနေ့ဖြစ်လာခဲ့၏။
နန်းတော်ကား ပျက်စီးသွားခဲ့ကာ ထျန်းဟယ်အကြီးအကဲသည် ဗဟိုအင်ပါယာဘုံမှ ရှန်ကလန်ကို သွားရောက်တိုက်ခိုက်ခဲ့၏။
ထိုနေ့တွင် ရှန်ကလန်မြို့၌ အလောင်းများ ပုံထပ်နေခဲ့ကာ မရေမတွက်နိုင်သောလူများ အသက်ဆုံးရှုံးခဲ့ရ၏။
ထိုနေ့တွင် ရှန်ကလန်မှ ကလန်ခွဲများစွာ ဖျက်ဆီးခံရ၏။ ထျန်းဟယ်အကြီးအကဲကား ရှန်ကလန်သားတစ်ဦးဖြစ်ဖူးရာ သူသည် ရှန်ကလန်နှင့်ပတ်သက်၍ အလွန်ရင်းနှီးသည်။
ထိုနေ့တွင် ရှန်ကလန်မှ မျိုးဆက်ပေါင်းများစွာ သုတ်သင်ခံရ၏။
ပိုမို၍ ကြောက်မက်ဖွယ်ကောင်းသည်ကား ရှန်ကလန်က သူတို့အား မကူညီရဲခဲ့။ အကယ်၍ သူတို့ကူညီပါက ထျန်းဟယ်အကြီးအကဲသည် ရှန်ကလန်၏ပင်မကလန်ကို တိုက်ခိုက်မည်အား စိုးရိမ်ခဲ့ကြ၏။
သူတို့ ကြောက်လန့်သည်က အမှန်တကယ်လည်း ဖြစ်လာခဲ့သည်။ ရှန်ကလန်၏ပင်မကလန်တွင် သွေးချောင်းစီသွားခဲ့ကာ ဧရာမတိုက်ပွဲကြီးသည် မရေမတွက်နိုင်သောလူတို့၏အသက်ကို နှုတ်ယူသွားခဲ့သည်။ အဆုံးတွင် ထျန်းဟယ်အကြီးအကဲသည် ဒဏ်ရာဖြင့် ထွက်ပြေးသွားခဲ့၏။ တစ်ဘက်တွင် ရှန်ကလန်ခေါင်းဆောင်နှင့် ရှန်ကျဲ့သည်လည်း ဒဏ်ရာရခဲ့၏။
ထိုတိုက်ပွဲတွင် ကောင်းကင်ပြိုလဲကာ မြေပြင်အက်ကွဲ၏။ ရှန်ကလန်မှ ထိပ်သီးတန်ခိုးရှင်နှစ်ဦးသည် ထျန်းဟယ်အကြီးအကဲကို ပူးပေါင်းတိုက်ခိုက်ခဲ့ရကာ သူတို့၏ကလန်သားများကို ကာကွယ်ခဲ့ရ၏။ ယခု သူသည် မိစ္ဆာဖြစ်သွားကာ သူ့တွင် စိုးရိမ်ပူပန်စရာမရှိတော့။ သူ၏သွေးဆာသော ဇောအဟုန်သည် မြစ်ရေပြင်အလား ကြီးမားလှသည်။
အဆုံးသတ်၌ သူသည် ဒဏ်ရာရကာ ထွက်ပြေးခဲ့ရသည်။ သူက ထိုဒဏ်ရာဖြင့် မည်သို့ဖြစ်သွားမည်ကို မည်သူတစ်ဦးတစ်ယောက်မှ မသိသော်လည်း ရှန်ကလန်ကိုမူကား ထိတ်လန့်ကြောက်မက်ဖွယ်ရာ ခံစားချက်များဖြင့် ထားရစ်ခဲ့သည်။
ဤကဲ့သို့ ကဒ်ဘေးကြီး ရှန်ကလန်သို့ ကျဆင်းလာမည်ဟု မည်သူမှ မထင်ထားခဲ့ကြ။
