← Chapters

အဆုံးမရှိအောင် ပြုလုပ်ထားခြင်း

Vol. 35 Ch. 523

အဆုံးမရှိအောင် ပြုလုပ်ထားခြင်း

Vol. 35 Ch. 523

ဝီဗာသွေးက..အဆိပ်တွေကို ဖြည်းညှင်းစွာ ဖယ်ရှားနေခဲ့ပေမယ့်..ဆန်နီကတော့..အားနည်းပြီး..ဖျားနာနေသလို ခံစားနေရတုန်းပါပဲ..။သူက သူတော်စင်ကို ရုတ်သိမ်းလိုက်ပြီး..သိုလှောင်ခန်းထဲမှာ လျောက်သွားကာ..ထာဝရချိန်း နဲ့ အသားကျဖို့ ကြိုးစားလိုက်တယ်..။ပြီးတာနဲ့..ပတ်ဝန်းကျင်မှာ စိတ်ဝင်စားဖွယ်ရာ တစ်ခုခု ရှိနေမလား ဆိုတာ ရှာဖွေကြည့်နေခဲ့ပါတယ်..။

ဉပမာအနေနဲ့..နောက်ထပ် နိုတစ်ဒဂ်ါးတွေ ပြည့်နေတဲ့ သေတ္တာလိုမျိုးပေါ့..။

စိတ်မကောင်းစရာက သူ ဒီလိုအရာကို ထပ်ပြီး မတွေ့ရတော့ပါဘူး..။ဒီ သိုလှောင်ခန်းမှာ တစ်ချိန်က..ရှေးဟောင်း ဒဂ်ါးတွေ ရတနာတွေ နဲ့ ပြည့်နှက်နေခဲ့မယ် ဆိုရင်တောင် နှစ်ပေါင်းထောင်ချီ ကြာအပြီးမှာ..နွယ်ပင်တွေ ..အညိုရောင် ရေမှော်တွေကြောင့် ပျက်စီးသွားခဲ့ကြလောက်ပါပြီ..။

သို့ပေမယ့်..သူ့ကို အံ့ဩသင့်နေစေတဲ့ အချက်က…ဒီအရောင်ဖျော့တဲ့ သံမဏိအကာအကွယ်က သူ့ရဲ့ လှုပ်ရှားမူတွေကို လုံးဝ နှောင့်နှေးစေခြင်း မရှိခဲ့တာပါ..။ဒါက တကယ်ပဲ သူ့ရဲ့ အရည်ပြားတစ်ခုလို ဖြစ်နေခဲ့တယ်..။တကယ်လို့ ဆန်နီက အရိပ်ရဲ့ အားဖြည့်မူကို အသုံးမပြုထားဘူးဆိုရင်တော့..ထာဝရ ချိန်းက သူ့အတွက် နှောင့်နှေးနေစေတာမျိုး ဖြစ်နိုင်ပါတယ်..။သို့ပေမယ့်..သူ က အရိပ်ရဲ့ အားဖြည့်မူကို အသုံးပြုထားတဲ့ အပြင် သူ့ရဲ့ အမြုတေနှစ်ခု ထဲမှာလည်း အရိပ်အပိုင်းအစ နှစ်ထောင်နီးပါးလောက်တောင် ရှိနေခဲ့ပါသေးတယ်..။

တကယ်လို့ နိုးထသူ တစ်ယောက်..အထွတ်အထိပ်အဆင့် အကာအကွယ်တစ်ခုကို သက်သောင့်သက်သာ နဲ့ မဝတ်ဆင်နိုင်လောက်ဘူး ဆိုရင်တောင် ဆန်နီမှာတော့ ဒီလို ပြသနာ မရှိပါဘူး..။

‘ ကောင်းမွန်လွန်းတယ်..’

