← Chapters

ဖုံးကွယ်ထားတဲ့ ဓား..

Vol. 35 Ch. 514

ဖုံးကွယ်ထားတဲ့ ဓား..

Vol. 35 Ch. 514

ဆန်နီ ပြောစရာစကားလုံး ပျောက်ဆုံးနေခဲ့တယ်..။

သူ ကြားလိုက်တာတော့..မှန်ပါတယ်နော်..

“နင်တို့က.. အဲဒီရှေးဟောင်..၊ ပျက်ဆီးနေတဲ့…မွန်စတား နေနေတဲ့ သဘော်ကို ပြန်ပြင်ကြမှာလား..”

ကောင်းပြီလေ..တကယ်တော့..ဒါက အတော်လေး အဓိပ္ပာယ်ရှိပါတယ်..။

ကတ်စီ ခေါင်းညိမ့်လိုက်ပြီး..

“ဟုတ်တယ်…ငါတို့က..အဲတာကို သန့်ရှင်းမယ်..ပြင်ဆင်မယ်…ပြီးတော့..လေပေါ်ကို နောက်တစ်ကြိမ် ပျံသန်းနိုင်အောင် လုပ်ကြမှာ..”

အိုး…ဒီတော့..ဒါက ပျံသန်းနိုင်တဲ့ သဘော်တစ်စင်း‌ ပေါ့..။

‘ပြီးပြည့်စုံတယ်..’

အရိုးသားဆုံးပြောရရင် ဆန်နီ သိပ်ပြီးတော့ မအံ့ဩမိပါဘူး..။သဲလွန်စတွေ အများကြီးက အစောကတည်းက ရှိနေပြီးထားပါပြီ..။

ဆန်းကျယ်တဲ့ ဒဂ်ါးပြားတွေပေါ်မှာ ထွင်းထုထားတဲ့..သဘော်က သဘော်ပျက်ကျွန်းပေါ်မှာ ရှိနေတဲ့ သဘော်ဖြစ်တယ် ဆိုတာကို သူ အစောကတည်း က သိထားခဲ့ပါတယ်..။သူတို့ရဲ့ ဆက်နွယ်မူကို ကြည့်ဖို့ ဆိုရင် အလွယ်လေးပါပဲ..။သူတို့က အတော်လေးကို ဆင်တူကြပြီး..ပထမဆုံး ဒဂ်ါးပြားတွေ ဆိုတာကလည်း..သူ့ရဲ့ ရတနာ အခန်းကနေ တွေ့ရှိခဲ့ကြတာပါ..။

ဒီပျံသန်းနိုင်တဲ့ သဘော်က ချိန်းကျွန်းစုရဲ့ အလယ်မှာ ဘာလုပ်နေခဲ့တာလဲ ဆိုတဲ့ မေးခွန်းကို ဆန်နီကိုယ့်ဟာကို လည်း မေးကြည့်ခဲ့ပါသေးတယ်..။ဒီနေရာမှာ ရွက်လွင့်ဖို့အတွက်..ပင်လယ်တွေ ၊ မြစ်တွေ ရှိနေတာ မဟုတ်ပါဘူး..။သူ့စိတ်ထဲက အတွေးကတော့..ဒီအရာက..တစ်ခြားအရာတွေထက်စာရင် ကောင်းကင်ပေါ်မှာ ပျံသန်းဖို့အတွက် ဒီဇိုင်းဆွဲထားတယ် လို့ပဲ ထင်မိခဲ့တာပါ..။

