← Chapters

ကျော်ဖြတ်၍ မရနိုင်သော..

Vol. 35 Ch. 522

ကျော်ဖြတ်၍ မရနိုင်သော..

Vol. 35 Ch. 522

ဆန်နီဟာ..တကယ်ကို အတိုင်းထက်အလွန် ဖြစ်နေခဲ့တယ်..။ကောင်းမွန်တဲ့ အကာအကွယ် အက်ျီတစ်ခု ဆိုတာက သူ လိုအပ်နေတဲ့ အရာ အတိအကျပါပဲ..။ပြီးတော့..အထွတ်အထိပ် အဆင့်အထက် ပိုပြီး ကောင်းမွန်တဲ့ အရာဆိုတာ ရှိသေးလို့လား..။သူနဲ့ တိုက်ခိုက်တဲ ရန်သူအများစုက ဒီအရာကို ထိုးဖောက်ဖို့အပြောနဲ့..ခြစ်ရာတောင် ထင်အောင် လုပ်နိုင်ကြမှာ မဟုတ်ပါဘူး..။

ဆောင်ယဉ်စွန်းတန်း အချိန်တုန်းက.. ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်ကို ရရှိခဲ့တဲ့အချိန်တုန်းကလည်း..ဆန်နီဟာ အသွင်းပြောင်းသားရဲတွေ ကြားထဲမှာ တကယ်ကို ပြိုင်ဖက်ကင်းဖြစ်ခဲ့တာကို ပြန်တွေးမိလိုက်တဲ့ အချိန်မှာတော့..သူ့ မျက်နှာပေါ်မှာ ခါးသက်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။

သူက အသွင်ပြောင်းသားရဲ တစ်ကောင်တစ်လေတောင် မရှိတဲ့ နေရာမျိုးမှာ ရောက်နေရလိမ့်မယ် လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ..။ဒါပေါ့ ဆန်နီ ကိုယ်တိုင်နဲ့..မေ့ပျောက်ကုန်းမြေပေါ်က ကံဆိုးတဲ့ အိပ်စက်သူတွေ ကိုတော့..ထည့်မတွက်ခဲ့ပါဘူး..။

ဒါတောင်မှ..သူက ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်သာ မရှိခဲ့ရင် အကြိမ်တစ်ရာလောက် သေပြီးနေလောက်ပါပြီ..။ထာဝရ ချိန်းကြိုးက မငြင်းဆန်နိုင်လောက်တဲ့ ကောင်းချီးပေးသနားခြင်းမျိုး ဖြစ်နေတာကြောင့်..သူက အများကြီး မျှော်လင့်ထားခဲ့ပါတယ်..။

သူ့ အကြည့်တွေကို အောက်ဖက်ဆီပို့လိုက်ပြီး..ဆန်နီဟာ အကာအကွယ်ရဲ့ ဖော်ပြချက်တွေကို ဖတ်လိုက်တယ်..။

မှတ်သားမူ ဖော်ပြချက် - ကမ္ဘာကြီးရဲ့ အဆုံးမှာရှိတဲ့ လှပတဲ့ တာဝါကြီးတစ်ခုထဲမှာ..လိုအင်ဆန္ဒ ကို..အလွန်တောက်ပတဲ့..ခြေကျင်းတွေနဲ့ ချုပ်နှောင်ထားခဲ့ကြသည်..။သူမက ထာဝရ ချုပ်နှောင်ခြင်းခံရမှာ ဖြစ်ပြီး..သူမ၏ ခြေကျင်းများကို အဆုံးမရှိတည်ရှိရန် ဖန်တီးထားခဲ့ကြ၏။ဒါတောင်မှ အဆုံးမှာ လိုအပ်ဆန္ဒ ဟာ..ကမ္ဘာကြီးထဲကို လွတ်မြောက်သွားနိုင်ခဲ့သည်..။သူမက ခြေကျင်းများကို..ဖျက်ဆီးပစ်ကာ..နတ်ဘုရားများ၏ စိတ်ဆန္ဒကို ပျက်ဆီးစေခဲ့သူ ဖြစ်၏။

