အခွင့်အလမ်း
Vol. 018 Ch. 1708
နတ်ဘုရားများက ရှန်ကလန်ကိုသုတ်သင်ရန် အမိန့်ပေးလိုက်သည်။
ရီဖူရှင်း၏ အဖြူရောင်ဆံပင်များက လေထဲတွင်လွင့်ပျံနေလေသည်။ သန့်စင်သောအလင်းရောင်က သူ၏ခန္ဓာကိုယ်မှထွက်ပေါ်နေသည်။ နတ်သင်္ကေတများက မဟာလမ်းစဥ်နှင့်အတူ လွင့်မျောနေလေသည်။
ထိုမြင်ကွင်းက တခြားလူများအား ထိတ်လန့်တုန်လှုပ်စေလေသည်။ နတ်ဘုရားများ၏ စိတ်အသိကိုဆက်ခံထားသည့် စစ်မှန်သည့်အမွေဆက်ခံသူနှင့်တူလှပေသည်။
လူအများက ထိုအဆိုနှင့်ပတ်သတ်၍ရင်းနှီးကြသည်။ နတ်ဘုရားအကြွင်းအကျန်နယ်မြေတွင် တခြားကျင့်ကြံသူများက ရီဖူရှင်းကိုမေးခွန်းထုတ်စဥ်အခါက သူသည် ထိုစကားများကိုပြောခဲ့ဖူးလေသည်။ ထိုအခါက လူအများစုက သူသည် မဖြစ်နိုင်သည့်အရာများအားလျှောက်ပြောကာ စနောက်နေခြင်းဖြစ်မည်ဟု ယုံကြည်ခဲ့ကြသည်။
သို့သော်လည်း ရီဖူရှင်း၏ခန္ဓာကိုယ်မှ ရောင်ခြည်စက်ဝိုင်းက တဖြည်းဖြည်း တောက်ပသည်ထက် တောက်ပလာလေသည်။ ထိုသည်မှာ အမှန်တကယ်ပင်စနောက်နေခဲ့ခြင်း ဟုတ်ပါ၏လော။
သူသည် မဟာအင်ပါယာနိုးထလာခြင်းကို မျက်မြင်တွေ့ခဲ့ရပြီး နတ်ဘုရားများ၏ စိတ်အသိကိုကြားခဲ့ရသည်။
ယခုအခါတွင်မူ လူအများက ရီဖူရှင်းပြောခဲ့သည်များက အမှန်များပင်ဖြစ်ကြောင်း ယုံကြည်လိုက်ရသည်။ နတ်ဘုရားအကြွင်းအကျန်နယ်မြေတွင် မဟာအင်ပါယာနိုးထလာခြင်းကို မျက်မြင်တွေ့ခဲ့ရပြီး မဟာအင်ပါယာ၏သင်ကြားပေးခြင်းကိုခံယူခဲ့ရသည်။ ထို့ကြောင့် သူလျင်မြန်စွာ တိုးတက်လာခြင်းဖြစ်သည်။ သူ့ဘေးမှလူများပင်လျှင် အက်ကြောင်းမဲ့ဝင်ရိုးများကို ဖန်တီးနိုင်ခဲ့သည်။
ရှန်ကလန်သည် နတ်ဝိညာဉ်လက်နက်များကို အမြဲတမ်းပင် ပိုင်ဆိုင်လိုခဲ့သည်။ ရီဖူရှင်းတွင်မူ သူတို့ပိုင်ဆိုင်လိုသော ထိုနတ်ဝိညာဉ်လက်နက်များနှင့် မဟာအင်ပါယာ၏အမွေအနှစ်များရှိနေနိုင်သည်။
ရှန်ဟောက်သည်လည်း ရီဖူရှင်းကိုကြည့်လိုက်သည်။ ထိုအခိုက်တွင် သူသည် နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ ကောင်းကင်နန်းတော်တွင် နောက်ဆုံးအချိန်၌ ပေါ်ထွက်လာခဲ့သော အလွန်လင်းလက်တောက်ပသည့် အလင်းရောင်ကိုသတိရမိလိုက်သည်။ ထိုအလင်းရောင်သည် လူအုပ်ကြီးအား မျက်လုံးပင်မဖွင့်နိုင်လောက်အောင် စူးရှလင်းလက်လှသည်။ သူတို့၏စိတ်အသိကိုပင် မထုတ်လွှတ်နိုင်ခဲ့ပေ။
ထိုအချိန်အတွင်းတွင် ရီဖူရှင်းက မဟာအင်ပါယာ၏ သင်ကြားပေးမှုကိုရရှိခဲ့ခြင်းပေလား...