ပြီးတော့..နောက်ဆုံးအနေနဲ့ ဒဂ်ါးပြားတွေပေါ်မှာ..ရှေးဟောင်းသဘော်ကြီးကို လှပတဲ့ သစ်ပင်တစ်ပင်က ရစ်ပတ်ထားတာကို မြင်တွေ့နေရပါတယ်..။ဒီအရာကို နိုတစ် လို့ခေါ်တဲ့ လူတစ်ယောက်ရဲ့ ပိုင်ဆိုင်မူ ဆိုလည်း ဟုတ်ပါတယ်..။ကတ်စီက နိုတစ် မြင့်မြတ်နယ်မြေကို လာပြီး..ဆိုးယုတ်ခြင်းတောအုပ်မှာ တစ်ခုခုကို ရှာဖွေနေတယ် ဆိုတာက အတော်လေးကို ကြီးမားတဲ့ တိုက်ဆိုင်မူတစ်ခု မဟုတ်ဘူးလား..။

တောအုပ် ရဲ့ ရှေ့မှာရှိနေတဲ့ မြင့်မြတ်တဲ့နယ်မြေအပေါ် ဆိုးယုတ်မူ ဆိုတဲ့စကားလုံးက..တစ်ချိန်က ဒီအရာက မြင့်မြတ်ခဲ့တယ် ဆိုတာကို ပြသထားခဲ့ပါတယ်..။ဘာပဲဖြစ်ဖြစ်..မြင့်မြတ်တဲ့ နေရာတွေကပဲ..မလျော်ကန်တဲ့ ဆိုးယုတ်မူမျိုးကို ကြုံတွေ့ကြနိုင်တာကြောင့်ပါ..။ပြီးတော့..မြင့်မြတ်တဲ့သစ်ပင် ဆိုတာကလည်း ဒီကြီးမားတဲ့ သစ်ပင်ကြီးကို ပျံသန်းနိုင်အောင် လုပ်ပေးတဲ့ အရာတစ်ခုခု ဖြစ်တဲ့ပုံပါပဲ..။

…ဟုတ်တယ်မလား..

ဆန်နီ ကြီးမားတဲ့ သေတ္တာကြီးကို အတွေးနက်တဲ့ အမူအရာနဲ့ ကြည့်နေခဲ့တယ်..။အတော်ကြာပြီးကာမှ သူ မေးလိုက်ပါတယ်..။

“ဒီတော့..သေတ္တာထဲမှာက ဘာရှိနေတာလဲ..”

ကတ်စီ ညှင်သာစွာ လျောက်သွားလိုက်ပြီး..သူ့ရဲ့ အဖုံးပေါ်ကို ညှင်သားစွာ လက်တင်လိုက်တယ်..။

“အညှောင့်တစ်ခု..။ငါတို့က..အဲဒီကြောက်စရာကောင်းတဲ့ နေရာမှာ..အသက်ရှင်နေတဲ့ အမြစ်ကို ရှာဖွေဖို့အတွက်..နှစ်လလောက် ကြာခဲ့ကြတယ်..။ပြီးတော့ နောက်ဆုံးတော့ မြေအောက်နက်နက်မှာ..ငါတို့က ဒီတစ်ခုကို တွေ့ခဲ့ကြတယ်လေ..။အဲဒီရှေးဟောင်းသစ်ပင်ကို ပျံသန်းစေနိုင်ခဲ့တဲ့..အံ့ဩစရာ သစ်ပင်က အဲဒီတောအုပ်ကနေ လာခဲ့တာလေ..။ဒီအညှောင့်က အသစ်တစ်ခုအဖြစ် ထပ်ပြီး ပေါက်လာလိမ့်မယ်..။

သူမ သက်ပြင်းချလိုက်ပြီး..မီးစောင့်ရှောက်သူတွေထံကို ပြန်လှည့်ကြည့်လိုက်ပါတယ်..။

“ရှာကီ နဲ့ ကာအို တို့က တောက်ပတဲ့ ရဲတိုက်မှာတုန်းက..လက်မူပညာရှင်တွေ ဖြစ်ခဲ့ကြတယ်..။ရှာကီ က အပင်တွေကို စိုက်ပျိုးတဲ့နေရာမှာ အံ့ဩဖို့ကောင်းတဲ့ စွမ်းရည်တစ်ခု ကို ပိုင်ဆိုင်ထားခဲ့တယ်လေ..။သူက အီဒိုရဲ့ နောက်လိုက်ပဲ..။ကာအိုကတော့..နိုထမူအဆင့် လက်သမားတစ်ယောက်..။ငါတို့ရဲ့ ပြန်လည်တည်ဆောက်မူတွေကို ကူညီဖို့အတွက် ချိန်း ကျွန်းစုကို လာနေကြတဲ့ လူတွေလည်း ရှိနေသေးတယ်..။

