← Chapters

မွန်းစတားကို မျှားခေါ်ခြင်း

Vol. 35 Ch. 517

မွန်းစတားကို မျှားခေါ်ခြင်း

Vol. 35 Ch. 517

ရုတ်တရက် ချိုင့်ဝှမ်းတစ်ခုလုံးက လှုပ်ရှားလာသလို ခံစားလိုက်ရတယ်..။မြေကြီးက တုန်လှုပ်သွားခဲ့ပြီး..တပွက်ပွက် ဖြစ်လာခဲ့ပါတယ်..။ဖြည်းညှင်းစွာပဲ..အစိမ်းရောင်နဲ့ အညိုရောင် နွယ်ပင်တွေက အောက်ဘက်ကနေ စက်ဆုပ်ဖွယ်ရာ မြွေတွေ အဖြစ် ထွက်ပေါ်လာခဲ့ကြတယ်..။

မီးစောင့်ရှောက်သူတွေရဲ့ တိုက်ခိုက်မူအောက်မှာ ပြိုလဲကျတော့မလို ဖြစ်နေတဲ့ ကြီးမားတဲ့ သဘော်သား အရုပ်တွေတောင် ဒီလိုပြောင်းလဲမူတွေကြောင့် ကြောက်လန့်သွားခဲ့ကြပါတယ်..။ယင်းနောက် သူတို့က တစ်ဖက်ကို လှည့်ပြီး တုန်ရီစွာ ထွက်ပြေးသွားခဲ့ကြတယ်..။တစ်ချို့က တော့ ရိုးရှငိးစွာပဲ..အမှိုက်ပုံတွေ အဖြစ်ပြောင်းလဲသွားခဲ့ကြပြီး သေဆုံးချင်ယောင် ဆောင်နေလိုက်ကြပါတယ်..။

ဒီ ကျရှုံးမူအဆင့် သားရဲတွေတောင် ရှေးဟောင်းသဘော်ပျက်ထဲက နေထိုင်သူတွေကို ကြောက်လန့်နေခဲ့ကြတာပါ..။

သို့ပေမယ့် ကတ်စီ နဲ့ သူမရဲ့ အဖွဲ့သားတွေကတော့..မပြောင်းလဲပဲ ရှိနေခဲ့တယ်..။သူတို့က ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပြင်ဆင်မူတွေကိုသာ ဆက်လုပ်နေခဲ့ကြတာပါ..။မျက်မမြင် မိန်းကလေးက သူမရဲ့ ဓားကို မြေကြီးထဲကို ထိုးသွင်းပြီး တစ်ခနလောက် အကြာမှာတော့..မီးစောင့်ရှောက်သူတွေက သူတို့ရဲ့ အဝတ်စတွေကို..မျက်နှာနဲ့ ပါးစပ်တွေမှာ ရစ်ပတ်လိုက်ကြတယ်..။တစ်ချိန်တည်းမှာပဲ သေဆုံးပြီးသား ဖြစ်နေတဲ့..သဘော်သားအရုပ်တွေရဲ့ အလောင်းတွေကို သူတို့ ပတ်ဝန်းကျင်မှာ ပုံထားပြီး မီးရှို့ထားလိုက်တယ်..။

မကြာခင်မှာတော့..အဖွဲ့သားတွေကို မြင့်မားတဲ့ မီးလျှံတွေက ဖုံးလွှမ်းသွားခဲ့တယ်..။နိုးထသူ ရှစ်ယောက်ကတော့..မီးလှိုင်းတွေကြားထဲမှာ..ရောက်ရှိနေကြပါပြီ..။သူတို့က ကျောချင်းကပ် ရပ်နေခဲ့ကြပြီး..လက်နက်တွေကို ထုတ်ကာ လေးနက်ပြတ်သားတဲ့ မျက်နှာအမူအရာတွေ ရှိနေခဲ့ကြပါတယ်..။ရှာကီ တစ်ယောက်တည်းသာ ဒူးတစ်ဖက်ကို ထောက်ထားပြီး..သူမရဲ့ လက်တစ်ဖက်ကို မြေကြီးပေါ် တင်ထားခဲ့တယ်..။ခနကြာပြီးနောက်မှာတော့..သူမက တစ်ခုခုကို အော်ဟစ်လိုက်ပါတယ်..။

