လေးဆယ့်နှစ်
Vol. 35 Ch. 524
ဆန်နီ မြေကြီးပေါ်မှာ ထိုင်ချလိုက်ပြီး အဆုံးမရှိတဲ့ စမ်းချောင်းကိုထုတ်ကာ..ရေတစ်ချို့ကို လောဘတကြီး သောက်လိုက်ပါတယ်..။သူ့ရဲ့ ဒဏ်ရာတွေက သိပ်ပြီး အခြေအနေမဆိုးတာကြောင့်…ကောင်းပြီလေ..အနည်းဆုံးတော့..မီးစောင့်ရှောက်သူတွေနဲ့စာရင် သူ့အခြေအနေက မဆိုးဝါးပါဘူး…ဒါကြောင့်..ကုသသူက သူ့အလှည့်ကို ရောက်လာဖို့အတွက် ခနလောက် စောင့်ရဦးမှာပါ..။သို့ပေမယ့်..နောက်ဆုံးမှာတော့..သူ ကုသခံရမယ့် အလှည့်က ရောက်လာခဲ့တယ်..။
ရှန် လို့ခေါ်တဲ့ ကုသသူ လူငယ်လေးက ဖြူဖျော့ပြီး မောပန်းနေခဲ့တယ်..။သူ့ရဲ့ ဝိဉာဉ်အဆီအနှစ်တွေကလည်း သိသာစွာပဲ ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့ပါပြီ..။ဒါတောင်မှ သူက ဆန်နီ..နွယ်ပင်ကို ရှောင်တိမ်းခဲ့တုန်းက ရရှိခဲ့တဲ့ အရွတ် စုတ်ပြဲမူကို..ပြန်လည်ပြင်ဆင်ပေးနိုင်ခဲ့ပါသေးတယ်..။
ဒါပေါ့..ကုသရေးစွမ်းရည်ကတော့..နစ်ဖီရဲ့..သန့်စင်တဲ့ အဖြူရောင်မီးတောက်တွေကို ယှဉ်နိုင်စွမ်းမရှိပါဘူး..။သို့ပေမယ့်..နစ်ဖီနဲ့ နှိုင်းယှဉ်ဖို့အတွက် ဆိုရင်တော့ ဘယ်သူပဲ ဖြစ်ဖြစ် အတော်လေးကို ခက်ခဲမှာပါ..။ဒီအရာကိုတော့..ဆန်နီက တစ်ခြားသူတွေထက် ပိုပြီး သိထားပါတယ်..။
သူက နက်မှောင်နေတဲ့ အမူအရာနဲ့ အချက်အလက်ဇယားကို ထုတ်ဖော်လိုက်ကာ..ရင်းနှီးတဲ့ စာသားတွေကို နာကျင်စွာ ကြည့်လိုက်ပါတယ်..။
အရိပ်အပိုင်းအစ -[ ၁၉၅၈ / ၂၀၀၀ ]
သူက နတ်မိစ္ဆာအဆင့်ကို တက်ဖို့အတွက် နောက်ထပ် အပိုင်းအစ လေးဆယ့်နှစ်ခုပဲ လိုအပ်ပါတော့တယ်..။ဒီပြောင်းလဲမူက သူ့ရဲ့ ခန္တာကိုယ်ကို သန်မာလာပြီး..အရိပ်အဆီအနှစ်သိုလှောင်မူ ပိုမို များပြားလာစေယုံတင်မကပဲ..ဆန်နီအတွက်.တတိယ အရိပ်ကိုပါ ရရှိလာစေမှာပါ..။နောက်ထပ် တန်ဖိုးမဖြတ်နိုင်တဲ့ အကူအညီတစ်ဦးကို ရလိုက်မယ် ဆိုရင် သူ့ရဲ့ စွမ်းအားတွေကလည်း..အများကြီး ပိုသန်မာလာပါလိမ့်မယ်..။သူက ဒီအရာတွေကို တစ်နေရာတည်းမှာ ထပ်ပြီး အသုံးပြုနိုင်သလို..သူ့ရဲ့ ခန္တာကိုယ် ၊ မှတ်သားမူတွေ နဲ့ သူတော်စင် ဆီမှာလည်း ဖြန့်ကျတ်ပြီး အသုံးပြုနိုင်ပါတယ်..။
သူက အပိုင်းအစ နှစ်ထောင် ပြည့်လုနီးပါးရောက်နေခဲ့ပါပြီ..။