ဆန်နီ အတော်ကြအောင် တိတ်ဆိတ်နေခဲ့တယ်..။

ဒီတော့..သူမက ရှေးဟောင်းသဘော်ပျက်ကို ပြန်လည်မောင်းနှင်ဖို့ အစောကတည်းက ကြံစည်ထားခဲ့တာပေါ့..။သူက သူမကို ဒုတိယအိပ်မက်ဆိုး အတွက် အတူလိုက်ခဲ့ဖို့ မဖိတ်ခေါ်ခင် အချိန်မှာရော..ဒါက တိုက်ဆိုင်မူတစ်ခုပဲလား..။ဘာပဲဖြစ်ဖြစ်..သူတို့က အောက်ဘက်ကောင်းကင် ဆီက အစေ့ကိုသွားပြီး ယူဖို့လုပ်ကြတော့မှာပါ..။ပြီးတော့..ကတ်စီက..ဒီနေရာမှာ ရောက်နေပြီး..ပျံသန်းနိုင်တဲ့ သဘော်ကို ပြင်ဆင်ဖို့အတွက် သက်သောင့်သက်သာ စီစဉ်နေခဲ့ပါတယ်..။

သူမက ဘယ်လောက် အထိတောင် သိထားနှင့်နေတာလဲ..။

သူ့အတွေးတွေကို ကြားသွားတဲ့အလား..ကတ်စီက သူ့ဘက်ကို လှည့်လာခဲ့တယ်..။သူမရဲ့ မျက်နှာက သုန်မုန်နေခဲ့ပြီး..

“ဒီသဘော်နဲ့ ဆိုရင်တော့..ငါတို့က ဟောလိုးတောင်တန်းကို ကျော်ဖြတ်နိုင်လိမ့်မယ်..။အနည်းဆုံးတော့…အနည်းဆုံးတော့..ဒါက ငါတို့ရဲ့ မျှော်လင့်ချက်ပဲ..”

မီးစောင့်ရှောက်သူတွေကလည်း တိတ်ဆိတ်သွားခဲ့တယ်..။အတော်ကြာပြီးကာမှ ရင်းနှီးတဲ့ မိန်းကလေး ရှာကီ ကပြောလာခဲ့ပါတယ်..။

“ဘာပဲဖြစ်ဖြစ်..ငါတို့ ကြိုးစားကြရမယ်..။အဲဒီကို လမ်းလျောက်ပြီး သွားတယ် ဆိုတာက ကိုယ့်ကိုကို သတ်သေတာပဲ..။ပျံသန်းပြီး သွားတယ် ဆိုတာကတော့ ကွာခြားနိုင်တယ်လေ..”

ကြည့်ရတာတော့..သူတို့ရဲ့ နစ်ဖီကို တွေ့ချင်တဲ့ စိတ်ဆန္ဒက အတော်…အတော်လေးကို ပြင်းထန်ကြတဲ့ ပုံပါပဲ..။

