← Chapters

အံ့ဩဖွယ်အရည်အချင်းရှိသော ညီအစ်ကိုချင်

Vol. 16 Ch. 236

အံ့ဩဖွယ်အရည်အချင်းရှိသော ညီအစ်ကိုချင်

Vol. 16 Ch. 236

"ဘာလဲ။ အဲ့ဒီလက်ရာမြောက်ကဗျာကိုလည်း ဒီသခင်လေးကပဲရေးခဲ့တာလား။" တစ်စုံတစ်ယောက်က မအံ့ဩဘဲမနေနိုင်တော့ပေ။

ချင်ဖုန်းသည် လူအုပ်၏အကြည့်ကိုခံစားလိုက်ရပြီး သူ၏မျက်နှာအမူအရာတောင့်တင်းသွားသည်။

ခုလေးတင်ပဲ သူသည် လော့ယွီနှင့်ဤလူများရှေ့တွင် ကဗျာဆရာကိုမသိကြောင်းငြင်းဆိုခဲ့သည်။ သူသည်လူတိုင်းရှေ့တွင် ကဗျာဆရာ၏ထူးခြားသောအရည်အချင်းကိုပင် ကြွားဝါခဲ့သေးသည်။

အကယ်၍သူအခုဝန်ခံလိုက်လျှင် ထိုနေရာတွင်ပင်ကိုယ့်ကိုယ်ကိုအရှက်ခွဲရာရောက်မည်မဟုတ်လော။

မဟုတ်ဘူး၊ လုံးဝမဖြစ်ဘူး၊ သူဝန်မခံနိုင်ဘူး!

"ဒါပေမဲ့ ဒီလူကဘာလို့ငါကဗျာရေးခဲ့တယ်လို့ထင်ရတာလဲ။ အားကိုးစရာတစ်ခုခုများရှိနေလို့လား။ မဟုတ်ဘူး၊ ဒါမဖြစ်နိုင်ဘူး။ ငါကဗျာရေးတုန်းက အဲ့ဒီမိန်းကလေးနဲ့မီးသွေးခေါင်းပဲရှိနေတာ။ ငါ့ရဲ့ထင်ရှားပေါ်လွင်နေတဲ့နက်ရှိုင်းတဲ့ဗဟုသုတကြောင့် ဒီလူကဒီလိုခန့်မှန်းချက်လုပ်မိတာဖြစ်ရမယ်။ သူငါ့ကိုလှည့်စားဖို့ကြိုးစားနေတာ!"

အကြောင်းစုံကိုတွေးမိပြီးနောက် ချင်ဖုန်း၏မျက်နှာသည်မပြောင်းလဲဘဲ ပြုံးကာပြန်ဖြေလိုက်သည်၊ "တောင်းပန်ပါတယ်၊ ဒါပေမဲ့အဲ့ဒီကဗျာကိုကျွန်တော်မရေးခဲ့ပါဘူး။ ညီအစ်ကိုလော့ကိုကျွန်တော်အရင်ကပြောခဲ့ဖူးပါတယ်၊ ကျွန်တော်လည်းအဲ့ဒီကဗျာဆရာကိုအလွန်လေးစားပါတယ်၊ အခွင့်အရေးရရင်အဲ့ဒီလူနဲ့အရက်တစ်ခွက်သောက်ရင်းစကားပြောချင်ပါတယ်။"

အနီးမှအစိမ်းရောင်ဝတ်လူငယ်က ခေါင်းညိတ်ကာပြောသည်၊ "မှန်ပါတယ်၊ ကျွန်တော်အဲ့ဒါကိုသက်သေခံနိုင်ပါတယ်။"

ပရိတ်သတ်ကောင်လေး ရှောင်ပိုင်ကလည်း "အဲ့ဒီကဗျာရဲ့ဟန်နဲ့ဆိုရင် သူရေးခဲ့တာဖြစ်ဖို့မဖြစ်နိုင်ပါဘူး။ ကျွန်တော့်သခင်လေးတောင်မှအဲ့လိုလက်ရာမျိုးကိုမထုတ်နိုင်လောက်ပါဘူး" ဟု ပြောလိုက်သည်။