ဆန်နီကတော့ အရိပ်ထဲကနေ စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်နေတုန်းပါပဲ..။ဒီ လူငယ်လေးတွေက သူ့ရဲ့ သူငယ်ချင်းတွေလို့ မပြောနိုင်ပေမယ့်..သူတို့တွေက ရဲတိုက်ရဲ့ အာဏာလု တိုက်ပွဲတွေထဲမှာ အတူတကွ တိုက်ခိုက်ခဲ့ကြ..အတူတူခရီးတွေ ထွက်ခဲ့ကြပြီး နောက်မှာ သူတို့အပေါ် သံယောဇဉ်တစ်ချို့ ဖြစ်လာခဲ့ပါတယ်..။ဒီမီးစောင့်ရှောက်သူတွေက တကယ်သဘောကျစရာ လေးတွေပါပဲ..။

ဒီလူတွေ သေဆုံးတော့မှာကို သူက ဘာမှမလုပ်ပဲ ဒီတိုင်း ရပ်ကြည့် မနေချင်ခဲ့ပေ..။

သို့ပေမယ့်..ဒီတိုက်ပွဲမှာ ဒီလိုမျိုးနေနေရတာကိုက သူ့ရဲ့ တာဝန်ပါပဲ..။ သူက ပျက်ပြားမူအဆင့် မွန်းစတား ရဲ့ အာရုံစိုက်မူတွေ ကတ်စီတို့အဖွဲ့ဆီကို အပြည့်အဝ ရောက်သွားတဲ့ အချိန်အထိ..အမှောင်ထဲမှာ လုံခြုံစွာ ပုန်းအောင်း‌ နေရမှာပါ..။ပြီးတာနဲ့..တိကျတဲ့ တိုက်ခိုက်မူနဲ့ တစ်ချက်တည်း အဆုံးသတ်ရပါလိမ့်မယ်..။

အဲဒီအချိန်က အခုချိန်အထိ ရောက်မလာသေးပါဘူး..။

ဆန်နီ အမှောင်ထဲမှာ နေရင်း ဆက်လက် စောင့်ကြည့်နေခဲ့တယ်..။

ရှာကီ ရဲ့ အော်ဟစ်မူကို တုန့်ပြန်လာတဲ့အလား..မီးစောင့်ရှောက်သူတစ်ယောက်က..ရုတ်တရက် ဘေးဘက်ကို သွားလိုက်တယ်..။တစ်စက္ကန့်ကြာပြီးတဲ့ နောက်မှာတော့..သူ့ခြေထောက်အောက်က မှော်ပင်တွေကို အညိုရောင် နွယ်ပင် တွေက ထိုးဖောက်သွားခဲ့ပါတယ်..။ဒီအရာက နေရာအနှံ့ကို သွားလာပြီး တစ်စုံတစ်ယောက်ကို ထိုးဖောက်ဖို့ကြိုးစားနေတဲ့ ပုံပါပဲ..။သိုပေမယ့်..ဒါက..အနီးအနားမှာ သက်ရှိတွေ ရှိနေတာကို ခံစားမိသွားခဲ့ပြီး..လူသားတွေ အနီးနားကို ရောက်လာနေခဲ့ပါတယ်..။

နွယ်ပင်တွေက လူသားတစ်ယောက်ရဲ့ လက်မောင်းလောက်ရှိပြီး..သူ့ရဲ့ တောက်ပတဲ့မျက်နှာပြင်ပေါ်ကနေ..အနက်ရောင် ဆူးချွန်တွေ ထွက်ပေါ်နေခဲ့ကြတယ်..။

မီးစောင့်ရှောက်သူ တစ်ယောက်က ဒီနွယ်ပင်ကို ဓားနဲ့ ခုတ်ဖြတ်လိုက်ပေမယ့်..ထက်ရှတဲ့ ဓားသွားက နွယ်ပင်ကနေ..ပြန်ကန်ထွက်လာပြီး.ခြစ်ရာတစ်ခုတောင် ထင်ကျန်ရစ်မနေခဲ့ပါဘူး..။နောက်ထပ်နှစ်ယောက်ကတော့ သူတို့ရဲ့ ဒိုင်းကာနဲ့သာ ဖိထားလိုက်ကြပြီး..ဒီအရာကိုနှေးကွေးအောင် လုပ်ထားလိုက်ကြပါတယ်..။ဒီအရာက မှတ်သားမူတွေကို မြှင့်တင်နိုင်စွမ်းရှိတဲ့ လူငယ်လေးကို ပုဆိန်နဲ့ ခုတ်ဖြတ်ဖို့အတွက် အချိန်ရသွားစေခဲ့တယ်..။