ခုနှစ်လတည်းနဲ့ ဒီလောက် အပိုင်းအစ အများကြီး ရထားတယ် ဆိုတာက အောင်ပွဲခံနိုင်လောက်တဲ့ အောင်မြင်မူတစ်ခုပါပဲ..။အရမ်းကို နည်းပါးတဲ့ နိုးထသူတွေကပဲ သူတို့ရဲ့ အမြုတေကို အပြည့်ဖြည့်ထားနိုင်ကြတာပါ..။အဲဒီလူတွေကလည်း..သူတို့ သတ်ခဲ့တဲ့ အိပ်မက်ဆိုးသားရဲတွေရဲ့ အမြုတေတွေကို နှစ်တွေ အကြာကြီး ဖြည်းဖြည်းချင်း စုဆောင်းထားခဲ့ကြရတာပါ..။ဆယ်စုနှစ်တွေ အထိတောင် ဖြစ်နိုင်တယ်..။ပြီးတော့..ဒါကလည်း..အမြုတေ တစ်ခုတည်း အတွက်ပါ..။ဒီအတွက် ဆန်နီ ကိုယ့်ကိုုကို ဂုဏ်ယူနေသင့်ပါတယ်..။
သို့ပေမယ့် ဒီလိုဆိုရင်တောင်မှ သူက မပျော်နိုင်ခဲ့ပေ..။
အောက်ကို ဆက်ပြီး ကြည့်လိုက်တဲ့ အချိန်မှာတော့..သူက နောက်ထပ် တိုတောင်းတဲ့ စာသားတွေကို တွေ့လိုက်ရတယ်..။
သခင် - ပြောင်းလဲနေတဲ့ ကြယ်ပွင့်
သူ ဒီဟာကို ဖတ်လိုက်တာနဲ့ နောက်ထပ်စာသားတွေက ကျလာခဲ့ပါတယ်..။
အဆင့် - အိပ်စက်သူ
အမျိုးအစား - နတ်ဆိုး
ဝိဉာဉ်အမြုတေ - [ ၄ / ၇ ]
ဝိဉာဉ်အပိုင်းအစ - [ ၃၉၉ / ၄၀၀၀ ]
လွန်ခဲ့တဲ့ ခုနှစ်လတုန်းက သူတို့နှစ်ယောက်ကြားထဲက ကွာဟမူဟာ..ငါးထောင်နီးပါးအထိကို ရောက်သွားခဲ့ပါတယ်..။ဒီနေ့မှာတော့..အနည်းငယ် ကျဉ်းမြောင်းလာခဲ့တယ်..။ဒါကလည်း..ဆန်နီ ယဇ်ပုလ္လင်ပေါ်မှာ အလဲအလှယ် လုပ်ခဲ့တဲ့ နိုတစ် ဒဂ်ါးတွေရဲ့ ကျေးဇူးကြောင့်ပါ..။အမှန်တရားကတော့..ဆန်နီဟာ သူတို့နှစ်ယောက်ကြားထဲက ကွာဟချက်ကို တဖြည်းဖြည်းချင်းလျော့ကျအောင် လုပ်နေပေမယ့်..ဒါက နောက်တစ်ကြိမ် ပြန်ပြီး..ကျယ်ပြန့်လာနေပြန်ပြီ ဆိုတာပါပဲ..။
မကြာသေးခင် အချိန်လေးမှာ..အိပ်မက်ကမ္ဘာထဲက နစ်ဖီက တစ်ခုခု ဖြစ်ခဲ့လောက်ပါတယ်..။ပြီးတော့..ရလာဒ်အနေနဲ့..သူမ ရရှိခဲ့တဲ့ ဝိဉာဉ်အပိုင်းအစ တွေက..စတင်ပြီး များပြားလာခဲ့တယ်..။ပြောင်းလဲနေတဲ့ကြယ်ပွင့်က ဘာတွေ လုပ်နေတာလဲ ၊ သူမက ဘာလို့ ရုတ်တရက် ဒီလောက် သန်မာလာတာလဲ ၊ သူမ ဘယ်လိုတောင် အသက်ရှင်အောင် နေနေနိုင်လဲ ဆိုတာ ဆန်နီ မသိနိုင်တော့ပေ..။သို့ပေမယ့်..သူက တဖြည်းဖြည်းနဲ့ နောက်မှာ နောက်တစ်ကြိမ် ကျန်နေ ခဲ့ပြန်ပြီ ဆိုတာကိုတော့..သိထားပါတယ်..။
အချက်အလက်တွေကို ပြန်သိမ်းလိုက်တဲ့ အချိန်မှာတော့..သူ အံ့ကို ကြိတ်ထားခဲ့ပြီး..သဘော်ပျက်ကျွန်းရဲ့ ပျက်ဆီးနေတဲ့ ငရဲလို ကုန်းမြေကို နက်မှောင်စွာကြည့်နေခဲ့ပါတယ်..။
‘ ငါ မျိုးစေ့ ဆီကို ရောက်အောင် သွားမှဖြစ်တော့မယ်..။ဒါက တစ်ခုတည်းသော နည်းလမ်းပဲ..’
