တောင်ပိုင်းဒေသ နတ်ဘုရားတောင်အရင်းအမြစ်၏နောက်ဆုံးသော ဆယ်ရာခိုင်နှုန်း
Vol. 18 Ch. 257
ယန်လီသည် ဗဟိုဒေသကနေထွက်လာပြီးတဲ့နောက်မှာ အလှည့်အပြောင်းအနည်းငယ်နှင့်ကြုံခဲ့ရပြီးသေလုနီးပါးတောင် ဖြစ်သွားခဲ့သည်။အဆုံးမှာ သူ့ကိုကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏အပြင်စည်းအကြီးအကဲမှမွေးစားသွားခဲ့သည်။ယန်လီကြီးပြင်းလာသည့်အခါ သူကထူးချွန်သည့်ပါရမီကိုချပြနိုင်ခဲ့ပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတွင် တရားဝင်တပည့်ဖြစ်လာခဲ့သည်။
ယန်လီကိုမွေးစားခဲ့သည့်အပြင်စည်းအကြီးအကဲမှာရွှေအမြူတေအဆင့်၌သာရှိသည်။ထိုအပြင်စည်းအကြီးအကဲ၏သက်တမ်းမှာ အရှည်ကြီးမဟုတ်ပေ။ယန်လီကြီးပြင်းလာခဲ့သည့်အခါမှာတော့ သူကသက်တမ်းကုန်ဆုံးပြီး သေသွားခဲ့ပြီဖြစ်သည်။
ယန်လီ၏ကြီးထွားလာမှုက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို သူ့အိမ်အစစ်ဟုခံစားသွားရစေသည်။ယန်လီ၏စစ်မှန်ဝိညာဉ် မနိုးထခင်အထိ သူကတကယ့်ကို အားသွန်ခွန်စိုက် ဂိုဏ်းကိုသန်မာလာအောင်နှင့်ကာကွယ်ဖို့သာပြုလုပ်ခဲ့တာဖြစ်သည်။
ဘဝက ခန့်မှန်းရခက်သလိုကံကြမ္မာကလည်း လူသားတို့အပေါ်ကျီစယ်တတ်သည်။ဘယ်သူကများထင်ထားခဲ့ပါမလဲ။
ယန်လီသည် မဟာယနအဆင့်သို့ချိုးဖြတ်ပြီးသွားသည့်နောက်မှာ သူ၏စစ်မှန်ဝိညာဉ်က အမှန်တကယ်နိုးထလာခဲ့သည်။ဒါ့အပြင်သူက လူသားမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုမဟုတ်ဘဲ အင်မော်တယ်မျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုဖြစ်နေခဲ့သည်။တကယ့်ကို မမျှော်လင့်ထားသည့်အရာဖြစ်သည်။
ယန်လီ၏စစ်မှန်ဝိညာဉ်နိုးထလာပြီးနောက်မှာ သူက ငါးနှစ်တိတိပျောက်ဆုံးသွားသည်။
သူ့လက်ရှိဘဝနောက်ခံကြောင့် သူကအင်မော်တယ်မျိုးနွယ်ကိုအကောင်းမမြင်ပေ။သူက ပထမအင်မော်တယ်ဘုရင်၏ သွေးသားအရင်းဖြစ်နေလျှင်ပင် သူက မုန်းတီးစိတ်သာရှိသည်။
စစ်မှန်ဝိညာဉ်နိုးထရာမှရရှိထားသည့် အင်မော်တယ်အထွတ်အထိပ်ဖြစ်တည်မှု၏မှတ်ဉာဏ်ကကြီးမားပေမယ့် သူ့လက်ရှိနောက်ခံနှင့်မှတ်ဉာဏ်များက ယန်လီကိုအတော်လေးသက်ရောက်သေးသည်။ထိုအတွက်ကြောင့်သာ သူကငါးနှစ်လောက်ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့်ဆယ်နှစ်လောက်က ပထမအင်မော်တယ်ဘုရင်က ယန်လီကိုရှာတွေ့သွားပြီး အင်မော်တယ်မျိုးနွယ်ဘိုးဘေး၏အမိန့်ကို ယူဆောင်လာခဲ့သည်။သူ့ခင်ဗျာ ရလဒ်ကိုလက်ခံရုံသာရှိပြီး အင်မော်တယ်မျိုးနွယ်၏အထွတ်အထိပ်ဖြစ်တည်မှုဖြစ်လာခဲ့သည်။
