ပျက်စီးခြင်း အမွေအနှစ်..
Vol. 35 Ch. 516
သဘော်ပျက်ကျွန်းကို ပြန်လာရတဲ့ ခံစားချက်ကတော့..အတော်လေးကို ထူးဆန်းပါတယ်..။ဒါက လုံးဝကို အတိအကျ နီးပါးပါပဲ..။သို့ပေမယ့် ကွာခြားမူတွေလည်း ရှိနေပြန်ခဲ့တယ်..။
သူတို့က အကြွင်းအကျန်တွေကို ဖြတ်ကျော်ပြီး ရှေးဟောင်းလမ်းကြောင်းအတိုင်း တောင်ကုန်းပေါ်ကို တက်ခါတဲ့ အချိန်မှာတော့…အောက်ဘက်မှာ ရှိနေတဲ့ အပျက်အစီးတွေကို တွေ့မြင်ခဲ့ရပါတယ်..။တစ်ချိန်တုန်းက ထည်ဝါစွာ ရှိနေခဲ့တဲ့ သဘော်ပျက်ကြီး ကတော့.ဒီအပျက်စီးတွေရဲ့ အလည်တည့်တည့်မှာ ရှိနေခဲ့တာပါ..။သေဆုံးနေတဲ့ သစ်ပင်ကြီးကတော့..သူ့ရဲ့ ရွက်တိုင်မှာ ရစ်ပတ်နေခဲ့တယ်..။ထူထဲတဲ့ နွယ်ပင်တွေက..အကိုင်းးအခတ်တွေကနေ ကြီးထွားနေခဲ့ကြပြီး..သဘော်ကိုယ်ထည်ထဲကနေ အပြင်ကို ထွက်ပေါ်နေခဲ့ကြတယ်..။တစ်ချို့က မြေကြီးပေါ်မှာ ရှိနေခဲ့ပြီး တစ်ချို့က မြေကြီးအောက်ထဲမှာ ရှိနေခဲ့ပါတယ်..။
ဟိုဟိုဒီဒီမှာတော့..သစ်သားအပျက်အစီး ပုံတွေကို တွေ့မြင်နေခဲ့ရတယ်..။ဒီအရာတွေက..သဘော်သား အရုပ်တွေပါ..။သူတို့က ဖိအားရဲ့ သက်ရောက်မူဒဏ်ကို ခံနိုင်ရည် ရှိအောင် အသွင်ပြောင်းလဲထားကြတာ ဖြစ်ပြီး အခုအထိ လူပုံစံကို ပြန်မပြောင်းကြရသေးပါဘူး..။
သို့ပေမယ့် ပြောင်းလဲသွားတဲ့အချက်ကတော့..ချိုင့်ဝှမ်းရဲ့ တစ်ဖက်မှာ ရှိနေခဲ့တဲ့ သံကြိုးက အခုချိန်မှာ မရှိတော့တော့ပေ..။ကွေ့ကောက်ကျောက်တုံးက အောက်ဘက်ကောင်းကင် ထဲကို ခြေမွ ဖျက်ဆီးခံလိုက်ရပြီဖြစ်တာကြောင့်..အခုချိန်မှာ..သဘော်ပျက်ကျွန်းက လေဟာနယ် အပေါက်ကြီးရဲ့ နယ်စပ် အစွန်းပါပဲ..။
ရလာဒ်အနေနဲ့ လေထုက အနည်းငယ်ပြောင်းလဲသွားသလိုမျိုး ဆန်နီ ခံစားနေခဲ့ရတယ်..။
သူ သစ်သား အပျက်အဆီး တွေကို လက်ညိုးညွှန်ပြပြီး ပြောလိုက်ပါတယ်..။
“အဲဒီအရာတွေက သဘော်သား အရုပ်တွေပဲ..။နောက်မိနစ် အနည်းငယ်ကျရင်..သူတို့က မူလပုံစံကို ပြန်ပြီး ပြောင်းလဲသွားကြလိမ့်မယ်..။ပြီးတော့..တစ်ယောက်လောက် က ငါတို့ကို သတိထားမိသွားတာနဲ့ ကျန်တဲ့သူတွေကပါ ငါတို့ကို သတိထားမိသွားကြမှာ..။သူတို့က မင်းဆီကို အရမ်းကို လျင်မြန်တဲ့ အရှိန်နဲ့ ရောက်လာကြလိမ့်မယ်..”