ရီဖူရှင်းက နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ အနိုင်ရရှိသူဖြစ်ခဲ့သည်များလား...
ရီဖူရှင်းပြောလိုက်သော နောက်ဆုံးစကားကိုမူ ရှန်ကလန်က လုံးဝလျစ်လျူရှုလိုက်သည်။ နတ်ဘုရားများက ရှန်ကလန်ကိုသိမည်မဟုတ်သလို ရှန်ကလန်နှင့်ပတ်သတ်မှုရှိမည်လည်းမဟုတ်ပေ။
“ရှန်ကလန်ကို ရှင်းပစ်ရမယ်...” ဆိုခြင်းမှာ ရီဖူရှင်း၏ အဓိပ္ပာယ်မရှိသော စကားသက်သက်သာဖြစ်ပေမည်။
ရှန်ကလန်သာရှင်းပစ်ခံရမည်ဆိုလျှင် ရီဖူရှင်း၊ ထိုသန်မာသောသူများနှင့် အောက်အဆင့်မှလူများမှာ ဤနေရာတွင်မြှုပ်နှံခံရမည်ဖြစ်သည်။
သို့သော်လည်း အက်ကြောင်းမဲ့ဝင်ရိုးများနှင့် ကျင့်ကြံသူများက ရှန်ကလန်မှကျင့်ကြံသူများကို အလွန်အံ့အားသင့်နေစေပေသေးသည်။
ထိပ်သီးအင်အားစုသုံးခုဖြစ်သော ရှောင်ကလန်၊ ယွင်ယန်ကလန်နှင့် သောမျိုးနွယ်စုတို့ မည်သည့်အတွက်လာရောက်ကြခြင်းဖြစ်ကြောင်း အကြမ်းဖျင်းတော့နားလည်သွားကြသည်။
ဘုံသုံးထောင်မှ အင်အားစုများကို ပြန်လည်ချိန်ညှိရန်အတွက် ရီဖူရှင်းအပေါ်တွင် မှီခိုလိုသောကြောင့်ဖြစ်ပေမည်။ ထိုနည်းဖြင့် သူတို့ယခင်က မယှဥ်ပြိုင်နိုင်ခဲ့သော အင်အားစုအချို့ကိုလုံးဝကျော်တက်နိုင်မည်ဖြစ်သည်။
အထူးသဖြင့် သူတို့၏ရှန်ကလန်ကဲ့သို့ အင်အားစုမျိုးပင်ဖြစ်သည်။
ယနေ့ ရှန်ကလန်နှင့်တိုက်ပွဲသည် သူတို့အတွက် အလွန်ထူးခြားသောတိုက်ပွဲဖြစ်လာမည်ဖြစ်သည်။ တိုက်ဆိုင်စွာပင် ထျန်းဟယ်အကြီးအကဲက ရှန်ကလန်သို့ကျူးကျော်တိုက်ခိုက်ခဲ့ခြင်းမှာသူတို့အတွက်အခွင့်အလမ်းတစ်ခု ဖန်တီးပေးလိုက်ခြင်းဖြစ်သည်။ တွက်ချက်ထားသလိုပင် ကိစ္စများက ဖြစ်ပျက်လာခဲ့သည်။
အဲ့ဒီတော့ မင်းတို့အားလုံးက ရှန်ကလန်ကိုနင်းပြီး အဆင့်တက်ချင်တာတဲ့လား...ရှန်ကလန်ကလူအများစုက ထိုအတွေးကိုတွေးမိလိုက်ကြသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်နှင့်မတိုက်ခိုက်ခင်က ထိုလူများသည် သူတို့၏ရှန်ကလန်ကိုနင်း၍ အဆင့်တက်ရန်ကြံရဲလိမ့်မည်ဟု သူတို့ စိတ်ကူးပင်မယဥ်ခဲ့ဖူးပေ။
