← Chapters

ပိတ်မိခြင်း

Vol. 35 Ch. 519

ပိတ်မိခြင်း

Vol. 35 Ch. 519

ဆန်နီ ဘေးလက်ကို လှိမ့်လိုက်ပြီးမှ..မတ်တတ်အနေအထားကို ပြန်နေရာယူကာ..သူ့ကို ထိုးဖောက်ဖို့ လေထဲကနေ ဝင်ရောက်လာနေတဲ့..နွယ်ပင်တစ်ချောင်းကို ဖြတ်တောက်လိုက်ပါတယ်..။သူ့ရဲ့ နောက်ကျောဖက်မှာတော့..သွေးတွေ စီးကျနေခဲ့ပြီး..အဆိပ်တွေက အဆုတ်ထဲကို ဝင်ရောက်နေခဲ့တယ်..။

ပိုပြီး ဆိုးဝါးတာက..အနက်ရောင်ဆူးတွေကနေ တဆင့်..သူ့ရဲ့ သွေးစီးကြောင်းတွေထဲကို ဝင်ရောက်သွားခဲ့ပုံပါပဲ..။ဆန်နီဟာ ရုတ်တရက်..စိတ်တွေ မတည်ငြိမ်ပဲ အားနည်းလာသလို ခံစားလိုက်ရတယ်..။ပြီးတော့..အေးစက်တုန့်ဆိုင်းတဲ့ ခံစားချက်က..အထိခိုက်ဆုံးအပိုင်းဖြစ်တဲ့ သူ့ရဲ့ ဘယ်ဘက်ခန္တာကိုယ် တစ်လျောက်လုံးမှာ ဖြစ်ပေါ်နေခဲ့တယ်..။

သူက လှုပ်ရှားနိုင်နေတုန်းဖြစ်ပြီး..ဝီဗာသွေးကလည်း ဝင်ရောက်လာတဲ့ အဆိပ်တွေကို ဖယ်ထုတ်ဖို့ အတတ်နိုင်ဆုံးကြိုးစားနေခဲ့ပါတယ်..။သို့ပေမယ့်..ဒီမတိုင်ခင်အချိန်မှာတော့ ဆန်နီက အန္တရာယ်များတဲ့ အခြေအနေမှာ ကျရောက်နေခဲ့တယ်..။

သူ အံ့ကို ကြိတ်လိုက်ပြီး..ဘေးဖက်ကိုခုန်ကူးကာ ..နေရောင်ကနေ လွတ်မြောက်နိုင်ဖို့ ရည်ရွယ်ကြီးနဲ့..အရိပ်ခြေလှမ်းကို အသုံးပြုလိုက်တယ်..။သူက သိုလှောင်ခန်းရဲ့ အလယ်မှာရှိနေတဲ့ သတ္တဝါကြီး ဆီကို သွားပြီး ထိခိုက်အောင် လုပ်ချင်နေခဲ့တာပါ..။သို့ပေမယ့် ..သူက အမှောင်ထုရဲ့ လုံခြုံတဲ့နေရာကို မရောက်ခင်အချိန်မှာပဲ..ဧရာမ နွယ်ပင်ကြီးတစ်ခုက..ကြမ်းပြင်ကို အပိုင်းပိုင်းအစစ ကွဲကြေသွားစေခဲ့ကာ သူ့ရဲ့ လမ်းကြောင်းကို ပိတ်ဆို့ထားလာခဲ့တယ်..။

