← Chapters

ကုန်သိုလှောင်ခန်း

Vol. 35 Ch. 518

ကုန်သိုလှောင်ခန်း

Vol. 35 Ch. 518

ဆန်နီဟာ ရှေးဟောင်းသဘော်ပျက်ရဲ့ အဆိပ်ငွေ့တွေကြားထဲကို ရောက်သွားတဲ့အချိန်မှာတော့…ကိုယ့်ကိုကို အရိပ်အဖြစ်ပြောင်းလဲလိုက်တယ်..။ပြီးတာနဲ့..မှော်ပင်တွေကပ်ငြိကာ ကြီးထွားနေကြတဲ့ ဆူးချွန်နွယ်ပင်တွေရဲ့ အောက်ဘက်က ဟောင်းနွမ်းနေတဲ သစ်သားမျက်နှာပြင်ပေါ်ကို ခြေချလိုက်ပါတယ်..။

အရိုးသားဆုံးပြောရရင်..သဘော်ပေါ်မှာ သူက လူသားတစ်ယောက် အဖြစ်နဲ့ လှုပ်ရှားရတာကိုပဲ ပိုပြီး နှစ်သက်တာပါ..။ကုန်လှောင်ခန်းမှာနေထိုင်တဲ့ သတ္တဝါနဲ့ တိုက်ခိုက်တဲ့အချိန်ကျရင် သူက အဆိပ်ငွေ့တွေကို အနည်းနဲ့အများတော့ ရူသွင်းမိနိုင်တယ် ဆိုတာကို ဆန်နီ သိထားခဲ့တယ်..။ဒီတော့..အဆိပ်ငွေ့တွေရဲ့ သက်ရောက်မူကို အခုကတည်းက အသားကျအောင် လုပ်ထားလိုက်တာက..တိုက်ပွဲထဲမှာ အသားကျအောင် လုပ်ရတာထက်တော့ ပိုပြီး ကောင်းမွန်ပါတယ်..။

သို့ပေမယ့်..ဒီလိုလုပ်ရင် သူ့ကို သတ္တဝါကြီးက သတိထားမိသွားနိုင်တာကြောင့်..မစွန့်စား ရဲခဲ့ပါဘူး..။ဘာပဲဖြစ်ဖြစ် တိုက်ပွဲတစ်ခုလုံးက..စက္ကန့်အနည်းငယ်လောက် အကြာမှာတင် အဆုံးသတ်သွားမှာပါ..။အရာရာတိုင်းက စီစဉ်ထားတဲ့ အတိုင်း ဖြစ်လာမယ်ဆိုတာကို ဆန်နီ မျှော်လင့်ချက် အနည်းငယ် ရှိနေခဲ့တယ်..။

သူ့ရဲ့ အရင်အတွေ့အကြုံတွေကနေ..သင်ယူထားနိုင်ခဲ့တာကတော့..အစီအစဉ်အတိုင်း တိတိကျကျ ဖြစ်တဲ့အရာက ရှားပါးတယ် ဆိုတာပါပဲ..။

နိုတစ် ဒဂ်ါးပြားတွေကို လာယူတုန်းက သူသွားခဲ့တဲ့ လမ်းကြောင်းကို မှတ်မိနေတာကြောင့်..ဆန်နီဟာ..ကျဉ်းမြောင်းတဲ့ လမ်းအတိုင်းသွားနေခဲ့တယ်..။ဒီတစ်ကြိမ်မှာတော့..သူတို့က အရင်အခြေအနေနဲ့ ကွာခြားနေခဲ့ကြပါပြီ..။ဘာပဲဖြစ်ဖြစ် မွန်းစတားက အပြည့်အဝ နိုးထနေခဲ့တာပါ..။

ရှေးဟောင်းအပျက်အစီး မှဦာ ရှိနေတဲ့ နွယ်ပင်တွေဟာ..အသက်ရှင်နေသလိုမျိုး..ဖြည်းညှင်းစွာ လှုပ်ရှားကာ..အဆိပ်ဖြစ်စေတဲ့ အငွေ့တွေကို ထုတ်လွှတ်နေခဲ့ကြပါတယ်..။လေထုဟာ..အတော်လေး ဝေဝါးနေပြီး..သစ်သားနံရံရဲ့ တစ်ဖက်ကနေ တစ်စုံတစ်ခု ရွေ့လျားနေတဲ့ အသံတွေလည်း ထွက်ပေါ်နေပါသေးတယ်..။ဒါက ဆန်နီ အနေနဲ့ ကြီးမားတဲ့ သက်ရှိကြီးတစ်ကောင်ရဲ့ ခန္တာကိုယ် အတွင်းပိုင်းကို ရောက်နေသလိုပါပဲ..။

