← Chapters

မြို့ကို ဝန်းရံခြင်း

Vol. 018 Ch. 1705

မြို့ကို ဝန်းရံခြင်း

Vol. 018 Ch. 1705

ဗဟိုအင်ပါယာဘုံမှ နတ်ဘုရားမြို့သည် ရှန်ကလန်တည်ရှိရာမြို့ဖြစ်သည်။

ရှန်ကလန်တွင် ထိပ်သီးတန်ခိုးရှင်သုံးဦးရှိသည်ဟု လူသိများသည်။ သူတို့အထဲတွင် နှစ်ဦးသည် ရှန်ကလန်ကို ကာကွယ်စောင့်ရှောက်နေကြ၏။ တစ်ဦးကား လက်ရှိ ကလန်ခေါင်းဆောင်ဖြစ်ကာ နောက်တစ်ဦးသည် အကြီးအကဲချုပ် ရှန်ကျဲ့ဖြစ်သည်။

သို့သော်လည်း ဘုံသုံးထောင်တွင် ထိပ်ဆုံး၌ ရပ်တည်လျှက်ရှိသော ရှန်ကလန်သည် မကြာသေးခင်က ကဒ်ဘေးကြီးတစ်ခုကို ကြုံခဲ့ရ၏။

ထျန်းဟယ်အကြီးအကဲက သူတို့အား သွေးချောင်းစီးအောင် သတ်ဖြတ်ခဲ့ကာ ရှန်ကလန်ကို ကြီးစွာ ထိခိုက်စေခဲ့၏။

လက်ရှိတွင် ရှန်ကလန်၏ခန်းမတစ်နေရာ၌ အမျိုးသမီးငယ်တစ်ဦးသည် လေထဲတွင် လွင့်မြောနေသည်။ သူမအား ထူးဆန်းသော အစီအရင်တစ်ခုက ဝန်းရံထား၏။ သူမသည် အားနည်းကာ သနားစဖွယ်ကောင်းသော အခြေအနေ၌ ရှိနေသည်။ သူမအား မရေမတွက်နိုင်သော အလင်းတန်းများက ရစ်ပတ်ထားပြီး ထိုအရာများက သူမကို ဖြတ်တောက်လိုဟန်ရနေသည်။

ရှန်ကလန်မှ အရေးကြီးပုဂ္ဂိုလများအားလုံး ထိုနေရာတွင်ရှိနေ၏။ ရှန်ကလန်ခေါင်းဆောင်လည်း ထိုနေရာတွင်ရှိသည်။

ထိုစွမ်းအားမြင့်တန်ခိုးရှင်များအားလုံးသည် သူတို့၏ခွန်အားကို ထိုအမျိုးသမီးငယ်အပေါ်၌ အသုံးပြုနေကြသည်။

အစီအရင်၏နောက်တွင်ကား နောက်ထပ်လူသုံးဦးကို အလင်းဝင်္ကပါအစီအရင်တစ်ခုဖြင့် ဖမ်းချုပ်ထား၏။ သူတို့အားလုံးက အမျိုးသမီးငယ်ကို နီရဲသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ သူတို့ကား ရူးသွပ်မတတ် ခံစားနေကြရသော်လည်း မည်သို့မှ မတတ်နိုင်။ သူတို့အားလုံး ကြည့်ရုံသာ တတ်နိုင်၏။

သူတို့ကား ချီရွှမ်ကန်း၊ ယန်ယွင်နှင့် နန်ကျိုင်းတို့ဖြစ်ကြသည်။

မျောလွင့်နေသော အမျိုးသမီးကား ဖေးရွှီဖြစ်သည်။

သည်နေ့ရက်များတွင် ရှန်ကလန်သည် ချီရွှမ်ကန်းကို ဆေးကုပေးနေခဲ့ကြကာ သူ၏ပျက်စီးသွားသော မှတ်ဉာဏ်ကို ပြန်ရအောင် ကြိုးစားခဲ့ကြသည်။ သို့သော်လည်း ထိုမှတ်ဉာဏ်များ ပြန်မရမှီတွင်ပင် သူတို့သည် ဖေးရွှီကို တွေ့ရှိခဲ့ကြ၏။