တစ်ခြားနိုးထသူ တွေ ရဲ့ တိုးတက်နှုန်းနဲ့ နှိုင်းယှဉ်လိုက်မယ် ဆိုရင် ဆန်နီ က မွန်းစတား တစ်ကောင်လိုပါပဲ..။သို့ပေမယ့်..နစ်ဖီ…နစ်ဖီက လူသားတစ်ယောက်တောင် မဟုတ်တော့ပေ..။သူမက နတ်ဆိုး တစ်ယောက်တောင် ဖြစ်နေခဲ့ပါပြီ..။သူမကို ကျော်တက်နိုင်ဖို့ သူ ဘာထပ်ပြီး လုပ်ရမလဲ ဆိုတာကိုတောင် မသိတော့ပါဘူး..။
ပိုပြီး သန်မာလာဖို့အတွက်..။
…သူ့ရဲ့ လေးလံတဲ့ အတွေးတွေကို ပေါ့ပါးတဲ့ ခြေလှမ်းတွေရဲ့ အသံက ကြားဖြတ်ဝင်လာခဲ့တယ်..။ဆန်နီ မော့ကြည့်လိုက်တဲ့ အချိန်မှာတော့..ကတ်စီက သူ့ဆီကို ဖြည်းညှင်းစွာ လျောက်လာနေတာကို တွေ့လိုက်ရပါတယ်..။
‘ကောငး်တယ်….ငါလိုနေတာ အဲတာပဲ..’
သူမက ခြေလှမ်းအနည်းငယ် အကွာမှာ ရပ်လိုက်ပြီး..ခေါင်းကို အနည်းငယ် အောက်ငုံ့လိုက်တယ်..။
“နင် အဆင်ပြေရဲ့လား..”
ဆန်နီ မျက်နှာရှုံ့မဲ့သွားပြီး အဝေးကို ကြည့်လိုက်ပါတယ်..။
‘ဘာတွေ ဂရုစိုက်ပြနေတာလဲ..’
“ငါ အသက်ရှင်နေသေးတာပဲ..”
သူက မျက်နှာ သုန်မုန်နေခဲ့ပြီး..အနည်းငယ် စူးရှတဲ့ အသံနဲ့ ထပ်ပြောလိုက်တယ်..။
“စကားမစပ် နင့်ရဲ့ အချက်အလက်တွေက မှားနေတာပဲ..။အဲဒီအရာက မီးကို အားနည်းချက် မဟုတ်ဘူး..”
သူမက အနည်းငယ် စိတ်ဝင်စားသွားခဲ့တယ်..။
“ဒါဆို နင် အဲတာကို ဘယ်လိုသတ်ခဲ့တာလဲ..”
ဆန်နီ ပြုံးလိုက်ပြီး..
“..သစ်သား အပိုင်းအစ တစ်ခုနဲ့..”
ကတ်စီ အတော်ကြေအာင် တိတ်ဆိတ်နေပြီး သူ့ကို ဆက်ပြောဖို့အတွက် တွန်းအားပေးနေခဲ့ပါတယ်..။
“ဒီတော့..အခု ဘာလုပ်မှာလဲ..”