ဆန်နီ ဟာ တောက်ပနေတဲ့..အချက်အလက်တွေကို အံ့ဩသင့်စွာ ကြည့်နေခဲ့တယ်..။

အခိုက်အတန့်က အကြောင်းပြချက်တစ်ချို့ကြောင့်..ဒဲလ်မွန်တွေနဲ့ ပတ်သက်လာလို့ ရှိရင်..အမြဲတမ်း ထူးဆန်းစွာ ပြုမူလေ့ ရှိတယ်ဆိုတာကို သူသိထားပြီးသားပါ..။တကယ်တော့..ဒဲလ်မွန် ဆိုတဲ့ စကားလုံးတွေက တားမြစ်ခံထားရတဲ့ အလား..အခိုက်အတန့် အသုံးပြုတာမျိုးကို သူ ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေ..။ဆန်နီက ဒီအရာကို ..အနက်ရောင် မြို့တော်ရဲ့ ပျက်ဆီးနေတဲ့ ဘုရားကျောင်းရဲ့ မြေအောက်ခန်းထဲက အကျဉ်းသား ချန်ထားရစ်ခဲ့တဲ့စာသား ထဲမှာသာ လေ့လာဖူးခဲ့ပါတယ်..။

အခိုက်အတန့်က ဒဲလ်မွန်တွေနဲ့ အနီးစပ်ဆုံးစကားလုံးကို အသုံးပြုခဲ့တဲ့ အချိန်က..မြေအောက်ကမ္ဘာရဲ့ မင်းသားကို ဂုဏ်ယူရတဲ့..ဒီမွန် လို့သုံးနှုန်း ခဲ့တာပါပဲ..။

ဒါတောင်မှ ဒီမှာဖော်ပြထားတဲ့ လိုအင်ဆန္ဒဆိုတာက..တစ်ချိန်တုန်းက..ဆင်စွယ်ရောင်တာဝါမှာ ချည်နှောင်ခြင်းခံထားရတဲ့..မျှော်လင့်ခြင်းနတ်မိစ္ဆာကို ပြောနေတယ် ဆိုတာသေချာပါတယ်.။သူမက ဒဲလ်မွန်တစ်ပါး ဖြစ်တယ် ဆိုတာကို သံသယဖြစ်စရာ မလိုပါဘူး..။ဆန်နီက သူမ အကျဉ်းကျခဲ့ရတဲ့ နေရာကို သူ့မျက်လုံးနဲ့ ကိုယ်တိုင် မြင်ခဲ့ဖူးပြီးသားးပါ..။အလားတူစွာပဲ..အိပ်မက်ဆိုး မျိုးစေက..သူမရဲ့ ပျက်ဆီးနေတဲ့ ခြေကျင်းတွေကနေ..ကြီးထွားနေခဲ့ပါပြီ..။

တစ်ချက်ကြည့်လိုက်တာနဲ့..ဖော်ပြချက်မှာ ရေးထားတဲ့ အဓိပ္ပာယ်က သိသာနေခဲ့တယ်..။ဒါမှမဟုတ် သူ သိထားတဲ့ အချက်အလက်တွေ အရဆိုရင် အတော်လေးကို ရှင်းလင်းနေပါတယ်..။

သို့ပေမယ့်..ဒီလိုမျိုးမဟုတ်ဘူး ဆိုတာ တစ်ခုခုက ဆန်နီကို ပြောနေခဲ့တယ်..။

အခြေအနေနဲ့ သိပ်ပြီး မလိုက်ဖက်နေတဲ့ အချက်က..ထာဝရ ချိန်းကို.. ဆိုဗန် ဒါမှမဟုတ်..နွယ်ကပ်ပါးကောင် တို့ကို သတ်ဖြတ်ပြီး ရထားခဲ့တာပါ..။သူတို့ နှစ်ကောင်လုံးက ဖော်ပြချက်မှာ ရေးထားတာနဲ့ ဘာမှသက်ဆိုင်ခြင်း မရှိကြပါဘူး..။

သူ တွေးခေါ်နေတဲ့ အရာတွေက မှားနေမယ် ဆိုရင်ပေါ့..။

နွယ်ကပ်ပါးကောင်..တွေက မီးကို အားနည်းချက်ရှိကြပြီး..တစ်ခြား အားပြင်းတဲ့ တိုက်ခိုက်မူတွေကလည်း သတ္တဝါရဲ့ သွေးသားတွေကို ထိခိုက်နိုင်စွမ်းရှိကြပါတယ်..။သို့ပေမယ့်..ဆိုဗန် ကတော့ မရိုးရှင်းခဲ့ပေ..။ဆိုးဝါးတဲ့ မွန်းစတားရဲ့ သွေးသားတွေ ဖြစ်ပုံရတဲ့ သူတော်စင်က အင်မော်တယ် မီးတောက် အပါအဝင် ..ဘယ်လိုတိုက်ခိုက်လာမူကို မဆိုခံနိုင်ရည် ရှိနေခဲ့ပါတယ်..။