မီးစောင့်ရှောက်သူတွေက သူတို့ရဲ့ လက်နက်တွေကို ထုတ်ဖော်ပြီး တိုက်ပွဲအတွက် ပြင်ဆင်ပြီးနေကြပါပြီ..။သူတို့ရဲ့ မျက်လုံတွေက ..၊ တည်ငြိမ် ၊ အေးစက်ကာ..အာရုံစူးစိုက်မူတွေ လောင်ကျွမ်းနေခဲ့ပါတယ်..။
ကတ်စီ ခေါင်းညိမ့်လိုက်ပြီး..
“ဒါဆိုရင်လည်း စကြတာပေါ့..။ငါတို့ နင်နဲ့ တစ်ခြားတစ်ဖက်မှာ ပြန်ပြီးတွေ့မယ်..”
ဆန်နီ အတော်ကြအောင် တွေဝေနေပြီးကာမှ..အဖွဲ့သားတွေကို ကြည့်လိုက်ပါတယ်..။ခါတိုင်းလိုပဲ..သူက သူမကို ဂရုစိုက်ဖို့အတွက် မှာချင်သလို ဖြစ်လာခဲ့တယ်..။သို့ပေမယ့်..သူမက ဘယ်သူလဲ..သူက ဘယ်သူလဲ ၊ သူတို့က ဘာတွေကို ဖြတ်ကျော်ခဲ့တာလဲ ၊ ဘယ်လိုပုံစံနဲ့ အဆုံးသတ်သွားခဲ့လဲ ဆိုတာကို ဆန်နီ ပြန်ပြီး မှတ်မိသွားခဲ့ပါတယ်..။
သူ့ရဲ့ နှုတ်ခမ်းထောင့်ကို တွန့်ကွေးသွားခဲ့တယ်.။
“သူတို့ကို ငရဲလို ဖန်တီးပေးလိုက်..”
မီးစောင့်ရှောက်သူတွေက ပြုံးလိုက်ကြတယ်..။သူတို့ထဲက တစ်ယောက်က ရယ်မောလိုက်ပြီး..
“ ဒီနေရာက..ငရဲထက်တောင် ဆိုးဝါးနေပြီးပြီလေ..။မင်းလည်း ဂရုစိုက်ပါ ဆန်နီ…”
သူ သက်ပြင်းချလိုက်ပြီး..နောက်ကို ခြေတစ်လှမ်းဆုတ်ကာ အရိပ်ထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်..။အရိပ်တွေရဲ့ ပွေ့ဖက်မူအောက်မှာ လုံခြုံစွာ ပုန်းခိုနေရင်း..မီးစောင့်ရှောက်သူတွေကက တိုက်ပွဲဝက်ပါ တစ်ခုပုံစံနဲ့ ရှေ့ကို တက်သွားတာကို ဆန်နီ စောင့်ကြည့်နေခဲံပါတယ်..။စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့..သူက သူတို့ရဲ့ နောက်ကနေ မမြင်ရတဲ့ ပုံစံနဲ့ လိုက်သွားခဲ့ကြတယ်..။
မကြာခင်မှာပဲ အပျက်အစီး ပုံကြီးတွေက လှုပ်ရွလာခဲ့ပြီး..ကြော်ကမက်ဖွယ်ရာ လူသားတစ်ယောက်အဖြစ် အသွင်ပြောင်းလဲသွားခဲ့တယ်..။သူတို့ရဲ့ လက်တွေမှာတော့..ချွန်ထက်တဲ့ အရာတွေနဲ့ အဆုံးသတ်ထားခဲ့ပါတယ်..။
မီးစောင့်ရှောက်သူတွေဟာ ပထမဆုံးတစ်ကောင် သူတို့နားကို ရောက်လာတာကိုတောင် ဂရုမစိုက်ပဲ..အရင်ဆုံး တိုက်ခိုက်လိုက်ကြပါတယ်..။