ဆန်နီ တစ်စက္ကန့်လောက် အေးခဲသွားပြီးကာမှ သူ လွတ်မြောက်ဖို့အတွက် လမ်းမရှိတော့ဘူး ဆိုတာကို နားလည်လိုက်ပါတယ်..။ဒါဇင်နဲ့ချီတဲ့ နွယ်ပင်တွေက သူရှိနေတဲ့နေရာကို‌ ရွေ့လျားလာခဲ့ကြပါပြီ..။သူတို့ရဲ့ မျက်နှာပြင်ကနေ..ထွက်ပေါ်လာနေတဲ့ အညိုရောင် အငွေ့တိမ်တိုက်တွေကတော့ နေရောင်အောက်မှာ တောက်ပနေခဲ့ကြတယ်..။နွယ်ကြိုးတွေရဲ့ အရင်းနားဝန်းကျင်တွေက သိပ်ပြီး..လှုပ်ရှားနိုင်စွမ်းမရှိကြပေမယ့်..သူတို့ရဲ့ များပြားလှတဲ့ အရေအတွက်ကြောင့်..သူတို့ရဲ့ တိုက်ခိုက်မူကနေ ရှင်သန်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..။

ပိုပြီး ဆိုးဝါးတာက..နွယ်ပင်တွေက..တဖြည်းဖြည်း ကျုံ့ဝင်နေကြပြီး..သူတို့ရဲ့ အလျား ထိပ်ပိုင်းကို သိုလှောင်ခန်း ထဲရောက်အောင် ပြန်ဆွဲသွင်းနေခဲ့ကြပါတယ်..။

သူ ကျိန်ဆဲလိုက်တယ်..။

…အနည်းဆုံးတော့ မီးစောင့်ရှောက်သူတွေ အပေါ်မှာရှိနေတဲ့ ဖိအားက အနည်းငယ် လျော့ပါးသွားမှာပါ..။

သို့ပေမယ့်..ဆန်နီကတော့..အသတ်ခံရဖို့အတွက် အချိန်အပိုင်းအခြားတစ်ခုလောက်သာ လိုအပ်နေခဲ့တော့တယ်..။

သူက အရိပ်တွေရဲ့ အကူအညီ မပါဝင်ပဲနဲ့..မွန်းစတားဆီကို ရောက်နိုင်စရာ အကြောင်းမရှိပါဘူး..။သို့ပေမယ့်..အကြင်နာကင်းမဲ့တဲ့..နေရောင်အောက်မှာ ဖြစ်နေတာကြောင့်..သူ့အနေနဲ့ အရိပ်တွေရဲ့ ပွေ့ဖက်မူကို ခံရဖို့ဆိုတာ မဖြစ်နိုင်ပေ..။

သူလုပ်နိုင်တာဆိုလို့ ကိုယ့်ကိုကို အားကိုးဖို့ပါပဲ..။

သူ့ရဲ့ အရိပ်တစ်ခုကို ခန္တာကိုယ်ကို ရစ်ပတ်နေရာကနေ ဖယ်ရှားပြီး.အလောင်းကောင်အနားကို သွားဖို့ ညွှန်ကြားလိုက်တယ်..။သူပေးထားတဲ့ ခွန်အားနဲ့ ခုခံနိုင်စွမ်းတွေကတော့..သူမရှိတော့တာနဲ့ ပျောက်ကွယ်သွားခဲ့ပါတယ်..။ ဒုတိယအရိပ်ကတော့..ရက်စက်သော မြင်ကွင်းကနေပြီး..သူ့ရဲ့ ခြေထောက်ရှိရာကို ခုန်ကူးလာခဲ့တယ်..။သူက အရိပ်ခြေလှမ်းကို အသုံးပြုဖို့အတွက် လုံးဝကို အဆင်သင့် ဖြစ်နေခဲ့ပါပြီ..။

အခုသူလုပ်ဖို့ လုပ်အပ်တာဆိုလို့ ပထမအရိပ်က..သူ့ရဲ့ ပန်းတိုင်ဆီကို မရောက်မှီအချိန်အတွင်းမှာ..အသက်ရှင်သန်အောင် နေထိုင်ဖို့ပါပဲ..။