ဆိုဗန် ကိုယ်တိုင်က..အင်မော်တယ် တစ်ယောက်လိုပါပဲ..။

ဒါက..သနားစရာ သူတော်စင်ဟာ..နွယ်ကပ်ပါးကောင်ရဲ့ လက်ခံသူဖြစ်လာပြီး တဲ့နောက်မှာ..မချိတင်ကဲ နိုပ်စက်မူတွေကို ခံစားရင်း နှစ်ထောင်ပေါင်းများစွာကြာအောင် ဘယ်လိုရှင်သန်နေခဲ့လဲဆိုတာကို ကျိန်းသေ ဖြေရှင်းပေးထားခဲ့ပါတယ်..။ပြီးတော..ဘာလို့ ဆန်နီ ရရှိတဲ့ မှတ်သားမူက..ထာဝရဆိုတဲ့ ဂုဏ်ပုဒ် ပါနေရတာလဲ ဆိုတာကော ပါပဲ..။

ထာဝရချိန်း မှာ ဖော်ပြထားတဲ့..တောက်ပြောင်နေတဲ့ ခြေကျင်း ခုနှစ်ခုမှာက တစ်ခြား အဓိပ္ပာယ်တွေ ရှိနေနိုင်သေးတာလား..။အဲဒီအရာတွေကို..ထာဝရ တည်မြဲအောင် ဖန်တီးထားတယ်လို့လည်း ပြောထားပါသေးတယ်..။

ဒါက ဆိုဗန် ရဲ့ ပုံစံမျိုးပါပဲ..။

ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။

‘ ဒါက အတော်ထူးဆန်းတယ်..’

သူ့ရဲ့ လတ်တလော သီအိုရီတွေ အရဆိုရင်တော့…ဒါက မဖြစ်နိုင်တာမျိုး မဟုတ်ပါဘူး..။သစ်သားဓာရဲ့ တည်ရှိမူကတော့..ဒီအရာကို ဆန့်ကျင်နေခဲ့ပြန်တယ်..။အဲဒီဓားကရော ဘာလုပ်တာလဲ..။ဘာလို့ ဆိုဗန်ကို တစ်ခြား ဘယ်အရာကမှ မသတ်နိုင်ပဲ..အဲဒီအရာကပဲ သတ်နိုင်ရတာလဲ..။

ဓားတွေကတောင်..ပိုပြီး ဆန်းကျယ်မူ ရှိနေနိုင်ပါသေးတယ်..။

ဘာပဲဖြစ်ဖြစ် ..သူ့အနေနဲ့ အမှန်တရားကို ရှာတွေ့ဖို့ ဆိုတာက လုံလောက်တဲ့..အချက်အလက်တွေ ရှိမနေသေးပေ..။ဆန်နီ သက်ပြင်းတစ်ချက် ချလိုက်ပြီး..အချက်အလက်တွေကို ပြန်ကြည့်လိုက်တယ်..။ဘာသဲလွန်စမှ ရှိမနေတဲ့ ရှေးဟောင်းဆန်းကျယ်မူတွေကို..ခန့်မှန်းနေတာထက်..လက်ရှိရထားတဲ့ မှတ်သားမူ အသစ်ကို လေ့လာတာကမှ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါသေးတယ်..။

မှတ်သားမူ တိုးမြင့်မူ - [ တောင့်တမူ ချိန်း ] ၊[ ထူးခြားတဲ့ စိတ်ဆန္ဒ ]၊[ ထာဝရ ]

[ တောင့်တမူ ချိန်း ] တိုးမြင့်မူဖော်ပြချက် - ဒီအကာအကွယ်က ဝတ်ဆင်သူကို မြင့်မားတဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မူ အကာအကွယ်ကို ပေးစွမ်းနိုင်သည်။

ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။

‘ဘယ်လောက် အတိုင်းအတာ အထိလဲ..’

စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မူကို ခုခံပေးနိုင်တယ် ဆိုတာက ဝိဉာဉ်တိုက်ခိုက်မူကို ခုခံပေးနိုင်တဲ့ မှတ်သားမူတွေပြီး ရင် ဒုတိယ အရှားပါးဆုံးပါပဲ..။ဒါတောင်မှ သူ ရရှိထားတဲ့ ဒီမှတ်သားမူက တတိယ အဆင့် အမျိုးအစားတစ်ခုပါ..။သူ့ရဲ့ ကံတရားက မယုံနိုင်စရာ ကောင်းလောက်အောင် ကောင်းမွန်နေတဲ့ ပုံပါပဲ..။

…ဒါမှမဟုတ်..အမြဲတမ်း မွန်းစတားတွေ ဆီကို တိုးဝင်သွားတတ်တဲ့ ယိမ်းယိုင်မူက အတော်ကို ဆိုးဝါးနေခဲ့တာပါ..။

ဘာပဲဖြစ်ဖြစ် ဒီတိုးမြင့်မူက အဓိပ္ပာယ် ရှိပါတယ်..။တကယ်လို့..ဒီမှတ်သားမူက အကျဉ်းချခံထားရတဲ့ မျှော်လင့်ချက်နဲ့ ဆက်နွယ်မူ ရှိနေခဲ့မယ် ဆိုရင်..သူ့ရဲ့ စွမ်းရည်က စိတ်ပိုင်းဆိုင်ရာ အရည်အသွေးတွေနဲ့ ချည်နှောင်ထားတယ် ဆိုတာ ဖြစ်သင့်ပါတယ်..။ဒီတော့..ဒီလို တိုက်ခိုက်မူ တွေကိုကာကွယ်နိုင်တဲ့ စွမ်းရည် ပါလာတာက ဖြစ်သင့်တဲ့ အရာတစ်ခုပါပဲ..။

ထာဝရ ချိန်း မှာ..တိုးမြင့်ချက် သုံးခုပဲ ပါဝင်တာက..မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်လို ငါးခုပါတဲ့ မှတ်သားမူ နဲ့ စာရင် အတော်လေး ဆန့်ကျင်နေခဲ့ပါတယ်.။မှတ်သားမူတစ်ခုရဲ့ သတ်မှတ်ချက်က..သူ့အထဲမှာ တိုးမြှင့်ချက် ဘယ်လောက်များများ ပါဝင်မလဲ ဆိုတာကို သတ်မှတ်ပေးထားတဲ့ ပုံပါပဲ..။ပြီးတော့..မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်က မှတ်သားမူ အဆင့် မှာ..နိမ့်ပေမယ့်..သတ်မှတ်ချက်မှာကတော့ အနည်းငယ် ပိုမြင့်ပါတယ်..။

ထာဝရချိန်း ရဲ့ ဒုတိယ တိုးမြင့်မူက အတော်လေးကို စိတ်ဝင်စားဖို့ ကောင်းနေခဲ့တယ်..။

[ ထူးခြားတဲ့ စိတ်ဆန္ဒ ] - ဒီအကာအကွယ်ကို နတ်ဘုရား များက ဝတ်ဆင်သည့် အချိန်တွင်ပိုပြီး..သန်မာလာလိမ့်မည်

ဆန်နီ ပြုံးလိုက်တယ်..။

ထာဝရချိန်း နဲ့ သူ့ရဲ့ ရက်လုပ်မူတွေကို မကြည့်ပဲနဲ့တောင် သူ့ရဲ့ ဒီတိုးမြင့်မူက ဘယ်လိုပုံစံလဲ ဆိုတာကို ဆန်နီ ပြောနိုင်နေခဲ့ပါပြီ..။ဒါက ဝတ်ဆင်တဲ့သူဟာ နတ်ဘူရားတွေနဲ့ ဘယ်လောက်အထိ ဆက်နွယ်မူရှိလဲ ဆိုတာပေါ် မူတည်ပြီး ပိုမိုသန်မာလာပါလိမ့်မယ်..။ဆိုလိုတာက..သာမန် နိုးထသူတွေက ဒီတိုးမြင့်မူရဲ့..ခုခံနိုင်စွမ်းတွေကို ရရှိမှာမဟုတ်ပါဘူး..။တစ်ဖက်မှာတော့..နတ်ဘုရား အမှတ်အသား ပါရှိတဲ့ လူတွေက..များပြားတဲ့ အကျိုးကျေးဇူးတွေကို ရရှိပါလိမ့်မယ်..။