သူတို့သည်စကားတစ်ခွန်းမှမပြောခဲ့ပေ။ ရန်ဟောင်အဆင့်သို့ရောက်ရှိရန်မှာ မလွယ်ကူပေ။ ရှန်ကလန်မှရန်ဟောင်များက သူတို့၏ပြိုင်ဘက်များကို လျှော့တွက်မိခဲ့ကြသည်။ သို့သော်လည်း ယခုအခါတွင်မူ အက်ကြောင်းမဲ့နတ်ဝင်ရိုးများကို ပိုင်ဆိုင်ထားကြသော သူများကိုမြင်လိုက်ရပြီးနောက် ဤတိုက်ပွဲသည် လုံးဝအနိုင်ရနိုင်သည့်တိုက်ပွဲဖြစ်ရမည်ဟု သူတို့မပြောနိုင်တော့ပေ။
ကလန်ခေါင်းဆောင်က ရှန်ကလန်၏ အဆင့်နိမ့်ရန်ဟောင်များကို ထိုရန်ဟောင်အနည်းငယ်အား ထိန်းထားရန်အမိန့်ပေးလိုက်သောအခါ ရှန်ကလန်မှအဖွဲ့ဝင်များက စိတ်ပျက်မှုများဖြင့် ပြည့်သွားကြသည်။ အဆုံးတွင်တော့ သူတို့၏သွေးများဖြင့် သူတို့လုပ်ရပ်အတွက်ပြန်ပေးဆပ်ကြရတော့မည်။ ကောင်းကင်အာဏာစက်ကျောင်းတော်နှင့်ယှဥ်ပြိုင်တိုက်ခိုက်ရာမှ ရန်ဟောင်တစ်ယောက် ချက်ချင်းအသတ်ခံလိုက်ရသည်။
အက်ကြောင်းမဲ့နတ်ဝင်ရိုးများပိုင်ဆိုင်ထားကြသူများ၏ ဖျက်ဆီးနိုင်မှုစွမ်းအားမှာ အလွန်အမင်းကြောက်မက်ဖွယ်ရာပင်ဖြစ်သည်။
ယခုအချိန်တွင် တစ်ယောက်ထဲခွဲထွက်လာသော ရန်ဟောင်များသည်နောက်သို့ပြန်ဆုတ်သွားကြသည်။ နောက်တွင်ကျန်နေသော ရန်ဟောင်များသည်ရှေ့သို့တိုးလာ၍သူတို့နှင့်အဖွဲ့သစ်ဖွဲ့လိုက်ကြသည်။
တခဏတွင်း ရန်ဟောင်အုပ်စုသည် လူအုပ်ကြီးရှေ့တွင်ရပ်လိုက်သည်။ရန်ဟောင်တို့၏ စွမ်းအားများသည် သူတို့၏ခန္ဓာကိုယ်မှချက်ချင်းပေါက်ကွဲထွက်လာသည်။သူတို့ခန္ဓာကိုယ်အတွင်းရှိနတ်ဝင်ရိုးများသည်လည်းတောက်ပမှုနှင့်အတူပေါ်ထွက်လာလေသည်။
တစ်ဦးချင်းစီ၏ နတ်ဝင်ရိုးများမှာမတူညီသော်လည်း တူညီသောမြင်ကွင်းမှာသူတို့၏ မျက်ခုံးနှစ်ခုကြားတွင်ဖြစ်ပေါ်နေသည်။ ထိုအရာမှာရှန်ကလန်၏ အရည်အချင်းပင်ဖြစ်ပေသည်။
ကောင်းကင်ယံထက်တွင် တောက်ပသောအလင်းတန်းများသည်ရုတ်တရက်ထွက်ပေါ်လာသည်။ ကမ္ဘာပေါ်ရှိ မဟာလမ်းစဥ်၏အစွမ်းကို သူတို့၏နတ်မျက်စိဖြင့် အမှန်စင်စစ်မြင်တွေ့လိုက်ရခြင်းပင်ဖြစ်သည်။
