အတူတကွ ခရီးသွားခြင်း
Vol. 35 Ch. 515
နောက်တစ်ရက်မှာတော့..ဆန်နီဟာ မီးစောင့်ရှောက်သူတွေနဲ့ အတူ မြင့်မြတ်နယ်မြေကနေ ထွက်ခွာလာခဲ့တယ်..။ကတ်စီရဲ့ အဖွဲ့သားတွေနဲ့ ချိန်းကျွန်းစုမှာ ခရီးသွားလာရတာက သိပ်ပြီးတော့အ ဆင်ပြေမနေခဲ့ပါဘူး..။ဘာပဲဖြစ်ဖြစ် သူတို့တစ်ဖွဲ့လုံးက အရိပ်တွေလို ပြောင်းလဲပြီး..ကောင်းကင်ချိန်းကြိုးတွေကနေ သွားလာနိုင်ကြတဲ့ လူတွေ မဟုတ်ပေ..။သို့ပေမယ် သူ အရင်က ကြုံးတွေ့ခဲ့ဖူးတဲ့ သွားလာမူတွေထက် ပိုလုံခြုံမူရှိပြီး..ပိုပျော်စရာကောင်းသလို ခံစားရပါတယ်..။
တကယ်တော့..ဒါက ဆန်နီ အတွက် အိပ်မက်ကမ္ဘာထဲမှာ ပထမဆုံးး သက်သောင့် သက်သာနဲ့ အေးအေးဆေးဆေး သွားလာနိုင်တဲ့ ခရီးစဉ်တစ်ခုပါပဲ..။
ဒီအဖွဲ့သားတွေနဲ့ သွားလာရတာက အတော်လေး နှေးကွေးနေတယ် ဆိုရင်တောင်..ဒါက နိုးထသူတစ်ယောက်တည်းသွာလာနေတာ ထက်ပိုပြီး တိုက်ပွဲအတွက် အဆင်သင့်ဖြစ်စေပါတယ်..။မီးစောင့်ရှောက်သူ တစ်ယောက်ချင်းစီ တိုင်းက အတွေ့အကြုံရှိတဲ့ တိုက်ခိုက်ရေး သမားတွေဖြစ်ပြီး..နှစ်ပေါင်းများစွာ အတွေ့အကြုံတွေ ရှိထားကြပါတယ်..။ဒီထက်ပြောရရင်..သူတို့ကစစ်တိုက်ဖို့အတွက် တည်ဆောက်ထားတဲ့ ယန္တရားကြီး တစ်ခုလို အတူတကွ တိုက်ခိုက်လာခဲ့ကြတာပါ..။
ဆန်နီ ဒါကိုလက်မခံချင်ပေမယ့်လည်း..သူက ကတ်စီကိုတော့..ချီးကျူးရပါလိမ့်မယ်..။သူမရဲ့ ဦးဆောင်မူအောက်မှာ..အဖွဲ့သားတွေက..တစ်နှစ်အတွင်းမှာတင် လှလှပပ ပေါင်းစည်းတိုက်ပွဲ ဝင်နိုင်နေကြပါပြီ။နစ်ဖီ က သူမရဲ့ အဖွဲ့သားတွေကို ဘယ်လိုတည်ဆောက် ခဲ့တာလဲ ဆိုတာနဲ့ ပတ်သက်ပြီး..သူမက ကောင်းကောင်းသင်ယူနိုင်ခဲ့တဲ့ ပုံပါပဲ..။ပြီးတော့..အနက်ရောင် မြို့တော်ထဲက သူမရဲ့ ရန်သူတွေ ဆီကရောပါ..။
ဒီလူငယ် အမျိုးသား ၊ အမျိုးသမီးတွေက တူညီတဲ့ အတိတ်ကို ရင်ဆိုင်ခဲ့ကြရပြီး..ကြောက်မက်ဖွယ် ငရဲကို အတူတူ ဖြတ်သန်းခဲ့ရတာတွေကလည်း အတော်လေးကို အကူအညီဖြစ်ခဲ့မှာပါ..။
