တက်ရောက်ခြင်း
Vol. 35 Ch. 511
‘နောက်ဆုံးတော့..’
ဆန်နီ သူတော်စင်ကို ဖန်တီးပြီး ၀/၂၀၀ ဆိုတဲ့ အချက်အလက် စာသားကို မြင်ခဲ့ရတာက ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ..။တစ်နှစ်လား..တစ်နှစ်ကျော်လား..။ဒါကတော့..ဆန်နီဟာ သူ့ရဲ့ အရိပ်အတွင်းထဲက အမှောင်မီးခဲတွေကို ပြည့်ဝသွားအောင် မှတ်သားမူတွေ စုဆောင်းခဲ့ရတဲ့ အချိန်ကာလ တစ်ခုပါ…။
…အခု ဘာဆက်ဖြစ်လာမှာလဲ..။
ပြီးခဲ့တဲ့တစ်ခေါက် သူတော်စင် အသွင်ပြောင်းလဲတုန်းက အတော်လေးကို ကြာမြင့်ပါတယ်..။သူက သူ့ရဲ့ အရိပ်အမြုတေ ထဲမှာ နောက်ထပ်တစ်ကြိမ် အိပ်စက်နေဦးမှာလား..။ဒါမှမဟုတ်..အပိုင်းအစ နှစ်ရာပြည့်မြောက်ပြီး ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်က သူမ အနက်ရောင်စစ်သည်ကို သတ်ပြီး တဲ့နောက်က ဖြစ်စဉ်နဲ့ ကွာခြားသွားမှာလား..။
တစ်ခနကြာပြီးတဲ့နောက်မှာတော့..ဆန်နီ အဖြေကို ရသွားခဲ့တယ်…
အလင်းရောင်တွေ ကင်းမဲ့နေတဲ့ သူ့ရဲ့ ဝိဉာဉ်ပင်လယ်ထဲမှာတော့..သူတော်စင်က ရုတ်တရက် တုန်လှုပ်သွားခဲ့တယ်..။သူမရဲ့ ကိုယ်ထဲမှာ ရှိနေတဲ့ အမှောင်ထုက ထိုးထွက်လာခဲ့ပြီး..သူမရဲ့ ခန္တာကိုယ်ထဲမှာ ရှိနေတဲ့ မီးခဲသုံးခုက ပေါ်ထွက်လာခဲ့ပါတယ်..။တစ်ခုက သူမရဲ့ ရင်ဘတ် ၊ တစ်ခု က သူမရဲ့ ဝမ်းဗိုက်နဲ့ နောက်ဆုံးတစ်ခုကတော့ သူမရဲ့ ဦးခေါင်းမှာပါ..။ဒီအရာတွေက အနက်ရောင် အလင်းတန်းတွေ ထွက်ပေါ်နေခဲ့တယ်..။
ဒါက အတော်လေးကို ကွဲပြားတယ်ဆိုပေမယ့်..ဆန်နီ နှစ်ကြိမ်ကျော်ဖြတ်ခဲ့ရတဲ့ အခြေအနေနဲ့ အတော်လေးကို တူညီပါတယ်..။တစ်ခုက ပထမ အိပ်မက်ဆိုးပြီးဆုံးသွားတဲ့ အချိန်မှာ ဖြစ်ပြီး ၊ နောက်တစ်ကြိမ်က တော့..ကြက်သွေးရောင် ထိပ်ဖျားကနေ ထွက်လာတဲ့ အချိန်မှာပါ..။
‘သူမက…သူမက နောက်ထပ် အဆင့်အသစ်ကို တက်ရောက်နေတာလား..’