“ဒါကို သန့်စင်ဖို့နည်းလမ်းမရှိဘူး...” ရှန်ကလန်တန်ခိုးရှင်တစ်ဦးက ပြောသည်။

“အဲဒါက သူမအထဲမှာဆိုမှတော့ တခြားနည်းလမ်း ဘယ်ရှိတော့မှာလဲ...” ရှန်ကျဲ့က ပြောသည်။

ရှန်ကလန်ခေါင်းဆောင်ကား တချိန်လုံး တိတ်ဆိတ်နေသည်။

“ကျုပ်တို့က အတင်းထုတ်ယူမှ ဖြစ်မယ်...” နောက်တစ်ယောက်က အေးစက်စွာ ပြောသည်။

ရှန်ကလန်က သူ၏စကားကို နားလည်သည်။ သူတို့က အမျိုးသမီးငယ်ကို သတ်ဖြတ်ကာ ထိုပစ္စည်းကို ထုတ်ယူမည်ဖြစ်သည်။

တခြားလူသာဆိုပါက ပြဿနာမရှိသော်လည်း သူ့ရှေ့မှ အမျိုးသမီးကား သူနှင့်သွေးသားတော်စပ်သည်။ သူမ၏အဘွားသည် ကလန်ခေါင်းဆောင်၏သမီးအရင်းဖြစ်၏။

“ခေါင်းဆောင်... ကျုပ်တို့ နတ်ဘုရားဝိညာဉ်လက်နက်ကိုလိုတယ်...” တစ်ယောက်က ပြောသည်။

မကြာသေးခင်က အဖြစ်အပျက်သည် လူတိုင်းကို သွေးပျက်စေခဲ့၏။ ထျန်းဟယ်အကြီးအကဲသည် နောက်တစ်ဆင့်ကို တက်လှမ်းသွားခြင်းက သိပ်ပြဿနာမဟုတ်သေး။ သူသည် နောက်တစ်ဆင့်ကို တက်လှမ်းသွားသည့်အပြင် နတ်ဘုရားဝိဉာဏ်လက်နက်ကို အသက်ဝင်စေပြီး အသုံးပြုနိုင်စွမ်းရှိ၏။ ၄◌င်းက ထျန်းဟယ်အကြီးအကဲကို အလွန်စွမ်းအားကြီးမားစေခဲ့သည်။

ထိုအဖြစ်က ရှန်ကလန်ကို ဖေးရွှီကိုယ်ထဲမှ ရတနာအား ပိုမိုတပ်မက်စေခဲ့၏။

ဝုန်း...

အဝေးမှ ကျယ်လောင်သောအသံတစ်ခုကို ကြားကြရသည်။ ရှန်ကလန်မှ လူတိုင်းသည် ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုကို ခံစားကြရ၏။ တန်ခိုးရှင်များအားလုံး မျက်မှောင်ကြုတ်လိုက်ကြသည်။ နောက်ထပ် ကျယ်လောင်သောအသံများ ထွက်လာသည်။ သူတို့အားလုံး အသံလာရာကို သိလိုက်ကြ၏။

ထျန်းဟယ်အကြီးအကဲသည် ရူးသွပ်သွားခဲ့ကာ သူ့ခန္ဓာကိုယ်အား မဟာလမ်းစဉ်သို့ ယဇ်ပူဇော်ခဲ့၏။ ယခု သူမသည်လည်း ရူးသွပ်စွာဖြင့် သူမကို ချုပ်နှောင်ထားသော အစီအရင်အား ပြင်းထန်စွာ တိုက်ခိုက်နေချေသည်။