အဖွဲ့သားတွေက အိပ်မက်ဆိုးသားရဲတွေကို ထိပ်တိုက်ရင်ဆိုင်တွေ့ မိတဲ့ အချိန်တိုင်းမှာ..ဆန်နီက အတော်လေး ထူးဆန်းပြီး မရင်းနှီးတဲ့ ခံစားချက်ကို ခံစားနေခဲ့ရတယ်..။ဒါက သူဘာမှ လုပ်စရာ မလိုအပ်ဘူးလို့ ခံစားရလု နီးပါးပါပဲ..။သူက ဒီတိုင်း ရပ်နေရုံသာ လိုအပ်ပြီး..သူ့ကို ဘာ အန္တရာယ်မှ မကျရောက်ခဲ့ပေ..။သူ့ရဲ့ ယာယီ အဖွဲ့သားတွေက..အိပ်မက်ဆိုးသားရဲတွေကို ဖြေရှင်းနိုင်တယ်ဆိုတဲ့ စွမ်းရည်ထက်ကို ပိုနေခဲ့ကြပါတယ်..။
ဒါပေါ့..ဒါက သူတို့ ရွေးချယ်ထားတဲ့ လမ်းကြောင်းက အန္တရာယ်များတဲ့ နေရာတွေကို သေချာ ရှောင်ကွင်းထားတာလည်း ပါဝင်ပါတယ်..။ဒီအဖွဲ့သားတွေ ချောချောမွေ့မွေ့ ခရီးသွားလာနိုင်နေတဲ့ နောက်ထပ်အချက်တစ်ချက်လည်း ရှိနေခဲ့ပြီး အဲတာကတော့..ကတ်စီ ကိုယ်တိုင်ပါပဲ..။
အရမ်းကို အားကောင်းတဲ့ နတ်ဆရာမ တစ်ယောက်နဲ့..အတူတူ ခရီးသွားလာရတာက အမှန်တကယ်ကို အဆင်ပြေတာပါ..။သူမက အဖွဲ့သားတွေ အဆင်သင့်မဖြစ်သေးတဲ့ ဘယ်လို အန္တရာယ်မဆို..ရှောင်ဖယ်နိင်စွမ်းရှိပြီး.. ဘယ်ကျွန်းက မြင့်တက်လာတော့မယ် ၊ ဆင်းသက်တော့မယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း..သူမရဲ့ အလိုလို သိစိတ်တွေက အတော်လေးကို ထူးခြားလွန်းလှပါတယ်..။
ဒီအရာရဲ့ ကျေးဇူးကြောင့် သူတို့က ဖိနိပ်မူကို သည်းခံရတာတွေ ၊ နီးစပ်ရာကျွန်းကို သွားပြီး ရှောင်တိမ်းရတာတွေကို မရှိခဲ့ကြပေ..။ဒီကနေတဆင့် သူတို့က အတော်လေးကို အားကောင်းတဲ့ အိပ်မက်ဆိုး သားရဲကြီးတွေ..ရဲ့ နယ်နိမိတ်ထဲကို ရောက်သွားနိုင်ချေ အများကြီး ရှိပါတယ်..။
