← Chapters

တိုက်ပွဲအတွက် ဆွေးနွေးမူ

Vol. 35 Ch. 513

တိုက်ပွဲအတွက် ဆွေးနွေးမူ

Vol. 35 Ch. 513

မကြာခင်မှာပဲ..ချိန်းကြိုးတစ်လျောက်ကနေ လူရိပ်ခုနှစ်ခုက ဖြတ်လျောက်လာကြတာကို သူ ရှင်းရှင်းလင်းလင်း မြင်လာခဲ့ရပါတယ်..။သူတို့ကို ပေါ့ပါးတဲ့ အကာအကွယ်ကို ဝတ်ဆင်ထားတဲ့ နူးညံ့တဲ့ မိန်းကလေးတစ်ယောက် က ဦးဆောင်ထားခဲ့တယ်..။သူမရဲ့ ရွှေရောင် ဆံပင်တွေက လေးထဲမှာ လွင့်ပျံနေခဲ့ပါတယ်..။ကတ်စီက သူမရဲ့ မျက်လုံးတွေကို..မျက်လုံးကို ဖုံးအုပ်တဲ့ မျက်နှာဖုံးတစ်ခုနဲ့ အုပ်ရင်း လမ်းလျောက်လာနေခဲ့တာပါ..။သူမရဲ့ လက်တွေကိုတော့..တိတ်တဆိတ် ကခုန်သူ ရဲ့ အပေါ်မှာ တင်ထားခဲ့တယ်..။တကယ်လို့..ဆန်နီသာ သူမ မျက်လုံးကန်း နေတာမှန်း မသိဘူးဆိုရင်..ဒီလိုဖြစ်နေတာဆိုတာကို သတိထားမိမှာတောင် မဟုတ်ပါဘူး..။

…မီးစောင့်ရှောက်သူတွေ့က ဆိုးယုတ်မူကျွန်းကို စူးစမ်းရှာဖွေရာကနေ ပြန်လာခဲ့ကြပါပြီ.။

သူတို့က အဲဒီကျွန်းပေါ်မှာ ဘာကိုရှာနေကြတာလဲဆိုတာကို သူ သေချာမသိပေမယ့်..အဆုံးမှာတော့ အဲဒီအရာကို ရှာဖွေဖို့အတွက် နှစ်လနီးပါး ကြာမြင့်ခဲ့ကြပါတယ်..။အခုတော့..ဆန်နီက သူတို့နဲ့အတူပူးပေါင်းပြီး..ရှေးဟောင်း သဘော်ပျက်ကြီးကို တိုက်ခိုက်ရမယ့် အချိန်ပါပဲ..။

သူ မျက်နှာရှုံးမဲ့သွားခဲ့တယ်..။

အစစ်အမှန်ကမ္ဘာဆီကို နှစ်လလောက် မပြန်ပဲ နေခဲ့ကြတာကြောင့်..ကတ်စီရဲ့အဖွဲ့သားတွေက..အတော်လေးကို နွမ်းနယ်ပြီး..မောပန်းနေကြပုံရနေခဲ့တယ်..။သူတို့က ဖုန်တွေ ၊ အညစ်အကြေးတွေနဲ့ ပြည့်နှက်နေကြပြီး..သူတို့ရဲ့ အကာအကွယ်တွေက တိုက်ပွဲတွေ အများကြီး တိုက်ခိုက်ခဲ့ရတာကို သက်သေပြနေခဲ့တယ်..။သို့ပေမယ့် ဒီ လူငယ် အမျိုးသား နဲ့ အမျိုးသမီး တွေက..အတော်လေးကို ကျန်းမာပြီး.စိတ်ကြည်လင်နေကြပံု ပေါ်ပါတယ်..။သူတို့ရဲ့ ခြေလှမ်းတွေမှာ..ရွှင်လန်းမူတွေ ရှိနေခဲ့ပြီး..အနားကို နီးကပ်ကပ်လာလာ သူတို့မျက်နှာပေါ်က အပြုံးတွေကို ဆန်နီ မြင်လာရလေလေပါပဲ..။