ဒီအတွေးက ဆန်နီကို စိတ်လှုပ်ရှားမူတွေနဲ့ ပြည့်နှက်လာစေခဲ့တယ်..။
အဲ့အချိန်မှာတော့..သူတောင်စင်က ပြောင်းလဲမူ ဖြစ်စဉ်အတွင်းမှာ ရှိနေတုန်းပါပဲ..။သူမရဲ့ ဝန်းကျင်မှာရှိနေတဲ့ တည်ငြိမ်တဲ့ရေထုကတော့..မမြင်ရတဲ့ လေထုက တိုက်ခိုက်လာခဲ့သလိုပဲ လှုပ်ခါလာခဲ့ပါတယ်..။ကခုန်နေတဲ့ အနက်ရောင် မီးတောက်တွေက သူမရဲ့ ခန္တာကိုယ် ဝန်းကျင်မှာ ပေါ်ထွက်လာခဲ့တယ်..။ပြီးတာနဲ့ ဒါက ရေမျက်နှာပြင်ရဲ့ အပေါ်ဖက်ကို တက်လာခဲ့ပြီး..ဖြည်းဖြည်းချင်း မှေးမှိန်လာခဲ့ပါတယ်..။
ဆန်နီ နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပြီး..ထူးဆန်း ၊ လှပတဲ့ ဖြစ်စဉ်ကို စောင့်ကြည့်နေခဲ့တယ်..။သူ့ရဲ့ နှလုံးခုန်သံကတော့..အတော်မြန်ဆန်နေခဲ့ပါပြီ..။
မိနစ်အနည်းငယ် ကြာပြီးတဲ့ နောက်မှာတော့..ဒါက ပြီးဆုံးသွားခဲ့တယ်…။
မမြင်ရတဲ့ လေထု နဲ့ အနက်ရောက် မီးတောက်တွေကလည်း ပျောက်ကွယ်သွားခဲ့ပါပြီ..။ရေထုက နောက်ထပ်တစ်ကြိမ် ပြန်လည် တည်ငြိမ်သွားခဲ့တယ်...။သူတော်စင်ကတော့ မားမား မတ်မတ်ရပ်နေခဲ့ပြီး ..သူမရဲ့ ထည်ဝါလှတဲ့ အသွင်က စွမ်းအား အသစ်တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်…။သူမရဲ့ ပတ္တမြားရောင် မျက်လုံးတွေက ပိုပြီး တောက်ပလာသလိုပါပဲ..။
အရင်တစ်ကြိမ်နဲ့ မတူညီတာက တိတ်ဆိတ်တဲ့ နတ်မိစ္ဆာက အပြင်ဖက်ပိုင်း ဘာမှ မပြောင်းလဲပေ..။သူမရဲ မဟူရာ အကာအကွယ် တောက်ပြောင်ပြီး..ကျောက်တုံးပုံစံ သတ္တုနဲ့ တူညီနေတုန်းပါပဲ..။ဒီအကာအကွယ်ရဲ့ အောက်ဖက်မှာတော့..သူမရဲ့ နူးညံ့ပြီး..စကျင်ကျောက်လို ဖြူဖွေးတဲ့ အရည်ပြားတွေ ရှိတယ် ဆိုတာကို ဆန်နီ သိထားပြီးသားပါ..။
…အတွင်းဖက်မှာတော့..ပြောင်းလဲမူတွေက အတော်လေးကို နက်ရှိုင်းပါတယ်…။
သက်ရှိ ရုပ်ထုရဲ့ ခန္တာကိုယ်ထဲမှာ ရှိနေတဲ့..အမှောင်ထုက အခုဆိုရင် ပိုပိုပြီး နက်ရှိုင်းလာခဲ့တယ်..။ပြီးတော့..မီးခဲသုံးခုကလည်း သိသိသာသာ ပဲ ပိုကြီးမားလာခဲ့ပါတယ်..။ထပ်ပြောရရင် ဒီအရာတွေက အခုမှ တစ်နည်းအားဖြင့် ပိုပြီး ပြည့်စုံလာခဲ့တာပါ..။အပြည့်အဝကြီး မဟုတ်သေးပေမယ့်လည်း..အရင်ကလို ပျက်စီးနေတဲ့ အပိုင်းအစ မျိုးတော့ မဟုတ်တော့ပါဘူး..။
ဆန်နီ တွေဝေနေပြီးကာမှ အချက်အလက်ဇယားကို ထုတ်ဖော်ကြည့်လိုက်တယ်..။
အရိပ် - မာဗယ် သူတော်စင်
…သူမရဲ့ နာမည်ကတော့..ပြောင်းလဲမူ မရှိခဲ့ပါဘူး..။သို့ပေမယ့်..နောက်ထပ် စာသားတွေကတော့..အတော်လေးကို ပြောင်းလဲသွားခဲ့ပါတယ်…
အရိပ်အဆင့် - တက်ရောက်မူ
သူ အေးခဲသွားခဲ့တယ်…။
“ငါ..ငါတော့ သေပြီ..’