ယန်လီပြောနိုင်သည်က တခြားမျိုးနွယ်လေးခုဖြစ်သည့် နတ်ဘုရား၊မိစ္ဆာ၊နတ်ဆိုးနှင့်သရဲတို့မှအထွတ်အထိပ်ဖြစ်တည်မှုများလည်း ပြန်လည်ရှင်သန်လာပြီဖြစ်သည်။မျိုးနွယ်ငါးခုကြားမှာ မဆုံးနိုင်သည့်ပဋိပက္ခများဖြစ်နေပေမယ့် ထိုအရာက တကယ်တော့အင်မော်တယ်များရှေ့တွင် ဟန်ဆောင်ဖို့သာဖြစ်ပြီး အင်မော်တယ်တို့ကိုစိတ်ရှုပ်သွားစေရန်ဖြစ်သည်။
မျိုးနွယ်ငါးခုက လျှို့ဝှက်စွာပူးပေါင်းသွားပြီဖြစ်သည်။
ထို့ကြောင့်လည်း လွန်ခဲ့သည့်ဆယ်နှစ်က အင်မော်တယ်တို့က ကောင်းကင်တံခါးလေးခုကို တရားဝင်ဖွင့်လှစ်ပြီးတိုက်ခိုက်ခဲ့ကြသည်။သူတို့က အင်မော်တယ်စစ်တပ်ကို တိုက်ရိုက်စေလွှတ်ပြီး မျိုးနွယ်ငါးခုနှင့် ရှည်ကြာသည့်စစ်ပွဲတစ်ခုကို စတင်ခဲ့သည်။
ယင်းအပြင် တောင်ပိုင်းဒေသ နတ်ဘုရားတောင်အရင်းအမြစ်၏နောက်ဆုံးသော ဆယ်ရာခိုင်နှုန်းက အမှန်တကယ်တော့ စုချင်းယင်ဖြစ်သည်။သို့မဟုတ် နတ်ဘုရားတောင်အရင်းအမြစ်၏နောက်ဆုံးသော ဆယ်ရာခိုင်နှုန်းက ဖန်တီးခြင်းနတ်ဘုရားသစ်ပင်ဖြစ်သည်။
စုချင်းယင်က ဖန်တီးခြင်းသစ်ပင်စိတ်ဝိညာဉ်၏ပြန်လည်ဝင်စားခြင်းဖြစ်သည်။
ထို့ကြောင့်လည်း သူမက ဖန်တီးခြင်းနတ်ဘုရားသစ်ပင်ဖြစ်သည်။တောင်ပိုင်းဒေသ နတ်ဘုရားတောင်အရင်းအမြစ်၏နောက်ဆုံးသော ဆယ်ရာခိုင်နှုန်းလည်းဖြစ်သည်။
အင်မော်တယ်မျိုးနွယ်တစ်ခုလုံးမမျှော်လင့်ထားသည်ကတောင်ပိုင်းဒေသ နတ်ဘုရားတောင်အရင်းအမြစ်၏နောက်ဆုံးသော ဆယ်ရာခိုင်နှုန်းက တကယ်ကြီး အသိဉာဏ်ရှိလာပြီး ပြန်လည်ဝင်စားသွားတာကိုဖြစ်သည်။ဒါက သက်ရှိအားလုံး၏မျှော်လင့်ချက်ကို ကျော်လွန်သွားသည်။
လွန်ခဲ့သည့်သုံးရက်က အင်မော်တယ်တွေက သူတို့၏စိတ်ကို ဆုံးဖြတ်ပြီး လိုအပ်သည့်အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ကြသည်။သူတို့က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းဘက်မှစစ်ကူများကိုတားဆီးပြီး ဂိုဏ်းကိုဖျက်ဆီးဖို့ကြိုးစားတော့သည်။
ယန်လီက ဝင်မတိုက်ခဲ့ပေ။အစကနေအဆုံးအထိ သူကတိုက်ပွဲကိုသာစောင့်ကြည့်နေခဲ့သည်။သူကလေဟာနယ်အလွှာထဲမှာရပ်နေပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏စစ်ပွဲကို ကြည့်နေခဲ့သည်။
