လွတ်မြောက်မူ
Vol. 35 Ch. 520
အတော်လေး ကြောက်မက်ဖွယ်ကောင်းတဲ့ နားလည်သဘောပေါက်မူ တစ်ခုကြောင့် ဆန်နီက ယိုင်နဲ့ သွားမလိုတောင် ဖြစ်သွားခဲ့တယ်..။
ရေမှော်ပင်အစုအဝေးတွေ ကြားထဲက..ပုံပျက်နေတဲ့ ခန္တာကိုယ်က အခုချိန်အထိ အသက်ရှိနေသေးတာလားး..
‘ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..’
ပျံသန်းနေတဲ့ သဘော်က ဒီပျက်စီးနေတဲ့ ကျွန်းပေါ်မှာ ပျက်နေခဲ့တာ..နှစ်ပေါင်း ထောင်နဲ့ချီပြီး ကြာမြင့်နေခဲ့ပါပြီ..။ဒီသနားစရာ ဝိဥာဉ်က.. ဒီလို မချိတင်ကဲ ခံစားနေရတဲ့ နိပ်စက်မူကို ဘယ်လောက်ကြာအောင်တောင် ခံစားနေခဲ့ရတာလဲ..။သူက ဘယ်လို အကုသိုလ်တွေကို
ကျူးလွန်ခဲ့မိလို့လဲ..ဘယ်သူက သူ့ကို ဒီလို အဆုံးမရှိတဲ့..ကြောက်မက်ဖွယ် နာကျင်ခံစားမူကို..ခံစားစေခဲ့တာလဲ..။ဘယ်လိုဖြစ်ပြီး သူ့ရဲ့ အသွေးအသားတွေထဲကနေ..နွယ်ပင်တွေက ဆက်တိုက်ကြီးထွားလာနေရတာလဲ..။ပြီးတော့..ဘာဖြစ်လို့လဲ..။
သို့ပေမယ့် အရေးကြီးဆုံးကတော့…ဘယ်လို ငရဲကြောင့်မို့လို့..ဒီပုံပျက်နေတဲ့ အရာကြီးက အခုချိန်ထိ မသေနိုင်သေးတာလဲ..။နတ်ဘုရားမီးတောက် တောင်မှ.. သူ့ရဲ့ ပျက်စီးနေတဲံ တည်ရှိမူကို ..အဆုံးသတ်ဖို့ အစွမ်းဆောင်နိုင်ခဲ့ပါဘူး..။
ဘာပဲဖြစ်ဖြစ် တကယ်လို့ ဆန်နီသာ အဖြေကို ရှာတွေ့နိုင်ခဲ့မယ် ဆိုရင်..ပျက်ပြားခြင်း အဆင့် မွန်းစတားကို သတ်လိုက်နိုင်လောက်ပါတယ်..။
သူတော်စင် ရောက်လာခဲ့ပြီဖြစ်တာကြောင့်..နွယ်ပင်တွေရဲ့ တိုက်ခိုက်ခံရမူကို မခံရသေးတဲ့ အချိန်ခနလေးကို အသုံးချပြီး..သူက တိုက်ပွဲနဲ့ ဝေးရာနေရာကို မျက်နှာမူလိုက်တယ်။ပြီးတာနဲ့.. ဒီ စက်ဆုပ်ဖွယ်ရာ..ကြီးထွားမူတွေရဲ့ အရင်းအမြစ် ညွှန်ပြနေတဲ့ အရာကို နားလည်ဖို့ ကြိုးစားလိုက်ပါတယ်.။
ဒီရှေးဟောင်းလူသားက..ဆိုးဝါးတဲ့ နာကျင်မူကြောင့် အကြောဆွဲနေခဲ့တာ မဟုတ်ပဲ..တစ်ခုခုကို ညွှန်ပြနေတာသာ ဖြစ်ပါစေ..လို့..ဆန်နီ အပြင်းအထန် မျှော်လင့်နေခဲ့ပါတယ်..။
‘ဘယ်နေရာမှာလဲ..။အဲတာက ဘာလဲ..’
