ထာဝရ ချိန်း..
Vol. 35 Ch. 521
ဆန်နီဟာ သဘော်ရဲ့ ကုန်လှောင်ခန်းထဲက ကြမ်းပြင်ပေါ်မှာ..နူးညံ့ပြီး..ဆွေးမြေ့နေတဲ့ ရေမှော်နံရံကို ကျောနဲ့ မှီကာ ထိုင်နေခဲ့တယ်..။သူက ရှေ့ကိုကိုင်းပြီး..သွေးတစ်ပွက် အန်လိုက်ရတယ်..။သူ့ရဲ့ အသက်ရူသံတွေက ကြမ်းတမ်းနေခဲ့ပြီး..သူ က သွေးတွေကို တစ်ခနလောက်စိုက်ကြည့်ကာ နောက်ကို ပြန်မှီနေလိုက်တယ်..။
သူ့ အခြေအနေက သိပ်ပြီးတော့ မကောင်းမွန်လှပါဘူး..။
…သင့်ရဲ့ အရိပ်က ပိုသန်မာလာခဲ့ပါပြီ..
သူ့ မျက်နှာပေါ်မှာ ခါးသက်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်…။
‘ဘာလဲ..။ဒါ အကုန်ပဲလား..’
ဒီလောက် အများကြီး ဖြစ်ပျက်ပြီးသွားတဲ့နောက်မှာ..သူက အမှန်တကယ်ပဲ ဒီထက်ပိုပြီး ထိုက်တန်တယ် လို့ ဆန်နီ ခံစားနခဲ့ရတယ်..။
ဒီတစ်ကြိမ်မှာတော့..သူ့ရဲ့ မျှော်လင့်ချက်တွေက မပျက်စီး ခဲ့ရပါဘူး..။
အခိုက်အတန့်ကို သူ့ကို နိုပ်စက်နေတဲ့ အလား တစ်ခနလောက် ကြာအောင် ငြိမ်သက်နေပြီးကာမှ ထပ်ပြီး ပြောလာခဲ့ပါတယ်..။
သင်က မှတ်သားမူ တစ်ခုကို ရရှိပါသည်
‘ပိုကောင်းသွားပြီ’
ပြီးတဲ့နောက်မှာတော့..သူက ညဉ်းညူလိုက်ရပြီး..နောက်ထပ် သွေးအနည်းငယ်ကို ထပ်မံ အန်လိုက်ရတယ်..။
ဆန်နီရဲ့ ပတ်ဝန်းကျင်မှာတော့..ခြောက်သွေ့ ညိုးနွမ်းနေတဲ့ ရေမှော်တွေက..ဖုန်မှုန့်တွေ အဖြစ်ပြောင်းလဲနေခဲ့ကြပါပြီ..။စက်ဆုပ်ဖွယ်ရာ နွယ်ပင် အစုအဝေးတွေ ကလည်း ဒီအတိုင်းပဲ..နှေးကွေးတဲ့ နှုန်းနဲ့ ပြောင်းလဲနေခဲ့ကြပါတယ်..။အခုတော့..ပျက်ပြားခြင်းအဆင့်နဲ့ သူ့ရဲ့ ပိုင်ရှငိတို့က သေဆုံးသွားခဲ့ပြီ ဖြစ်တာကြောင့်..ရှေးဟောင်း အပျက်အဆီးတွေက သူ့ဟာသူ ပြန်သန့်ရှင်းနေခဲ့ကြတယ်..။
သူက တော့ ဒီပြောင်းလဲနေမူတွေကို ဂရုမစိုက်နိုင်ခဲ့ပေ..။လတ်တလော မှာတော့..သူ့ ခန္တာကိုယ်က ဆိုးဝါးတဲ့ အခြေအနေတွေကို အပြည့်အဝ အာရုံစိုက်ထားခဲ့ရပါတယ်..။