သူတို့ထဲက နှစ်ယောက်က..ကြမ်းတမ်းတဲ့ သစ်သားနဲ့ ပြုလုပ်ထားတဲ့ သေတ္တာကြီးတစ်လုံးကို..ဂရုတစိုက်သယ်ဆောင်လာခဲ့ ကြပါတယ်..။ဒီအထဲမှာ ကတ်စီ နှစ်လကြာအောင် ရှာဖွေနေခဲ့တဲ့အရာက ပါလာခဲ့တဲ့ ပုံပါပဲ..။

ဆန်နီ သိချင်စိတ်နဲ့ စိတ်ဝင်စားသွားခဲ့တယ်…

‘အဲတာက ဘာဖြစ်မလဲ ငါ သိချင်မိတယ်..’

နောက်ဆုံးမှာတော့..သူတို့ကလည်း သူ့ကို သတိထားမိသွားကြပါတယ်..။

ကတ်စီက အနည်းငယ်လောက် အရှိန်လျော့လိုက်တဲ့ အချိန်မှာတော့..သူမရဲ့ နောက်မှ လျောက်နေတဲ့ မီးစောင့်ရှောက်သူက ပုခုံးကို ညှင်သာစွာ ထိပြီး တစ်ခုခု ပြောနေခဲ့တယ်..။ယင်းနောက်..သူက ဆန်နီ ရှိနေတဲ့ နေရာကို လှည့်ပြီး လက်ဝေ့ယမ်းပြလာခဲ့ပါတယ်..။

ဆန်နီ သက်ပြင်းချလိုက်ပြီး..မီး မှတ်သားမူကို ပြန်သိမ်းလိုက်ပါတယ်..။

‘အာ..ဒီလူတွေ…’

ချိန်းကျွန်းစုမှာ ခြောက်လလောက်ကြာအောင် ဖြတ်သန်းပြီးတဲ့ နောက်မှာ သူက တစ်ခြားနိုးထသူတွေနဲ့ အနည်းငယ်လောက်သာ ဆက်ဆံမူလုပ်တာကို ကျင့်သားရလာခဲ့ပါတယ်။သူက အရမ်းကြီး မသိကျွမ်းတဲ့ တစိမ်းတွေနဲ့ အတူ အချိန်အတော်ကြာအောင် ရှိနေပြီး..သူတို့နဲ့ အတူ ဘေးချင်းယှဉ်တိုက်ခိုက်ရမယ်ဆိုတဲ့ အရာက ဆန်နီကို မပျော်ရွှင်စေခဲ့ပေ..။

ဒီအချက်မှာတော့..မော်ဒရက်က တကယ်ကို ကောင်းမွန်တဲ့ အပေါင်းအပါ တစ်ယောက်ပါ..။သူက အတော်လေးကြာမှ တစ်ခါပေါ်လာတတ်ပြီး ..ဆန်နီကို ကောင်းမွန်တဲ့ အကြံဥာဏ်တွေကို ပေးစွမ်းလေ့ရှိပါတယ်..။ပြီးတဲ့အချိန်မှာတော့..သူက ဘာမှပြန်လည်တောင်းဆိုတာမျိုးတွေ မလုပ်ပဲ..အရိပ်အယောင်တောင် မတွေ့ရကာ ပြန်လည် ပျောက်ကွယ်သွားခဲ့ပြန်တာပါ..။