သည်တိုက်ပွဲကား ဗဟိုအင်ပါယာဘုံတွင် ကြောက်မက်ဖွယ်အကောင်းဆုံးသော တိုက်ပွဲထဲမှ တစ်ခုဖြစ်ခဲ့သည်။
လူတစ်ယောက်တည်းက ရှန်ကလန်ကို တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲသည် ဗဟိုအင်ပါယာဘုံတစ်ခုလုံးကို တုန်လှုပ်စေခဲ့၏။
ထိပ်သီးတန်ခိုးရှင်များက ထိုသတင်းကို ကြားလျှင် အားလုံး စိတ်လှုပ်ရှားကြရသည်။ ထျန်းဟယ်အကြီးအကဲသည် မိစ္ဆာဖြစ်သွားကာ ရှန်ကလန်ကို တိုက်ခိုက်ခဲ့သည်။
ဘုံတစ်ခုလုံးကို ဖျက်ဆီးရန် တချိန်က စစ်ခင်းခဲ့သော ရှန်ကလန်သည် သူတို့လုပ်ခဲ့သော အကျိုးအတွက် ယခု အပြစ်ပြန်ခံရပြီဖြစ်သည်။
သူတို့လုပ်ခဲ့သော ကြောက်မက်ဖွယ်ရာဖြစ်ရပ်ဆိုးကြီးကြောင့်သာ ထျန်းဟယ်အကြီးအကဲသည် မိစ္ဆာဖြစ်သွားခြင်းဖြစ်သည်။
ထိုသတင်းသည် ဗဟိုအင်ပါယာမှသည် တခြားသောဘုံများအထိ မြန်ဆန်စွာ ပျံ့နှံ့သွား၏။ မကြာခင် အားလုံးသော ထိပ်သီးအင်အားစုများ ထိုသတင်းကို ရရှိကြ၏။
သည်ကိစ္စကား ကြီးမားစွာ သက်ရောက်ခဲ့သည်။ ကောင်းကင်နတ်တံခါးမှ ဂူထျန်းရှင်းသည် ကောင်းကင်အာဏာစက်ပြည်ထောင်ကို တိုက်ခိုက်စဉ်က ဘုံကိုးခုကို တုန်လှုပ်စေခဲ့၏။ ယနေ့တွင် ဆင်တူသော ဖြစ်ရပ် ပေါ်ပေါက်ခဲ့၏။
ထို့အပြင် သည်ကိစ္စတွင် လူတိုင်း စောင့်ကြည့်နေသော ကောင်းကင်အာဏာစက်ကျောင်းတော် ပါဝင်ပတ်သက်နေ၏။ မုန်တိုင်းကား ရှန်ကလန်က ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဖိနှိပ်လိုသောကြောင့် ဖြစ်လာခြင်းပင်။
…
သတင်းသည် ကောင်းကင်အာဏာစက်ကျောင်းတော်ကိုလည်း ရောက်လာခဲ့၏။
ရှောင်ကလန်တန်ခိုးရှင်များက သတင်းကို သယ်ဆောင်လာခြင်းဖြစ်သည်။ သူတို့က ဖြစ်ပျက်ခဲ့သမျှအား ပြန်လည်ပြောပြကြ၏။
ကျောင်းတော်မှ လူများအားလုံး ထိတ်လန့်ကြသည်။ အရှင်ထိုက်ရွမ်က သူ့မိတ်ဆွေဟောင်း မသွားမှီ ပြောခဲ့သော စကားကို ပြန်အမှတ်ရသည်။
“အခုကစပြီး ငါတို့ မသိတော့ဘူး...”