ဒါဆိုရင် ဆန်နီကရော..။သူ့ရဲ့ နတ်ဘုရား မီးခဲ..အရည်အသွေးနဲ့ဆိုရင်..တိုးမြင့်မူက သုံးဆလောက် အထိကိုမြင့်တက်သွားပါ လိမ့်မယ်..။ဒါက တကယ်ကို ကျစ်လစ်မူရှိတဲ့ တိုးမြင့်မူတစ်ခုပါ..။

‘ဒါက ကောင်းတယ်..’

သူ့မျက်လုံးတွေက တတိယ တစ်ခုပေါ်ကို ရောက်သွားတဲ့ အချိန်မှာတော့..သူက ပထမ ပျော်ရွှင်မူတွေ အားလုံးကို မေ့ပျောက်သွားခဲ့တယ်..။သူ့ရဲ့ မျက်လုံးတွေက အနည်းငယ် ပြူးကျယ်သွားခဲ့ပြီး..

အချက်အလက်ကို ဖတ်လိုက်တယ်..။

[ ထာဝရ ] တိုးမြင့်မူ ဖော်ပြချက် - ဝတ်ဆင်သူဟာ မသေဆုံးနိုင်ပေ

ဆန်နီ စိတ်ဝင်စားသွားခဲ့တယ်..။

‘ဘာလဲ..’

ဆိုဗန် ရဲ့ အခြေအနေကို ကိုယ်တိုင် မြင်ထားခဲ့ပြီးတာတောင်..မသေဆုံးနိုင်ဘူး ဆိုတဲ့ စကားက ကြားရတာ တကယ်ကို ကောင်းမွန်နေတုန်းပါပဲ..။

သို့ပေမယ့်..ဆန်နီဟာ ဒီလို အံ့ဩစရာကောင်းတဲ့ တိုးမြင့်မူရဲ့ အကန့်အသတ်ကို လျင်မြန်စွာပဲ နားလည်သဘော ပေါက်သွားခဲ့တယ်..။ တောင့်တမူ ချိန်း နဲ့ ထူးခြားတဲ့ စိတ်ဆန္ဒ တို့နဲ အတူညီတဲ့ အချက်က ဒီတစ်ခုက အမြဲတမ်း အဆင်သင့်ဖြစ်နေတဲ့ အရာတစ်ခုပါ..။ပြီးတော့..ဒီစွမ်းရည်ကို ထိန်းသိမ်းထားဖို့အတွက် ဆိုရင် ဝိဉာဉ် အဆီအနှစ်တွေက ပင်လယ်တစ်ခုစာလောက် လိုအပ်မယ် ဆိုတာကို သူ လောင်းရဲပါတယ်..။

ဆန်နီက နိုးထသူ တစ်ယောက်ပဲ ဖြစ်နေသေးတာကြောင့် ဒီ စွမ်းရည်ကို အသုံးပြုပြီး မသေဆုံးနိုင်တဲ့ အင်မော်တယ် အခြေအနေကို တစ်စက္ကန့်စာလောက်ပဲ ရရှိနိုင်ပါလိမ့်မယ်..။

ဒါတောင်မှ တစ်ခနလောက် မသေနိုင်တဲ့ အခြေအနေကို ရောက်သွားတာက အတော်လေးကို ကောင်းမွန်ပါတယ်..။

‘တကယ်လို့ ဦးနှောက်နဲ့ အသုံးချမယ် ဆိုရင်ပေါ့..’

ဒီတိုးမြင့်မူက သူ့အသက်ကို ဘယ်လိုတွေတောင် ကယ်တင်သွားနိုင်လဲ ဆိုတာကို ဆန်နီ အခြေအနေအများကြီး တွေးကြည့်နိုင်ပါတယ်..။သို့ပေမယ့်..ဒီအရာကို သုံးမယ်ဆိုရင် ..သူ့ရဲ့ သေဆုံးမယ့် အချိန်ကိုလည်း တစ်စက္ကန့်လောက် အထိ ရွေ့လျားထားနိုင်ပါသေးတယ်..။