လူမူဆက်ဆံရေးတွေ အားလုံးသာ ဒီလောက်အထိ ရိုးရှင်းနေကြမယ်ဆိုရင်…

စိတ်မကောင်းစရာက..ဆန်းကျယ်တဲ့ မင်းသားကို ဘယ်နေရာမှာမှာမှ မတွေ့ရတော့ပါဘူး..။ဆန်နီက ..ဆင်စွယ်ရောင် တာဝါကနေ ပြန်ရောက်လာပြီးကတည်းက သူ့ရဲ့ အသံကို မကြားရတော့ပေ..။ဒါက သူ့အနေနဲ့ အခြေအနေတစ်ခုလုံးကို ထင်ယောင်ထင်မှား ဖြစ်နေတာလား လို့တောင်..တွေးတောလုနီးပါး ဖြစ်စေပါတယ်..။

တပ်မက်ခြင်း သေတ္တာထဲမှာထည့်ထားခဲ့တဲ့..မှန် အပိုင်းအစလေးကပဲ..သူ အထင်မှားနေတာ မဟုတ်ဘူးဆိုတာကို သတိပေးနေခဲ့ပါတယ်..။

ဆန်နီ ကြိုးစားအားတင်းကာ ပြုံးလိုက်ပြီး..မီးစောင့်ရှောက်သူတွေ ဆီကို လက်ပြန်ဝေ့ယမ်းပြလိုက်တယ်..။

“ပြန်လည် ကြိုဆိုပါတယ် ကောင်လေးတို့..။မင်းတို့ကို တွေ့ရတာ တကယ် ဝမ်းသာတာပဲ..”

မီးစောင့်ရှောက်သူတွေက သူတို့ကိုယ်သူတို့ သန့်စင်ပြီး..စားသောက်ပြီးကြတဲ့နောက်မှာတော့..သူတို့က အဖြူရောင် တောင်ပံကလန်က ပေးအပ်ထားတဲ့ ကျယ်ပြောတဲ့ အခန်တစ်ခုမှာ စုဝေးလိုက်ကြပါတယ်..။ဆန်နီ အခန်ကို လှည့်ပတ်ကြည့်လိုက်ပြီး တိတ်တဆိတ် သက်ပြင်းချလိုက်တယ်..။

…သူနေရတဲ့ အခန်းက ဘာလို့ ဒီလောက်တောင် သေးငယ်နေရတာလဲ..။သူ့ရဲ့ အစစ်အမှန်နာမည်ကို ဖုံးကွယ်ထားရတယ် ဆိုရင်တောင်..ဆန်နီက SS အဆင့် နိုးထသူတစ်ယောက်ပါ..။သူ ရရှိရမယ့် အထူးအခွင့်အရေး တွေက ဘယ်ကို ရောက်နေတာလဲ..ဟင်..။

ကြီးမားတဲ့ သစ်သား သေတ္တာကြီးကိုတောင့် ထောင့်တစ်နေရာမှာ ထားထားခဲ့တယ်..။ပြီးတော့..နိုးထသူ ခုနှစ်ယောက်က စားပွဲပတ်လည်မှာ နေရာယူထားခဲ့ကြပါတယ်..။သူက ခနလောက် တွေဝေနေပြီးကာမှ သူတို့နဲ့ ပူးပေါင်းလိုက်တယ်..။

“ဟေး..ဆန်နီ..။အခြေအနေ ဘယ်လိုလဲ..”

ဆန်နီ ခနလောက် တိတ်ဆိတ်နေပြီးကာမှ ပုံမှန်ပဲ ပြန်ဖြေလိုက်တယ်..။

“..အလုပ်များနေတာ..။တကယ်ကို အလုပ်များတယ်..’

သူ့ကို မေးလိုက်တဲ့ လူငယ်လေးက ပြုံးလိုက်တယ်..။

“တကယ်လား..။ဘာတွေများ အလုပ်ရှုပ်နေတာလဲ..”

ဆန်နီ အချက်အလက် ဇယားကို ထုတ်ပြီး ကြည်လိုက်တယ်..။

အဲ့မှာရေးထားတာကတော့..

အရိပ်အပိုင်းအစ - ၁၉၃၆ / ၂၀၀၀

သူ သက်ပြင်းချလိုက်ပြီး..