တိုက်ပွဲတစ်ခုလုံးက..တစ်မိနစ်လောက်သာ ကြာခဲ့တယ် ဆိုပေမယ့်..ဆန်နီ က ထိခိုက်မူတွေ အများကြီးကို ခံခဲ့ရတာပါ..။သူ့ရဲ့ ခန္တာကိုယ်ကို..အနက်ရောင် ဆူးချွန်တွေက..ထိုးဖောက် ..စုပ်ဖြဲခဲ့ကြပြီး..အဆိပ်တွေကလည်း သူ့ရဲ့ သွေးကြောတွေထဲကို ဝင်ရောက်နေခဲ့ကြပါတယ်..။သူ့ရဲ့ အရွတ်အတွေထဲက တစ်ခုကလည်း ဆိုးဆိုးဝါးဝါးကို စုပ်ပြဲ သွားခဲ့တယ်..။ဒါက သူ့အတွက် အတော်လေးကို နာကျင်စေပြီး..အခုကတော့.. အဒရီနယ် ဂလင်း တွေကလည်း ပျောက်ကွယ်သွားခဲ့ပါပြီ..။
ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်က အတော်လေးကို အံ့ဩဖို့ကောင်းတဲ့ အကာအကွယ်တစ်ခုဖြစ်ပြီး..တိုက်ပွဲစဖြစ်ကတည်းက..သူ့ရဲ့ အားနည်းတဲ့ အနေအထားကို အများကြီး ကူညီပေးထားခဲ့တယ်..။သိုပေမယ့်..ဒီရက်ပိုင်း သူ့ရင်ဆိုင်တွေ့နေရတဲံ သတ္တဝါတွေ ရဲ့ အရည်အသွေးတွေ နဲ့စာရင်..ဝတ်ရုံတော်ရဲ့ ကာကွယ်နိုင်စွမ်းက..အတော်လေး လိုအပ်ချက်တွေ ရှိနေပြီဆိုတာကိုတော့..ဆန်နီ ဝန်ခံရပါလိမ့်မယ်..။စိတ်မကောင်းစွာပဲ..ဒီလို အံ့ဩဖို့ကောင်းတဲ့ မှတ်သားမူကတောင်မှ..သူ့သခင် ရဲ့ အဆင့်တက်နှုန်းကို လိုက်မမှီနိုင်တော့ပါဘူး..။
သိုပေမယ့်..သူ့ လက်ရှိအခြေအနေမှာ ကောင်းမွန်တဲ့ အချက်တစ်ခုကို ပြောပါဆိုရင်တော့..အဆိပ်တွေရဲ့ သက်ရောက် မူက ပိုပြီး သန်မာလာတာမျိုး မရှိခဲ့ပေ..။ဝီဗာရဲ့ သွေးက အခြေအနေတွေကို ကောင်းကောင်းထိန်းချုပ်ထားနိုင်တာကြောင့်..သူက မကြာခင်မှာ ပြန်ပြီး ကောင်းမွန်လာတော့မှာပါ..။
ဘာပဲဖြစ်ဖြစ် တိုက်ပွဲကတော့..ပြီးဆုံးသွားခဲ့ပါပြီ..။နွယ်ကပ်ပါးကောင်က ..တစ်စူံတစ်ယောက် စဉ်းစားနိုင်တဲ့ အခြေအနေထက် ပိုပြီး ရှုပ်ထွေးတယ် ဆိုရင်တောင်..အဆုံးမှာတော့..အစီအစဉ်က အလုပ်ဖြစ်ခဲ့ပါတယ်..။ဆန်နီက တစ်နည်းအားဖြင့်..သူ့လုပ်ရမယ့် အရာကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်..။
မီးစောင့်ရှောက်သူတွေ..တကယ်လို့ သူတို့သာ အသက်ရှင်နေကြဦးမယ္ ဆိုရင်..ပျက်ပြားမူအဆင့် မွန်းစတား သေဆုံးပြီးသွားတဲ့ အချိန်မှာ..သတ္တိတွေ ပြန်လည်ရရှိလာကြမယ့်..သဘော်သား အရုပ်တွေကို ရှင်းလင်းနိုင်ကြလောက်မှာပါ..။သိုပေမယ့်..အခုချိန်မှာတော့..သူက ဒီအရာတွေကိုလည်း ဂရုမစိုက်နေနိုင်သေးပါဘူး..။