တက်ရောက်မူ…သူတော်စင်က အခုဆိုရင် တက်ရောက်မူအဆင့်ကို ရောက်သွားခဲ့ပါပြီ။အမှတ်တကယ်ပဲ သူမက နောက်ထပ် တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်..။အမှန်တော့ အခုဆိုရင် သူမက..မာစတာ ဂျက် ၊ အနက်ရောင် စစ်သည် ၊ မှန်သားရဲ ၊ ဟန်ဆောင်သူ တို့နဲ့ အဆင့်အတူတူပါပဲ..။
တက်ရောက်မူ အဆင့် လူသားတစ်ယောက်ကို မာစတာ တစ်ယောက်လို့ ခေါ်ကြပြီး..တူညီတဲ့အဆင့်မှာရှိတဲ့ အိပ်မက်ဆိုးသားရဲတွေကိုတော့..ကျရှုံးမူအဆင့်လို့ ခေါ်ကြပါတယ်..။သူတော်စင်က အခုဆိုရင် ဒီနှစ်ခုရဲ့ ကြားမှာ ရှိနေတဲ့ သတ္တဝါတစ်ကောင်ပါ..။သူမက အမြုတေတွေ အများကြီးကို ပိုင်ဆိုင်ထားခဲ့ပေမယ့်..ပျက်ပြားခြင်း လမ်းကြောင်းအစား..တက်ရောက်ခြင်းလမ်းကြောင်းကိုသာ ရွေးချယ်ထားခဲ့တာပါ..။
ဆန်နီ လိုမျိုးပေါ့..။
ဒါပေါ့ အခုဆိုရင် သူမက သူ့ထက် ပိုပြီး သန်မာသွားခဲံပါပြီ..။
ဆန်နီကတော့..အခုချိန်မှာ ပျော်ရွှင်မူနဲ့ အနည်းငယ်ခါးသက်မူတို့ ရောနှောရင်း အနည်းငယ် ရူးသွပ်မလို ဖြစ်နေခဲ့တယ်..။သူ သူတော်စင်ကို ဖန်တီးတဲ့ အချိန်တုန်းက..သူမက သူ့ထက် အတော်လေးကို ပိုပြီး သန်မာနေခဲ့တာပါ..။သူ နိုးထသူ ဖြစ်လာပြီးတဲ့ အချိန်မှာတော့..နောက်ဆုံးမှာ သူတော်စင်ကို အမှီလိုက်နိုင်ခဲ့ပါတယ်..။သို့ပေမယ့် အခုတော့..သူမက သူ့ထက် ပိုပြီး သန်မာသွားခဲ့ပြန်ပါပြီ..။
သူ သက်ပြင်းချလိုက်ပြီး..နတ်မိစ္ဆာကို ကြီးမားတဲ့ အပြုံးတစ်ခုနဲ့အတူ ကြည့်လိုက်တယ်..။
“တကယ်ကောင်းတယ်..သူတော်စင်..။အခု ငါတို့ကို ဘယ်သူကများ တားဆီးနိုင်ဦးမှာလဲ..ဟင်..”
တိတ်ဆိတ်တဲ့ နတ်မိစ္ဆာက ပြန်မဖြေခဲ့ပဲ စိတ်ဝင်စားတဲ့ ပုံစံကိုသာ ပြသလာခဲ့တယ်..။
..သို့ပေမယ့်..သူမက သူမရဲ့ လက်ကို တိတ်တဆိတ် မြှောက်လာခဲ့ပြီး..လက်သီးဆုပ်ကာ..သူမရဲ့ ဘယ်ဘက်ရင်ဘတ်က ချပ်ဝတ်ကို..နှစ်ချက်ရိုက်လိုက်တယ်..။
ဆန်နီဟာ သူ့အရိပ်ရဲ့ ဒီလို တုန့်ပြန်မူနဲ့ သိပ်ပြီး အသားမကျတာကြောင့်..ဒီတိုင်းသာ စိုက်ကြည့်နေခဲ့ပါတယ်..။
“အာ..ဟုတ်တယ်..။အတိအကျပဲ..”
သူ အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရပြီး..ခနလောက် တွေဝေသွားခဲ့ကာ..အချက်အလက်ဇယားကို ကြည့်လိုက်တယ်..။
သူတော်စင်ရဲ့ အမျိုးအစား..၊နဲ့ စွမ်းရည်တွေက မပြောင်းလဲခဲ့ပါဘူး..။သို့ပေမယ့် အချက်အလက် စာသားတွေရဲ့ အောက်ဆုံးကို ရောက်လာတဲ့ အချိန်မှာတော့..သူက မထင်မှတ်ထားတဲ့ အံ့ဩစရာတစ်ခုကို တွေ့လိုက်ရတယ်..။
‘ဘာလဲ..’