“မျိုးစုံပဲ..။မင်း မကြားမိဘူးလား..။ငါက ချိန်းကျွန်းစုပေါ်မှာ အရေးအပါဆုံး ဆိုင်ရှင် တစ်ယောက်ပဲ.။စကားမစပ်..တကယ်လို့ မင်းက တစ်ခုခု ဝယ်ချင်တာ ရှိရင် ဒီတိုင်း ငါ့ကိုသာ ပြောလိုက်..။သွားတိုက်ဆေး..၊ ဟင်းခတ် အမွေးအကြိုင်..၊ အောက်ခံဘောင်းဘီတွေ…ငါ့မှာ အားလုံး ရှိတယ်..”

မီးစောင့်ရှောက်သူတွေ သူ့ကို ထူးဆန်းစွာ ကြည့်လိုက်ပြီး..ရယ်မောလိုက်ကြပါတယ်..။

‘ဘာတွေ ရယ်စရာကောင်းနေလို့လဲ..။ဒါက ငါ့ရဲ့ တရားဝင်စီးပွားရေး တစ်ခုပဲ အရူးတွေ..’

သူ ခေါင်းခါယမ်းလိုက်ပြီး..ချိန်းကျွန်းစုရဲ့ မြေပုံကိုထားထားခဲ့တဲ့ စားပွဲပေါ်ကို လှမ်းကြည့်လိုက်တယ်..။ဒီမှာတော့..သဘော်ပျက်ကျွန်းကို သွားနိုင်တဲ့ လမ်းကြောင်းတိုင်းကို အမှတ်အသား ပေးထားပါတယ်..။အခြေအနေကို ကြည့်ရတာတော့..သူတို့က ဘေးကင်းလုံးခြုံဖို့အတွက် သေချာ တွေးတော ထားကြတဲ့ ပုံပါပဲ..။

သူ့မျက်နှာပေါ်မှာ သုန်မှုန်တဲ့ အမူအရာတစ်ခု ပေါ်လာခဲ့တယ်..။

“ဒီတော့..မင်းတို့က အတည်ကြီး လုပ်နေကြတာပေါ့..။ငါတို့က တကယ်ပဲ..ပျက်ပြားခြင်းအဆင့် မွန်းစတားကို တိုက်ခိုက်ကြမှာလား..”

ကတ်စီ ခေါင်းညိမ့်လိုက်တယ်..။

“အမှန်ပဲ..”

သူ သက်ပြင်းချလိုက်ပြီး..

“ငါ မေးပါရစေဦး..။နင်က…ရ..”

သို့ပေမယ့်..ဆန်နီ မေးခွန်းကို ဆုံးအောင် မမေးပဲ ပြန်ငြိမ်နေလိုက်ပါတယ်..။သူက ရုတ်တရက် ရှက်ရွံ့စွာ ချောင်းဟန့်လိုက်တယ်..။

မျက်မြင်မိန်းကလေးက မျက်မှောင်ကျုတ်လိုက်ပြီး..

“ နင်အဆင်ပြေရဲ့လား..”

ဆန်နီ လက်ဝေ့ယမ်းလိုက်တယ်..။

“အင်း..အင်း..စိတ်မရှိပါနဲ့..။ငါ..အင်း..အိုး ဟုတ်သားပဲ..နင်က အစစ်အမှန်ကမ္ဘာဆီကို လအနည်းငယ်လောက် မပြန်ရသေးဘူး မလား..”

မီးစောင့်ရှောက်သူ တစ်ယောက်က မျက်ခုံးပင့်တင်လိုက်ပြီး..စိတ်ရှုပ်ထွေးစွာ မေးလာခဲ့ပါတယ်..။

“အေးလေ..။အဲတာက အရေးကြီးတဲ့ အရာ မဟုတ်ဘူးမလား..”

ဆန်နီ သူ့ကို မဖော်ပြနိုင်တဲ့ အမူအရာနဲ့ ကြည့်လိုက်ပြီး..