သူတော်စင်ကတော့..တဖြည်းဖြည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားနေတဲ့ ဆိုဗန် ဆိုတဲ့ လူရဲ့ အလောင်းကောင်ကို စိုက်ကြည့််နေခဲ့တယ်..။ပြီးတာနဲ့..သူမက ပြန်လျောက်လာပြီး..ခါတိုင်းလို ဂရုမစိုက်တဲ့ အမူအရာနဲ့ သူ့ရဲ့ ဘေးနားမှာ လာရပ်နေခဲ့ပါတယ်..။
ဆန်နီ ဟာ သူ့ရဲံ မှတ်သားမူ အသစ်က ဘာလဲဆိုတာကို သိဖို့အတွက် အချက်အလက်ကို ကြည့်တာမျိုးတောင် မလုပ်ပဲ အတော်ကြာအောင် အနားယူနေခဲ့ပါတယ်..။သူ့ရဲံ မောပန်းမူတွေက ဖြည်ညှင်းစွာ ပျောက်ကွယ်သွားတဲ့ အချိန်ကျမှ နောက်တစ်ကြိမ် ရှင်းရှင်းလင်းလင် ပြန်ပြီး တွေးလာနိုင်ခဲ့တယ်..။
ဒီလိုပြန်ကြည်လင်လာတဲ့ အချိန်မှာတော့..သူ့ရဲ့ စိတ်ထဲကို မေးခွန်းတွေ အများကြီးက ဆက်တိုက် ဝင်ရောက်လာခဲ့ပါတယ်..။
ရှေးဟောင်း သဘော်ရဲ့ ကုန်သိုလှောင်ခန်းထဲမှာ ဖြစ်ပျက်သွားခဲ့တာတွေက အတော်လေးကို ထူးခြားတာပါ..။
ဆိုဗန်ဆိုတာက ဘယ်သူလဲ..။ပြီးတော့..သူတို့က..ဘယ်လိုလုပ်..နွယ်ကပ်ပါးကောင် ရဲ့ ပိုင်ရှင်ဖြစ်လာရတာလဲ..။သူတို့က နှစ်ပေါင်းထောင်ချီကြာအောင် ဘယ်လိုလုပ် ရှင်သန်နေနိုင်ကြတာလဲ..။ဘာလို့ ဆိုဗန် က နတ်ဘုရားမီးတောက် ကို တောင့်ခံနိုင်ပြီး..ရက်စက်သော မြင်ကွင်းနဲ့ ထိခိုက်အောင် မလုပ်နိုင်ရတာလဲ..။နောက်ဆုံးမှာ ဘာြဖစ်လို့ သစ်သားဓားနဲ့တစ်ချက် ထိုးလိုက်ရုံနဲ့ သေဆုံးသွားရတာလဲ..။
အစကတည်းက အဲဒီဓားက ဘယ်ကနေ ရောက်လာခဲ့တာလဲ..။ပြီးတော့..ဘာလို့..နိုတစ် မြင့်မြတ်နယ်မြေမှာရှိတဲ့ ယဇ်ပုလ္လင်ပေါ်က မီးတောင်ကျောက်ဓားနဲ့ တူနေရတာလဲ..။
ဆန်နီ ဒီမေးခွန်းတွေကို တန်းစီ တွေးလိုက်မိပေမယ့် သူ့ရဲ့ ခေါင်းထဲကို အဖြေတွေ ဝင်ရောက်လာြခင်း မရှိခဲ့ပါဘူး..။အတွေးတစ်ခုကသာ ကျန်တဲ့အရာတွေ အားလုံးကို ဖြတ်ကျော်သွားခဲ့တယ္..။
‘သူတော်စင် တစ်ယောက်..ငါ သူတော်စင်တစ်ယောက်ကို သတ်လိုက်တာ..’