အရင်တုန်းကလိုပဲ..သူမနဲ့ ဆန်နီက အတူတူ လက်တွဲလုပ်ဆောင်ပြီး မထင်မှတ်တာတွေ ဘာမှ ဖြစ်မလာအောင်..တားဆီးပေးထားခဲ့ပါတယ်..။ကတ်စီရဲ့ အလိုလို သိစိတ် နဲ့ သူ့ရဲ့ အရိပ်က ရှေ့ကနေ ကြိုတင်ပြီး ထောက်လှမ်းနေမူကြောင့်..အဖွဲ့အသားတွေက အန္တရာယ်ရှိတဲ့ သားရဲတွေကို ရှောင်ရှားဖို့ ဒါမှမဟုတ် ကြိုတင်ပြင်ဆင်ဖို့အတွက် အချိန်တွေ အများကြီး ရနေခဲ့တယ်.။
…ဒါက အရင်က ဆက်ဆံရေးကောင်းမွန်ခဲ့တဲ့ အချိန်တွေ တုန်းကလိုပါပဲ..။
အချိန်အများစုကို ချိန်းကျွန်းစုရဲ့ မြောက်ဘက်မှာပဲ ကုန်ဆုံးနေတဲ့..မီးစောင့်ရှောက်သူတွေနဲ့ မတူညီတဲ့ အချက်က..ဆန်နီက ဒီနယ်မြေအပိုင်းကို အတော်လေး ကျွမ်းကျင်မူ ရှိနေခဲ့တာပါ..။လမ်းတစ်လျောက်လုံးမှာတော့..သူတို့က ဆန်နီ စူးစမ်းရှာဖွေပြီး..အမဲလိုက်မူတွေ ပြုလုပ်ခဲ့ဖူးတဲ့ ကျွန်းတွေ အများကြီးကို ဖြတ်သန်းခဲ့ကြရပါတယ်..။
ထပ်ပြောရရင်..သူ့မှာက အခုချိန်မှာ တပ်မက်ခြင်း သေတ္တာရှိနေခဲ့တယ်..။ဒါက သူတို့ စခန်းချတဲ့ အချိန်တိုင်းမှာ ကောင်းကောင်းမွန်မွန် စားသောက်ခွင့်ရနေစေခဲ့ပါတယ်..။ဒီတော့..အိပ်မက်ကမ္ဘာထဲက ခရီးစဉ်တွေ အကြောင်းကို ပြောရမယ် ဆိုရင်တော့..ဒီခရီးစဉ်က အကောင်းဆုံးပါပဲ..။
တည်ငြိမ်ပြီး..ဘာမှ ထွေထွေထူးထူး ဖြစ်ပျက်မလာတဲ့ ရက်သတ္တပတ်ကို ကျော်လွန်ပြီးတဲ့ အချိန်မှာတော့..သူတို့က နောက်ဆုံးမှာ သဘော်ပျက်ကျွန်းကို ရောက်လာခဲ့ကြပါပြီ..။
…..
လေဟာနယ် အပေါက်ကြီးနဲ့ ဒီလောက်အထိ နီးကပ်လာတဲ့ အချိန်မှာတော့..အိပ်မက်ဆိုးသားရဲတိုင်းက အန္တရာယ် များကြီး ကြမ်းတမ်းကြတာ ချည်းပါပဲ..။ဆန်နီ နဲ့ မီးစောင့်ရှောက်သူတွေကတော့..လတ်တလောမှာ..သူ အရင်တစ်ခါက ရောက်လာဖူးခဲ့တဲ့ ကျွန်းပေါ်မှာပါ..။ဒီနေရာမှာတော့..အပျက်အဆီးတွေ ကြားထဲမှာ ဒါဇင်နဲ့ ချီတဲ့ ကျောက်တုံးတွေ ဖုံးလွှမ်းနေခဲ့ကြပြီး..မှော်ပင်တွေရဲ့ ဖုံးလွှမ်းခြင်းကို ခံရကာ ၊ မြေအောက်ထဲမှာလည်း..ကျောရိုးမဲ့ သတ္တဝါတွေ ပုန်းအောင်းနေလေ့ ရှိကြပါသေးတယ်..။