အခြားသူများသည် ယခင်ကလူကြီးလူကောင်းနှစ်ဦး၏စကားဝိုင်းကိုပြန်အမှတ်ရကာ ခေါင်းညိတ်လိုက်ကြသည်။

ဘေးမှမီးသွေးခေါင်းတစ်ယောက်သာ အနည်းငယ်မသက်မသာဖြစ်နေသည်။

"ဒီလိုလား" ချန်းမုက မျက်ခုံးအနည်းငယ်ပင့်လိုက်ပြီး သူမ၏မျက်လုံးများတွင်လှောင်ပြောင်မှုအရိပ်အယောင်တစ်ခုရှိနေသည်။

သူမသည် ချင်ဖုန်းပတ်လည်တွင်လျှောက်သွားပြီးဖြည်းညှင်းစွာပြောလိုက်သည်၊ "ဒီကဗျာကိုကျွန်မရဲ့ရတနာလိပ်ပြာပြခန်းမှာရေးခဲ့တာပါ၊ ပြီးတော့ကဗျာဆရာကကျွန်မဆိုင်ကအကောင်းဆုံးရတနာဖြစ်တဲ့ 'တိမ်လွှာဆံထိုး' ကိုတောင်ယူသွားခဲ့သေးတယ်!"

ထိုစကားကိုကြားသော် ချင်ဖုန်း၏မျက်ဆံများအနည်းငယ်ပွင့်သွားပြီး သူ၏နှလုံးသားထဲတွင်မသက်မသာဖြစ်မှုအရိပ်အယောင်တစ်ခုပေါ်လာသည်။

သူသည်သူ့ရှေ့မှမမလေးချန်းနှင့်တူသောအနက်ရောင်ဝတ်အလှပဂေးသည် ရတနာလိပ်ပြာပြခန်း၏နောက်ကွယ်မှပိုင်ရှင်ဖြစ်လိမ့်မည်ဟု ဘယ်တုန်းကမှမမျှော်လင့်ခဲ့ပေ!

"ဟုတ်လို့လား" ချင်ဖုန်းသည် သူ၏ရပ်တည်ချက်ကိုမဖြေလျှော့သေးဘဲ အတင်းပြုံးကာပြောလိုက်သည်။

ချန်းမုက မျက်တောင်ခတ်ကာထပ်ပြောလိုက်သည်၊ "'တိမ်လွှာဆံထိုး' ကသာမန်ပစ္စည်းမဟုတ်ဘူး၊ သာမန်သိုလှောင်ပစ္စည်းတွေထဲမှာသိမ်းဆည်းလို့မရဘဲ ကိုယ်ပေါ်မှာပဲဆောင်ထားလို့ရတယ်။ မင်းနားကိုကပ်လိုက်ပြီးတဲ့နောက်မှာ ငါ 'တိမ်လွှာဆံထိုး' ရဲ့ရင်းနှီးတဲ့အငွေ့အသက်ကိုခံစားမိလိုက်သလိုပဲ။"

သူမစကားဆုံးသည်နှင့် အနက်ရောင်ဝတ်အမျိုးသမီးသည်သူမ၏လက်ညှိုးကိုကွေးလိုက်သည်။

"အိုး၊ မဟုတ်တော့ဘူး..." ချင်ဖုန်းသည် မျက်လုံးများပြူးကျယ်သွားပြီး သူ၏အဝတ်များကိုဖုံးအုပ်ရန်ကြိုးစားသော်လည်း အနည်းငယ်နောက်ကျသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောက်စိမ်းဆံထိုးသည်သူ၏ရင်ခွင်ထဲမှလျှောထွက်သွားပြီး အနက်ရောင်ဝတ်အမျိုးသမီး၏လက်ထဲသို့ရောက်သွားသည်။