အချက်အလက် နောက်ဆုံးစာသားကို ဖတ်လိုက်တယ်..။
အရိပ်အပိုင်းအစ - ၃၉ / ၂၀၀
သူ နံပါတ်တွေကို စိုက်ကြည့်လိုက်ပြီး..သူ့မျက်လုံးကိုသူ ပြန်ပွတ်လိုက်တယ်..။မဟုတ်ဘူး..သူ ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်ဘူး..။ဒါက နှစ်ရာမှာ..သုံးဆယ့်ကိုး ကိုတောင် ရောက်နေခဲ့ပြီ..။
ဆန်နီ စိတ်ရှုတ်ထွေးသွားပြီး မျက်လုံးကျဉ်းမြောင်းသွားခဲ့တယ်..။
‘သို့ပေမယ့်..ဒါက ဘယ်လိုလုပ် အဓိပ္ပာယ် ရှိမှာလဲ..’
သူတော်စင် ကတ်ကို မစုပ်ယူခင် အချိန်တုန်းက အချက်အလက်ဇယားမှာ..၁၇၉ / ၂၀၀ လို့ ပြသထားခဲ့တာပါ..။ထပ်တူညီမူကနေ အပိုင်းအစတွေ ဘယ်လောက်တောင် သူမကို ပေးလိုက်တာလဲ.။
ရုတ်တရက် သံသယ ဖြစ်သွားတဲ့ ဆန်နီက..တစ်ဖက်ကို လှည့်လိုက်ပြီး..တိတ်ဆိတ်နေတဲ့ အရိပ်တန်းကြီးကို လှမ်းကြည့်လိုက်တယ်..။
…ကတ် ရဲ့ အရိပ်ကတော့ မရှိတော့ပါဘူး..။
‘ ဒီတော့..သူမက အဲဒါကိုပါ စုပ်ယူခဲ့တာပေါ့..’
သူက ဘာတွေ ဖြစ်သွားခဲ့တာလဲ ဆိုတာကို စတင်ပြီး နားလည်သွားခဲ့တယ်..။ကြည့်ရတာတော့..အပိုင်းအစအများစုက ထပ်တူညီမူကနေ လာခဲ့တာမဟုတ်ပဲ..မူလ အရိပ်ဆီကနေ ရောက်လာခဲ့တာပါ..။ကတ် က အတွေ့အကြုံရှိတဲ့ နိုးထသူ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့..အမြုတေကိုလည်း အပြည့်အဝ ဖြည့်ထားခဲ့ပါတယ်..။သူ့ရဲ့ အရိပ်တွေကို စုပ်ယူလိုက်တာကြောင့် သူတော်စင်က ကတ်တစ်ဘဝလုံး စိတ်ယူထားခဲ့တဲ့ ဝိဉာဉ်အပိုင်းအစတွေရဲ့ တစ်စိတ်တစ်ဒေသကို ရသွားခဲ့တာပါ..။ဒါက သာမန်လူသားတွေ တစ်ခြားလူသားတစ်ယောက်ကို သတ်ဖြတ်ရင် ရရှိကြတဲ့ အတိုင်းပါပဲ..။
ဒီပမာဏက..နောက်ထပ်တစ်ဆင့်ကို တက်ရောက်ဖို့ လိုအပ်တဲ့ ပမာဏကို ပြည့်မှီတဲ့ အပြင် ပိုတောင် ပိုနေပါသေးတယ်..။ဒါပေါ့..သူ့ရဲ့ အရိပ်က အခုဆိုရင် တက်ရောက်မူ အဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ..။သူမက တူညီတဲ့ အရိပ်အပိုင်းအစ မျိုးကို ရရှိဖို့အတွက် ဆိုရင် သူမက တူညီတဲ့ အရည်အသွေးမျိုးကို လိုအပ်ပါသေးတယ်..။ကတ် ဆီကနေ ရလာခဲ့တဲ့ အရာတွေက နိုးထမူ အဆင့်တွေပါ..။
ဒီတော့..တကယ်လို့ သူတော်စင်ရဲ့ အဆင့်သာ မပြောင်းလဲသွားဘူးဆိုရင်..သူမရဲ့ လက်ရှိအရေအတွက်က ၇၈ / ၂၀၀ ဖြစ်နေလောက်မှာပါ..။
ဒီတော့..သူမက ကတ် ရဲ့ ထပ်တူညီမူကို စုပ်ယူလိုက်တာကနေ..အပိုင်းအစ အမှတ် တစ်ရာနီးပါးလောက် ရရှိခဲံတယ် လို့ ဆိုလိုပါတယ်..။ဒါက..ဆန်နီအနေနဲ့ ဒီပမာဏလောက်ရဖို့ နှစ်ဝက်လောက် ကြိုးစားကျွေးမွေးခဲ့ရတာနဲ စာရင် မယုံနိုင်စရာ ပမာဏပါပဲ..။
ရုတ်တရက်ဆိုသလိုပဲ တန်ဖိုးရှိတဲ့ ထပ်တူညီမူကို စွန့်လွှတ်လိုက်ရတဲ့ သူ့ရဲ့ နောင်တရမူတွေက ပျောက်ကွယ်သွားခဲ့တယ်..။
‘ဒါက..ထီပေါက်သလိုပဲ…တကယ်ကို ထီပေါက်သလိုပဲ..’
