← Chapters

ချီမေ့တောင်တိုက်ပွဲ အဆက်

Vol. 21 Ch. 293

ချီမေ့တောင်တိုက်ပွဲ အဆက်

Vol. 21 Ch. 293

လီဝူကျယ်၏လက်ထဲတွင် တစ်ဖက်ရန်သူများ စိတ်ပိုင်းဆိုင်ရာ ပြိုလဲလုနီးပါး ဖြစ်နေချိန်တွင် အားပြင်းသော ရေခဲပြာရောင် ဓားချီဓာတ်တစ်ခု ထိုးခုတ်ဆင်းလာသည်။

"သတိထား၊ ဖယ်ကြ!"

ဗုံး!

တောင်ပေါ်တွင် ခြောက်ကျန်းခန့် ကျယ်ဝန်းသော ဓားရာတစ်ချက် ပေါ်ထွက်လာသည်။ ဓားချက်မှ ဖြစ်တည်လာသည့် နက်မှောင်သော ချောက်ကွဲကြီးအတွင်း၌ ထူထဲသော နှင်းခဲများလည်း ဘေးနံရံတစ်လျှောက် လျှံတက်လာ၏။ သာမန်လူတစ်ဦးသာ ခုန်ချမိပါက ချက်ချင်းဆိုသလို ကိုယ်တစ်ပိုင်းသေသည်အထိ အေးခဲသွားလိမ့်မည်။

ဤအဖြစ်ကို မြင်သောအခါ လူအများ ထိတ်လန့်သွားကြသည်။ သူတို့၏ဦးရေပြားများ ကျင်တက်လာပြီး ဝတ်ရုံဖြူဝတ် အမျိုးသားအား အထိတ်တလန့် ဝိုင်းကြည့်မိလိုက်ကြ၏။

"တာအိုမိတ်ဆွေ၊ ကျုပ် ရွှယ်မျိုးရိုးက မိတ်ဆွေကို ကူညီပေးပါ့မယ်။" ရွှယ်ဝူဟန်သည် ဓားဖြင့် ပျံသန်းလာပြီး မြင့်မားသော ကျောက်တုံးတစ်တုံးပေါ်သို့ ဆင်းသက်လိုက်သည်။ တိုက်ပွဲအလယ်၌ပင် ဖြူစင်သန့်ရှင်းနေသော ဝတ်ရုံကြောင့် ဟန်ပန်မှာ တမူထူးခြားကာ မြင့်မြတ်သန့်စင်လျက်ရှိ၏။

"ဝေါင်း!"

ကျားဟိန်းသံတစ်သံ ဟိန်းထွက်လာပြီး ပတ်ဝန်းကျင်ကို တုန်ခါစေသည်။

မြင့်မားသော ကျားဖြူပုံရိပ်တစ်ခု လျှပ်စီးကဲ့သို့ ရိပ်ခနဲရောက်ရှိလာပြီး သခင်ဖြစ်သူရပ်နေသော ဧရာမကျောက်တုံးမှ မလှမ်းမကမ်းတွင် ဆင်းသက်လိုက်သည်။ သူ၏ပါးစပ်ကို ဖွင့်ဟလိုက်ရာ အစွယ်များ က ပြူထွက်လာပြီး ကျားမျက်လုံးများမှာလည်း အပြာရောင်အလင်းဖြင့် တောက်ပလျက်ရှိ၏။ အမွေးထူထူ ကျားခြေထောက်များက တစ်လှမ်းလှမ်းလိုက်တိုင်း မြေပြင်ထဲနစ်ဝင်သွားသည်အထိ အားပြင်းလှ၏။

ကျားဖြူသည် ကိုယ်ခန္ဓာကို အနည်းငယ် ကွေးညွှတ်လိုက်ပြီး ခုန်အုပ်ကိုက်သတ်ရန် အသင့်အနေအထားယူလိုက်သည်။