ဧရာမအစီအရင်ကြီးသာ အလွန်မသန်မာခဲ့လျှင် သူမ ဖောက်ထွက်နိုင်ခဲ့ပြီးဖြစ်သည်။

“ကောင်းပြီ...” ကလန်ခေါင်းဆောင်က သဘောတူလိုက်သည်။

သူ၏စကားကိုကြားလျှင် ဖေးရွှီသည် သူမ၏ကံကြမ္မာကို နားလည်လိုက်ကာ မျက်လုံးမှ မျက်ရည်များ စီးကျလာခဲ့၏။

သူမက သေရမည်ကို မကြောက်ပေ။ သို့သော်လည်း သည်နည်းဖြင့်တော့ သူမ မသေလို။

ထို့အပြင် ရှန်ကလန်က သူမကို သတ်မည်ဆိုပါက သူမ၏အစ်ကိုများနှင့် သူမ၏အဖေသည်လည်း သေဆုံးရမည် မလွဲပေ။

မျက်ရည်များကျလာခဲ့လျှင် သူမ၏မျက်လုံးထဲကို ပုံရိပ်တစ်ခုပေါ်လာခဲ့သည်။ သူက သူမ၏မျက်လုံးများကို ကုသပေးခဲ့ကာ ထိုရတနာအား သူမ၏ခန္ဓာကိုယ်နှင့် ကောင်းမွန်စွာ ပေါင်းစပ်စေခဲ့သည်။

သူက သွေးနဂါးဘုံမှ ထွက်သွားပြီးနောက်ပိုင်း သူ့အား ပြန်တွေ့ခွင့်ရပါဦးမည်လား သူမက အမြဲမျှော်လင့်ခဲ့သည်။ သို့သော်လည်း ထိုမျှော်လင့်ချက်က ဖြစ်လာစရာမရှိတော့။

“ခေါင်းဆောင်...” အပြင်မှ အသံတစ်သံကို ကြားကြရသည်။ ကလန်ခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်ကာ ပြောသည် “ငါတို့ကို မနှောင့်ယှက်ဖို့ ပြောထားတယ်မလား...”

အပြင်မှ လူက တုန်ယင်သွားကာ ပြန်ပြောသည် “ခေါင်းဆောင်... ထိပ်သီးတန်ခိုးရှင်တွေ နတ်ဘုရားမြို့ကို ရောက်လာကြတယ်....”

ရှန်ကလန်ခေါင်းဆောင် မျက်မှောင်ကြုတ်လိုက်၏။ သည်မတိုင်ခင်က ထျန်းဟယ်အကြီးအကဲ။ ယခု တခြားလူများက ထပ်ရောက်လာသည်။

“ဘယ်သူတွေလဲ...” သူက အေးစက်စွာ မေးသည်။

“ရှောင်ကလန်၊ ယွင်ယန်ကလန်နဲ့ ဇီဝေ့ဘုံက နောက်ကလန်တစ်ခု ဖြစ်တဲ့ သောမျိုးနွယ်စု” အပြင်မှ လူက တုန်ယင်စွာ ပြောသည် “သူတို့တွေက အင်အားအများကြီးနဲ့ရောက်လာပြီတော့ ကလန်ခေါင်းဆောင်တွေကိုယ်တိုင် ဦးဆောင်လာတယ်”

ရှန်ကလန်ခေါင်းဆောင်၏အမူအရာက ပြောင်းလဲသွားသည်။ ရှန်ကလန်မှ အရေးကြီးပုဂ္ဂိုလ်များအားလုံး ထိတ်လန့်သွားကြ၏။ ပုံမှန်အတိုင်းဆိုလျှင် သူတို့က သတိထားမိမည်ဖြစ်သော်လည်း သူတို့အားလုံး ဖေးရွှီနှင့် အလုပ်များနေခဲ့ကြ၏။

ထိပ်သီးကလန်သုံးခု၏ခေါင်းဆောင်များ ရောက်လာကြသည်။ ဘာကိုဆိုလိုသနည်း။

ထျန်းဟယ်အကြီးအကဲ၏တိုက်ခိုက်မှုသည် ရှန်ကလန်ကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။ ယခု ထိုလူများက ပြဿနာရှာရန် ရောက်လာခြင်းလား။