သူ နွယ်ပင်ကို ဖြတ်တောက်ပြီးတာနဲ့..အဆိပ်ငွေ့တွေက ပြတ်တောက်တဲ့နေရာကနေ..ထွက်ပေါ်လာခဲ့ပါတယ်..။ကံကောင်းချင်တော့..သူက အသက်ကို အောင့်ထားလိုက်ပြီး..အနောက်ဖက်ကို ချက်ချင်း ပြန်ဆုတ်သွားခဲ့တယ်..။ကတ်စီက ဓားကို ပြန်သိမ်းထားလိုက်ပြီး..ရင်းနှီးတဲ့ တုတ်တံတစ်ချောင်းကို လက်ထဲမှာ ကိုင်ထားခဲ့ပါတယ်..။သူမက ဒီအရာကို ရှေ့ကို ချိန်ရွယ်လိုက်ပြီး..လေတွေကို ထုတ်ဖော်လိုက်တယ်..။အဆိပ်တိမ်တိုက်တွေက မီးတောက်တွေရှိရာဘက်ကို မှုတ်ထုတ်ခြင်းခံလိုက်ရပြီး ပျောက်ကွယ်သွားခဲ့ပါတယ်..။

‘ ဒီ ပုဆိန်က တက်ရောက်မူ အဆင့် မှတ်သားမူ တစ်ခုပဲ..’

အမှန်တကယ်ပဲ အဲလိုဖြစ်လိမ့်မဘ်.။တကယ်တော့..မီးစောင့်ရှောက်သူ တွေ အားလုံးရဲ့ လက်နက်တွေက ကောင်းမွန်ကြပါတယ်..။သူတို့အများစုက သူတို့ထက် တစ်ဆင့်ပိုမြင့်တဲ့ လက်နက်တွေကို ကိုင်ဆောင်ထားခဲ့ကြတာပါ..။

တိတ်တဆိတ် ကခုန်သူက သူတို့ပိုင်ဆိုင်ထားကြတဲ့ တစ်ခုတည်းသော ထပ်တူညီမူ မဟုတ်ပါဘူး..။နောက်ထပ်နွယ်ပင်တွေ မီးတောက်ထဲက ထွက်ပေါ်လာတဲ့ အချိန်မှာတော့..ရင်းနှီးတဲ့ အရိပ်တစ်ခုက မီးတောက်အပြင်ဘက်မှာ အလင်းစက်တွေအဖြစ်ပေါ်ထွက်လာခဲ့တယ်..။ဒါက ကြီးမားတဲ့ ဓားခုတ်ကောင် နဲ့ ဆင်တူတဲ့ သတ္တဝါတစ်ကောင်ဖြစ်ပြီး..သူ့ရဲ့ အသွေးအသားတွေကိုတော့..ဖန် ၊ သွေးနီရောင် ရွံ့တွေနဲ့ ဖန်တီးထားခဲ့တယ်..။

ကြက်သွေးရောင် ထိပ်ဖျားကို ဝန်းရံတိုက်ခိုက်ကြတုန်းက ဆန်နီ ဒီသားရဲမျိုးတွေကို မြင်တွေ့ခဲ့ရတာကို မှတ်မိလိုက်ပါတယ်..။

အရိုးဓားကြီးနှစ်ခုက နွယ်ပင်ပေါ်ကို ကျရောက်လာခဲ့တဲ့ အချိန်မှာတော့..အထဲကို နက်ရှိုင်းစွာ ဝင်သွားခဲ့တယ်..။ခနအကြာမှာတော့..ဓားခုတ်ကောင်က မယုံနိုင်စရာ အမြန်နှုန်းနဲ့ ရွေ့လျားသွားခဲ့ပြီး..အနက်ရောင် ဆူးချွန်တွေကြောင့် ဖမ်းဆီးခံရကာ အပိုင်းပိုင်းအစစ ဖြစ်သွားမယ့် အရေးကနေ ရှောင်ရှားနိုင်ခဲ့တယ်..။