ရှေးဟောင်းအပျက်အစီးတွေရဲ့ ပိုင်ရှင်ကို သတ်ဖို့ ခန္တာကိုယ်ထဲကို ဝင်ရောက်လာခဲ့တဲ့ ဗိုင်းရပ်တစ်ကောင်..။

..ကံကောင်းချင်တော့..ဒီအရာတွေအများစုက..ဆိုးဝါးတဲ့ နွယ်ပင်တွေရဲ့ အမြစ်တွေသာပါ..။လှုပ်ရှားမူ မြန်ဆန်ပြီး..အရမ်းကို အန္တရာယ်များတဲ့ အပိုင်းတွေက..အနောက်မှာ ရှိနေကြပြီး..မီးစောင့်ရှောက်သူတွေကို သတ်ဖို့ ကြိုးစားနခဲ့ပါတယ်..။

ရုတ်တရက် ဆန်နီဟာ ပြုံးလိုက်ပြီး…သူ့ရဲ့ အရှိန်ကို မြင့်တင်လိုက်တယ်..။မကြာခင်မှာပဲ..သူ ကုန်လှောင်ခန်း ရဲ့ တံခါးပေါက်နားကို ရောက်လာခဲ့တယ်..။ဒီအရာက..အပြင်ဖက်ကို ကွေးညွှတ်နေပြီး..အတွင်းထဲက တစ်စုံတစ်ခုက ဖိထားသလိုတောင် ထငိမှတ်ရပါတယ်..။

သူက တစ်ဖက်မှာရှိနေတဲ့ ကျယ်ပြန့်တဲ့ နေရာလွတ်ကြီးနဲ့..အလယ်မှာရှိနေတဲ့ ကြီးမားတဲ့ အရိပ်ကြီးကို ခံစားမိလိုက်တယ်..။ဒီအရိပ်ကြီးရဲ့ ပုံသဏ္ဌာန်က အသက်ရူနေသလိုမျိုး..ပြန့်ကားလာလိုက် ၊ ကျုံ့ဝင်သွားလိုက် ဖြစ်နေခဲ့တာပါ..။ဒီအရာကြီး ကျုံ့ဝင်သွားတဲ့ အချိန်တိုင်းမှာ..ပျံသန်းနိုင်တဲ့ သဘော်ရဲ့ အစိတ်အပိုင်းတွေပေါ်ကို နွေးထွေးတဲ့ လေတွေ တိုက်ခတ်နေခဲ့တယ်..။

သူ တစ်စက္ကန့်လောက်..တွေဝေသွားပြီးကာမှ..သူ့ရဲ့ စိတ်တွေကို တည်ငြိမ်အောင်လုပ်လိုက်တယ်..။

ဖြုန်းတီးဖို့အတွက် အချိန်အပို ရှိမနေခဲ့ပါဘူး..။

အရိပ်ထဲကနေ တဆင့်ခြေလှမ်းလှမ်းဖို့ အရိပ်အဆီအနှစ်အချို့ကို အသုံးပြုပြီး နောက်မှာတော့..ဆန်နီဟာ..ကုန်လှောင်ခန်းထဲမှာ ပြန်ပေါ်လာခဲ့တယ်..။ပြီးတာနဲ့ သူက အေးခဲသွားခဲ့ပါတယ်..။ပြီးတာနဲ့..ကြောက်မက်ဖွယ်ရာ..ပျက်ပြားမူအဆင့် မွန်းစတားကို မြင်လိုက်ရတာကြေင့် အေးခဲသွားခဲ့တယ်..။

‘ဒါ..ဒါက ဘယ်လို ငရဲ မျိုးလဲ..’

ကုန်လှောင်ခန်းက အတော်လေးကို ကြီးမားပြီး နေရာတစ်ခုလုံးက အညိုရောင် ထူထဲတဲ့ နွယ်ပင်တွေနဲ့..ပြည့်နှက်နေခဲ့ပါတယ်..။ဒီနွယ်ပင်တွေက..ရှေးဟောင်းသစ်သားရဲ့ အပေါက်တွေ ကြားထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့ကြတယ်..။ဒီအရာတွေ အားလုံးရဲ့ အရင်းအမြစ်က တစ်ခုတည်းဖြစ်ပြီး အဲတာကတော့..အလယ်ဗဟိုမှာရှိနေတဲ့ ကျယ်ပြန့်တဲ့ ရေမှော် အစုအဝေးကြီးပါပဲ..။

သို့ပေမယ့်..ဒီအစုအဝေးကြီးရဲ့ အလယ်တည့်တည့် မှာတော့..