အခိုက်အတန့်က ဆိုဗန်ကို အထွတ်အထိပ်အဆင့် လူသားတစ်ယောက်လို့ ပြောခဲ့တာကြောင့်..ဒါက သူတော်စင် တစ်ယောက်ကို ရည်ညွှန်းထားခဲ့တာပါ..။ဆန်နီ ဒါက အမှန်တရား ဆိုတာကို သိနေပေမယ့် အခုထိ မယုံကြည်နိုင်သေးပါဘူး..။
သူက ကိုယ့်ကိုကို အထင်သေးတတ်တဲ့ လူတစ်ယောက် မဟုတ်ပေ..။ သို့ပေမယ့်..သူ့ရဲ့ ကြီးကျယ်တဲ့ အိပ်မက်ထဲမှာတော့..ဆန်နီက သူ့ကိုယ်သူ သူတော်စင်တစ်ယောက်ကို သတ်နိုင်ဖို့အထိ မတွေးထားခဲ့ဖူးပါဘူး..။အနည်းဆုံးတော့..သူ့ရဲ့ လက်ရှိအဆင့်မှာပါ..။သူတော်စင်တွေ ဆိုတာက နောက်ထပ် အဆင့်တစ်ခုမှာ ရှိနေတဲ့ သတ္တဝါတွေဖြစ်ပြီး.. မြို့တစ်မြို့စာလောက်နဲ့ ညီမျှတဲ့ ပြိုင်ဖက်ကင်း နတ်ဘုရား အငယ်စားတွေပါ..။
ပုံမှန်သဘောတရား အရဆိုရင်တော့..ပျက်ပြားမူအဆင့် မွန်းစတား က အမြုတေ တစ်ခုလောက်ပဲ ပါရှိတဲ့ သူတော်စင်တစ်ယောက်နဲ့ တူညီတဲ့ အဆင့်တစ်ခုမာ့ ရှိနေတယ် ဆိုပေမယ့်..ဒီလိုနှိုင်းယှဉ်လို့ မရပါဘူး..။အထွတ်အထိပ်အဆင့် လူသားတွေက သူတို့ရဲ့စွမ်းရည်နဲ့ သဘာဝတရားတွေကြောင့်..ဘယ် သားရဲ ၊ ဘယ်မွန်းစတား ထက်မဆို ပိုပြီး..အားကောင်းကြပါတယ်..။တူညီ တဲ့အဆင့်မှာ ရှိတဲ့..နတ်ဆိုး ဒါမှမဟုတ် ပိုအားကောင်းတဲ့ ဒဲလ်မွန်တွေကသာ သူတိုကို ရင်ဆိုင်ဖို့အတွက် အခွင့်အရေး ရှိကြမှာပါ..။
ဒါတောင်မှ..ဆန်နီက ဒီလို လူတစ်ယောက်ကို သတ်ဖြတ်ခဲ့ပါသေးတယ်..။
သူက ပျက်ပြားမူအဆင့် မွန်းစတားကိုလည်း တစ်ချက်တည်းနဲ့ သတ်ဖြတ်ခဲ့တာပါ..။
ကောင်းပြီလေ..အတိအကျဆိုရင်တော့.. တစ်ချက်တည်းနဲ့ သတ်ဖြတ်ခဲ့တာက..သူတော်စင် လုပ်ခဲ့တယ်ဆိုပေမယ့်..ဒါက ကိစ္စမရှိပါဘူး..။ရလာဒ်ကတော့ အတူတူပါပဲ..။
‘ အခုတော့..ဘယ်သူမှ ယုံကြည်နိုင်မှာ မဟုတ်တဲ့ အရာတစ်ခု ဖြစ်သွားပြီပေါ့..ဟင်..’
ဆန်နီ ရယ်မောလိုက်ပြီး..နာကျင်မူကြောင့် မျက်နှာပြန်ရှုံ့မဲ့ သွားခဲ့တယ်..။နောက်ဆုံးမှာတော့..သူ အချကိအလက်ဇယားကို ထုတ်ဖော်ကြည့်လိုက်ပါတယ်..။
ပထမဆုံး သူစစ်ဆေးကြည့်တဲ့ အရာက..သူ့ရဲ့ အပိုင်အစ အမှတ်တွေပါ..။အရေအတွက်ကတော့..သူ ထင်ထားခဲ့တဲ့ အတိုင်းပါပဲ..။
အရိပ် အပိုင်းအစ - ၁၉၅၈ / ၂၀၀၀