"အိုး၊ ဒီကျောက်စိမ်းဆံထိုးကတကယ်လှတာပဲ" ချန်းမုက အနက်ရောင်ပဝါအောက်မှသူမ၏ပါးစပ်ကိုအုပ်ကာအံ့ဩဟန်ဆောင်လိုက်သည်။

"စည်းကမ်းတွေကိုခင်ဗျားရဲ့ရတနာလိပ်ပြာပြခန်းကသတ်မှတ်ထားတာ။ အခုခင်ဗျားကစည်းကမ်းဖောက်ပြီးဒီကျောက်စိမ်းဆံထိုးကိုပြန်ယူတော့မလို့လား။" ချင်ဖုန်းက စိုးရိမ်တကြီးတိုက်တွန်းလိုက်သည်။

"မင်းဝန်ခံပြီလား။"

"အယ်... အရေးတကြီးနဲ့ ကျွန်တော်စကားမှားသွားတယ်..." ချင်ဖုန်းသည် ပတ်ဝန်းကျင်မှရှုပ်ထွေးပြီးသဘောပေါက်သွားသောမျက်နှာထားများကိုတစ်ချက်ကြည့်လိုက်ပြီး နွေးထွေးသောအပြုံးသည်တဖြည်းဖြည်းပျောက်ကွယ်သွားသောအစိမ်းရောင်ဝတ်ရုံဝတ်လူငယ်ကိုကြည့်လိုက်သည်။ သူ၏မျက်နှာအမူအရာသည်အနည်းငယ်အကျပ်ရိုက်သွားသည်။

ချန်းမု၏ကျောက်စိမ်းကဲ့သို့နူးညံ့သောလက်ချောင်းများသည် 'တိမ်လွှာဆံထိုး' ကိုညင်သာစွာလှည့်လိုက်ပြီးနောက် ချင်ဖုန်း၏ရင်ဘတ်ပေါ်တွင်ဖိလိုက်သည်။ သူမကပြောသည်၊ "ရတနာလိပ်ပြာပြခန်းရဲ့စည်းကမ်းတွေကိုငါသတ်မှတ်ခဲ့တာပဲ၊ သဘာဝကျကျပဲငါ့စကားကိုငါမဖျက်ပါဘူး။ ဒီမှာ၊ ဒီတိမ်လွှာဆံထိုးကိုပြန်ယူ...ဒါပေမဲ့ ငါ့ကိုမျက်နှာသာတစ်ခုလောက်ပေးလို့ရမလား။"

"ဘာမျက်နှာသာလဲ" ချင်ဖုန်းသည် တိမ်လွှာဆံထိုးကိုသူ၏ရင်ခွင်ထဲသို့ထည့်လိုက်ပြီး သတိကြီးစွာကြည့်နေသည်။

ခုနကအဖြစ်အပျက်ပြီးနောက် သူသည်သူ့ရှေ့မှအမျိုးသမီးသည်အထင်သေးလို့မရသူဖြစ်ကြောင်းနားလည်သွားသည်!

"အကြောင်းရင်းအချို့ကြောင့် မင်းရေးခဲ့တဲ့ကဗျာကငါ့ရတနာလိပ်ပြာပြခန်းမှာမကျန်ခဲ့ဘူး။ မင်းငါ့အတွက်ပြန်ရေးပေးစေချင်တယ်။" ချန်းမုသည် သူမနောက်မှကျန်းယဲ့ရှင်းကိုတစ်ချက်ကြည့်ပြီးနောက်အကြည့်ကိုပြန်ရုပ်သိမ်းလိုက်သည်။

ချင်ဖုန်းသည် လူအုပ်၏တောက်ပသောအကြည့်များကိုခံစားလိုက်ရပြီး သူ၏ဦးရေပြားထုံကျင်သွားသည်။