ဒီနေ့တော့ ကံတရားက သူ့ဘက်မှာ ရှိနေတဲ့ ပုံပါပဲ.။
..ပြီးတော့..တက်ရောက်မူအဆင့် နတ်မိစ္ဆာတစ်ကောင်က သူ့ဘက်မှာရောက်နေပြီဆိုတော့..ဒါက ဆန်နီ ရဲ့ စွမ်းဆောင်နိုင်စွမ်းတွေကို နောက်ထပ်တစ်ဆင့်ကို ရောက်သွားစေပါတယ်..။အသစ်ဖြစ်တည်လာတဲ့ သူတော်စင်နဲ့ သာ ပေါင်းစပ်လိုက်မယ် ဆိုရင်..သူက အားကောင်းတဲ့ အိပ်မက်ဆိုးသားရဲတွေကို စိန်ခေါ်နိုင်စွမ်းရှိလာပါပြီ..။ပြီးတော့ ဒီအရာကို မူတည်ပြီးတော့ပဲ သူ့ ရဲ့ ကိုယ်ပိုင်ခွန်အားက ပိုမို သန်မာလာတော့မှာပါ..။
ပိုကောင်းတာက..ဒီပြောင်းလဲမူက အချိန်ကိုက် ဆိုသလို ဖြစ်ပေါ်လာခဲ့တာ ပါပဲ..။
ဘာလို့လဲဆိုတော့..အခုချိန်က..သူ့အနေနဲ့ သဘော်ပျက်ကျွန်းကို ပြန်သွားရဖို့ နီးကပ်လာနေခဲ့ပါပြီ..။သူက အဲဒီ ပျက်ဆီးစေတဲ့ ကျွန်း မှာနေထိုင်တဲ့..ကြောက်မက်ဖွယ်ရာ သက်ရှိကို စိန်ခေါ်ရမှာပါ..။
တက်ရောက်မူ အဆင့် အရိပ်ကိုသူ့အနားမှာ ထားထားနိုင်တာက အတော်လေး အလုပ်ဖြစ်ပါလိမ့်မယ်..။
မာစတာ ဂျက် မြေအောက်ခန်းထဲကို ပြန်ရောက်လာတဲ့ အချိန်ကြမှ..သူ့ရဲ့ မျက်နှာပေါ်မှာ ကြီးမားပြီး တုံးအတဲ့ အပြုံးတစ်ခု ရှိနေတယ် ဆိုတာကို ဆန်နီ သတိထားမိလိုက်တယ်.။သူ အလျင်အမြန် ပြုံးနေတာကို ရပ်လိုက်ပြီး..မတ်တတ်ထရပ်လိုက်ပါတယ်..။
“ အကုန် ပြီးသွားပြီလား..”
သူမက သူ့ကို အေးဆေးစွာ ခေါင်းငြိမ့်ပြလိုက်ပြီး သန်းဝေလိုက်တယ်..။
“ဟုတ်တယ်..ငါတို့သွားလို့ရပြီ..။စာရွက်စာတမ်း နည်းနည်းပါးပါး လုပ်လိုက်တာနဲ့ ငါ ကတိပေးထားတဲ့ ထောက်ပံ့ရေး အမှတ်တွေကို နင် အသုံးပြုလို့ ရသွားလိမ့်မယ်..။တကယ်လို့ ဆန္ဒရှိတယ် ဆိုရင် ..အရင်ဆုံး တစ်ခုခု သွားစားကြတာပေါ့..”
ဆန်နီ ပြုံးလိုက်ပြီး..
‘အိုး ..ဟုတ်သားပဲ…အစိုးရဆီကနေလည်း..ဆုလာဒ် ယူရဦးမယ်..’
အခုတော့..သူက ထောက်ပံ့ရေးအမှတ် တွေကို ..သူတော်စင်ရဲ့ အမြုတေကို မြန်နိုင်သမျှ မြန်အောင် ဖြည့်ပေးဖို့ အသုံးပြုစရာ မလိုတော့ပါဘူး..။သူက တစ်ခြား ဘာကိုများ ရနိုင်ဦးမှာလဲ..။
အပိုင်း ( ၅၁၁ ) ပြီး၏။