“အရေးမကြီးပါဘူး..။အဲ့အတွက် မစိုးရိမ်နဲ့..။တကယ် မလိုအပ်ဘူး..ဘာပဲဖြစ်ဖြစ်..ပျက်ပြားခြင်းအဆင့် မွန်းစတား ဆီကို ပြန်သွားကြရအောင်..။မင်းတို့ ဒီသတ္တဝါ အကြောင်း ဘယ်လောက်သိထားကြလဲ..”

ကတ်စီ ခနလောက်တွေဝေပြီးကာမှ ပြောလိုက်တယ်..။

“ငါတို့က သူ့ရဲ့ အဆင့် နဲ့ အမျိုးအစားကိုသိထားကြတယ်..။ပြီးတော့..အဖြူရောင်တောင်ပံ ကလန်က ပေးထားခဲ့တဲ့..အချက်အလက် အနည်းငယ်ကိုရောပဲ..။မာစတာ ရွန်က အရင်တုန်းက အဲဒီအရာနဲ့ တိုက်ခိုက်ခဲ့ဖူးတယ်..။ဒါပေမဲ့ ခနလောက်ပဲ..”

ဆန်နီ သူမကို ကြည့်ပြီး ခေါင်းခါယမ်းလိုက်တယ်..။

“ကောင်းပြီလေ..သူ နင့်ကို ဘာပြောခဲ့လဲဆိုတာတော့ ငါမသိဘူး..ဒါပေမဲ့..ဒီသားရဲ့ ရဲ့ ကြမ်းတမ်းတဲ့ လှုပ်ရှားမူတွေကို ငါ့ရဲ့ မျက်လုံးနှစ်လုံးနဲ့ ကိုယ်တိုင်မြင်ခဲ့ရတာ..။ဒီတော့..ငါကပဲ မင်းတို့ကို သေချာ ပြောပြပေးမယ်..”

သူက မြေပုံပေါ်က သဘော်ပျက်ကျွန်းကို လက်ညိုးထိုးပြလိုက်ပြီး..နက်မှောင်တဲ့အသံနဲ့စတင် ပြောလိုက်တယ်..။

“သဘော်ပျက်က ကျွန်းရဲ့အလယ်တည့်တည့်မှာ တည်ရှိနေတယ်..။ပြီးတော့..အဲဒီသားရဲက သဘော်ရဲ့ ကိုယ်ထည်ထဲမှာ အသိုက်လုပ်ပြီး နေနေခဲ့တာ..။ဒါပေမဲ့ ငါတို့ သဘော်ထဲကို မရောက်မချင်း ကိုယ့်ကိုကို လုံးခြုံပြီလို့ မတွေးထားကြနဲ့..။တကယ်တော့..သူ့ရဲ့ နွယ်ကြိုးတွေက..မြေအောက်ကနေပြီးတော့..ကျွန်းကြီး တစ်ခုလုံးဆီကို ဖြန့်ကျတ်ထားခဲ့တာ..”

သူ ရပ်တန့်လိုက်ပြီးမှ ထပ်ပြောလိုက်တယ်..။

“ဒါက ပျက်ပြားခြင်းအဆင့် မွန်းစတား ဖြစ်နေတာကြောင့်..နင်တို့ထဲက အများစုက ဒီနွယ်ကြိုးတွေကို ခုတ်ဖြတ်နိုင်ကြမှာ မဟုတ်ဘူး..။သူ့ရဲ့ ခန္တာကိုယ်ကိုတော့ ပြောမနေနဲ့တော့..။ဘာပဲဖြစ်ဖြစ် နင်တို့ရဲ့ မှတ်သားမူတွေကို တိုးမြှင့်ပေးနိုင်တဲ့ အာရုံဦးအမြုတေ ရှိမနေခဲ့ဘူးလေ..။ဒါပေမဲ့ နင်တို့က နွယ်ပင်တွေကို ဖြတ်တောက်နိုင်တယ် ဆိုရင်တောင်..ဒါတွေကနေ အဆိပ်ငွေ့တွေက ထွက်လာကြဦးမှာ..။ဒါပေမဲ့ နင့်တို့ ဖြတ်ဖြတ် မဖြတ်ဖြတ် အဆိပ်ငွေ့တွေကတော့ ထွက်လာနေမှာပဲ..။အထူးသဖြင့် သဘော်ပျက်ထဲမှာပေါ့..။အဲဒီမှာ အသက်ရူဖို့ဆိုတာက မဖြစ်နိုင်သလောက်ပဲ..”