ငါဒုတိယအကြိမ်အရှက်ကွဲရတော့မှာလား။

သူသည်မူလကငြင်းဆန်ချင်သော်လည်း တစ်ဖက်လူကထပ်ပြောသည်ကိုကြားလိုက်ရသည်၊ "မင်းရဲ့ခေါင်းစည်းကြိုးကစိတ်ဝင်စားစရာကောင်းသားပဲ။ ငါ့တူမဖေးလန်ဆီကလက်ဆောင်များလား။"

ထိုစကားကိုကြားသော် ချင်ဖုန်းသည်မျက်လုံးများပြူးကျယ်သွားသည်။ သူ့ရှေ့မှအမျိုးသမီးသည် မမလေးချန်းကိုသိသည်၊ သိရုံသာမက သူမသည်မမလေးချန်း၏အဒေါ်ဖြစ်သည်!

"ကောင်းပြီ၊ မင်းငါ့ကိုကဗျာရေးပေး၊ ငါမင်းကိုဖေးလန်ရဲ့လျှို့ဝှက်ချက်လေးတစ်ခုပြောပြမယ်၊ ဘယ်လိုလဲ။" ချန်းမုက နားနားကပ်ကာတိုးတိုးပြောလိုက်သည်၊ သူမ၏ညင်သာသောအသက်ရှုသံသည်အနက်ရောင်ပဝါကိုဖြတ်သန်းကာအမျိုးသမီးတစ်ဦး၏ရနံ့ကိုသယ်ဆောင်လာသည်။

(အရင်ရေးခဲ့သော ကန်းဖေးလန် နာမည်အား ချန်းဖေးလန် ဟု ပြောင်းလဲရေးသားပါမည်။)

"မမလေးချန်းရဲ့လျှို့ဝှက်ချက်လေး၊ ဒါကအလေးအနက်ထားရမယ့်လျှို့ဝှက်ချက်လား။" ခဏမျှအတွင်းစိတ်တိုက်ပွဲဖြစ်ပြီးနောက် ချင်ဖုန်းသည်သဘောတူခေါင်းညိတ်လိုက်သည်။

ထိုအချိန်တွင် ကျန်းယဲ့ရှင်းကစကားပြောသည်၊ "ဒီလိုဆိုရင်တော့ အထဲကိုရွှေ့ကြတာမကောင်းဘူးလား။ ကျွန်မဆီမှာအကောင်းဆုံးစာရေးကိရိယာတွေရှိတယ်။"

"ကောင်းပါပြီ။" ချင်ဖုန်းသည်သူ့နောက်မှလူများ၏အကြည့်ကိုခံနေရသည်မှာကြာပြီဖြစ်ပြီး စောစောထွက်သွားချင်နေသည်။

ဟုတ်ပါတယ်၊ အစိမ်းရောင်ဝတ်သခင်လေးလော့ယွီကိုလည်းအထဲသို့ဖိတ်ကြားခဲ့သည်။ နောက်ဆုံးတွင် သူသည်ကမဲလီယာအမည်သုံးမျိုးထက်ပို၍မှန်ကန်စွာဖြေဆိုခဲ့သောကြောင့် ပန်းများကိုဝင်ရောက်ကြည့်ရှုခံစားရန်အရည်အချင်းပြည့်မီသည်။

အဖွဲ့သည် သခင်မကျန်းနောက်သို့လိုက်ကာဥယျာဉ်ထဲသို့ဝင်သွားကြသည်။ ချင်ဖုန်းသည်အခွင့်အရေးရှာကာလော့ယွီထံချဉ်းကပ်ပြီးတောင်းပန်လိုက်သည်၊ "ညီအစ်ကိုလော့၊ တောင်းပန်ပါတယ်။ ကျွန်တော်ခင်ဗျားကိုအရင်ကဖုံးကွယ်ထားဖို့မရည်ရွယ်ပါဘူး။ ကျွန်တော်ကအမြဲတမ်းအေးအေးဆေးဆေးနေရတာကိုနေသားကျပြီးသိပ်ထင်ပေါ်တာကိုမကြိုက်လို့ပါ။"