…ဒါက ပြောရတာ လွယ်ကူပေမယ့်..လုပ်ရတာက မလွယ်ကူပါဘူး..။

သူ့ရဲ့ ခန္တာကိုယ်ကို တတ်နိုင်သလောက် ပြန့်ကားအောင်လုပ်တာကြောင်..ဆန်နီဟာ..သူ့အဆစ်တွေက အသံတွေ မြည်လာပြီး..ကြွက်သားတွေက စုပ်ပြဲလုနီးပါး ဖြစ်နေသလို ခံစားလိုက်ရပါတယ်..။သူက မဖြစ်နိုင်လောက်တဲ့ ထောင့်အနေအထား တစ်ရပ်ကနေပြီး..နွယ်ပင်တွေထဲက တစ်ခုကို ရှောင်ရှားလိုက်ကာ..အညိုရောင်မှောပင်တွေနဲ့ ပြည့်နေတဲ့ ကြမ်းပြင်ပေါ်ကို လက်ထောက်လိုက်တယ်..။ပြီးတာနဲ့..ခန္တာကိုယ်ကို တစ်ပတ်လှည့်က..နွယ်ပင်နှစ်ခုကြားက နေရာကျဉ်းကျဉ်းလေးထဲကနေ ထပ်ပြီး ရှောင်ရှားလိုက်ပါတယ်..။

အရိပ်ကခုန်မူရဲ့ လူသားတွေရဲ့ အကန့်အသတ်တွေကို ကျော်လွန်ပြီး တောင်းဆိုးထားတဲ့..နာကျင်ခံစားဖွယ်ရာ လေ့ကျင့်ရေးတွေကို မလုပ်ထားခဲ့ဘူးဆိုရင် ဒီလိုတွေ လုပ်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး..။

သူ့ရဲ့လက်ဖဝါး အရည်ပြားတွေက အစာအိမ်ထဲက အစ်ဆစ်ထဲမှာ စိမ်ထားရသလို နာကျင်လာတဲ့ အချိန်မှာတော့..ဆန်နီဟာ သူ့လက်တွေကို..အညိုရောင်ရေမှော်တွေ ဆီကနေ ပြန်ရုတ်လိုက်တယ်..။ပြီးတာနဲ့..ချက်ချင်းဆိုသလိုပဲ နောက်ကို ခုန်ဆုတ်လိုက်ပြီး..သူ့ခန္တာကိုယ်ကို ရစ်ပတ်ဖို့ကြိုးစားနေတဲ့ နွယ်ပင်တွေရဲ့ ရန်ကနေ ရှောင်ရှားလိုက်ပါတယ်..။သူက အဖမ်းမခံရဖို့အတွက် လုံလောက်တဲ့ ရှောင်ရှားမူတွေ ပြုလုပ်နေခဲ့ပေမယ့်..လွတ်မြောက်ဖို့အတွက်ကတော့..လုံလောက်မူ မရှိခဲ့ပါဘူး..။အနက်ရောင် ဆူးချွန်တွေက သူ့ရဲ့ ညာဘက်ကို ထိုးဖောက်ဝင်ရောက်နေခဲ့ကြပြီး..ပိုမိုများပြားတဲ့ သွေးတွေက သူ့ရဲ့ ခန္တာကိုယ်ပေါ်ကနေ စီးကျလာနေခဲ့တယ်..။အဲ့အချိန်မှာတော့..ပိုမိုများပြားတဲ့ အဆိပ်တွေက သူ့ရဲ့ သွေးကြောထဲကို ဝင်ရောက်နေခဲ့ကြပါတယ်..။

“အား..”