အပင်တွေကို စိုက်ပျိုးနိုင်စွမ်းရှိတဲ့..လက်မူပညာရှင် ရှာကီ..က ကြီးမားတဲ့ လေးတစ်ချောင်းကို ထုတ်ယူလိုက်ကာ..လေးလံစွာ ပစ်လိုက်တယ်..။ဒါက အနီးဆုံးမှာ ရှိနေတဲ့ သားရဲရဲ့ ခေါင်းကို ထိုးဖောက်သွားခဲ့ပြီး ရုတ်တရက် အပိုင်းပိုင်းအစစတွေ အဖြစ် ပျံ့ကြဲသွားခဲ့ပါတယ်..။
သားရဲက တုန်ခါသွားခဲ့ပြီး..သူတို့ရှိနေတဲ့ ဖက်ကို လှည့်လိုက်တယ်..။သူတို့ရဲ့ လေးလံတဲ့ ခန္တာကိုယ်ကတော့..တုန်ရီနေခဲ့ပါတယ်..။သူက လူသားတွေဆီကို ချည်းကပ်သွားတဲ့အချိန်မှာ..ပါးလွှာတဲ့ရေခဲတစ်ခုက..သူ့ရဲ့ လက်မောင်းမှာ ပေါ်ထွက်လာခဲ့ပြီး..သဘော်သား အရုပ်ကို လှုပ်ရှားရခက်ခဲသွားစေခဲ့တယ်..။
သတ္တဝါက သူ့ရဲ့ ဓားတွေကို မသုံးရသေးတဲ့အချိန်မှာပဲ...နောက်ထပ်နိုးထသူ တစ်ယောက်က ပေါ်ထွက်လာခဲ့ပြီး..သူ့ရဲ့ ကြီးမားတဲ့ ပုဆိန်ကြီးရဲံ အသွားနဲ့ သတ္တဝါရဲ့ ပုခုံးပေါ်ပိုင်းချလိုက်ပါတယ်..။နောက်ထပ်တစ်ကောင်က သူ့ရဲ့ ဘေးနားမှာ ပေါ်ထွက်လာခဲ့ပြီ ဖြစ်တာကြောင့်..သူက ဒိုင်းကာနဲ့ ကာထားလိုက်ရပါတယ်..။လူငယ်လေးက လွင့်စင်သွားခဲ့ပြီး..မြေကြီးပေါ်ကို ပြုတ်ကျသွားခဲ့တယ်..။
ခနအကြာမှာတော့..ကျန်နေတဲ့..သဘော်သားအရုပ်ဟာ..ကျန်တဲ့ အဖွဲ့သားတွေကြောင့်.. သေဆုံးသွားခဲ့ပြီး အပိုင်းပိုင်း အစစဖြစ်သွားခဲ့တယ်..။
‘သိပ်မဆိုးတဲ့ စတင်မူပဲ..”
သို့ပေမယ့် ဒါက အခုမှ အစပဲ ရှိနေပါသေးတယ်..။
မကြာခင်မှာပဲ လူသား ရှစ်ယောက်က ကျရှုံးမူအဆင့်သားရဲ့ ဆယ်ကောင်လောက်ရဲ့ ဝန်းရံခြင်းကို ခံလိုက်ကြရတယ်..။အားလုံးက ကြောက်မက်ဖွယ်ကောင်းမူ ၊ သွေးဆာမူတွေနဲ့ သူတို့ရဲ့ အပေါ်ကနေ..ရှိနေခဲ့ကြတာပါ..။မီးစောင့်ရှောက်သူတွေအတွက်တော့..အခြေအနေတွေက အတော်လေးကို ဆိုးဝါးလာပါတော့မယ်..။အဲ့အချိန်မှာပဲ..လက်မူပညာ စွမ်းရည်ကို တတ်မြောက်ထားတဲ့ ကာအို က တစ်ခနလောက် အေးခဲသွားပြီး မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့တယ်..။ရုတ်တရက် ဆိုသလိုပဲ သစ်သားသတ္တဝါတွေက နူးညံ့တဲ့ပြောင်းလဲမူ တစ်ခု ဖြစ်သွားခဲ့ကြတာပါ..။
လုံးဝ အားနည်းသွားတာမျိုးမဟုတ်ပေမယ့်..သူတို့က တစ်နည်းအားဖြင့်..အနည်းငယ် နှေးကွေးပြီးလေးကန် လာခဲ့ကြတယ်..။ဒီအရာက အဖွဲ့သားတွေအတွက် သူတို့ထက် တစ်ဆင့်မြင့်တဲ့ သားရဲအုပ်ကြီးကို ခုခံထားနိုင်စေခဲ့ပါတယ်..။