သူတို့ကို အစောပိုင်းက တိုက်ခိုက်ခဲ့သော စမ်းသပ်မှု ပါဝင်သူများမှာမူ လွန်ခဲ့သည့် မိနစ်ပိုင်းအတွင်း ငြိမ်သက်စွာဖြင့် သစ်သားသေတ္တာများအဖြစ် ပြောင်းလဲသွားခဲ့ကြလေပြီ။

"အစ်ကိုကြီးရွှယ်၊ ခင်ဗျားက တကယ့်သူငယ်ချင်းကောင်းပဲ! ကျုပ်တို့နှစ်ယောက် ပူးပေါင်းရင် ဘယ်သူမှခုခံနိုင်တော့မှာ မဟုတ်ဘူး!" လီဝူကျယ်က မျက်နှာပြောင်ပြောင်ဖြင့်ပင် ထအော်လိုက်သည်။

လူတိုင်း ဒေါသဖြင့် တုန်လှုပ်သွားကြ၏။ ပြောရဲလိုက်တဲ့ ပါးစပ်!

ဟိုသိမ်းငှက်ကြီးသာမရှိရင် ဒင်း ဇာတ်သိမ်းသွားတာကြာပေါ့။

ရွှယ်ဝူဟန်၏ နှုတ်ခမ်းများတွင် ရှားရှားပါးပါး စစ်မှန်သောအပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ထို သန်သန်မာမာမိန်းကလေးမှာ စကားပြောပုံဆိုပုံကအစ ကျားကျားလျားလျားနှင့် အလွန်စိတ်ဝင်စားဖို့ကောင်း၏။ ဤမျှ ထူးခြားသော ကောင်မလေးကို သူ တစ်ခါမှ မတွေ့ကြုံဖူးသေးပေ။

"တိုက်!"

တိုက်ခိုက်မှုအား ရှောင်လွှဲမရနိုင်ကြောင်း သိသောကြောင့် ရန်သူများကလည်း သူတို့၏လှံများကို လှည့်ကာ ရွှယ်ဝူဟန်နှင့် စတင်တိုက်ခိုက်ကြတော့၏။ သတ်နိုင်လျှင် အမြတ်ဖြစ်သည်။ မသတ်နိုင်လျှင်လည်း တိုက်ခိုက်ခဲ့ရသည်ကပင် ဂုဏ်ပုဒ်တစ်ခုအဖြစ် မော်ကြွားနိုင်စရာ မဟုတ်ပေလော။

"ကောင်းကင်ခွင်းလှံတံ ကျင့်စဥ်!"

"မုန်တိုင်းနက်ဗျူလာ ခွဲခြမ်းခြင်း!"

"ခွင်းတောင်ဖြို တိုက်ကွက်!"

"ကောင်းကင်ဝံပုလွေလက်သီး!"

"လျှပ်စီးဝဲဂယက် ခုတ်ပိုင်းခြင်း!"

...

အစွမ်းထက်သော ကျင့်စဥ်များအားလုံး အရှိန်ကုန် ထွက်ပေါ်လာကြသည်။ အနိမ့်ဆုံးမှာ ဉာဏ်အလင်းအဆင့် ဖြစ်ပြီး အမြင့်ဆုံးမှာ မြေကမ္ဘာအဆင့်မြင့် ဖြစ်၏။ ၎င်းတို့သည် လှိုင်းလုံးများကဲ့သို့ လိမ့်တက်လာသော စွမ်းအင်များအဖြစ် ပြောင်းလဲကာ ရွှယ်ဝူဟန် အပေါ်သို့ လွှမ်းမိုးစွာ ဖိအားပေးစုရုံးလာကြသည်။

အားပြင်းသော တိုက်ကွက်မျိုးစုံကို ဆက်တိုက်နီးပါးရင်ဆိုင်ရချိန်တွင် ရွှယ်ဝူဟန်သည် တိုက်ရိုက်တိုက်ခိုက်ခြင်းကို ရွေးချယ်ခြင်းမပြု။ ယင်းအစား သူ၏လက်ထဲတွင် အဝါရောင် မှော်အဆောင်တစ်ခု ပေါ်လာသည်။ မှော်စွမ်းအားကို အသက်သွင်းပြီးနောက် သူ၏ပုံရိပ်သည် မူလနေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့၏။

သူ ပြန်ပေါ်လာသောအခါ လူအုပ်ထဲတွင် ရှိနေခဲ့လေပြီ။

ဒါတွေအားလုံးဟာ လျှပ်တစ်ပြက်အတွင်း ဖြစ်ပေါ်ခဲ့တာပါပဲ!