သူတို့သည် ကောင်းကင်အာဏာစက်ဘံ၏ထိပ်သီးကလန်များဖြစ်ကြသော်လည်း ပုံမှန်အချိန်တွင် ရှန်ကလန်၏အာရုံကို ဖမ်းစားနိုင်ရန် မလွယ်ပေ။ သို့သော်လည်း လက်ရှိအချိန်ကား ကွဲပြားခြားနားသည်။

ရှန်ကလန်သည် ကြီးစွာ ထိခိုက်ထားကာ ယခု ကလန်သုံးခု ပူးပေါင်းကာ ရောက်လာ၏။ သူတို့သာ တိုက်ခိုက်ပါက ရှန်ကလန်အနေဖြင့် တားဆီးရန် ခက်ခဲပေသည်။

ဖေးရွှီကို တစ်ချက်ကြည့်ကာ ကလန်ခေါင်းဆောင်က အေးစက်စွာ ပြောသည် “ငါတို့ ဒီကိစ္စကို နောက်မှ လုပ်မယ်...”

ထို့နောက် သူက ခန်းမထဲမှ ထွက်သွားတော့သည်။

ရှန်ကလန်မှ တခြားလူများ၏မျက်နှာက နက်မှောင်သွားကြကာ ကလန်ခေါင်းဆောင်နောက်မှ လိုက်ပါသွားကြ၏။

ကလန်၏ပင်မခန်းမထဲတွင် ကလန်ခေါင်းဆောင်သည် အဝေးကို လှမ်းကြည့်၏။

မကြာခင် သူသည် အဆောက်အဦတစ်ခု၏အပေါ်မှ လူတစ်ယောက်ကို သူက တွေ့သည်။ သူကား ရှောင်ကလန်မှ ရှောင်တိန်ထျန်းဖြစ်သည်။

သူသည် နှစ်ပေါင်းများစွာကြာအောင် ပြင်ပနှင့် အဆက်အသွယ်ပြတ်နေသည်ဟု လူအများက ဆိုသည်။

ကလန်ခေါင်းဆောင်၏မျက်လုံးက တခြားနေရာများသို့ ဖြတ်သန်းသွားကာ မကြာခင် သူက နောက်ထပ်နှစ်ယောက်ကို တွေ့၏။ တစ်ယောက်ကား လွတ်လပ်ပေါ့ပါးစွာဖြင့် အေးအေးလူလူထိုင်နေကာ နောက်တစ်ယောက်က သေရည်သောက်နေသည်။ သို့သော်လည်း သူတို့ရှိနေရာနေရာသို့ မည်သူမှ အနားမကပ်ရဲပေ။ သူတို့၏အရှန်အဝါကား ကြောက်မက်ဖွယ်ကောင်းလှသည်။

သူတို့သုံးယောက်ကား နတ်ဘုရားမြို့၏ကွဲပြားခြားနားသောနေရာ၌ ရှိနေကြခြင်းဖြစ်သည်။ သူတို့သာ အတူတူရောက်လာခြင်းမဟုတ်လျှင် ရှန်ကလန်သို့ ရောက်လာခြင်းဖြစ်ကြောင်း ပြောနိုင်မည် မဟုတ်ပေ။

ရှန်ကလန်ခေါင်းဆောင်၏မျက်နှာက အေးစက်နေသည်။ သူတို့ရောက်လာခြင်းက အကြောင်းပြချက်တစ်ခုတည်းသာရှိသည်။ သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်အတွက် ရောက်လာခြင်းဖြစ်သည်။ သူတို့က ကျောင်းတော်အတွက် ရှန်ကလန်ကို တိုက်ခိုက်ရဲသလော။

ထိုအခိုက်တွင် သူက တစ်စုံတစ်ခုကို ခံစားမိသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် အဝေးမှ ပျံ့လွင့်လာနေ၏။