သိသာစွာပင် ထျန်းဟယ်အကြီးအကဲသည် အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားခဲ့သည်။
ယခု သူသည် မိစ္ဆာဖြစ်သွားခဲ့လေပြီ။ သူတို့ မည်သို့ တတ်နိုင်မည်နည်း။
ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများအားလုံး အရှင်ထိုက်ရွှမ်၏ဆင့်ခေါ်မှုဖြင့် စုဝေးနေကြသည်။
ရှောင်ကလန်အပါအဝင် လူတိုင်း ရောက်လာကြ၏။ သောမျိုးနွယ်စု၊ ရှောင်ကလန်၊ ယွင်ယန်ကလန်နှင့် တခြားသော ဘုံများမှ တန်ခိုးရှင်များသည်ပင် ပါဝင်သည်။
“ရှန်ကလန်မှ ဖြစ်ပျက်ခဲ့တာ အားလုံး သိပြီးရောပေါ့...” အရှင်ထိုက်ရွှမ်က လူတိုင်းကို ကြည့်သည်။ အားလုံးက ခေါင်းညိတ်ကြ၏။
“ဖူရှင်း... မင်းပြော...” အရှင်ထိုက်ရွှမ်က သူ့ဘေးမှ လူငယ်ကို ပြောသည်။
ရီဖူရှင်းက ခေါင်းညိတ်ကာ အားလုံးကို ကြည့်လိုက်သည်။ သူက အနည်းငယ်ဦးညွတ်ကာ ဆိုသည် “အားလုံးကို ကျွန်တော် တောင်းပန်ရပါမယ်။ ကျောင်းတော်ကို တည်ထောင်ခဲ့ကာ ကျွန်တော့ရဲ့တကိုယ်ကောင်းဆန်စိတ်အနည်းငယ် ပါဝင်ပါတယ်။ ကျွန်တော်က နတ်ဘုရားအကြွင်းအကျန်နယ်မြေမှာ အင်အားစုအတော်များများနဲ့ ရန်သူဖြစ်ခဲ့ပြီးတော့ ဒါကို ရင်ဆိုင်ဖို့ အရံအတားတစ်ခုခုလိုအပ်ခဲ့တယ်။ ကျောင်းတော်တည်ထောင်တော့ အင်အားစုအများကြီး ပါဝင်ပတ်သက်ခဲ့ပြီးတော့ ဒီအထဲမှာ ကျုပ်ဆရာနဲ့ အရှင်ထိုက်ရွှမ်တို့လည်း ပါဝင်ဖြစ်ခဲ့တယ်”
အားလုံးက တိတ်ဆိတ်စွာ နားထောင်နေကြသည်။ ပုံမှန်အားဖြင့် သူတို့က ရီဖူရှင်းပြောသောစကားကို နားလည်ကြ၏။ သူတို့အားလုံးက ကိုယ်ပိုင်ဆန္ဒဖြင့် ရောက်လာခြင်းသာဖြစ်သည်။ ရီဖူရှင်းအနေဖြင့် တောင်းပန်စရာပင်မလို။
“ပြီးတော့ အားလုံးကို မပြောဖြစ်ခဲ့တဲ့ကိစ္စတစ်ခုရှိတယ်။ ထျန်းဟယ်အကြီးအကဲဟာ ကျွန်တော့ဆရာဖြစ်ပြီးတော့ ကျွန်တော့ကြောင့်ပဲ ရှန်ကလန်ကို ခေါ်သွားခံရတာပါ။ ကျွန်တော်က ကျောင်းတော်ကို တည်ထောင်တာ တကိုယ်ကောင်းစိတ်ပါဝင်ခဲ့ပေမဲ့ မူလရည်ရွယ်ချက်ကတော့ အမြဲတမ်းရှိနေခဲ့ပါတယ်။ ကျွန်တော်က ကျောင်းတော်ကို လမ်းစဉ်ဖြန့်ကျက်သင်ကြားဖို့အတွက်သာဖြစ်ပြီးတော့ တချိန်တည်းမှာပင် ကျွန်တော့အတွက် ကောင်းမွန်တဲ့ အကာအကွယ်တစ်ခုရရှိဖို့ပါပဲ။ အနာဂတ်မှာ ကျွန်တော်ဟာ လုံလောက်အောင် သန်မာလာခဲ့ရင် ကိုယ့်ပြဿနာကို ကိုယ်တိုင်ရှင်းဖို့ ဆန္ဒပဲ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် မှားခဲ့တယ်။ ရှန်ကလန်ဟာ မထင်မှတ်ထားလောက်အောင် အတင်းဖိအားပေးခဲ့ပြီးတော့ သူတို့မလုပ်ရဲ့တဲ့အရာ မရှိသလောက်ပဲ။ သူတို့က အတင့်ရဲမောက်မာလွန်းခဲ့တယ်။ သူတို့က ဒီလိုလုပ်ရဲရင် အနာဂတ်မှာ ရွှေရောင်နတ်ပြည်ထောင်ကလည်း လုပ်ရဲမှာပဲ။ ဒါပေမဲ့ ကျုပ်ဆရာလိုဖြစ်လာမယ်မှန်းသိရင် သူတို့ အဲလို မောက်မာရင့်သီးရဲပါ့မလား...”