ဒါဆို ဆန်နီ ကိုယ်တိုင်ကရော…

ကောင်းပြီလေ..ဒါကတော့ ရှုပ်ထွေးတဲ့ ကိစ္စပဲ..။

သူ သက်ပြင်းချလိုက်တယ်..။

“ကောငး်ပြီလေ.. အဲဒါတွေက..နင်တို့ဘာလို့ သဘော်ကို လိုချင်တာလဲ..ဘယ်လို ပြန်ပြင်ကြမှာလဲ ဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေတွေပဲ..။ဒါပေမဲ့ ငါတို့က မီးကို အသုံးမပြုပဲ..လက်ရှိ အငှားနေနေတဲ့ သတ္တဝါကို ဘယ်လို ဖြေရှင်းကြမှာလဲ..။အပြစ်ပြုတာတော့ မဟုတ်ဘူး ကောင်လေးတို့..ဒါပေမဲ့..မင်းတို့ဒီတိုက်ပွဲကို ထိန်းချုပ်နိုင်မယ်လို့ ငါ လုံးဝ မထင်မိဘူး..။အပျက်အစီးတွေရဲ့ အပြင်မှာဆိုရင်တော့..မင်းတို့က တိုက်ပွဲကို ခနလောက်ထိန်းထားနိုင်ကောင်း ထိန်းထားနိုင်လိမ့်မယ့်..ဒါပေမဲ့ အထဲမှာ ဆိုရင်တော့..ဒါက သေဆုံးမယ့် ထောင်ခြောက်ပဲ..”

မီးစောင့်ရှောက်သူတွေက နောက်တစ်ကြိမ် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်..။နောက်ဆုံးမှာတော့..သူတို့ရဲ့ ခံစားချက်တွေက သုန်မုန်သွားခဲ့ပါတယ်..။

ကတ်စီ ခနလောက်တွေဝေနေပြီးကာမှ..ပြောလိုက်တယ်..။

“ငါတို့က အဲဒါကို နည်းလမ်းဟောင်းကို အသုံးပြုပြီး သတ်ကြမှာ..။တစ်စုံတစ်ယောက်ကို ငါးစာ အဖြစ်အသုံးချပြီး..သတ္တဝါ အာရုံပျံ့လွင့်နေတဲ့ အချိန်မှာ..သတ်မှာလေ..”

ဆန်နီ သူ့ မျက်နှာကို ပွတ်လိုက်တယ်.။

“ငါ ခန့်မှန်းကြည့်ရအောင်..ငါက ငါးစာများလား..”

မျက်မမြင် မိန်းကလေးက..ပြုံးလိုက်ပြီး ခေါင်းခါယမ်းလိုက်တယ်..။

“မဟုတ်ဘူး..ငါတို့က ငါးစာပဲ..။နင်က သတ္တဝါရဲ့ နှလုံးသားကို အရိပ်တွေထဲကနေ ထိုးဖောက်ပစ်မယ့်..ဓား တစ်ချောင်းပဲ..”

ဒါက အနည်းငယ် ကြီးကျယ်ခမ်းနား သယောင်ထင်လိုက်ရပေမယ့်..သူမရဲ့ နောက်ဆက်တွဲပြောလာတဲ့စကားက ဒီအခြေအနေကို ချက်ချင်း ဖျက်ဆီးလိုက်ပါတယ်..။

“ငါ ဆိုလိုတာက..အင်…တကယ်လို့ သူ့မှာ နှလုံးရှိမယ်ဆိုရင်ပေါ့..။တကယ်လို့ မရှိဘူးဆိုရင်တော့ တစ်ခြားနည်းလမ်းနဲ့သတ်ရမှာ ပဲလေ..”

‘ငါတို့က စကားပြောကောင်းတဲ့ လူတွေတော့ မဟုတ်လောက်ဘူးနော်..’

ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး..

သူက ငါးစာအဖြစ် အသုံးချခံရမယ့် အကြံဉာဏ်မျိုးကို ဘယ်တုန်းကမှ သဘောမကျခဲ့ပါဘူး။ကောင်းပြီလေ..အရိုးသားဆုံး ပြောရရင် ..နစ်ဖီကပဲ..ပုံမှန်အားဖြင့် ငါး စာ လုပ်လေ့ ရှိတာပါ..။တကယ်တော့..ဒီ အစီအစဉ်ကလည်း အတော်လေး အလုပ်ဖြစ်နိုင်ပါတယ်..။သူက သဘော်ပျက်ထဲက အဆိပ်တွေ ပျံ့နှံ့နေတဲ့ လေထုထဲမှာတောင်..အသက်ရှငိသန်နိုင်တယ် ဆိုတာကို သိထားပြီးသားပါ..။ပြီးတော့. ရက်စက်သော မြင်ကွင်းကလည်း..နွယ်ပင်တွေကို ထိခိုက်စေတဲ့အထိ အားဖြည့်ထားနိုင်ပါတယ်..။