..သို့ပေမယ့် ဒါက လွယ်ကူတဲ့အရာ မဟုတ်ပါဘူး..။
မီးစောင့်ရှောက်သူတွေက သူတို့ရဲ့ ဝက်ပါ တိုက်ကွက်ကို..တည်ငြိမ်အောင် ထိန်းထားနိုင်တယ် ဆိုရုံလောက်လေးပါပဲ..။လေးလံတဲ့ ပုဆိန်ကို ကိုင်ဆောင်ထားတဲ့ လူငယ်လေးကတော့..အခုချိန်မှာ သူ့ရဲ့ စွမ်းရည်ကို ထုတ်သုံးနေခဲ့ရတယ်..။သူ့ ရဲ့ လက်နက်က အနီရောင် အလင်းတန်းတွေ ဒေါသတကြီး ထွက်ပေါ်နေခဲ့ပါတယ်..။ဒါက..သူနဲ့ တိုက်ခိုက်နေတဲ့..သစ်သားသတ္တဝါရဲ့ အသွေးအသားထဲကို တိုးဝင်သွားခဲ့ပြီ အနက်ရှိုင်းဆုံးနေရာကို ရောက်သွားခဲ့တယ်..။
သူ့ရဲ့ ပါတနာကတော့..နံရံကြီးတစ်ခုလိုရှိနေခဲ့ပြီး..နောက်ကို ခြေတစ်လှမ်းတောင် မဆုတ်ခဲ့ပါဘူး..။သူက တိုက်ခိုက်မူ တစ်ခုချင်းစီတိုင်းကို..ဒိုင်းကာကြီးနဲ့ ဒိုင်ခံကာဆီးပေးနေခဲ့တယ်..။ဒိုင်းကာရဲ့ အနောက်ဘက်ကနေတော့ မကြာခနဆိုသလိုပဲ..လှံတစ်ချောင်းက ထွက်ပေါ်လာနေခဲ့ပါတယ်..။ဒီတစ်ယောက်က အဖွဲ့ထဲမှာရှိနေတဲ့ ကုသသူ ပါ..။ဒီတော့ သူ့ရဲ့ စိတ်ဓာတ်နဲ့ ဖွဲကာ..စွမ်းရည်တွေကလည်းရောက်လာခဲ့တာ မဟုတ်ပဲ..သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားတွေကတင် ထွက်ပေါ်လာနေခဲ့တယ်..။
အဲဒီမှာ..ဒိုင်းကာကို အသုံးပြုနေတဲ့ နောက်ထပ် မီးစောင့်ရှောက်သူတစ်ယောက်လညး် ရှိနေပါသေးတယ်..။သူမက ညစ်ပတ်နေတဲ့ ရွှေရောင်ဆံပင်နဲ့..မိန်းကလေးတစ်ယောက်ဖြစ်ပြီး..သူမရဲ့ ဓားချက်တစ်ချက်စီတိုင်းမှာ ပြင်းထန်တဲ့ ခွန်အားတွေ ပါဝင်နိုင်တဲ့..စွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့တယ်..။သူမက..လက်လေးချောင်းမှာ ကြီးမားတဲ့ ဓားနှစ်လက်ကို ကိုင်ဆောင်ထားတဲ့ လူငယ်လေးနဲ့ ယှဉ်တွဲပြီး တိုက်ခိုက်နေခဲ့တာပါ..။နောက်ထပ် လက်နှစ်ဖက်ကတော့..သူ့ရဲ့ စွမ်းရည်ကို အသက်သွင်းလိုက်တဲ့ အချိန်မှာပေါ်ထွက်လာခဲ့ပါတယ်..။ဒီနှစ်ယောက်က ပေါင်းစပ်လိုက်တဲ့ အချိန်မှာတော့.ဖျက်ဆီးနိုင်စွမ်းက တကယ်ကိုကြောက်ခမန်းလိလိ ပါပဲ..။
