အငြိုးကြီးသော တစ္ဆေများ
Vol. 35 Ch. 525
ခြောက်ရက်ကြာပြီးတဲ့ နောက်မှာတော့..အဖွဲ့သားတွေဟာ..ခံတပ်ရဲ့ လုံခြုံတဲ့ နေရာနားကို ရောက်လာခဲ့ကြပါတယ်..။မီးစောင့်ရှောက်သူတွေက ဆိုးဆိုးဝါးဝါး ဒဏ်ရာရထားခဲ့တာကြောင့် သူတို့..သွားလာတဲ့ အမြန်နှုန်းက အတော်လေးကို လျော့ကျသွားခဲ့ပါတယ်..။ဒီတော့..အားလုံးကို ခြုံငုံပြီး စဉ်းစားကြည့်လိုက်လို့ ရှိရင် ဒါက တကယ်ကို ကောင်းမွန်တဲ့ ရလာဒ်တစ်ခုပါ..။
ရက်တွေ ကုန်ဆုံးသွားတာနဲ့အမျှ သူတို့ရဲ့ ကုသသူက အဖွဲ့သားတွေကို ဆက်လက်ကုသပေးနေခဲ့တာကြောင့်..အခုဆိုရင်..ရှက်ကီလို အတွင်းဒဏ်ရာရထားတဲ့ လူကလွဲပြီး အားလုံးက ပြန်ကောင်းမွန်လာကြပါပြီ..။ဒီလူတွေအားလုံးက အစစ်အမှန်ကမ္ဘာကို ပြန်သွားကြပြီး..ဒီကို ပြန်လာကြတဲ့ အချိန်မှသာ အမှန်တကယ် ပြန်ကောင်းသွားကြမှာပါ..။ဒီလိုဆိုရင်တောင်မှ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ ကို ခံစားကြရဦးမှာြဖစ်ပြီး..အချိန်အတော်ကြာအောင် ကုသမူ ခံယူဖို့လိုအပ်ပါလိမ့်မယ်..။
နေလုံးက အောက်ဘက်ကောင်းကင် ထဲကို တိုးဝင်ပျောက်ကွယ်သွားတာနဲ့ တစ်ပြိုင်နက် အဖွဲ့သားတွေက..စိတ်မပါ လက်မပါနဲ့..စခန်းချလိုက်ကြရပါတယ်..။သူတို့ အခုရောက်နေတဲ့ နေရာနဲ့ဆိုရင် ခံတပ်ဆီကို ပြန်ရောက်ဖို့အတွက်က လက်တစ်ဆုပ်စာ ကျွန်းအရေအတွက် လောက်ပဲ ကျန်နေတော့တာပါ..။သို့ပေမယ့်..တစ်ချို့ကျွန်းတွေမှာ..အရမ်းကို အန္တရာယ်များတဲ့ အိပ်မက်ဆိုးသားရဲ တွေ ရှိကြပြီး..သူတို့ ကျတ်စားနေတဲ့ နေရာကို သွားဖို့က ခက်ခဲလှပါတယ်..။ဒီတော့..မီးစောင့်ရှောက်သူတွေက..တစ်ခြားလမ်းလွှဲတစ်ခုက နေ သွားကြရပါလိမ့်မယ်..။
အမှောင်ထုထဲမှာ..သွားလာတာက အရမ်းကို စွန်းစားလွန်းရာ ကျတာကြောင့်..သူတို့မှာ ရွေးစရာမရှိပဲ..တောထဲမှာ နောက်ထပ် တစ်ညကို ကုန်ဆုံးရပြန်ပါတော့မယ်..။သူတို့က မနက်ဖြန်ကျမှ ခရီးဆက်ကြမှာပါ..။
ဆန်နီ ဒါကို စိတ်မရှိခဲ့ပေ..။
လူတိုင်းက အိပ်ပျော်သွားတဲ့ အချိန်မှာတော့..သူက တိတ်တဆိတ်ပဲ အရိပ်အဖြစ် ပြောင်းလဲသွားခဲ့တယ်..။ပြီးတာနဲ့ ကင်းသမားတွေ မမြင်အောင် ဂရုစိုက်ပြီး ထွက်လာခဲ့လိုက်ပါတယ်..။ညအချိန်ရဲ့ အမှောင်ထုက သူတို့အတွက် အနည်းငယ် ချိန်ခြောက်မူ ရှိပေမယ့်..သူ့အတွက်တော့..တကယ်ကို မိတ်ဆွေတစ်ဦးပါပဲ..။
ဆန်နီ အတွက်ကတော့..အခုချိန်က အမဲလိုက်ရမယ့် အချိန်ပါ..။
ဆန်နီက ပြီးခဲ့တဲ့ ငါး ည စလုံး ချိန်းစုပေါ်က သေစေနိုင်တဲ့နေရာတွေကို တစ်ယောက်တည်းသွားခဲ့ပြီးတော့..ဒီနေရာကလည်း ချွတ်ယွင်းချက်တစ်ခု မဟုတ်ပါဘူး။.