ရီဖူရှင်း၏အုပ်စုသည် မဟာလမ်းစဥ်၏ကြီးကျယ်သောအနှိုင်းမဲ့ဖိအားများက သူတို့အပေါ်တွင်ဖိနှိပ်ထားချင်းကိုခံခဲ့ရလေသည်။ သူတို့၏ရှေ့တွင်ရပ်နေသော ကြောက်စရာအင်အားစုကြောင့် ရှေ့ကို တိုးလာနေခြင်းကိုပင် ရပ်လိုက်ရ၏။
ထိုအချိန်တွင် ရှန်ကလန်မှရန်ဟောင်များသည်ပေါင်းစည်း၍ တိုက်ပွဲဝင်ပုံစံကြီးတစ်ခုကို ပုံဖော်လိုက်ကြသည်။
ထိုသည်မှာကောင်းကင်ကို နှစ်ခြမ်းခွဲလိုက်သကဲ့သို့ဖြစ်သည်။ သူတို့၏လှုပ်ရှားမှုများသည် နှေးကွေးသွားဟန်ပေါ်သည်။ ကြောက်မက်ဖွယ်ကောင်းသော အာကာသမဟာစွမ်းအားများသည်နေရာအနှံသို့ပျံနှံသွားလေသည်။
ရီဖူချင်းအုပ်စုပတ်ဝန်းကျင်တွင် နတ်ဘုရားများ၏ပုံရိပ်ယောင်များ ထွက်ပေါ်လာလေသည်။ ရှန်ကလန်၏နတ်မျက်စိများဖြင့် ရီဖူရှင်းအုပ်စုသို့ကြည့်လိုက်သောအခါတွင် သီးသန့်ကမ္ဘာတွင်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုကမ္ဘာတွင်နတ်ဘုရားများက ဆင့်ခေါ်ခြင်းခံခဲ့ရသကဲ့သို့ကောင်းကင်ယံတွင်ပေါ်ပေါက်လာခဲ့ကြသည်။
ဘုံသုံးထောင်မှထိပ်သီးအင်အားစုဖြစ်သော ရှန်ကလန်မှရန်ဟောင်များသည် ပုံမှန်အားဖြင့်အလွယ်တကူလွှမ်းမိုး၍မရနိုင်သူများဖြစ်ကြသည်။အက်ကြောင်းမဲ့နတ်ဝင်ရိုးများပိုင်ဆိုင်ထားကြသူများနှင့် ယှဥ်ပြိုင်တိုက်ခိုက်ရမည်ဖြစ်သော်လည်း သူတို့တွင်အဆင့်နှင့်အရေအတွက်တွင် သာလွန်ပေသေးသည်။
ရီဖူရှင်းက ပုံမှန်အားဖြင့် ဖိအားမြင့်စွမ်းအားများကို အာရုံခံမိသည်။ ရှန်ကလန်မှကျင့်ကြံသူများက တူညီသောစွမ်းအင်ကိုထုတ်လွှတ်လိုက်သောအခါ တုန်ခါမှုတစ်ခုဖြစ်ပေါ်လာပြီး သူတို့သည် ဤလောက၏အရှင်သခင်များဖြစ်ကာ ဤနေရာတစ်ခုလုံးကိုအပြည့်အဝထိန်းချုပ်ထားသကဲ့သို့ခံစားချက်ကိုဖြစ်ပေါ်စေသည်။
ထိုအခိုက်တွင် ရှန်ကလန်မှကျင့်ကြံသူများက ကစားပွဲကို ပြောင်းပြန်လှန်လိုက်ကြပြီး သူတို့ကိုဖိနှိပ်ရန်ကြိုးစားလိုက်သည်။
"သူတို့ကိုသတ်" အလွန်အားကောင်းသော အသံတစ်ခုက အမိန့်ပေးလိုက်သည်။