အဲဒီမှာ လူသားတစ်ယောက်ရဲ့ ပုံသဏ္ဌာန် အရာတစ်ခု ရှိနေပြီး..သူ့ရဲ့ ခန္တာကိုယ်က တွန့်လိမ်ကာ အကြောလိုက်နေခဲ့တယ်..။ဒီအရာက..ယောက်ျားလား ၊ မိန်းမလား ဒါမှမဟုတ် သေနေတာလား ၊ ရှင်နေတာလား ဆိုတာကို ဆန်နီ သေချာမပြောနိုင်ခဲ့ပါဘူး..။သို့ပေမယ့် သေချာတဲ့ အရာတစ်ခုကတော့..ကျွန်းတစ်ခုလုံးကို ပျံ့နှံ့နေတဲ့ နွယ်ပင်တွေ အားလုံးရဲ့ အရင်းအမြစ်က..ဒီသတ္တဝါရဲ့ အသွေးအသားတွေထဲကနေ ထွက်ပေါ်လာနေခဲ့တာပါ..။

သူတို့က ဒီအလောင်းကောင်ရဲ့ ပါးစပ်ထဲတွေ ၊ နားတွေထဲတွေ ၊ ရင်ဘတ်ထဲနဲ့..ဝမ်းဗိုက် ၊ အရည်ပြား ၊ လက်တွေ ၊ ခြေတွေ ထဲကနေ ကြီးထွားလာနေခဲ့ကြပါတယ်..။ဒီမြင်ကွင်းက အတော်လေးကို ကြောက်မက်ဖွယ်ကောင်းပြီး ရွံစရာလည်းကောင်းနေခဲ့တယ်..။သိုပေမယ့်..အဓိကကတော့..ဒီအရာက ထူးဆန်းစွာပဲ မှားယွင်းနေခဲ့တာပါ..။

ဒါက..နွယ်ပင်တွေဟာ တစ်ချိန်က ရှေးဟောင်းလူသားရဲ့ ခန္တာကိုယ်ကနေ ပေါ်ထွက်လာခဲ့ပြီး..သူတို့ကို သတ်ဖြတ်ခဲ့ပုံရပါတယ်..။သိုပေမယ့်..တစ်နည်းအားဖြင့်လည်း.အသက်ရှင်အောင် ထားထားခဲ့ပြီး.အသက်ရူနေစေခဲ့တယ်..။ပြီးတော့..လူသားက အသက်ရူနေသ၍ နွယ်ပင်က ဆက်လက် ကြီးထွားသန်မာလာနေကာ..ရှေးဟောင်းသ‌ေဘာ်ပျက် ၊ တောင်ကြားတွေ ၊နဲ့ သဘော်ပျက်ကျွန်းတစ်ခုလုံးကို ဖြည်းညှင်းစွာ စုပ်ယူနေခဲ့ပါတယ်..။ပြီးတော့..တစ်နေ့မှာ ဘယ်အရာကိုစုပ်ယူမလဲ ဘယ်သူသိနိုင်မှာလဲ…။

‘ဒါ..ဒါက ငါသတ်ရမယ့် အရာလား..’

ဆန်နီက ဘဝမှာ ထိပ်လန့်စရာတွေ အများကြီးကို မြင်ဖူးထားပြီး…သူတို့ထဲက အချို့ကို လည်း ကိုယ်တိုင် သတ်ဖြတ်ခဲ့ပါတယ်..။သိုပေမယ့် သူက ဘယ်လောက်ပဲ အတွေ့အကြုံရှိပြီး အားကောင်းနေပါစေ..လူသားတွေ တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်ရူလို့ မရနိုင်တဲ့ အရာတွေ ဆိုတာ ရှိနေပါသေးတယ်..။ဆန်နီဟာ ပျံသန်းနိုင်တဲ့ သဘော်ရဲ့ ကုန်လှောင်ရုံထဲမှာ ပိတ်မိနေခဲ့တဲ့သက်ရှိကို ကြည့်ရင်း..စိတ်တည်ငြိမ်မူတွေ ပျက်ပြားမသွားခဲ့ပေမယ့်..ကျောချမ်းပြီး..ကြောက်ရွံ့တဲ့ ခံစားချက်ကတော့..အကူအညီမဲ့စွာ ထွက်ပေါ်နေခဲ့ပါသေးတယ်..။