သူ့ရဲ့ အကြည့်တွေက ကုန်လှောင်ခန်းရဲ့ နံရံပေါ်က နေရာတစ်နေရာကို ရောက်သွားခဲ့ပြီး..ခနလောက်တွေဝေသွားခဲ့တယ်..။
ပထမ ကြည့်လိုက်ရင်တော့..ဒီအရာနဲ့ ပတ်သက်ပြီး ထူးခြားနေတာ ဘာမှ မရှိခဲ့ပါဘူး..။နံရံရဲ့ ဒီအပိုင်းကလည်း တစ်ခြား အရာတွေလိုပဲ ရှေးကျပြီး..ရေမှော်အစုအဝေးတွေနဲ့ ဖုံးအုပ်နေခဲ့ပါတယ်..။သို့ပေမယ့် သူ သေချာကြည့်လိုက်တဲ့ အချိန်မှာတော့..ရေမှော်လွှာတွေရဲ့ ပေါ်မှာ သေးငယ်တဲ့ နေရာလွတ်လေးတစ်ခုကို သတိထားမိလိုက်တယ်..။အလားတူစွာပဲ..နွယ်ပင်တွေက..အဲဒီနေရာကို ကွေ့ပတ်နေခဲ့ကြပါတယ်..။
ဒါက သူတို့ကလည်း..သစ်သားမျက်နှာပြင်ပေါ်က တစ်ခုခုကို ရှောင်ရှားချင်နေကြတဲ့ ပုံပါပဲ..။
အဲတာပဲဖြစ်ရမယ်…
သို့ပေမယ့် ဆန်နီ ဟာ အဲဒီအဝိုင်းပုံစံ နေရာလွတ်မှာ ဘာကိုမှ မတွေ့ခဲ့ရပေ..။ဒီတိုင်း ချွန်ထက်တဲ့..သစ်သားချောင်း အပိုင်းအစလေးတစ်ခုသာ ရှိနေခဲ့ပါတယ်..။သူ့ရဲ့ နှလုံးက..လှောင်အိမ်ထဲမှာ ပိတ်လှောင်ခံထားရတဲ့ ရိုင်းစိုင်းတဲ့ သားရဲတစ်ကောင်လိုမျိုး..ဖြစ်နေခဲ့ပါပြီ..။မျှော်လင့်ချက် နဲ့ စိတ်ပျက်မူတွေက တစ်ချိန်တည်းမှာပဲ ဖြစ်ပေါ်နေခဲ့တယ်..။
နွယ်ပင်တွေ အများကြီးရဲ့ တိုက်ခိုက်မူ အောက်မှာ နစ်မြုပ်နေတဲ့ သူတော်စင်ကို တစ်ချက်ကြည့်လိုက်ပြီး..ဆန်နီ ခနလောက် တွေဝေသွားခဲ့တယ်..။ပြီးတာနဲ့..သူမကို ကူညီပြီး တိုက်ခိုက်ရမယ့် အစား နံရံဆီကိုသာ အလျင်အမြန်သွားလိုက်ပါတယ်…။
‘အဲဒီမှာတစ်ခုခု ရှိရမယ်…အဲဒီမှာ ..ပဲဖြစ်ရမယ်..’
ရှေးဟောင်း လူသားက အကြောင်းပြချက် ရှိလို့ နံရံကို ညွှန်ပြနေခဲ့တယ် ဆိုတာကို သူသေချာသိပါတယ်..။ဒါမှမဟုတ်..အဲလိုဖြစ်မယ် လို့ သူ မျှော်လင့် ထားခဲ့တယ်…။
ဆန်နီဟာ..တိုက်ခိုက်လာတဲ့ နွယ်ပင်ကို ခုန်ကျော်လိုက်ပြီး..နောက်ထပ် နွယ်ပင်တစ်ခုကို ရှောင်ရှားကာ သူ့ရဲ့ လမ်းကြောင်း တစ်လျောက်လုံး ပြတ်တောက်မူ ၊ ခုတ်ထစ်မူ ၊ စုပ်ဖြဲမူတွေကို ပြုလုပ်နေခဲ့ရတယ်..။သူ့ရဲ့ ခန္တာကိုယ် တစ်ခုလုံးမှာ..ပိုများတဲ့ ဒဏ်ရာတွေ ထွက်ပေါ်လာနေပြီး..အဆိပ်တွေကလည်း သူ့ရဲ့ သွေးစီးကြောင်းထဲကို ပိုမိုတိုးဝင်လာတာကို သူ ခံစားနေခဲ့ရပါတယ်..။