ရှာကီက သူမရဲ့ လေးကို..ဆက်တိုက်ပစ်ခတ်နေခဲ့ပြီး..မှတ်သားမူ မြားတွေ နဲ့ကာအို ဖန်တီးပေးထားတဲ့ သာမန် မြားတွေကို အလဲအလှယ် လုပ်နေခဲ့ရတယ်..။သူမရဲ့ လေးက အတော်လေး သန်မာပြီး..သူမရဲ့ ချိန်ရွယ်မူတွေကလည်း..သဘော်သားအရုပ်တွေကို ထိခိုက်နိုင်လောက်တဲ့အထိ လုံလောက်တဲ့ တိကျမူတွေ ရှိနေခဲ့တာပါ..။လက်သမားကိုယ်တိုင်ကတော့..အရုပ်တွေအပေါ်မှာ သူ ထိန်းချုပ်ထားတဲ့ ထူးဆန်းတဲ့ ညို့ငင်မူစွမ်းအားကို ထိန်းထားနေခဲ့တယ်..။တစ်ချိန်တည်းမှာပဲ…သူရဲ့ လက်ထဲက တုတ်နဲ့ ရှာကီကို..ကာကွယ်ပေးနေခဲ့ပါတယ်..။
နောက်ထပ်မီးစောင့်ရှောက်သူတစ်ယောက်ကတော့..သူ့ရဲ့ အဖွဲံသားတွေကို..သက်လုံနဲ့ ခုခံနိုင်စွမ်းတွေ မြှင့်တင်ပေးနိုင်တဲ့ စွမ်းရည်တစ်ရပ်ကိုပိုင်ဆိုင်ထားခဲ့တယ်..။အလားတူစွာပဲ..သူတို့ထဲက တစ်ယောက်က..ပိုပြီး ခံနိုင်ရည်ရှိအောင် လုပ်ပေးထားခဲ့ပါတယ်..။သူက ကွေးကောက်တဲ့ ဓားတစ်ချောင်းကို ကိုင်ဆောင်ထားပြီး ကတ်စီရဲ့ နောက်ကျောကို..ကာကွယ်ပေးထားခဲ့တာပါ..။
…ပြီးတော့..အဲဒီမှာ ကတ်စီ ကိုယ်တိုင် ရှိနေခဲ့တယ်..။သူမက အားလုံးထဲမှာ အသေအပျောက် အများဆုံး ဖြစ်စေနိုင်တဲ့ လူတစ်ယောက် တောင် ဖြစ်နိုင်ပါတယ်..။
သူမက တိတ်တဆိတ် ကခုန်သူကို လက်တစ်ဖက်မှာ ကိုင်ဆောင်ထားခဲ့ပြီး နောက်ထပ် လက်တစ်ဖက်မှာတော့..ဓားရှည်တစ်ချောင်းကို ကိုင်ထားခဲ့တယ်..။သူမက တိုက်ခိုက်လာမူတွေကို ကာကွယ်မူနဲ့ မကြာခနဆိုသလိုပဲ မထငိမှတ်ထားတဲ့ တိုက်ခိုက်မူတွေကို ပြုလုပ်နေခဲ့ပါတယ်။နူးညံ့တဲ့ မိန်းကလေး က အဖွဲ့သားတွေ ထဲမှာ..အသန်မာဆုံး ၊ အလျင်မြန်ဆုံး လူတစ်ယောက် မဟုတ်ပါဘူး..။သို့ပေမယ့်..သူမက ယုံကြည်မူအပြည့်နဲ့ တိုက်ခိုက်နေခဲ့ပြီး..စစ်မှန်တဲ့ ပညာရှင်တစ်ယောက်နဲ့တောင် ဆင်တူနေပါသေးတယ်..။
တကယ်လို့ တစ်ခြားတစ်ယောက်ယောက်သာ ဆိုရင်..သူတို့က ကျွမ်းကျင်မူတွေ ရဲ့ ထိပ်ပိုင်းကို ရောက်ရှိနေပြီး..အပြစ်ကင်းတဲ့ တိုက်ခိုက်မူ တွေကို လုပ်ဆောင်နိုင်နေပြီလို့ ဆန်နီ ယူဆလိုက်မှာပါ..။သို့ပေမယ့်..ဒီတိုက်ခိုက်ပုံတွေက..နစ်ဖီရဲ့ တိုက်ခိုက်မူတွေကို ပြန်အမှတ်ရနေစေခဲ့တယ်..။သူမက သူမက တိုက်ပွဲရဲ့ အခြေခံ ဉပဒေသတွေကို နက်နက်ရှိုင်းရှိုင်းကို လိုက်လျောညီထွေမူဖြစ်အောင် လုပ်နိုင်တဲ့ လူတစ်ယောက်ပါ..။