ဒီလို ကောင်းမွန်အောင် စတင်နိုင်ကြပေမယ့်..ပိုများတဲ့ နွယ်ပင်တွေက မြေအောက်ထဲကနေ မီးဝိုင်းတွေကို ထပ်ထပ်ပြီး ဝင်ရောက်လာနေခဲ့ကြပါပြီ..။အချိန်တွေ ကုန်ဆုံးသွားတိုင်း. အရွယ်အစား ပိုမိုကြီးမားတဲ့ နွယ်ပင်တွေက..မီးစောင့်ရှောက်သူတွေ အနားကို ရောက်ရှိလာခဲ့ကြတယ်..။အပျက်အဆီးနဲ့ ဝေးလေလေ..နွယ်ပင်တွေက ပိုပိန်ပြီး ပါးလျှလာလေလေ ပါပဲ..။

သို့ပေမယ့်..ရှေးဟောင်းသဘော်နဲ့ နီးကပ်နေတဲ့ နေရာမှာတော့..တကယ်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ နွယ်ပင်ကြီးတွေက..သတ်ဖြတ်လိုတဲ့ စိတ်ဆန္ဒတွေနဲ့ ချီတက်လာနေခဲ့ကြပါပြီ..။ဒါက မွန်းစတားကြီးအနေနဲ့ သူ့ရဲ့ ခြေလက်တွေကို ဆန့်ထုတ်လာနေတဲ့ အတိုင်းပါပဲ..။ဒီအရာက နိုးထသူ အဖွဲ့သားတွေ အတွက် သေခြင်းတရားရောက်လာနိုင်တဲ့ အခိုက်အတန့်ဖြစ်သလို..သူတို့ လိုချင်နေတဲ့ ရည်ရွယ်ချက်ဆိုလည်း ဟုတ်ပါတယ်..။

မူလ အရင်းအမြစ်မှာရှိနေတဲ့..နွယ်ပင်တွေက အဓိကခန္တာကိုယ်ရဲ့ အဝေးကိုရောက်သွားတဲ့ အချိန်ရောက်မှသာ ဆန်နီက လှုပ်ရှားနိုင်မှာပါ..။ပြီးတဲ့နောက်မှာတော့..သူက တာဝန်ကို အောင်မြင်အောင် ဆောင်ရွက်ပြီး တိုက်ပွဲတစ်ခုလုံးကို အဆုံးသတ်ကာ..မီးစောင်ရှောက်သူတွေကို နွယ်ပင်တွေ ရန်ကနေ ကယ်တင်နိုင်ပါလိမ့်မယ်..။ဒီလိုမှ မဟုတ်ရင်တော့..သူတို့အားလုံး အတူတူသေဆုံးကြရမှာပါ..။

ဒီလို မှန်ကန်တဲ့ အခိုက်အတန့်က..ဖြည်းညှင်းစွာပဲ နီးကပ်လာနေခဲ့တယ်..။

ပိုပိုများတဲ့..နွယ်ပင်တွေနဲ့..ရင်ဆိုင်တွေ့ရတဲ့ အချိန်မှာတော့..ကတ်စီနဲ့ သူမရဲ့ အဖွဲ့သားတွေက..ဒီအရာတွေကို ခုခံနိုင်ဖို့ အကောင်းဆုံးကြိုးစားနခဲ့ကြတယ်..။သူတို့က..မီးတောက်ကြောင့် ထိခိုက်လာတဲ့ နွယ်ပင်တွေကို ဖြတ်တောက်နိုင်စွမ်းရှိကြပြီး..မီးတောက်ကို ရှောင်ရှားလာနိုင်တဲ့ နွယ်ပင်တွေကိုတော့ တစ်ဖွဲ့လုံးက ဂရုစိုက်နေခဲ့ကြရပါတယ်..။သို့ပေမယ့်..သူတို့ ဘယ်လောက်ပဲ ကြိုးစားပြီး တိုက်ခိုက်ကြပါစေ..မကြာခင်မှာပဲ ချိန်ခွင်လျှာက..ပျက်ပြားခြင်းအဆင့် မွန်းစတား ဘက်ကို တိမ်းစောင်းလာခဲ့တယ်..။