အဲ့အချိန်မှာတော့..ဝီဗာသွေးတောင်မှ..ဒီ သေစေနိုင်တဲ့ အဆိပ်တွေကို ခုခံဖို့အတွက် အခက်အခဲဖြစ်နေ ခဲ့ပါပြီ..။ကောင်းပြီလေ..တကယ်တော့..ဒီအဆိပ်တွေက သူ့ထက် အဆင့်နှစ်ဆင့် ပိုမြင့်တဲ့ သတ္တဝါဆီက လာနေတယ် ဆိုတဲ့အ ချက်ကို ထည့်တွက်ရရင် ဒီလောက်အထိ တောင့်ခံနိုင်နေတယ် ဆိုတာကပဲ..အတော်လေးကို ဆန်းကျယ်နေခဲ့ပါပြီ..။ဝီဗာရဲ့ အမွေအနှစ်က.. အမှန်တကယ်ကို ကြောက်ဖို့ကောင်းတဲ့ အရာတစ်ခုပါပဲ..။သူ့ကို တားမြစ်ထားတယ် ဆိုတာကလည်း အကြောင်းပြချက်တွေ ရှိနေနိုင်ပါတယ်..။
နောက်ဆုံးမှာတော့..ဆန်နီက သူ့ရဲ့ လမ်းကြောင်းမှာ ရှိနေတဲ့ နွယ်ပင်ကို ပိုင်းဖြတ်လိုက်ပြီး..ကြီးထွာနေတဲ့..နွယ်ပင်တွေကို ဖျက်ဆီး ၊ မီးရှို့ကာ ချန်ထား ရစ်နိုင်ခဲ့တယ်..။သူက ..အညိုရောင်ရေမှော်တွေကြားက သေးငယ်တဲ့ နေရာလွတ်ဆီကို ရောက်သွားခဲ့ပါပြီ..။ကြမ်းတမ်းတဲ့ အသက်ရူသံနဲ့ အတူပဲ..သူက..ကျောက်တုံးကိုတောင် ကွဲကြေသွားနိုင်လောက်တဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒတွေနဲ့ ဒါကို စိုက်ကြည့်လိုက်တယ်..။
‘ခနလေး..ဒါက..’
သူ့ မျက်လုံးတွေ အနည်းငယ် ပြူးကျယ်သွားခဲ့ပါတယ်..။
သစ်သား အပိုင်းအစလေးတစ်ခုလို့ သူထင်ထားခဲ့တဲ့ အရာက..တစ်ခြားတစ်ခုခု ဖြစ်နေခဲ့တာပါ..။
ကုန်လှောင်ခန်း ရဲ့ နံရံပေါ်မှာတော့..တစ်စုံတစ်ယောက်က ဒီအရာကို နက်နက်ရှိုင်းရှိုင်းကို ထိုးစိုက်ထားခဲံတယ်..။ဒါက ရိုးရှင်းတဲ့ ဓားတစ်ချောင်းနဲ့ အတော်လေးကို တူညီနေခဲ့ပါတယ်..။သို့ပေမယ့် သူ့ရဲ့ ပုံသဏ္ဌာန်က ဆန်နီ အတွက် အတော်လေးကို..ရင်းနှီးနေခဲ့တာပါ..။
ဒါက နိုတစ် မြင့်မြတ်နယ်မြေရဲ့ အဖြူရောင် ယဇ်ပုလ္လင်ပေါ်မှာ ထားထားတဲ့ ဓားနဲ့တစ်ပုံစံ တည်းပါပဲ..။သိုပေမယ့်..ဒီအရာက..တူညီတဲ့ မီးတောင်ကျောက်ကနေ..ဖန်တီးထားခဲ့တာ မဟုတ်ပါဘူး..။
ပြီးတော့..ဆင်စွယ်ရောင်ကျောက်ကနေ ပြုလုပ်ထားခဲ့တာလည်း မဟုတ်ပေ..။
အဲဒီအစား..ဒီဓားတစ်ချောင်းလုံးက..သစ်သားတစ်ခုလုံး ဖြစ်နေတဲ့ ပုံပေါ်ပါတယ်..။ဒါက..သစ်ပင်တစ်ပင်က ဓားပုံသဏ္ဌာန် အကိုင်းအခတ်တွေ ထွက်ပေါ်ပြီး သစ်ပင်ကနေ ကျိုးပဲ့ကာ ဒီလိုဖြစ်လာတဲ့ ပုံစံမျိုးပါပဲ..။
‘ဒါက ဘာကိုဆိုလိုတာလဲ..’’