သူတို့၏ရန်သူက သူ့တို့အားသတ်ရန်ကြိုးစားနေပြီဖြစ်၍ ရှန်ကလန်မှရန်ဟောင်များက ပုံမှန်အားဖြင့် ညှာတာနေမည်မဟုတ်ပေ။ ဖြစ်လာနိုင်သည့်အကျိုးဆက်ကိုအသာထား၍ သူတို့၏ရန်သူများက သူ့တို့အပေါ်တွင် နင်းချေရန်ကြိုးစားရဲပါက ရှန်ကလန်ကလည်း တူညီစွာတုန့်ပြန်မည်ဖြစ်သည်။
သူ၏အမိန့်က အဆုံးမရှိသောအလင်းရောင်များကို အာကာသအားနှစ်ခြမ်းခွဲသွားစေသည်။ ထိုသည်မှာ ရှန်ကလန်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်နိုင်သော အလွန်ဖျက်ဆီးနိုင်သည့် ရှန်ထျန်းနတ်မျက်လုံးဓားချက်ပင်ဖြစ်လေသည်။
ရီဖူရှင်း၏ အရှိန်အဝါများသည်အပြင်ဘက်တွင် အပြင်းအထန်ပေါက်ကွဲလာလေသည်။ အက်ကြောင်းမဲ့နတ်ဝင်ရိုးများဖြင့် သူတို့၏ပတ်ဝန်းကျင်တွင် သီးသန့်လောကတစ်ခုကိုဖန်တီးလိုက်ပြီး ရှန်ထျန်းနတ်မျက်လုံးဓားချက်ကို ကာကွယ်လိုက်သည်။တစ်ချိန်ထဲမှာပင် ဝိဥာဥ်ဓားချက်၏ အစွမ်းကိုခံစားလိုက်ကြရသည်။
ရီဖူချင်းက ခေါင်းကိုမော့လိုက်သည်။ သူ့၏မျက်လုံးများမှ အလွန်ထူးဆန်းလာပြီး ကျယ်လောင်သောအသံဖြင့် မေးလိုက်သည် ''မင်းတို့တွေ အက်ကြောင်းမဲ့နတ်ဝင်ရိုးဆိုတာဘာလဲဆိုတာသေချာသိကြလား....''
မျက်လုံးပေါင်းများစွာက ရီဖူရှင်းထံသို့ကြည့်လိုက်ကြသည်။ထိုတချိန်ထဲမှာပင် ရီဖူရှင်း၏မျက်လုံးများက ကြောက်မက်ဖွယ်ကောင်းလာသည်။ သူ၏မျက်လုံးများသည် သူတို့၏အကြည့်များထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး သူတို့အား မှော်မျက်လုံးနယ်ပယ်ထဲ၌ အကျဥ်းကျသွားစေသည်။
"အဲ့ဒီအဓိပ္ပါယ်က ငါတို့မှာ အလုံးစုံထိန်းချုပ်နိုင်တဲ့စွမ်းရည်ရှိတယ်လို့ဆိုလိုတာပဲ။ မဟာလမ်းစဥ်မှာ ငါတို့မှာ အလုံးစုံသာလွန်တဲ့စွမ်းရည်ရှိတယ်..." ရီဖူရှင်း၏ပုံရိပ်က ကောင်းကင်ယံသို့ဖြည်းဖြည်းချင်းမြင့်တက်သွားသည်။ သူက အဆုံးမရှိသော ဖျက်ဆီးခြင်းအလင်းတန်းများအလယ်တွင်ရပ်လိုက်သော်လည်း ထိုကြောက်မက်ဖွယ်အလင်းတန်းများက သူ၏ခန္ဓာကိုယ်နှင့်ထိတွေ့မိသောအခါ ဘေးသို့ရှောင်ကွင်းသွားကြသည်။