မှန်သည်၊ သူတို့ မလုပ်ရဲပေ။
သူတို့က ရင့်သီးလွန်းသည်မှာ ယုံကြည်မှုရှိနေ၍ ဖြစ်သည်။ ထျန်းဟယ်အကြီးအကဲသည်သာ ထိုမျှ ပြသနာပေးမည်မှန်းသိမည်ဆိုပါက မည်သူမှ ကျောင်းတော်ကို လာရောက်ကာ ဖိနှိပ်ရဲမည်မဟုတ်ပေ။
ရှောင်ကလန်နှ့င့် သောမျိုးနွယ်တို့က ကျောင်းတော်အတွက် စစ်ခင်းရဲမည်ဆိုပါက ရှန်ကလန်က အမှန်တကယ် ရင့်သီးရဲမည်လား။
“ကျောင်းတော်အတွက် လမ်းစဉ်နှစ်ခုပဲ ရှိပါတယ်။ ကျုပ်တို့က ကျောင်းတော်ကို ဖျက်သိမ်းပြီးတော့ သမိုင်းမှာ အတိုတောင်းဆုံး ကျောင်းတော်အဖြစ် ထားရစ်ခဲ့မယ်” ရီဖူရှင်းက ဆက်ပြောသ်ည “ရှန်ကလန်က ကျုပ်တို့ကို လာဖိနှိပ်တယ်။ ကျုပ်တို့က ဘာမှ ပြန်မလုပ်ရဲရင် ပြေးသင့်တယ်။ ကျုပ်တို့က ဘုံသုံးထောင်မှာ အကောင်းဆုံးကျောင်းတော်ဖြစ်ချင်ရင် ကျုပ်ကတော့ ကောင်းကင်အာဏာစက်ဘုံက အင်အားစုတွေဟာ ဒီအတွက် လုံလောက်တယ်ဆိုတာပဲ။ ခင်ဗျားတို့အားလုံး ကျုပ်နဲ့အတူ ရှန်ကလန်သို့ လိုက်ရဲသလား...”
သမိုင်းတွင် အတိုတောင်းဆုံး ကျောင်းတော်...။
ရှန်ကလန်သို့ ရီဖူရှင်းနှင့်အတူ သွားမည်။
အားလုံးက ထိုနေရာတွင် တိတ်ဆိတ်စွာ ထိုင်နေကြသည်။
ရီဖူရှင်းထံမှ စူးရှလင်းလက်သော အရှိန်အဝါနှင့်အတူ အက်ကြောင်းမဲ့ဝင်ရိုးစွမ်းအားများ ပျံ့လွင့်လာခဲ့သည်။
ယူချင်းက ရှေ့ကို လှမ်းထွက်လာလျှင် မိစ္ဆာအရောင်အဝါသည် အမှန်တကယ် အက်ကြောင်းမဲ့ဝင်ရိုးမှ ထွက်လာခြင်းဖြစ်နေသည်။
ထို့နောက် ဂူတုံးလျှို ထွက်လာ၏။
လီဟန်ဓားသမား၊ ရာရာ...။
သူတို့အားလုံးတွင် အက်ကြောင်းမဲ့ဝင်ရိုး ပိုင်ဆိုင်၏။
နောက်ထပ်လူများ ရှေ့ကို ထွက်လာသည်။ လုံချင်၊ ကျွမ်နှင့် ကုဟောင်တို့အားလုံး ရီဖူရှင်းဘေးတွင် လာရပ်ကြ၏။ သူတို့အားလုံးသည် အက်ကြောင်းမဲ့ဝင်ရိုးကို ပိုင်ဆိုင်ကြသည်။
အားလုံး၏စိတ်နှလုံးများ တုန်ယင်လာကြသည်။
ဘုံသုံးထောင်တွင် အကောင်းဆုံးကျောင်းတော်...။
ဤကား အလဟသထုတ်ပြောသောစကားမဟုတ်ပေ။
“ရှန်ကလန်က ကျုပ်တို့ဆီက လူလာခေါ်တယ်ဆိုရင် ကျုပ်တို့ကလည်း ဒီလို ပြန်လုပ်နိုင်ကြောင်း သူတို့ကို သိစေရမယ်။ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဘယ်သူမှ အနိုင်မကျင့်နိုင်ဘူးဆိုတာ ကျုပ်တို့က တစ်လောကလုံးကို ပြောပြရမယ်” အရှင်ထိုက်ရွှမ်က ထရပ်ကာ ပြောသည် “ဘယ်သူမှ ကျုပ်နဲ့မလိုက်ရင်လည်း ကျုပ်က ဖူရှင်းနဲ့အတူသွားမယ်။ ကျောင်းတော်ကတော့ ဖျက်သိမ်းလိုက်တာပေါ့”
***