နောက်ဆုံးမှာတော့..သူက ဆိုဗန် ချန်ထားရစ်ခဲ့တဲ့ အကြွင်းအကျန်တွေ ဆီကို လျောက်လာခဲ့ပြီး ဒူးထောက်ထိုင်လိုက်တယ်..။ပြီးတဲ့ အထဲမှာ ပြာတွေထဲက..သစ်သားဓားကို ပြန်ဆွဲထုတ်လိုက်ကြပါတယ်..။

ဒါပေါ့..ဆန်နီက ဒီအရာကို မေ့မှာ မဟုတ်ပါဘူး..။

သို့ပေမယ့်..သူ့ကို စိတ်ပျက်စေတဲ့ အရာက..သူ့အနေနဲ့ ဓားရဲ့ လက်ကိုင်ရိုးကိုပဲ ကိုင်ထားမိလျက်သား ဖြစ်နေခဲ့တာပါ..။ဓားသွားကတော့..ကြေမွ ၊ ပျက်ဆီးသွားက..သစ်သားကိုယ်တိုင်ကလည်း..အသက်မရှိပဲ သေဆုံးသွားတဲ့ ပုံပါပဲ..။

ထူးဆန်းတဲ့ ဓားရဲ့ မျက်နှာပြင်အောက်ကို ကြည့်လိုက်တဲ့ အချိန်မှာတော့..ဒါကလည်း စတင် ပုပ်သိုးနေခဲ့ပါပြီ..။သူက..မှော်လှိုင်းတွေ ၊ ထူးခြားစွာ တောက်ပနေတဲ့ ဝိဉာဉ်ပင်လယ် တွေ နဲ့..အဝိုင်းပုံသဏ္ဌာန် အဆက်မပြတ်စီးဆင်းနေတဲ့ ကံတရား စမ်းကြောင်းတွေကိုလည်း မတွေ့ရပါဘူး..။

သစ်သားဓားက..အမှန်တကယ်ပဲ လုံးဝကို ပျက်ဆီးသွားခဲ့ပါပြီ..။

ဒါက..တစ်ခုတည်းသော ရည်ရွယ်ချက် အတွက် ဖန်တီးထားခဲ့သလိုတောင် ဖြစ်နေခဲ့တယ်..။သူ့ရဲ့ ရည်ရွယ်ချက်ကို အောင်မြင်အောင် ဆောင်ရွက်ပြီးတဲ့ အချိန်မှာတော့..ဒါက..ထပ်ပြီးတည်ရှိနေစရာ အကြောင်းမရှိတော့ပါဘူး..။

ဆန်နီသာ အတွေးနက်စွာ မျက်မှောင်ကျုတ်ထားခဲ့ပြီး ဓားကို ကြည့်နေခဲ့တယ်..။

သစ်သား ဓားက..အင်မော်တယ် ဆိုဗန် ကို သတ်ဖြတ်နိုင်ဖို့ တစ်ခုတည်း အတွက်ပဲ ဖန်တီးထားခဲ့တာလား..။ဒီလိုဆိုရင်..နိုတစ်မြင့်မြတ်နယ်မြေ က ဓားနဲ့ ညဘုရားကျောင်းက ဆင်စွယ်ရောင် ဓားတွေကလည်း အင်မော်တယ် သက်ရှိနှစ်ယောက်ကို သတ်ဖို့ ထားရှိထားတာ လို့ဆိုလိုတာလား..။

ရုတ်တရက် သူ ကြက်သီးထသွားခဲ့တယ်..။

ကံတရား ကြိုးမျှင်လေးတစ်ချောင်းက..သူ့ဟာသူ ကွေးကောက်ပြီး..ပြီးပြည့်စုံတဲ့ စက်ဝိုင်း ပုံစံ ဖြစ်နေခဲ့တာ..။

တကယ်လို့..သူသာ သစ်သားဓား မဖျက်ဆီးခံရခင်အချိန်တုန်းက ကြည့်ဖြစ်လိုက်မယ် ဆိုရင်..တူညီတဲ့ အရာကိုပဲ မြင်တွေ့ရလောက်နိုင်လား..။

တစ်စုံတစ်ခုကို နားလည်သဘောပေါက် သွားတဲ့ အရိပ်အယောင် တွေ သူ့ရဲ့ စိတ်ထဲမှာ ပေါ်လာခဲ့ပါတယ်..။