"အဆင့်နိမ့်ရန်ဟောင်တွေ...မင်းတို့က ငါ့အတွက် တော့ လမ်းစဥ်စွမ်းအားကိုထုတ်လွှတ်ဖို့ အဆင့်မမှီတဲ့လူတွေပဲ"
ရီဖူရှင်းပြောသကဲ့သို့ပင် သူ၏ခန္ဓာကိုယ်ကအထက်သို့ဆက်လက်မြင့်တက်နေသည်။ သူက ထိုဖျက်ဆီးနိုင်သော အလင်းတန်းများ၏အလယ်တွင် ဘာမှသက်ရောက်မှုမခံရဘဲ ရပ်နေလေသည်။ တချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်မှ မဟာလမ်းစဥ်၏ရောင်စဥ်တန်းများက အပြင်သို့ထွက်လာကြသည်။ ထိုရောင်စဥ်တန်းများက ရန်သူများ၏ မဟာလမ်းစဥ်ထဲသို့ တိုက်ရိုက်ထိုးဖောက်သွားပြီး အကာအကွယ်များကိုကျော်ဖြတ်သွားလေသည်။
မဟာလမ်းစဥ်၏ ကုချင်းသံစဥ်ကို လူအမြောက်များ ကြားလိုက်ရဟန်ပေါ်သည်။ မဟာလမ်းစဥ်၏ လျှပ်တပြက်အလင်းတန်းသည် ကုချင်း၏ ကြိုးမှ ရုတ်တရက်ထွက်ပေါ်လာသည်။ ဓားအသိသည်လည်း သူတို့ထံမှထွက်ပေါ်လာပေသည်။
ရီဖူရှင်း၏ ကုချင်းနတ်ဝင်ရိုးမှ ပေါက်ကွဲထွက်လာသော အနှိုင်းမဲ့ အလင်းတန်းများသည် သူ၏ ခန္ဓာကိုယ် အတွင်းမှထွက်ပေါ်လာသည်။
ကောင်းကင်ယံမှ တန်ခိုးရှင်များ၏ အရှိန်အဝါများသည်ပင် သူ့ကိုဖိနှိပ်မထားနိုင်ပေ။
ရီဖူရှင်းသည် ကောင်းကင်ယံသို့ လက်ညိုးညွှန်လိုက်သည်။သူ့၏လက်ညိုးနှင့်ကောင်းကင်ယံတွင် ဆွဲလိုက်သောအခါ နတ်ဝိဥာဥ်ဓားသည် ကောင်းကင်သို့ ဖြတ်တောက်သွားလေသည်။
"ရွှတ်..."
ပဲ့တင်သံကား ဘယ်တော့မျှ မဆုံးနိုင်တော့သယောင် နေရာအနှံ့သို့ ပျံ့နှံသွားလေသည်။ လူအုပ်ကြီးသည် မဟာလမ်းစဥ် လှုပ်ခါသွားသည်ကိုခံစားလိုက်ရသည်။ ထိုတခဏတွင် ဓားအသိကြောင့် ဖျက်ဆီးခံလိုက်ရသော လောကကြီးသည် အာကာသမဟာလမ်းစဥ်ဖြင့် ဖိနှိပ်ခံလိုက်ရသည်။ နတ်ဓားများမှ အလင်းတန်းများက ကောင်းကင်ဘုံအား ဆွဲဖြဲလိုက်လေသည်။ အဆုံးသတ်တွင် ထိုအလင်းတန်းများသည် ဓားစီးကြောင်းအဖြစ် ပြောင်းလဲသွားပြီးရှန်ကလန်မှ ကျင့်ကြံ သူများဆီသို့ဦးတည်သွားလေသည်။
ဟိန်းသံအကျယ်ကြီးနှင့်အတူ အလင်းတန်းများပေါက်ကွဲသွားပြီး ရှန်ကလန်မှ ရန်ဟောင်များ၏ ဝန်းရံထားမှုမှာ ချက်ချင်းပျက်ပြယ်သွားလေသည်။
"ဘန်း....."