ရွှယ်ဝူဟန်သည် ရေခဲဝိညာဉ်နတ်ဓားကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားသည်။ သူ၏ဆံပင်များက အရိုင်းဆန်စွာ ပျံသန်းနေပြီး ဓားသွားကို စိတ်ခံစားမှုကင်းမဲ့စွာ ဝှေ့ယမ်းလိုက်သည်။

အေးစက်သော ဓားချီဓာတ်သည် ပြင်းပြင်းထန်ထန် ဆူပွက်ဖြန့်ကျက်လာပြီး လူတိုင်းမှာ သူတို့၏ကိုယ်ခန္ဓာများ နှင်းခဲများဖြင့် ဖုံးလွှမ်းခဲသက်သွားသည်ကို ကူကယ်ရာမဲ့ ကြည့်နေကြရ၏။ သွေးစီးကြောင်းများပင် စီးဆင်းမှုရပ်တန့်လုနီးပါးဖြစ်ကာ သူတို့၏လှုပ်ရှားမှုများ လွန်စွာနှေးကွေးသွားပြီး အဆုံးသတ်အား ကြိုသိလိုက်ကြသော မျက်နှာများမှာ လွန်စွာနာကျင်ကြေကွဲဖွယ်ပင်။

"မဖြစ်ဘူး..."

ရွှယ်ဝူဟန်၏ပုံရိပ်သည် လူအုပ်အတွင်း အတားအဆီးကင်းစွာ လှည့်လည်သွားလာနေသည်။ သူ၏ဓားရောင်ခြည်သည် လူအုပ်ကြားတွင် ယက်ကန်းခတ်သကဲ့သို့ ဟိုဟိုသည်သည် လှုပ်ရှားနေပြီး သေတ္တာများက ဆက်တိုက် မြေပြင်သို့ တဖုတ်ဖုတ် ပြုတ်ကျနေသည်။

"ငါလည်း ဝင်ကူမယ်လေ!" မိမိ၏တည်ရှိနေသေးမှုကို ပြသရန် လီဝူကျယ်သည် အခွင့်အရေးကို ဆုပ်ကိုင်ကာ စမ်းသပ်မှု ပါဝင်သူ အများအပြားကို အားရပါးရ ခုတ်ပိုင်းချလိုက်သည်။

မကြာမီ မြေပြင်ပေါ်တွင် သေတ္တာများစွာ ပြန့်ကျဲကျန်ရစ်ခဲ့တော၏။ ချီမေ့တောင်တစ်ဝှမ်း၌ သူတို့နှစ်ဦးမှလွဲ၍ အခြားအသက်ရှင်ကျန်ရစ်သူ မရှိတော့ပေ။

"ကောင်းပြီ၊ မြေကြွက်တွေလည်း ရှင်းပြီးပြီဆိုတော့ အခု ငါတို့နှစ်ယောက် စီးချင်းထိုးရတော့မယ့်အလှည့်ပဲ!" လီဝူကျယ်က သိမ်းငှက်ကြီးပေါ်တွင် ရပ်လျက် ဓားကိုဝင့်ကာ ဝတ်ရုံဖြူဝတ် အမျိုးသားကို ကြည့်ရင်း လေးနက်စွာ ပြောလိုက်သည်။

သူတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ လိုက်ဖက်ညီစွာ ကောင်းမွန်ခဲ့သော်လည်း ပျော်ရွှင်စရာအချိန်များဆိုသည်မှာ အမြဲတမ်း တိုတောင်းသည်။ ယခု ချီမေ့တောင် ပေါ်တွင် သူတို့နှစ်ဦးသာ ကျန်ရှိနေသောကြောင့် ရင်ဆိုင်တိုက်ခိုက်မှုကို ရှောင်လွှဲမရနိုင်ပေ။

"ငါတို့အလှည့်လား?"