ဆန်နီ ဟာ တစ်နည်းနည်းနဲ့ နားလည်နေခဲ့သလို ခံစားနေခဲ့ရတယ်..။ကံတရားကြိုးမျှင်လေးက သူ့ဟာသူ ရောက်နေတာ မဟုတ်ဘူး ဆိုတာကိုတော့..ဆန်နီ သံသယဖြစ်မိပါတယ်..။

ဒီ ကြိုးလေးက ကံတရားရဲ့ နှစ်ဖက်လှ ပန်းချီကား နဲ့ ဆက်စပ်မူ ရှိနေခဲ့ပြီး..အဆုံးမရှိတဲ့ အဝိုင်းပုံစံ ဖြစ်နေခဲ့တယ်..။ဒီလို အရာမျိုးက လူတစ်ယောက်ကို အင်မော်တယ် တစ်ယောက်လို ဖြစ်လာစေနိုင်တာလား..။

“ပြီးတော့..ခြေကျင်းတွေကိုလည်း..အဆုံးမရှိအောင် ပြုလုပ်ထားခဲ့တာ..’

ဘယ်သူက ဒီလို ကြောက်မက်ဖွယ်ရာကောင်းတဲ့ အရာတစ်ခုကို ပြုလုပ်ထားခဲ့တာလဲ..။

ကောင်းပြီလေ..အဖြေကတော့ ..သိသာနေခဲ့ပြီးသားပါ..။မျှော်လင့်ချက် ရဲ့ တိုင်းပြည်ကို ဖျက်ဆီးပြီး..သူမကို ဆင်စွယ်ရောင် တာဝါမှာ ပိတ်လှောင်ထားခဲ့တဲ့ အလင်း အရှင်သခင် တဖြစ်လဲ နေ နတ်ဘုရား လွဲပြီး တစ်ခြား မရှိတော့ပေ..။ဘာပဲဖြစ်ဖြစ်..သူက မီးတောက် နဲ့ အလင်းရဲ့ နတ်ဘုရားတစ်ပါး ဖြစ်ပြီး..စိတ်အားထက်သန်မူ ၊ ဖန်တီးမူ နဲ့ ဖျက်ဆီးမူ တွေရဲ့ နတ်ဘုရား ဆိုလည်း ဟုတ်ပါတယ်..။

ဆွေးမြေ့ပြီး.. သူ့လက်ထဲမှာ ဖုန်မှုန့်အဖြစ် ပြောင်းလဲနေပြီ ဖြစ်တဲ့ အကြွင်းအကျန် သစ်သားဓားကို ဆန်နီ အကူအညီ မဲ့စွာပဲ ကျောချမ်းသွားခဲ့ပါတယ်..။

တကယ်လို့ သူခန့်မှန်းတာသာ မှန်မယ် ဆိုရင် သူက နတ်ဘုရားတစ်ပါး ဖန်တီးထားခဲ့တဲ့ လက်နက်ကို ကိုင်ဆောင်ထားခဲ့တာပါ..။

အိပ်မက်ကမ္ဘာထဲမှာ နတ်ဘုရားတွေ အကြောင်းကို စတင်သိရှိလာခဲ့ပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ်..သူက နတ်ဘုရားတွေ အားလုံးသေသွားတာနဲ့ ပတ်သက်ပြီး..ဝမ်းသာသွားခဲ့ပါတယ်..။

….

အချိန်တစ်ချို့ ကြာပြီးနောက်မှာတော့..သူက နွယ်ကပ်ပါးကောင် ပြုလုပ်ထားတဲ့ အက်ကွဲကြောင်းကနေ ခုန်တက်လိုက်ပြီး..သဘော်ရဲ့ ကိုယ်ထည်ပေါ်ကို တွယ်တက်လိုက်ပါတယ်..။ဆန်နီဟာ နာကျင်မူကြောင့် အနည်းငယ် ယိုင်းယိုင်နေခဲ့ပေမယ့်..အက်ကွဲကြောင်း ဆုံးတဲ့နေရာအထိ ဆက်လျောက်နေခဲ့တယ်..။