သူတို့က..အခုလေးတင်..ဒီလိုသားရဲတွေနဲ့ တိုက်ခိုက်လာခဲ့ရပြီး..အခုချိန်မှာတော့..ကျွန်းရဲ့ အစွန်းဆီကို ချည်းကပ်လာနေခဲ့ကြတယ်..။မကြာခင်မှာပဲ..အဝေးမှာရှိနေတဲ့ ကြီးမားတဲ့ ချိန်းကြိုးကြီးတွေက သူတို့ရဲ့ မြင်ကွင်းထဲမှာ ပေါ်လာခဲ့တယ်..။သူတို့က လေတိုက်ခတ်မူကြောင်..သတ္တုတွေနဲ့ ရှေးဟောင်းသံမဏိတွေ ရိုက်ခတ်တဲ့ အသံတွေကို ကြားနေကြရပါတယ်..။
မီးစောင့်ရှောက်သူတွေဟာ အေးခဲသွားခဲ့ပြီး အဝေးမှာ ရှိနေတဲ့ သဘော်ပျက်ကျွန်းကို ကြည့်လိုက်ကြတယ်..။ပြီးတာနဲ့..သတ္တုသတ္တဝါကြီးတစ်ကောင်ရဲ့အလောင်းက..ကျွန်းရဲ့ ကျိုးပြတ်နေတဲ့ အပိုင်းအစကနေ တွဲလောင်းကျနေတာကို တွေ့လိုက်ရပါတယ်..။ဒီအရာက..အောက်ဘက်ကောင်းကင် ရဲ့ အမှောင်ချောက်နက် ထဲမှာ ဟိုဘက် ဒီဘက် ဝေးယမ်းနေခဲ့တယ်..။သူတို့လည်း ဆန်နီ ဒီအလောင်းကောင်ကြီးကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရတုန်းကလိုပဲ အံ့ဩသင့်မူကို ခံစားနေခဲ့ရတယ်..။။
အတော်ကြာပြီးတဲ့ နောက်မှာတော့..သူတို့ထဲက တစ်ယောက်က ပြောလာခဲ့တယ်..။
“သူ့ ရင်ဘတ်က ဒဏ်ရာကြီး..ဒီလို သားရဲကို ဘယ်လိုအင်အားကများ ဒီလိုဖြစ်အောင် လုပ်နိုင်ရတာလဲ..။ပြီးတော့..သူ့ရဲ့ လက်မောင်း..ငါတို့ အဲတာကို မြင်ခဲ့ကြပြီးပြီ မဟုတ်ဘူးလား..”
ဆန်နီ ပြန်မတုန့်ပြန်ခဲ့ပေ။သူ့ရဲ့ အားနည်းချက်က တိတ်ဆိတ်နေခဲ့တာကြောင့် မေးခွန်းက သူ့ဆီကို တည့်တည့် ဦးတည်ထားတာ မဟုတ်ပါဘူး..။
နောက်ထပ်မီးစောင့်ရှောက်သူ တစ်ယောက်က တွေဝေနေပြီးကာမှ..သိချင်တဲ့ အသံနဲ့..မေးလိုက်ပါတယ်..။
“ငါတို့..အောက်ကို ဆင်းပြီး လေ့လာကြည့်ကြမလား..။ကျွန်းကိုထိန်းချုပ်ပြီး သွားတဲ့ အချိန်ကြရင်..”
ဆန်နီ သူမကို ကြည့်ပြီး ခေါင်းခါယမ်းလိုက်တယ်..။
“ငါတော့. အဲတာက မထောက်ခံဘူး..”
လူငယ် အမျိုးသမီးလေးက မျက်ခုံးပင့်တင်လိုက်ပြီး..
“ဘာဖြစ်လို့လဲ..”