ဒါက အတော်လေး အံ့ဩစရာကောင်းသလို ..အန္တရာယ်လည်း များတဲ့ အရာတစ်ခုပါ..။

ဆန်နီဟာ..အလွန်အမင်း ကျေနပ်တဲ့ အပြုံးတွေနဲ့.. မတ်တတ်ထရပ်လိုက်တယ်..။

ဂန်လောင် ဟာလည်း ဒီလိုမျိုး အထွတ်အထိပ် အဆင့် မှတ်သားမူ မျိုးကို ပိုင်ဆိုင်ဖူးခဲ့ပါတယ်..။သိုပေမယ့်..သူ့ရဲ့ ရွှေရောင် ထပ်တူညီမူက…ထာဝရ ချိန်းနဲ့ နှိုင်းယှဉ်လိုက်မယ် ဆိုရင် အမှိုက်သာသာပါပဲ..။ရဲတိုက်အရှင်ဟာ တစ်ချိန်က ပြိင်ဖက်ကင်းပြီး..ကြောက်မက်ဖွယ်ကောင်းခဲ့ပေမယ့်..အခုတော့..ဆန်နီက သူ့ကို အစောကတည်းက ကျော်တက်ပြီး နေခဲ့ပါပြီ..။သူ့ရဲ့ လက်နက်တိုက်ကလည်း ဒီအတိုင်းပါပဲ..။

…ဒီခံစားချက်က အတော်လေး ထူးဆန်းတယ်..။

ဆန်နီ သက်ပြင်းတစ်ချက်ချလိုက်ပြီး..သွေးတွေစိုရွှဲနေတဲ့ ရုပ်သေးဆရာဝတ်ရုံတော်ကို ရုတ်သိမ်းလိုက်ကာ..ထာဝရ ချိန်း ကြိုးကို..ထုတ်ဖော်လိုက်တယ်..။

ချက်ချင်းဆိုသလိုပဲ..ကျစ်လစ်တဲ့ သတ္တုအကာအကွယ် တစ်ခုက ဘာမှ မရှိတဲ့သူ့ရဲ့ ခန္တာကိုယ် ဝန်းကျင်ကနေ ထွက်ပေါ်လာခဲ့ပါတယ်..။ဒီအရာကို မှိန်ဖျော့တဲ့ သံမဏိပြားတွေကနေ ပြုလုပ်ထားခဲ့တယ်..။သူက ကောင်းကင် ချိန်းကြိုးတွေကနေ ပြုလုပ်ထားတယ်လို့တောင် ထင်ရပါတယ်..။

အကာအကွယ်က သူ့ ခန္တာကိုယ် တစ်ခုလုံးကို ဖုံးအုပ်သွားတဲ့ အချိန်မှာတော့..သံချပ်ကာပြားတွေရဲ့ ကြားထဲက သေးငယ်တဲ့ နေရာလွတ်တွေကြားထဲမှဦ..ပါးလွှာပေမယ့် မယုံနိုင်စရာကောင်းလောက်အောင် ခိုင်မာတဲ နောက်ထပ် တစ်ထပ် ရှိနေသေးတာကို မြင်လိုက်ရပါတယ်..။သူ့ မျက်နှာက..ပုံသဏ္ဌာန်ကင်းမဲ့တဲ့ ခေါင်းစွပ်ရဲ့ အနောက်ဖက်ကို ရောက်သွားခဲ့တယ်..။မျက်နှာဖုံးပေါ်က..ဖြတ်တောက်ထားတဲ့ ဒေါင်လိုက်မျဉ်းကြောင်းတွေကနေ..သူက ကောင်းမွန်တဲ့ အမြင်အာရုံကို ရရှိနေခဲ့ပါတယ်..။

အရိပ်တွေက..ခေါင်းစွပ်ရဲ့ အပေါက်နေရမှာ ခိုနားနေကြကာ..နက်မှောင်ပြီး..နိမိတ်မကောင်းတဲ့..ပုံပန်းသဏ္ဌာန်ကို ပေးစွမ်းထားခဲ့ပါတယ်..။

သူ့ရဲ့ ခါး မှာတော့ ..အနက်ရောင် အဝတ်စအတစ်ခုကို ချည်နှောင်ထားခဲ့ပြီး ဖက်ရှင်ကျတဲ့ အနက်ရောင် လည်သာ ခါးပတ် တစ်ခုနဲ့ ပတ်ထားခဲ့တယ်..။အလားတူစွာပဲ..သူ့ရဲ့ လည်ပင်းနဲ့ ခေါင်း ကို ကာကွယ်ပေးမယ့် အကာအကွယ်တစ်ခုလည်း ရှိနေပါသေးတယ်..။