ပြီးတော့..ဒါက..နတ်ဘုရားမီးတောက်ကို ထုတ်လွှတ်နိုင်တဲ့ အနက်ရောင်မှန် တိုးမြင့်မူစွမ်းရည်ကိုတောင် အသုံးမပြုရသေးပါဘူး..။ဟုတ်ပါတယ်..ဆန်နီက သဘော်ကို မီးရှို့လို့မရဘူးဆိုပေမယ့်..ဒါက မွန်းစတားရဲ့ အဓိက ခန္တာကိုယ်ကို..တစ်ချက်တည်းနဲ့ အဆုံးသတ်နိုင်အောင် တိုက်ခိုက်လို့ မရဘူးလို့ မဆိုလိုပါဘူး..။ဒီခွေးသားရဲ့ အားနည်းချက်က မီးဖြစ်နေတာကြောင့်..ကောင်းကင်မီးတောက်ကို အသုံးပြုတာက ကောင်းမွန်တဲ့ ရလာဒ်ကို ရလာစေနိုင်မှာပါ..။

ပြသနာက..ဆန်နီ မတိုက်ခိုက်လာခင် အချိန်အထိ မီးစောင့်ရှောက်သူတွေက ဒီအရာကို ထိန်းထားနိုင်ကြပါ့မလား..။

သူ သူတို့ကို လေးနက်စွာ ကြည့်ပြီး မေးလိုက်တယ်..။

“ငါက ဒီအကောင်ကို သတ်နိုင်တယ်ဆိုတာ နင်တို့က ဘယ်လိုလုပ် သေချာနေရတာလဲ..”

မီးစောင့်ရှောက်သူ တစ်ယောက်က ပုခုံးတွန့်လိုက်ပြီး..

“ငါတို့ က မိန်းကလေး ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ အဖွဲ့သားတွေလေ..။မင်းကရော မဟုတ်ဘူးလား..။သူမက သူမရဲ့ နောက်ကျောကို ဂရုစိုက်ဖို့အတွက် လူတိုင်းကို ယုံကြည်ထားမှာ မဟုတ်ဘူး..။တကယ်လို့ သူမက မင်းကို ယုံကြည်တယ် ဆိုရင် ငါတို့လည်း ယုံကြည်ထားတယ်..။ဘာပဲဖြစ်ဖြစ် မေ့ပျောက်ကုန်းမြေပေါ်မှာ အသက်ရှင်ဖို့အတွက် ဘယ်သူကမှ အားနည်းနေကြတာ မဟုတ်ဘူးမလား.။”

ဆန်နီ ရယ်ချင်စိတ်ကို မနည်းထိန်းထားလိုက်ရတယ်..။

“သူမရဲ့ နောက်ကျောကို ကြည့်ဖို့ လူတိုင်းကို ယုံကြည်မှာ မဟုတ်ဘူး..’

အိုး..ဟာသပဲ..။နစ်ဖီက သူမကို သတ်ဖို့အတွက် အိပ်မက်ကမ္ဘာထဲ ရောက်လာတဲ့သူကို..သူမရဲ့ လက်ထောက်အဖြစ် ခန့်အပ်ပြီး..တစ်ချိန်လုံး ခိုင်းစေနေခဲ့တယ် ဆိုတာကို..ဒီလူတွေကို ပြောပြလု နီးပါးပါပဲ..။

သို့ပေမယ့် ဒါပေါ့..သူ မပြောခဲ့ပေ..။

“ဟုတ်တယ်..ငါလည်း အဲလိုထင်တာပဲ..။ငါက သူ့အဖွဲ့ထဲက..”