သူက မရွေးချယ်နိုင်သေးပေ။
ဘာပဲဖြစ်ဖြစ် စုချင်းယင်က ယန်လီ၏ကိုယ်ပိုင်တပည့်ဖြစ်သည်။
ယန်လီ၏စစ်မှန်ဝိညာဉ်မနိုးထခင်အထိ သူက တကယ့်ကို စုချင်းယင်ကိုကိုယ်ပိုင်တပည့်အဖြစ်ပျိုးထောင်ခဲ့တာဖြစ်သည်။သူက စုချင်းယင်ကို တောင်ပိုင်းဒေသ နတ်ဘုရားတောင်အရင်းအမြစ်၏နောက်ဆုံးသော ဆယ်ရာခိုင်နှုန်းဟုမထင်ထားခဲ့ပေ။
အရာအားလုံးက တိုက်ဆိုင်နေခဲ့သည်။
အရာအားလုံးကို ကံကြမ္မာကသတ်မှတ်ထားခဲ့ပုံရသည်။
ယန်လီ၏စစ်မှန်ဝိညာဉ်နိုးထလာပြီးနောက်မှာ သူကစုချင်းယင်း၏အနှစ်သာရကိုမြင်နိုင်ခဲ့သည်။သူက စုချင်းယင်ကို အင်မော်တယ်ကမ္ဘာဖန်တီးရန် ခေါ်သွားဖို့ကြိုးစားလိုက်သည်။ထိုအခါသူမက ကျိန်းသေပေါက် စတေးခံတစ်ယောက်ဖြစ်လာပေမည်။
ယန်လီက သူမကိုအရာအားလုံးပြောပြထား၏။
သူမအမြဲတမ်းလေးစားခဲ့ရသည့်ဆရာက တကယ်တော့ အင်မော်တယ်မျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုဖြစ်သည်။သူမလေးစားရသည့်ဆရာက သူမကိုစတေးခံအဖြစ်တောင်သုံးဖို့ကြံရွယ်ထားသည်။
အရမ်းကို ဝမ်းနည်းဖွယ်ကောင်းသည်။
“စီနီယာ...စီနီယာအစ်ကို..”
စုချင်းယင်က မလိုလားမှုကိုဖော်ပြလိုက်သည်။သူမကချီမင်ကိုကြည့်ပြီးပြောလိုက်သည်။”ပြေးတော့!ဆရာက အင်မော်တယ်မျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုပဲ။စီနီယာ သူ့ကို မနိုင်ဘူး။ပြေးတော့!”
“ဆရာ”စုချင်းယင်ကဆက်ပြောလာသည်။”စီနီယာအစ်ကို ကိုသွားခွင့်ပေးလိုက်ပါ။ဒါဆို ကျွန်မ ဆရာနဲ့လိုက်ပြီး စတေးခံတစ်ယောက်ဖြစ်လာဖို့ဆန္ဒရှိပါတယ်။ကျွန်မတောင်းဆိုပါတယ်။စီနီယာအစ်ကို ကိုသွားခွင့်ပေးလိုက်ပါ။”
“ဟီးဟီး”ယန်လီက ပြုံးလိုက်သည်။ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ ကမ္ဘာဖျက်ဓားကပေါ်လာသည်။အစိမ်းရောင်ဓားကရှည်လျားပြီးပါးလျသည်။အစိမ်းရောင်အလင်းများလည်းတောက်ပနေသည်။”မင်းကတော့ မင်းရဲ့စီနီယာအစ်ကိုကို နားလည်မှုလွဲနေပြီ။သူ့အင်အားက မင်းထင်ထားထက်အများကြီးသာတယ်။မင်းရဲ့စီနီယာအစ်ကိုက အင်မော်တယ်မျိုးနွယ်ရဲ့မြင့်မြတ်နယ်မြေ အသင်္ချေအင်မော်တယ်တောင်ကိုတောင်ခိုးဝင်လိုက်သေးတယ်။သူက (၁၀၉)ပါးမြောက် အင်မော်တယ်ဘုရင်တောင် ဖြစ်လာတယ်။”
“သူ့ကို ဖရိုဖရဲအင်မော်တယ်ဘုရင်လို့ခေါ်တယ်။”
“သူသာ အင်မော်တယ်ဘိုးဘေးရဲ့ရတနာကိုမခိုးခဲ့ရင် အခုထိတောင် အင်မော်တယ်မျိုးနွယ်တစ်ခုလုံးက လှည့်စားခံနေရဦးမှာ။”