အံ့ဩဖို့ကောင်းစွာပဲ ဒီအကာအကွယ်က..အရမ်းကြီး မလေးလံပဲ..သူ့ရဲ့ လှုပ်ရှားမူတွေကို အများကြီး မတားဆီးထားခဲ့ပေ..။ဒီဇိုင်းအနေအထားကလည်း အတော်လေးကို..ရှုပ်ထွေးပြီး..သတ္တု အကာအကွယ်တွေက သူ့ရဲ့ ခန္တာကိုယ်နဲ့ကွက်တိ ဖြစ်နေခဲ့တယ်..။တကယ်လို့ ဒီအရာကသာ မထိုးဖောက်နိုင်တဲ့ သံမဏိတစ်ခု ဖြစ်နေခဲ့ရင် သူ့ရဲ့ ဒုတိယ အရည်ပြား တစ်ခုလို့တောင် ပြောလို့ရပါတယ်..။

ဒါပေါ့..ထာဝရ ချိန်းက ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်လောက်တော့ ပေါ့ပါးနေတာမျိုး မဟုတ်ပါဘူး..။သို့ပေမယ့်..ဒီဟာကို ဝတ်ဆင်ထားရင်တောင် ဆန်နီက လွတ်လွတ်လပ်လပ် လှုပ်ရှားနေနိုင်ပါသေးတယ်..။ဒီကနေ..အသံတွေလည်း ထွက်ပေါ်မနေခဲ့ပေ..။

အပြန်အလှန်အနေနဲ့ ဒီအရာက..အကြိမ်များစွာ ကာကွယ်ပေးနိုင်ပါတယ်..။

ဆန်နီ ဟာ ရှေးဟောင်း သဘော်ရဲ့ ကုန်လှောင်ခန်းထဲမှာ မတ်တတ်ရပ်နေရင်း..သူ့ရဲ့ အထွတ်အထိပ် အဆင့် မှတ်သားမူ အသစ်ကို သဘောကျနေခဲ့တယ်..။ အကူအညီမဲ့စွာပဲ ဘယ်အရာကမှ သူ့ကို မကျော်ဖြတ်နိုင်တော့ သလို ခံစားနေခဲ့ရပါပြီ..။

‘..မင်းရဲ့ လွဲမှားနေတဲ့ အတွေးတွေကို ပြင်လိုက် အရူး..’

သူ နက်မှောင်စွာပြုံးလိုက်ပြီး..သူတောင်စင်ကို ကြည့်လိုက်တယ်..။

“ကောင်းပြီလေ…မင်းရော ဘယ်လိုထင်လဲ..’

ဒါပေါ့ တိတ်ဆိတ်တဲ့ နတ်မိစ္ဆာ က ပြန်မဖြေခဲ့ပါဘူး..။

သို့ပေမယ့်..သူ့မရဲ့ ခေါင်းစွပ် အနောက်မှာရှိနေတဲ့ ပတ္တမြားရောင် မျက်လုံးတွေက နည်းနည်းတော့..အသိအမှတ် ပြုမူတွေကို ပြသနေခဲ့တယ် ဆိုတာကို ဆန်နီ ကျိန်ပြောရဲပါတယ်..။

သူ့ အပြုံးက..ကြီးမားနေခဲ့ပေမယ့် ဖြည်းညှင်းစွာပဲ ပျောက်ကွယ်သွားခဲ့တယ်..။

‘ သံမဏိ အကာအကွယ် တစ်ခု..’

ဆန်နီ ရုတ်တရက် ပြုံးလိုက်ပြီး..ခေါင်းစွပ်ကို ချွတ်ကာ မီးစောင့်ရှောက်သူတွေ ရှိနေလောက်တဲ့ နေရာဘက်ကို လှည့်လိုက်ပါတယ်..။

ခနကြာပြီးတဲ့ နောက်မှာတော့..သူ တိတ်တဆိတ်‌ ပြောလာခဲ့တယ်..။

‘ငါ သိပြီ..’

အပိုင်း ( ၅၂၂ ) ပြီး၏။

All Chapters