ဒါပေါ့..ပြောင်းလဲနေတဲ့ ကြယ်ပွင့်က တိုက်ပွဲရဲ့ စီးဆင်မူကို ကြိုတင်ခန့်မှန်းပြီး တွက်ချက်ထားနိုင်တာက သူမရဲ့ အသိပညာ ၊ ပါရမီ နဲ့ ကျွမ်းကျင်မူတွေကြောင့်ပါ..။တစ်ဖက်မှာတော့..ကတ်စီ က အမှန်တကယ် ဒီလို လုပ်နိုင်နေတာဟာ..အနာဂတ် အချိန်အနည်းငယ်ကိုကြိုမြင်နေလို့ပါပဲ.။
ဒါက တိုက်ပွဲတစ်ခုလုံးထဲမှာ ကြောက်မက်ဖွယ်ရာ တည်ရှိမူတစ်ခုကို ဖြစ်လာစေခဲ့ပါတယ်..။
ဆန်နီ ကြည့်နေတုန်းမှာပဲ..သဘော်သား အရုပ်တစ်ကောင်ဟာ..သူ့ရဲ့ ဓားတစ်ချောင်းကို မြှောက်လိုက်ပြီး မျက်မမြင် မိန်းကလေး အပေါ်ကို ခုတ်ချလိုက်တယ်..။ဒါက သူမရဲ့ ခန္တာကိုယ်ကို နှစ်ပိုင်းပိုင်းဖြတ်ဖို့ ချိန်ရွယ်နေခဲ့တာပါ..။သို့ပေမယ့် ဓားသွားကြီး ပိုင်းဖြတ်မလာခင် တစ်စက္ကန့်လောက် အလိုမှာပဲ ကတ်စီက ဘေးနားကို ရိုးရှင်းစွာ ရှောင်တိမ်းလိုက်ပြီး…သူမရဲ့ ဓားကို ထုတ်လိုက်တယ်..။တစ်ချိန်တည်းမှာပဲ တိတ်တဆိတ်ကခုန်သူက သူမရဲ့ လက်ထဲကနေ ထွက်ခွာကာ လေထဲကို ပျံတက်သွားခဲ့ပါတယ်..။
ဓားရှည်က သားရဲရဲံ ရင်ဘတ်ကို ဖောက်ထွက်သွားတဲ အချိန်မှာပဲ..ဓားပျံက သားရဲရဲ့ ဒုတိယမြောက်ဓားကို စင်တီမီတာ တစ်ခု စာလောက် အကွာမှာ တားဆီးပေးထားခဲ့တယ်..။ဒါပေါ့..ပြီးတာနဲ့ ဆက်လက် ပျံသန်းသွားပြီး နောက်ထပ် သတ္တဝါတစ်ကောင်ရဲ့ လည်ပင်းကို ပြတ်တောက်သွားစေခဲ့ပါတယ်..။
တစ်စက္ကန့်အပိုင်းအခြားလောက်မှာတင်ပဲ ကျရှုံးမူအဆင့် သားရဲ နှစ်ကောင်က အထိနာသွားပြီး မြေကြီးပေါ်ကို လဲကျသေဆုံးသွားခဲ့ပါပြီ..။
သို့ပေမယ့်..ဆန်နီက ဒီထူးခြားတဲ့ တိုက်ခိုက်မူတွေရဲ့ နောက်ကွယ်က အမှန်တရားကို ဆန်နီ နားလည်ထားခဲ့တယ်..။ဟုတ်တယ်..ကတ်စီက သူမရဲ့ ပြိုင်ဖက်ကင်းလောက်အောင် သန်မာတဲ့ စွမ်းရည်ကြောင့် မယုံနိုင်စရာ ကောင်းတဲ့ အားသာမူကို ရရှိနေခဲ့တာပါ..။သို့ပေမယ့်..ဒီလိုအရာမျိုးက လူတိုင်းလုပ်နိုင်တာမျိုး မဟုတ်ပါဘူး..။
တကယ်တော့ သူမ လုပ်နေသလိုမျိုးကို ဘယ်သူကမှ လုပ်နိုင်မှာ မဟုတ်ပေ..။