ဆန်နီ ဘေးဘက်ကို အလျင်အမြန် ခုန်ရှောင်လိုက်ပြီး..မဖြစ်နိုင်လောက်တဲ့ အနေအထား တစ်ရပ်ကနေ လှိမ့်ထွက်ကာ..အပေါ်ကို ခုန်လိုက်တယ်..။သူ့ရဲ့ အရွက်တွေက စုပ်ပြဲထွက်သွားတာကို သူ ချက်ချင်း ခံစားလိုက်ရပါတယ်..။နွယ်ပင်အုပ်ကြီးကို ရှောင်တိမ်းနေရတာက..ယင်ကောင်တစ်ကောင်က..ပင်ကူအိမ်မှာ မဖမ်းမိသွားအောင် ရှောင်တိမ်းနေရတာနဲ့ တစ်ပုံစံတည်းပါပဲ..။

ကံကောင်းချင်တော့..သူက ဒီအရာတွေရဲ့ သေစေနိုင်တဲ့ တိုက်ခိုက်မူကို တစ်စက္ကန့်ဝန်းကျင်လောက်ပဲ ရှောင်ရှားဖို့ လိုအပ်ခဲ့တာပါ..။

သူ့ရှေ့က နွယ်ပင်တွေက မထိုးဖောက်နိုင်လောက်တဲ့ အခြေအနေကို ရောက်ရှိမလာခင်မှာပဲ..ဆန်နီက သူ့ရဲ့အရိပ်ထဲကို တိုးဝင်သွားပြီး..စက်ဆုပ်ဖွယ်ရာ အညိုရောင်မှော်ပင်အစုအဝေး တွေရဲ့ ရှေ့မှာ ထွက်ပေါ်လာခဲ့ပါတယ်..။အဲဒီရဲ့အထဲမှာတော့..လူသားတစ်ယောက်ရဲ့ ပုံရိပ်က ရှိနေခဲ့တယ်..။

ရက်စက်သောမြင်ကွင်းက..သန့်စင်တဲ့ အလင်းရောင်တွေ ထွက်ပေါ်လာခဲ့ပြီး..ညှင်သာတဲ့ လှုပ်ရှားမူတစ်ခုနဲ့အတူပဲ..ဆန်နီဟာ..တောက်ပနေတဲ့ ဓားသွားကို သတ္တဝါရဲ့ ရင်ဘတ်ထဲကို ထိုးသွင်းလိုက်တယ်..။

‘မင်းကို မိပြီ..’

ပြီးတဲ့နောက်မှာတော့..

ဘာမှဖြစ်မလာခဲ့ပေ..။

အလောင်းက..သေစေနိုင်တဲ့ ဒဏ်ရာတစ်ခုရခဲ့သလိုမျိုး လုံးဝတုံ့ပြန်လာခြင်း မရှိခဲ့ပါဘူး.။သူ့ရဲ့ ..ကြောက်စရာကောင်းတဲ့ မျက်နှာက မပြောင်းလဲပဲ ရှိနေခဲ့ပါတယ်..။သူ့ရဲ့ မျက်လုံးတွေက..ထိပ်လန့်ဖွယ်ကောင်းလိုက်အောင်..ဘာမှမရှိမူတွေ ပြည့်နှက်နေပြီး..သူ့ရဲ့ ခန္တာကိုယ်က..တွန့်ကြေနေတဲ့ အသွေးအသေားတွေနဲ့ နွယ်ပင်တွေ ရောနှေနေခဲ့တယ်..။

ရေမှောင်ပင်အစုအဝေးကြီးကလည်း..ဆက်လက်ပြီး ကျုံ့ဝင်သွားလိုက်..ပြန့်ကားလာလိုက် ဖြစ်ပေါ်နေသလို..နွယ်ပင်တွေကိုယ်တိုင်ကလည်း..ကျူးကျော်သူနောက်ကို ဆက်လက်လိုက်လာနေကြပါတယ်..။ဒီ ပျက်ပြားခြင်းအဆင့် မွန်းစတားကို နတ်ဘုရားမီးတောက် တောင်မှ သက်ရောက်အောင် မစွမ်းသာ တဲ့ ပုံစံပါပဲ..။

ဆန်နီ ဖြူဖျော့သွားခဲ့တယ်..။

‘ခရက်..’