ဒီအတော်အတွင်းမှာ ဆန်နီက တစ်ခြားလူတွေထက် ပိုစွန့်စားထားခဲ့တယ်..။ပြီးတာနဲ့ သူက လေ့လာထားတဲ့ အိပ်မက်ဆိုးသားရဲတွေကို စိန်ခေါ်ခဲ့ပါတယ်..။ပြီးတော…သူဘာမှ မသိထားတဲ့ အိပ်မက်ဆိုးသားရဲ့တွေ ရောပါပဲ..။နောက်ဆုံးတစ်ကောင်ကို သတ်ရတာက အန္တရာယ်များတယ် ဆိုပေမယ့်.. သူတော်စင်ရဲ့ အကူအညီပါ ရှိနေတာကြောင့်..သူက ဘာဒဏ်ရာမှ မရှိပဲ ပြန်ထွက်လို့ ရနိုင်ပါတယ်..။
ဆန်နီ ထိခိုက်ဒဏ်ရာ ရမယ့်အချိန်တိုင်းမှာ..ထာဝရ ချိန်းက တားဆီးပေးထားတာကြောင့်..အကာအကွယ်ကလည်း ဒီအောင်မြင်မူမှာ အရေးကြီးတဲ့ အခန်းကဏ္ဌကနေ ပါဝင်နေတယ် လို့ ပြောရမှာပါ..။သူ့ရဲ့ အကာအကွယ်အသစ် ရဲ့ သံမဏိကို ကျော်လွန်ပြီးတော့..ဘယ်အရာကမှ ထိုးဖောက်နိုင်စွမ်း မရှိသေးပေ..။
..ဆန်နီ ကောင်းကင်ချိန်းကြိုးတစ်လျောက် သွားနေရင်းနဲ့..အနီးအနားက ကျွန်းတစ်ခုကို ချည်းကပ်သွားပြီး..ကောင်းကင်ပေါ်ကို ထိုးတက်သွားခဲ့ကာ..မြေကြီးပေါ်ကို ပြန်ဆင်းသက်လာခဲပါတယ်…။ရက်စက်သော မြင်ကွင်းရဲ့ ငွေရောင်ဓားက တောက်ပနေခဲ့တယ်..။ဒါက သူ့ လက်ထဲမှာ ကြယ်အလင်းရောင်တွေ ထွက်ပေါ်နေသလိုပါပဲ..။ဆန်နီ အောက်ကို ခြေချပြီးသွားတာနဲ့ ရှေ့ကို သုန်မုန်နေတဲ့ အမူအရာနဲ့ လမ်းလျောက်သွားခဲ့လိုက်တယ်..။
သူ အခုရောက်လာတဲ့ ကျွန်းက..ဆင်းသက်မူ အဆင့်ကို ရောက်နေခဲ့တာပါ..။..ဒါတောင်မှ သူ့အနေနဲ့ ဖိနိပ်မူ ဒဏ်ကို ခံစားရဖို့အတွက် လုံလောက်နေခဲ့ပါသေးတယ်..။သို့ပေမယ့် ဆန်နီ ဒါကို ဂရုမစိုက်ပါဘူး..။ဒီနေ့ညမှာတော့..သူ့ကို ဘယ်အရာကမှ ရပ်တန့်နိုင်တော့မှာ မဟုတ်ပေ..။
သူက သူ့ရဲ့ အမြုတေတွေ ပြည့်ဝဖို့အတွက် ခြေတစ်လှမ်းပဲ လိုအပ်တော့တာပါ..။