နောက်ထပ် မီးစောင့်ရှောက်သူ တစ်ယောက်က ပြုံးလိုက်ပြီး..

“ထပ်ပြောရရင်..ကတ်စီကလည်း နင်ဒါကို လုပ်နိုင်မယ်လို့ ထင်နေတယ်လေ..။သူမ က မှားခဲတယ်..သိတယ်မလား..”

‘သိပ်သိတာပေါ့..’

သို့ပေမယ့် သူမက ဒီတစ်ကြိမ်မှာ မမှားယွင်းခဲ့ပါဘူး..။တကယ်တော့..အပျက်အစီးမှာ နေထိုင်နေတဲ့သတ္တဝါကို သတ်ဖြတ်မယ့် သူမရဲ့ အစီစဉ်က ရိုးရှင်းတယ် ဆိုပေမယ့် တကယ်ကောင်းမွန်ပါတယ်..။ဘာလို့လဲဆိုတော့..ဒီလိုသတ္တဝါ တစ်ကောင်ကို သေစေနိုင်တဲ့ အထိ တိုက်ခိုက်နိုင်တဲ့ နိုးထသူတစ်ယောက် အပေါ်မှာသာ အားကိုးထားလို့ပါ..။အဲတာက သူပါပဲ..။ဆန်နီ မရှိရင်တော့..ဒါက လုံးဝကို မဖြစ်နိုင်လောက်ပေ..။

ကံကောင်းချင်တော့..သူကလည်း သူမရဲ့ အကူအညီကိုတစ်နေရာရာမှာ လိုအပ်နေခဲ့ပါတယ်..။

သူခနလောက်တွေးလိုက်ပြီး နောက်ဆုံးမှာ ပြောလိုက်တယ်..။

“ နင်တို့က မွန်းစတားကို ထိန်းထားရင်း အသက်ရှင်နိုင်မယ် ဆိုတာ သေချာကြရဲ့လား..။ငါ အားလုံးပြောပြထားပြီး တာတောင်မှလေ..”

နိုးထသူလက်သမားလို့ ကတ်စီ မိတ်ဆက်ပေးခဲ့တဲ့ ငယ်ရွယ်တဲ့အမျိုးသား ကာအိုက ရယ်မောလိုက်ပြီး..

“အတော်လေး သေချာတယ်..။အဲတာက အိပ်မက်ကမ္ဘာထဲမှာ တစ်စုံတစ်ယောက်က သေချာတယ်လို့ ပြောနိုင်တဲ့ အကန့်အသတ် အထိ သေချာတယ် လို့ ထင်တာပဲ..။ငါတို့အားလုံးက ကြက်သွေးရောင် ထိပ်ဖျားကို ဝန်းရံတိုက်ခိုက်တဲ့ အချိန်မှာတောင် ရှင်ကျန်နေကြတဲ့ သူတွေလေ..။ငါတို့ ရဲ့ စွမ်းရည်တွေကို ဘယ်လို ပေါင်းစပ်ပြီး အလုပ်လုပ်ရမလဲ ဆိုတာကို ကောင်းကောင်း သိထားတယ်..။ငါတို့မှာ အဆိပ်တွေကနေ ပြန်လည်ကုသပေးနိုင်တဲ့ ကုသသူတောင် ရှိနေတယ်လေ..။အဓိက အချက်ကတော့..ငါတို့အားလုံးက ..လုံးဝကို အဆင်သင့်ဖြစ်နေကြတာပဲ..”

ဆန်နီ သူ့ကို အချိန်အတော်ကြာအောင် စိုက်ကြည့်ပြီးကာမှ မြေပုံကိုကြည့်ကာ သက်ပြင်းချလိုက်တယ်..။

“ကောင်းပြီလေ ဒါဆိုလည်း..။ပျက်ပြားခြင်း အဆင့် မွန်းစတားကို သတ်လိုက်ကြရအောင်..”

အပိုင်း ( ၅၁၄ ) ပြီး၏။

All Chapters