သူက သဘော်ပျက်ကျွးန်ကို လာတဲ့ လမ်းတစ်လျောက်မှာလည်း အိပ်မက်ဆိုးသားရဲ တစ်ချို့ကို သတ်ဖြတ်ခဲ့ပါသေးတယ်..။အခုဒီနေရာမှာ သူ့ထက် အဆင့်နှစ်ဆင့်မြင့်တဲ့ မွန်းစတား နဲ့ လူသားကို သတ်လိုက်တာကနေ..အပိုင်းအစ ၁၂ ခု ရရှိခဲ့ပါတယ်..။သူတော်စင် အဆင့်လူသားတစ်ယောက် ဆီကနေ အပိုင်းအစ လေးခု ရရှိပြီး..နွယ်ကပ်ပါးကောင် ဆီကနေ ရှစ်ခု ရရှိခဲ့တာပါ..။ဆန်နီဟာ..သူ့စွမ်းရည် ရဲ့ မမျှတမူအပေါ်ကို အကြိမ်တစ်ထောင်မြောက် အဖြစ် သက်ပြင်းချကာ ပြသလိုက်တယ်..။ပြီးတာနဲ့ မှတ်သားမူ တွေရှိတဲ့ နေရာကို လှမ်းကြည့်လိုက်ပါတယ်..။
အချက်အလက် အသစ်တွေက အောက်ဆုံးနားမှာ ရှိနေခဲ့တယ်..။သူ အသက်ကို အောင့်ထားပြီး ဖတ်ကြည့်လိုက်ပါတယ်..။
မှတ်သားမူ - ထာဝရ ချိန်း
မှတ်သားမူ အဆင့် - အထွတ်အထိပ်
သူ့ရဲ့ နှလုံးခုန်သံတွေက ပိုမိုမြန်ဆန်လာခဲ့တယ်…။
ဒါက သူရရှိတဲ့ ပထမဆုံး အထွတ်အထိပ်အဆင့်..မှတ်သားမူ တစ်ခုဖြစ်ပြီး..တကယ်ကို ကံထူးမူကြီးတစ်ခုပါပဲ..။ဆုလာဒ်တစ်ခု…သူလို နိုးထမူအဆင့် တစ်ယောက်က..အထွတ်အထိပ်အဆင့် မှတ်သားမူ တစ်ခု မပြောနဲ့ တက်ရောက်မူအဆင့်..မှတ်သားမူ ကို ရရှိဖို့တောင် လွယ်ကူတာ မဟုတ်ပါဘူး..။
သာမန် နိုးထသူ တစ်ယောက် သူတို့ရဲ့ အဆင့်မြင့်တဲ့ သတ္တဝါတွေကို ဘယ်တော့မှ တိုက်ခိုက်ရဲကြမှာ မဟုတ်ပေ..။
ဆန်နီ ကျေနပ်မူတွေ အပြည့်နဲ့ ဆက်ပြီး ဖတ်လိုက်တယ်..။
မှတ်သားမူ သတ်မှတ်ချက် - ၃
‘ဟင်..’
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..။အမြုတေ နှစ်ခုရှိတဲ့ နွယ်ကပ်ပါးပင်ကနေ လာတဲ့..မှတ်သားမူ ဆိုရင် အဆင့် ၂ ပဲရှိသင့်ပြီး..အမြုတေတစ်ခုပဲ ရှိတဲ့ ဆိုဗန် ဆီကနေ လာတဲ့ မှတ်သားမူ ဆိုရင် အဆင့် ၁ ပဲ ရှိသင့်တာပါ..။
သို့ပေမယ့်..ကြည့်ရတာတော့..ထာဝရ ချိန်း ကြိုးက..သူသတ်လိုက်တဲ့ သတ္တဝါ နှစ်ကောင်လုံးဆီကနေ ရောက်လာခဲ့တဲ့ ပုံပါပဲ..။ဘာလို့လဲဆိုတော့..ဆိုဗန် နဲ့ နွယ်ကပ်ပါးကောင် တို့က..ထာဝရ ချိတ်ဆက်သွားခဲ့ကြပါပြီ..။ဒီလိုကနေ..အဆင့် ၃ မှတ်သားမူ တစ်ခု ဖြစ်တည်လာပုံရပါတယ်..။
ဒီလို အရာမျိုးက ဖြစ်နိုင်ရဲ့လား ဆိုတာကိုတော့..ဆန်နီလည်း သေချာမသိထားပေ..။
သူက ပိုပြီ သဘောကျသွားတဲ့အလား..စိတ်ကျေနပ်စွာပြုံးလိုက်ပြီး..အချက်အလက်တွေကို ပြန်ပြီး အာရုံစိုက်လိုက်တယ်..။
မှတ်သားမူ အမျိုးအစား - အကာအကွယ်
သူ့ မျက်လုံးတွေ တောက်ပသွားခဲ့တယ်..။
‘ဒါက..ဒါက အခု ငါပြောနေတဲ့ အရာပဲ မဟုတ်ဘူးလား..’
အပိုင်း ( ၅၂၁ ) ပြီး၏။