သဘော်က ဘေးတိုက်လဲလျောင်းနေခဲ့တာကြောင့်..သူ့ခြေထောက်အောက်မှာ နင်းနေရတဲ့..သစ်သားမျက်နှာပြင်ကတော့..မညီညာမူတွေ ရှိနေခဲ့ပါတယ်..။မလွှဲရှောင်နိုင်လောက်အောင်ပဲ..သူက ဟန်ချက်ပျက်သွားခဲ့ပြီး..အဆုံးနား ရောက်ခါနီးကြမှ အောက်ကို ပြုတ်ကျသွားခဲ့တယ်..။သူက မြေကြီးပေါ်ကို ပုံပျက်ပန်းပျက် ကျသွားခဲ့တာပါ..။

“အိုး “

ဆန်နီ အတော်ကြာအောင် အဲ့အတိုင်း ရှိနေပြီးကာမှ သက်ပြင်းချလိုက်တယ်..။ပြီးတာနဲ့ သူ့ကိုယ်သူ မြေကြီးပေါ်ကနေ ထရပ်လိုက်ကာ..မီးစောင့်ရှောက်သူတွေ နောက်ဆုံးရှိနေခဲ့တဲ့ နေရာကို လျောက်သွားလိုက်ပါတယ်..။

သဘော်ပျက်ကျွန်းရဲ့ ကုန်းမြေအခြေအနေကတော့..လုံးဝကို ပျက်ဆီးသွားခဲ့ပါပြီ..။မြေပြင်တစ်ခုလုံးက..ပြောင်းပြင်တွေ ဖြစ်နေခဲ့ပြီး..နက်ရှိုင်းတဲ့ ချိုင့်ခွက်တွေ ဖြစ်ပေါ်ကာ..ရှေးဟောင်းတိုက်ပွဲတစ်ုခကို ဆင်နွဲထားတဲ့ ပုံနဲ့ တူနေခဲ့ပါတယ်..။တစ်ချို့ ချိုင့်ခွက်တွေက ဘာမှ မရှိကြပေမယ့်..တစ်ချို့တွေကတော့..မြေကြီးကနေ ထွက်ပေါ်လာတဲ့..သေဆုံးနေတဲ့ နွယ်ပင်တွေနဲ့ အတူပဲ..ပြည့်နှက်နေခဲ့တယ်..။လေထုတစ်ခုလုံးကလည်း..ဖုန်မှုန့်‌တွေ ပြာတွေနဲ့..မီးခိုရောင် အငွေ့တွေနဲ့ ဖုံးလွှမ်းနေခဲ့တယ်..။

ဆန်နီဟာ ရက်စက်သော မြင်ကွင်းကို သူ့ရဲ့ ခန္တာကိုယ်ကို ထောက်ထားပေးမယ့် တုတ်ချောင်းအဖြစ် ပြောင်းလဲ အသုံးပြုနေခဲ့တယ်..။ဆန်နီ ရှေ့ကို ထော့နင့် ထော့နင့် နဲ့ လျောက်လာခဲ့ပြီး..မကြာခင်မှာပဲ မီးပုံတွေကို တွေ့လိုက်ရပါတယ်..။

သူ့ မျက်နှာပေါ်မှာ ဖြူဖျော့တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။

‘ကောင်းပြီလေ..မင်းက ဘာသိထားလို့လဲ..။သူတို့က တကယ်ပဲ ရှင်သန်နိုင်ခဲ့ကြတယ်..’

အမှန်တကယ်ပဲ မီးစောင့်ရှောက်သူတွေ အားလုံးက ဒီနေရာမှာ ရှိနေခဲ့ကြတာပါ..။ရလာဒ်အနေနဲ့ သူတို့က မယုံနိုင်လောက်အောင် မောပန်းပြီး..ဖွတ်ဖွတ်ညက်ညက် ကြေကာ..ဒဏ်ရာတွေ များစွာ ရရှိထားခဲ့တယ်..။