ဗရမ်းဗတာ ဖြစ်နေတဲ့ တိုက်ပွဲအလယ်မှာ…အထူးသဖြင့် နိုးထသူ တွေနဲ့ အိပ်မက်ဆိုးသားရဲတွေရဲ့ တိုက်ပွဲအလယ်မှာ..တစ်စက္ကန့်အပိုင်းအခြားလေး ဆိုတာက..သေခြင်း နဲ ရှင်ခြင်းကို ဆုံးဖြတ်သွားစေနိုင်ပါတယ်..။ရန်သူရဲ့ လှုပ်ရှားမူတွေကို ကြိုတင်ခန့်မှန်းဖို့ ၊ နားလည်ဖို့ နဲအချိန်မှီ တုန့်ပြန်ဖို့ ဆိုတာက အရမ်းကို ခက်ခဲတဲ့ အရာတစ်ခုပါပဲ..။
ဒါက အရမ်းကို ခက်ခဲမယ့် အရာတစ်ခုပါ..။ဒီနေရာမှာ ..ပစ္စုပ္ပန် နဲ့ အနာဂတ်ကို ခန့်မှန်းတာ ၊ တိုက်ပွဲရဲ အခြေအနေတစ်ခုကို မဟုတ်ပဲ..နှစ်ခုလောက်ကို နားလည်ထားရတာ ၊ ပြီးတော့ ကောင်းမွန်တဲ့ ရလာဒ်ကို ရဖို့ အလျင်အမြန်တုန်ပြန် ရတာတွေ ရှိနေခဲ့ပါတယ်..။ကတ်စီက ဒီအရာတွေအားလုံးကို မျက်လုံးမမြင်ပဲ လုပ်နေရတယ် ဆိုတာကိုတော့ ပြောစရာတောင် မလိုတော့ပါဘူး..။ဒါတွေအားလုံးရဲ့ စိတ်ဖိစီးမူနဲ့..ဝန်ထုတ်ဝန်ပိုးကို ဆန်နီ ခန့်မှန်းကြည့်လို့တောင် မရခဲ့ပေ..။
သို့ပေမယ့် သူ သိထားတဲ့အရာတစ်ခုကတော့..ဒီလိုမျိုးလုပ်ဆောင်ဖို့ အတွက်ဆိုရင်..အရေးကြီးတဲ့ အရာတစ်ခု မရှိပဲ လုပ်ဆောင်လို့ မရဘူးဆိုတာပါပဲ..။
ကြည်လင်ပြတ်သားမူ..
…ကြည့်ရတာတော့…ကတ်စီက နစ်ဖီသူတို့ကို သင်ကြားပေးခဲ့တာတွေကို အလကား နားထောင်နေခဲ့တာ မဟုတ်ပါဘူး..။ဘာပဲဖြစ်ဖြစ် သူမကလည်း..ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့..နောက်ထပ်တပည့် တစ်ယောက်ပါ..။
မကြာခင်မှာပဲ..မီးစောင့်ရှောက်သူတွေက..သဘော်သား အရုပ်တွေရဲ့ ပထမလှိုင်းကို ဖြေရှင်းနိုင်ခဲ့တယ်..။သိုပေမယ့်..နောက်ထပ်တစ်က္ကန့်မှာတော့..ပိုပြီး ကြီးမားတဲ့ အရာက ချည်းကပ်လာနေခဲ့ပါပြီ..။
သို့ပေမယ့် ဒီအရာ သူတို့ဆီကို ရောက်မလာခင်အချိန်မှာပဲ..ကတ်စီက လေထဲက တိတ်တဆိတ် ကခုန်သူကို ဆုပ်ကိုင်ထားလိုက်တယ်..။ပြီးတာနဲ့..သူမရဲ့ အဖွဲ့သားတွေ ဖက်ကို လှည့်ပြီး အော်လိုက်ပါတယ်..။
“ပြင်ဆင်ထားကြတော့..”
ယင်းနောက် သူမက ပါးစပ်နဲ့ နှာခေါင်းကို လက်နဲ့ အုပ်ထားလိုက်ကာ..သူမရဲ့ ဓားရှည်ကို အောက်ချပြီး မြေကြီးထဲ ထိုးစိုက်လိုက်တယ်..။
ခနအကြာမှာတော့..မြေကြီးတစ်ခုလုံးက တုန်လှုပ်လာခဲ့ပါပြီ..။
အပိုင်း ( ၅၁၆ ) ပြီး၏။