“ဘာ...ဒါ...ဒါက”
စုချင်းယင်၏မျက်လုံးလှလှလေးမှာ ပြူးကျယ်သွားပြီး မယုံကြည်မှုတွေ ပြည့်နှက်သွားသည်။သူမက ချီမင်ကိုထိတ်လန့်စွာဖြင့်စိုက်ကြည့်လိုက်သည်။သူမသည် ချီမင်က ဒီလိုမယုံကြည်နိုင်စရာကောင်းသည့်လုပ်ရပ်မျိုးကိုလုပ်ခဲ့မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
“မင်းအံ့ဩသွားတယ်မလား”ယန်လီက ပြောလိုက်သည်။”ဟုတ်တယ်။ငါလည်းအရမ်းအံ့ဩသွားတာ။ချီမင်က ဝိညာဉ်ဖွဲ့တည်ခြင်း အထွတ်အထိပ်အဆင့်လောက်နဲ့ ဒီလိုမျိုးအဆင့်ထိဖုံးကွယ်ပြီး အင်မော်တယ်ဘုရင်အားလုံးကိုလှည့်စားနိုင်ခဲ့တယ်။”
“ဒါက ဘယ်လိုနည်းလမ်းကိုများသုံးထားလို့လဲမသိဘူး။”
“ဒါ့အပြင်”
“ချီမင်က အင်မော်တယ်ဘိုးဘေးလက်ကနေလွတ်သွားပြီး တခြားကမ္ဘာကို ကူးပြောင်းသွားတယ်။သူအခု ပြန်လာရဲပြီဆိုတော့ သူအင်အားကတော်တော်လေးတိုးတက်သွားလောက်ပြီ။သူက အင်မော်တယ်ဘိုးဘေးကို ခုခံဖို့ယုံကြည်ချက်ရှိနေလောက်ပြီ။”
“ငါပြောတာ မှန်တယ်မလား။”
ယန်လီက ချီမင်ကိုစိုက်ကြည့်လိုက်သည်။
“ဟုတ်တယ်။”ချီမင်က ပခုံးတွန့်လိုက်သည်။”ဒါတောင်မင်းက ငါ့ကိုတိုက်ရဲသေးတာလား။”
“သေချာပေါက်ပေါ့။”
ယန်လီကအကြည့်ကလင်းလက်သွားပြီးသူ့မျက်လုံးတွေက တိုက်ခိုက်လိုမှုတွေပြည့်နှက်နေသည်။”ရိုးရိုးသားသားပြောရရင် ငါကမင်းကိုလူသားမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုလို့ တကယ်ကြီးသံသယရှိနေတာ။ဒါပေမယ့် မင်းဆီမှာ ငါ့ဆီကလိုအရှိန်အဝါမျိုး အာရုံမခံမိဘူး။အဲ့ဒါကြောင့်မင်းက သူမဟုတ်ဘူး။”
“ဒါပေမယ့် မင်းကဒီလိုမယုံကြည်နိုင်စရာကောင်းတဲ့ကိစ္စတွေကို လုပ်နိုင်ခဲ့တယ်။”
“ငါတကယ်သိချင်နေပြီ။”
“မင်းဘယ်လောက်များသန်မာလဲ။”
“လာတိုက်တော့”
ယန်လီ၏တိုက်ခိုက်လိုစိတ်က မြင့်တက်နေပြီးသူကချီမင်နှင့်တိုက်ကြည့်ချင်နေသည်။ကမ္ဘာဖျက်ဓားက သူ့လက်ထဲမှာပေါ်လာပြီးရှေ့ကိုခုတ်ပိုင်းလိုက်သည်။စွမ်းအားကပေါက်ကွဲထွက်လာပြီး သူက မျက်စိပင်ကျိန်းသွားလောက်သည့်ဓားချီဖြင့်ခုတ်ပိုင်းလိုက်သည်။
ကလန်!
အစိမ်းရောင်ဓားအလင်းက ချီမင်ရှေ့ကိုရောက်လာသည်။သူကလည်း ကမ္ဘာဖျက်ဓားကိုသုံးလိုက်ပြီး ယန်လီ၏ဓားချီကို ပိတ်ဆို့လိုက်သည်။
“မင်းကလည်း ကမ္ဘာဖျက်ဓားကိုကျင့်ကြံတာပဲ။”ယန်လီကပြောသည်။”ဟုတ်တယ်”ချီမင်ကပြန်ဖြေလိုက်သည်။
ကလန်!ကလန်!ကလန်!