……

သူက..တစ်ခုခု သက်ရောက်လာမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရက်စက်သော မြင်ကွင်းကို လှည့်လိုက်ပေမယ့်လည်း..ဒီအရာက သက်ရောက်လာခြင်း မရှိခဲ့ပေ..။ဘာလိုအကြောင်းတရားကြောင့်လဲဆိုတာ မသိနိုင်ပေမယ့်..ပျက်ပြားမူအဆင့် မွန်းစတားကတော့ သေဆုံးဖို့ကို ငြင်းဆန်နေခဲ့ပါတယ်..။ပြီးတော့..နွယ်ပင်တွေက..မီးကို အံတုနိုင်စွမ်းမရှိပေမယ့်..ဒီအရာရဲ့ အရင်းအမြစ်ဖြစ်တဲ့ အကြွင်းအကျန်တွေကတော့..မီးတောက်ရဲ့ စွမ်းအားကို ခုခံနိုင်စွမ်းရှိနေတဲ့ပုံပါပဲ..။

ကတ်စီ သူ့ကိုမျှဝေပေးခဲ့တဲ့ အချက်အလက်တွေ အားလုံးက တစ်ချိန်တုန်းက နွယ်ပင်တွေနဲ့ တိုက်ခိုက်ခဲ့ဖူးတဲ့ မာစတာ ရွန်ဆီကနေလာခဲ့တာပါ..။သို့ပေမယ့်..ဒါပေါ့ ဒီလူက အပျက်အဆီးထဲကို တစ်ခါမှတောင် ရောက်ဖူးမှာ မဟုတ်ပါဘူး..။ဒီ ဂရက်ဖင် စီးနင်းသူက..ဒီသားရဲရဲ့ ခြေလက်တွေမှာ ဘယ်လို အားနည်းချက်တွေ ရှိနေလဲဆိုတာကို သိနိုင်စရာ အကြောင်းမရှိပေ..။

‘ချီးပဲ..အခု ဘာလုပ်မှာလဲ..’

နွယ်ပင်တွေက သူ့အပေါ်ကို ပြန်ရောက်လာကြပြန်ပါပြီ..။

သူတို့တွေက ဆန်နီ ကို မလွှမ်းမိုးလာခင်မှာပဲ ပတ္တမြားရောက်မျက်လုံတစ်စုံက အမှောင်ထဲကနေ ထွက်ပေါ်လာခဲ့တယ်..။ပြီးတာနဲ့ ထည်ဝါလှပတဲ့..နတ်ဆိုးသူရဲကောင်း တစ်ဦးရဲ့ ပုံရိပ်က ဒီထဲကနေ ထွက်ပေါ်လာခဲ့ပါတယ်..။ကျောက်တုံးနဲ့တူတဲ့ ဓားသွားက..လေထဲမှာ ပျံသန်းလာခဲ့ပြီး..နွယ်ပင်တစ်ချို့ကို လွယ်ကူစွာပဲ ပိုင်းဖြတ်သွားခဲ့တယ်..။ပြီးတဲ့ နောက်မှာတော့..သူမရဲ့ ဒိုင်းကာက..တွားသွားနေတဲ့ နွယ်ပင်နံရံကြီးပေါ်ကို ကျရောက်သွားပြီး အဝေးကို တွန်းထုတ်လိုက်ကာ..သိုလှောင်ခန်းကြီးတစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့တယ်..။

အခုချိန်မှာ သူတော်စင်က တက်ရောက်မူအဆင့်ကို‌ေရာက်နေပြီ ဖြစ်တဲ့အပြင် သူ့ရဲ့ အရိပ်တစ်ခုနဲ့ပါ အားဖြည့်ပေးထားခဲ့တာပါ..။သူမရဲ့ ခွန်အားက တကယ်ကို ထိပ်လန့်စရာပါပဲ..။တိတ်ဆိတ်တဲ့ နတ်မိစ္ဆာက..နွယ်ပင်အုပ်ကြီးရဲံ့ အလယ်မှာ လှည့်ပတ်ပြီး..ဉယျာဉ်မှူးတစ်ခုလို ပိုင်းဖြတ်ပါတော့တယ်..။