ရွှယ်ဝူဟန်သည် ကြွက်သားမမလေးကို ရှုပ်ထွေးသောအမူအရာဖြင့် ကြည့်လိုက်သည်။ သူ၏အတွင်းစိတ်၌ ထူးဆန်းသော ဝမ်းနည်းပူဆွေးမှုကို ခံစားနေရ၏။ အကြောင်းတစ်ခုခုကြောင့် ဤထူးခြားသော အမျိုးသမီးကို သူ၏ဓားဖြင့် ဦးတည်တိုက်ခိုက်ရန် စိတ်မပါလှပေ။

ရုတ်တရက် ရွှယ်ဝူဟန်သည် တစ်စုံတစ်ခုကို ခံစားမိလိုက်ပုံရ၏။ သူ၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး တစ်ကျန်းခန့်ရှည်သော အေးစက်စက်အလင်းတန်းတစ်ခုကို ပစ်ထုတ်လိုက်သည်။ "ဟမ့်၊ ကွယ်ဝှက်ပြီး ပုန်းနေရဲသေးတာလား? ထွက်လာခဲ့စမ်း!"

ဝှစ်!

ရွှယ်ဝူဟန်က သူ၏ဓားသွားကို ပြတ်ပြတ်သားသား ဝှေ့ယမ်းလိုက်ရာ ရေခဲပြာရောင်ဓားရောင်ခြည်တစ်ခု ထွက်ပေါ်လာပြီး ချီမေ့တောင်၏ လျှို့ဝှက်ထောင့်တစ်နေရာသို့ ကျရောက်သွားသည်။

ဗုံး

တောက်ပသောအလင်းလုံးတစ်လုံး ပေါက်ကွဲထွက်လာပြီး မီးခိုးငွေ့များနှင့် ဖုန်မှုန့်များ လွင့်ပျံသွားကာ မြေသားများပင် တဝုန်းဝုန်းပြိုကျသည်အထိ အရှိန်ပြင်းလှ၏။

"ဟဲဟဲ၊ စိတ်ဝင်စားစရာပဲ။ မျှော်လင့်ထားတဲ့အတိုင်း ဓားမသေမျိုး တစ်ပါးအနေနဲ့ အာရုံခံနိုင်စွမ်းက သာမန်မဟုတ်ဘူးပဲ"

ထူထပ်သော မီးခိုးများထဲမှ လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာသည်။

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် နက်ပြာရောင်အလင်းတန်းတစ်ခု ကျယ်ပြန့်စွာတိုးထွက်လာပြီး ထူထပ်သော မီးခိုးများအားလုံး လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

မြေကျင်းထဲတွင် လက်များကို နောက်ပစ်ထားသည့် ခန့်ညားသော လူငယ်တစ်ဦးသည် နက်ပြာရောင်သံချပ်ကာကို ဝတ်ဆင်ထားကာ သူ၏နှုတ်ခမ်းများတွင် ဆိုးသွမ်းသောအပြုံးတစ်ခု ရှိနေသည်။

ခေါင်းပေါ်တွင် လွှမ်းမိုးသော စာလုံးကြီးလေးလုံးက "တစ်ပါးတည်းသော အချုပ်အခြာအာဏာရှင်!" ဟူ၏။

"တောက်၊ မင်း ဘယ်သူ့ကို ကျိန်ဆဲနေတာလဲ?!" လီဝူကျယ် ထိုလူကို မှတ်မိသွားပြီး မကျေမနပ်ဖြင့် ပြန်အော်လိုက်သည်။