ဆန်နီဟာ ရှည်လျား ၊ ချွန်ထက် တဲ့ ကျောက်တုံးတွေ ကြားထဲမှာ လမ်းလျောက်ရင်း..ကျွန်းရဲ့ အလယ်မှာရှိနေတဲ့ ကြီးမားတဲ့ အပျက်အဆီး ကြီးတစ်ခုဆီကို ချည်းကပ်လာခဲ့တယ်..။သူက ဒီနေရာကို အရင်က လာဖူးပြီး စူးစမ်းရှာဖွေမူတွေ လုပ်ဖူးထားတာကြောင့်…ရှေးဟောင်း အဆောက်အဦးထဲမှာ ဘယ်လို သတ္တဝါတွေ နေကြသလဲ..ဆိုတာကို သိထားပြီးသားပါ..။
အပျက်အစီးတွေက တစ်ချိန်တုန်းက လှပကောင်း လှပနိုင်ကြပေမယ့်..အခုတော့..ပုံပျက်ပြီး..ချို့ယွင်းနေခဲ့ကြပါတယ်..။သူ့ရဲ့ နံရံတွေမှာ အက်ကွဲကြောင်းတွေ အများကြီး ရှိနေခဲ့ပြီး ပြိုကျလုနီးပါး ဖြစ်နေခဲ့တယ်...။ဒီအရာကြီးကို ဘာအတွက် တည်ဆောက်ထားတာလဲ..ဘယ်လိုပျက်စီးသွားခဲ့တာလဲ ဆိုတာကိုတော့..ဆန်နီလည်း မသိပါဘူး..။သို့ပေမယ့်..လွန်ခဲ့တဲ့ လတော်တော်များများ တုန်းက..ဒီအပျက်အစီးထဲမှာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ဟန် တူပါတယ်..။
ပျက်ဆီးနေတဲ့ အဆောက်အဦးကြီးရဲ့ အလယ်ခန်းမက ဒီအရာအတွက် သက်သေပါပဲ..။အဲဒီမှာတော့..ကျောက်တုံးတွေက ထိခိုက်ထားကြပြီး..အရည်ပျော်ကျထားတဲ့ ဖယောင်းခဲတွေလို ဖြစ်နေခဲ့ကြတယ်..။သူ့ရဲ့ နံရံတွေကလည်း အပြင်ကို ကျွံထွက်နေတာကြောင့်..အထဲကနေ အားပြင်းတဲ့ အရာတစ်ခုခုက တိုက်မိထားခဲ့တာသေချာပါတယ်..။
ဘာပဲဖြစ်ဖြစ် သူက ဒီအပျက်အစီးတွေထဲမှာ နေထိုင်ကြတဲ့ သတ္တဝါတွေနဲ့ တိုက်ခိုက်ဖူး ပြီးသားပါ..။ဒီ ကျောက်ချွန် ကျွန်းမှာ အိပ်မက်ဆိုး သားရဲ နှစ်မျိုး နေထိုင်ကြပါတယ်..။ပထမ တစ်မျိုးကတော့..နိုးထမူအဆင့်တွေ ဖြစ်ပြီး..ကျောက်တုံး ရုပ်ထုတွေနဲ့ ဆင်တူကြတယ်..။သူတို့က ကျွန်းရဲ့ အစွန်အဖျား မှာပဲ နေထိုင်ကြပြီး..ဆန်နီ ချိန်းကျွန်းစု ပေါ်ကို ရောက်လာခဲ့တဲ့ ပထမ လ မှာကတည်းက ဒီ သတ္တဝါ တော်တော်များများကို သတ်ထားပြီးသားပါ..။