အရပ်မျက်နှာတိုင်းတွင်ဓားသံများထွက်ပေါ်လာသည်။
ယန်လီက ကမ္ဘာဖျက်ဓားကိုကိုင်လိုက်ပြီး ချီမင်ကိုတိုက်ရိုက်တိုက်ခိုက်လိုက်သည်။ပြင်းထန်သည့်စွမ်းအားပါဝင်သောဓားချီကို ခုတ်ပိုင်းလိုက်သည်။သူ၏ဓားတာအိုက အဆင့်နိမ့်နယ်ပယ်၏အကန့်အသတ်ကို ရောက်နေပြီဖြစ်သည်။
အဆုံးမရှိဓားချီတွေက ဓားကမ္ဘာတစ်ခုသဖွယ်ပျံ့နှံ့လာသည်။
အရမ်းအရမ်းကို သန်မာသည်။
“သောင်းပြောင်းကြာပန်းစိမ်းဓားတာအို၊ကမ္ဘာဖျက်ဓား၊ ဓားတောင်”
ချီမင်က ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ ဓမ္မရတနာတွေပေါ်လာသည်။သူက ဓားသိုင်းကျမ်းကိုလည်ပတ်လိုက်တော့ ကြာပန်းစိမ်းတာအိုကထွက်ပေါ်လာပြီး ယန်လီကိုဖိနှိပ်လိုက်သည်။
ကိုယ်ပိုင်ရတနာသုံးခုက ယန်လီ၏ ကမ္ဘာဖျက်ဓားကိုတားဆီးလိုက်သည်။
ထိုအချိန်၌ နှစ်ဖက်ကတိုက်ခိုက်နေသေးသည်။တိုက်ပွဲအတွင်းမှာ အနိုင်ရသူကိုဆုံးဖြတ်ဖို့ခက်ခဲနေသည်။
လက်ရှိချီမင်ပြထားသည့်စွမ်းအားက သူ့စွမ်းအားအစစ်၏ဆယ်ပုံတစ်ပုံပင်မရှိသေးပေ။
လေဟာနယ်အလွှာ၌ ယန်လီကဓားချီတွေ တစ်ချက်ပြီးတစ်ချက်ပစ်လွှတ်နေသည်။ဓားချီအချက်အတိုင်းက နည်းစနစ်တစ်ခုအဖြစ်ပြောင်းလဲသွားသည်။သို့သော်လည်းချီမင်ကိုမထိခိုက်နိုင်ပေ။”အရမ်း..အရမ်းစွမ်းအားကြီးတာပဲ။”
ထိတ်လန့်သည့်အမူအရာတစ်ခုစုချင်းယင်၏မျက်နှာပေါ်တွင်ပေါ်လာသည်။”စီနီယာ...စီနီယာအစ်ကိုချီကအရမ်းသန်မာတာပဲ။ဆရာကမဟာယနအဆင့်မှာ။ဒါတောင်သူက အင်မော်တယ်မျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုပဲ။စီနီယာကအသာစီးမရတာတောင်တိုက်နိုင်သေးတယ်။”
“ဒါက မင်းရဲ့အင်အားလား။”
ချီမင်၏အကြည့်က တည်ငြိမ်လျက်ရှိသည်။သူကအလျင်မလိုပေ။သူ့ကို ဓမ္မရတနာသုံးခု ဝန်းရံလျက်ရှိပြီးလေထုထဲတွင် ယန်လီ၏အကွက်များကိုခုခံနေသည်။”ဒီလောက်ပဲဆိုရင်တော့ ငါစိတ်ပျက်သွားပြီ။”
ချီမင်၏ကျင့်ကြံခြင်းအဆင့်က အတိဒုက္ခကျော်လွှားခြင်းအဆင့်၏အကန့်အသတ်၌သာရှိသေးသည်။သူက ကံတရားအတိဒုက္ခကို မကျော်လွှားရသေးပေ။
ဒါ့အပြင်