သူ့ရဲ့ မျက်နှာပေါ်မှာ နက်မှောင်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။
“ အပျက်အဆီး ထဲက မွန်းစတားက ဆိုးဝါးလှပြီလို့ နင်က ထင်နေတာလား..။ကျွန်းရဲ့ အမှောင်ထုထဲမှာ ရှိနေကြတဲ့ နေထိုင်သူတွေက ဒီထက်ပိုပြီး အန္တရာယ် များကြတယ်..။ငါ့ကို ယုံကြည့်လိုက်.။ပြီးတော့..အဲဒီအကောင်ကြီးကလည်း သူတို့ရဲ့ နယ်နိမိတ် ထဲမှာ ရှိနေကြတာ..။တကယ်တော့..အဲဒီအကောင်တွေက ဒီအရာကို အသုံးချပြီး ချိန်းပိုးကောင်တွေကို စားသုံးဖို့ ကြံစည်ထားကြတယ်လို့ ငါထင်တာပဲ..။သူတို့က ကျရှံးမူအဆင့် နတ်မိစ္ဆာတွေ..။စကားမစပ် သူတို့က အရမ်းကို..ရွံစရာ ကောင်းကြတယ်..။ ဒါပေမဲ့ အဲဒီအရာအတွက်တော့. ချိန်းပိုးကောင်တွေ ဆိုတာက သကြားလုံးတွေလိုပဲ..”
မီးစောင့်ရှောက်သူတွေက သူတို့ရဲ့ အာရုံစိုက်မူကို..သဘော်ပျက်ကျွန်းရဲ့ အမှောင်ထုထဲကို ပို့လွှတ်လိုက်ကြပါတယ်..။သူတို့ရဲ့ မျက်နှာတွေ့က သုန်မုန်သွားခဲ့ကြတယ်..။အတော်ကြာပြီးကာမှ သူတို့ထဲက တစ်ယောက်…
“ဒါပေမဲ့..အဲတာက ဘာကောင်လဲ..”
ဆန်နီ ပုခုံးတွန့်လိုက်ပြီး..
“ ငါလည်း မသိဘူး.။ငါက သူ့ရဲ့ အမြစ်ထိပ်ပိုင်းကိုပဲ မြင်လိုက်ရတာ..။ဒါကြောင့်လည်း ငါက အခုချိန်အထိ အသက်ရှင်လျက် နေနေနိုင်ခဲ့တာလေ..။တကယ်လို့..ငါက အဲဒီအရာတစ်ခုလုံးကို မြင်တွေ့ခဲ့ရတယ်ဆိုရင် အခုလို စကားပြောနေနိုင်မှာတောင် မဟုတ်ဘူး..”
ပြီးတဲ့ နောက်မှာတော့..လူတိုင်းက တိတ်ဆိတ်သွားခဲ့ကြတယ်..။ဆန်နီက ဒီအချိန်ကို အသုံးပြုပြီး သံကြိုးရဲ့ တစ်ခြားတစ်ဖက်ခြမ်းမှာ ရှိနေတဲ့..ရှည်လျားတဲ့ တိုင်ကြီးနှစ်တိုင်ကို လှမ်းကြည့်လိုက်ပါတယ်..။
အခုချိန်မှာ ရှေးဟောင်းသဘော်က ပျံသန်းနိုင်တယ် ဆိုတာကို သူ သိထားပြီးပြီ ဖြစ်တာကြောင့် ဒီတိုင်ကြီးတွေရဲ့ ရည့်ရွယ်ချက်ကလည်း ပိုမို ရှင်းလင်းလာခဲ့တယ်..။
ဒါတွေက ဆိပ်ကမ်းတွေ ဒါမှမဟုတ် သဘော်ဆိုက်ကပ်ဖို့အတွက် ပြုလုပ်ထားခဲ့တဲ့ တိုင်တွေပါ..။ဘာပဲဖြစ်ဖြစ် ပျံသန်းနေတဲ့ သဘော်တစ်စင်းက ဆိုက်ကပ်ဖို့အတွက် တစ်စုံတစ်ခုကို လိုအပ်ပါတယ်..။ဒါက ကျယ်ပြန့်တဲ့ ကောင်းကင်ထဲမှာ တစ်ချိန်လုံးသွားလာနေမှာ မဟုတ်ပါဘူး..။