လော့ယွီက ညင်သာသောအပြုံးဖြင့်ပြန်ဖြေသည်၊ "ကျွန်တော်နားလည်ပါတယ် ညီအစ်ကိုချင်။ တောထဲမှာထင်ပေါ်တဲ့သစ်ပင်ကလေကြောင့်လဲပြိုတတ်တာပဲလေ။"

"နောက်ဆုံးတော့ ခင်ဗျားကလည်းထူးချွန်ပြီးအံ့ဩစရာကောင်းတဲ့ပုဂ္ဂိုလ်တစ်ဦးပဲလေ။ မနာလိုမှုတွေကိုရှောင်ရှားဖို့အေးအေးဆေးဆေးနေတာကသဘာ၀ပါတယ်။" အစိမ်းရောင်ဝတ်လူငယ်ကထူးခြားသောအသံဝဲဖြင့်ပြောလိုက်သည်။

"အယ်..." ချင်ဖုန်း၏မျက်နှာအမူအရာတောင့်တင်းသွားသည်။

ဥယျာဉ်ထဲတွင် ကျန်းယဲ့ရှင်းက စာပေရတနာလေးပါးအကြောင်းပြောခဲ့သောအဆောင်တစ်ခုရှိသည်။

သူတို့အကွာအဝေးတစ်ခုလျှောက်ပြီးသောအခါ ချင်ဖုန်းသည်လက်များကိုဆုပ်ကိုင်ကာပြောလိုက်သည်၊ "ညီအစ်ကိုလော့၊ ကျွန်တော်အခုပဲခွင့်ပြုပါဦး။ အခွင့်အရေးရှိရင်နောက်တစ်ခါအရက်သောက်ဖို့ဖိတ်ပါ့မယ်၊ တောင်းပန်တဲ့အနေနဲ့ပေါ့။"

လော့ယွီက လေးစားစွာပြန်လည်အရိုအသေပေးသည်၊ "သေချာပေါက်ပေါ့၊ သေချာပေါက်ပေါ့။ ညီအစ်ကိုချင်၊ ထူးချွန်တဲ့အရည်အချင်းနဲ့ညှို့ဓာတ်ရှိတဲ့သူ၊ ကျွန်တော်တို့ပြန်တွေ့ကြတာပေါ့။"

မင်းရပ်တော့မှာမဟုတ်ဘူးလား။

အဆောင်ထဲသို့ဝင်ပြီးနောက် ဂိုဏ်းချုပ်ကျန်းသည်တစ်စုံတစ်ယောက်ကိုအဖြူရောင်စာလိပ်ပြင်ဆင်ပြီးမှင်သွေးရန်ညွှန်ကြားလိုက်သည်။

ချင်ဖုန်းသည် စုတ်တံကိုကောက်ယူပြီးအားမာန်ပါသောလက်ရေးများဖြင့် သူ၏လှပသောစကားလုံးများသည်အဖြူရောင်စာလိပ်ပေါ်တွင်ပျံ့နှံ့သွားကာလှပသောကဗျာအဖြစ်သို့ပြောင်းလဲသွားသည်။

ပန်းတစ်ရာဂိုဏ်းမှအဖွဲ့ဝင်များသည်လေးစားစွာငေးမောနေကြသော်လည်း သူတို့သေချာမကြည့်နိုင်မီမှာပင်အနက်ရောင်ဝတ်အမျိုးသမီးသည်သူမ၏ညာလက်ကိုဝှေ့ယမ်းလိုက်ရာ ကဗျာပါသောစာလိပ်သည်သိမ်းဆည်းခံလိုက်ရသည်။

ကျန်းယဲ့ရှင်းက သက်ပြင်းချသည်၊ "ဘာလို့ဒီလောက်အလျင်စလိုလုပ်နေရတာလဲ။ ငါကမင်းနဲ့မပြိုင်ပါဘူး။"