သိုပေမယ့် ကြောက်ရွံ့မူဆိုတာက သူ ကြိုဆိုလက်ခံရမယ့် ဧည့်သည်တစ်ယောက်ပါ..။ကြောက်ရွံ့မူကြောင့်ပဲ..သူက ပုံမှန်အတိုင်းရှိနေသေးပြီး..သူ့ရဲ့ ဝိဉာဉ်ထဲမှာ လူသားတစ်ယောက်ရဲ့ အသိစိတ် ရှိသေးတယ် ဆိုတာကို ပြောနိုင်နေခဲ့ပါတယ်..။ဆန်နီက အကြောက်တရားကို အရှံးမပေးလိုက်သ၍ နည်းနည်းလောက် ခံစားရတာက ပြသနာမရှိပါဘူး..။

‘တစ်ချက်ပဲ…အနားကိုသွားမယ်..အရိပ်တွေထဲကနေ ထွက်မယ်..ပြီးရင် ရက်စက်သောမြင်ကွင်းနဲ့ သူ့ရဲ့ ရင်ဘတ်ထဲကို ထိုးလိုက်မယ်..။ကျန်တာကို နတ်ဘုရားမီးတောက်က ဆက်ပြီး လုပ်သွားလိမ့်မယ်..’

သူ့ကို ရှေ့ကို စတင်တိုးသွားစေခဲ့ပြီး..ကျယ်ပြန့်တဲ့ ကုန်လှောင်ရုံထဲမှာ အမြန်ရွေ့လျားနိုင်အောင် ကြိုးစားလိုက်ပါတယ်..။

သို့ပေမယ့် အစီအစဉ်က တစ်ခနလောက် အကြာမှာပဲ မှားယွင်းသွားခဲ့တယ်..။

ဘာလို့လဲ ဆိုတော့..ဆန်နီ စတင်လှုပ်ရှားလိုက်ပြီး..သတ္တဝါကြီးရဲ့ အနီးအနားကို မရောက်ခင်အချိန်မှာပဲ..အလောင်းကောင်ရ့် မျက်လုံးတွေက ရုတ်တရက် ပွင့်လာခဲ့ပါတယ်..။

ဒီမျက်လုံးတွေက..ဘာမှမရှိပဲ သေဆုံးနေခဲ့ကာ..အောက်ဘက်ကောင်းကင်ရဲ့ ချောက်နက်လို နက်မှောင်နေခဲ့တယ်..။

..ပြီးတော့..အဲဒီမျက်လုံးတွေက သူရှိနေတဲ့ နေရာ တည့်တည့်ကို ကြည့်နေခဲ့တာပါ..။သတ္တဝါက..အမှောင်ထုထဲကို ထိုးဖောက်မြင်နိုင်ပြီး..သူ့ရဲ့ အရိပ်ကို ကျန်တာတွေ အားလုံးနဲ့ ခွဲခြားနနိုင်သလိုပါပဲ..။

ဆန်နီက ဖမ်းမိသွားခဲ့ပါပြီ..။

‘မ..မဖြစ်နိုင်တာ..’

ဆန်နီဟာ..တစ်စက္ကန့်လောက် အေးခဲသွားပြီး..သူ့ စွမ်းရည်ရဲ့ ပုန်းကွယ်နိုင်မူကို အလွယ်တကူ ချိုးဖျက်ခံလိုက်ရတာကြောင့် အံ့ဩသင့်နေခဲ့ပါတယ်..။

ပြီးတဲ့နောက်မှာတော့..အရာအားလုံးက ငရဲတစ်ခုလို ဖြစ်လာခဲ့ပါပြီ..။

…..

ဆန်နီ ပထမဆုံးတွေးလိုက်မိတာက..နောက်ကို ပြန်ဆုတ်ပြီး မြန်နိုင်သမျှ အမြန် ထွက်ပြေးဖို့ပါပဲ..။ဘာပဲဖြစ်ဖြစ် လတ်တလော အချိန်မှာ သူက အရိပ်တစ်ခုပါ..။ပြီးတော့ သူသိထားသလောက် ဆိုရင်..ဆူးချွန်နွယ်တွေ နဲ့ အဆိပ်တွေက..အရိပ်တစ်ခုကို ထိခိုက်အောင် စွမ်းဆောင်နိုင်ကြမှာ မဟုတ်ပါဘူး..။