ကျွန်းပေါ်မှာ ဒီလို တိုင်တွေ အမြောက်အမြားရှိနေတာကြောင့် ရှေးအချိန်တုန်းက..ပျံသန်းနိုင်တဲ့ သဘော်တစ်စင်းကို ပိုင်ဆိုင်ထားတာက နိုတစ်တစ်ယောက်တညး် မဟုတ်ဘူး ဆိုတာကို သူ သိလိုက်ရပါတယ်..။ပျံသန်းနိုင်တဲ့သဘော်တွေက ရှေးတုန်းက ချိန်းကျွန်းစုမှာနေထိုင်ကြတဲ့ သူတွေက တစ်နေရာကနေ တစ်နေရာကို သွားလာနိုင်ဖို့အတွက် အသုံးပြုကြတဲ့ ယာဉ်တွေလည်း ဖြစ်နိုင်တာပါပဲ..။
ဒါက တကယ် အဓိပ္ပါယ်ရှိတယ်..။ချိန်း တစ်ခုတည်းကိုပဲ အသုံးပြုနေရတာက တကယ်ကို ကောင်းမွန်တဲ့သယ်ယူပို့ဆောင်ရေး ရွေးချယ်စရာ မဟုတ်ပေ..။ဒါက ဒီတိုင်းပဲ နိုးထသူတွေက ရည်ရွယ်ချက်ရှိရှိ အသုံးချနေကြတာပါ..။
ဒါပေမဲ့..ပျံသန်းနိုင်တဲ့ သဘော်ရဲ့ ကပ္ပတိန်တွေက ဖိနိပ်မူအားကို ဘယ်လို ဖြေရှင်းကြတာလဲ..။ဒါမှမဟုတ်..မျှော်လင့်ချက်က သူ့ရဲ ချည်နှောင်မူတွေကနေ မလွတ်မြောက်ခင်မှာ..ချိန်းကျွန်းစုပေါ်မှာ ဒီလိုကျိန်စာက ရှိမနေခဲ့တာများလား..။
သူ့ရဲ့ အတွေးတွေကို ကောင်းကင် ချိန်းကြိုးရဲ့ ကျယ်လောင်တဲ့ အသံတွေက ဖြတ်တောက်သွားခဲ့တယ်..။
သဘော်ပျက် ကျွန်းက အောက်ကို ဆင်းသက်နေခဲ့ပါပြီ..။
မီးစောင့်ရှောက်သူတွေဟာ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြတယ်..။သူတို့ရဲ့ မျက်နှာပေါ်မှာ အပြုံးတွေ ရှိနေခဲ့ကြပြီး ကတ်စီကတော့ တိတ်တဆိတ် ကခုန်သူရဲ့ လက်ကိုင်ကို ကိုင်ထားခဲ့ပါတယ်..။သူမရဲ့ အသံက တည်ငြိမ် လေးနက်နေခဲ့ပြီး..
“အသင့်ပြင်ထားကြတော့..။နင်တို့အားလုံး အစီစဉ်ကို သိထားကြပြီးပြီ ဆိုတော့..ထပ်ပြောပြီး အချိန်ဖြုန်းမနေတော့ဘူး..။သန်မာအောင်နေကြ ၊ အတူတူ နေထိုင်ကြ ပြီးတော့..အသက်ရှင်သန်နေကြ..။ဒီနေ့က အတော်ကို ကြမ်းတမ်းတော့မယ်..”
ဆန်နီ သူ့ရဲ့ လည်ပင်းကို ပွတ်လိုက်ပြီး..ရက်စက်သောမြင်ကွင်းကို ထုတ်ဖော်လိုက်တယ်..။
‘နင့်ရဲ့ အလိုလိုသိစိတ်တွေက ဒီတစ်ကြိမ် မှန်ကန်မယ်လို့ မျှော်လင့်ရတာပဲ..”
အပိုင်း ( ၅၁၅ ) ပြီး၏။