ဆန်နီက ဒုတိယအရိပ်ကို သူ့ရဲ့ ခန္တာကိုယ်မှာ ရစ်ပတ်ထားရင်း..ရက်စက်သော မြင်ကွင်းကို ပြန်ဆွဲနုတ်ကာ စဉ်းစားလိုက်တယ်..။

‘ ဘယ်လိုငရဲလဲ..ငါ ဒီအရာကို ဘယ်လို သတ်ရမှာလဲ..’

သူက ကျိုးပျက်ကျိန်စာကို အနားမှာထားပြီး နောက်ပြန်ဆုတ်ကာ စမ်းသပ်ကြည့်လို့ ရနိုင်ပေမယ့် ဒါက အလုပ်ဖြစ်မှာ မဟုတ်ပါဘူး..။ဖိနိုပ်မူအောက်မှာ ရောက်နေတဲ့ နာကျည်းသော ဟန်ဆောင်သူ နဲ့ မတူညီတဲ့ အချက်က ရှေးဟောင်းသဘော်ရဲ့ သိုလှောင်ခန်းထဲမှာ ပိတ်မိနေတဲ့..သတ္တဝါက ဒီအဆောင်ကို ဖယ်ရှားနိုင်စွမ်းရှိသလို..နွယ်ပင်တွေနဲ့လည်း ဖျက်ဆီးပစ်နိုင်စွမ်းရှိပါတယ်..။

တကယ်လို့ ဆန်နီက ဒီအရာကို ကာကွယ်ဖို့ကြိုးစားနေမယ် ဆိုရင်လည်း စိတ်ဝိဉာဉ်ထိခိုက်မူကို ခံစားရမယ့် သူက သူအရင်ဆုံး ဖြစ်လာပါလိမ့်မယ်..။မြေအောက်ကမ္ဘာဝတ်ရုံတော် ရဲ့ အကူအညီ ရှိမယ် ဆိုရင်တောင်..သူက နိုးထသူတစ်ယောက် အဖြစ်ပဲ ရှိနေဦးမှာပါ..။ပျက်ပြားမူအဆင့် မွန်းစတားရဲ့ ဝိဉာဉ်က..ပိုကျယ်ပြန့်ကာ ခုခံနိုင်စွမ်းတွေ ပိုရှိပါတယ်..။

သူတော်စင်ကို တစ်ယောက်တည်း ချန်ထားရစ်ခဲ့တာကလည်း ရွေးချယ်စရာ တစ်ခု မဟုတ်ပါဘူး..။သူမရဲ့ ခွန်အားအသစ်နဲ့တောင်မှ..ဒီလိုသန်မာတဲ့သတ္တဝါတစ်ကောင်နဲ့ တိုက်ခိုက်ပြီး..ရှင်ကျန်ရစ်ဖို့အတွက် အခွင့်အရေး မရှိနိုင်ပေ..။ပျက်ပြားမူအဆင့် မွန်းစတား တွေရဲ့ ခွန်အားခြင်းက တူညီကြတာ မဟုတ်ပါဘူး..။အထူးသဖြင့် သူတို့နှစ်ယောက်က ကြောက်မက်ဖွယ်ရာကောင်းတဲ့..သတ္တဝါတစ်ကောင်နဲ့ ရင်ဆိုင်နေခဲ့ကြရတာပါ..။

ဒီတော့..တစ်ခြား ဘာလုပ်နိုင်ဦးမလဲ…

ဆန်နီက..သတ္တဝါကြီး ကိုယ်တိုင်ကို..ထိခိုက်အောင် လုပ်ဆောင်နိုင်စွမ်းမရှိပေမယ့် နွယ်ပင်တွေကိုတော့..ထိခိုက်အောင် လုပ်နိုင်စွမ်းရှိပါတယ်..။အနည်းဆုံးတော့ ဒီအရာက..သူ အဖြေတစ်ခု ရဖို့ အတွက် အချိန်အနည်းငယ် ပေးထားခဲ့တယ်..။