သူမ သက်ပြင်းချလိုက်ပြီး..အဝေးမှာရှိတဲ့ အပျက်အဆီးတွေ ဖက်ကို လှည့်လိုက်တယ်..။
“ငါတို့အားလုံးက ပင်ပန်းပြီး ဒဏ်ရာတွေ ရထားကြတယ်..။ပြီးတော့..ဖိနိုပ်မူကလည်း နီးကပ်လာနေပြီလေ..။ငါတို့ ခံတပ်ကို ပြန်ပြီး..အနားယူတာ အဖွဲ့ပြန်ဖွဲ့တာတွေ လုပ်ကြမယ်..။ပြီးတာနဲ့..စခန်းနှစ်ခု ချဖို့အတွက် ဒီနေရာကို ပြန်လာကြမယ်..။တစ်ခုက ဒီမှာ နောက်တစ်ခုက..အနီးအနားက ကျွန်းမှာ…။ဒါဆိုရင် ငါတို့က သဘော်ကို ပြန်ပြင်လို့ ရပြီ..”
သူ ခေါင်းညိမ့်လိုက်တယ်..။
“အစီအစဉ်ကောင်းလို့ ထင်တာပဲ..။ဒါပေမဲ့ နင်က အဲဒီအရာကို တကယ်ပဲ လေပေါ်ကို နောက်တစ်ကြိမ်ပျံအောင် လုပ်နိုင်တာလား..”
မျက်မမြင်မိန်းကလေးက တွေဝေသွားခဲ့တယ်..။နောက်ဆုံးမှာတော့..သူမက ခံစားချက် မပါတဲ့ လေသံနဲ့ ပြောလာခဲ့ပါတယ်..။
“အနည်းဆုံးတော့ ငါတို့ ကြိုးစားကြရမှာပေါ့..”
ဆန်နီ ရှေးဟောင်း သဘော်ရဲ့ အရိပ်ကိုလေ့လာကြည့်လိုက်တယ်..။သူ့ရဲ့ ကိုယ်ထည်က အကိုင်းအခတ်တွေ ပြည့်နှက်နေပြီး..သူ့ရဲ့ ဦးပိုင်းက ကျိုးပဲ ပျက်ဆီးနေခဲ့တယ်..။သူ့ရဲ့ ကုန်းပတ်ဝန်းကျင်မှာ သစ်ပင်တွေ ပေါက်နေခဲ့ပြီး..သေဆုံးနေတဲ့ အနက်ရောင် အရိုးစုတွေနဲ့ ဆင်တူနေကြပါတယ်..။
“ဒါက ဘယ်လောက် ကြာမယ်လို့ နင်ထင်လဲ..”
ကတ်စီ တွေဝေ သွားခဲ့ပြီး..
“နှစ်လ ..သုံးလလောက် ဖြစ်နိုင်တာပဲ..။ငါတို့က ဆောင်ဦးမတိုင်ခင်မှာ ပြီးကြလိမ့်မယ်..။အဲတာက နင်သိချင်နေတဲ့ အရာမလား..”
သူ ရယ်မောလိုက်တယ်..။
“ဒါဆို နင်က ငါတို့ရဲ့ အပေးအယူကို မှတ်မိသေးတယ်ပေါ့..ကောင်းတယ်..”
သူမ မျက်မှောင် ကျုတ်လိုက်ပြီး..
“ဒါပေါ့ ငါ မှတ်မိတာပေါ့..”
ဆန်နီ မြေကြီးပေါ်ကို ကြည့်လိုက်ပြီး သူမကို အေးစက်စွာ မေးလိုက်တယ်..။
“ဒါဆို ငါတို့က ည ဘုရားကျောင်းကို ဘယ်တော့လောက် သွားမှာလဲ..”
ကတ်စီ ခနလောက်တွေဝေ သွားခဲ့ပြီး..သူမရဲ့ မျက်နှာပေါ်မှာ အခက်တွေ့တဲ့ အမူအရာ ပေါ်လာခဲ့ပါတယ်..။နောက်ဆုံးမှာတော့ သူမက ပြောလာခဲ့တယ်..။
“နင်က ဘယ်အချိန်သွားချင်တာလဲ..”
ဆန်နီ စဉ်းစားကြည့်လိုက်တယ်..။သူလည်း လုပ်စရာတစ်ချို့ ရှိနေခဲ့ပါသေးတယ်..။
အတော်ကြာပြီးကာမှ သူ ပုခုံးတွန့်လိုက်ပြီး..