သူတို့ အားလုံးက သွေးတွေ ၊ ဖုန်မှနု့်တွေ ၊ ကြပ်ခိုးတွေ နဲ့ ညစ်ပေနေခဲ့ကြတယ်..။သူတို့ရဲ့ အကာအကွယ်ကလည်း တွန့်ကြေနေခဲ့ကြပါပြီ..။တစ်ချို့က ပင်ပန်းနွမ်းနယ်တဲ့ အမူအရာနဲ့ ထိုင်နေခဲ့ကြပြီး..တစ်ချို့က ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေခဲ့ကြတယ်..။သူတို့ရဲ့ နိမ့်ချည် မြင့်ချည်ဖြစ်နေတဲ့ ရင်ဘက်တွေကြောင့်သာ မဟုတ်ဘူးဆိုရင်..ဒီလူတွေ အားလုံးကို သေဆုံးနေကြတဲ့ လူတွေလို့ ထင်လိုက်မိမှာပါ..။တိုက်ပွဲမှာ လှံတိုတစ်ချောင်းနဲ့ ဒိုင်းတစ်ခုကို ကိုင်ဆောင်ထားတဲ့ လူငယ်လေးတစ်ယောက် တည်းသာ မားမားမတ်မတ် ရှိနေခဲ့တယ်..။သူက အဖွဲ့ရဲ့ ကုသသူ တစ်ယောက်ပါ..။သူက လှုပ်ရှားပြီး အသင်းဖော်တွေကို ကူညီနေခဲ့ပါတယ်..။

ဆန်နီ မီးပုံနှစ်ခုကြားထဲကို လျောက်သွားလိုက်ပြီး..ရက်စက်သော မြင်ကွင်းကို မှီကာ ရပ်နေခဲ့တယ်..။

သူ့ရဲံ မျက်လုံးတွေက ဝေ့ပတ်ကြည့်လိုက်ပြီး..ရွှေရောင်ဆံပင်နဲ့ မိန်းကလေး တစ်ယောက်ဆီကို ရောက်သွားတဲ့ အချိန်မှာတော့..ခနလောက် ရပ်တန့်သွားခဲ့ကာ..တစ်ဖက်ကို လှည့်သွားခဲ့ပြန်ပါတယ်..။

‘ဆန်နီ လား..’

သူက လက်မူပညာရှင် မိန်းကလေး ရှာကီ ကို ကြည့်လိုက်တယ်..။သူမက သူနဲ့ ခြေလှမ်းအနည်းငယ်လောက် ဝေးကွာတဲ့ မြေပြင်ပေါ်မှာ အနားယူနေခဲ့တာပါ..။

မိန်းကလေးက အနည်းနဲ့အများတော့..အလောင်းကောင်နဲံတောင် တူနေခဲ့တယ်..။သူမရဲ့ အကာအကွယ်က ဖျက််ဆီးခံရလု နီးပါး ဖြစ်နေပြီး..နေလောင်ထားတဲ့ အသားအရည်ပေါ်မှာ နက်ရှိုင်းတဲ့ ဒဏ်ရာဒဏ်ချက်တွေ ထွက်ပေါ်နေခဲ့ပါတယ်..။သူမရဲ့ မျက်နှာက ဖြူဖျော့နေခဲ့တယ်..။ပိုဆိုးတာက သူမရဲ့ ညာဘက်လက်က ကြေမွနေခဲ့ပြီး..တံဆောင်ဆစ်နားမှာ အစတစ်ခု စီးပေးထားခဲ့ရပါတယ်..။သူမက စိတ်ဝိဉာဉ် ခန္တာကိုယ်နဲ့ ဖြစ်တာကြောင့်..ဒီလို ဒဏ်ရာတွေက အမြဲတမ်းဖြစ်ပေါ်နေမှာ မဟုတ်ပါဘူး..။

ဘာပဲဖြစ်ဖြစ် လက်မူပညာရှင်ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ရှိနေခဲ့ပါတယ်..။

သူမက သူ့ကို ကြည့်လိုက်ပြီး အလျငိအမြန်ပြောလာခဲ့တယ်..။

“အကာအကွယ် အသစ်လား..။ကြည့်ကောင်းတယ်..’