သူက နောက်ကို ခုန်ဆုတ်လိုက်ပြီး..ရှေးဟောင်းလူသားရဲ့ လက်မောင်းကနေ ထွက်ပေါ်လာနေတဲ့ နွယ်ကြိုးတစ်ချောင်းရဲ့ အမြစ်ကို ခုတ်ဖြတ်လိုက်ပါတယ်..။ဒီတိုက်ခိုက်မူရဲ့ ဆိုးကျိုးအနေနဲ့..အလောင်းကောင်က သူ့ရဲ့ လက်ကို ပြန်လည်ထိန်းချုပ်နိုင်လိုက်ပုံပေါ်ပြီး ..ဆန်နီ ရှိတဲ့နေရာကို ဖြည်းဖြည်းချင်း ရှည်ထွက်လာခဲ့ပြန်ပါတယ်..။

‘ချီးပဲ..’

ရုတ်တရက်ဆိုသလိုပဲ..သူ နလုံးသားထဲမှာ အေးစက်ပြီး မအီမသာဖြစ်တဲ့ ခံစားချက်ကို ခံစားလိုက်ရတာကြောင့်..ဆန်နီဟာ သူနဲ့အလောင်းကောင်ကြားထဲမှာ တတ်နိုင်သမျှ အမြန် အကွာအဝေးတစ်ခုကို ဖန်တီးလိုက်တယ်..။

သို့ပေမယ့်..ဒီသတ္တဝါက တိုက်ခိုက်လာမယ့် ပုံစံကို မပြသခဲ့ပါဘူး..။သူ့ရဲ့ လက်တွေက အပေါ်ကို မြှောက်တက်ဖို့ကြိုးစားအားစိုက် နေပေမယ့်. ကြီးထွားလာနေတဲ့ နွယ်ပင်အစုအဝေးတွေရဲ့ ဖိနိပ်မူကိုသာ ခံနေခဲ့ရပါတယ်..။ဒီလို ဆိုးဝါးလှတဲ့ ဖိအားတစ်ရပ်ကို ရုန်းကန်ရင်း သူက လှည့်ပတ်ကာ အနည်းငယ် ထပ်လှုပ်ရှားသွားခဲ့တယ်..။သူ့ရဲ့ လက်ချောင်းတွေထဲက တစ်ခုကတော့ တုန်ရီနေခဲ့ပါတယ်..။

ဒီသတ္တဝါက..ကြည့်ရတာတော့..သူက တစ်ခုခုကို ညွှန်ပြချင်နေသလိုပါပဲ..။

ပြီးတော့ ပထမဆုံးအကြိမ်အဖြစ်..သူ့ရဲ့ ဘာခံစားချက်မှ မပြသတဲ့ မျက်လုံးတွေက ပြောင်းလဲသွားခဲ့တယ်..။ဒါက ဒီလို ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ ခန္တာကိုယ်ထဲမှာ..အသိစိတ် လေး ကျန်ရှိနေသေးကြောင်း အရိပ်အယောင် ပြသနေခဲ့တာပါ..။

သူ့ရဲ့ ဆိုးဝါးတဲ့ မျက်လုံးတွေမှာ..သွေးဆာမူတွေ ၊ ဆာလောင်မူတွေ ဒါမှမဟုတ်..ဒေါသတရားတွေ ရှိမနေခဲ့တော့ပါဘူး..။အဲဒီအစား..မချိတင်ကဲ ခံစားနေရတဲ့ ဝေဒနာတွေ နဲ့..အသနားခံမူ တွေ သာ ကျန်ရှိနေပါတော့တယ်..။

အပိုင်း ( ၅၁၉ ) ပြီး၏။

All Chapters