"သတိထား၊ ဒီလူက အန္တရာယ်ကြီးတယ်။" ရွှယ်ဝူဟန်က ထိုလူငယ်ဝတ်ဆင်ထားသော နက်ပြာရောင်သံချပ်ကာသည် စစ်မှန်သော ဒဏ္ဍာရီအဆင့်သံချပ်ကာ ဖြစ်သည်ကို သတိထားမိလိုက်ပြီး မျက်ခုံးတို့မြင့်တက်ကာ သတိအမြန်ကပ်ထားလိုက်ရသည်။

ရွှယ်ဝူဟန်သည် ဒဏ္ဍာရီအဆင့်လက်နက်ကိရိယာ၏ စွမ်းအားကို ကောင်းကောင်းသိထားသည်ပင်။

ဥပမာအားဖြင့် သူ၏လက်ထဲရှိ ရေခဲဝိညာဉ်နတ်ဓားသည် ဒဏ္ဍာရီအဆင့်လက်နက်ဖြစ်ပြီး အအေးချီဓာတ်ကို ထုတ်လွှတ်နိုင်သော စွမ်းရည်ရှိသည်။ ၎င်းသည် လူများ၏လှုပ်ရှားမှုများကို နှေးကွေးစေပြီး ကိုယ်ခန္ဓာအခြေအနေကို ထိခိုက်စေနိုင်သည်။

ကျွမ်းကျင်သူများကြား တိုက်ပွဲတွင် အခြေအနေများမှာ ထင်မှတ်မထားစွာ ပြောင်းပြန်လန်သွားနိုင်ချေရှိတတ်၏။ မိမိဘက်မှ ခြေတစ်လှမ်းမျှ နှေးသွားပါက ချက်ချင်း အသက်အန္တရာယ်ရှိလာမည်ဖြစ်သည်။ ရွှယ်ဝူဟန်တစ်ယောက် ရေခဲဝိညာဉ်နတ်ဓားကို အားကိုးလျက် ပြိုင်ဘက်ကင်းဖြစ်နေရသည့် အကြောင်းရင်းမှာလည်း ရန်သူထက်အရင်ဦး‌အောင် လှုပ်ရှားတတ်သော သွက်လက်မှုကြောင့်ပင်။

သူ၏တစ်ခုတည်းသော အားနည်းချက်မှာ ပျက်စီးလွယ်သော ကာကွယ်ရေးစနစ်ဖြစ်၏။ ကံကောင်းထောက်မစွာပင် ရေခဲဝိညာဉ်နတ်ဓား၏ ကောင်းချီးနှင့် သူ၏ရှောင်လွှဲရခက်သော လှုပ်ရှားမှုကျင့်စဥ်တို့ဖြင့် ဤအားနည်းချက်ကို အတော်လေးဖြည့်ဆည်းနိုင်ခဲ့သည်။

သို့သော် ယခု သူ၏ရှေ့မှ လူငယ်သည် ဒဏ္ဍာရီအဆင့်လက်နက်ကိရိယာ အစုံအလင်ကို ပိုင်ဆိုင်ထားသည်။ ဤအရာက မည်မျှခြိမ်းခြောက်နိုင်စွမ်း ကြီးမားကြောင်း သူကောင်းကောင်းနားလည်၏။

"မူလကတော့ ချီမေ့တောင်ရဲ့ အမှောင်ရိပ်ထဲမှာ ပုန်းအောင်းပြီး မင်းတို့ကောင်တွေ တစ်ယောက်နဲ့တစ်ယောက် သတ်နေတာကို ထိုင်ကြည့်နေဖို့ ရည်ရွယ်ခဲ့တာ။ ကိုယ်အမြတ်ရနိုင်မယ့်နည်းကို ရှာရတာပေါ့ကွာ။ ဒါပေမဲ့မင်းက အလိုက်ကန်းဆိုးမသိ အတင်းထွက်လာခိုင်းတာပဲ"

All Chapters