သူတို့ရဲ့ ဖွဲ့စည်းပုံကတော့..ပြိုလဲလု နီးပါး ဖြစ်နေခဲ့ကြပါပြီ.။အစမှာတော့ သူတို့ရဲ့ ဆောင်ရွက်မူတွေက အတော်လေး ပြီးပြည့်စုံတဲ့ ပူးပေါင်းမူ ဖြစ်ခဲ့ပေမယ့်..ဒီအရာတွေက ဖြည်းညှင်းးစွာပဲ..ရှုပ်ထွေးလာခဲ့တယ်..။ကြက်သွေးရောင် ဓားခုတ်ကောင်က သူ့ရဲ့ လျင်မြန်လှတဲ့ အရှိန်နှုန်းရှိနေပေမယ့်..နောက်ဆုံးမှာတော့..နွယ်ပင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါပြီ..။

သူ့ရဲ့ ဖန်သား ခန္တာကိုယ်က ရုတ်တရက် ကွဲကြေသွားခဲ့တယ်..။ပြီးတော့..သတ္တဝါက သူ့သခင်ရဲ့ အချိန်မှီရုတ်သိမ်းမူကြောင့်သာ မဟုတ်ရင် အပြည့်အဝ ဖျက်ဆီးခံလိုက်ရမှာပါ..။သို့ပေမယ့် သူက အချိန်မှီ ပျော်ကွယ်သွားနိုင်ခဲ့တယ်..။

…အဲ့အချိန်မှာပဲ နောက်ဆုံးမှာ မူလ နွယ်ပင်တွေဟာ..မီးတောက်တွေ ရှိရာနေရာကို ရောက်လာခဲ့ကြပါတယ်..။

ဆန်နီ ဟာ အားကြိုးမာန်တက် တိုက်ခိုက်နေခဲ့ကြတဲ့ မီးစောင့်ရှောက်သူတွေကို နောက်ဆုံးတစ်ကြိမ် လှမ်းကြည့်လိုက်တယ်..။သူ့ရဲ့ အကြည့်တွေက..အဖွဲ့သားတွေရဲ့ ခေါင်းဆောင်နေရာမှာ ဓားကို ကိုင်ဆွဲပြီးတိုက်ခိုက်နေတဲ့ ကတ်စီ ဆီကို ရောက်သွားတဲ့ အချိန်မှာတော့.. ခနလောက်ရပ်တန့်သွားခဲ့တယ်..။

ပြီးတာနဲ့ သူက တစ်ဖက်ကို လှည့်ပြီး..အရိပ်တွေထဲကို တိုးဝင်သွားခဲ့ပါတယ်..။

တစ်စက္ကန့်ကြာပြီးတဲ့နောက်မှာတော့..ဆန်နီဟာ ရှေးဟောင်းသဘော်ပေါ်မှာ ရှိနေတဲ့ သုန်မုန်နေတဲ့ အရိပ်ထဲကနေ ထွက်ပေါ်လာခဲ့တယ်..။ဒီနေရာကတော့..တိုက်ပွဲတွေနဲ့ အတော်ကို ဝေးကွာလှပါတယ်..။

ပြီးတော့..ဒီနေရာက..ကြောက်မက်ဖွယ်ရာတွေ အားလုံးရဲ့ အရင်းအမြစ်ဖြစ်တဲ့ ထိပ်လန့်ဖွယ်သတ္တဝါကြီးရဲ့ အနီးအနားမှာ ရောက်နေခဲ့တာပါ..။

ဆန်နီဟာ ရက်စက်သော မြင်ကွင်းကို ထုတ်ဖော်လိုက်ပြီး..အသက်ကို အောင့်ထားခဲ့တယ်..။ပြီးတာနဲ့ ကိုယ်ထည်ရဲ့ မညီညာတဲ့..အပေါက်နားမှာ ရှိနေတဲ့ အမှောင်ထုထဲကို ခုန်ဆင်းသွားခဲ့ပါတယ်..။

အပိုင်း ( ၅၁၇ ) ပြီး၏။

All Chapters