သူမ ရယ်မောဖို့ကြိုးစားလိုက်ပေမယ့်..ရှေ့ကို ကိုင်းသွားခဲ့ပြီး သွေးတစ်ပွက် အန်လိုက်ရပါတယ်..။ကြည့်ရတာတော့..သူတို့ အားလုံးက နွယ်ကပ်ပါးကောင်ရဲ့ အဆိပ်တွေကို ခံစားနေကြရဆဲပါပဲ..။တကယ်လို့ ကုသသူက သူ့ရဲ့ စွမ်းရည်နဲ့ အစွမ်းကုန် ကုသပေးထားတယ် ဆိုရင်တော့..ချက်ချင်း ပြန်ကောင်းဦးမှာ မဟုတ်ပေ..။

တစ်ခြားလူတွေဟာလည်း..ရှာကီ ရဲ့ အသံကြောင့် သူ့ရဲ့ ရောက်ရှိလာမူကို သိသွားကြကာ..လှမ်းကြည့်လာခဲံကြတယ်..။

“ကျေးဇူးပါ ဘုရားသခင်တို့…။ဆန်နီ …မင်း အသက်ရှင်နေသေးတာပဲ..’

“မင်း တကယ် အကောင်းဆုံးလုပ်နိုင်ခဲ့တယ်..”

“ရူးသွပ်တဲ့ ခွေးကောင်လေး..နင် တကယ်လုပ်နိုင်ခဲ့တာပဲ…”

ဆန်နီ အကူညီမဲ့စွာပဲ ပြုံးလိုက်တယ်..။

“သိသာနေတာပဲလေ..။ငါက ဘာလို့ မလုပ်နိုင်ရမှာလဲ..။ဒါက ဒီတိုင်း ပျက်ပြားခြင်း အဆင့် မွန်းစတားလေးပဲ မဟုတ်ဘူးလား..”

သူ့ အပြုံးတွေက ပိုကြီးမားလာခဲ့ပြီး..

“..တကယ်တော..ငါက အဲဒီသတ္တဝါရဲ့ အနားမှာ ရှိနေတဲ့ သူတော်စင်တစ်ယော်ကိုတောင် သတ်ခဲ့လိုက်သေးတယ်..။နှစ်ယောက်စလုံးကို တစ်ချက်တည်းပဲ..။အချိန်ဖြုန်းနေစရာတောင် မလိုအပ်ဘူး..။သူတို့ကို သတ်ဖို့က တစ်မိနစ်လောက်ပဲ ကြာတယ်..”

မီးစောင့်ရှောက်သူတွေက သူ့ကို ခနလောက်ကြည့်နေရင်းနဲ့ မှ…မျက်လုံးတွေက..ဟိုဖက် ဒီဖက် လှည့်သွားခဲ့ကြတယ်..။

ရှာကီ ခေါင်းခါယမ်းလိုက်ပြီး..

“ကောင်းပြီလေ..ဆန်နီ..။နင်က ဒီလိုပြောမှတော့…။ဒါပေမယ့်..တကယ်ပြောရရင် ငါ နင့်ကို နားမလည်တော့ဘူး..။ပျက်ပြားမူ အဆင့် မွန်းစတာကို သတ်တယ်ဆိုတာကတင် တကယ်ကို မယုံနိုင်စရာ ဖြစ်နေပြီလေ..။နင်က ဘာလို့..ရယ်စရာဇာတ်လမ်းတွေ ထပ်ပြီး ဖန်တီးနေသေးတာလဲ..”

ဆန်နီဟာ..အပြစ်ကင်းတဲ့ မျက်နှာ အမူအရာနဲ့ အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်တယ်..။

“ဇာတ်လမ်းတွေ ဖန်တီးနေတယ် ဆိုတာ နင်ဘာကိုဆိုလိုတာလဲ..။ဒါက အမှန်တရားပဲလေ..။ငါက အရမ်းကို ရိုးသားတဲ့ လူတစ်ယောက်ပဲ..။တကယ်တော့..ကမ္ဘာနှစ်ခုစလုံးမှာတောင် အရိုးသားဆုံး လူတစ်ယောက်ဖြစ်လောက်တယ်..”

အပိုင်း ( ၅၂၃ ) ပြီး၏။

All Chapters