ကောင်းကင်ယံကား လှုပ်ခါသွားသည်။ ရန်ဟောင်များ၏ တိုက်ပွဲပုံစံ ပျက်ပြယ်သွားသည့်ခဏအတွင်း အရိပ်နှစ်ခုတပြိုင်နက်တည်း ထွက်ပေါ်လာသည်ကို လူအုပ်ကြီးက မြင်လိုက်ရသည်။ ထိုအရိပ်နှစ်ခုသည် အလွန်လိုက်လျောညီထွေစွာ ချိတ်ဆက်နေပုံပေါ်သည်။ သူတို့နှစ်ခုစလုံးသည် အနှိုင်းမဲ့စွမ်းအားများနှင့် အလွန်ဖိနှိပ်နိုင်ပေသည်။ သူတို့ထဲမှ တစ်ဦး၏နောက်တွင် နတ်ဆိုးပုံရိပ်ယောင် ရှိနေပြီး တစ်ဦး၏နောက်တွင်မူ စစ်နတ်ဘုရား ပုံရိပ်ယောင်ရှိလေသည်။ ထိုအခိုက်တွင် ထိုကမ္ဘာ့နတ်ဘုရားအဆင့်နှစ်ယောက်သည် အလွန်လိုက်ဖက်ညီလှသည်။ သူတို့နှစ်ယောက်သည် တပြိုင်နက်တည်းရန်ဟောင်များဆီသို့ လက်သီးတချက်စီ ပစ်လွှတ်လိုက်သည်။
ထိုတွင် နောက်ထပ်ပြင်းထန်သောတုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသည်။ ထိုလက်သီးနှစ်ချက်က အာကာသသို့ပင် ဖြတ်သန်းသွားသယောင်ထင်မှတ်ရပြီး ကျယ်လောင်သောအသံကြီးကို ကောင်းကင်ယံမှပင်ကြားနိုင်လေသည်။
လက်သီးချက်များက အာကာသသို့ဖြတ်သန်းသွားသကဲ့သို့ မရေမတွက်နိုင်သော ပုံရိပ်ယောင်များက အနှိုင်းမဲ့စွမ်းအားများအဖြစ် အာကာသသို့ထိုးဖောက်သွားလေသည်။
ရှန်ကလန်မှ ရန်ဟောင်များ၏ ပုံရိပ်များက ကောင်းကင်ယံသို့ တချိန်ထဲတွင် ပျံတတ်လာလေသည်။သူတို့ထဲမှအချို့၏ နတ်ဝင်ရိုးများတွင် အက်ကွဲကြောင်းများပေါ်ထွက်လာသည်။ အချို့သည် သွေးများအန်ထွက်ကုန်ကြပြီး ကိုယ်တွင်းအင်္ဂါများ ပျက်စီးကုန်ကြလေသည်။
တခဏအတွင်း ၎င်းတိုက်ခိုက်မှု က ရှန်ကလန်မှ ရန်ဟောင်များစွာဖြင့် ဖွဲ့စည်းထားသော ထိုတိုက်ခိုက်မှုပုံစံကိုအချည်းနှီးဖြစ်သွားစေသည်။
ကောင်းကင်ယံမှ ကျင့်ကြံသူအားလုံး ထိုတိုက်ခိုက်မှုကို မြင်တွေ့လိုက်ရပြီး သူတို့၏ ရင်ထဲ၌ လှုပ်ခတ်သွားကြသည်။ ရှောင်ကလန်မှထိပ်သီးများ၊ ယွင်ယန်ကလန်နှင့် သောမျိုးနွယ်စုမှ ထိပ်သီးပုဂ္ဂိုလ်များပင် လှုပ်ခတ်သွားကြလေသည်။
ကျင့်ကြံသူများရှာဖွေနေကြသော ပြီးပြည့်စုံခြင်းဆိုသည်မှာ ဤအရာပင်ဖြစ်သည်။မဟာလမ်းစဥ်၏အကန့်အသတ်အထိရောက်အောင် ကျင့်ကြံနိုင်ရန် အမြဲကြိုးပမ်းနေခဲ့ကြသော်လည်း အမှန်တရားက ထိုသည်မှာ သူတို့မမျှော်မှန်းနိုင်သည့်အရာဖြစ်ကြောင်း ပြသနေသလိုပင်။