သို့ပေမယ့် သူ ဒီလိုလုပ်လိုက်တာနဲ့ မီးစောင့်ရှောက်သူတွေ အားလုံး သေဆုံးသွားကြပါလိမ့်မယ်..။

ထပ်ပြောရရင် သူက ဒီအရာကို သတ်ဖို့အတွက် ဆုံးဖြတ်ချက်ချထားပြီးပါပြီ..။သူက ဒီအရာရဲ့ အရိပ်အပိုင်းအစ နဲ့ တကယ်လို့ ရှိခဲ့မယ် ဆိုရင် မှတ်သားမူကိုလည်း လိုချင်ပါတယ်..။ပြီးတော့..ဒီအရာရဲ့ လျိုဝှက်ချက်တွေရောပါပဲ..။ဒီဆိုးဝါးတဲ့ သတ္တဝါကြီးက သူ့ရဲံ အစီအစဉ်တွေ နဲ့ ဒုတိယ အိပ်မက်ဆိုးကို စိန်ခေါ်ရာမှာ ချောချောမွေ့မွေ့ ဖြစ်လာစေဖို့အတွက် ကျိန်းသေ သေဆုံးပေးရမှာပါ..။

ဒီတော့..သူ ထွက်မပြေးခဲ့ပေ..။

အဲဒီအစား ဆန်နီက ကြီးမားတဲ့ မှောင်ပင်အစုအဝေးနဲ့ နွယ်ပင်တွေ ရှိနေတဲ့ နေရာဆီကို မြန်နိုင်သမျှ မြန်အောင် တိုးသွားလိုက်ပါတယ်..။တကယ်လို့ သူသာ..အရိပ်ခြေလှမ်းကို အသုံးပြုလိုက်မယ် ဆိုရင် တစ္ဆေလို အလောင်းကောင် ဆီကို ရောက်ဖို့ဆိုတာက သူ့အတွက် တစ်စက္ကန့်လောက်ပဲ ကြာမြင့်မှာပါ..။

သို့ပေမယ့်..ရှေးဟောင်းအပျက်အစီး ရဲ့ ပိုင်ရှင်က ဒီလိုဖြစ်လာဖို့ကို ခွင့်မပြုခဲ့ပေ..။

မရေမတွက်နိုင်တဲ့ နွယ်ပင်တွေက ကုန်လှောင်ရုံရဲ့ ကြမ်းပြင်တွေ ၊ နံရံတွေကနေ ရုတ်တရက်ထွက်ပေါ်လာခဲ့တယ်..။ရှေးဟောင်းသက်ရှိကြီးရဲ့..အသွေးအသားတွေ ထဲကနေလည်း..အဆိပ်ငွေ့တွေ အများကြီး ထုတ်လွှတ်လာခဲ့ပါတယ်..။

သိုပေမယ့် ဒီနွယ်ပင်တွေက..ဆန်နီ ဆီကို ဝင်ရောက်လာပြီး အရိပ်တစ်ခုကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြတာ မဟုတ်ပေ..။

အဲဒီအစား..သူတို့က အပေါ်ကို တက်သွားပြီး..သဘော်ရဲ့ အမိုးကို အပေါက်ဖြစ်အောင် ကြိုးစားခဲ့ကြပါတယ်..။

တောက်ပတဲ့ နေရောင်က အပေါက်ထဲကနေ ဝင်ရောက်လာတဲ့ အချိန်မှာတော့..ကုန်လှောင်ရုံအတွင်းမှာ ရှိနေတဲ့ အရိပ်တွေက ငြိမ်းသတ်ခြင်းကို ခံလိုက်ကြရတယ်..။ဆန်နီ ကိုယ်တိုင်လည်း..အရိပ်တွေရဲ့ လုံခြုံတဲ့ ပွေ့ဖက်မူကနေ..ရုတ်တရပ် ဖယ်ထုတ်ခြင်း ခံလိုက်ရတာကြောင့်..ကြမ်းပြင်ပေါ်မှာရှိတဲ့ ဆူးချွန်နွယ်ပင်တွေပေါ်ကို လှိမ့်ကျသွားပြီး..သူ့ရဲ့ အသွေးအသားတွေကို ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်ကနေတဆင့်..ထိုးဖောက်လာခဲ့တယ်..။

သူ့ရဲ့ စိတ်ထဲမှာတော့ လတ်တလောမှာ ကြောက်စိတ်က ကြီးစိုးနေခဲ့ပါပြီ..။

‘ သိပ်မကောင်းတော့ဘူး..’

အပိုင်း ( ၅၁၈ ) ပြီး၏။

All Chapters