ဆန်နီ စိတ်တွေ ဝေဝါးသွားပြီး တစ်စက္ကန့်လောက် ရှုပ်ထွေးနေခဲ့တယ်..။ပြီးတာနဲ့ ပြတ်သားစွာပဲ ဓားရဲ့ လက်ကိုင်ကို ဆုပ်ကိုင်လိုက်ပါတယ်..။
‘ တွေးတာကို နောက်မှတွေး..လုပ်စရာရှိတာကို အရင်လုပ်..။ချီးတဲ့မှပဲ..ကျေးဇူးပြုပြီး ဒီဓားကို မြှောက်ဖို့အတွက် ..နောက်ထပ် ဒဂ်ါးပြားတစ်ထောင်လောက် လိုအပ်တယ် လို့တော့ မပြောနဲ့နော်..’
ကံကောင်းချင်တော့ ဒီတစ်ကြိမ်မှာ..ဘယ်လို ကမ်းလှမ်းချက်ကိုမှ မလိုအပ်ခဲ့ပါဘူး..။ဒါက နည်းနည်းအားစိုက်ရတယ် ဆိုပေမယ့် ခနအကြာမှာတော့..သစ်သားဓားက..ထိုးစိုက်ထားတဲ့ နေရာကနေ ကျွတ်ထွက်သွားခဲ့တယ္..။ဆန်နီဟာ..သူ့ကိုယ်သူ..လက်တစ်ဖက်မှာ..ရက်စက်သော မြင်ကွင်းကို ကိုင်ထားပြီး ကျန်တဲ့ တစ်ဖက်က..သစ်သားဓားကို ကိုင်ထားတာ တွေ့လိုက်ရပါတယ်..။
သိုပေမယ့် တစ်ခုခုက ဖြစ်ပျက်လာခဲ့တယ်..။
သူ့ လက်တွေက သစ်သားဓားရဲ့ လက်ကိုင်ပေါ်ကို ရောက်သွားတာနဲ့..ကုန်လှောင်ခန်းထဲက နွယ်ပင်တွေအားလုံးက..သူ ရှိနေတဲ့ နေရာကို အရူးအမူး ၊ ဒေါသတကြီး နဲ့ ချီတက်လာခဲ့ကြတယ်..။သူတို့က သူတော်စင် နဲ့ သူမရဲ့ ကြမ်းတမ်းတဲ့ ဓားကိုတောင် ဂရုစိုက်မနေကြတော့ပါဘူး..။
ဆန်နီ ဖြူဖျောသွားခဲ့ပါပြီ..။
‘ချီးပဲ..’
နွယ်ပင် အုပ်ကြီး သူ့ကို တိုက်ခိုက် မလာခင် အချိန်မှာပဲ..ဆန်နီဟာ လွတ်မြောက်မယ့် ကြိုးစားအားထုတ်မူတွေ အားလုံးကို စွန့်ပစ်လိုက်ပြီး..သူ့ရဲ့ လက်ကို ရှေ့ဖက်ကို လွှဲလိုက်တယ်..။
…သစ်သားဓားက သူ့ရဲ့လက်ထဲကနေ လွတ်ထွက်သွားပြီး..လေထဲကနေ ပျံသန်းသွားတဲ့ အချိန်မှာတော့..သူတော်စင်က အလျင်အမြန်ပဲ ဖမ်းယူထားလိုက်ပါတယ်..။
ပျက်ပြားမူအဆင့် မွန်းစတားရဲ့ ကူညီမူကြောင့် ပြောင်းလဲသွားေ
တဲ့ အခြေအနေကြောင့် ဖြစ်ပေါ်လာတဲ့ အခွင့်အရေးကို လက်လွှတ်မခံပဲ..သူတော်စင်က ချက်ချင်းဆိုသလို ရှေ့ကိုတက်သွားပြီး. အညိုရောင်ရေမှော်အစုအဝေး တွေနားကို ကပ်သွားလိုက်ပါတယ်..။ပြီးတာနဲ့ သစ်သားဓားကို..ရှေးဟောင် လူသားရဲ့ ဘာမှမရှိတဲ့မျက်လုံးတွေထဲက တစ်ဖက်ဆီကို ထိုးချလိုက်တယ်..။
နောက်ထပ် ခနအကြာမှာတော့..အပျက်အဆီး တစ်ခုလုံးက တုန်လှုပ်သွားခဲ့ပါတယ်..။