နတ်ဘုရားမြို့သည် ဗဟိုအင်ပါယာမြို့တွင် အကြီးမားဆုံးမြို့တစ်မြို့ဖြစ်သည်။

ယခု ဧရာမအရှိန်အဝါကြီးသည် တစ်မြို့လုံးကို လွှမ်းခြုံလာ၏။ အရှိန်အဝါသည် စစ်တပ်ကြီးတစ်ခုလုံးထံမှ ပျံ့လွင့်လာခြင်းဖြစ်၏။

မရေမတွက်နိုင်သောလူများက လှမ်းကြည့်ကြသည်။ ထိုစစ်တပ်ကြီးကား ရန်ဟောင်များဖြင့် ပြည့်နှက်နေ၏။

ထိုအထဲတွင် ကြောက်မက်ဖွယ် သားရဲများနှင့် နဂါးများပါဝင်သည်။ ဧရာမ နတ်ဆင်များပါဝင်၏။ အထူးထူးသော နတ်ငှက်များပါဝင်၏။

ရန်ဟောင်များသည် နဂါးများ၊ နတ်ဆင်များနှင့် နတ်ငှက်များကို စီးနင်းကာ ရောက်လာကြ၏။ သူတို့က နတ်ဘုရားမြို့သို့ ဆင်းသက်လာကြသည်။

သူတို့ကို လူနှစ်ဦးက ဦးဆောင်လာသည်။ တစ်ဦးကား အဘိုးအိုဖြစ်ကာ နောက်တစ်ဦးကား ဆံပင်ဖြူလူငယ်ဖြစ်၏။

“ကောင်းကင်အာဏာစက်ဘုံ...” နတ်ဘုရားမြို့မှ လူများက ခန့်မှန်းမိကြ၏။ ကောင်းကင်အာဏာစက်ကျောင်းတော်သည် မကြာခင်က အင်အားစုများ၏ပူးပေါင်းမှုဖြင့် တည်ထောင်ခဲ့သည်။ မကြာသေးခင်က ရှန်ကလန်သည် သူတို့၏အကြီးအကဲချုပ်ကို စေလွှတ်ကာ ကျောင်းတော်ကို ဖိနှိပ်ခဲ့သည်။

ယခု ကျောင်းတော်က အဘယ်ကြောင့် ရောက်လာသနည်း။

ပထမက ထျန်းဟယ်အကြီးအကဲဖြစ်ကာ ယခု ကောင်းကင်အာဏာစက်ကျောင်းတော် ရောက်လာသည်။

ရှန်ကလန်သည် မည်သည့်အချိန်က ထိုမျှ ပြဿနာများကို သယ်ဆောင်လာခဲ့သနည်း။

“အင်အားက အရမ်းများလွန်းတယ်...” တစ်ယောက်က ကောင်းကင်မှ ဧရာမလူပင်လယ်ကြီးကို ကြည့်ကာ ပြောသည်။ လူအများက သူတို့နောက်မှ လိုက်ကာ အခြေအနေကို လိုက်ပါ ကြည့်ရှုလိုကြ၏။ မှန်သည် ၊ ရန်ဟောင်အဆင့်များသာ ထိုသို့ လုပ်ရဲသည်။

အဆောင်တစ်ခုပေါ်မှ ထိပ်သီးတန်ခိုးရှင်က သူ၏သေရည်ခွက်ကို ချကာ ထရပ်သည်။ သူ့ထံမှ ကြောက်မက်ဖွယ်ရာအရှိန်အဝါသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့လွင့်သွား၏။

ယွင်ယန်ကလန်မှ တန်ခိုးရှင်နှင့် ရှောင်ကလန်မှ ရှောင်တိမ့်ထျန်းသည်လည်း ထရပ်ကာ ရှန်ကလန်ကို မျက်နှာမူသည်။

သူတို့သည် ထိပ်သီးတန်ခိုးရှင်များဖြစ်ကြသည်။

သူတို့၏အရှိန်အဝါများက ရှန်ကလန်ထက်သို့ ကျဆင်းလာ၏။

တချိန်တည်းမှာပင် ကြောက်မက်ဖွယ်ရာ စစ်တပ်ကြီး ရောက်လာခဲ့သည်။

***

All Chapters