မဟာလမ်းစဥ်တွင် ပြစ်ချက်များရှိနေသည့်လူများသည် အင်ပါယာအဖြစ်သို့ရောက်မလာနိုင်ပေ။ ထိုသူများအား အင်ပါယာအတု ဟုသာ သတ်မှတ်နိုင်သည်။
အမှန်တကယ်ပြီးပြည့်စုံခြင်းဆိုသည်မှာ ရန်ဟောင်အဆင့်၏အထွတ်အထိပ်တွင်ဖြစ်ကြောင်းလည်း သိရှိကြသည်။ မဟာလမ်းစဥ်၏ အကန့်အသတ်ကိုချိုးဖျက်ပြီးသူများပင်လျှင် အဆင့်ကိုးနတ်ဝင်ရိုးကို ပိုင်ဆ်ိုင်ထားသူတယောက်အား ယှဥ်ပြိုင်ရန်မဖြစ်နိုင်ပေ။
ထိုသည်မှာ သူတို့မည်သို့မျှမယှဥ်ပြိုင်မ ဖြည်းဆည်းနိုင်သည့် ပြစ်ချက်တခုဖြစ်လေသည်။
ထိုကြောင့် ရီဖူရှင်းတွင် အက်ကြောင်းမဲ့နတ်ဝင်ရိုးများ ပိုင်ဆိုင်သည့်အုပ်စုတစ်စုရှိနေကြောင်းသိရှိသွားသောအခါ သူတို့သည်ကောင်းကင်အာဏာစက်ဂိုဏ်းနှင့်အတူရပ်တည်ရန် သို့မဟုတ် ရီဖူရှင်းနှင့်အတူရပ်တည်၍ရှန်ကလန်ကို ဆန့်ကျင်ရန်ဆုံးဖြတ်လိုက်ကြသည်။
သူတို့သည်လည်း တစ်နေ့တွင် သူတို့မရရှိနိုင်သောထိုအရာကို ဆက်ခံနိုင်ရန်မျှော်မှန်းကြသည်။
ထိုကဲ့သို့နေ့ရက်မျိုးရှိလာမည်ဆိုလျှင် သူတို့သည် လုံးဝနောင်တရကြမည် မဟုတ်ချေ။
ထိုပြီးပြည့်စုံမှုသည်ကား ရှန်ကလန်ခေါင်းဆောင်၏ စိတ်ကူးယဥ်အိပ်မက်ပင်ဖြစ်သည်။ ယနေ့ရှန်ကလန်ကို ဆန့်ကျင်ရမည့်သူများမှာ ကံတရား၏အစီအမံပင်ဖြစ်ပေမည်။
ထိုတိုက်ပွဲသည် သမိုင်းတွင်မည့်တိုက်ပွဲဖြစ်နိုင်သည်။၎င်းသည် အနာဂတ်၌မဟာလမ်းစဥ်၏ ဘုံသုံးထောင်အဆင့်ဆင့်တွင် ကြီးမားသောပြောင်းလဲမှုကိုဖြစ်ပေါ်လာစေလိမ့်မည်။
သူတို့သည် ထိပ်သီးအင်အားစုများဖြစ်သော်လည်း တကယ်တမ်းတွင် မဟာလမ်းစဥ်၏ဘုံသုံးထောင်အဆင့်သတ်မှတ်ချက်များအား ကျောက်တုံးပေါ်တွင်သတ်မှတ်ထားသောကြောင့် အဆင့်တက်ရန်ခက်ခဲသည်ကို သိရှိပြီးဖြစ်သည်။ သူတို့သည်အဆင့်တက်ရန်မျိုးဆက်များအလိုက် ကြိုးစားအားထုတ်ရန်လိုအပ်ပြီး ကြောက်မက်ဖွယ်အင်အားများဖြင့် ပြိုင်ဖက်ကင်းကျင့်ကြံသူများရှိရန်လည်း လိုအပ်လေသည်။
ဤအဆင့်ပြောင်းလဲခြင်းကိုလိုလားခြင်းသည် ထိုပြောင်းလဲခြင်းအတွက် အားကောင်းသော အဟန့်အတားတစ်ခုဖြစ်လေသည်။သူတို့သည် ယခုအခြေအနေတွင် ရောက်ရှိနေပြီဖြစ်ရာ ထိုအရာကိုတွေးမိပြီးသားပင်ဖြစ်သည်။ ထိုသို့အခွင့်အရေးမျိုး သူတို့ရှေ့တွင်ရောက်နေပြီဖြစ်လေရာ မည်သို့ပင်ဖြစ်စေကာမူသူတို့သည်ထို့အခွင့်ရေးအတွက် မည်သည့်အရာကိုပေးရမည်ဖြစ်စေ အရယူကြမည်သာဖြစ်လေသည်။
***