သူကမဟာတာအိုကိုကျင့်ကြံနေသူဖြစ်သည်။တာအိုကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး မဟာအံ့ဖွယ်စွမ်းအားနှင့်အသေးစားအံ့ဖွယ်စွမ်းအားမျိုးစုံကို နားလည်ထားသည်။သူ့အင်အားက မဟာယနအဆင့်ကိုဖိနှိပ်နိုင်သည်။မဟာယိုယွင်းကမ္ဘာ၌ သာလွန်သူအဆင့်မျိုးဖြစ်သည်။ချီမင်သတ်လိုက်သည့်လူသားပုံစံခရမ်းရွှေရောင်လျှပ်စီးက သာလွန်သူနှင့်နှိုင်းယှဉ်လို့ရသည်။သူက လူသားပုံစံခရမ်းရွှေရောင်လျှပ်စီးကိုလက်သီးတစ်ချက်တည်းဖြင့် အလွယ်တကူသတ်ဖြတ်နိုင်သည်။
သူ၏တိုက်ခိုက်ရေးစွမ်းအားက အထွတ်အထိပ်ဖြစ်သည်။
“အသေးစားအံ့ဖွယ်စွမ်းအား”
ယန်လီ၏အကြည့်ကအေးစက်သွားသည်။သူက ကျင့်ကြံခြင်းနည်းစနစ်ကိုလည်ပတ်လိုက်သည်။ဓမ္မစွမ်းအားက မြင့်တက်လာပြီးဓားတာအိုကတိုးပွားလာသည်။”ဓားကမ္ဘာအံ့ဖွယ်စွမ်းအားနည်းစနစ်”
“ခုတ်ပိုင်း”
ယန်လီက ဟိန်းဟောက်လိုက်သည်။
ဓားကခုတ်ပိုင်းလာသည်။
ဓားတစ်လက်မှ ဓားကမ္ဘာတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ယန်လီက အသေးစားအံ့ဖွယ်စွမ်းအားကို နက်နဲမှုအဆင့်၏အမြင့်ဆုံးအဆင့်ထိကျင့်ကြံထားသည်။သူက အံ့ဖွယ်အဆောင်အဆင့်တောင် ရောက်နေပြီဖြစ်သည်။
ချက်ချင်းပဲ ဓားကမ္ဘာပေါ်လာပြီး ချီမင်ကိုဖုံးအုပ်သွားတယ်။”သမယဓိမီးလျှံ”
ချီမင်က ပါးစပ်ဖွင့်ပြီးမီးလျှံများကိုမှုတ်ထုတ်လိုက်သည်။သူ့ပါးစပ်မှမီးတောက်များထွက်ပေါ်လာပြီးကောင်းကင်ပင်ဖုံးအုပ်သွားသည်။မျက်စိတစ်မှိတ်အတွင်းမှာပင် မီးလျှံက ဓားကမ္ဘာတစ်ခုလုံးကိုပျံ့နှံ့သွားပြီး ပြာအတိပြီးသည်အထိလောင်ကျွမ်းလိုက်သည်။
“သွား”ချီမင်က ညာဘက်လက်ကိုဆန့်ထုတ်လိုက်သည်။သမာဓိမီးလျှံကနေ ဖီးနစ်ငှက်များမွေးဖွားလာသည်။သူတို့က ကောင်းကင်ယံကိုပျံတက်လာပြီး ယန်လီကိုခုန်အုပ်လိုက်သည်။
“ဘာ!”ယန်လီ၏အကြည့်ကထိတ်လန့်သွားပြီးထိတ်လန့်မှုကိုဖော်ပြလိုက်သည်။”မင်း တကယ်ပဲ ငါ့ဓားကမ္ဘာကို လွယ်လွယ်ကူကူဖျက်လိုက်တာပဲ။မင်း... မင်းကတကယ့်ကို သာမန်မဟုတ်ဘူးပဲ။”
ချီမင်၏အကြည့်ကတော့ မထူးမခြားနားပေ။”မင်းရဲ့စစ်မှန်ဝိညာဉ်နိုးထလာပြီး အင်မော်တယ်မျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုရဲ့စွမ်းအားကိုပြန်ရရင်တောင် မင်းကငါ့ပြိုင်ဘက်မဟုတ်ဘူး။”
“ပြီးတော့”ချီမင်ကဆက်ပြောသည်။”ဒီကမ္ဘာကြီးက မင်းတွေးထားတာထက်ပိုရှုပ်ထွေးတယ်။ငါ့မျက်လုံးထဲမှာ အင်မော်တယ်ဖြစ်ဖြစ်လူသားဖြစ်ဖြစ် လျှို့ဝှက်နက်နဲကမ္ဘာရဲ့မျိုးနွယ်ဖြစ်ဖြစ်သူတို့အကုန်လုံးက အကြီးအကျယ်အလိမ်ခံနေရတဲ့သနားစရာပိုးကောင်လေးတွေပဲ။”