သူ စကားတစ်လုံးပြောလိုက်တိုင်းမှာ..မီးစောင့်ရှောက်သူတွေရဲ့ အမူအရာတွေက ပိုပိုပြီး လေးနက်လာနေခဲ့ပါတယ်..။

…သိုပေမယ့် ..သူတို့ရဲ့ ခံစားချက်တွေကတော့..ကောင်းမွန်နေကြတုန်းပါပဲ..။

‘ဒီသောက်ရူးတွေက ဘာတွေ မှားယွင်းနေကြတာလဲ..’

ဆန်နီ လည်ချောင်းရှင်းလိုက်ပြီး..

“အိုး…စကားမစပ်..ကျွန်းပေါ်မှာလည်း တစ်ခြား အိပ်မက်ဆိုးသားရဲတွေ ရှိနေကြသေးတယ်..။သဘော်သား အရုပ်တွေ လို့ခေါ်တဲ့ ကျရှုံးမူအဆင့် သားရဲကြီးတွေပဲ..’

သူ တွေနေပြီးကာမှ ပြောလိုက်တယ်..။

“ကောင်းပြီလေ..အခြေအနေတစ်ခုလုံးမှာ ကောင်းမွန်တဲ့..အရာတစ်ခုတော့ ရှိပါတယ်..။အဲတာကတော့..ဒီသတ္တဝါက သူ့ရဲ့ နွယ်ပင်တွေကို နှောက်ယှက်မခံရသ၍ အချိန် အများစုကို အိပ်ပျော်နေတယ် ဆိုတာပဲ..။သူ့ရဲ့ အားနည်းချက်က မီး လိုတော့ ကတ်စီက ငါ့ကို ပြောထားတယ်..။ဒီတော့..ငါ အကြံပေးချင်တာကတော့..အဲဒီခွေးသား အထဲမှာ ရှိနေတုန်းမှာ သဘော်တစ်ခုလုံးကို မီးရှို့ ပစ်လိုက်ဖို့ပဲ..”

မီးစောင့်ရှောက်သူတွေက တစ်ယောက်နဲ့တစ်ယောက် ထူးဆန်းတဲ့ အမူအရာတွေနဲ့ ကြည့်လိုက်ကြတယ်..။

ကတ်စီ ခနလောက် တိတ်ဆိတ်နေပြီးကာမှ..ရှက်ရွံ့စွာ ပြောလာခဲ့ပါတယ်..။

“ဟင့်အင်..ငါတို့က သဘော်ကို မီးရှို့ပစ်လို့ မရဘူး..”

ဆန်နီ အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်ပြီး..

“..ဟုတ်လား..ဘာလို့လဲ..ကျေးဇူးပြုပြီး ရှင်းပြပါဦး..”

သူမက ထောင့်မှာထားထားတဲ့ သစ်သား သေတ္တာကြီး ဆီကို လှမ်းကြည့်လိုက်ပြီး..ခနလောက် တွေဝေကာ ပြန်ဖြေလိုက်တယ်..။

“ဘာလို့လဲ ဆိုတော့ …ငါတို့က အဲတာကို ပြန်ပြင်မှာ မို့လိုပဲ..”

အပိုင်း ( ၅၁၃ ) ပြီး၏။

All Chapters