ရေမှော်အစုအဝေး တွေက ကြမ်းတမ်းစွာ ကျုံ့ဝင်သွားကြပြီး သူတော်စင်ကိုတောင် နောက်ရောက်သွားစေခဲ့တယ်..။နွယ်ပင်တွေကလည်း ရုတ်တရက် စည်းလှုံးမူ ပျက်ပြားပြီး..ပြင်းပြင်းထန်ထန် လှုပ်ခတ်လာခဲ့ကြပါတယ်..။ဒါက ဆန်နီကို..နောက်ဘက်က နံရံဆီကိုတ တတ်နိုင်သမျှ ကပ်ပြီးနေဖို့ တွန်းအား ပေးနေခဲ့တယ်..။အနက်ရောင် ဆူးချွန်ပင်လယ်ကြီးက သူ့ရဲ့ မျက်နှာနဲ့ စင်တီမီတာ အနည်းငယ်လောက် အကွာမှာရှိနေပြီး..ဒေါသတကြီး ဖြစ်ပေါ်နေတဲ့ မုန်တိုင်းတစ်ခုလိုမျိုး ဗရမ်းဗတာ လှုပ်ရှားနေခဲ့တာပါ..။
သူ နောက်ကျောနဲ့ ဖိအားတဲ့ ရေမှော်တွေတောင် မခံစားနိုင်လောက်တဲ့ ဝေဒနာရဲ့ လွှမ်းမိုးမူကြောင့်..တုန်လှုပ်သွားခဲ့ကြပုံပေါ်ပါတယ်..။
ဒီအရာတွေ အားလုံးအပြင် ဆန်နီ မြင်တွေ့နေရတဲ့ တစ်ခုတည်းသော အရာက..ဆိုးဆိုးဝါးဝါး ပုံပျက်နေတဲ့ ရှေးဟောင်း လူသားရဲ့ မျက်လုံးတစ်ဖက်ပါပဲ..။
ဒါက သူ့ကို ခနလောက် စိုက်ကြည့်နေခဲ့ပြီး..သူ့ မျက်လုံးထဲက ဘာမှမရှိမူ နဲ့ အမှောင်ထု တွေကတော့..တစ်ခြားတစ်ခုခု အဖြစ် ဖြည်းညှင်းစွာ ပြောင်းလဲသွားခဲ့ပါတယ်..။အရမ်းကို ကျယ်ပြန့်တဲ့ စိတ်သက်သာရ ရမူ တစ်ခုဟာ…ခံစားချက်နဲ့ ပတ်သက်တဲ့ အတွေးအခေါ် အယူအဆတွေကိုတောင် ကျော်လွန်သွားခဲ့ပါတယ်..။
ယင်းနောက် အဲဒီ လွတ်မြောက်သွားတဲ့ အကြည့်တွေကလည်း..ပျောက်ကွယ်သွားခဲ့တယ်..။
သူ့ရဲ့ ကြောက်မက်ဖွယ် မျက်လုံးတွေကတော့ နောက်တစ်ကြိမ် ဘာမှမရှိမူ အဖြစ်ကို ပြောင်းလဲသွားခဲ့ပြန်တယ်..။ဒီတစ်ခါမှာတော့..အမှန်တကယ်ပဲ ထာဝရ ပြောင်းလဲသွားခဲ့တာပါ..။
ရှေးဟောင်း လူသားရဲ့ ဦးခေါင်းက အသက်မဲ့စွာပဲ..အောက်ကို လိမ့်ကျသွားခဲ့ပါတယ်..။
ဒီလိုဖြစ်သွားတာနဲ့ တစ်ပြိုင်နက် နွယ်ပင်တွေ ကလည်း..ရုတ်တရက် မြေကြီးပေါ်ကို ပြုတ်ကျကာ လှုပ်ရှားမူကင်းမဲ့ပြီး သေဆုံးသွားခဲ့ကြပါတယ်..။
ရုတ်တရက် အားနည်းသွားတဲ့ ဆန်နီဟာလည်း မြေကြီးပေါ်ကို လဲကျသွားခဲ့တယ်..။
အခိုက်အတန့် ရဲ့ အသံကတော့..သူ့ရဲ့ နားထဲကို တိုးညှင်းစွာ ဝင်လာခဲ့ပါတယ်..။
[ သင်က ပျက်ပြားမူအဆင့် မွန်းစတား နွယ်ကပ်ပါးကောင် ကို သတ်လိုက်ပါပြီ ]
[ သင်က အထွတ်အထိပ်အဆင့် လူသား..ဆိုဗန် ကို သတ်လိုက်ပါပြီ ]
[ သင့်ရဲ့ အရိပ်က ပိုသန်မာလာခဲ့ပါပြီ ]
အပိုင်း ( ၅၂၀ ) ပြီး၏။