ဒီသားရဲတွေက အပျက်အစီးတွေ ရဲ့ အနားကို ဘယ်တော့မှ မသွားကြပါဘူး..။ဘာလို့လဲဆိုတော့..ရှေးဟောင်း အဆောက်အဦး ထဲမှာ..သူတို့ထက် အဆများစွာ ပိုသန်မာတဲ့ သတ္တဝါတွေ နေထိုင်ကြလို့ပါ..။သူတို့က ကျရှုံးမူ အဆင့်တွေ ဖြစ်ကြပြီး..အရမ်းကို လှပတဲ့ တစ္ဆေတွေ ဆိုလည်း ဟုတ်ပါတယ်..။သူတို့ရဲ့ ကြောက်မက်ဖွယ် လှပမူ အောက်မှာတော့..ကျယ်ပြောလှတဲ့ ရူးသွပ်မူတွေ ၊ နတ်ဆိုးဆန်မူတွေ နဲ့ သွေးဆာမူတွေကို ဖုံးကွယ်ထားခဲ့ကြတယ်..။ဆန်နီ ဒီတစ္ဆေတွေ နဲ့ ပထမဆုံး စတင်တွေ့ရှိခဲ့တုန်းက..အသက်ရှင်အောင် မနည်း ထွက်ပြေး ခဲ့ရတာပါ..။
ကံကောင်းချင်တော့..ဒီတစ္ဆေတွေက..ညဘက်မှာပဲ ပေါ်လာလေ့ ရှိကြပါတယ်..။
….ပြီးတော့..အခုသူက အတော်လေး သန်မာလာပြီ ဖြစ်ပြီး..ရက်စက်သော မြင်ကွင်းပါ ရှိနေခဲ့တာကြောင့်..သူ့အတွက် တစ္ဆေ ရန်သူတွေကို ထိုခိုက်အောင် လုပ်ဖို့ အခွင့်အရေး ရှိနေခဲ့တယ်..။ဒီညက သူတို့အတွက် နောက်ဆုံးည ဖြစ်လာတော့မှာပါ..။
ဆန်နီ ခေါင်းစွပ်ကို ထုတ်ဖော်လိုက်ပြီး..ကျဉ်းမြောင်းတဲ့ အမြင်အာရုံကြားထဲကနေ..အပျက်အဆီးတွေကို လှမ်းကြည့်လိုက်တယ်..။ပြီးတာနဲ့..ရှေးဟောငး် နံရံတွေ ရှိနေတဲ့ အမှောင်ထုထဲကို တိုးဝင်သွားခဲ့ပါတယ်..။
…………
[ သင့်ရဲ့ အရိပ်က ပိုသန်မာ လာခဲ့ပါပြီ..]
ဆန်နီဟာ ငယ်ရွယ်လှပတဲ့ အမျိုးသမီး တစ္ဆေတစ်ယောက်ကို သူ့ရဲ့ လှံတံနဲ့ ထိုးဖောက်လိုက်ပြီး နောက်ကို ပြန်ဆုတ်လိုက်တယ်..။သူမရဲ့ စစ်မှန်တဲ့ မျက်နှာကို မမြင်ရသေး သ၍ကတော့ သူမက လှပပုံပေါ်နေခဲ့ပါတယ်..။သို့ပေမယ့် သူ့မ မျက်လုံးရဲ့ နက်ရှိုင်းတဲ့ အပိုင်းထဲမှာတော့..လူသားမဆန်တဲ့ မုန်းတီးမူ ၊ လောင်ကျွမ်းနေတဲ့ ရူးသွပ်မူတွေ ၊ နက်ရှိုင်းမူတွေ တွေ့နေခဲ့ရတယ်..။
ရက်စက်သော မြင်ကွင်းရဲ့ တစ္ဆေဓား စွမ်းရည်ကို မြင့်တင်ထားခဲ့တာတောင် တစ္ဆေတွေနဲ့ တိုက်ခိုက်ရတာက သူထက်ထားတာထက် ပိုပြီး ခက်ခဲနေခဲ့ပါတယ်..။ဒါက သူတို့ရဲ့ လှုပ်ရှားမူတွေက..မြန်ဆန်ပြီး မခန့်မှန်းနိုင်တာ ၊ သူရင်းနှီးထားတဲ့ တိုက်ခိုက်ရေးပုံစံနဲ့ ကွဲထွက်နေတာကြောင့်တင် မကပဲ..သူတို့ရဲ့ တိုက်ခိုက်မူတွေကလည်း..ဝိဉာဉ်ကို ထိခိုက်စေလို့ပါ..။