“စက်တင်ဘာ လကုန်လောက်ပေါ့..။အဲ့အချိန်ဆိုရင် အားလုံးက အဆင်သင့်ဖြစ်နေလောက်ပြီ..။ငါတို့ ချိန်းကျွန်းစု ရဲ့ မြောက်ဘက်ကို သွားပြီး ပြန်လာတဲ့ ခရီးက သိပ်ပြီး မကြာလောက်ဘူး..။နင့်ရဲ့ သဘော်က လေပေါ်ပျံသန်းနိုင်တဲ့ အချိန် ကွက်တိလောက်ကို ..ပြန်လာကြည့်နိုင်လောက်မှာပါ..။ပြီးတော့..အိပ်မက်ဆိုး မျိုးစေ့ ဆီကို ဆက်သွားကြတာပေါ့..”
သူ ခနလောက်တွေဝေ ပြီးကာမှ..မေးလိုက်တယ်..။
“နင့်ကြည့်ရတာ ဘာလို့ အခက်တွေ့တဲ့ ပုံစံဖြစ်နေတာလဲ..”
ကတ်စီ ဖြည်းညှင်းစွာ ခေါင်းခါယမ်းလိုက်ပြီး..
“ဘာမှ မဟုတ်ဘူး..။ည ဘုရားကျောင်း..အဲဒါက အတော်ကို ထူးဆန်းတဲ့ နေတာပဲ..”
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။
‘ အဲတာက ဘာကိုဆိုလိုတာလဲ..’
“ဘယ်လိုမျိုးလဲ..”
သူမ ကျောချမ်းသွာခဲ့တယ်..။
“ငါ..နင့်ကို နောက်မှပဲ ရှင်းပြမယ်..။အခုတော့..ငါတို့ သွားဖို့ လိုနေပြီ..။ဒီကျွန်းက တက်ရောက်မူ အခြေအနေကို ရောက်လာတော့မှာ..”
ဒါက..ဖိနိပ်မူတွေ ရောက်လာဖို့ သိပ်မကြာတော့ဘူး လို့ ဆိုလိုတာပါ..။
ဆန်နီ သက်ပြင်းချပြီး.မတ်တတ်ထရပ်လိုက်တယ်..။အနည်းဆုံးတော့..သူက ထော့နင့် ထော့နင့် နဲ့ လမ်းလျောက်စရာ မလိုအပ်တော့ပါဘူး..။
ကတ်စီက ဘာလို့ ချိန်းကျွန်းစု ရဲ့ ဒုတိယ လူသားခံတပ်ကို ထူးဆန်းတဲ့ နေရာလို့ ပြောတာလဲ ဆိုတာကတော့..သူ ဒီအဖြေကို စောင့်နိုင်ပါသေးတယ်..။ဘာပဲဖြစ်ဖြစ် သူက အဲဒီအဖြေကို အခုလိုအပ်နေတာ မဟုတ်ပေ..။
အနည်းဆုံးတော့..လိုအပ်တာတဲ့အချိန်ဆိုရင် ဆန်နီက စိတ်ရှည်တဲ့ လူတစ်ယောက်ပါ..။ပြီးတော့..သူ့စိတ်ထဲမှာလည်း တစ်ခြားတစ်ခုခုက ရှိနေခဲ့ပါသေးတယ်..။
“အရိပ်အပိုင်းအစ လေးဆယ့်နှစ်ခု …အဲတာက သိပ်တော့ မများဘူး..’
သူက တောင်ဘက်နဲ့ ရှေ့ဘက်ကို အနည်းငယ် ကြည့်လိုက်ပြီး ရက်စက်သောြမင်ကွင်းကို ဆုပ်ကိုင်ထားခဲ့တယ်..။ပြီးတာနဲ့ မိုးကုတ်စက်ဝန်းကို နက်မှောင်တဲ့ အမူအရာနဲ့ ကြည့်လိုက်ပါတယ်..။
“…ခံတပ်ကို ပြန်မရောက်ခင်မှာ..ငါက နတ်မိစ္ဆာတစ်ကောင် ဖြစ်လာရမယ်..”
အပိုင်း ( ၅၂၄ ) ပြီး၏။