ချန်းမုက မကြားဟန်ဆောင်ကာ ပျင်းရိစွာအကြောဆန့်လိုက်သည်၊ အမှန်တကယ်ပင်စွဲဆောင်မှုရှိသောညှို့ဓာတ်ကိုထုတ်လွှတ်နေသည်။

ချင်ဖုန်းသည် အနည်းငယ်တုံ့ဆိုင်းပြီးမသိမသာအကြည့်လွှဲလိုက်သည်။

"ကောင်းပြီ၊ မင်းငါ့အတွက်ကဗျာတွေရေးပေးပြီးပြီဆိုတော့ ငါအဲ့ဒီကောင်မလေးဖေးလန်ရဲ့လျှို့ဝှက်ချက်လေးတစ်ခုကိုမင်းနဲ့မျှဝေမယ်။" ချန်းမုက လက်ညှိုးဖြင့်ခေါ်လိုက်ပြီးတစ်ဖက်လူကိုပိုမိုနီးကပ်လာရန်အချက်ပြလိုက်သည်။

ချင်ဖုန်းသည် လိုက်နာလိုက်ပြီး မမလေးချန်း၏လျှို့ဝှက်ချက်လေးကဘာဖြစ်နိုင်မလဲဟုသူ့စိတ်ထဲတွင်ဆက်လက်မှန်းဆနေသည်။

"အခွင့်အရေးရရင် အဲ့ဒီကောင်မလေးရဲ့မျက်နှာဖုံးကိုအရင်ဆုံးမကြည့်လိုက်။ သူ့ရဲ့လျှို့ဝှက်ချက်တွေအားလုံးကအောက်မှာရှိတယ်၊ သိရဲ့လား။" ချန်းမုကဤသို့ပြောပြီးနောက်ဘာမှထပ်မပြောတော့ပေ။

ဒါပဲလား။

ချင်ဖုန်း၏ပါးစပ်သည်အနည်းငယ်ဟသွားပြီးရှုပ်ထွေးမှုများဖြင့်ပြည့်နှက်နေသည်။ "အစ်မကြီး၊ တခြားဘာမှမရှိတော့ဘူးလား။"

"မရှိတော့ဘူး၊ ဒါပဲ။" ချန်းမုက ပျင်းရိစွာခုံတန်းရှည်ပေါ်တွင်ပြန်မှီလိုက်ပြီးသမ်းတောင်သမ်းလိုက်သေးသည်။

ချင်ဖုန်းသည် သူလှည့်စားခံလိုက်ရသလိုခံစားလိုက်ရသည်၊ သို့မဟုတ် ဉာဏ်ရည်ကိုစော်ကားသည့်လှည့်စားမှုဖြင့်စော်ကားခံလိုက်ရသလိုပင်။

ဖေးလန်၏လျှို့ဝှက်ချက်ကိုသိရန်သူမ၏မျက်နှာဖုံးကို မ ပါ။

သူ့ကိုဒါပြောဖို့ခင်ဗျားလိုတယ်များထင်နေလား၊ ပြီးတော့သူသာသတ္တိရှိရင် ခင်ဗျားရဲ့အကြံဉာဏ်လိုလို့လား။

အဖွဲ့သည် ဥယျာဉ်ထဲတွင်ခဏမျှစကားပြောပြီးနောက် ချင်ဖုန်းသည်ပန်းများကိုခံစားရန်အကြောင်းပြချက်ဖြင့်ထွက်ခွာသွားသည်။

သူသည်ဤခရီးကိုအနန္တဓားဂိုဏ်းမှသူ့မိန်းမကိုရှာရန်ထွက်လာခဲ့ပြီး အခုသူသည်ဤထူးချွန်သောအမျိုးသမီးနှစ်ဦးနှင့်အတူတူတစ်ခန်းတည်းတွင်တည်းခိုနေသည်။

သူသာသူတို့နှင့်အချိန်အကြာကြီးနေလျှင် သူ၏အတွေးများသည်လမ်းလွဲသွားနိုင်သည်

All Chapters