တကယ်တော့..တစ္ဆေတွေရဲ့ လက်သည်းတွေက ဆန်နီ ရဲ့ အကာအကွယ်ကို လုံးဝ ကျော်လွှားနိုင်စွမ်း ရှိနေခဲ့ကြပါတယ်..။ထာဝရ ချိန်းက အဆင့်မြင့်မားမူကြောင့်..တစ်ပိုင်းတစ်စကို ကာကွယ်ပေးနိုင်နေခဲ့ပေမယ့်..တိုက်ပွဲကို လွယ်ကူသွားတဲ့ အထိတော့ မဖန်တီး ပေးနိုင်ခဲ့ပါဘူး..။ဆန်နီက အားနည်းပြီး..ဆိုးဝါးတဲ့ နာကျင်မူကို ခံစားနေခဲ့ရတယ်..။ဒါက သူ့အနေနဲ့ ကျိုးပျက်ကျိန်စာကို အချိန်အကြာကြီး အသုံးပြုထားခဲ့ရသလိုပါပဲ..။
‘ ချီးတဲ့မှပဲ…’
တစ်စုံတစ်ယောက်က အိပ်မက်ကမ္ဘာထဲမှာ ဘယ်တော့မှ မလုံခြုံဘူးဆိုတာကို ဒီအခြေအနေက သက်သေပြနေခဲ့တယ်..။အထွတ်အထိပ် အကာအကွယ်ကို ရရှိပြီးကတည်းက ဆန်နီဟာ..ကိုယ့်ကိုကို ယုံကြည်မူ လွန်ကဲ နေခဲ့တာပါ..။တစ်စုံတစ်ယောက် ဘယ်လောက်ပဲ..သန်မာနေပါစေ..တစ်ချက်ကလေး မှားယွင်းလိုက်တာနဲ့ သေဆုံးသွားနိုင်တယ် ဆိုတာကို သူက တစ်ခြားလူတွေထက်တောင် ပိုသိနေသင့်ပါတယ်..။
ဘာပဲဖြစ်ဖြစ်..စွမ်းအားတိုင်းက အားနည်းချက် ရှိစမြဲ ပါပဲ..။
သို့ပေမယ့်..သူက အခုချိန်ရောက်မှ နောက်ပြန်ဆုတ်တော့မှာ မဟုတ်ပေ..။
ကျောက်တုံးနံရံတွေ ကြားထဲမှာ နားစည်ကွဲလုမတတ် အော်ဟစ်သံတွေ ပဲ့တင်ထပ်နေပြီး..တဖြည်းဖြည်း နီးကပ်လာတဲ့ အချိန်မှာတော့..ဆန်နီ အံကိုကြိတ်လိုက်ပြီး..အချက်အလက်ကို ဖော်ထုတ်ကြည့်လိုက်တယ်..။
[ အရိပ်အပိုင်းအစ - ၁၉၉၄ / ၂၀၀၀ ]
သူ ရက်စက်သော မြင်ကွင်းကို မြှောက်ပြီး..ကြောက်မက်ဖွယ် အော်ဟစ်သံတွေ ထွက်ပေါ်လာတဲ့ ဘက်ကို အပြုံးတစ်ခုနဲ့ အတူမျက်နှာ မူလိုက်ပါတယ်..။
‘ နောက်ထပ် တစ်ခေါက်ဆိုရင် ရပြီ..’
အပိုင်း ( ၅၂၅ ) ပြီး၏။